သေသူများက ပြောနေသည်(စ/ဆုံး)
~~~~~~~~~~~~~~~~~~~
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု
သရဏဂုံတင်ပြီးသွားလို့ အားလုံးက အမျှဝေ သာဓု
ခေါ်လိုက်ကြသည်။
ကွယ်လွန်သူ ကိုမင်းထွန်း အသက် ၃၄ နှစ်
လူတွေက သေဆုံးသူကို နောက်ဆုံးကြည့်ခြင်းဖြင့်
ို၀ိုင်းအုံကြည့်နေကြသည်။
လူ့ဘ၀ရဲ့ အကောင်းဆုံးအချိန် အကောင်းဆုံးအရွယ်
မှာ သူသေသွားခဲ့တာ၊ ဇနီး နဲ့ ၁၀နှစ် သားအရွယ် သူ့သား
လေးကိုထားခဲ့ပြီ။ဒီကောင်နဲ့ကျနော်က သူငယ်ချင်းပါ။
နေ့မြင် ညပျောက် ဆိုတာထက် ကျနော်ကတော့
ခုမြင် ခဏပျောက်လို့ ပြောရလိမ့်မယ်
မနက်ပိုင်းက ကျနော့်ဆီ ကို လာသေးတယ်
ခုလို တယုတယ မလာတာကြာပါပြီ။
“ဟ ကောင်ကြီး အကြောင်းရှိလို့လား”
“မင်းကို သတိရလို့ပါ”
“ကြီးကျယ်တာကွာ ဒါနဲ့မင်းနေရောကောင်းရဲ့လား”
မျက်နှာလေးနည်း၂ငြိုးနေတယ်လို့ ထင်ပြီး ကျနော်က
မေးလိုက်တာကို ဒီကောင်က
“ဘာလည်းကွ ငါက စုတ်ပြက်သက်နေလို့လား”
“ဟာ မဟုတ်ပါဘူးကွာ မင်းမျက်နှာမကောင်းဘူးလား
လို့ပါ မင်းကလည်း”
ဒီကောင် ဟာသလည်း အလွန်ပြောတဲ့ကောင်ဗျ
အဲဒီနေ့ကတော့ ခပ်တည်တည်ပါပဲ။
“နေကောင်းတယ် စိတ်ကတော့ သိပ်အဆင်မပြေဘူး
ဒါလည်း ငါလိုကောင်မို့ပါကွာ နေကောင်းပါတယ်
ပြန်ပြီကွာ ငါစိတ်ရှာပြီးလာတာပါ ဘာရယ်မဟုတ်ပါဘူး”
အဲလိုပြောပြီး ဒီကောင်ပြန်သွားတာ ကျနော်တောင်
ဘာလည်းဟ ဒီကောင်ဆိုပြီး ဖြစ်မိသေးတယ်။
သိပ်မကြာလိုက်ဖူး ဗျ ၃နာရီလောက်ပဲကြာမယ်
မင်းထွန်း သေလို့ ဆိုပြီး ကြားရတော့တာပဲ။
မဖြစ်နိုင်တာ ခုတင် ငါနဲ့တွေ့တာပဲပေါ့
ကျနော်လည်း မပြေးတာတမယ်ပါပဲ သူ့အိမ်ရောက်
တော့ အလောင်းက ပြင်ထားပြီ။
တော်တော်စိတ်မကောင်းဖြစ်သွားတာ
“နေကောင်းပါတယ် စိတ်ကသိပ်အဆင်မပြေဘူးကွာ”
ဆိုပြီး ပြောတာကို ကျနော် ပြန်တွေးမိတော့
အရမ်းကို သနားသွားတာ၊ သူပြောချင်လို့ မသိစိတ်က
ကျနော့်ဆီ တွန်းပို့လိုက်တာများလား။
“ကဲ ကဲ ဂူသွင်းရအောင်” လို့တစ်ယောက်က
ဆော်သြတော့မှ ကျနော် သတိပြန်၀င်လာတာ
ဂူသွင်းမယ်ဆိုတော့ လူနည်းစုပဲ ကျန်တော့တာပေါ့
ကျနော်လေ ဖျက်ခနဲ့ လူ့ဘ၀ကိုစွန်ခွာသွားတဲ့
သူ့ကို ကြည့်ရင်း နားမလည်နိုင်အောင်ဖြစ်နေမိတာ
အခေါင်းထဲက အေးစက်နေတဲ့ သူ့လက်တစ်ဖက်ကုိ
ကိုင်ရင်း မင်းသွားတော့ကွာ ဆိုပြီး ခပ်တိုးတိုး
နုတ်ဆက်မိယင်း မျက်နှာလေးငြိုးနေတဲ့သူ့ကို
ပြန်သတိရမိတာပေါ့။အုတ်ဂူကို ပိတ်နေကျပြီ
ကျနော်လည်း အနီး၀န်းကျင်က အုတ်ဂူတွေပေါ်က
စာတွေကို အမှတ်မထင် လိုက်ဖတ်ကြည့်မိတယ်။
ကိုခင်မောင်မြင့် အသက်{၄၂}
ဦးစောထွေး အသက်{၇၆}
ကိုလွှမ်းမိုး အသက်{၃၃}
မဇင်မာချို အသက်{၂၉}
မထားထားအိ အသက် {၃၇}
ဒေါ်ဒေါင်း အသက် {၈၁}
ကိုမင်းထွန်း အသက်{၃၄}
ဒီတင် ကျနော် ဘာကိုတွေ့လည်းဆိုတော့ သေဆုံး
သူတွေဟာ သက်လက်ပိုင်း အရွယ်တွေများ နေတာပါပဲ။ကျနော်တို့်တွေ ပြောနေကျတဲ့ အရွယ်
ကောင်းဆိုတာ ဘာလည်း။ သက်တမ်းတွေက
ယုတ်လျော့ကုန်တာလား။ငါကရော မသေတော့ဘူး
လား အတွေးတွေကတန်းစီပြီး ၀င်လာတော့တာပါပဲ။
ကျနော်အပါ၀င် လူတွေအားလုံး မသေမဲ့သူ တစ်ယောက်မှ မရှိပါဘူး ။ခက်တာက ကိုယ့်ကိုယ်ကို
သေလိမ့်မယ်လို့ ဘယ်သူမှမထင်ကျတာကတော့
အံ့သြဖို့အလွန်ကောင်းပါတယ်။ မသိတာမဟုတ်၊
သိရက်နဲ့ တမင် မေ့ထားကျတာ။ ကိုယ်လည်းသေလူ
ဆိုတာ ဆင်ခြင်မိရင် အနည်းဆုံးတော့ ပြင်ဆင်ဖို့အချိန်ရပြီ၊ မဟုတ်ဖူး သေချာပေါက် အကျိုးများပြီ။ သတိ ခင်ဗျား ဟာ သေလူနော်။
မမေ့ပါနဲ့။ဒီတော့ အဆင်းကြောင့် မာန်တက်
ပညာကြောင့် မာန်တက်၊ ဆွေမျိုးကြောင့် မာန်တက်
ဥစ္စာ အခြွေရံ စည်းစိမ်ကြောင့် မာန်တက်နေတာတွေ
ဟာ သေခြင်း ဆိုတဲ့ သဘောနဲ့ကြည့်ယင်
အားလုံးဟာ သေးသေးလေးတွေပါ၊
ကျနော်က မဂ်လမ်း ဖိုဂ်လမ်းကို မြင်နေတဲ့
အဆင့်မြင့်လူတစ်ယောက်မဟုတ်ပါဘူး။
အရမ်းအတ္တကြီးတဲ့၊ လိုချင်တပ်မက်စိတ် ပြင်းပျတဲ့
၀မ်းနည်းမှု့ပျော်ရွှင်မှု့တွေ နဲ့လုံးချာလည်နေပြီး ဗရုတ်သုက္ခ အရမ်းနိုင်တဲ့ လူထဲက
လူတစ်ယောက်ပါ။
ကျနော်တို့တတွေ ဟာ ခွဲခွာခြင်းဆိုတဲ့အရာပေါ် အတော် အချိန်ပေး ခံစားတက်ကျပါတယ်။
အခုမခွဲရလည်း သေရင် ကွဲရမယ်ခွဲရမယ်ဆိုတာ
လက်ခံနိုင်ရင် တဖြည်း၂နေသာထိုင်သာရှိလာလိမ့်မယ်။
မရတာကိုမှ မရလေခြင်းဆိုပြီး ၀မ်းနည်းမနေသင့်
သလို ၊ရချင်တာထက် ရခဲ့တာကိုပဲ ကျနော်တို့တွေ
လက်ခံနိုင်အောင်ကြိုးစားရမယ်။
ဖြစ်ချင်တာထက် ဖြစ်ခဲ့တာကို ပဲ ကျေနပ်စွာ လက်ခံ
နိုင်ရပါလိမ့်မယ်။ တစ်ခုပဲ လူရယ်လို့ဖြစ်လာရင်
စာနာစိတ် ကိုယ်ချင်းစာစိတ် ထားနိုင်ရင် ကျနော်တို့
တတွေမသေခင် ပြင်ဆင်နိုင်ဖို့အတွက် ပထမ ခြေလှမ်း ဒါမှမဟုတ် ပထမလှေခါးထစ်ပါပဲ။
ကိုယ်ချင်းစာပါ ၊စာနာစိတ်ထားပါ
အဲဒီစိတ်လေးမွေးနိုင်တာနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
မရတာအတွက် မပူလောင်ပါနဲ့
ဖြစ်မလာတဲ့အရာအတွက် ၀မ်းနည်းမနေပါနဲ့။
ဘယ်အရာကိုမှ လွန်ကဲပြီး မစွဲလမ်းပါနဲ့။
သံယောဇဉ်မကြီးပါနဲ့။
မာန ကြီးပြီး မမောက်မာပါနဲ့။
ယခုရောက်နေတဲ့ အသက်ကနေ နောက်ပြန်ကြည့်ရင်
အားလုံးဟာ မနေ့တနေ့ကလိုပါပဲ။
အဲဒါဘာကိုပြသလည်းဆိုရင် လူ့ဘ၀ဟာ
ခဏလေးမို့ပါပဲ။
ပျော်အောင်နေ
စာနာစိတ်ထား
ကိုယ်ချင်းစာ
မနာလိုတဲ့ စိတ် မထားနဲ့
မနာလိုကင်း ၀န်တိုကင်း လက်ငင်းချမ်းသာ ရလိမ့်မည်။ ဘာပဲပြောပြော ဆင်ခြင်တက်ရင် အုတ်ဂူ
ပေါ်က သေတဲ့သူတွေကပြောနေသလိုပါပဲ။
(ငါတို့တော့သွားပြီ မင်းလိုက်လာဖုိ့သာပြင်ထား)
လို့ပြောနေတာနဲ့ မခြား တာမို့ အားးလုံးသတိတရား
ရစေချင်ပါတယ်။ဒီနေ့ သေနိုင်သလို နောက်နေ့တွေ
မှာ သေချာပေါက် ကျနော်တို့တွေ သေကျပါလိမ့်မယ်။
ပီယ
#credit