*စုန်းကြောက်တဲ့ဗုံ*
(စ/ဆုံး)
*********************************
ဆရာကြီး ဦးမင်းအောင်နဲ့ ဆရာနွံဖတို့
နောက်ကို ကျုပ်လျှောက်လိုက်နေတုန်း
ကဗျ။ကျုပ်ကိုယ်တိုင် ကြုံခဲ့တဲ့ ဖြစ်ရပ်
ကလေးတစ်ခုပေါ့ဗျာ။
ရှမ်းပြည်ဘက်မှာ ရောက်နေတဲ့ ကဝေပျံ
တစ်ယောက်ကို ဆရာကြီး ဦးမင်းအောင်
နှိမ်နင်းလိုက်ပြီးလို့ ကျုပ်တို့ ပြန်အလာမှာ
လမ်းရွာကလေး တစ်ရွာကို ဝင်ပြီး နေ့လယ်
စာ ထမင်းစားကြတယ်။ အဲဒီရွာမှာက ဆ
ရာနွံဖရဲ့ တပည့်တစ်ယောက် ရှိတာကိုးဗျ။
ဆရာကြီးနှစ်ယောက်နဲ့ ကျုပ်နဲ့ ထမင်းစား
သောက်ပြီးတဲ့အချိန်မှာ ရွာသူကြီး ရောက်
လာပြီး ဆရာတွေကို ဖမ်းတော့တာဗျို့။
“သူကြီး ဘာကိစ္စများ ရှိလို့တုံးဗျ”
ဆရာနွံဖက မေးသဗျ။ အရပ်ရှည်ရှည်
ထောင်ထောင်မောင်းမောင်းနဲ့ သူကြီး
က ပြောတယ်။
“ဒီလိုပါ ဆရာကြီးတို့၊ ကျုပ် အုပ်ချုပ်ရတဲ့
ဒီရွာမှာ ကလေးမလေးတွေ နှစ်ယောက်
သုံးယောက် ရှိပြီဗျ၊ အကောင်းသားကနေ
မူးကြ၊ ဝေကြ၊ အော့ကြ၊ အန်ကြ၊ ဖြစ်ကြ
တာ။ ကျုပ်စိတ်ထင်တော့ ဒီကလေးမတွေ
လူပြုစားခံရတယ်လို့ ထင်တယ်ဗျ။ အဲဒါ
ဆရာကြီး တဆိတ်လောက်ကြွပြီး စစ်ဆေး
ပေးပါဗျာ။ ကျုပ် အိမ်မှာပဲ ခေါ်ထားပါ့မယ်၊
တကယ်လို့ စုန်းကို ဖော်လို့ ရရင်တော့ ဒီ
ရွာမှာ မထားဘူး၊ ရွာပြင်ထုတ်ထားမယ်”
“အင်းလေ ကျုပ်လည်း ကြုံနေမှပဲ လိုက်
ခဲ့မှာပေါ့ သူကြီးရာ”
ဆရာကြီးတွေနဲ့ ကျုပ်နဲ့ သူကြီးအိမ်ရောက်
တော့ သူကြီး ခေါ်ထားတဲ့ ကလေးမလေး
သုံးယောက်နဲ့ သူတို့အမေတွေပါ ရောက်
နေကြတာဗျ။
ကလေးမလေးတွေက ဆယ့်လေးငါးနှစ်
လောက်ပဲ ရှိမှာပါဗျာ။ ဆရာကြီး ဦးမင်း
အောင်က ကလေးမတွေကို ဘုရားကန်
တော့ခိုင်းတယ်။ ပြီးတော့ လက်ကို သွေး
စမ်းပြီး ရောဂါစစ်တယ်။
“ဟုတ်တယ် သူကြီး၊ ဒီကလေးမတွေ စုန်း
ပြုစားခံထားရတာ”
“ဟာ ဟုတ်လား ဆရာကြီး၊ ဒါဆိုရင် ပြုစား
တဲ့ စုန်းမကို ဆရာကြီး ဖော်ပေးပါဗျာ”
“ကောင်းပြီလေ၊ ခင်ဗျားရွာထဲက မိန်းမတွေ
ကြီးတာရော ငယ်တာရော အားလုံးဆင့်ခေါ်
လိုက်တော့ဗျာ”
ခဏကြာတော့ သူကြီးအမိန့်နဲ့ ရွာထဲက
မိန်းမသုံးလေးဆယ်လောက် သူကြီးအိမ်
ကို ရောက်လာတယ်ဗျ၊ ကလေးမလေး
တွေပါ အကုန်ရောက်လာကြတာဗျို့။
“ကဲ ဆရာကြီး ဟောဒါ ကျုပ်ရွာမှာရှိတဲ့
မိန်းမကုန်ပဲဗျ”
ဆရာကြီး ဦးမင်းအောင်က ခေါင်းညိတ်
လိုက်ပြီး သူ့ဆေးအိတ်ထဲက သစ်သား
သေတ္တာပုံးကလေးကို ထုတ်ယူလိုက်
တယ်။ သေတ္တာကလေးဖွင့်ပြီး အထဲ
က အနီရောင် ဗုံကလေးကို ထုတ်ယူ
လိုက်တယ်ဗျ။
ဗုံကလေးက အရှည်သုံးလက်မလောက်ပဲ
ရှိမှာဗျ။ဗုံရှည်တွေအတိုင်း သားရေနဲ့ ကြက်
ထားတာဗျ။ ပြီးတော့ ဗုံတစ်ခုလုံး ဟင်္သာပြ
ဒါးတွေ ရဲနေအောင် သုတ်ထားတာ။ ဗုံတီး
တဲ့ တုတ်တံက ဖြူဖြူလေးဗျ။ ဆရာကြီးဦး
မင်းအောင်က ဘာမှ မပြောတော့ဘဲ ဗုံက
လေးကို တုတ်တံဖြူဖြူကလေးနဲ့ တီးတော့
တာပါပဲဗျာ။ ပါးစပ်ကလည်း ဂါထာလား
မန္တန်လား တစ်ခုခုကို ရွတ်နေတယ်ဗျ။
“တုံ၊ တုံ၊ တုံ၊ တုံ”
ဗုံသံက ခပ်တိုးတိုး မြည်တာပေါ့ဗျာ။ ကျုပ်
လည်း ဘာများဖြစ်လာမလဲလို့ ကြည့်နေ
တာဗ်။
“တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ”
ဟော ထိုင်နေတဲ့ မိန်းမတွေအထဲက အ
သက် ဆယ့်ငါးနှစ်လောက်ရှိတဲ့ ကလေးမ
လေးတစ်ယောက် မတ်တတ်ထရပ်ရောဗျို့။
ပြီးတော့ ဘာမပြော ညာ မပြောနဲ့ ကတော့
တာပေါ့ပဲဗျာ။ကလိုက်တာမှ ကွေးနေအောင်
ကတာဗျို့။
ဆရာကြီးက ဗုံက အဆက်မပြတ် တီးပြီး
ပါးစပ်ကလည်း အဆက်မပြတ် ရွတ်နေ
တာဗျ။ ဒါပေမဲ့ နောက်ထပ် ဘယ်မိန်းမ
မှ ထမကတော့ဘူးဗျ။ ဆရာကြီးက ဗုံ
လေးကို တော်တော်ကြာအောင် တီးပြီး
မှ ရပ်လိုက်တယ်။ ဒီတော့မှ အဲဒီကလေး
မလေး ကတာ ရပ်သွားတယ်ဗျို့။
“ကဲ ကလေးမ၊ ဒီရှေ့ကို ထွက်ခဲ့ပေတော့”
ဆရာကြီး ဦးမင်းအောင်ရဲ့ အသံအောင်
အောင်ကြီးနဲ့ အမိန့်ပေးလိုက်တာနဲ့ အဲဒီ
ကလေးမလေးက ရှေ့ကို ထွက်လာတယ်
ဗ်
“ကဲ ကလေးမ ဘယ်လိုဖြစ်တာတုံး”
ကြုံ့ကြုံ့ကလေးထိုင်နေတဲ့ ကလေးမ
လေးက ဆရာကြီးကို မကြည့်ဘဲ ပြော
တယ်
“ကျမလည်း မသိပါဘူးရှင်”
ဆရာကြီး ဦးမင်းအောင်က ကလေးမ
လေးကို သေသေချာချာကြည့်ပြီး သူ့
အမေကို ရှေ့ခေါ်ပြီး မေးတယ်။ သူတို့
မျိုးရိုးမှာ ဒါမျိုးတွေတတ်တဲ့သူ မရှိတဲ့
အကြောင်း အမေလုပ်တဲ့သူက ပြော
ပြတယ်။ ဆရာကြီး ဦးမင်းအောင်က
ခေါင်းညိတ်ပြီး…
“သူကြီး ဒီကလေးမကို ရွာပြင်ထုတ်လို့
တော့ မဖြစ်ဘူးဗျ။ ဒါ ဝမ်းတွင်းစုန်းခေါ်
တယ်။ မွေးကတည်းက ပါလာတာဗျ။
ဒါမျိုးက အင်မတန် ရှားပါးတယ်၊ သူ
ကိုယ်တိုင်တောင် စုန်းဖြစ်နေတာကို
သိတာမဟုတ်ဘူး။ နေပါဦး၊ ကလေးမ
ရဲ့အမေကို ကျုပ်မေးပါရစေ၊ ဒီကလေးမ
ဟာ တစ်ခါတလေ ထမင်းမစားဘဲ သစ်
သီးအမှည့်တွေပဲ စားပြီးနေတတ်တယ်
မဟုတ်လား”
“ဟာ ဟုတ်တယ် ဆရာကြီး၊ သစ်သီး
အမှည့်တွေ့ရင် ထမင်းမစားတော့ဘူး၊
အဲဒါတွေပဲ စားတာ ဆရာကြီးရဲ့”
“အင်း…စုန်းခုနှစ်မျိုးမှာ ဒါ ခေါင်းစုန်းလို့
ခေါ်တယ် ဟိုကလေးတွေရဲ့ အရိပ်ကို
တစ်ခုခု လုပ်လိုက်တယ် ထင်ရတယ်ဗျ၊
ခေါင်းစုန်းဆိုတာ ခြေရာတို့ အရိပ်တို့က
နေ ပြုစားရတာ”
“ဟုတ်တယ်၊ ဟိုတနေ့က ကစားတုန်းက
ကျမချည်း ရှုံးတာနဲ့ စိတ်ဆိုးပြီး သူတို့အ
ရိပ်တွေကို ဖနောင့်နဲ့ ပေါက်လိုက်တာ”
“ကဲ ဒါဆိုရင် နင့်သူငယ်ချင်းတွေကို နင်
ကိုယ်တိုင်ပဲ လက်နဲ့သပ်ချပေးလိုက်ပေ
တော့”
ကလေးမလေးက ထသွားပြီး ဘုရားစင်ရှေ့
မှာ ထိုင်နေတဲ့ သူ့သူငယ်ချင်းမတွေကို တစ်
ကိုယ်လုံး လက်နဲ့ သပ်ချပေးလိုက်တယ်။
ဆရာကြီးက သူ့အမေရဲ့ တောင်းပန်မှု
ကြောင့် ဆေးအိတ်ထဲက ပါလာတဲ့ ဆေး
တွေ စုတ်တွေ ထုတ်ပြီး ကလေးမလေး
ကို ဆေးထိုးပေးတယ်။
“ကဲ…အားလုံးစိတ်ချကြပေတော့ ၊ နောက်
ထပ် မဖြစ်တော့ဘူး သိလား”
အဲဒီရွာက ပြန်ထွက်တော့မှ လမ်းမှာ ဆရာ
နွံဖက ဒီဗုံကလေးအကြောင်း ပြောပြတာဗျ။
ဒီဗုံကို တီးပြီး ဂါထာရွတ်ရင် ဘယ်စုန်းမှ
မနေနိုင်ဘဲ ထ,ကကြတာ ဆိုပဲဗျ။
ဗုံအတီး မရပ်မချင်း ကနေတော့တာတဲ့ဗျ။
“တာတေ မင်းမှတ်ထား၊ ဝါးပျံကို အဆစ်
နှစ်ဆစ်ကြားက ဖြတ်ယူ၊ ပြီးရင် ကြွက်
သရေကြက်ထားတာနဲ့ စည်ကြက်သလို
ကြက်ရတယ်၊ ပြီးရင် သစ်စည်းနဲ့ သရိုး
ကိုင်ပြီး ဟင်္သာပြဒါးသုတ်ရတယ်။ တီး
တဲ့တုတ်တံက သစ်သား မဟုတ်ဘူးကွ၊
ကြောင်နက်အရိုး”
“ဗျာ…ကြောင်နက်အရိုး ဟုတ်လား
ဆရာနွံဖ”
“အေး ဟုတ်တယ်၊ ရွတ်တဲ့ ဂါထာက
တခြား မဟုတ်ဘူးကွ၊ ပရိတ်ကြီး ဆယ့်
တစ်သုတ်ထဲက ခန္ဓသုတ်ကို ရွတ်ပြီး ဗုံ
ကို အဆက်မပြတ်တီးရတာ၊ ဘယ် စုန်း
မှကို မနေနိုင်ပါဘူးကွာ၊ ထပြီး ကကြ
တာပါပဲကြာ”
#မူရင်းရေးသူ ဆရာတာတေ
#credit
စာဖတ်သူများစိတ်ရွှင်လန်းပါစေ
ပြီးပါပြီ။