Unicode Version
“စုန်းထီးကြီးဦးဘသာ နှင့် မြိုင်သာရှာပုံတော်”(စ/ဆုံး)
——————————————————————————-
အပိုင်း (၁)
(၁)
ဆောင်းတွင်းပေါက်လို့ ဆောင်းလေအေးအေးတိုက်လာပြီဆိုရင်ဖြင့် လူတွေဖျားကြနာကြတာ ထုံးစံပဲဗျ၊ ရှေးလူကြီးတွေပြောခဲ့တာကတော့ ဒီလိုအချိန်ဆိုရင် ရောဂါဟောင်း၊ အနာဟောင်းတွေ ပြန်ထလာတတ်တယ်လို့ ဆိုသဗျာ၊ ဆောင်းတွင်းအအေးဓါတ်ကြောင့် အရင်ကရှိခဲ့တဲ့ အနာဟောင်း၊ ဒဏ်ရာဟောင်းတွေ ပြန်ပြီးကိုက်ခဲတတ်တာကိုး၊ အဲဒီစကားကြောင့်လားတော့မသိဘူးဗျ၊ အခုအိမ်ကအဖေက ငှက်ဖျားရောဂါ ပြန်ထနေသဗျာ၊ ငှက်ဖျားဆိုတာကလည်း အချိန်မှန်ဖြစ်တာဆိုတော့ အဖေက မနက်ပိုင်းဆိုရင် လူကောင်းပကတိပဲဗျ၊ ညနေသုံးနာရီဒေါင်ဆိုတာနဲ့ တစ်ကိုယ်လုံးတုန်ယင်တက်လာပြီးတော့ ငှက်ဖျားတက်တော့တာပဲ၊ အဲဒီအခါ ဆေးဆရာဦးမှတ်ကြီးသွားခေါ်ပြီး ငှက်ဖျားကုရတာပေါ့ဗျာ၊ ညကိုးနာရီလောက်ဆိုရင်တော့ ပြန်ကောင်းသွားပြီ၊ ချွေးတွေဘာတွေထွက်ပြီး လန်းဆန်းနေသဗျာ။
ငှက်ဖျားသဘောကလည်း ကိုယ်ထဲပုန်းအောင်းနေတတ်တယ်လို့ဆိုသဗျာ၊ အဖေက ငယ်ငယ်တုန်းက တောတွေဘာတွေလည်ခဲ့ဖူးတယ်ဗျ၊ အဲဒါ ပဲခူးရိုးမဘက်ကို သူငယ်ချင်းတွေနဲ့တက်ရင်း ငှက်ဖျားမိလာတာပါပဲ၊ ကျုပ်သတိထားမိသလောက်ဆိုရင် အဖေက တစ်နှစ်တစ်ခါလောက်တော့ ငှက်ဖျားပြန်ပြန်ထသဗျ။
အဖေငှက်ဖျားထတော့ ရပ်ထဲရွာထဲက ကိစ္စတွေအကုန်လုံးကို ကျုပ်တို့ပဲ ဒိုင်ခံလုပ်ပေးရတာပေါ့ဗျာ၊ တစ်မနက်တော့ ရွာက ကာလသားကိုမြင့်က အိမ်ကိုရောက်ချလာသဗျာ။ ခုံတန်းမှာထိုင်နေတဲ့ အဖေ့ဆီလျှောက်လာရင်း
“သူကြီးရေ၊ မြိုင်သာက စာရောက်လာတယ်ဗျို့၊ သူကြီးဆီကိုလာတာ”
“ဟေ၊ ဟုတ်လား၊ နေပါအုံး ဘယ်ကလဲကွ”
“မြို့နယ်ကောင်စီကနေ ပို့လိုက်တဲ့စာဗျ”
“မြို့နယ်ကောင်စီဆိုတော့ တစ်ခုခုထူးမှာပဲ၊ အလတ်ကောင် စာကိုယူပြီးတော့ ဖွင့်ဖတ်လိုက်စမ်းကွာ”
ကျုပ်လည်း ကိုမြင့်ဆီက စာအိတ်ယူပြီးတော့ ဆွဲဖွင့််လိုက်တယ်၊ စာအိတ်ထဲက ခပ်ညိုညိုစာရွက်ကို ထုတ်ပြီးဖြန့်ကြည့်လိုက်တယ်။ ပြီးတော့ အသံကျယ်ကျယ်နဲ့
“သို့ ၊ သူကြီးဦးဘမောင်၊ ဇီးကုန်းရွာ၊ ရက်စွဲ၊ ၁၉၇၉ခုနှစ်၊ အောက်တိုဘာ ၁၆ရက်၊ မြန်မာသက္ကရာဇ် . . .”
“ဟာ၊ အလတ်ကောင်ရာ၊ အဲဒါတွေဖတ်မနေစမ်းပါနဲ့ကွ၊ အကြောင်းအရာကိုသာ ဖတ်စမ်းပါ”
အဖေက ကျော်ဖတ်ခိုင်းတော့ ကျုပ်လည်းအကြောင်းအရာကိုဖတ်ပြလိုက်တယ်။
“အကြောင်းအရာကတော့ မြိုင်သာမြို့နယ်စည်ပင်သာယာဝပြောရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိုနှိုင်းအစည်းဝေး ကျင်းပဖို့ဆိုပါလားအဖေ၊ အဲဒါ မြိုင်သာမြို့နယ်ထဲက ရွာတွေက ကိုယ်စားပြုတက်ရောက်ကြရမယ်တဲ့”
“ဟေ၊ ပြဿနာပဲကွာ၊ ငါကလည်းနေမကောင်းဘူးမဟုတ်လား၊ လုပ်မှာကလည်း ဘယ်နေ့လဲကွ”
“သန်ဘက်ခါဗျ”
အဖေက သက်ပြင်းချရင်း
“ဒီအစည်းအဝေးပွဲကိုတော့ ငါတက်ဖြစ်မယ်မထင်ဘူးကွ”
ဒီအခါ ကိုမြင့်က
“ဟာ၊ မတက်လို့တော့ မကောင်းဘူးထင်တယ်နော်သူကြီး၊ အခုအစည်းအဝေးပွဲက အရေးကြီးလို့ မတက်မဖြစ်တတ်ရမယ်လို့ ပြောတယ်ဗျ၊ စာကိုလာပို့တဲ့လူက သူကြီးမဖြစ်မနေတက်ပေးပါလို့ မှာသွားသေးတယ်”
“တက်ချင်ပါတယ်ကွာ၊ ဒါပေမယ့် ငါကလည်းရောဂါနဲ့ကွ၊ ဟိုရောက်မှ ရောဂါတက်နေရင်ဘယ့်နှယ့်လုပ်မလဲ”
ကိုမြင့်လည်းခေါင်းကုပ်သွားတယ်၊ ဒါနဲ့ ကျုပ်က စာကိုသေသေချာချာဖတ်ပြီးတော့
“ဟာ၊ အဖေကလည်း ဘာမှစိတ်ညစ်မနေပါနဲ့၊ သူရေးထားတဲ့စာထဲမှာ မြိုင်သာမြို့နယ်ရွာတိုင်းက ကိုယ်စားပြုတက်ရမယ်လို့ရေးထားတာမဟုတ်လားဗျ၊ ရွာသူကြီးတွေတက်ရမယ်လို့ ရေးထားတာမှမဟုတ်တာ၊ ဒါဆို အဖေနေမကောင်းလည်း တခြားသူကို ကိုယ်စားပြုပြီး တက်ခိုင်းလို့ရတာပဲမဟုတ်လား၊ ဟိုရောက်တော့မှ အဖေအသည်းအသန်ဖြစ်နေတယ်လို့ ပြောပြရင် သူတို့နားလည်ပေးကြမှာပါ”
ကျုပ်ပြောတော့ ကိုမြင့်ကလည်း ခေါင်းညိတ်တယ်ဗျ။
“ဟုတ်တယ်သူကြီး၊ သူကြီးနေမကောင်းရင် ကိုယ်စားလှယ်လွှတ်လိုက်တာ ပိုပြီးအဆင်ပြေမယ်”
အဖေ့မျက်နှာက စူပုတ်သွားပြီးတော့
“ခက်တာက ကျုပ်ကလွဲရင် ဒီလိုအရေးကိစ္စကိုဘယ်သူကမှ မလုပ်တတ်တာပဲဗျ၊ ရွာကလူတွေကလည်း အဲဒါမျိုးဆိုရင်လွှတ်လို့မရဘူး၊ အရင်တစ်ခါ မြို့ကိုလွှတ်လိုက်တာ ပြဿနာဖြစ်ပြီးပြန်လာတာသာ ကြည့်တော့”
ကိုမြင့်က အဖေ့ကိုကြည့်ရင်း
“ဒါဆို သူကြီးအိမ်က တစ်ယောက်ယောက်လွှတ်ပါလားဗျာ”
“မဖြစ်ပါဘူးကွာ၊ အကြီးကောင်က စာတွေပေတွေ ဝါသနာပါတဲ့ကောင်မဟုတ်ဘူး၊ သူက ရပ်ရေးရွာရေးကိုလည်း သိပ်စိတ်ဝင်စားတာမဟုတ်ဘူးကွ၊ အဲ . . . အလတ်ကောင်ကျတော့”
အဖေက ဆက်မပြောဘဲ ကျုပ်ကိုကြည့်တယ်ဗျ။ ကျုပ်လည်း အဖေ့ကိုကြည့်လိုက်ပြီး
“အဖေ၊ ကျုပ်ကဘာဖြစ်လို့လဲဗျ”
အဖေက ပြောချင်ပေမယ့် အားနာသလိုလို ဘာလိုလိုနဲ့ဆက်မပြောဘူးဗျာ၊ ဒီအခါ ကိုမြင့်က
“အလတ်ကောင်ကျတော့ ရပ်ရေးရွာရေးစိတ်ဝင်စားတယ်မဟုတ်လား၊ ပြီးတော့ သူကြီးရဲ့လက်ထောက်လုပ်နေတာ သူပဲမဟုတ်လားသူကြီးရဲ့၊ ဘာပဲပြောပြော တခြားသူထက်စာရင် အလတ်ကောင်က ရပ်ရေးရွာရေးအုပ်ချုပ်ရေးတွေကိုတော့ သူများတွေထက်ပိုသိတာပေါ့ဗျာ၊ ကျွန်တော်ကတော့ အလတ်ကောင်ကိုလွှတ်လိုက်တာ ပိုပြီးသင့်တော်မယ်လို့ထင်သဗျ”
အဖေလည်း ကြံရာမရတဲ့အဆုံး ကိုမြင့်ပြောတဲ့စကားကို ခေါင်းညိတ်ပြီးထောက်ခံလိုက်တော့တယ်။
“အေးကွာ၊ ဒါဆိုရင်လည်းအလတ်ကောင်၊ သန်ဘက်ခါလုပ်မယ့်အစည်းအဝေးကို မင်းပဲသွားတက်လိုက်စမ်းပါကွာ”
ကျုပ်ကိုအရေးပေးခံရတယ်ဆိုတော့ ကျုပ်ပျော်သွားတာပေါ့ဗျာ။ အဖေကတော့ ကျုပ်ကိုသေချာမှာရှာတယ်။
“ဟိုရောက်ရင် ငါတော်တော်နေမကောင်းဖြစ်လို့ မလာတာလို့ လူကြီးတွေကိုသေချာပြောပြနော်ကွ၊ ပြီးတော့ ဗလာစာအုပ်နဲ့ခဲတံယူသွားပြီး သူတို့ဘာတွေပြောတယ်ဆိုတာ သေသေချာချာမှတ်သားလာခဲ့၊ မင်းကတော့ ဘာမှဝင်ပြီးမဆွေးနွေးနဲ့ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါအဖေရ၊ ကျုပ်ကောင်းအောင် စီစဉ်လိုက်ပါ့မယ်”
“မင်းကောင်းအောင်လုပ်မှာကိုပဲ ငါကကြောက်တာကွ၊ ကဲ အစည်းအဝေးက သန်ဘက်ခါဆိုပေမယ့် မနက်ဖြန်ကတည်းက မြိုင်သာတက်ဖို့ပြင်တော့ဟေ့၊ မြိုင်သာရောက်ရင် ငါ့တူမျိုးကြီးအိမ်မှာ တစ်ညသွားတည်းလိုက်၊ နောက်နေ့ အစည်းအဝေးတက်ပြီးတော့ နေ့လည်အစည်းအဝေးပြီးတာနဲ့ မြိုင်သာကနေ ကားစီးပြီးတော့ အိမ်ကိုတန်းတန်းမတ်မတ်ပြန်လာခဲ့၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါအဖေရာ၊ စိတ်ချစမ်းပါဗျ”
မြိုင်သာသွားရမယ်ဆိုတော့ ကျုပ်ပျော်သွားမိတာအမှန်ပဲဗျ၊ မိုးတွင်းတစ်တွင်းလုံးလည်း ရွာမှာလယ်လုပ်ပြီး ကုပ်နေရတဲ့အပြင် အခုလယ်တွေသိမ်းပြီးတာတောင်မှ ရွာကနေဘယ်ကိုမှမသွားရသေးဘူးမဟုတ်လားဗျာ။
ညနေရောက်တော့ ကျုပ်လည်းရွာထဲလှည့်လိုက်အုံးမယ်ဆိုပြီးထွက်ခဲ့တာပေါ့ဗျာ၊ အမှတ်မထင်ဘဲ လမ်းမှာဦးဘသာကြီးနဲ့တွေ့သဗျ၊ ကျုပ်လည်းပြုံးဖြီးဖြီးနဲ့
“ဦးဘသာ ဘယ်သွားမလို့လဲဗျ”
“တရုတ်ကြီးတို့ဆိုင်ကိုသွားမလို့ပါကွ၊ ဒါနဲ့ မင်းရောဘယ်လဲကွ၊ မျက်နှာကလည်း ပြီတီတီနဲ့ပါလား”
“ဘယ်မှမဟုတ်ပါဘူးဗျာ၊ မနက်ဖြန်မြိုင်သာသွားမယ်ဆိုတော့ ရွာအရှေ့ပိုင်းက အမျိုးတွေ ဘာမှာအုံးမလဲဆိုပြီးတော့ သွားမေးမလို့ဗျ”
“ဟ၊ မင်းမြိုင်သာသွားမှာလား၊ ဘယ်သူတွေရောပါသေးလဲကွ”
“လောလောဆယ်တော့ ကျုပ်တစ်ယောက်တည်းပေါ့ဗျာ၊ အကိုကြီးနဲ့အငယ်ကောင်ကလည်း ယာခင်းကျဲဖို့အလုပ်တွေများနေတယ်မဟုတ်လား”
“နေပါအုံး၊ မင်းက ဘာကိစ္စနဲ့ မြိုင်သာသွားမှာလဲကွ”
ကျုပ်လည်း ပြုံးလိုက်ရင်း
“မြိုင်သာမြို့နယ်ကောင်စီက အစည်းအဝေးတဲ့ဗျာ၊ အဲဒါ အဖေကနေမကောင်းတော့ ကျုပ်က အဖေ့ကိုယ်စား သူကြီးနေရာကနေ သွားတက်ပေးရမယ်တဲ့ဗျ”
“ဟ၊ ဟုတ်ရောဟုတ်ရဲ့လားကွ၊ မင်းအဖေသူကြီးက မင်းလိုရူးတူးပေါတောကောင်ကို ကိုယ်စားလှယ်လွှတ်မလားကွ”
“ဟုတ်လို့ပြောနေတာပေါ့ ဦးဘသာရာ၊ ကဲ ဒါနဲ့ ဦးဘသာရော ဘာမှာအုံးမလဲ”
ဦးဘသာက တစ်ချက်စဉ်းစားရင်း
“မင်းတစ်ယောက်တည်းဆိုရင်တော့ ငါလည်းလိုက်ချင်သကွ”
“ဦးဘသာက ဘာလိုက်လုပ်မလို့လဲဗျ”
“ဒီလိုပဲ လုပ်စရာလေးရှိလို့ပါကွာ၊ ဒါနဲ့ ငါလိုက်လို့ရတယ်မဟုတ်လား”
ကျုပ်လည်းပျော်သွားမိတယ်ဗျ။.
“ဟာ၊ ဦးဘသာ ကျုုပ်နဲ့တကယ်လိုက်မလို့လား၊ ဒါဆိုရင်တော့ ပျော်စရာကြီးဗျာ၊ ဦးဘသာလိုက်တော့ ကျုပ်လည်းအဖော်ရတာပေါ့ဗျ၊ ဒါနဲ့ဘယ်လိုဖြစ်လို့ ဗြုန်းစားကြီးလိုက်ချင်ရတာလဲဗျ”
“အိုကွာ၊ ဒီလိုပါပဲ”
ဦးဘသာက ဒီလိုပါပဲလို့ပြောတာ သူ့မှာအကြောင်းပြချက်မရှိလို့ဆိုတာကို ကျုပ်နားလည်ပြီးသားပါ၊ ဒါနဲ့ ကျုပ်က ဦးဘသာပခုံးကိုကိုင်ပြီး
“ဘာလဲ ဦးဘသာက ကျုပ်ကိုစိတ်မချလို့လိုက်မှာလား”
“မဟုတ်ပါဘူးဆိုနေကွာ”
“ကျုပ်သိပါတယ်ဦးဘသာရာ၊ ဦးဘသာ သူများကိုပဲ သွားလိမ်ပတ်လို့ရမယ်၊ ကျုပ်ကိုတော့ လိမ်လို့မရပါဘူးဗျ”
ကျုပ်ပြီတီတီနဲ့ပြောတော့မှ ဦးဘသာက ကျုပ်ဘက်လှည့်ပြီး
“အေး၊ မင်းသိရင်ပြီးတာပဲ၊ မင်းလိုအူကြောင်ကြား ငဒူလဒူက မြိုင်သာကိုတစ်ယောက်တည်းတက်သွားပြီးတော့ ဘယ်လိုပြဿနာတွေရှာလာမလဲ၊ ဘာဇာတ်ရှုပ်တွေခင်းမလာမလဲဆိုတာကို စိတ်ပူလို့ လိုက်တာဟေ့၊ မျောက်ထိန်းဖို့လိုက်တာ ဟုတ်ပြီလား”
ပြောပြီးတော့ ဦးဘသာရော ကျုပ်ရော ပြိုင်တူရယ်လိုက်ကြတာပေါ့ဗျာ။
(၂)
အစည်းအဝေးက သန်ဘက်ခါမှဆိုပေမယ့်လည်း ကျုပ်တို့ကတော့ တစ်ရက်ကြိုသွားဖို့ ပြင်ကြရတာပေါ့ဗျာ၊ မြိုင်သာမြို့နဲ့ ကျုပ်တို့ရွာနဲ့က မနီးမဝေးဆိုပေမယ့်လည်း အတော်ကလေးသွားရတယ်မဟုတ်လားဗျာ၊ အစည်းအဝေးလုပ်တဲ့နေ့မှ ထသွားလို့ကတော့ မဖြစ်ဘူးဗျ၊ ဘာလို့ဆို ရွာကနေ ရှစ်မိုင်လောက်ဝေးတဲ့ တန်းမြင့်ရွာကိုသွားရမယ်လေဗျာ၊ ကျုပ်တို့ရွာက ကားလမ်းမှ မပေါက်တာဘဲ၊ တန်းမြင့်ရွာရောက်တော့လည်း မြိုင်သာကိုသွားတဲ့ လိုင်းကားကိုစောင့်စီးရမယ်မဟုတ်လား၊ လိုင်းကားက တစ်နာရီမှတစ်စီးလောက်လာတတ်တာဗျ၊ မနက်ငါးနာရီအစောဆုံးလာတဲ့ လိုင်းကားကိုစီးရင်တောင်မှ မြိုင်သာကို မနက်ကိုးနာရီ၊ ဆယ်နာရီလောက်ရောက်တတ်တာဗျ၊ ဒီကြားထဲ လမ်းမှာကားပျက်တာတို့၊ အင်ဂျင်ပူတာတို့ဖြစ်ရင်တော့ နေ့လည်မွန်းတည့်ခါနီးမှသာ ရောက်တတ်တော့တာ၊ အစည်းအဝေးဆိုတာ အချိန်တိကျရတယ်ဆိုတော့ တစ်ရက်ကြိုသွားပြီး မြိုင်သာမှာတည်းမှ အဆင်ပြေမှာမဟုတ်လားဗျာ။
ဒါနဲ့ ကျုပ်လည်း လွယ်အိတ်တစ်လုံးပြင်ပြီး ခရီးထွက်ဖို့ပြင်လိုက်တယ်ပေါ့ဗျာ၊ တစ်ရက်နဲ့နေ့တစ်ပိုင်းဆိုတော့ အဝတ်အစားတစ်စုံလောက်ပဲထည့်တော့တယ်၊ မနက်စောစော အကိုကြီးက လှည်းဆင်ပြီးတော့ ကျုပ်ကို တန်းမြင့်ရွာအထိလိုက်ပို့တယ်၊ အဖေနဲ့အမေက လမ်းခရီးမှာဂရုစိုက်ဖို့တဖွဖွမှာတယ်။
“မင်းဘာမှ လုပ်စရာမလိုဘူးနော်အလတ်ကောင်၊ အစည်းအဝေးမှာ ဘာတွေပြောသလဲဆိုတာကို သေသေချာချာရေးပြီးမှတ်သားခဲ့ဖို့ပဲ”
အဖေကမှာပြီး သုံးဖို့စွဲဖို့ပိုက်ဆံထုတ်ပေးသဗျ၊ အမေကလည်း ကျုပ်အနားကပ်လာပြီးတော့
“လမ်းခရီးမှာ အစစအရာရာ ဂရုစိုက်နော်၊ လူစိမ်းတွေကိုမယုံနဲ့၊ လူဆိုးမှာ ချိုပါတာမဟုတ်ဘူး”
“သိပါတယ်အမေရာ၊ ကျုပ်နဲ့အတူတူ ဦးဘသာကြီးလည်း ပါပါသေးတယ်”
အဖေက ခေါင်းညိတ်ရင်း
“အေးလေ၊ ဘာပဲပြောပြော၊ မင်းတစ်ယောက်တည်း သွားမှာထက်စာရင် ဦးဘသာပိုတော့ ပိုပြီးစိတ်ချရသပေါ့ကွ”
အကိုကြီးက လှည်းဆင်ပြီးတာမို့လို့ လှည်းကအသင့်ဖြစ်နေပြီဗျ၊ ကျုပ်အားလုံးကိုနှုတ်ဆက်ပြီး လှည်းပေါ်တက်လိုက်တော့ အကိုကြီးက လှည်းကိုခပ်သော့သော့မောင်းနှင်ပြီး အိမ်ကထွက်ခဲ့ပါရောဗျာ၊ ဦးဘသာအိမ်ရှေ့ရောက်တော့ ဝီရိယကောင်းတဲ့ ဦးဘသာက အိမ်ရှေ့မှာအသင့်စောင့်နေပြီဗျ၊ သူလည်းလွယ်အိတ်တစ်လုံးပဲ ပါတာပါပဲ၊ နောက်လက်တစ်ဖက်ကတော့ သူရဲ့လက်စွဲတော် ဒန်ကွမ်းအစ်ကြီးပေါ့ဗျာ၊ ဦးဘသာက ကွမ်းကြိုက်တဲ့သူမို့ ဘယ်နေရာသွားသွား ကွမ်းအစ်တစ်လုံးတော့ အမြဲရအောင်သယ်တတ်တယ်မဟုတ်လား။ ကျုပ်တို့အိမ်ကနေထွက်လာတော့ ရောင်နီစလာနေတဲ့အချိန်ပေါ့ဗျာ။
ရွာထိပ်ရောက်တော့ ဦးဘသာက ရွာတော်ရှင်နတ်နန်းကိုကြည့်ရင်း တီးတိုးတီးတိုးနဲ့ရေရွတ်နေသဗျာ၊ ခဏကြာတော့မှ ကျုပ်လည်းဦးဘသာကိုကြည့်ရင်း
“ဦးဘသာ၊ ဘာတွေပြောနေတာလဲဗျ”
“ခရီးထွက်တော့မယ်ဆိုတော့လည်း ထုံးစံအတိုင်း ရွာတော်ရှင်ဆီကို သတင်းပို့ရတာပေါ့ကွာ”
“ဦးဘသာတို့ စုန်းတွေကလည်း မလွယ်ပါလားဗျ၊ တစ်ခုခုလုပ်မယ်ဆိုရင် ဟိုလူ့ခွင့်တောင်း၊ ဒီလူ့ခွင့်တောင်းရနဲ့ ခရီးသွားမယ်ဆိုရင်း အသိပေးလိုက်ရတာ ပြောမနေပါနဲ့တော့”
“ဒါကတော့ လုပ်ရိုးလုပ်စဉ်ကိုးကွ၊ စုန်းကဝေတွေမှာလည်း သူတို့သတ်မှတ်ထားတဲ့ စည်းဘောင်တွေရှိတယ်ကွ၊ ငါကလည်း စုန်းဆိုတော့ အဲဒီစည်းဘောင်တွေကို လိုက်နာရတာပေါ့ကွာ”
“နေပါအုံးဗျ၊ တကယ်လို့ အဲဒီစည်းဘောင်တွေကို မလိုက်နာရင် ဘာဖြစ်တတ်သလဲ”
“တို့လူတွေလိုပေါ့ကွ၊ အစိုးရကနေ ထုတ်ပြန်ထားတဲ့ ဥပဒေတွေရှိတယ်မဟုတ်လားကွာ၊ အဲဒီဥပဒေတွေကို မလိုက်နာရင် ဘာဖြစ်တတ်သလဲ”
“ဒဏ်ကြေးပေးရတယ်၊ အမှုကြီးရင် ထောင်တွေဘာတွေကျတယ်မဟုတ်လားဗျာ”
ဦးဘသာက ခေါင်းညိတ်ပြီး
“အေး၊ တို့စုန်းတွေကြားထဲလည်း ဒီလိုပဲပေါ့ကွာ၊ စည်းဘောင်တွေမလိုက်နာရင် သတိပေးခံရတတ်တယ်၊ အရေးယူခံရတတ်တာပေါ့ကွာ၊ အရေးယူခံရတာထက်စာရင် ဒီလိုသတင်းပို့ရတာက ဘာမှမဟုတ်ပါဘူးကွာ”
ကျုပ်တို့သွားနေရင်း ရွာအထွက် ဇရပ်ပျက်အနားရောက်တော့ နွားလှည်းက တုန့်ခနဲရပ်တန့်သွားတယ်ဗျ၊ နွားနှစ်ကောင်ကလည်း ခြေစုံရပ်ပြီး နေတော့တာ၊ အကိုကြီးက ကြိမ်လုံးမြှောက်ပြီး
“တယ်၊ ဒီကောင်တွေကတော့၊ ဟေ့ကောင်တွေ သွားကြလေကွာ၊ မဟုတ်ရင် ငါ့ကြိမ်စာမိမယ်ကွ”
အကိုကြီးက အော်ငေါက်ကြိမ်းမောင်းပေမယ့်လည်း နွားတွေက အေးအေးလူလူပါပဲဗျာ၊ ပုံမှန်ဆိုရင် ဒီကောင်ကြီးတွေက ဒီလိုမဟုတ်ဘူးဗျ၊ အိမ်ကနွားပြာကြီးတွေက လူစကားတော့ အတော်ကလေးနားလည်သား၊ လှည်းမောင်းနေရင်း အရှိန်လေးနည်းနည်းကျလာပြီဆိုရင် သူတို့ကိုငေါက်လိုက်တာနဲ့ အရှိန်ပြန်တင်ပြီးသားပဲဗျ၊ အခုများတော့ လှုပ်တောင်မလှုပ်တော့တာပဲဗျာ။
“ဟာ၊ ဒီကောင်တွေဘာဖြစ်နေသလဲမသိဘူး”
အကိုကြီးက လှည်းအောက်ကိုခုန်ဆင်းသွားတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကိုလှည့်ကြည့်လိုက်တယ်၊ ဦးဘသာမျက်လုံးကတော့ ပြူးကြောင်ကြောင်နဲ့ဖြစ်နေသဗျ၊ ကျုပ်အထင် ဦးဘသာ တစ်ခုခုသိနေတဲ့ပုံပဲ။
“ဦးဘသာ၊ ဘာဖြစ်နေတာလဲဗျ”
“တို့လှည်းကို မသွားစေချင်လို့ ဆွဲထားကြတာဟေ့”
ဦးဘသာပြောတော့ ကျုပ်လည်း လှည်းအနောက်နဲ့ ဘေးဘယ်ညာကိုကြည့်ပြီး
“ဘယ်သူမှမတွေ့ပါဘူးဗျာ၊ ဘယ်သူဆွဲထားတာလဲဗျ”
“ဖက်လိပ်ရွာဟောင်းက တို့အဘိုးတွေပါ”
ကျုပ်ဖြင့်လန့်သွားတယ်ဗျ၊ ဖက်လိပ်ရွာဟောင်းဆိုတာ ကျုပ်တို့ရွာရဲ့အရင်နေရာဟောင်းကြီးပေါ့ဗျာ၊ ရှေးဗမာဘုရင်တွေခေတ်ကတည်းက ဖက်လိပ်ရွာက ရှိခဲ့တာဗျ၊ ဂျပန်ခေတ်မှာ ဖက်လိပ်ရွာထဲ ပလိပ်ရောဂါ၊ ကျောက်ရောဂါတွေဖြစ်ပြီး လူတွေအစုလိုက်အပြုံလိုက်သေကြလို့ ရွာနေရာရွေ့ပြောင်းရင်း ကျုပ်တို့အခုနေတဲ့နေရာကို ရောက်လာပြီး ရွာနာမည်လည်း ဇီးကုန်းရွာဆိုပြီး ဖြစ်သွားတော့တာပါပဲဗျာ၊ အဲဒီဖက်လိပ်ရွာမှာ ဦးဘသာငယ်ငယ်က နေခဲ့သဗျ၊ ဦးဘသာအမေကလည်း စုန်းမကြီးပဲလေဗျာ၊ ဒေါ်ပျင်းလို့ခေါ်တယ်၊ တော်တော်စွမ်းတဲ့စုန်းမကြီးပေါ့၊ ဦးဘသာအဘွားကလည်း စုန်းမကြီးပဲ၊ နာမည်က ဘွားမယ်ဖြူတဲ့ဗျ၊ ခပ်ချောချော ခပ်ဖြူဖြူဆိုပဲဗျာ၊ ဘွားမယ်ဖြူဆီမှာ ယောက်ျားခုနစ်ယောက်ရှိသဗျ၊ သူယူတဲ့ယောက်ျားတွေအားလုံးကလည်း စုန်းထီးကြီးတွေပဲတဲ့၊ အဲဒီစုန်းထီးကြီးတွေသေတော့ မကျွတ်မလွတ်ဘဲ ဖက်လိပ်ရွာမှာ နေထိုင်ကြတယ်ဗျာ၊ ဘွားမယ်ဖြူက သူ့ယောက်ျားတွေကို သရဲအဖြစ်မွေးထားတာလို့လည်း ပြောကြသေးတာပဲ၊ အခုလှည်းကိုဆွဲနေတယ်ဆိုတာလည်း အဲဒီသရဲကြီးတွေဖြစ်မှာဗျ။
“လုပ်ပါအုံး ဦးဘသာရာ၊ သူတို့ကဘာဖြစ်လို့ကျုပ်တို့ကိုမသွားစေချင်တာလဲဗျ”
“အေး၊ ငါလည်းသိတော့မသိဘူးကွ၊ အရင်က မြိုင်သာကိုငါအခေါက်ခေါက်အခါခါသွားနေကျပါ၊ ဒါမျိုးတွေတစ်ခါမှမဖြစ်ဖူးဘူး၊ ထူးတော့ထူးတယ်ဟေ့”
ဒီအချိန်အကိုကြီးက နွားတွေကို နဖားကြိုးကနေပြီး ဆောင့်ဆောင့်ဆွဲပါရောဗျာ၊ နဖားကြိုးဆွဲခံရရင် နွားတွေမခံနိုင်ကြဘူးဆိုပေမယ့် အခုတော့ နွားတွေက အေးအေးဆေးဆေးပါပဲဗျာ။
“ဟာ၊ ဒီကောင်တွေဘာဖြစ်လို့ ပေကပ်နေကြတာလဲမသိဘူး၊ အရေးအကြောင်းဆိုရင် ဒီကောင်တွေက ဂျိုကြွလာကြပြီ”
အကိုကြီးက နွားတွေကိုမြည်တွန်တောက်တီးနေတော့တယ်၊ ဦးဘသာက လှည်းအနောက်ကိုကြည့်ပြီးတော့
“ကဲ အဘိုးတို့၊ ဒီခရီးက ကျုပ်သွားလို့မဖြစ်ဘူးဗျ၊ ကျုပ်သွားကိုသွားမှဖြစ်မယ်၊ အဘိုးတို့လှည်းကိုလွှတ်လိုက်ပါ”
အဲဒီလိုခပ်တိုးတိုးပြောလိုက်တယ်ဗျ၊ ဒါပေမယ့် လှည်းက ဒုံရင်းအတိုင်းပါပဲဗျာ၊ ဦးဘသာက စိတ်ဆိုးဆိုးနဲ့
“အဘိုးတို့ကို ကျုပ်လက်မပါချင်ဘူးနော်အဘိုးတို့၊ ကျုပ်သွားရမယ် လွှတ်ဆိုလွှတ်လိုက်တော့ဗျာ”
ဒါလည်း ဘာမှမထူးခြားပါဘူးဗျာ၊ ဒါနဲ့ ဦးဘသာက လှမ်းကြမ်းပြင်ကို သူ့လက်နဲ့ဝုန်းခနဲတစ်ချက်ပုတ်လိုက်တယ်ဗျ၊ အဲဒီလိုပုတ်လိုက်တော့မှ လှည်းက အရှေ့တိုးအနောက်ဆုတ်ဖြစ်သွားတယ်ဗျာ၊ နွားတွေကလည်း အပြေးတစ်ပိုင်းနဲ့သွားတော့တာပါပဲ၊ အကိုကြီးတောင် ကြောက်လန့်တကြားနဲ့ လှည်းပေါ်ကိုခုန်တက်လိုက်တယ်ဗျ။
“ဟာ၊ ဒီကောင်တွေက ပေတဲ့အခါလည်းပေတယ်၊ ဟော သွားမယ့်သွားတော့လည်း ဒုန်းပြေးတာပါလားဟ”
နွားပြာကြီးနှစ်ကောင်က လှည်းလမ်းကြီးအတိုင်း ဒုန်းစိုင်းပြေးတော့တာပါပဲဗျာ၊
ဒီလိုနဲ့ ကျုပ်တို့လည်း ခရီးဆက်ခဲ့သပေ့ါဗျ။ တန်းမြင့်ရွာရောက်တော့ မနက်ငါးနာရီခွဲဖြစ်သွားပြီဗျ၊ တစ်နာရီမှတစ်စီးလာတတ်တဲ့ လိုင်းကားကို ကျုပ်တို့စောင့်ရတော့မှာပေါ့ဗျာ။ ငါးနာရီလာတတ်တဲ့လိုင်းကားကိုကျော်သွားပြီဆိုတော့ ခြောက်နာရီလာမယ့်လိုင်းကားကိုပဲ စောင့်ရုံရှိတာပ၊ ကျုပ်တို့ခေတ်တုန်းက ကတ္တရာလမ်းဆိုတာလည်း ကျောက်ခင်းလမ်းသာသာပါပဲဗျာ၊ လမ်းမှာလည်း ချိုင့်တွေ၊ ကျင်းတွေအများကြီးနဲ့ဗျ၊ အဲဒီကတ္တရာလမ်းကြီးမှာ ရံဖန်ရံခါလာတတ်တဲ့ အိမ်စီးကားလေးတွေ၊ ဂျစ်ကားလေးတွေကလွဲရင် ကားလမ်းမကြီးက အမြဲရှင်းလင်းနေတတ်သဗျ။
တစ်နာရီတစ်ခါ လာတတ်တဲ့လိုင်းကားတွေကလည်း စစ်ကျန်ကားတွေများတယ်ဗျာ၊ ကားအို ကားဟောင်းကြီးတွေပေါ့ဗျာ၊ အဲဒီကားကြီးတွေရဲ့အနောက်မှာ သစ်သားနဲ့ခရီးသည်တွေထိုင်ဖို့ အိမ်ကြီးဖွဲ့ထားတယ်၊ အဲဒီသစ်သားခေါင်မိုးပေါ်မှာတော့ ဝက်ခြံလိုမျိုး ခြံတစ်ခုရိုက်ထားသဗျ၊ တစ်နာရီတစ်ခါ လာတတ်တာဆိုတော့လည်း ခရီးသည်နဲ့ ကားနဲ့အင်အားမမျှဘူးပေါ့ဗျာ၊ ကားအနောက်ဘက် သစ်သားအုံထဲမှာက များသောအားဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မိန်းကလေးတွေပဲ လိုက်စီးကြရတာ၊ ယောက်ျားသားတွေကတော့ ကားနောက်ဘက်က သံတန်းတွေမှာ ခြေနင်းပြားကိုနင်းရင်း ခိုစီး၊ တွယ်စီးကြရတာများပါတယ်၊ ကားခေါင်မိုးပေါ်က ဝက်ခြံပေါ်မှာတော့ ကုန်စည်တွေဘာတွေတင်တတ်သဗျ၊ အဲဒီကုန်စည်တွေအပေါ်မှာ ယောက်ျားလေးတွေထိုင်ပြီးလိုက်လို့ရတယ်၊ တစ်ခါတစ်ခါ ကားကြောပြတ်သွားရင်တော့ လူတွေမဆံ့တော့ဘူးဗျို့၊ ဒီလိုအချိန်မျိုးဆိုရင် ကားအပြင်ဘက် ဘေးတစ်ဖက်တစ်ချက်မှာ တပ်ထားတဲ့ သံတန်းတွေကိုပါ တွယ်ပြီးစီးကြရသဗျာ၊ အဲဒီခေတ်က သယ်ယူပို့ဆောင်ရေးကတော့ ဒီလိုပါပဲဗျာ။
မြိုင်သာကားလမ်းနံဘေးမှာတော့ အကြော်တဲကလေးတွေ၊ မုန့်တဲကလေးတွေရှိသဗျ၊ ကုက္ကိုပင်ကြီးအရိပ်အောက်မှာ ကားဂိတ်ကိုတည်ထားတာဆိုတော့ အရိပ်တော့ရသဗျာ၊ ကားစောင့်ရင်း မုန့်လေးဘာလေးလည်း စားလို့ရတာပေါ့၊ အကိုကြီးက ကျုပ်တို့ကို ကားဂိတ်မှာချပေးခဲ့ပြီး လှည်းကိုပြန်လှည့်တယ်ဗျ။
“သြော်၊ ဒါနဲ့အလတ်ကောင်၊ မြိုင်သာကအပြန် မြခြူးဆေးလိပ်တစ်စည်းလောက် ဆွဲလာခဲ့စမ်းပါကွာ၊ ငါပိုက်ဆံပြန်ပေးပါ့မယ်”
အကိုကြီးက ကွမ်းတော့မစားပေမယ့် ဆေးလိပ်တော့ဖွာတတ်တယ်ဗျ၊ ဆေးလိပ်ဖွာရင်လည်း တော်ရုံအိမ်လိပ်တဲ့ ဆေးပေါ့လိပ်တွေကို မဖွာတတ်ဘူးဗျ၊ မြိုင်သာမြို့က မြခြူးဆေးလိပ်ကိုပဲ ဖွာတတ်တာ၊ ကျုုပ်က ဆေးလိပ်မသောက်တော့ ဆေးလိပ်ရဲ့အရသာကို မသိပေမယ့် အကိုကြီးကတော့ ဆေးလိပ်အရသာကိုခံတတ်သဗျာ၊ မြခြူးဆေးလိပ်က အရသာကချိုချိုကလေးတဲ့ဗျ၊ သောက်ပြီးရင် ပါးစပ်ထဲမှာ ချိုပြီးကျန်ခဲ့တယ်ဆိုပဲ၊ ပြင်းတာကလည်း ပြင်းတယ်ဆိုတော့ ဆေးပေါ့လိပ်တစ်လိပ်ကို အာသာပြေရုံ တစ်ဖွာနှစ်ဖွာလောက်ဖွာပြီးတော့ မီးသတ်ပြီး နားရွက်ကြားပြန်ညှပ်ထားတာပါပဲ၊ အလုပ်လုပ်ရင်း ပါးစပ်ချဉ်လာရင် ပြန်ထုတ်သောက်နဲ့ဆိုတော့ မြခြူးဆေးလိပ်က တခြားဆေးလိပ်ထက် အသောက်ခံတယ်ဆိုသဗျ။
ကျုပ်နဲ့ဦးဘသာလည်း အကြော်တဲကလေးတစ်တဲထဲကိုဝင်ခဲ့ကြတယ်၊ မနက်က ဘာမှမစားရသေးတော့ ဗိုက်ကဆာတာပေါ့ဗျာ၊ ဒါနဲ့ အကြော်မှာပြီး စားမယ်လုပ်တုန်းမှာပဲ ကားဂိတ်ကလူတွေက ဝိုင်းအော်ကြတယ်။
“ဟော၊ ကားလာပြီ၊ ကားလာပြီဟေ့”
တခြားကားစောင့်နေတဲ့သူတစ်ယောက်က ထအော်ပြောတယ်ဗျ၊ သူပြောတဲ့အတိုင်းပဲ လိုင်းကားတစ်စီးက အိပဲ့အိပဲ့နဲ့မောင်းနှင်လာသဗျ၊ ကျုပ်လည်း မုန့်စားမလို့ရှိသေးတယ် ကားက ဂိတ်ကိုထိုးစိုက်ဝင်လာသဗျ။ ပုံမှန်ဆိုတစ်နာရီတစ်ခါလာတဲ့ကားက အခုခြောက်နာရီမထိုးခင် ငါးနာရီခွဲကြီးရောက်ချလာပါရောလား။
“ဟ၊ ကျားသားမိုးကြိုး ကားကြီးက ချောင်လို့ပါလားကွ”
ဦးဘသာက ရေရွတ်လိုက်တယ်ဗျ၊ ဟုတ်လည်းဟုတ်တာပဲ၊ ကားကအတော်ချောင်တယ်ဗျ၊ ကားနောက်ခန်းမှာတောင် ကားစီးတဲ့လူက သုံးလေးယောက်ပဲရှိတာ၊ လိုင်းကားက လမ်းတစ်လျှောက်ရွာစဉ်ရပ်ပြီးလာတာဆိုတော့ လူတွေကုန်တွေနဲ့ ပြည့်ကျပ်နေတတ်တာ ထုံးစံပဲဗျာ၊ ကျုပ်တို့ယောက်ျားလေးတွေဆိုရင် ကားနောက်ခန်းမှာထိုင်ဖို့ဆိုတာ စိတ်တောင်မကူးရဲပါဘူးဗျာ၊ စပယ်ယာက အမြဲတမ်း ကားခေါင်မိုးပေါ်ကိုပဲ တွန်းတွန်းတင်တတ်တာ၊ အခုတော့ ကားနောက်ခန်းမှာ ထိုင်စီးရပြီဆိုပြီး ကျုပ်လည်း အမြန်တက်လိုက်တော့တယ်၊ ကျန်တဲ့ခရီးသည်တွေလည်း တက်လိုက်တာပေါ့ဗျာ။
ကားမောင်းထွက်ခဲ့တယ်ဆိုရင်ပဲ စပယ်ယာက ပိုက်ဆံလိုက်တောင်းတာပေါ့ဗျာ၊ ကားခက တန်းမြင့်ရွာကနေ မြိုင်သာအထိဆိုရင် တစ်ယောက်မှ ပြားရှစ်ဆယ်ပဲကျတာဗျ၊ နှစ်ယောက်ဆိုရင် တစ်ကျပ်ငါးမူးပဲပေးရတယ်၊ ကျုပ်လည်း တစ်ကျပ်နဲ့ငါးမူးကိုလှမ်းလိုက်တော့
“ကားခက တစ်ယောက်ကိုတစ်မတ်ပဲပေးပါဗျာ”
“ဟာ၊ ဘယ်လိုဖြစ်တာလဲကွ၊ ငါ့တစ်သက်နဲ့တစ်ကိုယ် ကားခတစ်မတ်ဆိုတာ မကြားဖူးဘူးကွ”
စပယ်ယာက ခေါင်းကုတ်ပြီးတော့
“ဒီလိုဗျ၊ ကျုပ်တို့ကားက မြိုင်သာမြို့မှာ စက်သွားပြင်ရမှာဗျ၊ အစကတော့ လူတင်ဖို့စိတ်ကူးမရှိပေမယ့် အနီးအပါးလောက်ဆိုရင် တင်လို့ရတယ်လို့စိတ်ကူးပြီး တန်းမြင့်ရွာနားရောက်တော့မှ လူတင်ခဲ့တာပဲဗျို့”
“သြော်၊ ဒါ့ကြောင့်သက်သာနေတာကိုး၊ ရော့ ငါနဲ့ဒီအဘကြီးနဲ့နှစ်ယောက်ကွာ ငါးမူးစေ့ယူလိုက်နော်”
စပယ်ယာက ကြောင်ကြည့်နေရင်း
“တစ်မတ်စေ့မပါဘူးလားဗျ”
“မင်းနှယ်ကွာ၊ တစ်ယောက်တစ်မတ်လေ၊ နှစ်ယောက်ငါးမူးကျတယ်မဟုတ်လား အဲဒါငါးမူးစေ့ယူပေါ့ကွ”
“မဟုတ်ပါဘူးဗျာ၊ ကျုုပ်ဟိုအနောက်က အဒေါ်ကြီးကို တစ်မတ်စေ့အမ်းရအုံးမှာဗျ၊ လက်ထဲလည်းတစ်မတ်စေ့မရှိတော့ တစ်မတ်စေ့ပါရင် ကူညီပါနောင်ကြီးရာ”
တော်တော်ရှုပ်တဲ့စပယ်ယာပဲလို့ကျုပ်ကတွေးရင်း လွယ်အိတ်ထဲလက်ကိုစမ်းလိုက်တယ်ဗျ၊ အကြွေစေ့အသေးအမွှားလောက်က လွယ်အိတ်ထဲ ဒီအတိုင်းထည့်ထားရုံပဲမဟုတ်လား၊ ဒါပေမယ့် ကျုုပ်ဆီက အကြွေစေ့တွေက ဘယ်ထောင့်ကိုသွားကပ်နေသလဲ မသိပါဘူးဗျာ၊ တော်တော်နဲ့ နှိုက်လို့မရတာနဲ့ ဦးဘသာက သူ့အိတ်ကပ်ထဲက တစ်မတ်စေ့နှစ်စေ့ထုတ်ပြီး စပယ်ယာကိုပေးလိုက်တယ်။
“ကဲ ရော့ရော့၊ ငါ့ဆီကပဲယူလိုက်တော့”
စပယ်ယာက ကျုပ်ငါးမူးစေ့ကို ပြန်ပေးသဗျ၊ ကျုုပ်လည်း လှမ်းယူလိုက်ရော ဦးဘသာက ကျုပ်ကိုကြည့်ရင်း
“အကြွေတွေကို လွယ်လွယ်ကူကူထားလေအလတ်ကောင်ရာ”
ဆိုပြီးတော့ ကျုုပ်ကိုငေါက်ပြောလိုက်ပါသေးတယ်ဗျာ၊ ကားက ကြားရွာတွေမရပ်တော့ဘဲ မြိုင်သာကို တိုက်ရိုက်မောင်းတော့တာပါပဲ။
(၃)
ဒီလိုနဲ့ကျုပ်နဲ့ဦးဘသာ မြိုင်သာကို ရောက်ခဲ့တာပေါ့ဗျာ၊ မြိုင်သာကားဂိတ်ကဆင်းပြီး ကားဂိတ်နဲ့ခပ်လှမ်းလှမ်းဈေးအရှေ့နားက မုန့်လက်သုပ်သည်ကြီးဆီကို ဦးဘသာက သွားလိုက်တယ်ဗျ၊ ဘာမှမစားရသေးတော့လည်း ဗိုက်တွေကဆာလှပြီလေဗျာ၊ မနက်က အကြော်စားမလို့ဘဲရှိသေးတယ်၊ ကားကရောက်လာတာကိုးဗျ၊ မုန့်လက်သုပ်သည်ကြီးဆီကနေ မုန့်လက်သုပ်ဝယ်စားတော့ မုန့်လက်သုပ်ရောင်းတဲ့ အဒေါ်၀၀ကြီးက ဦးဘသာကိုကြည့်ပြီး
“မပြန်သေးဘူးလား”
ဦးဘသာက အဒေါ်ကြီးကိုကြည့်ပြီးတော့
“အခုမှရောက်တာပါ”
အဒေါ်ကြီးက မုန့်တီဖတ်တွေကို လက်တစ်ဖက်က နယ်ဖတ်ရင်း
“ဘယ်နှရက်ကြာမှာလဲ”
“တစ်ညပဲ၊ မနက်ဖြန်ညနေပြန်မယ်”
အဒေါ်ကြီးက ခေါင်းကိုဆတ်ခနဲညိတ်လိုက်တယ်ဗျ၊ ကျုပ်လည်း ဦးဘသာအနားကိုတိုးကပ်ပြီးတော့
“ဦးဘသာ၊ သူနဲ့ဦးဘသာက သိလို့လား”
“မသိဘူးလေ”
“ဟာ၊ မသိတာများ ဘာဖြစ်လို့အရေးတယူ စကားပြောနေရတာလဲဗျ၊ ပြီးတော့ သူကလည်း စစ်လားမေးလားနဲ့ပါလား”
ဦးဘသာက ဘေးဘီကိုကြည့်ပြီး ကျုပ်အနားကိုကပ်ရင်း
“ဟေ့အလတ်ကောင်၊ သူ့ကိုမင်းမမှတ်မိဘူးလားကွ၊ သူက စုန်းတွေရဲ့သတင်းပေးလေကွ၊ ဒီကိုရောက်ရင်ရောက်တဲ့အကြောင်း၊ ခရီးထွက်ရင်ထွက်မယ့်အကြောင်း ဝင်ပြောရတယ်လေကွာ”
ကျုပ်ကတော့ အဒေါ်ကြီးကိုဘုကြည့်တစ်ချက်ကြည့်လိုက်တာပေါ့ဗျာ၊ အဒေါ်ကြီးက ကျုပ်ကိုပြုံးကြည့်ရင်း
“ဘာလိုလဲကောင်လေး၊ ပေါ့တာလား၊ ငန်တာလား”
“မလိုတော့ပါဘူးဗျာ”
ကျုပ်ပြောပြီးတော့ မုန့်လက်သုပ်တစ်ဇွန်းကို ဇွန်းနဲ့ခပ်ပြီးစားလိုက်တယ်ဗျ၊ အဒေါ်ကြီးကိုစိတ်ရောက်နေတာနဲ့ ကျုပ်လည်း မုနု့်လက်သုပ်ဇွန်းကို သေချာမကြည့်ဘဲ စားလိုက်တာပေါ့ဗျာ၊ ဝါးနေရင်းနဲ့မှ ကျုပ်ပါးစပ်တွေ ပူတက်လာတယ်ဗျ၊ နောက်တော့ စပ်လိုက်တာ လွန်ပါရောဗျာ၊ သူများဆိုင်မှာမို့ ထွေးထုတ်မရတော့လည်း မြိုချလိုက်ရတာပေါ့ဗျ။
“အား၊ စပ်တယ်၊ စပ်တယ်၊ အောင်မယ်လေးဗျာ၊ ငရုတ်သီးစိမ်းကိုက်မိတယ်”
ကျုပ်လည်း တော်တော်စပ်သွားတာနဲ့ လျှာကိုအပြင်ကိုတစ်လစ်ထုတ်ပြီး လက်နဲ့ယပ်တောင်ခပ်သလို ခပ်နေမိတယ်၊ အဒေါ်ကြီးက ကျုပ်ကိုကြည့်ပြီး တဟားဟားနဲ့ ဟက်ဟက်ပက်ပက်ကို ရယ်ပါရောဗျာ၊ သူ့ပါးစပ်ပြဲကြီးကို ဖြဲကားပြီး တဟားဟားနဲ့ကိုအော်ရယ်တာဗျ၊ ဦးဘသာက ကျုပ်ကိုလှည့်ကြည့်ပြီး
“မင်းက သေချာမှ ကြည့်မစားဘဲကွ”
“မဟုတ်ပါဘူး ဦးဘသာရာ၊ ကျုပ်ပန်းကန်ထဲမှာ ငရုတ်သီးစိမ်းက ဘယ်လိုရောက်နေရတာလဲဗျ၊ မုန့်လက်သုပ်နဲ့ ငရုတ်သီးစိမ်းနဲ့ ဘာမှမဆိုင်ဘူးလေဗျာ”
ဦးဘသာက ဘာမှမပြောဘဲ ကျုပ်ကိုရေအေးတစ်ခွက်လှမ်းပေးတယ်ဗျ၊ ကျုုပ်လည်း ရေအေးသောက်လိုက်တော့မှ နည်းနည်းနေသာထိုင်သာရှိသွားတယ်ဗျာ။ စပ်တာကတော့ တော်တော်စပ်တာဗျ၊ ပူလိုက်တာလည်း တအားပဲဗျာ။ ကျုပ်သိပါပြီဗျာ၊ ဒီမိန်းမကြီးက စုန်းမကြီးဗျ၊ သူ့မုန့်လက်သုပ်တွေ စားကောင်းအောင်ကိုလည်း ပညာတွေနဲ့စီရင်ထားတယ်ဆိုပဲဗျာ၊ ဒါကြောင့် မြိုင်သာမှာ သူ့မုန့်လက်သုပ်က နာမည်ကြီးပေါ့ဗျ၊ အခုလည်း ကျုပ်ခုနက သူ့ကိုမျက်စောင်းထိုးလိုက်တာကို မကျေနပ်လို့ ကျုပ်ကိုလုပ်တာနေမှာဗျ၊ ကျုပ်ပန်းကန်ထဲမှာ ငရုတ်သီးစိမ်းမရှိတာတော့ သေချာပါတယ်ဗျာ။
စားသောက်ပြီးတော့ ဈေးဘက်ထွက်ခဲ့တယ်ဗျ၊ ဈေးအရှေ့ဘက်ရောက်တော့ မြခြူးဆေးပေါ့လိပ်လို့ ဆိုင်းဘုတ်တပ်ထားတဲ့ ဆိုင်ကြီးတစ်ဆိုင်ကို တွေ့လိုက်မိတယ်။
“ဦးဘသာရေ၊ အကိုကြီးအတွက် ဆေးလိပ်တစ်စည်းလောက် ဆွဲသွားအုံးမယ်ဗျာ”
“အေးအေး၊ မင်းကိုငါဟိုအရှေ့က စောင့်နေမယ်”
ဆိုင်ထဲကိုဝင်လိုက်တော့ ဆေးလိပ်ရောင်းတဲ့မိန်းကလေးတွေအများကြီးပဲဗျာ၊ ဈေးဝယ်သူတွေနဲ့အလုပ်ရှုပ်နေတာပေါ့၊ မြခြူးဆေးလိပ်ဆိုတာကလည်း ဟောဒီမြိုင်သာမြို့ပတ်ဝန်းကျင်မှာ နာမည်ကြီးတာကိုးဗျ၊ ကျုပ်လည်း ဆိုင်ထဲကြည့်နေရင်း ကောင်မလေးတစ်ယောက်ကိုတွေ့သွားတော့တယ်။
ဆေးလိပ်ရောင်းနေတဲ့ကောင်မလေးတွေအများကြီးထဲမှာ အဲဒီတစ်ယောက်က သိပ်ချောတာပဲဗျာ၊ ဆံပင်ရှည်ကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ပြီး နားအနားမှာပြန်ခွေထားတယ်ဗျ၊ မျက်တောင်လေးတွေကလည်း ကော့ကော့ကလေးဗျာ၊ မျက်ဆံကလေးတွေလည်း နက်လို့ဗျ၊ နှာတံသွယ်သွယ်လေးနဲ့ စကားပြောရင်းဆိုရင်း သွားဖြူဖြူကလေးတွေကလည်း ဖွေးနေတာပဲဗျာ၊ ဆေးလိပ်ရုံက တခြားမိန်းကလေးတွေနဲ့ စနောက်နေတယ်ထင်ပါရဲ့ဗျာ၊ သူပြုံးရယ်လိုက်တာလေးကို ကြည့်နေရင်း ကျုပ်တော့ သူ့အလှမှာ မြောပါသွားပါတော့တယ်၊ ဒါနဲ့ ကျုပ်လည်း သူ့အနားကိုတဖြည်းဖြည်းတိုးကပ်လာတာပေါ့ဗျာ၊ သူ့ရှေ့မှာ ကျုပ်ရပ်လိုက်တော့မှ ကျုပ်ကိုကြည့်ပြီး မျက်နှာကတည်သွားတယ်။
“ဘာလိုချင်လို့လဲ”
ကျုပ်လည်း သူ့ကိုလက်ညှိုးထိုးလိုက်ပြီး
“ခင်ဗျား”
မိန်းကလေးက စိတ်ဆိုးသွားတယ်ထင်ပါတယ်ဗျာ။
“ဘာရှင့်၊ ရှင်ဘာပြောတာလဲ”
ကျုပ်လည်းအခုမှ အသိစိတ်ဝင်ပြီးတော့
“မ၊ မဟုတ်ပါဘူးဗျာ၊ ခင်ဗျားအနောက်က ဆေးလိပ်တစ်စည်းလောက်လိုချင်လို့ပါ”
မိန်းကလေးက ကျုပ်ကိုမျက်စောင်းထိုးရင်း
“ဘယ်လိုလူမှန်းမသိဘူး၊ ရုပ်ကိုက အူကြောင်ကြားနဲ့၊ နွားကိုပလာတာ ကျွေးထားတဲ့ရုပ်”
မိန်းကလေးက ပြောပြောဆိုဆိုနဲ့ အနောက်ကိုလှည့်လိုက်ပြီးတော့ ဆေးလိပ်တစ်စည်းကိုလှမ်းယူလိုက်တယ်၊ ပြီးတော့ ကျုပ်ကိုလှမ်းပေးလိုက်တယ်ဗျာ၊ ကျုပ်လည်း ဆေးလိပ်ကိုယူပြီး သူ့ကိုငေးကြည့်နေတာပေါ့။
“ဆေးလိပ်တစ်စည်းကို ခုနစ်ကျပ်ခွဲပါတော်”
ကျုပ်လည်း အဲဒီတော့မှ ပိုက်ဆံကိုအမြန်ထုတ်ပြီးပေးလိုက်တယ်၊ ဒီမိန်းကလေးရုပ်ကိုကြည့်ရတာ သိပ်ကျက်သရေရှိပြီး၊ သိပ်ကြည့်လို့ကောင်းတာပဲဗျာ၊ ကျုုပ်လည်း ဗို့အားပြင်းတဲ့ လူပျိုအကြည့်တွေနဲ့ စူးစူးစိုက်စိုက်ကြည့်နေမိတာပေါ့ဗျာ၊ မိန်းကလေးက ပိုက်ဆံပြန်အမ်းရင်း
“ဘာယူအုံးမလဲ”
“ဘာမှမယူတော့ပါဘူးဗျာ”
“မယူတော့ဘူးဆိုရင် ကြွပါရှင်၊ တကယ်ပဲ ဘယ်လိုလူလဲမသိဘူး”
ကျုုပ်လည်း ဆေးလိပ်ဆိုင်ထဲကနေ တစ်လှမ်းချင်းထွက်လာခဲ့မိတယ်၊ ထွက်လာရင်းလည်း အဲဒီမိန်းကလေးကို လည်ပြန်ပြီး တစ်ချက်နှစ်ချက် ကြည့်မိသေးတယ်ဗျာ၊ မိန်းကလေးက ကျုပ်နဲ့မျက်လုံးချင်းဆုံသွားတော့ သူ့နှုတ်ခမ်းကိုကိုက်ပြတယ်ဗျ၊ အဲဒီလိုနှုတ်ခမ်းကိုက်ပြီး စိတ်တိုနေတာကလေးကိုက ချစ်စရာကလေးဗျာ၊ ကျုပ်လည်း အနောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ သွားတုန်း အရှေ့က ဓါတ်တိုင်ကြီးကိုမမြင်ဘဲ နဖူးစောင်းနဲ့တိုက်မိသွားတော့တယ်။
“အောင်မယ်လေး၊ သေပါပြီဗျ”
ကျုပ်လည်း လန့်ပြီးအော်လိုက်မိတာပေါ့ဗျာ၊ ကျုပ်ဓါတ်တိုင်နဲ့တိုက်မိတာကို ဆေးလိပ်ဆိုင်ထဲက မိန်းကလေးတွေကြည့်ပြီးတော့ ဝိုင်းရယ်ကြပါရော၊ ကျုပ်လည်း ဒီတော့မှ ရှက်ရှက်နဲ့ ပစ္စည်းတွေပြန်ကောက်ယူပြီးတော့ သုတ်ခြေတင်ပြီးထွက်ခဲ့ပါရောဗျာ၊ ဦးဘသာက ဈေးရှေ့က ထယ်သွားတွေ၊ ထွန်သွားတွေချပြီး ရောင်းတဲ့ဆိုင်မှာရှိနေတယ်ဗျ၊ ကျုပ်လည်းသူ့အနားရောက်သွားရော ကျုပ်ကိုကြည့်ရင်း
“ဟာ၊ အလတ်ကောင် မင်းဂျိုစောင်းမှာ နီရဲနေပါလားကွ၊ ဘာဖြစ်တာလဲ”
“ဘာဖြစ်ရမလဲဗျာ၊ ဓါတ်တိုင်ကြီးနဲ့ဝင်ဆောင့်မိတာဗျ”
ဦးဘသာက ခါးထောက်ပြီးတော့
“ဆေးလိပ်ဆိုင်က မိန်းကလေးတွေကိုငေးမောရင်းနဲ့ အရှေ့ကဓါတ်တိုင်ကြီးကို ဝင်တိုက်မိတယ်မဟုတ်လားကွ”
ကျုပ်ဖြင့်တော်တော်အံ့သြသွားမိတယ်ဗျာ။
“ဟာ၊ ဦးဘသာက ကျုပ်ဖြစ်တာကို အကုန်သိနေပါလား၊ မဟုတ်မှလွဲရော သူများစိတ်ထဲက အကြံတွေကို သိနိုင်တဲ့အစွမ်းများရှိနေသလားဗျာ”
“အောင်မယ်လေး၊ မရှိပါဘူးကွာ၊ မင့်အဖြစ်လောက်က တွေးကြည့်တာနဲ့တင် ရုပ်လုံးပေါ်ပါတယ်ကွ၊ ဆေးလိပ်ဆိုင်ဆိုတာ ကြည့်ပျော်ရှုပျော်ရှိတဲ့ ချောချောမောမောမိန်းကလေးတွေကို အရောင်းခန့်ထားတာ ထုံးစံပဲကွ၊ ဆေးလိပ်သောက်တယ်ဆိုတာကလည်း ယောက်ျားထုက ပိုများတယ်မဟုတ်လား၊ ဒီလိုနည်းနဲ့ ဖောက်သည်တွေကို ဆွဲဆောင်တာနဲ့တူပါတယ်ကွာ၊ မင်းဆေးလိပ်သွားဝယ်တယ်ဆိုကလည်းက အဲဒီဆိုင်က အရောင်းကောင်မလေးတွေကိုငမ်းပြီး ဓါတ်တိုင်ကြီးနဲ့ဝင်ဆောင့်တယ်ဆိုတာ တွေးကြည့်တာနဲ့ ရေးရေးတင်မဟုတ်ဘူး၊ ထင်ထင်ရှားရှား ပေါ်ပါတယ်ကွ”
ကျုပ်လည်း နာနေတဲ့နဖူးကိုပဲ ပွတ်နေမိတော့တယ်။
“ဘာပဲပြောပြော ဓါတ်တိုင်နဲ့တိုက်တယ်ဆိုပေမယ့်လည်း တန်ပါတယ်ဗျာ”
“ဟောကြည့်၊ ပြောရင်းဆိုရင်းတောင်မှ အကြောမသေသေးပါလား၊ ငေးတာလည်းကြည့်ငေးအလတ်ကောင်ရေ၊ နောက်တစ်ခါဆိုရင်တော့ ဓါတ်တိုင်နဲ့မတိုက်ဘဲ ကားနဲ့တိုက်မိနေမှာမြင်ယောင်သေးတယ်ကွာ”
ကျုပ်လည်း ပြုံးဖြီးဖြီးကြီးလုပ်နေလိုက်တော့တယ်၊ ဦးဘသာက တစ်ဖက်ကိုလှည့်လိုက်ပြီး
“ကဲ၊ သွားကြစို့၊ ငါတို့တွေ မျိုးကြီးအိမ်မှာတည်းမှာမဟုတ်လားကွ”
“ဒါပေါ့ဗျာ၊ မြိုင်သာကိုလာမှတော့ ကိုမျိုးကြီးအိမ်ပဲ တည်းရတော့မှာပေါ့ဗျ”
ဒီလိုနဲ့ဦးဘသာနဲ့ ကျုပ်နဲ့ ကိုမျိုးကြီးနေတဲ့ ပန်းဆွဲရပ်ကွက်ဘက်ကို လျှောက်ခဲ့ကြတာပေါ့။
“ဖြစ်ရမယ်အလတ်ကောင်ရေ၊ မင်းကတော့ ဖြစ်လိုက်ရင် အဆန်းချည်းပဲ”
ဦးဘသာက လမ်းတစ်လျှောက် ကျုပ်ကိုဆူပူကြိမ်းမောင်းသွားပါသေးတယ်ဗျာ။
(၄)
ကိုမျိုးကြီးဆိုတာ ကျုပ်တို့ရွာသားပဲဗျ၊ ကျုပ်တို့နဲ့လည်း ဆွေမျိုးမကင်းတော်ပါတယ်၊ သူက မြိုင်သာဘုရားပွဲလှည့်ရင်း မြိုင်သာမြို့က အပျိုကြီးတစ်ယောက်နဲ့ ငြိသွားပါရောဗျာ၊ အပျိုကြီးကလည်း ငွေကြေးရှိတဲ့အထဲကပါသဗျ၊ မြိုင်သာမြို့ထဲမှာပဲ ဆန်တွေဆီတွေရောင်းတဲ့ ကုန်ခြောက်ဆိုင်တစ်ဆိုင်ဖွင့်ထားသေးတယ်ဗျာ၊ သိုက်တူးတယ်လို့ပဲပြောပြော ကိုမျိုးကြီးတစ်ယောက် အပျိုကြီးနဲ့ညားပြီးတော့ မြိုင်သာမှာပဲ အခြေချဖြစ်သွားတယ်ဆိုပါတော့ဗျာ၊ ကိုမျိုးကြီးအခုနေတဲ့အိမ်ကလည်း အတော်ခပ်ကြီးကြီးဆိုတော့ ကျုပ်တို့ရွာကအမျိုးတွေ မြိုင်သာတက်လာတိုင်း ကိုမျိုးကြီးအိမ်မှာ သွားတည်းရတာ ထုံးစံပါပဲဗျာ။
“ဟာ၊ အလတ်ကောင်ပါလား၊ ဆိုင်းမဆင့်ဗုံမဆင့်နဲ့ဟေ့၊ ဒါနဲ့ ဦးလေးရောပါသလားကွ”
“ဘယ်သူမှ မပါပါဘူးကိုမျိုးကြီးရာ၊ ဒီတစ်ခေါက်မြိုင်သာလာတာ ကျုပ်တစ်ယောက်တည်းဗျ၊ အဲ၊ ဦးဘသာကြီးတော့ ပါသဗျ”
ကျုပ်ကိုခြံတံခါးလာဖွင့်ပေးတဲ့ ကိုမျိုးကြီးက ဦးဘသာကိုတစ်ချက်ကြည့်လိုက်တယ်ဗျ၊ ဦးဘသာက စုန်းဆိုတော့ သူ့အိမ်မှာလက်သင့်ခံချင်ပုံမရဘူးထင်ပါတယ်ဗျာ၊ ဒါနဲ့ကျုပ်ကိုကြည့်ရင်း
“သူရော၊ ငါတို့အိမ်မှာတည်းမှာလားကွ”
“ဒါပေါ့ဗျာ၊ ဦးဘသာက ကျုပ်နဲ့အဖော်လိုက်လာတာကိုး၊ ဒါနဲ့ ဘာဖြစ်လို့လဲကိုမျိုးကြီး”
ကိုမျိုးကြီးက မျက်စိမျက်နှာပျက်နေသဗျာ၊ ကျုပ်ကလည်း အရူးမှမဟုတ်ပဲဗျ၊ ကိုမျိုးကြီးဘာကိုဆိုလိုချင်တယ်ဆိုတာကို ကျုပ်တန်းသိတာပေါ့၊ သူက ကျုပ်တည်းတာကိုလက်ခံချင်ပေမယ့် ဦးဘသာကိုတော့ သူ့အိမ်မှာ မတည်းစေချင်ဘူးထင်ပါတယ်၊ ဦးဘသာကိုလှည့်ကြည့်လိုက်တော့လည်း ဦးဘသာက မျက်နှာညှိုးလို့ဗျ၊ ဒါနဲ့ ကိုမျိုးကြီးဘာမှမပြောခင်မှာ ကျုပ်ကပဲ။
“ရတယ်ကိုမျိုးကြီး၊ ဦးဘသာမတည်းရဘူးဆိုရင် ကျုပ်လည်းမတည်းတော့ဘူး၊ ရွှေမြင်တင်ဘုရားခြေရင်းမှာ ဇရပ်တွေပေါပါတယ်”
ကျုပ်က ပြန်လှည့်ထွက်မယ်လုပ်တော့မှ ကိုမျိုးကြီးက ခြံထဲကပြေးထွက်လာပြိး ကျုပ်လက်ကိုလာဆွဲတယ်ဗျ။
“မဟုတ်ပါဘူးအလတ်ကောင်ရာ၊ ဇရပ်မှာမတည်းပါနဲ့ကွ၊ လာပါ၊ ငါ့အိမ်မှာပဲတည်းကြပါ”
ကျုပ်လည်းပြန်လှည့်လိုက်တယ်၊ ကိုမျိုးကြီးက ဦးဘသာကိုကြည့်ရင်း
“ဦးလေးလည်းလာပါ၊ အိမ်ပေါ်ကိုကြွပါဗျာ”
ဒီတော့မှ ဦးဘသာလည်း ကျုပ်အနောက်ကနေ လိုက်လာခဲ့တော့တာပါပဲဗျာ။
အိမ်ပေါ်ကိုတက်ပြီးတော့ ကျုပ်တို့အိမ်ဦးခန်းမှာထိုင်လိုက်ကြတယ်၊ အိမ်က ခြေတံရှည်အိမ်ကြီးပါဗျာ၊ ရှေးလက်ရာဆိုတော့လည်း တိုင်လုံးကြီးတွေက အကြီးကြီးဗျ၊ ကြမ်းခင်းကြီးတွေဆိုရင်လည်း ထုနဲ့ထည်နဲ့ပဲ၊ အိမ်ဦးခန်းမှာထိုင်လိုက်တော့ ကိုမျိုးကြီးက အိမ်နောက်ဖေးကိုပြေးဝင်သွားတယ်ဗျ၊ ခဏကြာတော့မှ ရေနွေးကရားအိုးကိုလင်ပန်းတစ်ခုထဲထည့်ပြီး ပြန်ထွက်လာတယ်။ ကျုပ်တို့အရှေ့မှာထိုင်ချလိုက်တော့ ကျုပ်က
“ဒါနဲ့ ကိုမျိုးကြီးတစ်ယောက်တည်းလား၊ အပျိုကြီးကိုရော မတွေ့ပါလားဗျာ”
“ဟာကွာ၊ အခုအပျိုကြီးမဟုတ်တော့ပါဘူးကွ၊ ငါနဲ့ညားနေပြီပဲဥစ္စာ”
“ကျုပ်တို့က ပါးစပ်ထဲ အပျိုကြီးလို့ပဲ စွဲနေလို့ပါဗျာ”
“အေး၊ သူက အိမ်မှာရှိပါတယ်၊ ဒါပေမယ့် . . .”
ကိုမျိုးကြီးက ဆက်မပြောတော့ဘဲ ဦးဘသာကိုကြည့်နေတယ်ဗျ။ ကျုပ်လည်း သိချင်တာနဲ့
“ဒါပေမယ့် ဘာဖြစ်တာလဲဗျာ”
“နေမကောင်းဘူးကွ”
“ဟုတ်လား၊ အင်းလေ ဒီလိုအချိန်ဆိုတော့ တုပ်ကွေးမိတာဖြစ်မှာပေါ့ဗျာ”
“ဘာဖြစ်မှန်းတော့ မသိဘူးအလတ်ကောင်ရေ၊ မြိုင်သာက ဆရာဝန်တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းပြနေတာလည်း ကုန်သလောက်ရှိပြီ၊ သက်ကိုမသက်သာတာဟ”
ကိုမျိုးကြီးကြည့်ရတာလဲ မသက်မသာနဲ့ဗျာ၊ ဦးဘသာက ထပြီးတော့
“အဲဒါ ပယောဂပဲကွ”
ကိုမျိုးကြီးက ဦးဘသာကိုကြည့်မရပါဘူးဆိုမှ ဦးဘသာက အဲဒီလိုထပြောလိုက်တော့ စိတ်တိုသွားတယ်ထင်ပါတယ်ဗျာ။ ဦးဘသာကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး
“ခင်ဗျားတို့လူတွေက အဲဒီလိုပဲဗျာ၊ တစ်ခုခုဆို ပယောဂ၊ ပယောဂလို့ ခေါင်းစဉ်တပ်ပြီးတော့ ငွေတွေချူစားဖို့ပဲချောင်းနေတာမဟုတ်လား”
ကျုပ်က ကိုမျိုးကြီးပခုံးကိုကိုင်လိုက်ပြီး
“သိပ်ပြီးဒေါသမထွက်ပါနဲ့ ကိုမျိုးုကြီးရာ ဦးဘသာက တခြားလူတွေလိုမဟုတ်ပါဘူးဗျ၊ သူဒီလိုပြောရတာ အကြောင်းတစ်ခုတော့ရှိမှာပါ”
“မင်းသူ့ဘက်က ရှေ့နေလိုက်ပေးမနေနဲ့အလတ်ကောင်၊ ဦးဘသာ ဘယ်လိုလူဆိုတာ ငါသိပါတယ်ကွ၊ သူ့အမေကလည်း စုန်း၊ သူကလည်း စုန်းကြီးမဟုတ်လား”
ဦးဘသာက ခေါင်းတစ်ချက်ညိတ်ပြီး
“ဟုတ်ပြီမျိုးုကြီး၊ ဒါဆိုရင် မင်းကိုငါမေးမယ်နော်၊ မင်းအခု ဆရာဝန်တွေနဲ့ကုတော့ ဆရာဝန်တွေက မင်းကိုဘာရောဂါလို့သေချာပြောသလဲကွ”
“ဒါတော့ သေချာမပြောပါဘူး၊ ကျုပ်ကလည်း နားမှမလည်တာ၊ သူတို့က သုံးလေးရက်တစ်ပတ်လောက်ကုပြီးရင် လက်လျော့လိုက်တာချည်းပဲ”
“ဟုတ်ပြီ၊ မင်းမိန်းမအခုဖြစ်တာကြာပြီမဟုတ်လား၊ အခုလိုဖြစ်တော့ သူ့စီးပွားရေးတွေမလုပ်နိုင်တော့ဘူးမဟုတ်လား”
ကိုမျိုုးကြီးက ခေါင်းညိတ်ပြီးတော့
“ဒါတော့ဟုတ်တယ်ဗျ၊ အခုသူဖြစ်နေတာ သုံးလကျော်လောက်တော့ရှိပြီ၊ အခုဆိုရင် အစားလည်းသိပ်မဝင်တော့ဘူး၊ ရေလည်းချော့တိုက်နေရတဲ့အခြေအနေဖြစ်နေပြီ၊ သူအခုလိုဖြစ်တော့ ဈေးထဲက သူ့ဆိုင်လည်း ပိတ်ထားရတာ ကြာပြီပေါ့ဗျာ၊ ခုတောင်မှ ဆိုင်ထွက်မရောင်းမယ့်အတူတူ သူများကိုပြန်ရောင်းလိုက်မလားလို့ စဉ်းစားနေရတယ်”
ဦးဘသာက မျက်လုံးကိုမှိတ်လိုက်တယ်ဗျ။
“မင်းမိန်းမဗိုက်က မွေးတော့မယ့်လူနာလို ဗိုက်ကြီးဖောင်းနေပါရောလား၊ လက်မောင်းတွေကလည်း အရိုးပေါ်အရေတင်ပဲ၊ သွားတွေခေါထွက်နေပြီးတော့ ပါးချောင်၊ နားချောင်တွေလည်း ကျလို့ပါလားကွာ၊ နဂိုရုပ်တောင်မပေါ်တော့ဘူး”
ကိုမျိုးကြီးတော်တော်အံ့သြသွားတယ်ဗျ။
“ဦး၊ ဦးဘသာက ကျုပ်မိန်းမကို တစ်ခါမှမမြင်ဖူးဘဲနဲ့ ဒါတွေဘယ်လိုသိတာလဲဗျ”
“ပညာတွေကြောင့်ပေါ့ကွာ၊ မင်းခြံဝန်းရှေ့မှာ ရပ်လိုက်ကတည်းက မင်းခြံထဲမှာ ထူးဆန်းတဲ့အနံ့တစ်မျိုးရနေပြီးသားကွ၊ အိမ်ပေါ်တက်လာတော့ အဲဒီအနံ့က ပိုဆိုးလာသကွာ၊ ခုဒီမှာထိုင်နေတော့မှ ဟောဟိုအိမ်ခန်းထဲက အနံ့ဆိုးဆိုးဝါးဝါးတွေထွက်နေတယ်ကွ”
ကျုပ်နဲ့ကိုမျိးကြီးလည်း နှာခေါင်းတရှုံ့ရှုံ့နဲ့ ပြိုင်တူအနံ့ခံလိုက်ကြတယ်ဗျ။ ဦးဘသာက ကျုပ်တို့ကိုကြည့်ရင်း
“ရော်၊ ခက်ပါလား၊ ဒီအနံ့က သာမန်လူတွေမရနိုင်တဲ့အနံ့ကွ၊ သေချာတာကတော့ မင်းမိန်းမ အပျိုကြီးကို ပယောဂနဲ့တိုက်ခံနေရပြီဟေ့၊ နားလည်တတ်ကျွမ်းတဲ့ဆရာနဲ့သာ ပြသပြီးတော့ ကုပေတော့၊ ငါတို့ရောက်လာတာ အချိန်မီသွားတယ်၊ နောက်ထပ်လေးငါးရက်သာနောက်ကျရင် မင်းမိန်းမအပျိုကြီး သေလောက်ပြီကွ”
ဦးဘသာပြောတော့မှ ကိုမျိုးကြီးက တော်တော်ထိတ်လန့်သွားတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာပေါင်ကိုအသာတို့ရင်း
“ဦးဘသာရာ၊ ပို့မယ့်ပို့တော့ ကူးတို့ရောက်အောင်ပို့စမ်းပါဗျ၊ ဦးဘသာ ဒီဟာကိုကိုင်တွယ်နိုင်တယ်မဟုတ်လား”
ဦးဘသာက ခပ်တည်တည်နဲ့
“ဒီမှာအလတ်ကောင်၊ သူများကိုကုသပေးတယ်ဆိုတာက လူနာရှင်က ကြည်ဖြူမှဖြစ်တာကွ”
ကိုမျိုးကြီးတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးတော့
“ဒါဆိုရင် အားကိုးပါတယ် ဦးဘသာရာ၊ ဦးဘသာ ကုတတ်တယ်ဆိုရင် ကျုပ်မိန်းမကို ကုပေးပါဗျ၊ အဖိုးအခ မနည်းစေရပါဘူး”
“ဒီမှာ မျိုးကြီး၊ ငါအခု မင်းမိန်းမအပျိုကြီးကို ကုသပေးမယ်ဆိုတာက မင်းနဲ့ငါက တစ်ရွာတည်းသားချင်းဖြစ်နေလို့ ကူညီချင်ရုံသက်သက်ပဲကွ၊ တခြားသူဆိုရင် ငါ့ကိုငွေဘယ်လောက်ပုံပေးပေး၊ ငါကူညီမှာမဟုတ်ဘူး”
ကိုမျိုးကြီးက ပျာပျာသလဲနဲ့
“တောင်းပန်ပါတယ် ဦးဘသာရာ၊ ဘာပဲပြောပြော ကျုပ်မိန်းမခံစားနေရတဲ့ ရောဂါပျောက်ဖို့သာ အရေးကြီးပါတယ်”
ဦးဘသာက ခေါင်းညိတ်ပြီးတော့ တင်ပလ္လင်ခွေပြီးထိုင်လိုက်တယ်ဗျ၊ နောက်တော့ အိမ်ခန်းထဲကို စူးစူးစိုက်စိုက်ကြည့်ပြီးတော့ ကြမ်းကိုလက်နဲ့ပုတ်လိုက်တယ်။
“ကဲ အိမ်ခန်းထဲက အကောင်၊ ဒီကိုထွက်လာခဲ့စမ်း”
ကိုမျိုးကြီးက
“ဦးဘသာ၊ ကျုပ်မိန်းမက အစာတောင်ကောင်းကောင်းမစားနိုင်လို့ အရိုးပေါ်အရေတင်ဖြစ်နေတာပါ၊ လမ်းတောင်မလျှောက်နိုင်တော့ပါဘူးဗျာ”
“မင်းတိတ်ထားစမ်းမျိုးကြီး၊ မင်းဘာမှဝင်မပြောနဲ့”
ဦးဘသာက ကြမ်းကိုလက်နဲ့နောက်တစ်ချက်ပုတ်လိုက်ပြီးတော့
“ကဲ ငါခေါ်နေတယ်လေ၊ အကောင်လား၊ ကောင်မလား၊ ထွက်လာခဲ့စမ်းပါ”
ဒီအချိန် အိမ်ခန်းထဲကနေ ဝုန်းခနဲအသံကြီးကြားလိုက်ရတယ်ဗျာ။ ပြီးတော့ တဒုန်းဒုန်းနဲ့ ခြေသံကိုလည်းကြားလိုက်ရတယ်၊ ခြေသံက ကြမ်းပြင်ပေါ်ကို ဖနောင့်နဲ့ပေါက်ပြီး လျှောက်နေတဲ့အသံမျိုးဗျ။ နောက်တော့ အရှေ့ခန်းကို အပျိုကြီးထွက်လာသဗျာ၊ ဦးဘသာပြောတဲ့အတိုင်းပဲဗျ၊ ဗိုက်ကြီးက ပူတင်းဖောင်းကားနေပြီးတော့ လူတစ်ကိုယ်လုံးလည်း အရိုးနဲ့အရေလောက်ရှိတော့တာ၊ ဆံပင်ဖွာဖွာရှည်ရှည်ကြီးနဲ့ မျက်တွင်းကလည်း ဟောက်ပက်ကြီးဗျို့။ ကျုပ်တောင်ကြည့်ရင်း တော်တော်လန့်သွားတာဗျ၊ အပျိုကြီးက တဒုန်းဒုန်းနဲ့လျှောက်လာပြီးတော့ ကျုပ်တို့နဲ့ဆယ်ပေလောက်အကွာ ကြမ်းပြင်မှာရပ်လိုက်တယ်။ ဦးဘသာကို စိမ်းစိမ်းကြီးကြည့်ပြီး
“သြော်၊ ဘယ်သူများလဲလို့ ရှင်ပါလား၊ ရှင်ဒီအိမ်ကနေအခုထွက်သွား”
တကယ်ဆိုရင် ဦးဘသာနဲ့ အပျိုကြီးနဲ့က မခင်ဘူးဗျ၊ ကိုမျိုးကြီးရွာမှာမင်္ဂလာ လာဆောင်တဲ့အချိန်လောက်ကပဲ တစ်ခါတွေ့ဖူးတာမဟုတ်လား၊ အခု ဦးဘသာကို သိနေပုံထောက်တော့ တစ်ခုခုတော့ တစ်ခုခုပဲဗျ၊ ဦးဘသာက အပျိုကြိးကိုကြည့်ရင်း
“တိတ်စမ်း၊ နင်ဘယ်သူလဲဆိုတာ ငါသိတယ်နော်၊ နင်လုပ်ထားတာတွေ ချက်ချင်းဖြုတ်သိမ်း၊ မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့”
အပျိုကြီးက ဒေါသတကြီးနဲ့အော်ဟစ်ရင်း
“ထွက်သွား၊ ရှင်ဒီအိမ်ကနေထွက်သွား၊ ကျုပ်အိမ်ကနေထွက်သွား”
ဦးဘသာက မဲ့ပြုံးပြုံးရင်း
“အောင်မာ၊ နင်ကများ ဒီအိမ်က နင့်အိမ်တဲ့လား၊ ဟဲ့ စုန်းမ၊ နင်သူများကိုသာ လှည့်စားလို့ရချင်ရမယ်၊ ငါ့ကိုလှည့်စားလို့ရမယ်များထင်နေတာလား”
ဦးဘသာပြောတော့ အပျိုကြီးက အသံနက်ကြီးနဲ့အော်ပြီး ဒေါသတွေထွက်တော့တာပဲဗျာ၊ ဒါနဲ့ ကိုမျိုးကြီးက မတ်တတ်ထပြီးတောာ့ သူ့မိန်းမဆီကိုပြေးသွားတယ်။
“မိန်းမ၊ စိတ်နည်းနည်းလျော့ပါအုံးကွာ”
ကိုမျိုးကြီးအနားရောက်သွားတော့ အပျိုကြီးက ကိုမျိုးကြီးကို လက်ပြန်တစ်ချက်ရိုက်ထည့်လိုက်တယ်ဗျာ၊ လူပိန်တာရိုးလေးက ရိုက်ထည့်လိုက်တဲ့ရိုက်ချက်က ပြင်းသဗျ၊ ကိုမျိုးကြီးလို ယောက်ျားရင့်မာကြီးတောင်မှ အနောက်ကိုလွင့်ထွက်သွားပြီးတော့ အိမ်ရဲ့သစ်သားနံရံနဲ့ နောက်စေ့နဲ့ဆောင့်သွားတယ်၊ ပြီးတော့ ကိုမျိုးကြီး ဇက်ကျိုးကျသွားတော့တာပါပဲ။
“ကိုမျိုးကြီး”
ကျုပ်အော်ဟစ်ပြီး ကိုမျိုးကြီးကိုပြေးဆွဲလိုက်တယ်ဗျ၊ ကိုမျိုးကြီးက သေတော့မသေဘူး၊ အသက်တော့ရှူနေသေးတယ်၊ ကျုပ်အထင်တော့ ခေါင်းထိပြီး မေ့သွားတာဖြစ်မယ်ဗျ၊ ဒီအချိန်မှာပဲ အပျိုကြီးက ဦးဘသာဆီကိုအတင်းဝင်ပြေးသွားတော့တယ်၊ ဦးဘသာက အပျိုကြီးကိုလက်ညှိုးထိုးပြီးတော့
“ရပ်စမ်း၊ အဲဒီမှာရပ်နေစမ်း”
ဦးဘသာပြောပေမယ့် အပျိုကြီးက လုံးဝရပ်မနေပါဘူးဗျာ၊ ဦးဘသာဆီကိုအတင်းဝင်ပြေးပါရော၊ ဦးဘသာလည်း တော်တော်အံ့သြနေတဲ့ပုံပဲဗျ။ ဦးဘသာက အပျိုကြီးကို မရပ်တန့်နိုင်တော့တာမို့လို့ ကျုုပ်လည်း အပျိုကြီးဆီကိုပြေးဝင်လိုက်ရတော့တယ်၊ အပျိုကြီးရဲ့ လက်နှစ်ဖက်ကိုသိုင်းပြီး အနောက်ကနေဖမ်းချုုပ်ဆွဲထားရတယ်ဗျ၊ အပျိုကြီးကိုဆွဲရတာ နွားသိုးကိုဆွဲရသလိုပါပဲဗျာ၊ ကျုပ်ဖြင့် ခြေကန်ပြီးတော့ဆွဲထားရတယ်၊ အပျိုကြီးက ဦးဘသာကို သူ့လက်သည်းတွေနဲ့လှမ်းကုတ်သဗျ၊
“အား၊ မရတော့ဘူးဦးဘသာ၊ ကျုပ်မရတော့ဘူး”
အပျိုကြီးရုန်းတာ နွားရုန်းတာထက်တောင် သန်သေးသဗျာ၊ ကျုပ်လည်း သူရုန်းတာကို မဆွဲနိုင်တဲ့အဆုံးမှာ ဦးဘသာက ကွမ်းအစ်ထဲက ကွမ်းရွက်တစ်ရွက်ကိုယူလိုက်ပြီးတော့ အပျိုကြီးရဲ့နဖူးမှ လက်ဝါးနဲ့ကပ်ထည့်လိုက်တော့တယ်၊ ဒီတော့မှ အပျိုကြီးက ကျောက်ရုပ်ကြီးတစ်ရုပ်လို တောင့်တောင့်ကြီးရပ်သွားပါရော။ ဒါပေမယ့် မျက်နှာကတော့ လှုပ်နေသေးသဗျ။
“ငါသူ့ကိုပြုုုစားထားတာကို ရှင်ဘာလို့ဝင်ရှုပ်ရတာလဲ”
“အောင်မာ၊ ဒီလူက တို့ရွာသား၊ ဒီလူရဲ့မိန်းမကလည်း တို့ရွာသူတစ်ပိုင်းပဲ၊ သူ့ကိုငါကယ်ခွင့်ရှိတယ် ကောင်မရဲ့၊ ပြောစမ်း၊ နင်ဘာဖြစ်လို့ သူ့ကိုလုပ်ရတာလဲ”
“ငါ့ကို သူများက ငွေပေးပြီးလုပ်ခိုင်းလို့”
“ဘယ်သူလုပ်ခိုင်းတာလဲ”
“သူတို့ဆိုင်ရဲ့ ဘေးဆိုင်က ညီအမလုပ်ခိုင်းတာ၊ သူသေရင် ပိုက်ဆံငါးရာပေးမယ်တဲ့၊ နောက်ပြီး သူ့ကိုလည်း ငါက အစိမ်းသရဲအဖြစ် မွေးထားအုံးမှာ”
“နင့်အကြံတော်တော်ပက်စက်တာပဲ၊ ဘာပဲဖြစ်ဖြစ် နင်ရှေ့ဆက်တိုးရင် နာဖို့ပဲရှိတယ်၊ ဒါကြောင့် နင်အခုကတည်းက နောက်ဆုတ်လိုက်တော့၊ နင်သူ့ကိုလုပ်ထားတဲ့ ပညာစက်တွေကိုထုတ်ပြီး သူ့ကိုအကောင်းပကတိဖြစ်အောင် ပြန်လုပ်ပေးခဲ့”
“မလုပ်ပေးဘူး၊ လုံးဝမလုပ်ပေးနိုင်ဘူး၊ ရှင်မကျေနပ်ရင် ကျုုပ်ကိုသတ်လိုက်”
“ဟင်း၊ နင်ကများ တော်တော်သေချင်နေပုံပဲ၊ နင့်ကိုသေအောင်မသတ်ပါဘူး၊ ဒါပေမယ့် သေမလောက်နာကျင်အောင်တော့ ငါလုပ်ပြမယ်”
ဦးဘသာက အဲဒီလိုပြောပြီးတော့ သူ့ကွမ်းအစ်ထဲက ထုံးလက်တစ်တို့ကိုယူလိုက်ပြီးတော့ ခုနုက အပျိုကြီးနဖူးမှာကပ်ထားတဲ့ ကွမ်းရွက်အောက်ဘက်ကိုသုတ်ပါတော့တယ်၊ အပျိုကြီးဆိုရင် မျက်နှာကြီးရှုံ့မဲ့တက်လာပြီးတော့ ငယ်သံပါအောင် အော်ပါရောဗျာ၊ မျက်ရည်တွေလည်း တပေါက်ပေါက်နဲ့ စီးကျလာသဗျ၊ နောက်တော့ အံကိုအတင်းကြိတ်ပြီး ခံရှာတယ်၊ သွားချင်းကြိတ်တဲ့အသံတွေတောင်မှထွက်တယ်ဗျာ။
“သြော်၊ နင်က ခံနိုင်ရည်ရှိတယ်ပေါ့ဟုတ်လား၊ ကဲ ထုံးနောက်တစ်ထပ် သုတ်လိုက်မယ်၊ လာလေရော့”
ဦးဘသာက ကွမ်းရွက်ပေါ်ကို ထုံးတွေထပ်သုတ်တယ်ဗျ၊ အပျိုကြီးဒီတစ်ခါတော့ အံတောင်မကြိတ်နိုင်တော့ပါဘူးဗျာ၊ အော်ဟစ်ပြီး ငိုယိုနေတာပါပဲ။
“ကဲ စုန်းမ၊ ငါနောက်ထပ် ထုံးတစ်ထပ်သုတ်ရင် နင်အသေပဲနော်၊ နင့်အသက်ကိုနင်မနှမြောဘူးလား၊ နင်သေချင်တယ်ဆိုရင်လည်း ငါနင့်ကို ငရဲပြည်ပို့ပေးမယ်”
“မလုပ်ပါနဲ့ရှင်၊ ရှိခိုးဆိုရင်ခိုးပါ့မယ် ထုံးသုံးထပ်တော့ မသုတ်ပါနဲ့”
“နင့်ကိုငါ ရှိခိုးခိုင်းတာမဟုတ်ဘူး၊ သူ့ကိုလုပ်ထားတဲ့ နင့်ပညာစက်တွေအကုန်နှုတ်သိမ်းသွား၊ သူ့ကိုလည်း အကောင်းပကတိအတိုင်းရှိစေနော်၊ နောက်ထပ်လည်း သူ့ကိုထပ်ပြီး မပြုစားရဘူး”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ မပြုစားတော့ပါဘူး”
ဦးဘသာက ကွမ်းရွက်ကိုနဖူးကနေ ခွာပေးလိုက်တယ်ဗျ၊ ဒီတော့မှ အပျိုကြီးက ပြန်လှုပ်လို့ရသွားတယ်ဗျာ၊ လှုပ်လို့ရတာနဲ့ သူ့နဖူးကိုသူ လက်နဲ့ပြန်ရိုက်ပြီးတော့ ကြမ်းပြင်ပေါ်ကို ဒုန်းခနဲလဲကျသွားတော့တာပါပဲ။
“သွားပြီလား ဦးဘသာ”
“သွားပြီ၊ သွားပြီ”
ကျုပ်တို့ကြည့်နေတုန်း အပျိုကြီး ဗိုက်ထဲကနေ လေတွေသက်လာသဗျာ၊ တဘူဘူတဂွမ်ဂွမ်နဲ့ အီးတွေပေါက်ပါရော၊ အနံ့ကလည်း ပုပ်စော်နံနေတာပါပဲဗျာ၊ ကျုပ်ဖြင့် မခံနိုင်လို့ နှာခေါင်းကိုလက်နဲ့ပိတ်ထားရသဗျ။ လေတွေက ပြတ်တောင်းပြတ်တောင်းထွက်လာရာကနေပြီး နောက်တော့ ရှူးခနဲမရပ်မနားထွက်တော့တယ်ဗျ၊ သူဝတ်ထားတဲ့ထမီကြီးဆိုရင် လေတွေထွက်လို့ မိုးပေါ်ကိုတောင်ပျံတက်နေတယ်၊ ကားဘီးပေါက်သလိုမျိုး လေတွေတရှူးရှူးနဲ့ထွက်ပြီးသွားတော့ သူ့ဗိုက်ကြီးက ချပ်သွားသဗျာ။
“ဟာ၊ မိန်းမ၊ မိန်းမ”
ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိတဲ့ ကိုမျိုးကြီးက အပျိုကြီးကို ပြေးပွေ့တယ်ဗျ၊ အပျိုကြီးကို အခန်းထဲပြန်ထည့်ပြီးတော့မှ ကိုမျိုးကြီးပြန်ထွက်လာတယ်။
“ဘယ်လိုဖြစ်သွားတာလဲဗျာ၊ ကျုပ်တော့ ဇက်ကြောတွေအောင့်နေတာပဲ”
ဦးဘသာက ရေနွေးသောက်ရင်း
“မကျေနပ်လို့လုပ်တာနေမှာကွ၊ လုပ်တဲ့လူက သူရောင်းတဲ့ဈေးဆိုင်ရဲ့ ဘေးဆိုင်က ညီအမနှစ်ယောက်တဲ့ကွာ၊ မင်းမိန်းမသေရင် ငါးရာပေးမယ်ဆိုပြီးလုပ်ခိုင်းတာတဲ့”
ကိုမျိုးကြီးက မျက်လုံးပြူးသွားပြီးတော့
“ဟာ၊ ဟုတ်ရောဟုတ်ရဲ့လားဗျာ၊ ဒီညီအမနှစ်ယောက်က ကျုပ်မိန်းမနဲ့သိပ်ခင်တာဗျ၊ ညီအမတွေလိုကိုနေတာ၊ ကျုပ်တို့အိမ်နဲ့ဆိုရင်လည်း စားအိမ်သောက်အိမ်လိုဖြစ်နေပြီဗျ၊ ဦးဘသာပြောမှ ကျုပ်စဉ်းစားမိတယ်ဗျာ၊ အခုလည်း ကျုပ်တို့ဆိုင်မထွက်တာကြာလို့ ကျုပ်တို့ဆိုင်ခန်းကိုပြန်ရောင်းပါတဲ့ဗျာ၊ သူတို့က ကာလတန်ကြေးပေးပြီးဝယ်ပါ့မယ်တဲ့”
ဦးဘသာက ခေါင်းညိတ်ရင်း
“အင်းပေါ့ကွာ၊ သစ်ကောက်ဝါးကောက်သာမြင်ရပေမယ့် လူ့အတွင်းစိတ်ကိုတော့ မမြင်ရဘူးမဟုတ်လားကွ၊ ဒီညီအမက မင်းတို့အပေါ်ကောင်းသလိုလိုနဲ့ နောက်မှာအကျင့်ယုတ်နေတာကွ၊ မင်းမိန်းမသေသွားရင် မင်းတို့ဆိုင်ကိသူတို့ယူပြီးတော့ ဆက်ဖွင့်ချင်တဲ့သဘောဖြစ်မှာ”
“ဟုတ်မယ်ဗျ၊ ရောင်းကုန်ကလည်း အတူတူပဲ၊ ဆန်၊ ဆီ၊ ဆား စားသောက်ကုန်တွေရောင်းကြတာဆိုတော့ တကယ်တမ်းကြည့်ရင်တော့ စီးပွားပြိုင်ဖက်တွေပဲဗျ”
ကိုမျိုးကြီးတစ်ယောက်တော့ ဦးဘသာကြီးကို တော်တော်ယုံသွားတော့တောပါပဲဗျာ၊ ဦးဘသာကို ငွေကြေးကန်တော့ပေမယ့် ဦးဘသာက ထုံးစံအတိုင်းမယူခဲ့ပါဘူးဗျာ၊ ဒီလိုနဲ့ ကျုပ်တို့ ကိုမျိုးကြီးဝယ်ကျွေးတဲ့ ညစာစားခဲ့ကြပြီးတော့ အိပ်လိုက်တော့တာပေါ့ဗျာ။
ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
zawgyi version
“စုန္းထီးႀကီးဦးဘသာ ႏွင့္ ၿမိဳင္သာရွာပုံေတာ္”(စ/ဆုံး)
——————————————————————————-
အပိုင္း (၁)
(၁)
ေဆာင္းတြင္းေပါက္လို႔ ေဆာင္းေလေအးေအးတိုက္လာၿပီဆိုရင္ျဖင့္ လူေတြဖ်ားၾကနာၾကတာ ထုံးစံပဲဗ်၊ ေရွးလူႀကီးေတြေျပာခဲ့တာကေတာ့ ဒီလိုအခ်ိန္ဆိုရင္ ေရာဂါေဟာင္း၊ အနာေဟာင္းေတြ ျပန္ထလာတတ္တယ္လို႔ ဆိုသဗ်ာ၊ ေဆာင္းတြင္းအေအးဓါတ္ေၾကာင့္ အရင္ကရွိခဲ့တဲ့ အနာေဟာင္း၊ ဒဏ္ရာေဟာင္းေတြ ျပန္ၿပီးကိုက္ခဲတတ္တာကိုး၊ အဲဒီစကားေၾကာင့္လားေတာ့မသိဘူးဗ်၊ အခုအိမ္ကအေဖက ငွက္ဖ်ားေရာဂါ ျပန္ထေနသဗ်ာ၊ ငွက္ဖ်ားဆိုတာကလည္း အခ်ိန္မွန္ျဖစ္တာဆိုေတာ့ အေဖက မနက္ပိုင္းဆိုရင္ လူေကာင္းပကတိပဲဗ်၊ ညေနသုံးနာရီေဒါင္ဆိုတာနဲ႔ တစ္ကိုယ္လုံးတုန္ယင္တက္လာၿပီးေတာ့ ငွက္ဖ်ားတက္ေတာ့တာပဲ၊ အဲဒီအခါ ေဆးဆရာဦးမွတ္ႀကီးသြားေခၚၿပီး ငွက္ဖ်ားကုရတာေပါ့ဗ်ာ၊ ညကိုးနာရီေလာက္ဆိုရင္ေတာ့ ျပန္ေကာင္းသြားၿပီ၊ ေခြၽးေတြဘာေတြထြက္ၿပီး လန္းဆန္းေနသဗ်ာ။
ငွက္ဖ်ားသေဘာကလည္း ကိုယ္ထဲပုန္းေအာင္းေနတတ္တယ္လို႔ဆိုသဗ်ာ၊ အေဖက ငယ္ငယ္တုန္းက ေတာေတြဘာေတြလည္ခဲ့ဖူးတယ္ဗ်၊ အဲဒါ ပဲခူး႐ိုးမဘက္ကို သူငယ္ခ်င္းေတြနဲ႔တက္ရင္း ငွက္ဖ်ားမိလာတာပါပဲ၊ က်ဳပ္သတိထားမိသေလာက္ဆိုရင္ အေဖက တစ္ႏွစ္တစ္ခါေလာက္ေတာ့ ငွက္ဖ်ားျပန္ျပန္ထသဗ်။
အေဖငွက္ဖ်ားထေတာ့ ရပ္ထဲ႐ြာထဲက ကိစၥေတြအကုန္လုံးကို က်ဳပ္တို႔ပဲ ဒိုင္ခံလုပ္ေပးရတာေပါ့ဗ်ာ၊ တစ္မနက္ေတာ့ ႐ြာက ကာလသားကိုျမင့္က အိမ္ကိုေရာက္ခ်လာသဗ်ာ။ ခုံတန္းမွာထိုင္ေနတဲ့ အေဖ့ဆီေလွ်ာက္လာရင္း
“သူႀကီးေရ၊ ၿမိဳင္သာက စာေရာက္လာတယ္ဗ်ိဳ႕၊ သူႀကီးဆီကိုလာတာ”
“ေဟ၊ ဟုတ္လား၊ ေနပါအုံး ဘယ္ကလဲကြ”
“ၿမိဳ႕နယ္ေကာင္စီကေန ပို႔လိုက္တဲ့စာဗ်”
“ၿမိဳ႕နယ္ေကာင္စီဆိုေတာ့ တစ္ခုခုထူးမွာပဲ၊ အလတ္ေကာင္ စာကိုယူၿပီးေတာ့ ဖြင့္ဖတ္လိုက္စမ္းကြာ”
က်ဳပ္လည္း ကိုျမင့္ဆီက စာအိတ္ယူၿပီးေတာ့ ဆြဲဖြင့္္လိုက္တယ္၊ စာအိတ္ထဲက ခပ္ညိဳညိဳစာ႐ြက္ကို ထုတ္ၿပီးျဖန႔္ၾကည့္လိုက္တယ္။ ၿပီးေတာ့ အသံက်ယ္က်ယ္နဲ႔
“သို႔ ၊ သူႀကီးဦးဘေမာင္၊ ဇီးကုန္း႐ြာ၊ ရက္စြဲ၊ ၁၉၇၉ခုႏွစ္၊ ေအာက္တိုဘာ ၁၆ရက္၊ ျမန္မာသကၠရာဇ္ . . .”
“ဟာ၊ အလတ္ေကာင္ရာ၊ အဲဒါေတြဖတ္မေနစမ္းပါနဲ႔ကြ၊ အေၾကာင္းအရာကိုသာ ဖတ္စမ္းပါ”
အေဖက ေက်ာ္ဖတ္ခိုင္းေတာ့ က်ဳပ္လည္းအေၾကာင္းအရာကိုဖတ္ျပလိုက္တယ္။
“အေၾကာင္းအရာကေတာ့ ၿမိဳင္သာၿမိဳ႕နယ္စည္ပင္သာယာဝေျပာေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ လုပ္ငန္းညႇိဳႏႈိင္းအစည္းေဝး က်င္းပဖို႔ဆိုပါလားအေဖ၊ အဲဒါ ၿမိဳင္သာၿမိဳ႕နယ္ထဲက ႐ြာေတြက ကိုယ္စားျပဳတက္ေရာက္ၾကရမယ္တဲ့”
“ေဟ၊ ျပႆနာပဲကြာ၊ ငါကလည္းေနမေကာင္းဘူးမဟုတ္လား၊ လုပ္မွာကလည္း ဘယ္ေန႔လဲကြ”
“သန္ဘက္ခါဗ်”
အေဖက သက္ျပင္းခ်ရင္း
“ဒီအစည္းအေဝးပြဲကိုေတာ့ ငါတက္ျဖစ္မယ္မထင္ဘူးကြ”
ဒီအခါ ကိုျမင့္က
“ဟာ၊ မတက္လို႔ေတာ့ မေကာင္းဘူးထင္တယ္ေနာ္သူႀကီး၊ အခုအစည္းအေဝးပြဲက အေရးႀကီးလို႔ မတက္မျဖစ္တတ္ရမယ္လို႔ ေျပာတယ္ဗ်၊ စာကိုလာပို႔တဲ့လူက သူႀကီးမျဖစ္မေနတက္ေပးပါလို႔ မွာသြားေသးတယ္”
“တက္ခ်င္ပါတယ္ကြာ၊ ဒါေပမယ့္ ငါကလည္းေရာဂါနဲ႔ကြ၊ ဟိုေရာက္မွ ေရာဂါတက္ေနရင္ဘယ့္ႏွယ့္လုပ္မလဲ”
ကိုျမင့္လည္းေခါင္းကုပ္သြားတယ္၊ ဒါနဲ႔ က်ဳပ္က စာကိုေသေသခ်ာခ်ာဖတ္ၿပီးေတာ့
“ဟာ၊ အေဖကလည္း ဘာမွစိတ္ညစ္မေနပါနဲ႔၊ သူေရးထားတဲ့စာထဲမွာ ၿမိဳင္သာၿမိဳ႕နယ္႐ြာတိုင္းက ကိုယ္စားျပဳတက္ရမယ္လို႔ေရးထားတာမဟုတ္လားဗ်၊ ႐ြာသူႀကီးေတြတက္ရမယ္လို႔ ေရးထားတာမွမဟုတ္တာ၊ ဒါဆို အေဖေနမေကာင္းလည္း တျခားသူကို ကိုယ္စားျပဳၿပီး တက္ခိုင္းလို႔ရတာပဲမဟုတ္လား၊ ဟိုေရာက္ေတာ့မွ အေဖအသည္းအသန္ျဖစ္ေနတယ္လို႔ ေျပာျပရင္ သူတို႔နားလည္ေပးၾကမွာပါ”
က်ဳပ္ေျပာေတာ့ ကိုျမင့္ကလည္း ေခါင္းညိတ္တယ္ဗ်။
“ဟုတ္တယ္သူႀကီး၊ သူႀကီးေနမေကာင္းရင္ ကိုယ္စားလွယ္လႊတ္လိုက္တာ ပိုၿပီးအဆင္ေျပမယ္”
အေဖ့မ်က္ႏွာက စူပုတ္သြားၿပီးေတာ့
“ခက္တာက က်ဳပ္ကလြဲရင္ ဒီလိုအေရးကိစၥကိုဘယ္သူကမွ မလုပ္တတ္တာပဲဗ်၊ ႐ြာကလူေတြကလည္း အဲဒါမ်ိဳးဆိုရင္လႊတ္လို႔မရဘူး၊ အရင္တစ္ခါ ၿမိဳ႕ကိုလႊတ္လိုက္တာ ျပႆနာျဖစ္ၿပီးျပန္လာတာသာ ၾကည့္ေတာ့”
ကိုျမင့္က အေဖ့ကိုၾကည့္ရင္း
“ဒါဆို သူႀကီးအိမ္က တစ္ေယာက္ေယာက္လႊတ္ပါလားဗ်ာ”
“မျဖစ္ပါဘူးကြာ၊ အႀကီးေကာင္က စာေတြေပေတြ ဝါသနာပါတဲ့ေကာင္မဟုတ္ဘူး၊ သူက ရပ္ေရး႐ြာေရးကိုလည္း သိပ္စိတ္ဝင္စားတာမဟုတ္ဘူးကြ၊ အဲ . . . အလတ္ေကာင္က်ေတာ့”
အေဖက ဆက္မေျပာဘဲ က်ဳပ္ကိုၾကည့္တယ္ဗ်။ က်ဳပ္လည္း အေဖ့ကိုၾကည့္လိုက္ၿပီး
“အေဖ၊ က်ဳပ္ကဘာျဖစ္လို႔လဲဗ်”
အေဖက ေျပာခ်င္ေပမယ့္ အားနာသလိုလို ဘာလိုလိုနဲ႔ဆက္မေျပာဘူးဗ်ာ၊ ဒီအခါ ကိုျမင့္က
“အလတ္ေကာင္က်ေတာ့ ရပ္ေရး႐ြာေရးစိတ္ဝင္စားတယ္မဟုတ္လား၊ ၿပီးေတာ့ သူႀကီးရဲ႕လက္ေထာက္လုပ္ေနတာ သူပဲမဟုတ္လားသူႀကီးရဲ႕၊ ဘာပဲေျပာေျပာ တျခားသူထက္စာရင္ အလတ္ေကာင္က ရပ္ေရး႐ြာေရးအုပ္ခ်ဳပ္ေရးေတြကိုေတာ့ သူမ်ားေတြထက္ပိုသိတာေပါ့ဗ်ာ၊ ကြၽန္ေတာ္ကေတာ့ အလတ္ေကာင္ကိုလႊတ္လိုက္တာ ပိုၿပီးသင့္ေတာ္မယ္လို႔ထင္သဗ်”
အေဖလည္း ႀကံရာမရတဲ့အဆုံး ကိုျမင့္ေျပာတဲ့စကားကို ေခါင္းညိတ္ၿပီးေထာက္ခံလိုက္ေတာ့တယ္။
“ေအးကြာ၊ ဒါဆိုရင္လည္းအလတ္ေကာင္၊ သန္ဘက္ခါလုပ္မယ့္အစည္းအေဝးကို မင္းပဲသြားတက္လိုက္စမ္းပါကြာ”
က်ဳပ္ကိုအေရးေပးခံရတယ္ဆိုေတာ့ က်ဳပ္ေပ်ာ္သြားတာေပါ့ဗ်ာ။ အေဖကေတာ့ က်ဳပ္ကိုေသခ်ာမွာရွာတယ္။
“ဟိုေရာက္ရင္ ငါေတာ္ေတာ္ေနမေကာင္းျဖစ္လို႔ မလာတာလို႔ လူႀကီးေတြကိုေသခ်ာေျပာျပေနာ္ကြ၊ ၿပီးေတာ့ ဗလာစာအုပ္နဲ႔ခဲတံယူသြားၿပီး သူတို႔ဘာေတြေျပာတယ္ဆိုတာ ေသေသခ်ာခ်ာမွတ္သားလာခဲ့၊ မင္းကေတာ့ ဘာမွဝင္ၿပီးမေဆြးေႏြးနဲ႔ ဟုတ္ၿပီလား”
“ဟုတ္ကဲ့ပါအေဖရ၊ က်ဳပ္ေကာင္းေအာင္ စီစဥ္လိုက္ပါ့မယ္”
“မင္းေကာင္းေအာင္လုပ္မွာကိုပဲ ငါကေၾကာက္တာကြ၊ ကဲ အစည္းအေဝးက သန္ဘက္ခါဆိုေပမယ့္ မနက္ျဖန္ကတည္းက ၿမိဳင္သာတက္ဖို႔ျပင္ေတာ့ေဟ့၊ ၿမိဳင္သာေရာက္ရင္ ငါ့တူမ်ိဳးႀကီးအိမ္မွာ တစ္ညသြားတည္းလိုက္၊ ေနာက္ေန႔ အစည္းအေဝးတက္ၿပီးေတာ့ ေန႔လည္အစည္းအေဝးၿပီးတာနဲ႔ ၿမိဳင္သာကေန ကားစီးၿပီးေတာ့ အိမ္ကိုတန္းတန္းမတ္မတ္ျပန္လာခဲ့၊ ဟုတ္ၿပီလား”
“ဟုတ္ကဲ့ပါအေဖရာ၊ စိတ္ခ်စမ္းပါဗ်”
ၿမိဳင္သာသြားရမယ္ဆိုေတာ့ က်ဳပ္ေပ်ာ္သြားမိတာအမွန္ပဲဗ်၊ မိုးတြင္းတစ္တြင္းလုံးလည္း ႐ြာမွာလယ္လုပ္ၿပီး ကုပ္ေနရတဲ့အျပင္ အခုလယ္ေတြသိမ္းၿပီးတာေတာင္မွ ႐ြာကေနဘယ္ကိုမွမသြားရေသးဘူးမဟုတ္လားဗ်ာ။
ညေနေရာက္ေတာ့ က်ဳပ္လည္း႐ြာထဲလွည့္လိုက္အုံးမယ္ဆိုၿပီးထြက္ခဲ့တာေပါ့ဗ်ာ၊ အမွတ္မထင္ဘဲ လမ္းမွာဦးဘသာႀကီးနဲ႔ေတြ႕သဗ်၊ က်ဳပ္လည္းၿပဳံးၿဖီးၿဖီးနဲ႔
“ဦးဘသာ ဘယ္သြားမလို႔လဲဗ်”
“တ႐ုတ္ႀကီးတို႔ဆိုင္ကိုသြားမလို႔ပါကြ၊ ဒါနဲ႔ မင္းေရာဘယ္လဲကြ၊ မ်က္ႏွာကလည္း ၿပီတီတီနဲ႔ပါလား”
“ဘယ္မွမဟုတ္ပါဘူးဗ်ာ၊ မနက္ျဖန္ၿမိဳင္သာသြားမယ္ဆိုေတာ့ ႐ြာအေရွ႕ပိုင္းက အမ်ိဳးေတြ ဘာမွာအုံးမလဲဆိုၿပီးေတာ့ သြားေမးမလို႔ဗ်”
“ဟ၊ မင္းၿမိဳင္သာသြားမွာလား၊ ဘယ္သူေတြေရာပါေသးလဲကြ”
“ေလာေလာဆယ္ေတာ့ က်ဳပ္တစ္ေယာက္တည္းေပါ့ဗ်ာ၊ အကိုႀကီးနဲ႔အငယ္ေကာင္ကလည္း ယာခင္းက်ဲဖို႔အလုပ္ေတြမ်ားေနတယ္မဟုတ္လား”
“ေနပါအုံး၊ မင္းက ဘာကိစၥနဲ႔ ၿမိဳင္သာသြားမွာလဲကြ”
က်ဳပ္လည္း ၿပဳံးလိုက္ရင္း
“ၿမိဳင္သာၿမိဳ႕နယ္ေကာင္စီက အစည္းအေဝးတဲ့ဗ်ာ၊ အဲဒါ အေဖကေနမေကာင္းေတာ့ က်ဳပ္က အေဖ့ကိုယ္စား သူႀကီးေနရာကေန သြားတက္ေပးရမယ္တဲ့ဗ်”
“ဟ၊ ဟုတ္ေရာဟုတ္ရဲ႕လားကြ၊ မင္းအေဖသူႀကီးက မင္းလို႐ူးတူးေပါေတာေကာင္ကို ကိုယ္စားလွယ္လႊတ္မလားကြ”
“ဟုတ္လို႔ေျပာေနတာေပါ့ ဦးဘသာရာ၊ ကဲ ဒါနဲ႔ ဦးဘသာေရာ ဘာမွာအုံးမလဲ”
ဦးဘသာက တစ္ခ်က္စဥ္းစားရင္း
“မင္းတစ္ေယာက္တည္းဆိုရင္ေတာ့ ငါလည္းလိုက္ခ်င္သကြ”
“ဦးဘသာက ဘာလိုက္လုပ္မလို႔လဲဗ်”
“ဒီလိုပဲ လုပ္စရာေလးရွိလို႔ပါကြာ၊ ဒါနဲ႔ ငါလိုက္လို႔ရတယ္မဟုတ္လား”
က်ဳပ္လည္းေပ်ာ္သြားမိတယ္ဗ်။.
“ဟာ၊ ဦးဘသာ က်ဳုပ္နဲ႔တကယ္လိုက္မလို႔လား၊ ဒါဆိုရင္ေတာ့ ေပ်ာ္စရာႀကီးဗ်ာ၊ ဦးဘသာလိုက္ေတာ့ က်ဳပ္လည္းအေဖာ္ရတာေပါ့ဗ်၊ ဒါနဲ႔ဘယ္လိုျဖစ္လို႔ ျဗဳန္းစားႀကီးလိုက္ခ်င္ရတာလဲဗ်”
“အိုကြာ၊ ဒီလိုပါပဲ”
ဦးဘသာက ဒီလိုပါပဲလို႔ေျပာတာ သူ႔မွာအေၾကာင္းျပခ်က္မရွိလို႔ဆိုတာကို က်ဳပ္နားလည္ၿပီးသားပါ၊ ဒါနဲ႔ က်ဳပ္က ဦးဘသာပခုံးကိုကိုင္ၿပီး
“ဘာလဲ ဦးဘသာက က်ဳပ္ကိုစိတ္မခ်လို႔လိုက္မွာလား”
“မဟုတ္ပါဘူးဆိုေနကြာ”
“က်ဳပ္သိပါတယ္ဦးဘသာရာ၊ ဦးဘသာ သူမ်ားကိုပဲ သြားလိမ္ပတ္လို႔ရမယ္၊ က်ဳပ္ကိုေတာ့ လိမ္လို႔မရပါဘူးဗ်”
က်ဳပ္ၿပီတီတီနဲ႔ေျပာေတာ့မွ ဦးဘသာက က်ဳပ္ဘက္လွည့္ၿပီး
“ေအး၊ မင္းသိရင္ၿပီးတာပဲ၊ မင္းလိုအူေၾကာင္ၾကား ငဒူလဒူက ၿမိဳင္သာကိုတစ္ေယာက္တည္းတက္သြားၿပီးေတာ့ ဘယ္လိုျပႆနာေတြရွာလာမလဲ၊ ဘာဇာတ္ရႈပ္ေတြခင္းမလာမလဲဆိုတာကို စိတ္ပူလို႔ လိုက္တာေဟ့၊ ေမ်ာက္ထိန္းဖို႔လိုက္တာ ဟုတ္ၿပီလား”
ေျပာၿပီးေတာ့ ဦးဘသာေရာ က်ဳပ္ေရာ ၿပိဳင္တူရယ္လိုက္ၾကတာေပါ့ဗ်ာ။
(၂)
အစည္းအေဝးက သန္ဘက္ခါမွဆိုေပမယ့္လည္း က်ဳပ္တို႔ကေတာ့ တစ္ရက္ႀကိဳသြားဖို႔ ျပင္ၾကရတာေပါ့ဗ်ာ၊ ၿမိဳင္သာၿမိဳ႕နဲ႔ က်ဳပ္တို႔႐ြာနဲ႔က မနီးမေဝးဆိုေပမယ့္လည္း အေတာ္ကေလးသြားရတယ္မဟုတ္လားဗ်ာ၊ အစည္းအေဝးလုပ္တဲ့ေန႔မွ ထသြားလို႔ကေတာ့ မျဖစ္ဘူးဗ်၊ ဘာလို႔ဆို ႐ြာကေန ရွစ္မိုင္ေလာက္ေဝးတဲ့ တန္းျမင့္႐ြာကိုသြားရမယ္ေလဗ်ာ၊ က်ဳပ္တို႔႐ြာက ကားလမ္းမွ မေပါက္တာဘဲ၊ တန္းျမင့္႐ြာေရာက္ေတာ့လည္း ၿမိဳင္သာကိုသြားတဲ့ လိုင္းကားကိုေစာင့္စီးရမယ္မဟုတ္လား၊ လိုင္းကားက တစ္နာရီမွတစ္စီးေလာက္လာတတ္တာဗ်၊ မနက္ငါးနာရီအေစာဆုံးလာတဲ့ လိုင္းကားကိုစီးရင္ေတာင္မွ ၿမိဳင္သာကို မနက္ကိုးနာရီ၊ ဆယ္နာရီေလာက္ေရာက္တတ္တာဗ်၊ ဒီၾကားထဲ လမ္းမွာကားပ်က္တာတို႔၊ အင္ဂ်င္ပူတာတို႔ျဖစ္ရင္ေတာ့ ေန႔လည္မြန္းတည့္ခါနီးမွသာ ေရာက္တတ္ေတာ့တာ၊ အစည္းအေဝးဆိုတာ အခ်ိန္တိက်ရတယ္ဆိုေတာ့ တစ္ရက္ႀကိဳသြားၿပီး ၿမိဳင္သာမွာတည္းမွ အဆင္ေျပမွာမဟုတ္လားဗ်ာ။
ဒါနဲ႔ က်ဳပ္လည္း လြယ္အိတ္တစ္လုံးျပင္ၿပီး ခရီးထြက္ဖို႔ျပင္လိုက္တယ္ေပါ့ဗ်ာ၊ တစ္ရက္နဲ႔ေန႔တစ္ပိုင္းဆိုေတာ့ အဝတ္အစားတစ္စုံေလာက္ပဲထည့္ေတာ့တယ္၊ မနက္ေစာေစာ အကိုႀကီးက လွည္းဆင္ၿပီးေတာ့ က်ဳပ္ကို တန္းျမင့္႐ြာအထိလိုက္ပို႔တယ္၊ အေဖနဲ႔အေမက လမ္းခရီးမွာဂ႐ုစိုက္ဖို႔တဖြဖြမွာတယ္။
“မင္းဘာမွ လုပ္စရာမလိုဘူးေနာ္အလတ္ေကာင္၊ အစည္းအေဝးမွာ ဘာေတြေျပာသလဲဆိုတာကို ေသေသခ်ာခ်ာေရးၿပီးမွတ္သားခဲ့ဖို႔ပဲ”
အေဖကမွာၿပီး သုံးဖို႔စြဲဖို႔ပိုက္ဆံထုတ္ေပးသဗ်၊ အေမကလည္း က်ဳပ္အနားကပ္လာၿပီးေတာ့
“လမ္းခရီးမွာ အစစအရာရာ ဂ႐ုစိုက္ေနာ္၊ လူစိမ္းေတြကိုမယုံနဲ႔၊ လူဆိုးမွာ ခ်ိဳပါတာမဟုတ္ဘူး”
“သိပါတယ္အေမရာ၊ က်ဳပ္နဲ႔အတူတူ ဦးဘသာႀကီးလည္း ပါပါေသးတယ္”
အေဖက ေခါင္းညိတ္ရင္း
“ေအးေလ၊ ဘာပဲေျပာေျပာ၊ မင္းတစ္ေယာက္တည္း သြားမွာထက္စာရင္ ဦးဘသာပိုေတာ့ ပိုၿပီးစိတ္ခ်ရသေပါ့ကြ”
အကိုႀကီးက လွည္းဆင္ၿပီးတာမို႔လို႔ လွည္းကအသင့္ျဖစ္ေနၿပီဗ်၊ က်ဳပ္အားလုံးကိုႏႈတ္ဆက္ၿပီး လွည္းေပၚတက္လိုက္ေတာ့ အကိုႀကီးက လွည္းကိုခပ္ေသာ့ေသာ့ေမာင္းႏွင္ၿပီး အိမ္ကထြက္ခဲ့ပါေရာဗ်ာ၊ ဦးဘသာအိမ္ေရွ႕ေရာက္ေတာ့ ဝီရိယေကာင္းတဲ့ ဦးဘသာက အိမ္ေရွ႕မွာအသင့္ေစာင့္ေနၿပီဗ်၊ သူလည္းလြယ္အိတ္တစ္လုံးပဲ ပါတာပါပဲ၊ ေနာက္လက္တစ္ဖက္ကေတာ့ သူရဲ႕လက္စြဲေတာ္ ဒန္ကြမ္းအစ္ႀကီးေပါ့ဗ်ာ၊ ဦးဘသာက ကြမ္းႀကိဳက္တဲ့သူမို႔ ဘယ္ေနရာသြားသြား ကြမ္းအစ္တစ္လုံးေတာ့ အၿမဲရေအာင္သယ္တတ္တယ္မဟုတ္လား။ က်ဳပ္တို႔အိမ္ကေနထြက္လာေတာ့ ေရာင္နီစလာေနတဲ့အခ်ိန္ေပါ့ဗ်ာ။
႐ြာထိပ္ေရာက္ေတာ့ ဦးဘသာက ႐ြာေတာ္ရွင္နတ္နန္းကိုၾကည့္ရင္း တီးတိုးတီးတိုးနဲ႔ေရ႐ြတ္ေနသဗ်ာ၊ ခဏၾကာေတာ့မွ က်ဳပ္လည္းဦးဘသာကိုၾကည့္ရင္း
“ဦးဘသာ၊ ဘာေတြေျပာေနတာလဲဗ်”
“ခရီးထြက္ေတာ့မယ္ဆိုေတာ့လည္း ထုံးစံအတိုင္း ႐ြာေတာ္ရွင္ဆီကို သတင္းပို႔ရတာေပါ့ကြာ”
“ဦးဘသာတို႔ စုန္းေတြကလည္း မလြယ္ပါလားဗ်၊ တစ္ခုခုလုပ္မယ္ဆိုရင္ ဟိုလူ႔ခြင့္ေတာင္း၊ ဒီလူ႔ခြင့္ေတာင္းရနဲ႔ ခရီးသြားမယ္ဆိုရင္း အသိေပးလိုက္ရတာ ေျပာမေနပါနဲ႔ေတာ့”
“ဒါကေတာ့ လုပ္႐ိုးလုပ္စဥ္ကိုးကြ၊ စုန္းကေဝေတြမွာလည္း သူတို႔သတ္မွတ္ထားတဲ့ စည္းေဘာင္ေတြရွိတယ္ကြ၊ ငါကလည္း စုန္းဆိုေတာ့ အဲဒီစည္းေဘာင္ေတြကို လိုက္နာရတာေပါ့ကြာ”
“ေနပါအုံးဗ်၊ တကယ္လို႔ အဲဒီစည္းေဘာင္ေတြကို မလိုက္နာရင္ ဘာျဖစ္တတ္သလဲ”
“တို႔လူေတြလိုေပါ့ကြ၊ အစိုးရကေန ထုတ္ျပန္ထားတဲ့ ဥပေဒေတြရွိတယ္မဟုတ္လားကြာ၊ အဲဒီဥပေဒေတြကို မလိုက္နာရင္ ဘာျဖစ္တတ္သလဲ”
“ဒဏ္ေၾကးေပးရတယ္၊ အမႈႀကီးရင္ ေထာင္ေတြဘာေတြက်တယ္မဟုတ္လားဗ်ာ”
ဦးဘသာက ေခါင္းညိတ္ၿပီး
“ေအး၊ တို႔စုန္းေတြၾကားထဲလည္း ဒီလိုပဲေပါ့ကြာ၊ စည္းေဘာင္ေတြမလိုက္နာရင္ သတိေပးခံရတတ္တယ္၊ အေရးယူခံရတတ္တာေပါ့ကြာ၊ အေရးယူခံရတာထက္စာရင္ ဒီလိုသတင္းပို႔ရတာက ဘာမွမဟုတ္ပါဘူးကြာ”
က်ဳပ္တို႔သြားေနရင္း ႐ြာအထြက္ ဇရပ္ပ်က္အနားေရာက္ေတာ့ ႏြားလွည္းက တုန႔္ခနဲရပ္တန႔္သြားတယ္ဗ်၊ ႏြားႏွစ္ေကာင္ကလည္း ေျခစုံရပ္ၿပီး ေနေတာ့တာ၊ အကိုႀကီးက ႀကိမ္လုံးေျမႇာက္ၿပီး
“တယ္၊ ဒီေကာင္ေတြကေတာ့၊ ေဟ့ေကာင္ေတြ သြားၾကေလကြာ၊ မဟုတ္ရင္ ငါ့ႀကိမ္စာမိမယ္ကြ”
အကိုႀကီးက ေအာ္ေငါက္ႀကိမ္းေမာင္းေပမယ့္လည္း ႏြားေတြက ေအးေအးလူလူပါပဲဗ်ာ၊ ပုံမွန္ဆိုရင္ ဒီေကာင္ႀကီးေတြက ဒီလိုမဟုတ္ဘူးဗ်၊ အိမ္ကႏြားျပာႀကီးေတြက လူစကားေတာ့ အေတာ္ကေလးနားလည္သား၊ လွည္းေမာင္းေနရင္း အရွိန္ေလးနည္းနည္းက်လာၿပီဆိုရင္ သူတို႔ကိုေငါက္လိုက္တာနဲ႔ အရွိန္ျပန္တင္ၿပီးသားပဲဗ်၊ အခုမ်ားေတာ့ လႈပ္ေတာင္မလႈပ္ေတာ့တာပဲဗ်ာ။
“ဟာ၊ ဒီေကာင္ေတြဘာျဖစ္ေနသလဲမသိဘူး”
အကိုႀကီးက လွည္းေအာက္ကိုခုန္ဆင္းသြားတယ္ဗ်၊ က်ဳပ္လည္း ဦးဘသာကိုလွည့္ၾကည့္လိုက္တယ္၊ ဦးဘသာမ်က္လုံးကေတာ့ ျပဴးေၾကာင္ေၾကာင္နဲ႔ျဖစ္ေနသဗ်၊ က်ဳပ္အထင္ ဦးဘသာ တစ္ခုခုသိေနတဲ့ပုံပဲ။
“ဦးဘသာ၊ ဘာျဖစ္ေနတာလဲဗ်”
“တို႔လွည္းကို မသြားေစခ်င္လို႔ ဆြဲထားၾကတာေဟ့”
ဦးဘသာေျပာေတာ့ က်ဳပ္လည္း လွည္းအေနာက္နဲ႔ ေဘးဘယ္ညာကိုၾကည့္ၿပီး
“ဘယ္သူမွမေတြ႕ပါဘူးဗ်ာ၊ ဘယ္သူဆြဲထားတာလဲဗ်”
“ဖက္လိပ္႐ြာေဟာင္းက တို႔အဘိုးေတြပါ”
က်ဳပ္ျဖင့္လန႔္သြားတယ္ဗ်၊ ဖက္လိပ္႐ြာေဟာင္းဆိုတာ က်ဳပ္တို႔႐ြာရဲ႕အရင္ေနရာေဟာင္းႀကီးေပါ့ဗ်ာ၊ ေရွးဗမာဘုရင္ေတြေခတ္ကတည္းက ဖက္လိပ္႐ြာက ရွိခဲ့တာဗ်၊ ဂ်ပန္ေခတ္မွာ ဖက္လိပ္႐ြာထဲ ပလိပ္ေရာဂါ၊ ေက်ာက္ေရာဂါေတြျဖစ္ၿပီး လူေတြအစုလိုက္အၿပဳံလိုက္ေသၾကလို႔ ႐ြာေနရာေ႐ြ႕ေျပာင္းရင္း က်ဳပ္တို႔အခုေနတဲ့ေနရာကို ေရာက္လာၿပီး ႐ြာနာမည္လည္း ဇီးကုန္း႐ြာဆိုၿပီး ျဖစ္သြားေတာ့တာပါပဲဗ်ာ၊ အဲဒီဖက္လိပ္႐ြာမွာ ဦးဘသာငယ္ငယ္က ေနခဲ့သဗ်၊ ဦးဘသာအေမကလည္း စုန္းမႀကီးပဲေလဗ်ာ၊ ေဒၚပ်င္းလို႔ေခၚတယ္၊ ေတာ္ေတာ္စြမ္းတဲ့စုန္းမႀကီးေပါ့၊ ဦးဘသာအဘြားကလည္း စုန္းမႀကီးပဲ၊ နာမည္က ဘြားမယ္ျဖဴတဲ့ဗ်၊ ခပ္ေခ်ာေခ်ာ ခပ္ျဖဴျဖဴဆိုပဲဗ်ာ၊ ဘြားမယ္ျဖဴဆီမွာ ေယာက္်ားခုနစ္ေယာက္ရွိသဗ်၊ သူယူတဲ့ေယာက္်ားေတြအားလုံးကလည္း စုန္းထီးႀကီးေတြပဲတဲ့၊ အဲဒီစုန္းထီးႀကီးေတြေသေတာ့ မကြၽတ္မလြတ္ဘဲ ဖက္လိပ္႐ြာမွာ ေနထိုင္ၾကတယ္ဗ်ာ၊ ဘြားမယ္ျဖဴက သူ႔ေယာက္်ားေတြကို သရဲအျဖစ္ေမြးထားတာလို႔လည္း ေျပာၾကေသးတာပဲ၊ အခုလွည္းကိုဆြဲေနတယ္ဆိုတာလည္း အဲဒီသရဲႀကီးေတြျဖစ္မွာဗ်။
“လုပ္ပါအုံး ဦးဘသာရာ၊ သူတို႔ကဘာျဖစ္လို႔က်ဳပ္တို႔ကိုမသြားေစခ်င္တာလဲဗ်”
“ေအး၊ ငါလည္းသိေတာ့မသိဘူးကြ၊ အရင္က ၿမိဳင္သာကိုငါအေခါက္ေခါက္အခါခါသြားေနက်ပါ၊ ဒါမ်ိဳးေတြတစ္ခါမွမျဖစ္ဖူးဘူး၊ ထူးေတာ့ထူးတယ္ေဟ့”
ဒီအခ်ိန္အကိုႀကီးက ႏြားေတြကို နဖားႀကိဳးကေနၿပီး ေဆာင့္ေဆာင့္ဆြဲပါေရာဗ်ာ၊ နဖားႀကိဳးဆြဲခံရရင္ ႏြားေတြမခံႏိုင္ၾကဘူးဆိုေပမယ့္ အခုေတာ့ ႏြားေတြက ေအးေအးေဆးေဆးပါပဲဗ်ာ။
“ဟာ၊ ဒီေကာင္ေတြဘာျဖစ္လို႔ ေပကပ္ေနၾကတာလဲမသိဘူး၊ အေရးအေၾကာင္းဆိုရင္ ဒီေကာင္ေတြက ဂ်ိဳႂကြလာၾကၿပီ”
အကိုႀကီးက ႏြားေတြကိုျမည္တြန္ေတာက္တီးေနေတာ့တယ္၊ ဦးဘသာက လွည္းအေနာက္ကိုၾကည့္ၿပီးေတာ့
“ကဲ အဘိုးတို႔၊ ဒီခရီးက က်ဳပ္သြားလို႔မျဖစ္ဘူးဗ်၊ က်ဳပ္သြားကိုသြားမွျဖစ္မယ္၊ အဘိုးတို႔လွည္းကိုလႊတ္လိုက္ပါ”
အဲဒီလိုခပ္တိုးတိုးေျပာလိုက္တယ္ဗ်၊ ဒါေပမယ့္ လွည္းက ဒုံရင္းအတိုင္းပါပဲဗ်ာ၊ ဦးဘသာက စိတ္ဆိုးဆိုးနဲ႔
“အဘိုးတို႔ကို က်ဳပ္လက္မပါခ်င္ဘူးေနာ္အဘိုးတို႔၊ က်ဳပ္သြားရမယ္ လႊတ္ဆိုလႊတ္လိုက္ေတာ့ဗ်ာ”
ဒါလည္း ဘာမွမထူးျခားပါဘူးဗ်ာ၊ ဒါနဲ႔ ဦးဘသာက လွမ္းၾကမ္းျပင္ကို သူ႔လက္နဲ႔ဝုန္းခနဲတစ္ခ်က္ပုတ္လိုက္တယ္ဗ်၊ အဲဒီလိုပုတ္လိုက္ေတာ့မွ လွည္းက အေရွ႕တိုးအေနာက္ဆုတ္ျဖစ္သြားတယ္ဗ်ာ၊ ႏြားေတြကလည္း အေျပးတစ္ပိုင္းနဲ႔သြားေတာ့တာပါပဲ၊ အကိုႀကီးေတာင္ ေၾကာက္လန႔္တၾကားနဲ႔ လွည္းေပၚကိုခုန္တက္လိုက္တယ္ဗ်။
“ဟာ၊ ဒီေကာင္ေတြက ေပတဲ့အခါလည္းေပတယ္၊ ေဟာ သြားမယ့္သြားေတာ့လည္း ဒုန္းေျပးတာပါလားဟ”
ႏြားျပာႀကီးႏွစ္ေကာင္က လွည္းလမ္းႀကီးအတိုင္း ဒုန္းစိုင္းေျပးေတာ့တာပါပဲဗ်ာ၊
ဒီလိုနဲ႔ က်ဳပ္တို႔လည္း ခရီးဆက္ခဲ့သေပ့ါဗ်။ တန္းျမင့္႐ြာေရာက္ေတာ့ မနက္ငါးနာရီခြဲျဖစ္သြားၿပီဗ်၊ တစ္နာရီမွတစ္စီးလာတတ္တဲ့ လိုင္းကားကို က်ဳပ္တို႔ေစာင့္ရေတာ့မွာေပါ့ဗ်ာ။ ငါးနာရီလာတတ္တဲ့လိုင္းကားကိုေက်ာ္သြားၿပီဆိုေတာ့ ေျခာက္နာရီလာမယ့္လိုင္းကားကိုပဲ ေစာင့္႐ုံရွိတာပ၊ က်ဳပ္တို႔ေခတ္တုန္းက ကတၱရာလမ္းဆိုတာလည္း ေက်ာက္ခင္းလမ္းသာသာပါပဲဗ်ာ၊ လမ္းမွာလည္း ခ်ိဳင့္ေတြ၊ က်င္းေတြအမ်ားႀကီးနဲ႔ဗ်၊ အဲဒီကတၱရာလမ္းႀကီးမွာ ရံဖန္ရံခါလာတတ္တဲ့ အိမ္စီးကားေလးေတြ၊ ဂ်စ္ကားေလးေတြကလြဲရင္ ကားလမ္းမႀကီးက အၿမဲရွင္းလင္းေနတတ္သဗ်။
တစ္နာရီတစ္ခါ လာတတ္တဲ့လိုင္းကားေတြကလည္း စစ္က်န္ကားေတြမ်ားတယ္ဗ်ာ၊ ကားအို ကားေဟာင္းႀကီးေတြေပါ့ဗ်ာ၊ အဲဒီကားႀကီးေတြရဲ႕အေနာက္မွာ သစ္သားနဲ႔ခရီးသည္ေတြထိုင္ဖို႔ အိမ္ႀကီးဖြဲ႕ထားတယ္၊ အဲဒီသစ္သားေခါင္မိုးေပၚမွာေတာ့ ဝက္ၿခံလိုမ်ိဳး ၿခံတစ္ခု႐ိုက္ထားသဗ်၊ တစ္နာရီတစ္ခါ လာတတ္တာဆိုေတာ့လည္း ခရီးသည္နဲ႔ ကားနဲ႔အင္အားမမွ်ဘူးေပါ့ဗ်ာ၊ ကားအေနာက္ဘက္ သစ္သားအုံထဲမွာက မ်ားေသာအားျဖင့္ ကေလးေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ မိန္းကေလးေတြပဲ လိုက္စီးၾကရတာ၊ ေယာက္်ားသားေတြကေတာ့ ကားေနာက္ဘက္က သံတန္းေတြမွာ ေျခနင္းျပားကိုနင္းရင္း ခိုစီး၊ တြယ္စီးၾကရတာမ်ားပါတယ္၊ ကားေခါင္မိုးေပၚက ဝက္ၿခံေပၚမွာေတာ့ ကုန္စည္ေတြဘာေတြတင္တတ္သဗ်၊ အဲဒီကုန္စည္ေတြအေပၚမွာ ေယာက္်ားေလးေတြထိုင္ၿပီးလိုက္လို႔ရတယ္၊ တစ္ခါတစ္ခါ ကားေၾကာျပတ္သြားရင္ေတာ့ လူေတြမဆံ့ေတာ့ဘူးဗ်ိဳ႕၊ ဒီလိုအခ်ိန္မ်ိဳးဆိုရင္ ကားအျပင္ဘက္ ေဘးတစ္ဖက္တစ္ခ်က္မွာ တပ္ထားတဲ့ သံတန္းေတြကိုပါ တြယ္ၿပီးစီးၾကရသဗ်ာ၊ အဲဒီေခတ္က သယ္ယူပို႔ေဆာင္ေရးကေတာ့ ဒီလိုပါပဲဗ်ာ။
ၿမိဳင္သာကားလမ္းနံေဘးမွာေတာ့ အေၾကာ္တဲကေလးေတြ၊ မုန႔္တဲကေလးေတြရွိသဗ်၊ ကုကၠိဳပင္ႀကီးအရိပ္ေအာက္မွာ ကားဂိတ္ကိုတည္ထားတာဆိုေတာ့ အရိပ္ေတာ့ရသဗ်ာ၊ ကားေစာင့္ရင္း မုန႔္ေလးဘာေလးလည္း စားလို႔ရတာေပါ့၊ အကိုႀကီးက က်ဳပ္တို႔ကို ကားဂိတ္မွာခ်ေပးခဲ့ၿပီး လွည္းကိုျပန္လွည့္တယ္ဗ်။
“ေၾသာ္၊ ဒါနဲ႔အလတ္ေကာင္၊ ၿမိဳင္သာကအျပန္ ျမျခဴးေဆးလိပ္တစ္စည္းေလာက္ ဆြဲလာခဲ့စမ္းပါကြာ၊ ငါပိုက္ဆံျပန္ေပးပါ့မယ္”
အကိုႀကီးက ကြမ္းေတာ့မစားေပမယ့္ ေဆးလိပ္ေတာ့ဖြာတတ္တယ္ဗ်၊ ေဆးလိပ္ဖြာရင္လည္း ေတာ္႐ုံအိမ္လိပ္တဲ့ ေဆးေပါ့လိပ္ေတြကို မဖြာတတ္ဘူးဗ်၊ ၿမိဳင္သာၿမိဳ႕က ျမျခဴးေဆးလိပ္ကိုပဲ ဖြာတတ္တာ၊ က်ဳုပ္က ေဆးလိပ္မေသာက္ေတာ့ ေဆးလိပ္ရဲ႕အရသာကို မသိေပမယ့္ အကိုႀကီးကေတာ့ ေဆးလိပ္အရသာကိုခံတတ္သဗ်ာ၊ ျမျခဴးေဆးလိပ္က အရသာကခ်ိဳခ်ိဳကေလးတဲ့ဗ်၊ ေသာက္ၿပီးရင္ ပါးစပ္ထဲမွာ ခ်ိဳၿပီးက်န္ခဲ့တယ္ဆိုပဲ၊ ျပင္းတာကလည္း ျပင္းတယ္ဆိုေတာ့ ေဆးေပါ့လိပ္တစ္လိပ္ကို အာသာေျပ႐ုံ တစ္ဖြာႏွစ္ဖြာေလာက္ဖြာၿပီးေတာ့ မီးသတ္ၿပီး နား႐ြက္ၾကားျပန္ညႇပ္ထားတာပါပဲ၊ အလုပ္လုပ္ရင္း ပါးစပ္ခ်ဥ္လာရင္ ျပန္ထုတ္ေသာက္နဲ႔ဆိုေတာ့ ျမျခဴးေဆးလိပ္က တျခားေဆးလိပ္ထက္ အေသာက္ခံတယ္ဆိုသဗ်။
က်ဳပ္နဲ႔ဦးဘသာလည္း အေၾကာ္တဲကေလးတစ္တဲထဲကိုဝင္ခဲ့ၾကတယ္၊ မနက္က ဘာမွမစားရေသးေတာ့ ဗိုက္ကဆာတာေပါ့ဗ်ာ၊ ဒါနဲ႔ အေၾကာ္မွာၿပီး စားမယ္လုပ္တုန္းမွာပဲ ကားဂိတ္ကလူေတြက ဝိုင္းေအာ္ၾကတယ္။
“ေဟာ၊ ကားလာၿပီ၊ ကားလာၿပီေဟ့”
တျခားကားေစာင့္ေနတဲ့သူတစ္ေယာက္က ထေအာ္ေျပာတယ္ဗ်၊ သူေျပာတဲ့အတိုင္းပဲ လိုင္းကားတစ္စီးက အိပဲ့အိပဲ့နဲ႔ေမာင္းႏွင္လာသဗ်၊ က်ဳပ္လည္း မုန႔္စားမလို႔ရွိေသးတယ္ ကားက ဂိတ္ကိုထိုးစိုက္ဝင္လာသဗ်။ ပုံမွန္ဆိုတစ္နာရီတစ္ခါလာတဲ့ကားက အခုေျခာက္နာရီမထိုးခင္ ငါးနာရီခြဲႀကီးေရာက္ခ်လာပါေရာလား။
“ဟ၊ က်ားသားမိုးႀကိဳး ကားႀကီးက ေခ်ာင္လို႔ပါလားကြ”
ဦးဘသာက ေရ႐ြတ္လိုက္တယ္ဗ်၊ ဟုတ္လည္းဟုတ္တာပဲ၊ ကားကအေတာ္ေခ်ာင္တယ္ဗ်၊ ကားေနာက္ခန္းမွာေတာင္ ကားစီးတဲ့လူက သုံးေလးေယာက္ပဲရွိတာ၊ လိုင္းကားက လမ္းတစ္ေလွ်ာက္႐ြာစဥ္ရပ္ၿပီးလာတာဆိုေတာ့ လူေတြကုန္ေတြနဲ႔ ျပည့္က်ပ္ေနတတ္တာ ထုံးစံပဲဗ်ာ၊ က်ဳပ္တို႔ေယာက္်ားေလးေတြဆိုရင္ ကားေနာက္ခန္းမွာထိုင္ဖို႔ဆိုတာ စိတ္ေတာင္မကူးရဲပါဘူးဗ်ာ၊ စပယ္ယာက အၿမဲတမ္း ကားေခါင္မိုးေပၚကိုပဲ တြန္းတြန္းတင္တတ္တာ၊ အခုေတာ့ ကားေနာက္ခန္းမွာ ထိုင္စီးရၿပီဆိုၿပီး က်ဳပ္လည္း အျမန္တက္လိုက္ေတာ့တယ္၊ က်န္တဲ့ခရီးသည္ေတြလည္း တက္လိုက္တာေပါ့ဗ်ာ။
ကားေမာင္းထြက္ခဲ့တယ္ဆိုရင္ပဲ စပယ္ယာက ပိုက္ဆံလိုက္ေတာင္းတာေပါ့ဗ်ာ၊ ကားခက တန္းျမင့္႐ြာကေန ၿမိဳင္သာအထိဆိုရင္ တစ္ေယာက္မွ ျပားရွစ္ဆယ္ပဲက်တာဗ်၊ ႏွစ္ေယာက္ဆိုရင္ တစ္က်ပ္ငါးမူးပဲေပးရတယ္၊ က်ဳပ္လည္း တစ္က်ပ္နဲ႔ငါးမူးကိုလွမ္းလိုက္ေတာ့
“ကားခက တစ္ေယာက္ကိုတစ္မတ္ပဲေပးပါဗ်ာ”
“ဟာ၊ ဘယ္လိုျဖစ္တာလဲကြ၊ ငါ့တစ္သက္နဲ႔တစ္ကိုယ္ ကားခတစ္မတ္ဆိုတာ မၾကားဖူးဘူးကြ”
စပယ္ယာက ေခါင္းကုတ္ၿပီးေတာ့
“ဒီလိုဗ်၊ က်ဳပ္တို႔ကားက ၿမိဳင္သာၿမိဳ႕မွာ စက္သြားျပင္ရမွာဗ်၊ အစကေတာ့ လူတင္ဖို႔စိတ္ကူးမရွိေပမယ့္ အနီးအပါးေလာက္ဆိုရင္ တင္လို႔ရတယ္လို႔စိတ္ကူးၿပီး တန္းျမင့္႐ြာနားေရာက္ေတာ့မွ လူတင္ခဲ့တာပဲဗ်ိဳ႕”
“ေၾသာ္၊ ဒါ့ေၾကာင့္သက္သာေနတာကိုး၊ ေရာ့ ငါနဲ႔ဒီအဘႀကီးနဲ႔ႏွစ္ေယာက္ကြာ ငါးမူးေစ့ယူလိုက္ေနာ္”
စပယ္ယာက ေၾကာင္ၾကည့္ေနရင္း
“တစ္မတ္ေစ့မပါဘူးလားဗ်”
“မင္းႏွယ္ကြာ၊ တစ္ေယာက္တစ္မတ္ေလ၊ ႏွစ္ေယာက္ငါးမူးက်တယ္မဟုတ္လား အဲဒါငါးမူးေစ့ယူေပါ့ကြ”
“မဟုတ္ပါဘူးဗ်ာ၊ က်ဳုပ္ဟိုအေနာက္က အေဒၚႀကီးကို တစ္မတ္ေစ့အမ္းရအုံးမွာဗ်၊ လက္ထဲလည္းတစ္မတ္ေစ့မရွိေတာ့ တစ္မတ္ေစ့ပါရင္ ကူညီပါေနာင္ႀကီးရာ”
ေတာ္ေတာ္ရႈပ္တဲ့စပယ္ယာပဲလို႔က်ဳပ္ကေတြးရင္း လြယ္အိတ္ထဲလက္ကိုစမ္းလိုက္တယ္ဗ်၊ အေႂကြေစ့အေသးအမႊားေလာက္က လြယ္အိတ္ထဲ ဒီအတိုင္းထည့္ထား႐ုံပဲမဟုတ္လား၊ ဒါေပမယ့္ က်ဳုပ္ဆီက အေႂကြေစ့ေတြက ဘယ္ေထာင့္ကိုသြားကပ္ေနသလဲ မသိပါဘူးဗ်ာ၊ ေတာ္ေတာ္နဲ႔ ႏႈိက္လို႔မရတာနဲ႔ ဦးဘသာက သူ႔အိတ္ကပ္ထဲက တစ္မတ္ေစ့ႏွစ္ေစ့ထုတ္ၿပီး စပယ္ယာကိုေပးလိုက္တယ္။
“ကဲ ေရာ့ေရာ့၊ ငါ့ဆီကပဲယူလိုက္ေတာ့”
စပယ္ယာက က်ဳပ္ငါးမူးေစ့ကို ျပန္ေပးသဗ်၊ က်ဳုပ္လည္း လွမ္းယူလိုက္ေရာ ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း
“အေႂကြေတြကို လြယ္လြယ္ကူကူထားေလအလတ္ေကာင္ရာ”
ဆိုၿပီးေတာ့ က်ဳုပ္ကိုေငါက္ေျပာလိုက္ပါေသးတယ္ဗ်ာ၊ ကားက ၾကား႐ြာေတြမရပ္ေတာ့ဘဲ ၿမိဳင္သာကို တိုက္႐ိုက္ေမာင္းေတာ့တာပါပဲ။
(၃)
ဒီလိုနဲ႔က်ဳပ္နဲ႔ဦးဘသာ ၿမိဳင္သာကို ေရာက္ခဲ့တာေပါ့ဗ်ာ၊ ၿမိဳင္သာကားဂိတ္ကဆင္းၿပီး ကားဂိတ္နဲ႔ခပ္လွမ္းလွမ္းေဈးအေရွ႕နားက မုန႔္လက္သုပ္သည္ႀကီးဆီကို ဦးဘသာက သြားလိုက္တယ္ဗ်၊ ဘာမွမစားရေသးေတာ့လည္း ဗိုက္ေတြကဆာလွၿပီေလဗ်ာ၊ မနက္က အေၾကာ္စားမလို႔ဘဲရွိေသးတယ္၊ ကားကေရာက္လာတာကိုးဗ်၊ မုန႔္လက္သုပ္သည္ႀကီးဆီကေန မုန႔္လက္သုပ္ဝယ္စားေတာ့ မုန႔္လက္သုပ္ေရာင္းတဲ့ အေဒၚ၀၀ႀကီးက ဦးဘသာကိုၾကည့္ၿပီး
“မျပန္ေသးဘူးလား”
ဦးဘသာက အေဒၚႀကီးကိုၾကည့္ၿပီးေတာ့
“အခုမွေရာက္တာပါ”
အေဒၚႀကီးက မုန႔္တီဖတ္ေတြကို လက္တစ္ဖက္က နယ္ဖတ္ရင္း
“ဘယ္ႏွရက္ၾကာမွာလဲ”
“တစ္ညပဲ၊ မနက္ျဖန္ညေနျပန္မယ္”
အေဒၚႀကီးက ေခါင္းကိုဆတ္ခနဲညိတ္လိုက္တယ္ဗ်၊ က်ဳပ္လည္း ဦးဘသာအနားကိုတိုးကပ္ၿပီးေတာ့
“ဦးဘသာ၊ သူနဲ႔ဦးဘသာက သိလို႔လား”
“မသိဘူးေလ”
“ဟာ၊ မသိတာမ်ား ဘာျဖစ္လို႔အေရးတယူ စကားေျပာေနရတာလဲဗ်၊ ၿပီးေတာ့ သူကလည္း စစ္လားေမးလားနဲ႔ပါလား”
ဦးဘသာက ေဘးဘီကိုၾကည့္ၿပီး က်ဳပ္အနားကိုကပ္ရင္း
“ေဟ့အလတ္ေကာင္၊ သူ႔ကိုမင္းမမွတ္မိဘူးလားကြ၊ သူက စုန္းေတြရဲ႕သတင္းေပးေလကြ၊ ဒီကိုေရာက္ရင္ေရာက္တဲ့အေၾကာင္း၊ ခရီးထြက္ရင္ထြက္မယ့္အေၾကာင္း ဝင္ေျပာရတယ္ေလကြာ”
က်ဳပ္ကေတာ့ အေဒၚႀကီးကိုဘုၾကည့္တစ္ခ်က္ၾကည့္လိုက္တာေပါ့ဗ်ာ၊ အေဒၚႀကီးက က်ဳပ္ကိုၿပဳံးၾကည့္ရင္း
“ဘာလိုလဲေကာင္ေလး၊ ေပါ့တာလား၊ ငန္တာလား”
“မလိုေတာ့ပါဘူးဗ်ာ”
က်ဳပ္ေျပာၿပီးေတာ့ မုန႔္လက္သုပ္တစ္ဇြန္းကို ဇြန္းနဲ႔ခပ္ၿပီးစားလိုက္တယ္ဗ်၊ အေဒၚႀကီးကိုစိတ္ေရာက္ေနတာနဲ႔ က်ဳပ္လည္း မုႏု႔္လက္သုပ္ဇြန္းကို ေသခ်ာမၾကည့္ဘဲ စားလိုက္တာေပါ့ဗ်ာ၊ ဝါးေနရင္းနဲ႔မွ က်ဳပ္ပါးစပ္ေတြ ပူတက္လာတယ္ဗ်၊ ေနာက္ေတာ့ စပ္လိုက္တာ လြန္ပါေရာဗ်ာ၊ သူမ်ားဆိုင္မွာမို႔ ေထြးထုတ္မရေတာ့လည္း ၿမိဳခ်လိုက္ရတာေပါ့ဗ်။
“အား၊ စပ္တယ္၊ စပ္တယ္၊ ေအာင္မယ္ေလးဗ်ာ၊ င႐ုတ္သီးစိမ္းကိုက္မိတယ္”
က်ဳပ္လည္း ေတာ္ေတာ္စပ္သြားတာနဲ႔ လွ်ာကိုအျပင္ကိုတစ္လစ္ထုတ္ၿပီး လက္နဲ႔ယပ္ေတာင္ခပ္သလို ခပ္ေနမိတယ္၊ အေဒၚႀကီးက က်ဳပ္ကိုၾကည့္ၿပီး တဟားဟားနဲ႔ ဟက္ဟက္ပက္ပက္ကို ရယ္ပါေရာဗ်ာ၊ သူ႔ပါးစပ္ၿပဲႀကီးကို ၿဖဲကားၿပီး တဟားဟားနဲ႔ကိုေအာ္ရယ္တာဗ်၊ ဦးဘသာက က်ဳပ္ကိုလွည့္ၾကည့္ၿပီး
“မင္းက ေသခ်ာမွ ၾကည့္မစားဘဲကြ”
“မဟုတ္ပါဘူး ဦးဘသာရာ၊ က်ဳပ္ပန္းကန္ထဲမွာ င႐ုတ္သီးစိမ္းက ဘယ္လိုေရာက္ေနရတာလဲဗ်၊ မုန႔္လက္သုပ္နဲ႔ င႐ုတ္သီးစိမ္းနဲ႔ ဘာမွမဆိုင္ဘူးေလဗ်ာ”
ဦးဘသာက ဘာမွမေျပာဘဲ က်ဳပ္ကိုေရေအးတစ္ခြက္လွမ္းေပးတယ္ဗ်၊ က်ဳုပ္လည္း ေရေအးေသာက္လိုက္ေတာ့မွ နည္းနည္းေနသာထိုင္သာရွိသြားတယ္ဗ်ာ။ စပ္တာကေတာ့ ေတာ္ေတာ္စပ္တာဗ်၊ ပူလိုက္တာလည္း တအားပဲဗ်ာ။ က်ဳပ္သိပါၿပီဗ်ာ၊ ဒီမိန္းမႀကီးက စုန္းမႀကီးဗ်၊ သူ႔မုန႔္လက္သုပ္ေတြ စားေကာင္းေအာင္ကိုလည္း ပညာေတြနဲ႔စီရင္ထားတယ္ဆိုပဲဗ်ာ၊ ဒါေၾကာင့္ ၿမိဳင္သာမွာ သူ႔မုန႔္လက္သုပ္က နာမည္ႀကီးေပါ့ဗ်၊ အခုလည္း က်ဳပ္ခုနက သူ႔ကိုမ်က္ေစာင္းထိုးလိုက္တာကို မေက်နပ္လို႔ က်ဳပ္ကိုလုပ္တာေနမွာဗ်၊ က်ဳပ္ပန္းကန္ထဲမွာ င႐ုတ္သီးစိမ္းမရွိတာေတာ့ ေသခ်ာပါတယ္ဗ်ာ။
စားေသာက္ၿပီးေတာ့ ေဈးဘက္ထြက္ခဲ့တယ္ဗ်၊ ေဈးအေရွ႕ဘက္ေရာက္ေတာ့ ျမျခဴးေဆးေပါ့လိပ္လို႔ ဆိုင္းဘုတ္တပ္ထားတဲ့ ဆိုင္ႀကီးတစ္ဆိုင္ကို ေတြ႕လိုက္မိတယ္။
“ဦးဘသာေရ၊ အကိုႀကီးအတြက္ ေဆးလိပ္တစ္စည္းေလာက္ ဆြဲသြားအုံးမယ္ဗ်ာ”
“ေအးေအး၊ မင္းကိုငါဟိုအေရွ႕က ေစာင့္ေနမယ္”
ဆိုင္ထဲကိုဝင္လိုက္ေတာ့ ေဆးလိပ္ေရာင္းတဲ့မိန္းကေလးေတြအမ်ားႀကီးပဲဗ်ာ၊ ေဈးဝယ္သူေတြနဲ႔အလုပ္ရႈပ္ေနတာေပါ့၊ ျမျခဴးေဆးလိပ္ဆိုတာကလည္း ေဟာဒီၿမိဳင္သာၿမိဳ႕ပတ္ဝန္းက်င္မွာ နာမည္ႀကီးတာကိုးဗ်၊ က်ဳပ္လည္း ဆိုင္ထဲၾကည့္ေနရင္း ေကာင္မေလးတစ္ေယာက္ကိုေတြ႕သြားေတာ့တယ္။
ေဆးလိပ္ေရာင္းေနတဲ့ေကာင္မေလးေတြအမ်ားႀကီးထဲမွာ အဲဒီတစ္ေယာက္က သိပ္ေခ်ာတာပဲဗ်ာ၊ ဆံပင္ရွည္ကို က်စ္ဆံၿမီးႏွစ္ဖက္က်စ္ၿပီး နားအနားမွာျပန္ေခြထားတယ္ဗ်၊ မ်က္ေတာင္ေလးေတြကလည္း ေကာ့ေကာ့ကေလးဗ်ာ၊ မ်က္ဆံကေလးေတြလည္း နက္လို႔ဗ်၊ ႏွာတံသြယ္သြယ္ေလးနဲ႔ စကားေျပာရင္းဆိုရင္း သြားျဖဴျဖဴကေလးေတြကလည္း ေဖြးေနတာပဲဗ်ာ၊ ေဆးလိပ္႐ုံက တျခားမိန္းကေလးေတြနဲ႔ စေနာက္ေနတယ္ထင္ပါရဲ႕ဗ်ာ၊ သူၿပဳံးရယ္လိုက္တာေလးကို ၾကည့္ေနရင္း က်ဳပ္ေတာ့ သူ႔အလွမွာ ေျမာပါသြားပါေတာ့တယ္၊ ဒါနဲ႔ က်ဳပ္လည္း သူ႔အနားကိုတျဖည္းျဖည္းတိုးကပ္လာတာေပါ့ဗ်ာ၊ သူ႔ေရွ႕မွာ က်ဳပ္ရပ္လိုက္ေတာ့မွ က်ဳပ္ကိုၾကည့္ၿပီး မ်က္ႏွာကတည္သြားတယ္။
“ဘာလိုခ်င္လို႔လဲ”
က်ဳပ္လည္း သူ႔ကိုလက္ညႇိဳးထိုးလိုက္ၿပီး
“ခင္ဗ်ား”
မိန္းကေလးက စိတ္ဆိုးသြားတယ္ထင္ပါတယ္ဗ်ာ။
“ဘာရွင့္၊ ရွင္ဘာေျပာတာလဲ”
က်ဳပ္လည္းအခုမွ အသိစိတ္ဝင္ၿပီးေတာ့
“မ၊ မဟုတ္ပါဘူးဗ်ာ၊ ခင္ဗ်ားအေနာက္က ေဆးလိပ္တစ္စည္းေလာက္လိုခ်င္လို႔ပါ”
မိန္းကေလးက က်ဳပ္ကိုမ်က္ေစာင္းထိုးရင္း
“ဘယ္လိုလူမွန္းမသိဘူး၊ ႐ုပ္ကိုက အူေၾကာင္ၾကားနဲ႔၊ ႏြားကိုပလာတာ ေကြၽးထားတဲ့႐ုပ္”
မိန္းကေလးက ေျပာေျပာဆိုဆိုနဲ႔ အေနာက္ကိုလွည့္လိုက္ၿပီးေတာ့ ေဆးလိပ္တစ္စည္းကိုလွမ္းယူလိုက္တယ္၊ ၿပီးေတာ့ က်ဳပ္ကိုလွမ္းေပးလိုက္တယ္ဗ်ာ၊ က်ဳပ္လည္း ေဆးလိပ္ကိုယူၿပီး သူ႔ကိုေငးၾကည့္ေနတာေပါ့။
“ေဆးလိပ္တစ္စည္းကို ခုနစ္က်ပ္ခြဲပါေတာ္”
က်ဳပ္လည္း အဲဒီေတာ့မွ ပိုက္ဆံကိုအျမန္ထုတ္ၿပီးေပးလိုက္တယ္၊ ဒီမိန္းကေလး႐ုပ္ကိုၾကည့္ရတာ သိပ္က်က္သေရရွိၿပီး၊ သိပ္ၾကည့္လို႔ေကာင္းတာပဲဗ်ာ၊ က်ဳုပ္လည္း ဗို႔အားျပင္းတဲ့ လူပ်ိဳအၾကည့္ေတြနဲ႔ စူးစူးစိုက္စိုက္ၾကည့္ေနမိတာေပါ့ဗ်ာ၊ မိန္းကေလးက ပိုက္ဆံျပန္အမ္းရင္း
“ဘာယူအုံးမလဲ”
“ဘာမွမယူေတာ့ပါဘူးဗ်ာ”
“မယူေတာ့ဘူးဆိုရင္ ႂကြပါရွင္၊ တကယ္ပဲ ဘယ္လိုလူလဲမသိဘူး”
က်ဳုပ္လည္း ေဆးလိပ္ဆိုင္ထဲကေန တစ္လွမ္းခ်င္းထြက္လာခဲ့မိတယ္၊ ထြက္လာရင္းလည္း အဲဒီမိန္းကေလးကို လည္ျပန္ၿပီး တစ္ခ်က္ႏွစ္ခ်က္ ၾကည့္မိေသးတယ္ဗ်ာ၊ မိန္းကေလးက က်ဳပ္နဲ႔မ်က္လုံးခ်င္းဆုံသြားေတာ့ သူ႔ႏႈတ္ခမ္းကိုကိုက္ျပတယ္ဗ်၊ အဲဒီလိုႏႈတ္ခမ္းကိုက္ၿပီး စိတ္တိုေနတာကေလးကိုက ခ်စ္စရာကေလးဗ်ာ၊ က်ဳပ္လည္း အေနာက္ကိုလွည့္ၾကည့္လွည့္ၾကည့္နဲ႔ သြားတုန္း အေရွ႕က ဓါတ္တိုင္ႀကီးကိုမျမင္ဘဲ နဖူးေစာင္းနဲ႔တိုက္မိသြားေတာ့တယ္။
“ေအာင္မယ္ေလး၊ ေသပါၿပီဗ်”
က်ဳပ္လည္း လန႔္ၿပီးေအာ္လိုက္မိတာေပါ့ဗ်ာ၊ က်ဳပ္ဓါတ္တိုင္နဲ႔တိုက္မိတာကို ေဆးလိပ္ဆိုင္ထဲက မိန္းကေလးေတြၾကည့္ၿပီးေတာ့ ဝိုင္းရယ္ၾကပါေရာ၊ က်ဳပ္လည္း ဒီေတာ့မွ ရွက္ရွက္နဲ႔ ပစၥည္းေတြျပန္ေကာက္ယူၿပီးေတာ့ သုတ္ေျခတင္ၿပီးထြက္ခဲ့ပါေရာဗ်ာ၊ ဦးဘသာက ေဈးေရွ႕က ထယ္သြားေတြ၊ ထြန္သြားေတြခ်ၿပီး ေရာင္းတဲ့ဆိုင္မွာရွိေနတယ္ဗ်၊ က်ဳပ္လည္းသူ႔အနားေရာက္သြားေရာ က်ဳပ္ကိုၾကည့္ရင္း
“ဟာ၊ အလတ္ေကာင္ မင္းဂ်ိဳေစာင္းမွာ နီရဲေနပါလားကြ၊ ဘာျဖစ္တာလဲ”
“ဘာျဖစ္ရမလဲဗ်ာ၊ ဓါတ္တိုင္ႀကီးနဲ႔ဝင္ေဆာင့္မိတာဗ်”
ဦးဘသာက ခါးေထာက္ၿပီးေတာ့
“ေဆးလိပ္ဆိုင္က မိန္းကေလးေတြကိုေငးေမာရင္းနဲ႔ အေရွ႕ကဓါတ္တိုင္ႀကီးကို ဝင္တိုက္မိတယ္မဟုတ္လားကြ”
က်ဳပ္ျဖင့္ေတာ္ေတာ္အံ့ၾသသြားမိတယ္ဗ်ာ။
“ဟာ၊ ဦးဘသာက က်ဳပ္ျဖစ္တာကို အကုန္သိေနပါလား၊ မဟုတ္မွလြဲေရာ သူမ်ားစိတ္ထဲက အႀကံေတြကို သိႏိုင္တဲ့အစြမ္းမ်ားရွိေနသလားဗ်ာ”
“ေအာင္မယ္ေလး၊ မရွိပါဘူးကြာ၊ မင့္အျဖစ္ေလာက္က ေတြးၾကည့္တာနဲ႔တင္ ႐ုပ္လုံးေပၚပါတယ္ကြ၊ ေဆးလိပ္ဆိုင္ဆိုတာ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိတဲ့ ေခ်ာေခ်ာေမာေမာမိန္းကေလးေတြကို အေရာင္းခန႔္ထားတာ ထုံးစံပဲကြ၊ ေဆးလိပ္ေသာက္တယ္ဆိုတာကလည္း ေယာက္်ားထုက ပိုမ်ားတယ္မဟုတ္လား၊ ဒီလိုနည္းနဲ႔ ေဖာက္သည္ေတြကို ဆြဲေဆာင္တာနဲ႔တူပါတယ္ကြာ၊ မင္းေဆးလိပ္သြားဝယ္တယ္ဆိုကလည္းက အဲဒီဆိုင္က အေရာင္းေကာင္မေလးေတြကိုငမ္းၿပီး ဓါတ္တိုင္ႀကီးနဲ႔ဝင္ေဆာင့္တယ္ဆိုတာ ေတြးၾကည့္တာနဲ႔ ေရးေရးတင္မဟုတ္ဘူး၊ ထင္ထင္ရွားရွား ေပၚပါတယ္ကြ”
က်ဳပ္လည္း နာေနတဲ့နဖူးကိုပဲ ပြတ္ေနမိေတာ့တယ္။
“ဘာပဲေျပာေျပာ ဓါတ္တိုင္နဲ႔တိုက္တယ္ဆိုေပမယ့္လည္း တန္ပါတယ္ဗ်ာ”
“ေဟာၾကည့္၊ ေျပာရင္းဆိုရင္းေတာင္မွ အေၾကာမေသေသးပါလား၊ ေငးတာလည္းၾကည့္ေငးအလတ္ေကာင္ေရ၊ ေနာက္တစ္ခါဆိုရင္ေတာ့ ဓါတ္တိုင္နဲ႔မတိုက္ဘဲ ကားနဲ႔တိုက္မိေနမွာျမင္ေယာင္ေသးတယ္ကြာ”
က်ဳပ္လည္း ၿပဳံးၿဖီးၿဖီးႀကီးလုပ္ေနလိုက္ေတာ့တယ္၊ ဦးဘသာက တစ္ဖက္ကိုလွည့္လိုက္ၿပီး
“ကဲ၊ သြားၾကစို႔၊ ငါတို႔ေတြ မ်ိဳးႀကီးအိမ္မွာတည္းမွာမဟုတ္လားကြ”
“ဒါေပါ့ဗ်ာ၊ ၿမိဳင္သာကိုလာမွေတာ့ ကိုမ်ိဳးႀကီးအိမ္ပဲ တည္းရေတာ့မွာေပါ့ဗ်”
ဒီလိုနဲ႔ဦးဘသာနဲ႔ က်ဳပ္နဲ႔ ကိုမ်ိဳးႀကီးေနတဲ့ ပန္းဆြဲရပ္ကြက္ဘက္ကို ေလွ်ာက္ခဲ့ၾကတာေပါ့။
“ျဖစ္ရမယ္အလတ္ေကာင္ေရ၊ မင္းကေတာ့ ျဖစ္လိုက္ရင္ အဆန္းခ်ည္းပဲ”
ဦးဘသာက လမ္းတစ္ေလွ်ာက္ က်ဳပ္ကိုဆူပူႀကိမ္းေမာင္းသြားပါေသးတယ္ဗ်ာ။
(၄)
ကိုမ်ိဳးႀကီးဆိုတာ က်ဳပ္တို႔႐ြာသားပဲဗ်၊ က်ဳပ္တို႔နဲ႔လည္း ေဆြမ်ိဳးမကင္းေတာ္ပါတယ္၊ သူက ၿမိဳင္သာဘုရားပြဲလွည့္ရင္း ၿမိဳင္သာၿမိဳ႕က အပ်ိဳႀကီးတစ္ေယာက္နဲ႔ ၿငိသြားပါေရာဗ်ာ၊ အပ်ိဳႀကီးကလည္း ေငြေၾကးရွိတဲ့အထဲကပါသဗ်၊ ၿမိဳင္သာၿမိဳ႕ထဲမွာပဲ ဆန္ေတြဆီေတြေရာင္းတဲ့ ကုန္ေျခာက္ဆိုင္တစ္ဆိုင္ဖြင့္ထားေသးတယ္ဗ်ာ၊ သိုက္တူးတယ္လို႔ပဲေျပာေျပာ ကိုမ်ိဳးႀကီးတစ္ေယာက္ အပ်ိဳႀကီးနဲ႔ညားၿပီးေတာ့ ၿမိဳင္သာမွာပဲ အေျခခ်ျဖစ္သြားတယ္ဆိုပါေတာ့ဗ်ာ၊ ကိုမ်ိဳးႀကီးအခုေနတဲ့အိမ္ကလည္း အေတာ္ခပ္ႀကီးႀကီးဆိုေတာ့ က်ဳပ္တို႔႐ြာကအမ်ိဳးေတြ ၿမိဳင္သာတက္လာတိုင္း ကိုမ်ိဳးႀကီးအိမ္မွာ သြားတည္းရတာ ထုံးစံပါပဲဗ်ာ။
“ဟာ၊ အလတ္ေကာင္ပါလား၊ ဆိုင္းမဆင့္ဗုံမဆင့္နဲ႔ေဟ့၊ ဒါနဲ႔ ဦးေလးေရာပါသလားကြ”
“ဘယ္သူမွ မပါပါဘူးကိုမ်ိဳးႀကီးရာ၊ ဒီတစ္ေခါက္ၿမိဳင္သာလာတာ က်ဳပ္တစ္ေယာက္တည္းဗ်၊ အဲ၊ ဦးဘသာႀကီးေတာ့ ပါသဗ်”
က်ဳပ္ကိုၿခံတံခါးလာဖြင့္ေပးတဲ့ ကိုမ်ိဳးႀကီးက ဦးဘသာကိုတစ္ခ်က္ၾကည့္လိုက္တယ္ဗ်၊ ဦးဘသာက စုန္းဆိုေတာ့ သူ႔အိမ္မွာလက္သင့္ခံခ်င္ပုံမရဘူးထင္ပါတယ္ဗ်ာ၊ ဒါနဲ႔က်ဳပ္ကိုၾကည့္ရင္း
“သူေရာ၊ ငါတို႔အိမ္မွာတည္းမွာလားကြ”
“ဒါေပါ့ဗ်ာ၊ ဦးဘသာက က်ဳပ္နဲ႔အေဖာ္လိုက္လာတာကိုး၊ ဒါနဲ႔ ဘာျဖစ္လို႔လဲကိုမ်ိဳးႀကီး”
ကိုမ်ိဳးႀကီးက မ်က္စိမ်က္ႏွာပ်က္ေနသဗ်ာ၊ က်ဳပ္ကလည္း အ႐ူးမွမဟုတ္ပဲဗ်၊ ကိုမ်ိဳးႀကီးဘာကိုဆိုလိုခ်င္တယ္ဆိုတာကို က်ဳပ္တန္းသိတာေပါ့၊ သူက က်ဳပ္တည္းတာကိုလက္ခံခ်င္ေပမယ့္ ဦးဘသာကိုေတာ့ သူ႔အိမ္မွာ မတည္းေစခ်င္ဘူးထင္ပါတယ္၊ ဦးဘသာကိုလွည့္ၾကည့္လိုက္ေတာ့လည္း ဦးဘသာက မ်က္ႏွာညႇိဳးလို႔ဗ်၊ ဒါနဲ႔ ကိုမ်ိဳးႀကီးဘာမွမေျပာခင္မွာ က်ဳပ္ကပဲ။
“ရတယ္ကိုမ်ိဳးႀကီး၊ ဦးဘသာမတည္းရဘူးဆိုရင္ က်ဳပ္လည္းမတည္းေတာ့ဘူး၊ ေ႐ႊျမင္တင္ဘုရားေျခရင္းမွာ ဇရပ္ေတြေပါပါတယ္”
က်ဳပ္က ျပန္လွည့္ထြက္မယ္လုပ္ေတာ့မွ ကိုမ်ိဳးႀကီးက ၿခံထဲကေျပးထြက္လာၿပိး က်ဳပ္လက္ကိုလာဆြဲတယ္ဗ်။
“မဟုတ္ပါဘူးအလတ္ေကာင္ရာ၊ ဇရပ္မွာမတည္းပါနဲ႔ကြ၊ လာပါ၊ ငါ့အိမ္မွာပဲတည္းၾကပါ”
က်ဳပ္လည္းျပန္လွည့္လိုက္တယ္၊ ကိုမ်ိဳးႀကီးက ဦးဘသာကိုၾကည့္ရင္း
“ဦးေလးလည္းလာပါ၊ အိမ္ေပၚကိုႂကြပါဗ်ာ”
ဒီေတာ့မွ ဦးဘသာလည္း က်ဳပ္အေနာက္ကေန လိုက္လာခဲ့ေတာ့တာပါပဲဗ်ာ။
အိမ္ေပၚကိုတက္ၿပီးေတာ့ က်ဳပ္တို႔အိမ္ဦးခန္းမွာထိုင္လိုက္ၾကတယ္၊ အိမ္က ေျခတံရွည္အိမ္ႀကီးပါဗ်ာ၊ ေရွးလက္ရာဆိုေတာ့လည္း တိုင္လုံးႀကီးေတြက အႀကီးႀကီးဗ်၊ ၾကမ္းခင္းႀကီးေတြဆိုရင္လည္း ထုနဲ႔ထည္နဲ႔ပဲ၊ အိမ္ဦးခန္းမွာထိုင္လိုက္ေတာ့ ကိုမ်ိဳးႀကီးက အိမ္ေနာက္ေဖးကိုေျပးဝင္သြားတယ္ဗ်၊ ခဏၾကာေတာ့မွ ေရေႏြးကရားအိုးကိုလင္ပန္းတစ္ခုထဲထည့္ၿပီး ျပန္ထြက္လာတယ္။ က်ဳပ္တို႔အေရွ႕မွာထိုင္ခ်လိုက္ေတာ့ က်ဳပ္က
“ဒါနဲ႔ ကိုမ်ိဳးႀကီးတစ္ေယာက္တည္းလား၊ အပ်ိဳႀကီးကိုေရာ မေတြ႕ပါလားဗ်ာ”
“ဟာကြာ၊ အခုအပ်ိဳႀကီးမဟုတ္ေတာ့ပါဘူးကြ၊ ငါနဲ႔ညားေနၿပီပဲဥစၥာ”
“က်ဳပ္တို႔က ပါးစပ္ထဲ အပ်ိဳႀကီးလို႔ပဲ စြဲေနလို႔ပါဗ်ာ”
“ေအး၊ သူက အိမ္မွာရွိပါတယ္၊ ဒါေပမယ့္ . . .”
ကိုမ်ိဳးႀကီးက ဆက္မေျပာေတာ့ဘဲ ဦးဘသာကိုၾကည့္ေနတယ္ဗ်။ က်ဳပ္လည္း သိခ်င္တာနဲ႔
“ဒါေပမယ့္ ဘာျဖစ္တာလဲဗ်ာ”
“ေနမေကာင္းဘူးကြ”
“ဟုတ္လား၊ အင္းေလ ဒီလိုအခ်ိန္ဆိုေတာ့ တုပ္ေကြးမိတာျဖစ္မွာေပါ့ဗ်ာ”
“ဘာျဖစ္မွန္းေတာ့ မသိဘူးအလတ္ေကာင္ေရ၊ ၿမိဳင္သာက ဆရာဝန္ေတြတစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းျပေနတာလည္း ကုန္သေလာက္ရွိၿပီ၊ သက္ကိုမသက္သာတာဟ”
ကိုမ်ိဳးႀကီးၾကည့္ရတာလဲ မသက္မသာနဲ႔ဗ်ာ၊ ဦးဘသာက ထၿပီးေတာ့
“အဲဒါ ပေယာဂပဲကြ”
ကိုမ်ိဳးႀကီးက ဦးဘသာကိုၾကည့္မရပါဘူးဆိုမွ ဦးဘသာက အဲဒီလိုထေျပာလိုက္ေတာ့ စိတ္တိုသြားတယ္ထင္ပါတယ္ဗ်ာ။ ဦးဘသာကို မ်က္ေထာင့္နီႀကီးနဲ႔ၾကည့္ၿပီး
“ခင္ဗ်ားတို႔လူေတြက အဲဒီလိုပဲဗ်ာ၊ တစ္ခုခုဆို ပေယာဂ၊ ပေယာဂလို႔ ေခါင္းစဥ္တပ္ၿပီးေတာ့ ေငြေတြခ်ဴစားဖို႔ပဲေခ်ာင္းေနတာမဟုတ္လား”
က်ဳပ္က ကိုမ်ိဳးႀကီးပခုံးကိုကိုင္လိုက္ၿပီး
“သိပ္ၿပီးေဒါသမထြက္ပါနဲ႔ ကိုမ်ိဳးုႀကီးရာ ဦးဘသာက တျခားလူေတြလိုမဟုတ္ပါဘူးဗ်၊ သူဒီလိုေျပာရတာ အေၾကာင္းတစ္ခုေတာ့ရွိမွာပါ”
“မင္းသူ႔ဘက္က ေရွ႕ေနလိုက္ေပးမေနနဲ႔အလတ္ေကာင္၊ ဦးဘသာ ဘယ္လိုလူဆိုတာ ငါသိပါတယ္ကြ၊ သူ႔အေမကလည္း စုန္း၊ သူကလည္း စုန္းႀကီးမဟုတ္လား”
ဦးဘသာက ေခါင္းတစ္ခ်က္ညိတ္ၿပီး
“ဟုတ္ၿပီမ်ိဳးုႀကီး၊ ဒါဆိုရင္ မင္းကိုငါေမးမယ္ေနာ္၊ မင္းအခု ဆရာဝန္ေတြနဲ႔ကုေတာ့ ဆရာဝန္ေတြက မင္းကိုဘာေရာဂါလို႔ေသခ်ာေျပာသလဲကြ”
“ဒါေတာ့ ေသခ်ာမေျပာပါဘူး၊ က်ဳပ္ကလည္း နားမွမလည္တာ၊ သူတို႔က သုံးေလးရက္တစ္ပတ္ေလာက္ကုၿပီးရင္ လက္ေလ်ာ့လိုက္တာခ်ည္းပဲ”
“ဟုတ္ၿပီ၊ မင္းမိန္းမအခုျဖစ္တာၾကာၿပီမဟုတ္လား၊ အခုလိုျဖစ္ေတာ့ သူ႔စီးပြားေရးေတြမလုပ္ႏိုင္ေတာ့ဘူးမဟုတ္လား”
ကိုမ်ိဳုးႀကီးက ေခါင္းညိတ္ၿပီးေတာ့
“ဒါေတာ့ဟုတ္တယ္ဗ်၊ အခုသူျဖစ္ေနတာ သုံးလေက်ာ္ေလာက္ေတာ့ရွိၿပီ၊ အခုဆိုရင္ အစားလည္းသိပ္မဝင္ေတာ့ဘူး၊ ေရလည္းေခ်ာ့တိုက္ေနရတဲ့အေျခအေနျဖစ္ေနၿပီ၊ သူအခုလိုျဖစ္ေတာ့ ေဈးထဲက သူ႔ဆိုင္လည္း ပိတ္ထားရတာ ၾကာၿပီေပါ့ဗ်ာ၊ ခုေတာင္မွ ဆိုင္ထြက္မေရာင္းမယ့္အတူတူ သူမ်ားကိုျပန္ေရာင္းလိုက္မလားလို႔ စဥ္းစားေနရတယ္”
ဦးဘသာက မ်က္လုံးကိုမွိတ္လိုက္တယ္ဗ်။
“မင္းမိန္းမဗိုက္က ေမြးေတာ့မယ့္လူနာလို ဗိုက္ႀကီးေဖာင္းေနပါေရာလား၊ လက္ေမာင္းေတြကလည္း အ႐ိုးေပၚအေရတင္ပဲ၊ သြားေတြေခါထြက္ေနၿပီးေတာ့ ပါးေခ်ာင္၊ နားေခ်ာင္ေတြလည္း က်လို႔ပါလားကြာ၊ နဂို႐ုပ္ေတာင္မေပၚေတာ့ဘူး”
ကိုမ်ိဳးႀကီးေတာ္ေတာ္အံ့ၾသသြားတယ္ဗ်။
“ဦး၊ ဦးဘသာက က်ဳပ္မိန္းမကို တစ္ခါမွမျမင္ဖူးဘဲနဲ႔ ဒါေတြဘယ္လိုသိတာလဲဗ်”
“ပညာေတြေၾကာင့္ေပါ့ကြာ၊ မင္းၿခံဝန္းေရွ႕မွာ ရပ္လိုက္ကတည္းက မင္းၿခံထဲမွာ ထူးဆန္းတဲ့အနံ႔တစ္မ်ိဳးရေနၿပီးသားကြ၊ အိမ္ေပၚတက္လာေတာ့ အဲဒီအနံ႔က ပိုဆိုးလာသကြာ၊ ခုဒီမွာထိုင္ေနေတာ့မွ ေဟာဟိုအိမ္ခန္းထဲက အနံ႔ဆိုးဆိုးဝါးဝါးေတြထြက္ေနတယ္ကြ”
က်ဳပ္နဲ႔ကိုမ်ိးႀကီးလည္း ႏွာေခါင္းတရႈံ႕ရႈံ႕နဲ႔ ၿပိဳင္တူအနံ႔ခံလိုက္ၾကတယ္ဗ်။ ဦးဘသာက က်ဳပ္တို႔ကိုၾကည့္ရင္း
“ေရာ္၊ ခက္ပါလား၊ ဒီအနံ႔က သာမန္လူေတြမရႏိုင္တဲ့အနံ႔ကြ၊ ေသခ်ာတာကေတာ့ မင္းမိန္းမ အပ်ိဳႀကီးကို ပေယာဂနဲ႔တိုက္ခံေနရၿပီေဟ့၊ နားလည္တတ္ကြၽမ္းတဲ့ဆရာနဲ႔သာ ျပသၿပီးေတာ့ ကုေပေတာ့၊ ငါတို႔ေရာက္လာတာ အခ်ိန္မီသြားတယ္၊ ေနာက္ထပ္ေလးငါးရက္သာေနာက္က်ရင္ မင္းမိန္းမအပ်ိဳႀကီး ေသေလာက္ၿပီကြ”
ဦးဘသာေျပာေတာ့မွ ကိုမ်ိဳးႀကီးက ေတာ္ေတာ္ထိတ္လန႔္သြားတယ္ဗ်ာ၊ က်ဳပ္လည္း ဦးဘသာေပါင္ကိုအသာတို႔ရင္း
“ဦးဘသာရာ၊ ပို႔မယ့္ပို႔ေတာ့ ကူးတို႔ေရာက္ေအာင္ပို႔စမ္းပါဗ်၊ ဦးဘသာ ဒီဟာကိုကိုင္တြယ္ႏိုင္တယ္မဟုတ္လား”
ဦးဘသာက ခပ္တည္တည္နဲ႔
“ဒီမွာအလတ္ေကာင္၊ သူမ်ားကိုကုသေပးတယ္ဆိုတာက လူနာရွင္က ၾကည္ျဖဴမွျဖစ္တာကြ”
ကိုမ်ိဳးႀကီးတစ္ေယာက္ လႈပ္လႈပ္ရွားရွားျဖစ္သြားၿပီးေတာ့
“ဒါဆိုရင္ အားကိုးပါတယ္ ဦးဘသာရာ၊ ဦးဘသာ ကုတတ္တယ္ဆိုရင္ က်ဳပ္မိန္းမကို ကုေပးပါဗ်၊ အဖိုးအခ မနည္းေစရပါဘူး”
“ဒီမွာ မ်ိဳးႀကီး၊ ငါအခု မင္းမိန္းမအပ်ိဳႀကီးကို ကုသေပးမယ္ဆိုတာက မင္းနဲ႔ငါက တစ္႐ြာတည္းသားခ်င္းျဖစ္ေနလို႔ ကူညီခ်င္႐ုံသက္သက္ပဲကြ၊ တျခားသူဆိုရင္ ငါ့ကိုေငြဘယ္ေလာက္ပုံေပးေပး၊ ငါကူညီမွာမဟုတ္ဘူး”
ကိုမ်ိဳးႀကီးက ပ်ာပ်ာသလဲနဲ႔
“ေတာင္းပန္ပါတယ္ ဦးဘသာရာ၊ ဘာပဲေျပာေျပာ က်ဳပ္မိန္းမခံစားေနရတဲ့ ေရာဂါေပ်ာက္ဖို႔သာ အေရးႀကီးပါတယ္”
ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့ တင္ပလႅင္ေခြၿပီးထိုင္လိုက္တယ္ဗ်၊ ေနာက္ေတာ့ အိမ္ခန္းထဲကို စူးစူးစိုက္စိုက္ၾကည့္ၿပီးေတာ့ ၾကမ္းကိုလက္နဲ႔ပုတ္လိုက္တယ္။
“ကဲ အိမ္ခန္းထဲက အေကာင္၊ ဒီကိုထြက္လာခဲ့စမ္း”
ကိုမ်ိဳးႀကီးက
“ဦးဘသာ၊ က်ဳပ္မိန္းမက အစာေတာင္ေကာင္းေကာင္းမစားႏိုင္လို႔ အ႐ိုးေပၚအေရတင္ျဖစ္ေနတာပါ၊ လမ္းေတာင္မေလွ်ာက္ႏိုင္ေတာ့ပါဘူးဗ်ာ”
“မင္းတိတ္ထားစမ္းမ်ိဳးႀကီး၊ မင္းဘာမွဝင္မေျပာနဲ႔”
ဦးဘသာက ၾကမ္းကိုလက္နဲ႔ေနာက္တစ္ခ်က္ပုတ္လိုက္ၿပီးေတာ့
“ကဲ ငါေခၚေနတယ္ေလ၊ အေကာင္လား၊ ေကာင္မလား၊ ထြက္လာခဲ့စမ္းပါ”
ဒီအခ်ိန္ အိမ္ခန္းထဲကေန ဝုန္းခနဲအသံႀကီးၾကားလိုက္ရတယ္ဗ်ာ။ ၿပီးေတာ့ တဒုန္းဒုန္းနဲ႔ ေျခသံကိုလည္းၾကားလိုက္ရတယ္၊ ေျခသံက ၾကမ္းျပင္ေပၚကို ဖေနာင့္နဲ႔ေပါက္ၿပီး ေလွ်ာက္ေနတဲ့အသံမ်ိဳးဗ်။ ေနာက္ေတာ့ အေရွ႕ခန္းကို အပ်ိဳႀကီးထြက္လာသဗ်ာ၊ ဦးဘသာေျပာတဲ့အတိုင္းပဲဗ်၊ ဗိုက္ႀကီးက ပူတင္းေဖာင္းကားေနၿပီးေတာ့ လူတစ္ကိုယ္လုံးလည္း အ႐ိုးနဲ႔အေရေလာက္ရွိေတာ့တာ၊ ဆံပင္ဖြာဖြာရွည္ရွည္ႀကီးနဲ႔ မ်က္တြင္းကလည္း ေဟာက္ပက္ႀကီးဗ်ိဳ႕။ က်ဳပ္ေတာင္ၾကည့္ရင္း ေတာ္ေတာ္လန႔္သြားတာဗ်၊ အပ်ိဳႀကီးက တဒုန္းဒုန္းနဲ႔ေလွ်ာက္လာၿပီးေတာ့ က်ဳပ္တို႔နဲ႔ဆယ္ေပေလာက္အကြာ ၾကမ္းျပင္မွာရပ္လိုက္တယ္။ ဦးဘသာကို စိမ္းစိမ္းႀကီးၾကည့္ၿပီး
“ေၾသာ္၊ ဘယ္သူမ်ားလဲလို႔ ရွင္ပါလား၊ ရွင္ဒီအိမ္ကေနအခုထြက္သြား”
တကယ္ဆိုရင္ ဦးဘသာနဲ႔ အပ်ိဳႀကီးနဲ႔က မခင္ဘူးဗ်၊ ကိုမ်ိဳးႀကီး႐ြာမွာမဂၤလာ လာေဆာင္တဲ့အခ်ိန္ေလာက္ကပဲ တစ္ခါေတြ႕ဖူးတာမဟုတ္လား၊ အခု ဦးဘသာကို သိေနပုံေထာက္ေတာ့ တစ္ခုခုေတာ့ တစ္ခုခုပဲဗ်၊ ဦးဘသာက အပ်ိဳႀကိးကိုၾကည့္ရင္း
“တိတ္စမ္း၊ နင္ဘယ္သူလဲဆိုတာ ငါသိတယ္ေနာ္၊ နင္လုပ္ထားတာေတြ ခ်က္ခ်င္းျဖဳတ္သိမ္း၊ မဟုတ္ရင္ေတာ့ ငါ့အဆိုးမဆိုနဲ႔”
အပ်ိဳႀကီးက ေဒါသတႀကီးနဲ႔ေအာ္ဟစ္ရင္း
“ထြက္သြား၊ ရွင္ဒီအိမ္ကေနထြက္သြား၊ က်ဳပ္အိမ္ကေနထြက္သြား”
ဦးဘသာက မဲ့ၿပဳံးၿပဳံးရင္း
“ေအာင္မာ၊ နင္ကမ်ား ဒီအိမ္က နင့္အိမ္တဲ့လား၊ ဟဲ့ စုန္းမ၊ နင္သူမ်ားကိုသာ လွည့္စားလို႔ရခ်င္ရမယ္၊ ငါ့ကိုလွည့္စားလို႔ရမယ္မ်ားထင္ေနတာလား”
ဦးဘသာေျပာေတာ့ အပ်ိဳႀကီးက အသံနက္ႀကီးနဲ႔ေအာ္ၿပီး ေဒါသေတြထြက္ေတာ့တာပဲဗ်ာ၊ ဒါနဲ႔ ကိုမ်ိဳးႀကီးက မတ္တတ္ထၿပီးေတာာ့ သူ႔မိန္းမဆီကိုေျပးသြားတယ္။
“မိန္းမ၊ စိတ္နည္းနည္းေလ်ာ့ပါအုံးကြာ”
ကိုမ်ိဳးႀကီးအနားေရာက္သြားေတာ့ အပ်ိဳႀကီးက ကိုမ်ိဳးႀကီးကို လက္ျပန္တစ္ခ်က္႐ိုက္ထည့္လိုက္တယ္ဗ်ာ၊ လူပိန္တာ႐ိုးေလးက ႐ိုက္ထည့္လိုက္တဲ့႐ိုက္ခ်က္က ျပင္းသဗ်၊ ကိုမ်ိဳးႀကီးလို ေယာက္်ားရင့္မာႀကီးေတာင္မွ အေနာက္ကိုလြင့္ထြက္သြားၿပီးေတာ့ အိမ္ရဲ႕သစ္သားနံရံနဲ႔ ေနာက္ေစ့နဲ႔ေဆာင့္သြားတယ္၊ ၿပီးေတာ့ ကိုမ်ိဳးႀကီး ဇက္က်ိဳးက်သြားေတာ့တာပါပဲ။
“ကိုမ်ိဳးႀကီး”
က်ဳပ္ေအာ္ဟစ္ၿပီး ကိုမ်ိဳးႀကီးကိုေျပးဆြဲလိုက္တယ္ဗ်၊ ကိုမ်ိဳးႀကီးက ေသေတာ့မေသဘူး၊ အသက္ေတာ့ရႉေနေသးတယ္၊ က်ဳပ္အထင္ေတာ့ ေခါင္းထိၿပီး ေမ့သြားတာျဖစ္မယ္ဗ်၊ ဒီအခ်ိန္မွာပဲ အပ်ိဳႀကီးက ဦးဘသာဆီကိုအတင္းဝင္ေျပးသြားေတာ့တယ္၊ ဦးဘသာက အပ်ိဳႀကီးကိုလက္ညႇိဳးထိုးၿပီးေတာ့
“ရပ္စမ္း၊ အဲဒီမွာရပ္ေနစမ္း”
ဦးဘသာေျပာေပမယ့္ အပ်ိဳႀကီးက လုံးဝရပ္မေနပါဘူးဗ်ာ၊ ဦးဘသာဆီကိုအတင္းဝင္ေျပးပါေရာ၊ ဦးဘသာလည္း ေတာ္ေတာ္အံ့ၾသေနတဲ့ပုံပဲဗ်။ ဦးဘသာက အပ်ိဳႀကီးကို မရပ္တန႔္ႏိုင္ေတာ့တာမို႔လို႔ က်ဳုပ္လည္း အပ်ိဳႀကီးဆီကိုေျပးဝင္လိုက္ရေတာ့တယ္၊ အပ်ိဳႀကီးရဲ႕ လက္ႏွစ္ဖက္ကိုသိုင္းၿပီး အေနာက္ကေနဖမ္းခ်ဳုပ္ဆြဲထားရတယ္ဗ်၊ အပ်ိဳႀကီးကိုဆြဲရတာ ႏြားသိုးကိုဆြဲရသလိုပါပဲဗ်ာ၊ က်ဳပ္ျဖင့္ ေျခကန္ၿပီးေတာ့ဆြဲထားရတယ္၊ အပ်ိဳႀကီးက ဦးဘသာကို သူ႔လက္သည္းေတြနဲ႔လွမ္းကုတ္သဗ်၊
“အား၊ မရေတာ့ဘူးဦးဘသာ၊ က်ဳပ္မရေတာ့ဘူး”
အပ်ိဳႀကီး႐ုန္းတာ ႏြား႐ုန္းတာထက္ေတာင္ သန္ေသးသဗ်ာ၊ က်ဳပ္လည္း သူ႐ုန္းတာကို မဆြဲႏိုင္တဲ့အဆုံးမွာ ဦးဘသာက ကြမ္းအစ္ထဲက ကြမ္း႐ြက္တစ္႐ြက္ကိုယူလိုက္ၿပီးေတာ့ အပ်ိဳႀကီးရဲ႕နဖူးမွ လက္ဝါးနဲ႔ကပ္ထည့္လိုက္ေတာ့တယ္၊ ဒီေတာ့မွ အပ်ိဳႀကီးက ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္လို ေတာင့္ေတာင့္ႀကီးရပ္သြားပါေရာ။ ဒါေပမယ့္ မ်က္ႏွာကေတာ့ လႈပ္ေနေသးသဗ်။
“ငါသူ႔ကိုျပဳုုစားထားတာကို ရွင္ဘာလို႔ဝင္ရႈပ္ရတာလဲ”
“ေအာင္မာ၊ ဒီလူက တို႔႐ြာသား၊ ဒီလူရဲ႕မိန္းမကလည္း တို႔႐ြာသူတစ္ပိုင္းပဲ၊ သူ႔ကိုငါကယ္ခြင့္ရွိတယ္ ေကာင္မရဲ႕၊ ေျပာစမ္း၊ နင္ဘာျဖစ္လို႔ သူ႔ကိုလုပ္ရတာလဲ”
“ငါ့ကို သူမ်ားက ေငြေပးၿပီးလုပ္ခိုင္းလို႔”
“ဘယ္သူလုပ္ခိုင္းတာလဲ”
“သူတို႔ဆိုင္ရဲ႕ ေဘးဆိုင္က ညီအမလုပ္ခိုင္းတာ၊ သူေသရင္ ပိုက္ဆံငါးရာေပးမယ္တဲ့၊ ေနာက္ၿပီး သူ႔ကိုလည္း ငါက အစိမ္းသရဲအျဖစ္ ေမြးထားအုံးမွာ”
“နင့္အႀကံေတာ္ေတာ္ပက္စက္တာပဲ၊ ဘာပဲျဖစ္ျဖစ္ နင္ေရွ႕ဆက္တိုးရင္ နာဖို႔ပဲရွိတယ္၊ ဒါေၾကာင့္ နင္အခုကတည္းက ေနာက္ဆုတ္လိုက္ေတာ့၊ နင္သူ႔ကိုလုပ္ထားတဲ့ ပညာစက္ေတြကိုထုတ္ၿပီး သူ႔ကိုအေကာင္းပကတိျဖစ္ေအာင္ ျပန္လုပ္ေပးခဲ့”
“မလုပ္ေပးဘူး၊ လုံးဝမလုပ္ေပးႏိုင္ဘူး၊ ရွင္မေက်နပ္ရင္ က်ဳုပ္ကိုသတ္လိုက္”
“ဟင္း၊ နင္ကမ်ား ေတာ္ေတာ္ေသခ်င္ေနပုံပဲ၊ နင့္ကိုေသေအာင္မသတ္ပါဘူး၊ ဒါေပမယ့္ ေသမေလာက္နာက်င္ေအာင္ေတာ့ ငါလုပ္ျပမယ္”
ဦးဘသာက အဲဒီလိုေျပာၿပီးေတာ့ သူ႔ကြမ္းအစ္ထဲက ထုံးလက္တစ္တို႔ကိုယူလိုက္ၿပီးေတာ့ ခုႏုက အပ်ိဳႀကီးနဖူးမွာကပ္ထားတဲ့ ကြမ္း႐ြက္ေအာက္ဘက္ကိုသုတ္ပါေတာ့တယ္၊ အပ်ိဳႀကီးဆိုရင္ မ်က္ႏွာႀကီးရႈံ႕မဲ့တက္လာၿပီးေတာ့ ငယ္သံပါေအာင္ ေအာ္ပါေရာဗ်ာ၊ မ်က္ရည္ေတြလည္း တေပါက္ေပါက္နဲ႔ စီးက်လာသဗ်၊ ေနာက္ေတာ့ အံကိုအတင္းႀကိတ္ၿပီး ခံရွာတယ္၊ သြားခ်င္းႀကိတ္တဲ့အသံေတြေတာင္မွထြက္တယ္ဗ်ာ။
“ေၾသာ္၊ နင္က ခံႏိုင္ရည္ရွိတယ္ေပါ့ဟုတ္လား၊ ကဲ ထုံးေနာက္တစ္ထပ္ သုတ္လိုက္မယ္၊ လာေလေရာ့”
ဦးဘသာက ကြမ္း႐ြက္ေပၚကို ထုံးေတြထပ္သုတ္တယ္ဗ်၊ အပ်ိဳႀကီးဒီတစ္ခါေတာ့ အံေတာင္မႀကိတ္ႏိုင္ေတာ့ပါဘူးဗ်ာ၊ ေအာ္ဟစ္ၿပီး ငိုယိုေနတာပါပဲ။
“ကဲ စုန္းမ၊ ငါေနာက္ထပ္ ထုံးတစ္ထပ္သုတ္ရင္ နင္အေသပဲေနာ္၊ နင့္အသက္ကိုနင္မႏွေျမာဘူးလား၊ နင္ေသခ်င္တယ္ဆိုရင္လည္း ငါနင့္ကို ငရဲျပည္ပို႔ေပးမယ္”
“မလုပ္ပါနဲ႔ရွင္၊ ရွိခိုးဆိုရင္ခိုးပါ့မယ္ ထုံးသုံးထပ္ေတာ့ မသုတ္ပါနဲ႔”
“နင့္ကိုငါ ရွိခိုးခိုင္းတာမဟုတ္ဘူး၊ သူ႔ကိုလုပ္ထားတဲ့ နင့္ပညာစက္ေတြအကုန္ႏႈတ္သိမ္းသြား၊ သူ႔ကိုလည္း အေကာင္းပကတိအတိုင္းရွိေစေနာ္၊ ေနာက္ထပ္လည္း သူ႔ကိုထပ္ၿပီး မျပဳစားရဘူး”
“ဟုတ္ကဲ့၊ ဟုတ္ကဲ့ မျပဳစားေတာ့ပါဘူး”
ဦးဘသာက ကြမ္း႐ြက္ကိုနဖူးကေန ခြာေပးလိုက္တယ္ဗ်၊ ဒီေတာ့မွ အပ်ိဳႀကီးက ျပန္လႈပ္လို႔ရသြားတယ္ဗ်ာ၊ လႈပ္လို႔ရတာနဲ႔ သူ႔နဖူးကိုသူ လက္နဲ႔ျပန္႐ိုက္ၿပီးေတာ့ ၾကမ္းျပင္ေပၚကို ဒုန္းခနဲလဲက်သြားေတာ့တာပါပဲ။
“သြားၿပီလား ဦးဘသာ”
“သြားၿပီ၊ သြားၿပီ”
က်ဳပ္တို႔ၾကည့္ေနတုန္း အပ်ိဳႀကီး ဗိုက္ထဲကေန ေလေတြသက္လာသဗ်ာ၊ တဘူဘူတဂြမ္ဂြမ္နဲ႔ အီးေတြေပါက္ပါေရာ၊ အနံ႔ကလည္း ပုပ္ေစာ္နံေနတာပါပဲဗ်ာ၊ က်ဳပ္ျဖင့္ မခံႏိုင္လို႔ ႏွာေခါင္းကိုလက္နဲ႔ပိတ္ထားရသဗ်။ ေလေတြက ျပတ္ေတာင္းျပတ္ေတာင္းထြက္လာရာကေနၿပီး ေနာက္ေတာ့ ရႉးခနဲမရပ္မနားထြက္ေတာ့တယ္ဗ်၊ သူဝတ္ထားတဲ့ထမီႀကီးဆိုရင္ ေလေတြထြက္လို႔ မိုးေပၚကိုေတာင္ပ်ံတက္ေနတယ္၊ ကားဘီးေပါက္သလိုမ်ိဳး ေလေတြတရႉးရႉးနဲ႔ထြက္ၿပီးသြားေတာ့ သူ႔ဗိုက္ႀကီးက ခ်ပ္သြားသဗ်ာ။
“ဟာ၊ မိန္းမ၊ မိန္းမ”
ဘယ္အခ်ိန္ကတည္းက ႏိုးေနမွန္းမသိတဲ့ ကိုမ်ိဳးႀကီးက အပ်ိဳႀကီးကို ေျပးေပြ႕တယ္ဗ်၊ အပ်ိဳႀကီးကို အခန္းထဲျပန္ထည့္ၿပီးေတာ့မွ ကိုမ်ိဳးႀကီးျပန္ထြက္လာတယ္။
“ဘယ္လိုျဖစ္သြားတာလဲဗ်ာ၊ က်ဳပ္ေတာ့ ဇက္ေၾကာေတြေအာင့္ေနတာပဲ”
ဦးဘသာက ေရေႏြးေသာက္ရင္း
“မေက်နပ္လို႔လုပ္တာေနမွာကြ၊ လုပ္တဲ့လူက သူေရာင္းတဲ့ေဈးဆိုင္ရဲ႕ ေဘးဆိုင္က ညီအမႏွစ္ေယာက္တဲ့ကြာ၊ မင္းမိန္းမေသရင္ ငါးရာေပးမယ္ဆိုၿပီးလုပ္ခိုင္းတာတဲ့”
ကိုမ်ိဳးႀကီးက မ်က္လုံးျပဴးသြားၿပီးေတာ့
“ဟာ၊ ဟုတ္ေရာဟုတ္ရဲ႕လားဗ်ာ၊ ဒီညီအမႏွစ္ေယာက္က က်ဳပ္မိန္းမနဲ႔သိပ္ခင္တာဗ်၊ ညီအမေတြလိုကိုေနတာ၊ က်ဳပ္တို႔အိမ္နဲ႔ဆိုရင္လည္း စားအိမ္ေသာက္အိမ္လိုျဖစ္ေနၿပီဗ်၊ ဦးဘသာေျပာမွ က်ဳပ္စဥ္းစားမိတယ္ဗ်ာ၊ အခုလည္း က်ဳပ္တို႔ဆိုင္မထြက္တာၾကာလို႔ က်ဳပ္တို႔ဆိုင္ခန္းကိုျပန္ေရာင္းပါတဲ့ဗ်ာ၊ သူတို႔က ကာလတန္ေၾကးေပးၿပီးဝယ္ပါ့မယ္တဲ့”
ဦးဘသာက ေခါင္းညိတ္ရင္း
“အင္းေပါ့ကြာ၊ သစ္ေကာက္ဝါးေကာက္သာျမင္ရေပမယ့္ လူ႔အတြင္းစိတ္ကိုေတာ့ မျမင္ရဘူးမဟုတ္လားကြ၊ ဒီညီအမက မင္းတို႔အေပၚေကာင္းသလိုလိုနဲ႔ ေနာက္မွာအက်င့္ယုတ္ေနတာကြ၊ မင္းမိန္းမေသသြားရင္ မင္းတို႔ဆိုင္ကိသူတို႔ယူၿပီးေတာ့ ဆက္ဖြင့္ခ်င္တဲ့သေဘာျဖစ္မွာ”
“ဟုတ္မယ္ဗ်၊ ေရာင္းကုန္ကလည္း အတူတူပဲ၊ ဆန္၊ ဆီ၊ ဆား စားေသာက္ကုန္ေတြေရာင္းၾကတာဆိုေတာ့ တကယ္တမ္းၾကည့္ရင္ေတာ့ စီးပြားၿပိဳင္ဖက္ေတြပဲဗ်”
ကိုမ်ိဳးႀကီးတစ္ေယာက္ေတာ့ ဦးဘသာႀကီးကို ေတာ္ေတာ္ယုံသြားေတာ့ေတာပါပဲဗ်ာ၊ ဦးဘသာကို ေငြေၾကးကန္ေတာ့ေပမယ့္ ဦးဘသာက ထုံးစံအတိုင္းမယူခဲ့ပါဘူးဗ်ာ၊ ဒီလိုနဲ႔ က်ဳပ္တို႔ ကိုမ်ိဳးႀကီးဝယ္ေကြၽးတဲ့ ညစာစားခဲ့ၾကၿပီးေတာ့ အိပ္လိုက္ေတာ့တာေပါ့ဗ်ာ။
ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ