မငိုပါနဲ့နန်းဒေဝီ

Posted on

မငိုပါနဲ့နန်းဒေဝီ(စ/ဆုံး)
————————
မြူခိုးတို့ဖြင့် ရစ်သိုင်းလျှက် ရှိသော ရှင်မထူး

တောင်ညိုညိုကြီးမှာ…နေဝင်ချိန်နှင့်အတူ ငြိမ်

သက်စ ပြုနေလေသည်….တောင်ခြေရွာလေး

မှာ ကရင်လူမျိုးများ နေထိုင်ပြီး…ဗမာလူမျိုးများ

လဲ..ရောနှောလဲလျှက်ရှိသည်…ထိုထဲတွင်

အင်မတန်ကို ရိုးသားပြီး..တစ်ရွာလုံးမှသမီးရှင်

များ..မျက်စိကျလောက်အောင်…အနေအေးပြီး

အလုပ်ကို…မနားမနေ..ကြိုးစားသော..လူရွယ်

လေးတစ်ဦးရှိသည်…သူ့နာမည်က..မင်းဝေ

ရုပ်ရည်လေးကလဲ ချောမောလှပပြီး..တည်ကြည်

ခန့်ငြားသောကြောင့်…ပျိုတိုင်းက အသဲစွဲဖြစ်ရ

သည်….သူကဆင်းရဲရှာတယ်…အမေနဲ့သား

နှစ်ယောက်ပဲရှိကြသည်..ဖခင်မှာ..ဆုံးပါးသွား

ခဲ့ပြီ ဖြစ်သည်… သူ့အလုပ်က…တောတောင်

တွေ ထဲမှ…အဖိုးတန်..ဆေးဖက်ဝင်..အပင်များ

ရှာဖွေရသော အလုပ်ဖြစ်သည် …….

အမေ…သား…တောင်ပေါ်သွားတော့မယ်နော်

အမေ့…အတွက် သား ထမင်ဟင်း..အကုန်ချက်

ထားခဲ့တယ်…..အေး…သားရေ…မင်းစားဖို့ရော

ပါရဲ့လား…သား..ထုပ်ပြီးပါပြီ..အမေသာ…ဂရုစိုက်

ဆေးလဲ..ကျိုထားခဲ့တယ်နော်..အမေ..သောက်

လိုက်ဦး…အေးပါကွယ်…သား..တောင်ပေါ်သွား

ရင်…အစစအရာရာ…ဂရုစိုက်နော်…ဒီတောင်ကြီး

အကြောင်းသားသိပါတယ်…..ဆောင်ရ..ရှောင်ရ

မှာတွေမမေ့နဲ့….ဟုတ်ကဲ့..အမေ..သား…သွား

တော့မယ်နော်….အညိုရောင်..ဆေးလွယ်အိပ့်

လေးကို လွယ်..စားစရာများနဲ့..ရေကိုအလုံ

အလောက်ထည့်…ဆောင်ဓားတစ်လက်နှင့် ထွက်

လာခဲ့တော့သည်……

ရှင်မထူးတောင်…တောင်ပေါ်သို့..မနက်…၁၀

နာရီဝန်းကျင်ခန့်…ရောက်ရှိ၍လာခဲ့သည်….

လက်ထဲမှာ..ဂမုန်းလေး..နှစ်ပင်ကလွဲ၍…ဘာမှ

မရသေးပါ….တောကလဲ..မျောက်အုပ်တွေ…ငှက်

တွေ…အေိာသံများနှင့်..မြိုင်လှသည်…ဒီအတိုင်း

ဆိုရင်တော့..ငါတောနက်ထဲ..ဝင်မှရတော့မှာပဲ…

ဒီအနားဝန်းကျင်က..ကိုယ့်လိုပဲ..ဆေးရှာတဲ့လူ

တွေ ရှာဖွေမှု့ကြောင့်..နည်းပါးနေပေပြီ….တောနက်

ထဲသို့..ခြေဦးလှည့်ရင်း…လမ်းတစ်လျှောက် ဆေး

ပင်များရှာဖွေရင်း အမှတ်အသားများ…ပြုလုပ်ထားခဲ့

သည်…ကိုယ်တစ်ခါမှ..မရောက်သည့်..တောနက်

ထဲသို့..ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်…

နေ့လည်…၁၂နီးပါးရှိပြီမို့….ကညင်ပင်အိုကြီး

အောက်၌..ပုဆိုးကြမ်းလေးခင်း ပါလာသော..

ထမင်းထုပ်အား ထုပ်၍ဖြေရင်း..ထုံးစံအတိုင်း

ပင့်မြှောက်ရတော့သည်…ရှင်မထူးတောင် ပေါ်၌

စောင့်ကျပ်ကြကုန်သော ပိုင်ရာဆိုင်ရာ…သမာ

ဒေဝ..နတ်ကောင်းနတ်မြတ်များ..ခင်မျာ…ထမင်း

ဦးနှင့်..စားဖွယ်ရာများဖြင့်…ပူဇော်ပသ ပါတယ်

သုံးဆောင်တော်မူကြပါ…ခင်မျာ..ဤသို့မြောက်ရ

သည်မှာ…ထုံးစံပင်ဖြစ်သည်….မမြှောက်ပဲ..မရိုမ

သေလုပ်ပါကလဲ….ကျားကြီးနှစ်ကောင်..ကိုက်

သတ်ခြင်းကို..ခံရမည်မှာမလွဲပေ…ဒါကြောင့်အမေ

က အတန်တန်မှာခြင်းဖြစ်သည်…..ခဏအကြာ၍

ထမင်းနှင့်စားသောက်ဖွယ်ရာများ…ပြန်စွန့်၍..ဗိုက်

ထဲလည်း..ဆာလှပြီမို့….အားပါးတရ စားလိုက်

တော့သည်….စားသောက်ပြီးနောက်..ပါလာသော

ဖက်ကြမ်းဆေးလိပ့်လေးအား….ဖွာရိုက်ရင်းနဲ့

ညောင်းလှပြီမို့..ခေတ္တခဏ…လှဲလျောင်နေရသည်

ကညင်ပင်..အရိပ်ကလဲကောင်းလှသည်…ကျေး

ငှက်သာရကာများ..မျောက်အုပ်များ..အော်သံက

လဲ…မြိုင်နေအာင်ကြားရသည်…ဘယ်လိုမှန်းမသိ

ပင်ပန်းတဲ့ဒဏ်ကြောင့်လား…ငိုက်မြည်လာခဲ့သည်

ထိုအခိုက်..မျောက်အုပ်နှင့်ငှက်သံများ..ရုတ်တ

ရက် တိတ်ဆိတ်သွားပြီး…သာယာငြိမ့်ညောင်းသော

သီချင်းညည်းသံသဲ့သဲ့ ကြားရသည်….သိုသော်

မျက်လုံးကဖွင့်မရ……”စုံတောမြိုင်လယ်…ပန်းပေါင်း

စုံမာလာဖူးတယ်….မြူရယ်က…မဆုံးနိုင်….မောင်

ဘုရားရယ်…..ကြွလှမ်းခဲ့ပါ…..ဒေဝီနှမ….စောင့်ခဲ့ရ

ပေါ့…..နှစ်တွေကြာညောင်းခဲ့တာပ…..တွေးလျှက်ပင်

ရူး” ပီသစွာကြားနေရသော….သီချင်းသံကြောင့်

စိတ်ထဲမယ်..ဝမ်းနည်းသလိုရှိလှသည်….စီးမြော

လိုက်ပါရင်း…အိပ့်ပျော်သွားခဲ့ပါတော့သည်…….

ဘုတ်..ဘုတ်…ဘုတ်….ကျားအမြီးသံဖြစ်သည်

ကောင်းစွာကြားနေရ၍..လန့်နိုးသွားသည်…အို…..

ကျားကြီးနှစ်ကောင်….. နည်းတဲ့ကောင်ကြီးတွေ

မဟုတ်ဘူး…စူးရှသော..မျက်လုံးများဖြင့်..ကျွ်ိန်တော်

အား..စိုက်ကြည့်နေကြသည်…တစ်ကိုယ်လုံး

ကြောက်စိတ်တို့ဖြင့်….သွေးများဆူပွက်လျှက်..

ဆက်ခနဲ..ကြုံးထပြီး..ခြေဦးတည့်ရာ..အသက်လု

ပြေးရတော့သည်…နောက်မှလဲ….ကျားကြီးနှစ်ကောင်

ထက်ကြပ်မကွာ ပြေးလိုက်လာကြသည်….ကျွန်

တော်နှင့်…မှီလုမှီငှင်ဖြစ်နေပြီ…..မောဟိုက်တဲ့ဒဏ်

ကြောင့်…မျက်စိများပြာဝေလျှက်…ခလုတ်တိုက်၍

ထိုးအလဲ…ကျားကြီးနှစ်ကောင် ကခုန်အုပ်လေ

တော့သည်…..”ဟေ့..အောင်ရှင်နဲ့. အောင်မြင်”မိန်း

ကလေး..တစ်ဦး၏အသံအားကြားလိုက်ရပြီး

ကျွန်တော်မှာ…ကျားကြီးရဲ့…ရင်ခွင်ထဲရောက်နေပြီ

ဖြစ်၍…ကြောက်စိတ်တို့ဖြင့်…… သတိလစ်မေ့မျှော

သွားခဲ့ပါတော့သည်……..

နှာခေါင်း ထဲ၌ စံပယ်ရနံ့ကို….စူးရှစွာ..ရနေ

သည်…ရေးစက်ကြသံကိုမှန်မှန်ကြားနေရခြင်း

ဖြင့်….တောထဲကျင်လည်ခဲ့တဲ့ အတွေ့အကြုံအရ

ဂူတစ်ဂူထဲရောက်ရှိနေခြင်း ဖြစ်သည်ကို ရိပ်စားမိ

လိုက်သည်…..မျက်လုံးကို အသာဖွင့်အကြည့်..

ကျွန်တော်ဘေး၌ လှပသည့် မိန်းကလေးတစ်

ယောက်…တင်ပြင်လွှဲထိုင်လျှက်…ကျွန်တော်အား

ငေးမောကြည့်နေခြင်းဖြစ်တော့သည်….မင်း…

မင်း…ဘယ်သူလဲ….သူပြုံးနေသည်… ဒီအပြုံး

တွေကို…မြင်ဖူးသလိုလိုရှိ၏…အကိုသတိရပြီလား

ညီမ…နာမည်..နန်းဒေဝီလေ…အင်းလေ..အကို

ဘယ်မှတ်မိပါတော့မလဲ….ဘဝတွေက..ခြားခဲ့ပြီပဲ

ရင်ခွင်ထဲသို့..တိုးဝင်လာလျှက်…အကိုရယ်…ညီမ

တို့ဘဝတွေ ဆိုးလိုက်တာ.. မျက်ရည်များ တစ်သွင်

သွင်စီးကျလျှက်….မိန်းကလေး…မင်းလူမှားနေပြီ

ကျုပ်..မင်းကို..မတွေ့ဘူးပါဘူး..အကိုကတော့

ဘယ်မှတ်မိပါ့မလဲ….နှစ်ပေါင်း…သုံးရာတိုင်အောင်

မမေ့နိုင်ပဲ အစွဲအလမ်း ကြီးခဲ့ရတဲ့…ဒေဝီသာ..အကို

ကို ချစ်တဲ့ဇောနဲ့ မမေ့နိုင်ခဲ့သူပါ…အခုလိုတွေ့ရဖို့

လဲ ဒေဝီ…ဖန်တီးခဲ့ရတာပါ….ညီမ..အကိုတစ်ကယ်

မသိတာပါ….အကိုပြန်ပါရစေနော်…မင်းလဲ..ဒီလို

တောနက်ထဲမှာ..အဖော်မရှိပဲ…မနေသင့်ဘူးကွ…

အကိုရယ်…နှစ်ပေါင်းသုံးရာမှ…တစ်ကြိမ်သာ..တွေ့

ခွင့်ရှိတဲ့….ဒေဝီ ဘက်ကိုငဲ့ပါဦး….ကျွန်တော်အား..

သူမသိုင်းဖက်လျှက်…တစ်သိမ့်သိမ့်ရှိုက်ငိုနေလေ

တော့သည်…ထိုအခိုက်..ကျောက်ဂူတံခါးကြီး..ပွင့်လာ

သည်……အဖိုးအိုတစ်ဦး…တောင်ဝှေ့တစ်ချောင်းဖြင့်

အနားသို့..လျှောက်လာရင်း…ကျေက်မီးတိုင်ကြီးများ

အောက်တွင် အဖိုအို၏ ဝမ်းနည်းကြေကွဲနေသော

မျက်နှာအား…ပီပြင်စွာတွေ့လိုက်ရသည်…..

သမီး…နန်းဒေဝီ…မိုက်လိုက်တာကွယ်..သမီး

ဒီလောက်အထိ…အစွဲအလမ်းကြီးရသလား..သမီး

ရဲ့….လက်အုပ်လေးချီမိုးလျှက်…အဘရယ်..သမီး

မှာ…အကို..ကို….ချစ်မိတဲ့..ဝဋ် ဒုက္ခ ကြီးလှပါတယ်

သို့ပေမဲ့…သမီး..အရမ်းတွေ့ချင်ခဲ့လို့ပါ..အဘရယ်..

သမီးကို..ခွင့်ပြုပေးပါနော်…ခက်တော့တာပဲ သမီးရယ်

ကဲ..ကဲ…..သမီး..သုံးရက်အချိန်ရမယ်…ဟုတ်ပြီလား

လူလေးမှာ…သူ့အမေရှိသေးတယ်ကွဲ့….ဝမ်းသာ

လိုက်တာအဘရယ်…..သုံးရက်ပြည့်တာနဲ့..အကိုကို

ပြန်လွှတ်ပါ့မယ်……အေး..သမီးတို့နေခဲ့ကြဦး…

အဘတရားသွားထိုင်ဦးမယ်…..ဟုတ်ကဲ့ပါ..အဘ

အဖိုးအို….ပြန်ထွက်သွားသည်….အကို…နန်းအကို

ကိုတွေ့ရတာ…အရမ်းပျော်တာပဲ….လာအကို..နန်း

တို့နေခဲ့တဲ့နေရာတွေ….လိုက်ပြမယ်…လာ….ဘာရယ်

ကြောင့်မှန်းမသိ သူခေါ်ရာနောက်သို့….လိုက်သွား

မိ၏တောင်စွန်းလေးရဲ့ဟိုဘက်…ကုန်းလေးပေါ်

မှာ…ခြုံနွယ်…ပိတ်ပေါင်တို့ဖြင့်….ဖုံးအုပ်လျှက်ရှိသော

အုတ်ဂူအပျက်နှစ်လုံးကို…..ထင်ရှားစွာတွေ့လိုက်

ရသည်….ရင်ထဲမှာဝမ်းနည်းမိသလို…ခံစားနေရ၏

အကို…အဲ့ဒါ…နန်းတို့နှစ်ယောက်ရဲ့…အုပ်ဂူတွေပဲ

ဟင်…ဟုတ်တယ်…အကို…ဖခမည်းတော်ဘုရားက

အမြတ်တော်ရှလို့…နန်းနဲ့အကို ကို အရှင်လတ်လတ်

ဂူသွင်းခံခဲ့ရတာပဲ…..နန်းတို့…သိပ့်ချစ်ခဲ့ကြတာပါ…

ဘဝတွေခြားခဲ့ပေမဲ့လဲ….နန်း…အကို ကိုတွေ့ချင်

လွန်းလို့..စောင့်နေခဲ့ရတာပါ….နန်းကိုရော..ချစ်သေး

ရဲ့လားဟင်…..ရင်ခွင်ထဲသို့…. တိုးဝင်လျှက်..သူ

ငိုနေရှာသည်..အကို..ကို…နန်းသိပ့်ချစ်တယ်…

တင်းကျပ်စွာ ဖက်တွယ်ထားရင်း…မိန်းမတွေနဲ့

ခပ်ကင်းကင်း နေလာသောကြောင့်…မိန်မချောလေး

တစ်ဦး၏ အထိအတွေ့မှာ…ကျွန်တော်လဲ..တွယ်ငြိ

နေခဲ့ပါပြီ…

နန်း…ကျွန်တော်အပေါ်….အရမ်းဂရုစိုက်ပါ

တယ်…ညဘက်တွေဆို….မအိပ့်ဘူး..ကျွန်တော်

လက်မောင်းပေါ် ကျွန်တော်အား…ငေးကြည့်ရင်း

ညတွေကို..မိုးလင်းစေခဲ့ပါတယ်…ဒီလိုနဲ့ သုံးရက်

ပြည့်ခဲ့ပြီလေ…မနက်ထဲက….နန်း…ငိုနေတာမတိတ်

နိုင်ပါ….နန်းရင်တွေကွဲကျေ…ရဦးမယ်..အကိုရယ်…

အကိုလဲ…ရင်ထဲမှာ ဆိုနင့်နေအောင်ခံစားရပါတယ်

ကျွန်တော်ပါးပြင်ပေါ်သို့…မျက်ရည်စများ..စီးကျနေ

ခဲ့သည်…..မငိုပါနဲ့ အကိုရယ်…….နန်းကြောင့်မျက်ရည်

မကျပါနဲ့နော်….ရော့ဒီလက်စွပ်လေးကိုယူထား

နန်းကို..သတိရတဲ့အခါတိုင်း..အိပ့်ခါနီးကျရင်..

လက်စွပ်လေးကိုင်ပြီး အကိုတမ်းတလိုက်တာနဲ့

နန်း အကို….အိမ်မက်ထဲကို…ရောက်လာခဲ့မယ်

….အကို..ကို..နန်းသိပ့်ချစ်တယ်……မငိုပါနဲ့..နန်း

ရယ်..အကိုတို့တွေ…ကံမကုန်ရင်..ပြန်လည်…ဆုံ

ဆည်းကြရမှာပါနော်…..အကိုလဲံမငိုပါနဲ့..နန်း..ဒီဘ

ဝ..ကလွတ်တာနဲ့…အကိုဆီ..အပြေးလာခဲ့မယ်…

နော်…အကိုနောက်ကျနေပြီ…အကို…ဒီကျောက်

ဖျာပေါ်မှလှဲလိုက်နော်…….ကျောက်ဖျာကြီးပေါ်

လှဲလိုက်ရင်း….နန်း၏…ရှိုက်သံသဲ့သဲ့အား…ကြား

ရတစ်ချက်..မကြားရ..တစ်ချက်…နားထဲလူသံ

တွေကြားနေရသည်……သား..သားသတိရပြီလား

မင်းဝေ..သတိရပြီဟေ့…ရုတ်ရုတ်သဲသဲဖြစ်နေသော

လူများတစ်ယောက်…တစ်ပေါက်ဖြစ်..ဆူညံနေကြ

သည်…အမေသားဘယ်လိုဖြစ်တာလဲ…သားတောင်

ပေါ်သွားတာ…သုံးရက်ရှိပြီ…ပြန်မလာလို့…ရွာထဲက

မုဆိုးကြီး ဦးကောင်းနဲ့ရွာသားတွေခေါ်ပြီး….အမေလိုက်

ရှာတာ..တောစပ်နားမှာပဲ..သားသတိလစ်နေတာ….

နန်း….နန်း…လက်ထဲသို့..အလျှင်အမြန်ကြည့်လိုက်

တော့…လက်စွပ်လေး…ရှိလို့နေလေသည်..တောင်

ညိုညိုသို့…ငေးမောကြည့်ရင်….မငိုပါနဲ့ …နန်းရယ်..

အကိုသက်ဆုံးတိုင်..ချစ်နေပါ့မယ်…

ဝင်လုစဲ နေမင်းကြောင့် ရှင်မထူးတောင်ကြီးလဲ

မြူခိုးတို့ကြားမှာ ဝိုးတဝါးနှုတ်ဆက်လို့ နေပါ

တော့သည်…

ဆက်လက်ကြိုးစားပါဦးမည်….#လေလွင့်လူ
24.3.2020