ထင်ယောင်ထင်မှား(စ/ဆုံး)
————————
ဗိုလ်တေဇ ဦးစည်းသော ဗမာ့တပ်မတော်နှင့် ဗိုလ်မိုးကြိုးဦးဆောင်သောဂျပန်တပ်မတော်ကြီးဟာ စစ်ကြောင်း၃ကြောင်းခွဲပြီးမြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သော ဒုတိယကမ္ဘာစစ်အတွင်း ကာလာတခုကဖြစ်သည်။ ဗမာ ဂျပန်တပ်ပေါင်းစု၏ ထိုးစစ်ကြောင့် အင်္ဂလိပ်စစ်တပ်ဟာ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးကာ ကချင်ပြည်နယ်ဟူးကောင်းချိုင့်ဝှမ်းကတဆင့် အန္ဒိယပြည်ထဲသို့အပူတပြင်းဆုတ်ခွာနေရသောအချိန်ဖြစ်သည်။
`ဗျာ´……ဆရာကြီး
ဖြစ်…..ဖြစ်ပါ့မလားဗျာ…..
…ကပ္ပတိန်ရောဘက်သိရင် အကုန်လုံးပစ်သက်ခံရမှာနော်….
…..ဒီမယ် ရဲဘော်အောင်ထွေး….
….မင်းတို့ငါတို့အားလုံး အင်္ဂလိပ်စစ်တပ်မှာ စစ်မှုထန်းခဲ့တာ ကြာခဲ့ပြီ…..အင်္ဂလိပ်အစိုးရရဲ့အကြောင်းလဲကောင်းကောင်းသိခဲ့ကြပြီ…..တို့ပြည်သူအပေါ်ဘာကောင်းတာရှိခဲ့လဲ…..အခုလဲ မင်းတို့ငါတို့က စစ်ပွဲတွေသာ တပွဲပြီးတပွဲအသေခံပြီးတိုက်ပေးနေတာ…အရစ် အပွင့်တွေတက်တယ်ရှိလို့လား….ငါ့လက်မောင်းကတရစ်တောင် စစ်သက်နဲ့မို့ရတာ…….
…..အင်းး
…ဒါတော့ဟုတ်တယ်ဆရာကြီး…..
…ကျုပ်က သေနတ်ကိုင်ချင်လို့သာစစ်ထဲဝင်လာတာ….ဒီအချက်တွေကိုဆရာကြီးပြောပြမှသတိထားမိတယ်…..
…..မှန်တယ် ရဲဘော်စောထူး…..
..ရောဘက်ရဲ့ တပ်ရင်းမှာ မြန်မာတိုင်းရင်းသားဆိုလို့ ငါတို့၅ယောက်ပဲရှိတာ…
…ဒီတော့ ငါပြောမဲ့စကားကို ရဲဘော်မြင့်အုန်းနဲ့ ရဲဘော်ဘကျော်ပါသေသေချာချာနားထောင်ကြ…..
….ဟုတ်ကဲ့ ဆရာကြီးဒေဝ.. ..
…ကျုပ်တို့နားထောင်နေပါတယ်….
…..အေး….အခုငါဆက်လုပ်မဲ့အစီစဉ်က အင်္ဂလိပ်တပ်ကနေ ထွက်ပြေးကြဘို့ပဲ…
….ဟင်…..
…အလို
….ဗျာ..
….ဖြစ်ပါမလား…
…အေး….မဖြစ်လို့ကမရတော့ဘူးမောင်…
…မနက်ဖြန်ဆို အင်္ဂလိပ်တပ်က ဟူးကောင်းကိုဖြတ်ပြီး အန္ဒိယပြည်ထဲကို ဆုတ်ခွာတော့မှာ….မင်းတို့ငါတို့ကရော သူတို့နဲ့လိုက်သွားနိုင်မှာမို့လို့လား….လိုက်သွားနိုင်တယ်ထားဦး အသက်ရှင်လျှက်ပြန်လာနိုင်မယ်ရောထင်ကြလား……
….ဟာ…..လမ်းတင် ပစ်သက်ခဲ့မှာပေါ့ဗျ
…မှန်တယ်ရဲဘော်မြင်အုန်း…..
…ငါ့အစီစဉ်က ခုညကို အင်္ဂလိပ်တပ်က လက်နက်ခဲယမ်းနဲ့ စစ်ကြောင်းမြေပုံကို ခိုးပြီး ထွက်ပြေးကြဘို့ပဲ…..ထွက်ပြေးပြီးရင် မြစ်ကြီးနားကိုသိမ်းထားတဲ့ ဗမာဂျပန်တပ်မတော်နဲ့ပေါင်းမယ်….ဒါဟာ ငါတို့အတွက် လုပ်သင့်တဲ့ တခုတည်းသောနည်းလမ်းတခုပဲကွ….
…..အင်း…..ဆရာကြီးပြောတာဖြစ်သင့်ပါတယ်…..စစ်ရှုံးပြီးဆုတ်ခွာနေတဲ့ အင်္ဂလိပ်တပ်နောက်ကိုလိုက်မဲ့အစား ကို့ဗမာတပ်နဲ့ပြန်ပေါင်းတာ အကောင်းဆုံးအစီစဉ်ပဲဗျ…..
….ဟုတ်တယ် ရဲဘောစောထူး….
…ကိုင်း….ကျန်တော့ရဲဘော်တွေရော ဘယ်လိုသဘောရလဲ…
….ဟုတ်
….လက်ခံပါတယ်…
…သဘောတူတယ်ဆရာကြီး….
….
….အေး….ဒါဖြင့် ကို့လက်နတ်ကို ဂရုတစိုက်စစ်ဆေးထား….ကျဉ်ဖြည့်ထား…..ညကြ လက်နက်တိုက်ကိုဖောက်ပြီး ဘရင်းကား၂လက်လောက်ကို ရဲဘော်မြင့်အုန်းနဲ့ရဲဘော်စောထူးကခိုးရမယ်…စစ်ကြောင်းမြေပုံကတော့ ငါ့တာဝန်ထားလိုက်…
…ရဲဘော်ဘကျော်နဲ့ ရဲဘော်အောင်ထွေးက လမ်းခရီးတလျှောက် လိုအက်မဲ့ စားနပ်ရိက္ခာ ဓာတ်မီးနဲ့ ဆေးဝါးပစ္စည်းတွေကို စုဆောင်းထားပေးပါ……
…..ဟုတ်ကဲ့ ဆရာကြီး…
…ဒါနဲ့…ဘယ်အချိန် စမှာလဲ….
….အင်း…
…စတင်လှုပ်ရှားချိန်….၂၃:၀၀..နာရီ
…တပ်ကိုစွန့်ခွာထွက်မဲ့အချိန်..၂၃:၂၀..နာရီ
…လှုပ်ရှားချိန် ၂၀ မိနစ်…ဘာမရှင်းတာရှိလဲ….
…မရှိပါဘူးဆရာကြီး….
….အေး……ဒါဖြင့် သတိဝိရိယနဲ့နေကျ….
…ဒါပဲ…….
…ဟုတ်……ဆရာကြီး….
…
……______________________
……“`ဖိုင်းရား……ဒက်…ဒက်…ဒက်
…..ဖရောက်….ဖရောက်….ရွှီ…..
…..ဖောင်း…ဖောင်း……
….ဟာ…တို့ကိုတွေ့သွားပြီ…..
…မြန်မြန်ပြေး…….ပြန်မပစ်နဲ့….
….ဒို့ရှိတဲ့နေရာကိုသိသွားမယ်……
…ဟုတ်…ဆရာကြီး
…ဖြော…ဗြော…….ဖရော
..ယား….ကျားး
….ဖုတ်…ဖုတ်………ဖြော……ဘရော
…..ဆရာကြီးဒေဝဦးဆောင်တဲ့ တပ်ပြေး၅ယောက်ဟာ တနိုင်းမြို့စွန်တွင်စခန်းချထားသော အင်္ဂလိပ်နောက်ချန်တပ်ရင်းကနေ…ညဘက်ထွက်ပြေးရင်း…ကင်းသမားရဲဘော်တဦးတွေ့သွားသဖြင့် ဘရင်းကားနှင့်အပစ်ခံလိုက်ရသည်……
…တရွှီ…ရွှီ နှင့်ခေါင်းပေါ်မှဖြတ်သွားသော ဘရင်းကျဉ်ဆံများကို ဂရုမထားနိုင်ပဲ ဆရာဒေဝတို့ရဲဘော်၅ယောက် အသက်လုပြေးရင်း တောအုပ်တခုထဲသို့ရောက်သွားလေသည်။
…ဟော…ဟဲ…..ဟူးးး
…ရပြီ…..ဒီလောက်ဆိုစိတ်ချရပြီ….လွတ်လောက်ပြီ….
….ဆက်မပြေးနဲ့တော့……
….ဟုတ်ကဲ့ဆရာကြီ…
…ဟေ့…လူစစ်စမ်း….
…အောင်ထွေး……….ရှိ
…မြင့်အုန်း…………….ရှိ
..စောထူး………………..ရှိ
..ဘကျော်……………….ရှိ
….အေး…လူစုံပြီ….ဘရင်းနှစ်လက်ရော..
…ပါတယ်ဆရာကြီး…ရည်မှန်းချက်အားလုံး ပြည့်စုံအောင်ဆောင်ယူနိုင်ခဲ့ပါတယ်…
….
….အေး…ကောင်းတယ်…..
…အောင်ထွေး….သံလိုက်အိမ်မြှောင်ထုတ်
…အရှေ့အရပ်ကိုဦးတည်ပြီး ခုညဖြေးဖြေးလျှောက်ကြမယ်….ခြေခင်းလက်ခင်းကိုသတိထား….အားလုံး တုတ်တချောင်းစီကိုင်ပြီး ကိုသွားမဲ့လမ်းကြောင်းကို ခြောက်လှန့်ပြီးသွား….ပွိုင့်ကို အောင်ထွေးကတဝန်ယူ…..သေနတ်ကိုကျဉ်ထိုး မောင်းတင်ပြီး လုံခြုံရေးခလုတ်ပိတ်ထား….ဘာမရှင်းတာရှိလဲ….
…မရှိပါဘူးဆရာကြီး
…အေး…ဒါဖြင့်စထွက်ကြဦးစို့….ဒီညတော့ အိပ်လို့မဖြစ်ဘူး…..
…ဟုတ်…ဆရာကြီး
…
…….နောက်တနေ့မိုးလင်းတော့ ဆရာဒေဝတို့၅ယောက်ဟာ ခြုံနွယ်ထူထပ်သော ပျဉ်းကတိုးတောကြီးထဲသို့ရောက်သွားကြသည်။
….ထို့နောက် ခြေခင်းလက်ခင်းသာသောကုန်းမြင့်တနေရာကိုရွေးပြီး နံနက်စာစားလိုက်ကြသည်။ စားပြီးနောက် ခနနားပြီး ခရီးထွက်ကြသည်….မြေပုံအရဆိုလျှင် ဒီကျွန်းတောကြီးဟာ တနိုင်းမြို့ရဲ့အရှေ့ဘက် ၂၀မိုင်အကွာခန့်က ပျဉ်ဒရယ်ကြိုးဝိုင်းဧရိယာထဲကအစိတ်အပိုင်းတခုဖြစ်တယ်ကွ….ဒါဆို အင်္ဂလိပ်တပ်ရဲ့ရန်ကတော့လွတ်သွားပြီ…..
……ဆက်ထွက်မယ်….
…..ဟုတ်…ဆရာကြီး…
…..ရှေ့ဆက်ပြီး၁၀မိုင်ခန့်ခရီးဆက်ပြီးသောအခါ တောင်ကြောတခုသို့ရောက်ရှိလာသည်….တောင်ကြော၏ခြေရင်းတွင်ရေတံခွန်တခုကိုတွေ့ရသဖြင့် ၅ယောက်လုံးရေးဆင်းချိုးကြသည်….ထို့နောက် …နေ့လည်စာစားပြီး တောင်ကြောပေါ်မှာ တရေးအိပ်လိုက်ကြသည်….
…ခရီးပမ်းနေသည့်ဒဏ်ကြောင့် ဆရာဒဝတို့၅ယောက်လုံး အိပ်ပျော်သွားကြသည်……
…..အိပ်ပျော်ပြီး ခဏကြာသောအခါ…..
…ဖူးးဖူးးး
…ဖြော….ဒိန်း………ဖောင်းး
….ဟိတ်….ထကြစမ်း…..
… ရန္သူ……
…အအိပ်ဆတ်သောဆရာဒဝ၏အသံကြောင့် ကျန်လေးဦးနိုးလာပြီး လက်နက်ကိုယ်စီကိုဆွဲလိုက်ကြသည်….
….အားလုံးငြိမ်……
…နားကိုအရှင်ထား……
….ရှူး….ဖူးး….
…ဗြော….ဖရော…ဝုန်း……ဒိန်း…
…ဟာ………ဘာကောင်ကြီးတွေလဲ
…အသံလာရာကိုကြည့်လိုက်တော့…
…သဲကြီးမဲကြီး တိုက်ခိုက်နေသော သတ္တဝါကြီး၂ကောင်….
….အဲ့ဒါ ဆတ် လို့ခေါ်တယ်အောင်ထွေး နယ်မြေလုနေကြတာဖြစ်မယ်…..
….ဗျာ….
…ခနစောင့်ကြည့်ကြ….ဒီကောင်တွေက တိုက်ရင်အသေတိုက်ကြတာ…..
…မကြာခင်မှာ ငါတို့အားလုံး ကျည်မကုန်ပဲအူစိုရတော့မယ်…
…ဟေး…ဟေး….
..ပျော်စရာကြီးဗျာ….
…ရူးး…တိုးတိုး……
…အချိန်၁ရာခန့်ရှိမည့် ဆတ်ဖားကြီးနှစ်ကောင်ဟာ တကောင်နဲ့တကောင် စိုက်ကြည့်လိုက်ပြီး……
….ဖူးးးရှူးးး
..ဘွင်းးးအူးးး
…ဖြော….ဗြော…..ဒိန်း….ဇွပ်……
…ဝေါ…..ဖြော…..
….သွားပြီ…..တကောင်တော့ ဗိုက်ပွင့်သွားပြီဟေ့……
…..ပြေးဝင်လာသောဆတ်ဖားကြီးကို တည်ပြီးစောင့်နေသောဆတ်ဖားကြီးက ခြေတလှန်းဆုတ်ပြီး ခေါင်ကိုငဲ့ကာ ကန့်လန့်အနေထားဖြင့်ရှောင်ရင်း သူ့ဦးချိုကြီးကို ဘေးတိုက်ခံပေးလိုက်သည်…….
….ထိုအခါ…ပြေးဝင်လာသောဆတ်ဖားကြီးရဲ့ဗိုက်ဟာ ဓားထက်ထက်နဲ့ခွဲလိုက်သလို့ ပွင့်ထွက်သွားပြီး အူများအပုံလိုက်ထွက်ကျကာ ရှေ့သို့ဦးစိုက်ကျသွားသည်။
….ကလစ္….
…အောင်ထွေး….ဘာလုပ်မလို့လဲ
…ကျန်တဲ့တကောင်ကိုပါပစ်မလို့ဆရာကြီး..
…မပစ်နဲ့…….
…အဲ့လိုမလုပ်ရဘူး…တောစည်းကမ်းတောင်စည်းကမ်းဆိုတာရှိတယ်….သူကနိုင်တဲ့အကောင်…..သူ့လမ်းသူသွားပါစေ……
…ဟုတ်ကဲ့….
…ဒါဖြင့် သေသွားတဲ့အကောင်ကို အသားသွားဖျက်တော့မယ်…..
…ဟေးး..ဟေးး
..ဖြော…ဗြော…..
…ဟ…ဟေ့ကောင်….ရမ်းမသွားနဲ့…..
…..တရိစ္ဆာန်တွေရဲ့အထာကိုသိတဲ့ ဆရာဒေဝက တားသော်လဲ အောင်ထွေးက ဆတ်သေကောင်ဆီသို့ ဒုံးစိုင်းပြီးပြေးသွားချေပြီ….ဆတ်သေကောင်နားကိုရောက်တော့ ခါးကြားမှဓားမြောင်ကိုထုတ်ပြီး ဆတ်သေကောင်၏ပေါင်ကိုလှီးလိုက်သည်…
….ဒီအချိန်မှာ မျှော်လင့်မထားသောအရာတခုက………….
….သေဆုံးပြီဟုယူဆထားသောဆတ်သေကောင်ကြီးက သွေးရူးသွေးတန်းဖြင့် ကုန်းထလာပြီး…..
….ဘွင်းးဘူးးး
….ဒုံးး……ဇွပ်……….
…..အားးးး
…ဟာ….အောင်ထွေးး
…ဒိုင်း…ဒိုင်းးဘောင်း….ဖောင်းး
…..သေနတ်သံတွေတိတ်သွားတော့ ဆတ်ကောင်ကြီးဟာ ဘိုင်းခနဲလဲကျသွားသလို….ဆတ်ကြီး ခက်လိုက်သော ဦးချိုဒဏ်ကြောင့် ရဲဘော်အောင်ထွေး၏ဗိုက်တခုလုံးလဲ ပွင့်ကွဲသွားပြီး အူတွေအပုံလိုက်ထွက်ကျနေလျှက်…ဆန့်ငင်..ဆန့်ငင့်ဖြစ်နေသည်….
….ဆရာဒေဝတို့ရောက်လာချိန်မှာတော့ အောင်ထွေးတယောက် အသက်နဲ့ခန္တာကင်းကွာသွားခဲ့ရပါပြီ……
…..တောက်…….
…ဖြစ်ရလေကွာ…..
…ရဲဘော်တယောက်က ကျည်ဆံကြောင့်မသေဘဲ ဆတ်ခက်လို့သေရတယ်တဲ့ကွာ….
….ရာဇဝင်ရိုင်းပါဘိ အောင်ထွေးရယ်….
…..နောက်ဆုံးတော့ အောင်ထွေးရဲ့အလောင်းကို လျှိုတခုထဲက ကျောက်ကျဉ်းတခုထဲမှာ ကျောက်တုံးများဖြင့်ဖုံးထားခဲ့ကြသည်….လမ်းခရီးရိက္ခာအဖြစ် ဆက်ပေါင်တဘက်ကိုဖျက်ယူလာခဲ့ကြသည်….ခုတော့ ဆရာဒေဝတို့ဟာ တယောက်လျှော့ ၄ဦးအနေထားဖြင့် ခရီးဆက်ခဲ့ကြလေသည်။
_________________________
`ကိုင်း´
…ဒီညတော့ ဒီတောင်သရက်ပင်မှာစခန်းချမယ်……
…စောထူးနဲ့ဘကျော်က အပင်ပေါ်တက်ပြီး လင့်စင်ထိုးချေ…..ညရေးညတာ အပင်ပေါ်မှာအိပ်တာအကောင်းဆုံးပဲ…
..ငါနဲ့မြင့်အုံးက မီးပျိုးပြီး ညစာစီစဉ်မယ်….ဟုတ်ပြီလား…..
…ဟုတ်
…နားလည်ပါပြီ…
…အေး….ဆက်လုပ်…
….ညနေစာကို ဆတ်သားမီးကင်နဲ့တဝတပျဲစားလိုက်ရသည်မို့ အစာအိမ်တခုလုံး `ဖြိုးဖြိုး ဖျစ်ဖျစ်´ ပင်မြည်သွားကြသည်။
….ကဲ….
…ည၈နာရီထိုးပြီ….
..ထင်းတုန်းအားလုံး မီးပုံပေါ်တင်ခဲ့…တညလုံးမီးပျတ်သွားလို့မဖြစ်ဘူး…မီးရှိရင် သားရဲတွေမလာနိုင်ဘူး…
…ဟုတ်..ဆရာကြီး…..
…ကျန်ရဲဘော်များဟာ စုထားသောထင်းတုံးကြီးများကို မီးပုံပေါ်တင်ခဲ့ပြီး ဆရာဒေဝနှင့်အတူ လင့်စင်ပေါ်သို့ တက်သွားကြလေသည်။
…ည…၁၀..နာရီခန့်ရောက်သွားသောအခါ…
…ဝေါ…..ဖရော…..ဖြော……
… ဆ..ဆရာကြီး…..
…ဘာသံတွေလဲဗျ…..
….အေး…အဲ့တာတောခြောက်တယ်လို့ခေါ်တယ်…..
…ခုချိန်ကစပြီး…နာမည်တွေကိုမခေါ်နဲ့…ခြေဟန်လက်ဟန်နဲ့ပြော….ဒါမှမဟုပ် လက်တို့ပြီးပြော….
…ဟုတ်…….
…..ကြီ….ကြီ……
…ဂါးးးဂါးးး
…အူးးစ် ဝူးးး
….
….အာ…ကြားရပြန်ပြီ ဆရာကြီးး
…
….အေးး…အဲ့ဒါညကောင်တွေကွ….
…ညဘက်ထွက်ပြီး အစာရှာတဲ့သားရဲကောင်တွေ….
…သြော်……
……ည၁၁နာရီထိုးသောအခါ….
….ချွတ်….ဂျွတ်……ဗျစ်….
…ဖရော…….ဝေါ…..
….ဆရာ…..ကြီး
…ပြော……
…အောက်….အောက်မှာ….အကောင်ရှည်ကြီးတွေ…..အများကြီးပဲ….
…စောထူးပြောသဖြင့် ၄ယောက်သား အောက်ငုံ့ကြည့်လိုက်ကြသည်…
…..ဟင်….ဘာကောင်တွေလဲ
…ဆရာဒေဝပင် အံ့သြသွားသည်…
…မင်းတို့သုံးယောက် စားပြီးသား အတိုအစတွေကို သေသေချာချာစုပြီးမြေမြှုတ်ခိုင်းခဲတာ မမြှုတ်ဘူးမို့လား
….ဟုတ်…မေ့သွားလို့ဆရာကြီး
…ပေးစမ်းဓာတ်မီး
…ဆရာဒေဝဟာ ဓာတ်မီးယူပြီး အောက်ကိုတချက်ထိုးကြည့်လိုက်သည်..
…ဟာ…
…ပြီးတော့ မီးကိုချက်ချင်းပြန်ပိတ်ပြီး…
…ငြိမ်ငြိမ်နေ…တယောက်မှအသံမထွက်နဲ့…
…ဟုတ်…..
….ခဏကြာတော့ အကောင်ရှည်ကြီးများဟာ ဖြေးဖြေးချင်းပြန်ထွက်ပြီးပျောက်ကွယ်သွားကြသည်….
….
…..ဟူးးးတော်သေးတယ်..
…အဲ့ဒါ ဘာကောင်တွေလဲဆရာကြီး
….အဲ့ဒါ ကင်းခြေများတွေ
..ဗျာ
…အလို
..အမလေး…
…ဟုတ်ရဲ့လားဗျာ….ကင်းခြေများက ပေါင်လုံးလောက်ရှိပါ့မလားဗျ
…သိပ်ရှိတာပေါ့..ရှိလို့လဲမြင်ရပြီလေ…ဒီတောဒီတောင်ထဲမှာ မင်းတို့ငါတို့ မသိသေးတဲ့အရာတွေအများကြီးရှိတယ်ကွ……
….ဟုတ်ကဲ့…ဆရာကြီး
…..ည၁၂..နာရီထိုးသောအခါ…..
……ရှပ်….ရှပ်……ချွတ်….ချွတ်
….“မြင့်အုံး….မြင့်အုံးရေ´´
..
…..ဟာ…..အောင်ထွေး…..
…ဆ…ဆရာကြီး…ထဦးဗျ
…အပင်အောက်မှာ အောင်ထွေးရောက်နေတယ်ဗျ…..ဒီကောင်မသေဘူး…..
…ဘာကွ……ဘယ်မှာလဲ အောင်ထွေး
…
….အောက်မှာဆရာကြီး…
…ဟေ….
….ဆရာဒေဝနှင့်အတူ စောထူးနှင့်ဘကျော်တို့ပါ အပင်အောက်ကိုတပြိုင်ထဲငုံ့ကြည့်လိုက်သည်။
….အပင်အောက်တွင် ဆတ်ခက်လို့သေသွားတဲ့ အောင်ထွေးက မီးပုံရှေ့မှာမတ်တတ်ရပ်ပြီး ဆရာဒေဝတို့ရှိရာ အပင်ပေါ်သို့မော့ကြည့်နေသည်။
….ဆရာကြီး…
…မြင့်အုန်း…
…ဘကျော်တို့ စောထူးတို့….
..ကျုပ်မသေသေးဘူးဗျ…..ဆရာကြီးတို့ဆီ မနဲအားတင်းပြီးလိုက်လာခဲ့ရတာပါ….
…ကျုပ်ဆီ ဆင်းလာခဲ့ကြပါဦး….
….ဟေးး
…အောင်…အောင်ထွေးမသေဘူးဆရာကြီး….ပျော်လိုက်တာဗျာ
…ကျုပ်တို့ အပင်အောက်ကိုဆင်းကြရအောင်……
….မဆင်းနဲ့……
…ဗျာ…..ဘာဖြစ်လို့လဲဗျ….
…ဘာမဖြစ်ဘူး….ငါကမဆင်းနဲ့ဆိုလုံးဝမဆင်းနဲ့ကွာ..
…ဟာဗျာ…..
…ဘာဖြစ်လို့လဲ….သူ့ခင်ဗျာ ကျုပ်တို့ဆီအသဲအသန် မနဲလိုက်လာရတာ…
……..
…မင်းတို့၃ယောက်လုံး..ဒီတော ဒီတောင်အကြောင်း ဘာသိလို့လဲ…..
…ဘာလဲ….ဆရာကြီးက အောင်ထွေးကို သရဲလို့ပြောချင်တာလား…..ဟိုမှာ ကျုပ်တို့နာမည်တွေကိုတဦးချင်းစီခေါ်နေတာ မကြားဘူးလားဆရာကြီး..
….ဒီမယ်မြင့်အုံး….
…တော…တောင် ဆိုတာ မာယာများတယ်…စိတ်ကိုထိန်းစမ်း….
….ဟီးးဟီးးဟီးး
…ဆရာကြီး….ပြောရက်လိုက်တာဗျာ
…ကျုပ်ကတော့ အားကိုးတကြီးနဲ့…မနဲလိုက်လာခဲ့ရတာ
…ဆရာကြီးက ကျုပ်အပေါ် ထင်ယောင်ထင်မှားနဲ့….ရက်စက်လိုက်တာဗျာ….
…အ…အီးး…
…..ဘုန်းး…..
….ဟာ….အောင်ထွေးလဲကျသွားပြီ…..
…ဒီမယ်ဆရာကြီး….
…ခင်းဗျားစကားကိုကျုပ်နားမထောင်နိုင်တော့ဘူး…..
…ခင်ဗျားရဲ့ ရုတ္တိမရှိတဲ့ အတွေးအခေါ်ကြောင့် အောင်ထွေးကို အဆုံးရှုံးမခံနိုင်ဘူး….ကဲ….ကျုပ်ဆင်းပြီဗျာ……..
…ဟာ…မြင့်အုံး…..
…မဆင်းနဲ့……ဟာ…ဒီကောင်…
….
…..ဆရာဒေဝ တားသည့်ကြားက တဇွတ်ထိုးမြင့်အုံးတယောက် စိတ်မြန်လက်မြန်ဖြင့် အပင်အောက်သို့ဆင်းသွားလေသည်….
….အပင်အောက်ကိုရောက်ခါနီး ၁၂ပေခန့်အကွာသို့ရောက်သောအခါ…..
….ဟီးးးဟီးးးး
..ဟားးးဟားးး
…လာ …လာ….မြင့်အုန်း….
…မင်းတယောက်ပဲငါ့အပေါ်သံယောဇဉ်ရှိတာ..
….ဟာ….အမလေး…….
…ဖြော….ဖရော…ဗြော
….တုံးလုံးလဲနေသော အောင်ထွေးက ချက်ချင်းကုန်းထလာပြီး မြင့်အုန်းကိုဆွဲချဘို့ကျိုးစားသည်……
…အောင်ထွေးရဲ့ပုံစံက ခုနမြင်ရသလိုမဟုတ်ပဲ တကိုယ်လုံး သွေးချင်းချင်းရဲနေသည်….ဟက်တက်ကွဲနေသောဗိုက်ထဲမှ အူများဟာ အောက်သို့ထွက်ကျနေပြီး…ခုန်ဆွဲတိုင်း ကိုယ်တွင်းကလီစာတွေတခုချင်းထွက်ကျနေသည်……
….`ပစ္´
…ဒိုင်းးဒိုင်းးဒိုင်း…
…ဖရော…ဗြော…..
….ဒက်..ဒက်..ဒက်…ဒက်…
…ဒိန်း…ဒိန်း…
……အူးးစ်…ဂါးးးဘွင်းးးဘူးးး
..ဝုန်းးးဘိုင်းးး
….ဆရာဒေဝ၏ အမိန်ပေးသံနှင့်အတူ…ဘရင်းစက်သေနတ်သံ ရိုင်ဖယ်သနတ်သံများဟာ တတောလုံးဆူညံသွားပြီး အောင်ထွေးတယောက် မီးပုံဘေးသို့ ဘိုင်းခနဲပစ်ကျပြီးငြိမ်သက်သွားလေတော့သည်။
……အမလေး….
..ေဟာဟဲ…ေဟာဟဲ……
…
….လင့်စင်ပေါ် ကြောက်အားလန့်အားနှင့်ပြန်တက်လာသော မြင့်အုံးကို ဘာကျော်နှင့်စောထူးက ဆွဲတင်လိုက်သည်။
…..တောင်း…တောင်းပန်ပါတယ်ဆရာ……
….ဟင်းးဟင်းး
…ရပါတယ်ကွာ…
…ကြုံဖူးသွားတာပေါ့…….အဲ့ဒါ ဘာကောင်လဲဆိုတာ မနက်ကျ မင်းတို့ကို ပြမယ်…..
…….___________________
…မနက်မိုးလင်းသောအခါ….
…ဟေ့…
…မြင့်အုံး…..ဘကျော်….စောထူး……
…ထတော့…..ထတော့…..မိုးလင်းပြီ…….
…ဗျာ…
…အင်းး
…အဝှါး……..
….ဟေ့ကောင်တွေ……
…မင်းတို့ညကတွေ့တဲ့ ရဲဘော်အောင်ထွေး ဆိုတာကို ကြည့်လိုက်ကြပါဦး…
….ဗျာ…
…ဟင်…
…ဟုတ်သားပဲ
…..မြင့်အုံးတို့၃ယောက်ဟာ အပင်အောက်သို့ ပြူးပျဲပြီး ငုံ့ကြည့်လိုက်သည်………….
…ဟာ…
…အမလေး…
…ဘုရား…ဘုရား…
….ကံကောင်းလို့မသာပေါ်မကုန်တာ ဗျ
….သူတို့မြင်တွေ့လိုက်သည့်အရာက
…ပေါင်တချောင်းပြတ်ပြီး ဗိုက်ပွင့်နေသော ဆတ်သေကောင်ကြီးသာ ဖြစ်ပါတော့သည်ခင်ဗျာ…………..
(ပြီးပါပြီ)
မောင်ဂေါ်လီ(ဟင်္သာတ)