” စေတီပျက်ထဲမှဘီလူးကြီး ” (စ/ဆုံး)
==============================
“ဟေ့ကောင် လှဆောင် ဘာလုပ်နေတာလဲကွ”
“ဟာ လာဟေ့ တင်မောင်ရေ ငါဒီမှာဓားရိုးလေး
လဲနေတာကွ
“လှဆောင် မင်းအမေရော ဘယ်သွားလဲ”
“အမေ ရွာထဲသွားတယ်လေ ဘာလို့လဲ”
“အေး မင်းညနေကြရင်ငါနဲ့လိုက်ခဲ့ပါလား”
“ဘယ်ကိုလဲတင်မောင်ရ”
“ဟာ မင်းကလည်းညနေကြရင် ပျိုဖြူတို့ရေလာခပ်မှာလေကွာ
အဲ့ဒါ စကားလိုက်ပြောမလို့ကွ လှဆောင်ရ”
“အော် ဒီလိုလား ရတယ်လေ လိုက်ခဲ့မယ် ”
“အေးအဲ့ဒါ လာပြောတာ ငါသွားစရာရှိလို့
သွားဦးမယ် လှဆောင် ညနေမှငါဝင်ခေါ်တော့မယ်”
“အေးအေး စိတ်ချ ငါလိုက်ခဲ့မယ် တင်မောင်”
ကိုတင်မောင်အိမ်အပြင်သို့ပြန်အထွက်
လှဆောင်၏မိခင်ဒေါ်ခင်ထားနဲ့တွေ့လေသည်
“ဟဲ့ တင်မောင်ပါလား ပြန်တော့မလို့လား”
“ဟုတ်တယ် အရီးရေ ပြန်တော့မလို့ပဲ ”
“အေးအေး သွားသွား တင်မောင် မင်းမလည်း
ဝလာလိုက္တာ”
“ဟား ဟုတ်လားအရီး ”
ကိုတင်မောင်နဲ့ဒေါ်ခင်ထားတို့ အပြန်အလှန်ပြော
ဆိုပြီးတင်မောင်ထွက်သွားတော့
“ဟဲ့သား တင်မောင်ကဘာလာလုပ်တာလဲ”
“သြော် အမေရေ ဘာမှမဟုတ်ပါဘူးဗျာ
ညနေကြရင်လာခေါ်မလို့တဲ့အမေရဲ့”
“အေး မင်းတို့ကငယ်သူချင်းတွေဆိုပေမယ့်
ညီအစ်ကိုလိုဖြစ်နေတော့အမေဘာမှမပြောပါဘူးကွယ် လိုက်သွား ငါ့သား”
“ဟုတ်အမေ”
••••••
ညနေစောင်းချိန်ရွာထဲရှိမိန်းမပျိုလေးများ
ရေလာခပ်နေကြ ရေကန်ကြီးဘေးမှာတော့
အပျိုလူပျိုတို့သဘာဝ စကြနောက်ကြနဲ့ပေါ့
တစ်ချို့ကြတော့လည်း
ရေအိုးလေးကူပြီးမ ရင်းချစ်စကားတွေပြောကြတာပေါ့ဗျာ
“ပျိုဖြူ ငါနင့်ကိုပြောစရာရှိတယ်”
“အင်း ပြောလေ နည်းနည်း မဟုတ်ဘူး များများပြောလည်းရတယ် ကိုတင်မောင်”
“ပျိုဖြူ ငါလေ ငါလေ နင့်နင့် ”
“ဟာကွာ တင်မောင်မင်းကလည်း
ရည်းစားစကားပြောတာများထစ်နေရတယ်လို့ကွာ”
“ဟေ့ကောင် လှဆောင်ရ ရည်းစားစကားက
ပြောနေကြစကားမဟုတ်ဘူးလေကွာ
ငါကအခုမှပြောဘူးတာကွ”
“ပျိုဖြူ ငါနင့်ကိုချစ်တယ်”
“ဒီမယ် ကိုတင်မောင် ရှင်က
ကျွန်မကိုရည်းစားစကားပြောတယ်ဆိုတော့
ကျွန်မစဉ်းစားပါရစေရှင် ”
“စဉ်းစားလည်းစဉ်းစားပေါ့ ဒါပေမယ့်
ကြာနေရင် ကိုတင်မောင်ရူးလိမ့်မယ်ပျိုဖြူ””
“ဒါကတော့ ကိုတင်မောင်စောင့်နိုင်ရင်စောင့်ပေါ့
ကျွန်မတစ်ဘဝလုံးစာရွေးချယ်ရမှာဆိုတော့
အလွယ်လေးနဲ့မဆုံးဖြတ်ချင်ဘူး”
“အင်းပါ ပျိုဖြူ သဘောပါပဲ”
“ကဲ ကျွန်မပြန်မယ်”
••••••
နောက်တစ်နေ့မနက်တွင်
တင်မောင်တစ်ယောက် လှဆောင်အိမ်သို့
ထက်မံရောက်လာပြန်သည်။
“လှဆောင် သူငယ်ချင်း ငါ့ကိုကူညီပါလားကွာ”
“ဘာလဲ တင်မောင်ရ မင်းမလည်းလာလိုက်ရင်
အလန့်တကြားပါပဲလား ပြောဘာကူညီပေးရမလဲ”
“ဒီလိုကွ လာမယ့်လကွယ်နေ့ညကြရင်
ရွာရဲ့ဘုရားဟောင်းကြီးကိုမင်းသိတယ်မလား
“အေး သိတယ်လေ ဘာလို့လဲ”
‘”အေး အဲ့ဒီဘုရားစေတီ အပျက်ကြီးထဲမှာ
ပိုင်ရှင်မဲ့နေတဲ့ ရွှေတွေရှိတယ်လို့ငါ့အဘပြောဘူးတယ်ကွ
အဲ့ဒါ ဘယ်သူမှလည်းမရှာမယ့်အတူတူ
ငါတို့သူငယ်ချင်းနှစ်ယောက်
သွားပြီးယူရအောင်ကွာ”
“ဖြစ် ဖြစ်ပါ့မလား တင်မောင်ရ တော်ကြာ
သူကြီးသိရင် ထိပ်တုံးစာမိနေပါ့မယ်”
“မမိပါဘူးကွာ မင်းသာနှုတ်လုံပါစေ
ဒီရွှေတွေရခဲ့ရင် မင်းလည်းချမ်းသာမယ်
ငါလည်းပျိုဖြူနဲ့အမြန်ဆုံးနီးရမှာကွ”
“အေးလေ မင်းကငါနဲ့ငယ်ငယ်လေးကတည်းက
ပေါင်းလာတဲ့ သူငယ်ချင်းပဲကူညီရမှာပေါ့”
“ဟာ ဟန်ကြပြီပေါ့ ဒါဆိုလကွယ်နေ့ကြရင်
ငါစေတီပျက်ကြီးနားမှာစောင့်နေမယ်
မင်းဆတ်ဆတ်လာခဲ့ ကြားလား ”
“အေးအေး စိတ်ချ ငါလာခဲ့မယ်”
••••••
******
“အူ ဝူး ဝူး ဝူး”
ဆွဲဆွဲငင်ငင်အူလိုက်သည့်
ခွေးအူသံများက တစ်ရွာလုံးအားကျော်တက်သွားလေသည်
“အင်း ကိုးနာရီလည်းထိုးပြီဆိုတော့
ဟိုကောင် တင်မောင်လည်း ရောက်နေလောက်ပြီ
ငါသွားဦးမှပဲ နေဦးလိုရမယ်ရ
တူးစရာတစ်ခုခုယူသွားဦးမှပဲ”
လှဆောင်လည်းမိခင်မသိအောင်ခြေသံ
ဖွဖွနင်းရင်းအိမ်ထဲမှနေရွာထဲသို့
ရွာထဲမှသည် ရွာအပြင်သို့ရောက်လာခဲ့သည်။
“ဟိုကောင် လှဆောင် အခုထိရောက်မလာသေးပါလား
ဘာများလုပ်နေပါလိမ့်”
တင်မောင်တစ်ယောက်ဒေါသတွေဖြစ်နေပြီ
“ဟင် ဟိုရှေ့က လူက လှဆောင်လားမသိဘူး”
“တင်မောင်ရေ တင်မောင် ”
လှဆောင်ကလည်းအသံခပ်အုက်အုက်ဖြင့်
ခေါ်လိုက်သည်။
“ဟိတ်ကောင် လှဆောင် ငါဒီမှာကွ”
“အော် မင်းကဒီမှာကိုးဟ”
“ငါကမင်းမလာတော့ဘူးမှတ်နေတာ”
“လာရမှာပေါ့ မင်းကိုကူညီရအောင်လို့”
“အေး လှဆောင်လာသွားကြစို့”
သူတို့နှစ်ယောက်ခြေလှမ်းများက
စေတီပျက်ကြီးဆီသို့တဖြည်းဖြည်းရောက်လာတော့သည်။
စေတီကြီးက ကြီးမားပေမယ့် ပြိုကြပျက်စီးနေတဲ့
နေရာများပြိုကြ အကောင်းအတိုင်းရှိနေသည့်
နေရာများလည်းရှိသေးသည်။
“ဟေ့ကောင် လှဆောင် ဟိုမှာတွေ့လား
ဘုရားပလ္လင်နောက်ကနံရံကို
“အေးတွေ့တယ်လေ ဘာလို့လဲ”
“အေးအဲ့ဒီနေရာကိုဖောက်ကြည့်ရမယ်”
“ငါ့မှာ သံတူရွင်းပါတယ် ကွ
“အေးအဲ့ဒါဆို ဖောက်ကြည့်ကွာ
ရွာနဲ့ဝေးတော့ သူတို့လည်းကြားမှာမဟုတ်ပါဘူး
ချကွာ လှဆောင်
“ဒုတ် ဒုတ် ဒုတ် တန် ”
“ရတော့မယ် တူးထား လှဆောင် ”
“ဒုတ် ဒုတ် ဒုတ် ”
“ဝေါ ဝေါ ဝူး ဝူး ”
“လေတွေတိုက်လာပါလား ဖြစ်ပါ့မလား တင်မောင်”
“ဖြစ်ပါတယ်ကွ လေကသူ့ဘာသာသူတိုက်တာ
နေမှာပါ မင်းညောင်းရင်ငါလုပ်မယ်လေ”
“အေး ရော့ ဟူး မောတာကွာ”
“ကဲကွာ ဒုတ် ဒုတ် ဒုတ်ဘဒုတ်”
“ဝုံး ဟာ ပွင့်သွားပြီကွ လှဆောင်ရေ”
“ဟေ ဟုတ်လားကြည့်ရအောင် ”
“မှောင်မည်းနေတာကွ ငါ့မှာ ဓာတ်မီးပါတယ်
“ဘယ်မလဲမင်းဓာတ်မီးက”
“ဟိုမြေကြီးပေါ်မယ်လေကွာ”
“အော် အေးတွေ့ပြီ ”
“ဂျလောက် ဟာ အလိုလေး
“နည်းတာတွေမဟုတ်ဘူးကွ”
စေတီပျက်ကြီးထဲမှ ရွှေတွေအား
သူတို့နှစ်ယောက်မြင်လိုက်ကြသည်
ဒီလောက်များလွန်းတဲ့ရွှေများအား
သူတို့နှစ်ဦးစလုံးမမြင်ဘူးကြတော့
ကြောက်တောင်တောင်ဖြစ်နေကြလေသည်
“ဟေ့ကောင် လှဆောင် ကြောင်ကြည့်မနေနဲ့လေ
လာသွားယူကြမယ်
“သြော် အေး ဟုတ်သားပဲ”
သူတို့နှစ်ယောက်လည်း ပလ္လင်ကြီးနောက်ထဲသို့ဝင်လိုက်ပြီး
ရွှေများအားထည့်ရန် တင်မောင်က
သူဝတ်ထားသည့် ပုဆိုးအား
ချွတ်လိုက်ပြီး မြေကြီးပေါ်အား
ခင်းလိုက်သည်
“ထည့်ကွား အကုန်လုံး လှဆောင်ရေ
မင်းနဲ့ငါတော့ပွပြီဟေ့
“အေးကွ ငါတို့တော့ ချမ်းသာပြီ တင်မောင်”
“ဟူး ဟူး ဟား ဟား ဟား ”
“ဟင် ဘာသံကြီးလဲ ”
“အေးဟုတ်ပါရဲ့ ဘယ်ကလဲ”
သူတို့နှစ်ယောက်လည်းကြောက်စရာကောင်းသည့်
ရယ်သံကြီးအားလိုက်ရှာနေမိတော့သည်
“မင်းတို့သေဖို့သာပြင်ထားကြ
ဘုရားပစ္စည်းကိုခိုးကြတဲ့ကောင်တွေ
“ဟင် အား ဘီ ဘီ လူးကြီး တင်မောင်”
“လာခဲ့ ဝုန်း အား ”
“အား အား ငါ့ကိုကယ်ပါဦး လှဆောင် ”
“အား ဘုံး ဖုံး အုံး”
“ဟာ”
ဘီလူးကြီးက စေတီပျက်ကြီး၏နောက်မှ
ထွက်လာကာ တင်မောင်အားခြေထောက်မှဆွဲခေါ်သွားကာ
သူကိုင်ထားသည့် တင်းပုတ်ကြီးဖြင့် တင်မောင်
အားထုသတ်တော့သည်။
“လှဆောင် ပြေး ပြေး ပြေးတော့ အား အား”
လှဆောင်လည်း ရွှေများအားမယူနိုင်တော့ပဲ
အသက်လုကာပြေးရတော့သည်
ကျန်ခဲ့သည့်တူရွင်းများကိုလည်း
မသယ်နိုင်ရှာပဲ ဖနောင့်နှင့်တင်ပါး
တစ်သားတည်းကြအောင်ပြေးခဲ့ရသည်
“ဟော ဟဲ ဟောဟဲ ဟဲ ဟဲ”
“ရှေ့မှာ ရွာတော့မြင်နေရပြီ ငါနောက်ကလိုက်မလာပါစေနဲ့
လှဆောင်လည်းနောက်သို့ပြေးရင်းလှည့်ကြည့်
လိုက်ရာ ဘီလူးကြီးက နောက်မှ ဒေါသတကြီး
တင်းပုတ်ကြီးဖြင့်လိုက်လာနေဆဲပင် ။
“ဟင် ငါ ငါ့ကို မှီတော့မှာပါလား မဖြစ်ဘူး
ငါ့ကိုမှီသွားရင်ငါ့ကိုအရှင်ထားမှာမဟုတ်ဘူး
အရင်ထက်နှစ်ဆပြေးလိုက်တော့
ရွာထဲသို့ရောက်လာခဲ့သည်
ရွာထဲရောက်လို့လှည့်ကြည့်လိုက်ရာ
ဘီလူးကြီးက ရွာစည်းရိုးအားဝင်လို့မရပဲ
ဒေါသတကြီးဖြင့်ကြည့်ကာထွက်သွားလေ
။တော့သည်
လှဆောင်လည်း ရွာထဲသို့ရောက်တော့တစ်ရွာလုံး
အိပ်မောကြနေပြီဖြစ်သည်။
ခြေသံလုံအောင်နင်းရင်း အိမ်သို့ပြန်လာခဲ့ရသည်
အိမ်သို့ရောက်တော့မိခင်ကြီးလည်း
အိပ်မောကြနေတော့သူ့သားပြန်လာသည်ကိုမသိရှာပေ
ကိုလှဆောင်လည်း အိပ်ယာထဲသို့ဝင်ကာလှဲ
လိုက်ရင်း အိပ်မည်ပြုပေမယ့်
လုံးဝအိပ်စက်မရပါ
ဘီလူးကြီးက တင်းပုတ်ကြီးနှင့်တင်မောင်အား
ထုသတ်နေတာကိုသာမျက်လုံးထဲပြန်မြင်
ယောင်နေပြီးမနက်လင်းလို့ဆက်ဖြစ်ဦးမယ်ဆိုတာကို လှဆောင်တွေးပူနေမိသည်။
••••••
“အောက်အီးအီးအွတ် ”
မနက်လင်းတော့ ရွာထဲရှိလူများတိုးတိုးဖြင့်
ပြောကြဆိုကြဖြစ်နေသည်ကို
လှဆောင်၏မိခင်ဒေါ်ခင်ထားမှ
စုံစမ်းလိုက်တော့သည်။
“သားရေ သားထစမ်းပါဦး”
“ဟင် ဘာလို့လဲအမေ”
“သား သားသူငယ်ချင်းတင်မောင်
သေလို့တဲ့
“ဗျာ”
လှဆောင်မသိချင်ယောက်ဆောင်ပြီး
လန့်ပြလိုက်သည်
“ဟုတ်လို့လား အမေရယ် ”
“ဟုတ်တယ်ငါ့သား ရဲ့ ရွာပြင်ကစေတီပျက်ကြီးထဲမှာ
သေနေတာတဲ့ ပြီးတော့ ခေါင်းတစ်ခုလုံးလည်း
ကြေမွနေတာတဲ့ဦးနောက်တွေဆိုမြင်မကောင်းအောင်ထွက်နေတာဆိုပဲ
“ဟာ စိတ်မကောင်းစရာပါလားဗျာ”
“ခင်ထားရေ ခင်ထားရေ နင့်သားရှိလား”
“ဟာ အမေသူကြီးအသံပဲဗျ”
“ရှိ ရှိပါတယ် သူကြီး”
“လှဆောင်ခဏလာဦးကွ”
“ဗျာ လာပါပြီသူကြီး ”
“မင်း တင်မောင်သေတဲ့ကိစ္စသိပြီးပြီလား
“ဟုတ်ကဲ့ အခုလေးတင် အမေပြောပြလို့သိပြီးပါပြီ
“မင်းမနေ့ညက တင်မောင်နဲ့လိုက်သွားသေးလား
“ဗျာ မလိုက်ပါဘူးဗျ ဘာလို့လဲသူကြီး”
“အေး ငါကမေးချင်လို့မေးတာမဟုတ်ဘူး
မင်းနဲ့တင်မောင်ကအမြဲတစ်တွဲတွဲဖြစ်နေလို့
မင်္သာလို့မေးကြည့်တာကွ
“ဟာ သူကြီးရယ် ကျွန်တော် တင်မောင်နဲ့
ဘာလိုက်လုပ်ရမှာလဲဗျ
“အေး မလိုက်ဘူးဆိုရင်ပြီးရော
ဒီကိစ္စက အမှုကြီးပဲကွ ရာဇဝတ်မှု
ဘုရားထာပနာဖောက်တာတဲ့ကွာ
လူကြားလို့မှမကောင်း တောက်
သူကြီးကတောက်ခေါက်လိုက်တော့
လှဆောင် တုန်နေသည့်ဒူးများအား
မနည်းထိမ်းနေရသည်
သူကြီးပြန်သွားတော့မှ ရင်ထဲကအလုံးကြီး
ကြသွားတော့သည်။
တစ်ဖြည်းဖြည်းနဲ့လပေါင်းများစွာ
ကြာလာတော့ တင်မောင်သေဆုံးသည့်အမှုက
ဒီအတိုင်းပြီးသွားပြီး မေ့မေ့ပျောက်ပျောက်
ဖြစ်သွားကြပေမယ့်
မမေ့နိုင်သူကတော့ ကိုလှဆောင်ဖြစ်သည်
သူ့ခေါင်းထဲမှာ ယနေ့အချိန်ထိ ထုပ်မရတဲ့
အကြောင်းတစ်ခုအဖြစ်ကျန်နေခဲ့လေသည်။
ပြီးပါပြီ.ဇာတ်လမ်းလေးကို ကြိုက်နှစ်သက်ရင်
Like.သို့မဟုတ်.Share ပေးပါဗျ။
ရေးသားသူ- အောင်ဓူဝံ
#crd