လေကိုဆန်၍ပျံသောငှက်ငယ်(စ/ဆုံး)
————————————-
မြို့ထဲက ပလာဇာတစ်ခုအရှေ့ လူများ ဝိုင်းအုံ
လျှက်
….ဟဲ့…..ဟိုမှာ….နန်းစုသွယ်…..ကြော်ငြာရိုတ်နေ
တယ်တဲ့….လာ….ငါတို့…အမှတ်တရလက်မှတ်….
…..သွားထိုးခိုင်းရအောင်…..
ကောင်မလေးနှစ်ယောက် တီးတိုးပြောရင်း လူအုပ်
ရှိရာသို့ တိုးဝင်သွား၏
မော်ဒယ်ဘဝမှာ နန်းစုသွယ်ဆိုရင် မသိသူက ခပ်ရှား
ရှားဖြစ်အောင် သူ့ရဲ့နာမည်က ကျော်ကြားလှသည်
ပလာဇာမှာ ကြော်ငြာတစ်ခု လာရိုတ်ရင်းနဲ့မို့
လူများ တစ်ယောက်ပြီးတစ်ယောက် အမှတ်တရ
လက်မှတ်ထိုးကြ အတူတွဲပြီး ဓာတ်ပုံရိုတ်ကြနဲ့ နန်းစု
တစ်ယောက် အတော်ပင် မွန်းကြပ်ပင်ပန်းလှပြီ
ကောင်လေးနှစ်ယောက်နဲ့ သူမ အမှတ်တရ ဓာတ်ပုံ
တွဲရိုတ်အပြီး လူအုပ်ကြားထဲမှ စာအုပ်အနက်ရောင်
လေးတစ်အုပ် သူမထံ တိုးထွက်လာခဲ့ သူမလှမ်းယူ
လိုက်ပြီး လက်မှတ်ထိုးပေးရန် စာအုပ်လေးကို လှန်
လိုကျစဥျ……
…..ဟင်….ကို…..ကိုကို……
စာအုပ်လေးထဲမှာတော့ ကဗျာလေးတစ်ပုဒ်
အချိန်ကလတစ်ခုကြောင့် ခပ်နွမ်းနွမ်းပင်ဖြစ်နေပြီ
နန်းစုသွယ် ပါးပြင်မှ မျက်ရည်ဥလေးများ စာအုပ်
လေးအပေါ်သို့ စီးကြလျှက် လူအုပ်ကြားထဲမှ
စာအုပ်ပိုင်ရှင်ကို သူမမျက်ရည်များဖြင့် အရူးတစ်
ယောက်လို လိုက်ရှာနေပေမယ့် တွေ့ချင်သူအား
အရိပ်အယောင်ပင် မမြင်ရတော့ပေ
===================
….ဂျိမ်း…..ဂျိမ်း……ဝေါ…..
ညသည် မိုးများသည်ထန်စွာ ရွာနေခြင်းကြောင့်
အေးစိမ့်စိမ့်ရှိလှသည် တစ်ခါတစ်ရံ ပြင်တင်းပေါက်
မှ လျှပ်ပန်းလျှပ်နွယ်များ ဖြာလင်းသွားပြီး မိုးခြိမ်း
သံများက ပတ်ဝန်းကျင်အား ဖုံးလွှမ်းနေ၏
မီးရောင် မှိန်မှိန်အောက် အိပ်မပျော်သူ နန်းစုသွယ်
တစ်ယောက် နေ့လည်က သူမ ရခဲ့သောစာအုပ်အနက်
ရောင်လေးကို ကြည့်ရင်း မျက်ရည်များက ခေါင်းအုံး
လေးအပေါ်သို့ တစ်ဖောက်ဖောက် ကြွေကြလျှက်
💙 သော်တာလမင်း ထိန်ထိန်လင်းလည်း
💙မငြင်းပယ်သာ သူ့မျက်နာအား မမှီနိုင်
💙ဥသြသံကြူး သံသာစူးလည်း
💙သူ့စကားသံအား မလွမ်းမိုးနိုင်
💙ကြည်မြအေးချမ်း စမ်းရေလမ်းလည်း
💙သူ့ရဲ့မေတ္တာ ပေးစွမ်းခြင်းအားရှုံးရပြန်၏
စိုင်းကိုလွင်(ချစ်ထံသို့)
စာမျက်နှာပေါ်မှ ကဗျာလေးကို အကြိမ်ကြိမ်ဖတ်ရင်း
နန်းစုအသည်းတွေ ကြွေလုမတတ် ခံစားရသည်
ဒီကဗျာလေးက တတိယနှစ် ကျောင်းသားဘဝမှာ
ကိုကို နန်းစုကို ပေးခဲ့တာ ဖြစ်ပျက်သမျှတို့သည်
မနေ့တနေ့ကလို မေ့နိုင်ဖွယ်ရာမရှိ ကဗျာလေးကို
ကိုကိုလာပေးတဲ့နေ့က အခုလို မိုးတွေ တအားရွာနေ
တဲ့အချိန်ပေါ့ နန်းစုသွယ် အတွေးများ လွန်ခဲ့သော
သုံးနှစ်ခန့်သို့ ပြန်လည်စီးစင်းသွားတော့သည်
အတန်းချိန်ပြီး၍ ကျောင်သူကျောင်းသားများ
ကိုယ်စီ အလျှိုလျှိုဖြင့် ပြန်နေကြသော အချိန်ဖြစ်
သည်
…..ဟဲ့…နန်းစု….ဟိုမှာ…..နင့်ရဲ့အချစ်တော်ကြီး……
….နင့်ကိုစောင့်နေတာဖြစ်မယ်…..ငါတို့သွားပြီဟေ့….
သူငယ်ချင်းများ ညွှန်ပြရာ ကားပါကင်အနားသို့
လှမ်းကြည့်လိုက်တော့ နန်းစုကားလေးရဲ့ မလှမ်း
မကမ်းမှာ ကိုကို မိုးရေထဲ ရပ်စောင့်နေတာကို မြင်
လိုက်ရတယ်ဆိုရင်ပဲ နန်းစုအပြေးအလွှားဖြင့်
ထီးလေး မိုးပေးလိုက်၏
….အကို…..ဘာလုပ်နေတာလဲ….ဒီလောက်မိုးတွေ
ရွာနေတာကို….
စိုးရိမ်စိတ်အပြည့်ဖြင့် ပြောလာသော နန်းစုရဲ့ ဂရုဏာ
ဒေါသလေးအား သူကျေနပ်သွားပုံရသည်
ပါးချိုင့်လေးများပင် ပေါ် အောင်ပြုံးလျှက် တုန်တုန်
ယင်ယင်ဖြင့်
….နန်း…..နန်းကို….စောင့်နေတာပါ……ဟို….ဟိုလေ…
….ဒီစာအုပ်ပေးချင်တာရယ်….ပြီး….ပြီးတော့……
….မနေ့က….ကျွန်တော်…..နန်းကိုပြောထားတာလေး..
….နန်း….နန်းစီကအဖြေကို…..သိ……သိချင်လို့ပါ…..
မနေ့က ကန်တင်းအနားက ခရေပင်ကြီးအောက်မှာ
နန်းကို ကိုကိုချစ်ခွင့်ပန်ခဲ့သည်ကို သတိရလျှက်
ရှက်စိတ်တို့ဖြင့် မျက်လွှာလေးချခါ တစ်ကယ်
တော့ ကိုကိုလို စာကြိုးစား ကိုယ်ကျင့်တရားလဲ
ကောင်းပြီး ရုပ်ရည်ကလဲ တည်ကြည်ခန့့်ငြားသူ
အနေအေးသူကို ကျောင်းက ကောင်မလေးတစ်ချို့
စိတ်ဝင်စား ရေလာမြောင်းပေး လုပ်ကြသည်ကို
မိန်းမသားခြင်းမို့ နန်းစုသိပါသည် ထိုအထဲမှာ နန်းစု
တစ်ယောက်လဲ ကိုကိုအပေါ် တိမ်းညွတ်နေခဲ့၏
အခုလို ကိုကိုလာပြောထဲက တစ်ညလုံးအိပ်မရ
ရင်တွေခုန်ရင်း အပျော်လွန်နေခဲ့ရသည် အဖြေက
ရင်ထဲမှာ ရှိနေပြီးသားဆိုပေမဲ့ ချက်ခြင်း အဖြေပြန်
ပေးလိုက်လျှင် ကိုကိုအထင်သေးမှာ စိုးလို့ တင်းထား
လိုက်ခြင်းသာဖြစ်၏
….နန်း….နန်း….
….ရှင်….ရှင်…..
နန်းစုမည်မျှ အတွေးနယ်ကျွံနေလဲမသိ ကိုကိုက
ခေါ်လိုက်တော့မှ အသိဝင်လာကာ ပို၍ ရှက်စိတ်ပို
သွားရပါတော့သည်
…..ဘယ်….ဘယ်လိုလဲ….ပြောပါဦးနန်းရယ်…..
နန်းစု ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့
မိုးများ သည်းထန်စွာ ရွာနေခြင်းကြောင့် လူအနည်း
ငယ်မျှသာသွားလာနေပြီး ရှင်းနေပါသည်
…..ဟိုလေ…..မနက်ဖြန်ကြမှ….ပြောလို့မရဘူးလား….
သူမျက်နှာလေး ငြိုးငယ်လျှက် ဘာမှ ပြန်မပြေပေ
နန်းစု သူ့မျက်နှာ ငြိုးနေတာကို မမြင်ရက်နိုင်ပါ
…ကဲ….မျက်နှာကြီးက…..ဘာဖြစ်နေတာလဲ….
….ပြောပါ့မယ်…….သေခြာနားထောင်နော်….
….နန်း….နန်းလည်း…အကို…..ကို….ချစ်တယ်….
….ဟိဟိ………
နန်းစု စကားဆုံးသည်နှင့် ကိုကို ပြုံးပျော်လျှက်
ထီးလေးအောက်မှ မိုးရေထဲသို့ထွက်ခါ
…..ရက်စ်…..ပျော်လိုက်တာ….နန်းရယ်….ကိုယ်အရမ်း
ပျော်တာပဲ…..
ကလေးတစ်ယောက်လို ပျော်ရွှင်မြူးတူးနေသော
ကိုကိုအားကြည့်ရင်း နန်းစုရင်ထဲ ချစ်စိတ်တို့ပိုမိလာ
ပါတော့သည်
….ကဲရော့….ဒါက….ကိုယ်ချစ်အတွက်….ရေးထားတဲ့
….ကဗျာစာအုပ်လေး….အမြဲသိမ်းထားနော်…..
….ဟုတ်….ကိုကို….
ကိုကိုဆိုသော ခေါ်သံလေးသည် သူ့နားထဲ ချို့စိမ့်
လျှက် အပြုံးကြီးပြုံးကာ နန်းစုခန္ဓကိုယ်လေးအား
သူ့ရင်ခွင်ထဲသို့ ခိုမှီထွေးပွေ့ ထားပါတော့သည်
ထီးကလေးအောက် ရင်ခုန်သံများ ဆူညံ့လျှက် ထိုနေ့
လေးအား ဘယ်တော့မှ မေ့နိုင်မည် မဟုတ်တော့ပေ
ချစ်သူတွေအဖြစ် ရောက်ရှိခဲ့ပြီးနောက် ကိုကိုက
ထင်ထားတာထက် နန်စုအပေါ် ဂရုတစိုက်နဲ့ အမြဲ
လိိုလို စိတ်ရှည်သည်းခံပြီး ချစ်ခဲ့ပါသည် ထိုကြောင့်
နန်းစု လူရွေးမှန်သွားပြီဆိုတာကို အကြွင်းမဲ့ ယုံကြည်
လျှက် ကိုကိုအပေါ် ဆထက်တပိုး ချစ်ခဲ့မိသည်
ကိုကိုက တွံတေးမြို့ဇာတိဖြစ်ပြီး မိသားစုကလဲ
မပြည့်စုံရှာပါဘူး အဆောင်နေရင်း ကျောင်းလဲတတ်
ပွဲရုံမှာလည်း စရင်းကိုင်အလုပ်ကို
လုပ်ကိုင်သည်မို့ ပင်ပန်းနေမှာ အမှန်ပင် ဒါပေမဲ့
ကိုကိုက မရှိမာနတော့ တစ်ပြားသားမှ မချတတ်သူ
တစ်ယောက် ဖြစ်၏
ကိုကိုတစ်ယောက် လွယ်အိတ် အပြာရောင်လေး
လွယ်လျှက် ကျောင်းပေါက်ဝမှ အထွက် နန်းစု
ကားလေး ကိုကိုအနောက်မှ မောင်းလာရင်း
ကိုကို ကို စချင်သောကြောင့် သူ့နားအရောက်
ကားလေးအား ဟွန်းတီးကာထိုးရပ်လိုက်သည်
…..တီးးးး….ကွှီးးးး….
….အမလေး….
….ဟား…..ဟား…ဟား….
ကိုကို ဘေးသို့ လန့်ပြီး ခုန်လိုက်ပုံက ပုံပျက်ပန်းပျက်
မို့ နန်းစု အရမ်းသဘောကြခါ ရယ်လိုက်ခြင်းပင် ဖြစ်
သည်
…..ဟာ…ချစ်ရယ်….လန့်သွားတာပဲကွာ….ကျွတ်…..
….ကိုကိုလာလေ…ကားပေါ်တတ်….ချစ်….လိုက်ပို့ပေး
မယ်….
ကားပေါ်မှ ကိုကိုအား လိုက်ပို့ရန် ကားပေါ်တတ်ခိုင်း
လိုက်၏
….နေပါစေချစ်ရယ်….ကိုကို..ဘက်စ်ကားနဲ့ပဲ…ပြန်ပါ့
မယ်…..
နန်းစု မျက်မှောင်ကြုံ့သွားပြီး
…..ကိုကိုနော်….မရဘူး..ကားပေါ်တတ်လို့….
ကိုကို ပတ်ဝန်းကျင်အား လိုက်ကြည့်နေပြီး
တဇွတ်ထိုးလုပ်တတ်သော နန်းစုအကြောင်းကို
သိနေသူမို့ နန်းစုရှိရာ ကားတံခါးအနားသို့ ကပ်ခါ
….ကိုကိုက….ဘက်စ်ကားနဲ့…သွားနေကြပါ…ချစ်ရဲ့..
…ဘက်စ်ကားနဲ့ပဲ….ပြန်လိုက်ပါ့မယ်နော်…..ချစ်က
လိမ္မာပါတယ်ကွယ်….နော်….
နန်းစု ကလေးတစ်ယောက်လို နှုတ်ခမ်းစူနေပြီး
……ကိုကိုကားပေါ်တတ်နော်….မတတ်ရင်….ဟိုအရှေ့
က သစ်ပင်ကို….ချစ်ဝင်တိုက်ပစ်မှာ….ချစ်အကြောင်း
ကိုကိုသိပါတယ်…..
ကိုကို ပြောမရမှန်း သိနေသည့်အဆုံး
…ဟူးး…..ဒီကောင်မလေးနဲ့တော့…..ခက်ပါတယ်….
…..ကဲ….ဒါဆိုဒီလိုလုပ်….ကိုကို ကို ….အိမ်ထိတော့….
မပို့နဲ့ ….ဘက်စ်ကားဂိတ်ထိတော့….ပို့ပေး….ကျေနပ်
ပြီလား….
…ဟုတ်ကဲ့…ကိုကို….ဟီးး…..
နန်းစု ပျော်ရွှင်သွားသည်ကို ကြည့်ပြီး ခေါင်းလေးကို
ပုတ်ခါ ကားထဲသို့ ဝင်လာခဲ့ပါတော့သည် ကိုကိုက
အရမ်း အရှက်အကြောက်ကြီးသူ ဖြစ်ပြီး တစ်ခါတစ်
လေ ကိုကို ရှက်တတ်မှန်းသိလို့ နန်းစု လူကြားထဲ
ရောက်တာနဲ့ ကိုကို ပါးကို နမ်းပြီး ထွက်ပြေးသည့်ခါ
ကိုကိုရှက်နေသည့် ပုံစံလေးအား သဘောကြနေမိ
သည် သူများတွေလို တည်းခိုခန်း ဟိုတယ် သွားဖို့
ဆိုရင်တော့ နန်းစု ကိုယ်တိုင် ဆွဲခေါ်မှသာ ရလိမ့်မည်
ဒါကြောင့်လဲ ကိုကိုအပေါ် အပြည့်အဝ ယုံကြည်စိတ်
ချထားရသည်မို့ နန်းစုအတွက် ကျေနပ်ပီတိများ
ဖြစ်ခဲ့ရပါသည်
ဒီနေ့ ကိုကို ကျောင်းကိုလာတာ နည်းနည်းနောက်ကြ
နေသည်မို့ နန်းစု လည်ပင်းများ မျှော်ရလွန်းလို့ ရှည်
ထွက်လာတော့မည်
….နန်းစု….ဟိုမှာ….နင့့်လူလာပြီဟ….
အတူထိုင်စောင့်ပေးနေသော သူငယ်ချင်းများမှ
လာပြီဟု ရုတ်တရက်ပြောသံကြောင့် နန်းစု ကျောင်း
ပေါက်ဝဆီသို့ လှမ်းကြည့်လိုက်မိသည်
….ဟင်….ကိုကို….
ကိုကိုခြေထောက်တစ်ဖက် ထောက်ကြွထောက်ကြွ
ဖြင့် အားယူကာလျှောက်ခါ ကျောင်းထဲသို့ ဝင်လာ၏
နန်းစုရင်ထဲ စိုးထိတ်လျှက် အပြေးလေး သွားတွဲခေါ်
မိသည်
….ကိုကို…ဒါက…..ဘာဖြစ်တာလဲ…..
နန်းစုပြာပြာသလဲဖြင့် မေးတော့မှ
……ဘာမှ….မဖြစ်ပါဘူးချစ်ရဲ့….ခြေထောက်ကို…..
….ညှောင့်စူးတာပါ….ဘာမှမဖြစ်ဘူးနော်…..
ကိုကိုက ပြောရင်းနဲ့ လွယ်အိတ်လေးထဲမှ အပြာရောင်
သစ်ခွ ပန်းလေးများကို ထုတ်ခါ နန်းစုဆီသို့ ကမ်းပေး
လာသည် နန်းစုက သစ်ခွအရမ်းကြိုက်တတ်တာကို
ကိုကို သိနေသောကြောင့်ပင် ဖြစ်၏
…..ကိုကို…..ခြေထောက်ကဒဏ်ရာက….ပန်းခူးရင်း….
…..ရတာမဟုတ်လား…..ချစ်ကို….မညာနဲ့နော်…
ကိုကို ခေါင်းကုတ်နေပြီ ခဏနေတော့ အပြုံးလေးဖြင့်
….ဟုတ်…ဟုတ်တယ်ချစ်ရဲ့….အပင်ပေါ်တတ်တုန်းက
ကိုကို…..ဘာမှမဖြစ်ပါဘူး….ပြန်အဆင်းမှာ……..
ဖြစ်တာ…..ကောင်းသွားမှာပါ….စိတ်မပူနဲ့နော်ချစ်….
….အဟင့်….ဟင့့်…..ဟင့့်…..
…..ဟာ….ချစ်…..ဘာလို့ငိုတာလဲ…..မငိုရဘူးလေ…..
….ဟိုမှာ….လူတွေဝိုင်းကြည့်နေပြီ…..မငိုနဲ့နော်……
နန်းစု ငိုတော့ ကိုကိုပြာယာခတ်နေပြီး မျက်နှာမှ
မျက်ရည်များကို သုတ်ပေးရင်း ချော့နေလေသည်
….ကိုကိုသာတစ်ခုခုဖြစ်ရင်…..ချစ်သေမှာ….အဲ့ဒါ….
…..ကိုကိုသိရဲ့လား…..
ကိုကို နန်းစုရဲ့ ခေါင်းလေးအား ကလေးတစ်ယောက်
သဖွယ် ပွတ်သပ်လိုက်ရင်း
….ဟုတ်ပါပြီ…ကိုကိုချစ်ဆုံးရယ်….နောက်တစ်ခါ….
….ကိုကို….မခူးတော့ဘူးနော်…..
…..တစ်ကယ်နော်….
ကိုကို ပါးချိုင့်လေးများပေါ်အောင် ပြုံးလိုက်ပြီး
…တစ်ကယ်ပါဗျာ…..နောက်မခူးတော့ဘူးနော်….
နန်းစု ကလေးတစ်ယောက်လို ကိုကိုအနားကပ်ခါ
…..ပြီးရော….နောက်မခူးနဲ့တော့…လာ….အတန်း
တတ်ရတော့မယ်…..
ကိုကိုအား တစ်ဖက်တွဲပေးရင်း အတန်းတတ်ခဲ့သည်
အတန်းချိန်ပြီးလို့ ကိုယ်စီပြန်ကြတော့ နန်းစု
ကိုကိုအတန်းရှေ့က သွားစောင့်နေခဲ့သည် မကြာပါ
ဘူး ကိုကိုအတန်းထဲက ထွက်လာသည်
….ဟာ….ချစ်ဆုံးလေး….မပြန်သေးဘူးလာ…..
နန်းစုကိုကိုရဲ့ လက်မောင်းတစ်ဖက်အား တွဲကူရင်း
….မပြန်ပါဘူး….ဒီနေ့….ကိုကို ကို…လိုက်ပို့ပေးမလို့…
….ငြင်းဖို့မကြိုးစားနဲ့နော်….လိုက်မပို့ရရင်….
……ချစ်တစ်ခုခုလုပ်ပစ်မှာ…..
ကိုကို သဘောကြဟန်ဖြင့် ဟန်ပါပါရယ်လိုက်ပြီး
….ကိုကိုချစ်ဆုံးကတော့….ဇွတ်ပဲဟေ့….ချစ်ရယ်….
…..ချစ်တို့က….ရွှေပေါ်မြတင်…..ရွှေမင်းသမီးလေး
လေ….ကိုကိုတို့အိမ်က….ဆင်းရဲတယ်…..ချစ်ဆုံး…..
…..ကိုကိုတို့အိမ်လိုက်ဖို့…..အဆင်ပြေမှာ…မှာမဟုတ်
ပါဘူးကွာ….
…..ကိုကို…..
နန်းစုရဲ့ ဒေါသသံဖြင့် ခေါ်သံကြောင့် ကိုကို
မျက်နှာလေး ငြိုးငယ်လျှက်
….ဗျာ….
…ချစ်လိုက်ပို့မယ်လို့….ပြောပြီးပြီနော်….မရဘူး…
….လာကားပေါ်တတ်…
နန်းစုအတင်းတတ်ခိုင်းတော့ ကိုကိုလဲ မငြင်းသာ
တော့သဖြင့် ကုပ်ကုပ်လေး ကားပေါ်တတ်လိုက်တော့
သည်
ကားလေးသည် လှိုင်သာယာဘက်မှ ပတ်ခါ
ကိုကိုတို့နေထိုင်ရာ တွံတေးမြို့အပိုင်လေးသို့ ဝင်လာ
ခဲ့သည်
…..ချစ်ညာဘက်ကိုကွေ့လိုက်…..
ကိုကိုပြောသည့့်အတိုင်း နန်းစုမောင်းလာခဲ့ရင်း
…ဟိုရှေ့က…မြင်နေရတဲ့အိမ်လေးက….ကိုကိုအိမ်ပဲ….
နန်းစု ကားလေးကို အရှိန်လျှော့ခါ ကိုကိုတို့အိမ်နဲ့
မလှမ်းမကမ်း ကွန်ကရစ်လမ်းဘေးမှာ ရပ်လိုက်၏
ကိုကိုကားပေါ်မှ ဆင်းပြီး နန်းစုဘက် တံခါးကိုဖွင့်ခါ
လက်ကလေးကို လှမ်းကမ်းပေးသည် ကိုကိုရဲ့
လက်မောင်းတစ်ဘက်ကို ကိုင်လျှက် ကိုကိုကျောပြင်
နှင့်ကွယ်ခါ လိုက်ခဲ့ပါတော့သည်
….အမေ……အမေ့….
ကိုကိုခေါ်တော့ မီးဖိုချောင်ထဲမှ ကိုကိုအမေထွက်လာ
ပြီး
….ဟဲ့…..ငါ့သား….ဘာဖြစ်လာတာတုန်း…..
…ဧည့်သည်ပါလာတယ်….အမေရဲ့….ဒီမှာလေ…
…..သားအမြဲပြောပြောနေတဲ့…….အမေ့ချွေးမ….
…ဟာ…..ကိုကို….ဘယ်လိုဖြစ်နေတာလဲ….လူကြီး
အရှေ့မှာ….
နန်းစုရှက်သွားပုံကိုကြည့်ရင်း ကိုကိုတို့သားအမိ
ရယ်မောကြလေတော့သည်
….ကဲ….လာပါ…ငါ့သမီးရယ်….သမီးအကြောင်း
က…..အမေ့နားထဲ….နားရည်ဝနေပါပြီ….သားက…
….မကြာခဏပြောပြတယ်လေ….ကဲ….လာ…
ဝါးကြမ်းပြင်ပေါ်သို့ ဖျာလေးတစ်ချပ်ခင်းကာ နန်းစု
အား ထိုင်စေသည် ပကာသနမပါဘူး ဆိုပေမဲ့ ကိုကို
တို့ရဲ့ အိမ်လေးက မေတ္တာရိပ်တွေနဲ့လွှမ်းခြုံရင်း
အေးချမ်းလို့နေပါတယ် ကိုကိုကတော့ နန်းစုကို
အားနာနေသော အမူအယာဖြင့် အနားမှာ လာထိုင်
ပေးတော့ နန်းစု ကိုကိုလက်ကလေးအား ဆုပ်ကိုင်
ထားလိုက်ပါသည် ကိုကိုရဲ့ မေမေချက်ကြွေးသော
ငါးဟင်းနှင့် နန်းစုတို့ ပျော်ပျော်ပါးပါး ထမင်းတွေ
စားခဲ့ကြသည် ထို့နေလေးကတော့ နန်းစုအတွက်
အမြဲအမှတ်ရနေမယ့် နေ့လေးတစ်နေ့ပါပဲ ကိုကိုရဲ့
ပကတိ ရိုးရိုးရှင်းရှင်း နေထိုင်တတ်သော စရိုတ်လေး
က နန်းစုအတွက် ဘာကိုမှ မလိုအပ်တော့အောင်
ပြည့်စုံနေခဲ့ပြီးပဲမဟုတ်လား
===============
……ဘာ…..ဖေဖေ….ဘာလို့….အာ့လိုသွားပြော
ရတာလဲ…..ဖေဖေမတရားဘူး…..
တိတ်ဆိတ်နေသော အခန်းထဲဝယ် နန်းစု၏ ငိုရှိုက်သံ
သည် ပျန့်လွင့်လျှက်
….ဟုတ်တယ်သမီး….အဲ့ဒီကောင်လေးနဲ့….ငါ့သမီး
အကြောင်းကို….အဖေစုံစမ်းနေတာကြာပြီ….အခုငါ့
သမီးက….အဲ့ဒီဝါးကြမ်းခင်းထားတဲ့….အိမ်ပေါ်ကို
တောင်…..ရောက်ခဲ့ပြီမဟုတ်လား….ဒီမှာငါ့သမီး…
…..ကိုယ်နဲ့တူရာတန်ရာကို….ရှာစမ်းပါ….နောက်ပြီး
သမီးက….ပညာသင်ရမယ့်အရွယ်….ဒါကြောင့်….
…သမီးရဲ့ကောင်လေးကို….သမီးနဲ့မပတ်သက်ဖို့…
ဖေဖေသွားပြောခဲ့တာ….မှန်တယ်လို့….ယူဆတယ်….
နန်းစု ဘာမှပြန်ပြောပဲ မျက်နှာကို လက်နှစ်ဖက်ဖြင့်
အုပ်ခါ ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်
ကိုကိုအကြောင်းကို နန်းစုကောင်းကောင်းသိသည်
ကိုကိုက သိပ်ပြီး အရှက်အကြောက်ကြီးတာ အခု
လောက်ဆိုရင် ကိုကို အတော်ခံစားနေရလောက်ပါပြီ
ဒါ့ကြောင့် ကိုကို ကျောင်းကိုမလာတာ သုံးရက်ရှိနေ
နေပြီလေ မသင်္ကာလို့ စုံစမ်းကြည့်တော့ ဖေဖေနဲ့
ကိုကိုတို့ စကားပြောခဲ့ကြတာကို နန်းစုသိခဲ့ရတယ်
ဒီလောက်ဆို နန်းစု သဘောပေါက်ပါတယ်လေ
ကိုကိုနန်းစုကို ထားသွားလောက်ပါပြီ
အဲ့ဒီနောက်ပိုင်း နန်းစု ကိုကိုရှိတာ အိမ်လေးသို့ မကြာ
ခဏ သွားကြည့်ခဲ့ပေမယ့့် အိမ်လေးသာ အိုဟောင်း
ပြီး ခြုံနွယ်တွေ တတ်လာခဲ့တယ် ကိုကိုတို့ သားအမိ
ကို ရှာမတွေ့တော့ပါ နန်းစု ကိုယ်ဝါသနာပါတဲ့
မော်ဒယ်အလုပ်ကို လုပ်ကိုင်ရင်း အောင်မြင်လာသည်
နှင့်အမျှ ကိုကိုသာအနားမှာရှိရင်ဆိုတဲ့ အတွေးနဲ့
တစ်နေ့မှ မေ့မရခဲ့ပါဘူး အခုဆို သုံးနှစ်တောင်ပြည့်
ခဲ့ပြီ မဟုတ်ပါလား
…..ဂျိမ်း….ဂျလိန်း….ဝေါ……ဝေါ…..
နန်းစုအတွေးတွေ မည်မျှနယ်ကျွံနေသည်မသိ ရုတ်တ
ရက် မိုးခြိမ်းသံ ကြားလိုက်ရတော့မှ လန့့်ခါ အသိ
ဝင်လာခဲ့သည် စာအုပ်အမဲလေးအပေါ် မျက်ရည်စ
တို့ ရွှဲစိုလျှက် မိုးစက်မိုးပေါက်တို့ တိုးတိုက်နေသော
ပြတင်းပေါက် မှန်တံခါးဆီသို့ နန်းစု အာရုံဏ်ရောက်
သွားသည့်အခိုက်
…..ဟင်…..ကို….ကိုကို…..
မှန်တံခါးဆီမှ လှမ်းမြင်လိုက်ရသည်ည်က မိုးရေထဲ
ခြံတံခါးဝမှာ တံခါးသံတိုင်များကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားရင်း နန်းစုရှိရာသို့ ငြိုးငယ်သော မျက်နှာ
လေးဖြင့် ဝိုးတဝါးလှမ်းမြင်နေရခြင်းပင် ဖြစ်သည်
နန်းစု စာအုပ်လေးကို ပစ်ချခဲ့ကာ ကိုကိုရှိရာ တံခါးဆီ
သို့ ပြေးထွက်သွားမိသည်
…..ကိုကို……ကိုကိုရေ…..
မည်မျှပင်ခေါ်နေသောလဲ ကိုကိုအရိပ်အယောင်ပင်
မမြင်ရတော့ပါ ဟိုဟိုဒီဒီ လိုက်ရှာရင်း မိုးရေထဲ
ထူးထောက်ထိုင်ချလျှက် ငိုနေမိတော့သည်
ထိုနေ့ညက တော်တော်နှင့် အပေါ်ပြန်မတတ်ပဲ မိုးရေ
ထဲနေခဲ့သောကြောင့် မနက်ကြတော့ ဖျားနေပါပြီလေ
…..ချစ်…..ချစ်ဆုံးလေး….ထပါဦး……ချစ်…..
နားထဲမှာ ကိုကိုရဲ့ခေါ်သံကို ကောင်းစွာကြားနေရ
သောကြောင့် မျက်လုံးအစုံကို အားယူကာ ဖွင့်ကြည့်
မိလိုက်သည်
…..ဟင်….ကိုကို….ကိုကိုရယ်…..ဘယ်တွေရောက်နေ
တာလဲ…..ချစ်ကိုဒီအတိုင်းပဲ…..ပစ်ထားခဲ့ရသလား….
…..အဟင့်…..ဟင့့်…..ကိုကိုမကောင်းဘူး……
ကိုကိုမျက်ဝန်းမှ မျက်ရည်တို့ စီးကြလာရင်း နန်းစု
လက်လေးအား ဖွဖွလေးကိုင်ပြီး
….ချစ်ရယ်….ကိုကိုလေ…..ချစ်ကိုရဖို့အတွက်….
….တင့်တောင်းတင့်တယ်ထားနိုင်အောင်….ကိုကိုလေ
….ဖားကန့့်က…..ကျောက်တူးတဲ့သူငယ်ချင်းတွေနဲ့….
ပါသွားတာပါ…..မပြည့်စုံသေးခင်….မာနကြောင့်…..
….ကိုကိုမဆက်သွယ်ခဲ့ပေမဲ့….ကိုကိုကျောက်တူးတာ.
အောင်သွားတဲ့နေ့က…..ချစ်ဆီကိုပြန်လာဖို့…..ကိုကို
စီစဥ်ခဲ့တာ….ဒါပေမဲ့……
ကိုကိုစကားများ ခေတ္တ ရပ်တန့်သွားခဲ့သည်
….ကိုကိုပြောလေ…..ဒါပေမဲ့….ဘာဖြစ်လဲ…ပြော….
….ကိုကိုသူငယ်ချင်း….အဲ့ဒီကောင်….စိုးမင်းဆိုတဲ့
ကောင်…..ကိုကိုအပေါ်…..သစ္စာဖောက်ပြီးတော့….
….မြို့အဝင်ဆိုင်ဘုတ်ရဲ့….ညာဘက်ခြမ်းမှာ…..
….ကိုကို…..ကို…..မသေမခြင်း….ဓားနဲ့ထိုးသတ်ခဲ့တာ
….ရှင်…..ဒါ…..ဒါဆို….ကိုကိုက……
ကိုကို ခေါင်းငိုက်စိုက် ကြသွားပြီးနောက်
….ဟုတ်တယ်ချစ်….ကိုကိုလွန်ခဲ့တဲ့….ငါးရက်လောက်
က…..သေခဲ့ပြီ…..
နန်းစု ယိုင်လဲပြိုကြကာ
…မ…..မဟုတ်ဘူး….ကိုကိုမသေရဘူး….အခုမှပြန်
တွေ့ရတာလေ…..ကိုကိုရဲ့….ချစ်အနားမှာပဲနေပါနော်
…..ချစ်တောင်းပန်ပါတယ်….ကိုကိုနဲ့မခွဲနိုင်လို့ပါ….
ကိုကို နန်းစုရဲ့ လက်လေးအား တင်းကျပ်စွာ ဆုပ်ကိုင်
လိုက်ပြီးနောက်
….မဖြစ်နိုင်တော့ပါဘူးချစ်….ကိုကိုတို့က…ဘဝခြင်း
ခြားနားသွားခဲ့ပြီ….စိတ်လျှော့လိုက်ပါ…..ချစ်ဆုံးရယ်
ကိုကိုမျက်ရည်များ နန်းစုအပေါ်သို့ တစ်ဖောက်
ဖောက် ကြွေကြလျှက် နန်းစုလဲ ငိုနေရင်းက တစ်ခုခု
ကိုစဥ်းစားမိသွားသည်
….ကိုကိုရဲ့….မေမေရော…..
ကိုကိုအဝေးသို့ ငေးမောရင်းက
…..ချစ်ဖေဖေ…ကိုကိုနဲ့…စကားပြောပြီးတဲ့နောက်…..
….ကိုကိုတို့ရဲ့….ဖေဖေဇာတိဖြစ်တဲ့…..မြစ်ကြီးနားကို
…..ကိုကိုတို့သားမိ…..ပြောင်းသွားခဲ့တာ…..ဟိုရောက်
တော့…..သူငယ်ချင်းတွေနဲ့….ဖားကန့့်ဘက်မှာ……
…ကိုကိုကျောက်သွားတူးခဲ့တာ……မေမေက…နှလုံး
ရောဂါနဲ့….ရုတ်တရက်ဆုံးသွားတော့…ကိုကိုအလုပ်
ကို…..စိတ်နာနာနဲ့….ပိုကြိုးစားပြီး…လုပ်ခဲ့တာ…..
ထိုသို့ပြောပြီး ကိုကိုအနောက်သို့ ရုတ်တရက် လှည့်
ကြည့်ကာ
…..ချစ်….ကိုကိုသွားရတော့မယ်…..အစစအရာရာ…
….ဂရုစိုက်နော်….အချစ်သစ်ကိုရှာပါ….ဘဝကို…
….အကောင်းဆုံး…..ဖြတ်သန်းပါချစ်ရယ်……
နန်းစု ကိုကိုရင်ခွင်ထဲ ခေါင်းဝင်တိုးခါ
…..ဟင့့်အင်း….မရဘူး….ကိုကိုကိုပဲ….ချစ်လိုချင်
တယ်….ချစ်ကိုကိုနဲ့….မခွဲနိုင်ဘူး…..
ကိုကို သူ့ရင်ခွင်ထဲမှ နန်းစုဟာ ခွာလိုက်ရင်း
….ထင်မှတ်မထားတဲ့….ဘဝအချိုးအကွေ့တွေမှာ….
…..ဘဝမုန်တိုင်းဆိုတာ…ထန်လာတတ်ပါတယ်….
…ချစ်ရယ်…..ကိုကိုဆိုတဲ့….မုန်တိုင်းထန်ထဲ….မျောပါ
မသွားပဲ….လေကိုဆန်ပြီးသာ…ပျံသန်းပါတော့နော်…
….ကိုကိုရယ်….ချစ်မခံစားနိုင်ဘူး….
နန်းစုမျက်ရည်တွေကို ချက်ချင်းသုတ်လိုက်ပြီး
….ကိုကို….ကို….အခုလိုဖြစ်အောင်…လုပ်ခဲ့တဲ့…..
….အဲ့ဒီလူက….အခုဘယ်မှာလဲ….
ကိုကို ဒေါသကြောင့် မေးရိုးများပင်ထောင်ကာ အံကို
တင်းတင်းကြိတ်လျှက်
….အဲ့ဒီကောင်အခု…ပဲခူးက….တော်ဝင်ဆိုတဲ့….
….တည်းခိုခန်းမှာရှိတယ်….ကိုကိုပစ္စည်းတွေနဲ့အတူ
ပေါ့….ထင်ရှားတဲ့အမှတ်သားက….ဒီကောင်ရဲ့ညာ
ဘက်လက်ဖျံမှာ…”နွယ်”ဆိုတဲ့…..တတ်တူးရှိတယ်….
နန်းစု အံကိုကြိတ်ခါ တောက်တစ်ချက်ခေါက်လိုက်ပြီး
…..ချစ်သိပ်ချစ်ရတဲ့….ကိုကိုကို….ရက်ရက်စက်စက်
သတ်ခဲ့တဲ့သူကို….မကြေဘူး….ချစ်မရ..ရအောင်…..
….လက်တုန့်ပြန်မှာ….
ကိုကို ရုတ်တရက်ထလိုက်ပြီး
…..ကိုကိုသွားရတော့မယ်…..ချစ်…ကိုကိုမှာတာတွေ..
မမေ့နဲ့နော်…..စိတ်လျှော့လိုက်ပါနော်….လေကိုသာ
ဆန်ပြီး….လိုရာကိုပျံသန်းပါတော့…..
….ကိုကိုသွားတော့မယ်…
နန်းစုအား ကိုကိုကျောခိုင်းပြီး ထွက်သွားတော့ နန်းစု
ကိုကိုကျောပြင်အားကြည့်ရင်း မျက်ရည်တို့ဖြင့်သာ
ကျန်ခဲ့ရပါတော့သည်
….ကိုကို…..
……သမီးလေး…..သမီးလေး…..
နန်းစု မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ
ဖေဖေနဲ့ ဆရာဝန်တစ်ချို့ကို တွေရလေသည်
နန်းစု ဆေးရုံရောက်နေတာပဲ ဘယ်သူ့ကိုမှ စကား
မပြောပဲ တစ်ဖက်လှည့်ခါ နန်းစု ကြိတ်ငိုနေခဲ့ရပါ
သည်
ဆေးရုံရောက်ပြီး ငါးရက်မြောက်နေ့မှာ နန်းစု
သက်သာလာ၍ ဆေးရုံဆင်းခွင့်ရခဲ့သည် ဆေးရုံက
ဆင်းတာနဲ့ နန်းစု ပဲခူးသို့သွားခါ စိုးမင်းဆိုသောလူ
အား လက်တုန့်ပြန်ရန် စုံးစမ်းရတော့သည်
……ကျွီး….ဒုန်း…..
…..အား……
ညအမှောင်ထဲဝယ် ကားတစ်စီးက လူတစ်ယောက်
အား အရှိန်ဖြင့် ဝင်တိုက်လိုက်သောကြောင့်
အော်သံကြီးသည် ပတ်ဝန်းကျင်အား ဖုံးလွှမ်းလျှက်
ထိုကားလေးသည် မှောင်ရိပ်ကိုအားပြုလျှက် ရပ်ထား
ပြီး ရုတ်ရက် မီးဖွင့်လိုက်သောအခါ သွေးအိုင်ထဲ၌
လှဲလျှောင်းငြိမ်သက်နေသည့့် လူတစ်ယောက်အား
ထင်ရှားစွာမြင်ရလျှက် ထိုလူရဲ့ လက်ဖျံမှာတော့
“နွယ်”ဆိုသည့့် တတ်တူးစာသားမှာ သွေးစတို့ု့ဖြင့်
ကားကိုနောက်ပြန်ဆုတ်ခါ အဝေးပြေးလမ်းမထက်
တရွေ့ရွေ့ မောင်းထွက်သွားလေတော့သည်
ကားလေးထဲမှာတော့ နန်းစုတစ်ယောက် ဦးထုတ်လေး
ခပ်ငိုက်ခိုက်ဆောင်းရင်း ကြလာသော မျက်ရည်တို့
ကိုသုတ်ခါ
…..ကိုကိုရေ…..ရောက်ရာဘဝကနေ….ကျေနပ်နိုင်
ပါစေနော်….
ကားထဲမှ သတင်းစာလေးထဲမှာတော့ ပိုင်ရှင်မဲ့
အလောင်းတစ်လောင်းကို ဖားကန့့်မြို့အဝင်
ဆိုင်းဘုတ်နားက တွေ့ရှိ၍ သင်္ဂြိုလ်ပြီးစီးကြောင်း
စာရွက်လေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်
ထားရင်း
….ကိုကိုရဲ့ ….နောက်ဆုံးခရီးလေး… မလှပခဲ့တာကို
တော့….ခွင့်လွှတ်ပါ….ကိုကိုရယ်…..
ကားလေးသည် အဝေးပြေးလမ်းမထက် တရိပ်ရိပ်
မောင်းနှင်သွားပါတော့သည်
ပြီးပါပြီ
.
ဆက်လက်ကြိုးစားပါဦးမည်
.
.လေလွင့်လူ(တွံတေး)2.8.2022✍️✍️✍️