သင်္ဘောပေါ်မှထိုတစ်ည

Posted on

သင်္ဘောပေါ်မှထိုတစ်ည(စ/ဆုံး)
——————————
ပင်လယ်ကူးသင်္ဘောကြီးသည်
ဥသြသံမှန်မှန်ပေးလျက်ကမ်းမှစတင်၍ခွာလေပြီ။
သတိုးမှာသင်္ဘောတစ်ခုမှမစီးဖူးတာမို့
စိတ်လှုပ်ရှားနေမိသည်။
နာရီကြည့်လိုက်တော့ညနေငါးနာရီဖြစ်ကာ
တစ်ညလုံးခုမောင်းရမှာဖြစ်သည်။
သင်္ဘောကမ်းမှခွာသည်နှင့်•••
ဆိပ်ကမ်းမှာဝေး၍ဝေး၍ကျန်ခဲ့လေသည်။
သတိုးမှာသူ့အတွက်ရသောအခန်းတွင်••
ပစ္စည်းများနေရာချကာ••••သင်္ဘောအပြင်ဘက်ပြန်ထွက်လာ
ခဲ့သည်။
ပထမဆုံးအနေဖြင့်သင်္ဘောစီးသည်ဖြစ်၍သော်လည်းကောင်း
ဆည်းဆာအလှနှင့်ပင်လယ်အလှကသူ့အားညှို့ငင်နေ၍သော်လည်းကောင်း•••စိတ်ထဲကြည်နူးလှုပ်ရှားရသည်။
နေသည်အနောက်မိုးကုတ်စက်ဝိုင်းဆီငုပ်ဆိုးပျောက်ကွယ်နေသည်ကို
သတိုးမှာအတိုင်းသားမြင်နေရသည်။
ပုစွန်ဆီရောင်တောက်သောကောင်းကင်က•••
အပြာရောင်ရေပြင်နှင့်စပ်ယှက်နေလေရာ
လှလိုက်သည်ဖြစ်ခြင်း။
သတိုးသည်•••
သင်္ဘောလက်ရမ်းတွင်နောက်ပြန်မှီ၍•••
အပေါ်ကုတ်ထဲမှဒူးယားစီးကရက်
တစ်ဘူးအားမီးညှိရှိုက်ဖွာလိုက်မိသည်။
ချစ်သူဖြစ်သူ၏ရက်စက်စိမ်းကားခြင်းကို
အဆုံးစွန်ထိခံစားရတာကြောင့်•••
မေ့လိုမေ့ငြား
ဖြေသိမ့်မရနိုင်ခြင်းနှင့်အတူစိတ်တွေလေကာ
ခရီးတွေထွက်လာကာ•••
စိတ်သည်အတော်အသင့်တည်ငြိမ်လေပြီ။
ပြောရရင် မဆို ခြေမလက်မပင်မမြင်
ချင်တဲ့အထိ။
ငယ်ငယ်လေးတည်းကပေးဆပ်ချစ်လာတာ
သူ့ထက်ရာထူးဂုဏ်ရှိန်ဝါကြီးမားသူနှင့်တွေ့တော့
ကောက်ကောက်ပါအောင်လိုက်သွားသော
သူမ၏သစ္စာတရားသည်••••
နက်ရှိုင်းလှပါလား••••
ဒီအတောအတွင်းသူမကို
သတိရစိတ်ထက်••••
သူမအတွက်ဖြုန်းခဲ့သောအချိန်များကို•••
ပြန်၍နှမြောမိသည်။
သတိုးသည်တစတစတိုလာသောစီးကရက်အား
ခွမှေလိုကျကာ•••
ရေထဲလွှဲပစ်လိုက်မိသည်။
လက်ကျန်စီးကရက်ငွေ့အားမှုတ်ထုတ်လိုက်ကာ
စီးကရက်ငွေ့များအားအဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။
တဖြည့်ဖြည်းလွင့်မျောပျောက်ကွယ်သွားသော
စီးကရက်ငွေ့များအား•••
ကြည့်ကာ•••
သူမသည်လည်းသူ့ဘဝထဲကတစ်စတစ်စ
ပျောက်ကွယ်သွားမှာပါလားဟုတွေးမိသည်။
ရုတ်တရက်သင်္ဘောဦးပိုင်းဘက်တွင်အမျိုးသမီးတစ်ယောက်အား
တွေ့လိုက်မိသည်။
နေဝင်ရီတရောအချိန်••••
မဟာဆန်ဆန်အဝတ်အစားများနှင့်•••
ဆံထုံးပုံ့ပုံ့တွင်အနီရောင်ပန်းတစ်ပွင့်ပန်ထားကာ
ပင်လယ်ဖက်မျက်နာမူနေတာတွေ့ရသည်။
ဘယ်အချိန်တည်းကရှိနေတာမသိ။
သူနှင့်မလှမ်းမကမ်းမို့ သူ့ဘက်ကျောခိုင်းကာ
ပင်လယ်ဘက်ဆီငေးနေသောအမျိုးသမီး၏
နောက်ကျောအလှကိုအတိုင်းသားမြင်နေရသည်။
အချိန်ခါနှင့်ရာသီ၊
ရှေးဆန်သောသူမအဝတ်အစားများကြောင့်•••
ကြက်သီးဖြန်းကနဲထသွားမိသည်။
မကြာပါ••••
သူမအနားသို့အမျိုးသားတစ်ဦး
ချည်းကပ်လာလေလေသည်။
“”မြသီလာ””‘
ရုတ်တရက်အမျိုးသားက
နာမည်တစ်ခုရေရွတ်ကာ
ထိုအမျိုးသမီးလက်တစ်ဖက်အားဆွဲယူလိုက်လေသည်။
မနီးမဝေးအနေအထားမို့
ထိုအမျိုးသမီးနာမည်အားအတိုင်းသား
ကြားလိုက်ရသည်။
သတိုးမှာခိုးကြည့်နေသလိုအနေအထားကြောင့်
အားနာသွားရကာမျက်နှာလွှဲပစ်လိုက်မိသည်။
မှောင်ရီပျိုးလာပြီမို့
အခန်းထဲပြန်ဝင်ရန်လှည့်ထွက်လာခဲ့သည်။
သူကျောခိုင်းရုံရှိသေး
“”””ဝုနျးးးးးးး””””
ရေထဲတစ်စုံတစ်ခုကျသွားသလိုမို့
သူနောက်ပြန်လှည့်ကြည့်လိုက်မိသည်။
“”ဟင်•••ဟိုနှစ်ယောက်•••
ဘယ်ရောက်သွားပါလိမ့်”””
သူခုဏကအမျိုးသားနှင့်အမျိုးသမီးရပ်နေရာ
နေရာသင်္ဘောလက်ရန်းကိုကိုင်လျက်
ရေထဲငုံ့ကြည့်လိုက်မိသည်။
ဘာမျှထူးခြားတာမတွေ့ရ။
“”ငါမျက်စိမှားတာဖြစ်မှာပါလေ”””
သတိုးသူ့ကိုယ်သူဖြေသိမ့်ရင်း•••
အခန်းထဲလှည့်ဝင်လာရသော်လည်း•••
စိတ်ထဲတွင်တစ်စုံတစ်ရာထင့်နေလေသည်။

~~~~~~~~~~~~~~~~~~~~
{၂}
~~~~~~~~~~~~
“””တူ•••တူ•••••”””
သင်္ဘောဥသြသံကြောင့်
အိပ်နေရာမှသတိုးလူးလွန့်လာရသည်။
မျက်ဝန်းဆီသို့အလင်းရောင်စူးကနဲဖြာကျလာတာမို့
သူမျက်လုံးပွတ်ရင်းအိပ်နေရာမှထထိုင်လိုက်မိသည်။
ရောင်နီတောင်လာလှပေါ့။
သူည နေက•••
တွေ့ခဲ့ရသောမဟာဆန်ဆန်အတွဲကြောင့်•••
ညအတော်နက်မှအိပ်ပျော်သွားရတာဖြစ်သည်။
သူမနက်စာစားရန်•••ထွက်လာ၍•••
ညနေကတွေ့ခဲ့သောမဟာဆန်ဆန်အမျိုးသမီးအား
တွေ့လိုတွေ့ညားရှာဖွေနေမိသည်။
ထိုစဉ်ဝိတ်တာတစ်ဦးသူမနက်စာစားနေသော
စားပွဲဘေးမှဖြတ်လျှောက်သွားတာမို့
“”ညီမလေးခဏ”””
“”ဘာအလိုရှိပါသလဲခင်ဗျာ”””
“””မေးစရာရှိလို့ပါညီလေး”””
“”ဟုတ်ကဲ့ပြောပါခင်ဗျာ”””
“”မြသီလာဆိုတဲ့အမျိုးသမီးကိုတွေ့မိလား”””
“”ခင်ဗျာ”””
သူ့စကားကြောင့်•••ဝိတ်တာလေး၏
အလန့်တကြားပုံစံဖြင့်ပါးစပ်အဟောင်းသာကြောင့်
သတိုးမှာအံ့သြတကြီးဖြစ်သွားရသည်။
“”ဘာ•••များဖြစ်ခဲ့လို့လဲညီလေး”””
“”ဟို•••ဟို””””
“ပြောပါကွာ•••အစ်ကို့ကိုအားနာဖို့မလိုပါဘူး”””
“””အစ်ကိုက•••ဒီအရပ်ကမဟုတ်ဘူး
ထင်ပါတယ်ဗျာ••••
ဒီနယ်ကဆိုရင်
မြသီလာနဲ့•••မောင်ချမ်းသာရဲ့•••
ဇာတ်လမ်းကိုလူတိုင်းသိကြပါတယ်ဗျာ”””
“”သြော်•••ဘယ်လိုဇာတ်လမ်းပါလိမ့်”””
“”ခဏနော်အစ်ကိုကျွန်တော်•••
ပန်းကန်တွေသွားထားလိုက်ဦးမယ်•••
ပြီးရင်ကျွန်တော့တာဝန်ချိန်ပြီးပြီ
ကျွန်တော်ပြန်လာခဲ့မယ်”””
ပြောရင်းဝိတ်တာလေးက•••
ပန်းကန်ခွက်ယောက်များကိုင်ကာ•••
သင်္ဘောပဲ့ပိုင်းဘက်ထွက်သွားကြသည်။
သူ့လိုနေမြင့်မှမနက်စာစားသောသူတစ်ယောက်စ
နှစ်ယောက်စသာရှိနေကာ
ကျန်ခရီးသည်များကမိမိတို့အခန်းထဲ•••
ဒါမှမဟုတ်••လေညင်းခံနေကြလောက်သည်။
မကြာမီ•••
ဝိတ်တာကောင်လေးပြန်ရောက်လာလေသည်။
ကောင်လေးကလည်းပြောပြချင်နေပုံရသည်။
သတိုးကလည်းနန်းဆန်ဆန်ထိုအမျိုးသမီးပုံစံနှင့်ဇာတ်လမ်းအား
စိတ်ဝင်စားပါသည်။
ကောင်လေးက•••
လွန်ခဲ့သောတစ်လဟုအစချီကာ•••
ရင်နင့်ဖွယ်ရာဇာတ်လမ်းလေးအားစတင်ပြောကြားပါတော့သည်။
~~~~~~~~~~
{၃}
ဇာတ်သိမ်း
~~~~~~~~~
“”ခစ်••ခစ်••••”””
“”လှလိုက်တာချမ်းရာ••”””
“”မမလေးကြိုက်တယ်မှလား”””
“”သိပ်ကြိုက်တာပေါ့ချမ်းရာ•••
မေးတတ်လိုက်တာ”””
တစ်ယောက်ကခရေပင်လေးပေါ်မှဖြစ်ကာ
ကျန်တစ်ယောက်ကခရေပန်းလေးများကို
မြေကြီးပေါ်တွင်တစ်ပွင့်ချင်းကောက်လျက်ရှိသည်။
ကြွေချိန်မတန်သေးသော
ခရေပွင့်လေးများက
ချမ်းသာ၏လှုပ်ယမ်းခါချမှုကြောင့်
မြေခသက်ကြွေနေကာ
မြသီလာကပန်းကလေးများအား
သဘောတကျကောက်ယူလျက်ရှိသည်။
မြသီလာဆိုသောသူမလေးဆီမှ••••
ရယ်သံလွင်လွင်လေးများသည်•••
ချမ်းသာနားထဲဆည်းလည်းသံလေးသဖွယ်
စိမ့်စည်းသွားလေသည်။
ဒီသခင်မပြုံးလျှင်သူ့မျက်နှာသည်လည်းအလိုလိုပြုံးနိုင်သည်
မဟုတ်ပါလား။ ။
တကယ်တော့
မမလေးမြသီလာသည်•••
သူတို့ဘာသာနန်းစဉ်နန်းဆက်ဟုယူဆကာ•••
တခမ်းတနားနှင့်ကျိကျိတက်ချမ်းသာလှသော
အိမ်မှဦးမြတ်ကိုကို•••ဒေါ်သီတာမြ၏တစ်ဦးတည်းသောသမီးဖြစ်သည်။
သားယောကျာ်းသုံးယောက်ကြားတွင်
တစ်ဦးတည်းသောသမီးလေးဖြစ်ကာ
အထွေးဆုံးသမီးလေးလည်းဖြစ်သည်။
“””ဘာကြည့်နေတာလဲချမ်းရဲ့”””
ချမ်းသာအတွေးနှင့်တွေဝေသွားလျက်မြသီလာအမေးကြောင့်
သတိဝင်လာကာ
“”သြော်•••ဒီမှာခရေကုံးလေးပြီးပြီ
မမလေးပန်ဖို့”””
“”ချမ်းပန်ပေးလေ”””
ခါတိုင်းလည်းပန်ပေးနေကျမို့
ချမ်းသာ•••မမလေးခေါင်းတွင်ပန်ပေးလိုက်သည်။
ရုတ်တရက်ချမ်းသာအားဆွဲဖယ်ခံလိုက်ရကာ
အရှိန်ကြောင့်မြေကြီးပေါ်ပစ်လဲလေသည်။
“”ကိုကိုကြီး””
“”အေး•••ဟုတ်တယ်•••
ငါပဲ••ငါကြည့်နေတာကြာပြီ•••
မင်းလိုကောင်ကများငါ့ညီမလေးကို”””
“”အို••ကိုကြီးကလည်းချမ်းကိုဒီလိုလုပ်စရာလား
မြတို့ငယ်ငယ်တည်းကတူတူနေလာတာ””
“”နင်တိတ်လိုက်စမ်း•••နင့်ကိုယ်နင်ပြန်ကြည်ဦး•••
ကလေးမဟုတ်တော့ဘူး••အနူလက်ကနေရာရွေးတာ
မဟုတ်ဘူး•••လာသွားမယ်”””
“”မလိုက်ဘူး”
ကိုကိုကြီးမြတ်မင်းထင်က•••
အတင်းဆွဲခေါ်တာမို့
မြသီလာမှာ•••ယက်ကန်ယက်ကန်ပါသွားလေသည်။
ချမ်းသာ•••မှာလဲကျသွားသော
အရှိန်ကိုထိန်းရန်လက်ဖြင့်ထောက်လိုက်ရာ
လက်မှာမျက်ကနဲဖြစ်သွားရာ
ခုတော့အနည်းငယ်ယောင်ကိုင်းလျက်ရှိသည်။
ဟုတ်ပါသည်။
ကိုကိုကြီးပြောသလိုမမလေးမြသီလာကရွှေခွက်ဆို
သူကအနူလက်လောက်တောင်မထိုက်တန်သူပါ။
ချမ်းသာမှာသူ့ပခုံးကိုတစ် စုံတစ်ယောက်ဆုပ်ကိုင်
လိုက်တာမို့လှည့်အကြည့်•••
“”ဦးလေးဖြိုး”””
“”ဦးလေးအားလုံးမြင်တယ်လူလေး••
ဒီအိမ်ကြီးမှာတွယ်ကပ်နေလို့လူလေးအတွက်
အနှိမ်ခံရတာကလွဲလျှင်ဘာအကျိုးမှ
ရှိမှာမဟုတ်ဘူး•••
ဒီအိမ်မှာမမလေးမြသီလာကလွဲရင်ဘယ်သူ
မှမင်းအပေါ်ကောင်းတဲ့လူမရှိဘူး'”””
“ကျွန်တော်မမလေးကိုမခွဲနိုင်ဘူး'””
“”မင်း••အသိတရားရစမ်းပါလူလေးရာ”””
“”ဟင်အင်း••မမလေးကမနှင်သရွေ့ကျွန်တော်
ခွေးတစ်ကောင်လို•••ဖက်တွယ်ရတွယ်ရ
နေပါရစေ•”””
“”ခက်လိုက်တာလူလေးရာ””
“”ထားပါဦးလေးဖြိုးကျွန်တော့ကိုမသိချင်ယောင်ဆောင်ပေးပါ
ဒါနဲ့ဦးလေးကဒီကိုဘာကိစ္စ”””
“”သြော်အုန်းခြံကိစ္စပါ••••
ဝယ်သူကပိုင်ရှင်နဲ့တွေ့ချင်တယ်ဆိုလို့
ဒါနဲ့လူလေးလက်ကိုဆေးထည့်လိုက်ပါဦး
ဦးလေးလည်းသွားလိုက်ဦးမယ်”””
ဦးလေးဖြိုးမှာ••••ဒေါ်သီတာမြနှင့်ဆွေမျိုးအနည်းငယ်
တော်ကာ••••ဒေါ်သီတာမြတို့ပိုင်သော
ဧကနှစ်ရာသောအုန်းခြံကိုဦးစီးနေတာဖြစ်သည်။
အိမ်ကြီးတွင်လည်းမနေဘဲ
အုန်းခြံထဲမှနားနေဆောင်တွင်နေလေသည်။
ချမ်းသာတန်းလျားပြန်ကာ•••
လက်ကိုဆေးထည့်ပြီးရုံရှိသေး
ိအိမ်ကြီးပေါ်မှအိမ်ဖော်တစ်ယောက်က
သူ့အားလာခေါ်လေသည်။
သူရောက်တော့ဧည့်ခန်းတွင်•••
ကိုကိုကြီးနှင့်ဒေါ်သီတာမြ•••
တစ်ဖက်တွင်••ဦးလေးဖြိုး။
သူ့ကိုမြင်သည်နှင့်•••••
“”ချမ်းသာ••မင်းကိုဖြိုးနဲ့လိုက်သွား
အုန်းခြံထဲမှာနေပြီး
ကိုကြီးနဲ့ကူလုပ်ပါ””
“”ခင်ဗျာ””
“”မင်းနားမပါဘူးလား””
“”မင်းအသာနေသားးး•••
သမီးလေးကိုမင်းကျောင်းပို့ဖို့မလိုတော့ဘူး
သားကြီးပဲ့တာဝန်ယူလိမ့်မယ်
ဒီတော့ဒီခြံထဲမှာမင်းတာဝန်မရှိတော့ဘူး'””
ချမ်းသာဦးလေးဖြိုးမျက်နှာကိုကြည့်လိုက်တော့
ဦးလေးဖြိုးလုပ်တာမဟုတ်တာသတိထားမိသည်။
သခင်ကမလိုလို့နှင်တော့
ချမ်းသာအလိုက်သိရမည်လေ။
သို့ပေမယ့်
မမလေးမျက်နှာကိုတစ်ခါလောက်နောက်ဆုံးဖြစ်ဖြစ်
ကြည့်ချင်မိသေးသည်။
သို့သော်လည်းချမ်းသာ၏ဆန္ဒမပြည့်ပါ။
ထိုနေ့ကဦလေးဖြိုးနောက်လိုက်သွားသည့်တိုင်
မမလေးအားမတွေ့ရပါ။
ဒီလိုနဲ့•••
ချမ်းသာဦးလေးဖြိုးနားရောက်ပြီးတစ်ပတ်အကြာ
သူ့ထံသခင်မဖုရားရောက်လာခဲ့လေသည်။
ထိုနေ့ကအုန်းပင်တောထဲခုံတန်းလေးတွင်
သူတစ်ယောက်ထဲဝါးပလွေလေးနှင့်ဆွေးနေချိန်ဖြစ်သည်။
မမလေးသာရှိလျှင်သီချင်းလိုက်ဆိုပေးမှာပါ။
“””•••••••••••””””
ထိုစဉ်ပလွေသံအတူသီချင်းသံလေးကပျံ့လွင့်လာလေသည်။
“”မမလေး””
သူစိတ်ထဲရေရွတ်လိုက်ကာ
ပလွေသံအားရပ်တန့်လိုက်မိသည်။
“”ဘာလို့ရပ်လိုက်တာလဲ
ချမ်းလူဆိုး•••
ငါ့ခွင့်ပြုချက်မရဘဲငါ့နားကထွက်သွားတယ်
ခုငါ့ခွင့်ပြုချက်မရဘဲရပ်လိုက်ပြန်ပြီ”””
“”မမလေးရယ်””
“”ငါ••ငါ••နင့်ကိုလွမ်းနေတာ•••
နင်ဘယ်သွားလဲငါမသိရဘူး••••
နေ့လည်ကကိုကိုကြီးနဲ့မေမေပြောတာခိုးနား
ထောင်ရင်းနင်ဒီရောက်နေတယ်ဆိုတာသိရတာ”””
“”မမလေးရယ်”””
“”ဟင်အင်း••မမလေးမဟုတ်ဘူး•••
မခေါ်နဲ့•••သူတို့မပြောရင်တောင်နင်ပြောရမှာ”””
“”ကျွန်တော့်ကိုအနေခက်အောင်မလုပ်ပါနဲ့
ကျွန်တော့်ရင်တွေကွဲတော့မယ်”””
“”နင်ပဲလားချမ်း
နင်ပဲခံစားရတာလားးး
ငါလေ•••ငါ့မျက်လုံးထဲမှာနင့်ကိုပဲ
ယောကျာ်းလေးလို့မြင်ဖူးတာ”””
“””ချစ်တယ်•••မြသီလာရယ်”””
ချမ်းသာပြောရင်းမြသီလာအားယုယစွာ
ထွေးပွေလိုက်မိသည်။
ငယ်ငယ်လေးတည်းကမြသီလာကအိမ်ကြီးပေါ်တွင်နေ
ကာချမ်းသာကတန်းလျားမှာနေသော်လည်း
ချစ်ခြင်းမေတ္တာကထပ်တူညီစွာတသားတည်းရှိ
ခဲ့ကြလေသည်။
“”နင်သိလားချမ်း•••
နင်သွားတဲ့နေ့ကမြို့ကလာတဲ့
မေမေတို့ဧည့်သည်ကိုသွားကြိုတာ
ကိုကိုကြီးတို့အရွယ်ပဲ•••
မျက်နှာရူးနှာဘူးကြီးဟ
ငါသိပ်မုန်းတာပဲ”””
ချမ်းသာကမြသီလာလက်အားမလွတ်တမ်းကိုင်ကာ
မျက်နှလေးကိုသာငေးနေလေသည်။
“””ချမ်း•”””
“”ချမ်း”””
“”ကြည့်စမ်းမကြားဘူးပေါ့”””
“”ကဲ•••မောင်”””
“”ဗျာ”””
“”လူလည်”””
“”မြ•••မောင့်ပါးကိုဆိတ်ကြည့်စမ်း”””
“”အားးးး”””
“””တကယ်ဆိတ်တယ်ဟ•••
ဒါဆိုအိပ်မက်မဟုတ်ဘူး”””
“””အေးးးးအိပ်မက်မဟုတ်ဘူးပေါ့ကွာ”””
နောက်မှထွက်လာသောအသံကြောင့်
မြသီလာရော••••
ချမ်းသာပါလှည့်ကြည့်လိုက်ရာ
ကိုကိုကြီးနှင့်••••လူစိမ်းတစ်ယောက်
ပြီးတော့ခြံထဲမှအလုပ်သမားများ••••
‘””လာစမ်း•••ညီမလေး”
“”ဟင်အင်းမလိုက်ဘူး”””
“”ဆွဲစမ်းကွာ'””
ကိုကိုကြီးနှင့်လူစိမ်းကမြသီလာအားတစ်ဖက်မှဆွဲကာ
မြသီလာလက်တစ်ဖက်အားမလွတ်သော•••
ချမ်းသာမျက်နှာအားလက်သီးဖြင့်ထိုးချလိုက်လေသည်။
“”ခွပ်•••ခွပ်•••”””
“”ဘုတ်•••ဘုတ်”””
“”အားးးသေပါပြီကိုကိုကြီးတော်ပါတော့
ညီမလေးလိုက်ခဲ့မယ်””””
တစ်ခဏချင်းချမ်းသာမျက်နှာတွင်သွေးရောင်လွမ်းသွားလေသည်။
“”ဒီမှာခွေးကောင်•••
မင်းငါ့ညီမနဲ့တူလို့တန်လို့လား
ဒီမှာငါ့သူငယ်ချင်းနဲ့အမြန်ဆုံးလက်ထပ်ပေးပြီး
နိုင်ငံခြားအပြီးသွားနေခိုင်းတော့မှာ
မင်းကိုဒီခြံကနှင်မထုတ်တာကံကောင်းတယ်မှတ်ပါ””””
ချမ်းသာမှာလှမ်းခေါ်ဖို့အားပင်မရှိ။
မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်နေကာ
ပါးစပ်ကဟဖိုးအားယူလိုက်တိုင်း
သွေးများကစိမ့်ထွက်လာလေသည်။
မွက•••
နောက်ဆုံးစကားလေးတစ်ခွန်းတော့ပြော
သွားသည်။
“”မောင်•••မြပြန်လာခဲ့မယ်တဲ့”””ဒီလိုမှန်းသိရင်အိပ်မက်ဖြစ်ခဲ့ဖို့မောင်ဆုတောင်းတယ်မြရယ်•••••
ထိုနေ့လွန်သော်•••••
တစ်ပတ်အကြာမြတို့မင်္ဂလာသတင်းကိုကြားရသည်။
မင်္ဂလာပွဲမကျင်းပမီတစ်ရက်အလိုဦးလေးဖြိုးက
အိမ်ကြီးဆီသွားသည်။
ထိုညကအုန်းတောထဲမှအိမ်လေးတွင်ချမ်းသာတစ်ယောက်တည်း။
သူတစ်ယောက်ထဲလည်းဆက်ပြီးမရှင်သန်ချင်တော့။
ဒီတစ်ညလွန်လျှင်မြမင်္ဂလာဆောင်တော့မည်။
ညအတော်နက်သည်ထိအိပ်လို့မ‌ေပျာ်••••
သူတစ်ယောက်ထဲလမင်းကြီးအား
အဓိပ္ပါယ်မဲ့ထိုင်ကြည့်နေမိသည်။
မြင်ကွင်းကမျက်ရည်များနှင့်ဝေဝါးနေတာမို့လကိုပီပီသသမမြင်•••
ထိုအခိုက်•••
ပုစဉ်းသံများကြားမှ•••
အသံတစ်ခုအားသူသေသေချာချာကြားလိုက်ရသည်။•••••
“”မောင်””” သြော်•••
နားကြားမှားတာများလား•••
“”မောင်””
“”မြသီလာ•••မြ•••ဘယ်လိုကဘယ်လို'””
“”ဦးလေးဖြိုးကူညီလိုက်တာ•••
မြကိုဒီပို့ပြီးအိမ်ကြီးကိုပြန်ပြီ”””
“”မွအိမျက””
“”မြကိုအိပ်နေပြီထင်မှာပေါ့
ဒီမနက်သုံးနာရီသင်္ဘောနဲ့မြတို့ထွက်ပြေးကြမယ်မောင်””
“”မြရယ်••မောင်လေ•••”””
“”မောင်ကမကြိုက်လို့လားဟင်
မြကမိန်းကလေးပါ•••
မောင်မကြိုက်ရင်မြပြန်မယ်အိမ်တော့မဟုတ်ဘူးခြေဦးတည့်ရာ””
“”မောင့်လိုလူအတွက်နဲ့မြကိုအားနာမိလို့ပါကွယ်”””
‘”မောင်ရယ်”””
ပြောရင်းမြသီလာသည်ချမ်းသာ၏
ပုခုံးစွန်းတွင်မှီချလိုက်သည်။
ထိုညကချစ်သူနှစ်ဦး
တစ်ညလုံးစကားတွေပြောကာ
သုံးနာရီထိုးရန်အချိန်ကိုစိုးရိမ်တကြီးစောင့်စားလျက်ရှိသည်။
နှစ်နာရီထိုးသည်နှင့်သင်္ဘောဆိပ်
သို့ဆင်းကာ•••သင်္ဘောထဲဝင်နေလိုက်ကြသည်။သင်္ဘောဆိပ်၌ချမ်းသာတို့အစောဆုံးဖြစ်ကာ•••
ခရီးသည်များပင်မရောက်သေး။
ထိုမြို့လေးတွင်ဦးမြတ်ကိုကိုနှင့်ဒေါ်သီတာမြအသိတွေများကာ
မြသီလာကိုလည်းလူတိုင်းသိနိုင်သည်မဟုတ်ပါလော။
သို့နှင့်
အချိန်တွေတရွေ့ရွေ့ကုန်လွန်ကာ
ခရီးသည်များလည်းစုံ၍
သင်္ဘောသည်ကမ်းမှဥသြသံပေးကာ
ခွာလေပြီ။
ထိုမှ မြသီလာရောချမ်းသာပါသက်ပြင်းချနိုင်တော့သည်။
သင်္ဘောကြီးပင်လယ်ထဲရောက်တော့
မြသီလာနှင့်ချမ်းသာ•••
သင်္ဘောအပြင်ဘက်ထွက်လာခဲ့သည်။
နှစ်ဦးသားလက်ချင်းကိုင်လျက်ဖြစ်ကာ^^•
ပင်လယ်ကြီးကလှချင်တိုင်းလှနေလေတော့သည်။
ထိုစဉ္••••
အရှိန်နှင့်ခုတ်မောင်းနေသော•••
သင်္ဘောကြီးမှာအရှိန်တန့်သွားလေသည်။
“”ဘာ•••ဖြစ်တာပါလိမ့်မောင်”””
“”မြ•••ဟို••မှာ””
“”ဟင်•••ကိုကိုကြီးတို့လိုက်လာသလား”””
ဟုတ်သည်••••
အမြန်ရေယာဉ်လေးမှာအလံဝှေ့ယမ်းကာ
အချက်ပြလျက်သင်္ဘောဆီချည်းကပ်လာလေပြီ။
တဖြည်းဖြည်းနှင့်မြင်ကွင်းက
သဲကွဲလာလေသည်။•^••
ဒီတစ်ခါ၊အစ်ကိုသုံးယောက်လုံးပါသည်ထင့်
သင်္ဘောကမ်းမှခွာကတည်းကထပ်ကြပ်မကွာပါလာတာ
လား•••
ဒီတကြိမ်မြသီလာတို့ပြေးလွတ်ရန်မမြင်••••
ပြေးစရာလည်းမြေမရှိပေ။
မြသီလာမှာချမ်းသာလက်အားတင်းတင်းဆုပ်ကိုင်လိုက်ကာ•••
“”မောင်•••ဒီတစ်ခါမြတို့တကယ်ဝေးပြီ•••
ဟိုကအမြန်ရေယာဉ်ကမြတို့ပိုင်တဲ့ဟာ
ကိုကိုကြီးတို့လိုက်လာကြပြီ””
“”မြနဲ့မခွဲချင်တော့ဘူးမြ””
“”မောင်နဲ့ခွဲရရင်မြလည်းမချစ်မနှစ်သူနဲ့ပေါင်းရမှာ”””
“”မောင်တို့တူတူသွားကြတာပေါ့”””
“””မခွဲဘူးမောင်”””
လက်နှစ်ဖက်အားမြဲမြဲဆုပ်ကာ
ဆုံးဖြတ်ချက်နှင့်အတူသင်္ဘောလက်ရန်းပေါ်သို့့တက်ကာ
ရေထဲဆီသို့
“””ဝုန်းးးးး””””
အားလုံးသတိထားမိသောအချိန်တွင်ကား••••
ချစ်သူနှစ်ဦးအားအရိပ်အယောင်ပင်မမြင်ရတော့။
မြသီလာတို့ရေထဲခုန်ချပြီးမကြာမီ
မြတ်မင်းထင်တို့
အမြန်ရေယာဉ်သည်သင်္ဘောဆီကပ်လာလေသည်။
ကယ်ဆယ်ရေးအမြန်လုပ်သော်လည်း
ဘယ်လိုရှာရှာမတွေ့ရတော့ပေ။
~~~~~~~~~~~~~~~~~~
“””ဒါပါပဲအစ်ကို•••”””
“”ဒါဆိုအစ်ကိုတွေ့ခဲ့တာက””
“”သူတို့ချစ်သူနှစ်ဦးပေါ့အစ်ကို•••
ဒီဇာတ်လမ်းကိုသိတဲ့လူတွေက•••
နေဝင်ချိန်ဆိုသင်္ဘောအပြင်ဖက်ဘယ်သူမှမထွက်ကြဘူး”””
“”အလောင်းရောမတွေ့ဘူးလား””
“”လုံးဝမတွေ့တော့တာအစ်ကို
တစ်ခါတစ်လေဆိုဒီလိုပင်လယ်ကူးသင်္ဘောတွေထဲ
တွေ့တဲ့သူတွေတွေ့ရတယ်•••အစ်ကိုတွေ့သလိုပေါ့”””
“”မိသားစုကအလှူမပေးဘူးလား
အမျှမဝေဘူးလား”””
“”အမျှဝေတာပေါ့ဗျာ
သူတို့ကသစ္စာဆိုသွားတာနေမှာ”””
“”ဖြစ်ရလေကွာ””
“”မြသီလာအစ်ကိုအကြီးဆုံးဆိုနိုင်ငံခြားအပြီးအပိုင်ထွက်သွားပြီ
မခံစားနိုင်ဘူးတူပါရဲ့”””
“”အတ်တကွီးတာကိုးးးးး””
“”ကဲ•••အစ်ကိုသင်္ဘောဆိုက်တော့မယ်•••
အစ်ကိုဒီမြို့ရောက်ရင်မြသီလာတို့အကြောင်း
လူတိုင်းမေးနိုင်တယ်””
“”ကျေးဇူးပါကွာ”””
သတိုးမှာဝိတ်တာလေးအားကျေးဇူးတင်စကားပြော
ကာအခန်းဆီပြန်လာခဲ့သည်။
မကြာမီသင်္ဘောလည်းကမ်းကပ်ပေပြီ။
သတိုးသည်••••
ဝိတ်တာလေးအားသတိတရ
နှုတ်ဆက်ခဲ့လေသည်။
မြသီလာတို့ဇာတိမြို့မှန်းသိတော့
သူစိတ်ထဲနင့်ကနဲဖြစ်မိသည်။
“”ကံခေလှပါလားကွယ်”””
ထို့နောက်သူ့ခြေလမ်းများက
တည်းခိုခန်းဆီဦးတည်လိုက်သည်။
သင်္ဘောပေါ်မှညလေးတစ်ညကတော့
သူ့အတွက်မမေ့နိုင်ဖွယ်ရာပါပဲလေ ။ ။

အပြန်ခရီးတွင်လည်းထပ်တွေ့ချင်ပါသေးရဲ့မြသီလာ•••••

The end

#Mon Mon Khaing
#MMKhorrorstories