အနောက်.မှ/လိုက်လာသူ(စ/ဆုံး)
——————————–
“အမေရ…သားယာထဲဆင်းလိုက်ဦးမယ်နော်
“သြော်..အေ..အေ…မြန်မြန်ဆင်းပြီး မြန်မြန်ပြန်လာနော်..”
“ဟုတ်ကဲ့ပါ အေမ..”
မောင်မြတစ်ယောက် အမေကိုပြောပြီးယာထဲဆင်းလိုက်သည်..
မောင်မြက (၁၀)နှစ်သားအရွယ်ကတည်းက ဖခင်ကြီးဆုံး၍ ဖတစ်ဆိုးဖြစ်ရရှာသည်..
ဖခင်မရှိတော့ပေမယ် မိခင်ဖြစ်တဲ့ ဒေါတင်မေကမောင်မြကို လိုလေသေးမရှိအောင် ကျွေးမွေးစောက်ရှောက်သည်..
ခုချိန်မောင်မြအရွယ်ရောက်တော့ ဖခင်ကြီးချန်ခဲ့တဲ့ လယ်ယာကိုလုက်ကိုင်ရင်း မိခင်ဖြစ်သူကိုတဖန် ပြန်၍လုပ်ကျွေးသည်..
လိမ္မာရေးခြားရှိသူမို့ လူချစ်လူခင်ပေါသည် တစ်ရွာလုံးရဲ့ ချစ်တော်လည်းခံရသည် အများအကြိုးကိုလည်း သယ်ပိုးသူဖြစ်သည်…
“လူလေးရေ….”
အတွေးတွေနဲ့ လမ်းလျှောက်ရင်း ခေါ်သံကြား၍လှည့်ကြည့်လိုက်တော့ ခါးကိုင်းကိုင်းနဲ့ အဖွားအိုတစ်ယောက် ခေါ်ခြင်းဖြစ်သည်…
“ဗျာ..ကွီးမေ..”
“ဘယ်သွားမလို့လဲကွဲ့..”
“ကျွန်တော် ယာထဲဆင်းဖို့ပါဗျ..ဘာခိုင်းဖို့လဲကြီးမေ ကျွန်တော်ဘာလုပ်ပေးရမလဲ..”
“ဘာမှမခိုင်းပါဘူးကွယ်…ကြီးမေမနက်က ရွာမြောက်ပိုင်းမှာ အမဲသားပေါ်လို့ ကြီးမေ(၅၀)သားဝယ်ထားတယ် ကြီးမေတစ်ယောက်တည်း စားမကုန်လို့ လူလေးတို့သားအမိစားဖို့ ကြီးမေ(၂၅)သားခွဲပေးဖို့..”
“သြော်..ဟုတ်ကဲ့ကြီးမေ ကျွန်တော်ယာထဲဆင်းဖို့ ညနေကျမှဝင်ယူမယ်လေ..”
“အေး..အေ ညနေကျဝင်ယူနော်..”
“ဟုတ်ကဲ့..ကြီးမေ..ဒါဆိုကျွန်တော်သွားလိုက်ဦးမယ်ဗျ..”
“ဂရုစိုက်သွားနော်…”
“ဟုတ်ကဲ့ ပါဗ်..”
မောင်မြကြီးမေကို နုတ်ဆက်၍ ယာထဲဆင်းသွားလိုက်သည် ..
ယာထဲရောက်တော့ လုပ်စရာရှိတာလုပ်ပြီး ကိစ္စ ဝိတ္စပြီးတော့ရွာထဲသို့ ပြန်လာလိုက်သည်..
ယာခင်းကရွာပြင်မှာဆိုတော့ဝေးသည် ပြန်လာရင်းနဲ့လမ်းမှာပဲ မိုးချုပ်သွားသည်…
“ကြီးမေရေ…ကျွန်တော်ပြန်လာပြီ ”
ကြီးမေက သူကိုင်ထားသော အမဲသားထုပ္ကို မောင်မြထံကမ်းပေးလိုက်သည်….
“လူလေး…ပြန်လာတာနောက်ကျလှချည်လား မိုးတောင်ချုပ်နေပြီ အမဲသားထုပ်နဲ့ ဖြစ်ပါ့မလာ..”
မောင့်မြက ကြီးမေဆိုလိုချင်းကိုသိ၍ တစ်ချက်ပြုံးပြလိုက်သည်…
“ဖြစ်ပါတယ် ကြီးမေရယ် ဘာမှစိတ်မပူနဲ့ ကြီးမေသာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ မိုးလည်းချုပ်နေပြီ ကြီးမေအိပ်တော့လေ..”
“အေးပါကွယ် ကြီးမေကျန်းမာရေးကို ဂရုစိုက်ပါတယ်.”
“ကျေးဇူးပါနော်…ကြီးမေ အမဲသားပေးတဲ့အတွက်..”
“ရပါတယ်ကွယ်… ပြောစရာလူတွေမှ မဟုတ္တာ ..”
“ဒါဆိုကျွန်တော် ပြန်လိုက်ဦးမယ်. တော်ကြာအမေစိတ်ပူမယ်..”
“အေးပါကွယ်…ဂရုစိုက်ပြန်နော်…လူလေး.”
“ဟုတ်ကဲ့ပါ..ကြီးမေ..”
ကြီးမေကို နုတ်ဆက်ပြီးပြန်လာတာ ကုက္ကိုပင်ကြီးနားရောက်တော့ မိန်းမပျိုလေးနှစ်ယောက်က သူ့ကိုရပ်ကြည့်နေသည်..
မျက်နှာတစ်ခုလုံး ဓါးချက်များနှင့် ပြည့်နက်လေသည်..
ဆံနွယ်များက ဆုပ်ဖွပြီး လေထဲပျံဝဲနေသည်..
လက်ကြီးဖျန့်ပြီး ပါစပ်မှလှုပ်၍ တစ်ခုခုတောင်းဆိုနေသည်..
မောင်မြကြက်သီးများ တစ်ဖျန်းဖျန်းထကာ ကျောများချမ်းလာသည်…
ထိုမိန်းကလေးနှစ်ယောက်က ကြောက်မက်ဖွယ်ကောင်းသော အပြုအမှုများနှင့် မောင်မြထံသို တိုးကပ်လာသည်..
မောင်မြလည်း ကြောက်လန့်၍ နောက်သိုဆုပ်ကာ လက်ထဲမှကိုင်ထားသော အမဲသားထုပ္ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးပြေးပါတော့သည်..
မောင်မြပြေးသမျကို နောက်ကနေခြေသံ တစ်ရှုပ်ရှုပ်နှင့် ထစ်ခြစ်မကွာ လိုက်ပါတော့သည်..
မောင်မြလည်း ကြောက်ကြောက်လှန့်လှန့်နှင့် နောက်သို့ပြန်၍ လှည့်မကြည့်ပဲ အားသကုန်ပြေးပါတော့သည်…
အိမ်သိုပြန်ရောက်၍ နောက်မှခြေသံအချို့ တိတ်သွားသည်…
“ဟူး….တော်ပါသေးရဲ့ ခုမြပဲ အသက္ကို ဝအောင်ရှူရတော့တယ်..”
မောင်မြရဲ့အမေလည်း အိမ်မောကျလေပြီ မောင်မြက အေမနိုးမွာစိုး၍ ခြေသံဖွဖွနှင်းကာ အိမ်ပေါ်သို့တက်လိုက်သည်…
မောင်မြက ခြေလက်များဆေးကာ အိပ်မည်အပြု…
“ညီလေးရေ…ညီလေးမြ..”
အိမ်ဘေးမှ အကိုတစ်ယောက် ခေါ်သံကြောင့် မောင်မြဓါတ်မီးယူကာ ထွက်လာလိုက်သည်..
“ဟင်…ကိုကြီးကျော် ညကြီးအချိန်မတော် ဘာကိစ္စရှိလို့လဲဗျ..”
“ညီလေး…ဧည့်သည်တွေကို ဘာလို့အိမ်ပေါ် မခေါ်တက်တာလဲ..”
.”ဗ်ာ..ကျွန်တော်ဘယ်ဧည့်သည်မှ မခေါ်လာပါဘူးကိုကြီး..”
“ဟုတ်လို့လားကွာ ခုနကညီလေးပြန်လာတာ ညီလေးနောက်က မိန်းကလေးနှစ်ယောက်ပါလာတာ ကိုကြီးတွေ့တယ်..”
.”ဟာ……မဖြစ်နိုင်တာကိုကြီးရာ ကျွန်တော်တစ်ယောက်တည်း ပြန်လာတာ ကိုကြီးအမြင်မှားတာဖြစ်မယ်..”
တစ်ယောက်တစ်ပေါက် ငြင်းခုန်ရင်း ကိုကျော်ကြီးက စိတ်မရှည်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်…
“ဟူး…..ကဲ့..ညီလေးမယုံရင် အိမ်ရှေ့မှာသာ ကြည့်လိုက်ပါ”
ကိုကြီးကျော်ပြော၍ မောင်မြ အိမ်ရှေ့သို့ လှမ်း၍ကြည့်လိုက်သည် အိမ်ရှေ့မှ မိန်ကလေးနှစ်ယောက် ရပ်နေတာကို တွေ့လိုက်သည်…
ထိုမိန်းကလေးများရဲ့မျက်နှာက စောစောက သူတွေ့သလို ကြောက်မက်ဖွယ် မျက်နှာများနှင့် မဟုတ်ပဲ မောပန်း၍ ညိုးငယ်နေသော မျက်နှာမျိုးပင်ဖြစ်သည်…
“ဟင်…ဒီမိန်းကလေး နှစ်ယောက်က ကျွန်တော်ရွာထိပ်က ကုက္ကိုပင်နားမှာ တွေ့တဲ့မိန်းကလေးတွေပဲ ကျွန်တော်နောက်ကို ဘာလို့ လိုက်လာပါလိမ့်….”
မောင်မြပြောသော စကားကြောင့် ကိုကြီးကျော်က တချက်တွေဝေကာ စဉ်းစားနေသည်…
“ညီလေး…မင်းခုနကပြန်လာတာ ဘာယူပြန်လာလဲ..?
“ကျွန်တော်…ရွာတောင်ပိုင်းက ကြီးမေပေးလိုက်တဲ့ အမဲသားယူတယ်…”
“ညီလေး…ကိုကြီးပြောတာ သေချာနားထောင် အဲအမဲသားကို အတုံးခုတ်ပြီး အိမ်ရှေ့ပစ်ချပေးလိုက်..”
မောင်မြက ကိုကြီးကျော်ပြောသလို အမဲသားကို တစ်ချို့တုံးကာ အိမ်ရှေ့သို့ပစ်ချပေးလိုက်သည်.. ထိုကောင်မလေးတို့က အမဲသားတုံးကိုယူပြီး ပျောက်ကွယ်သွားသည်…
ကိုကျော်ကြီးက သူ့အိမ်ပြန်သွား၍ မောင်မြလည်းအိပ်ရာဝင်တော့သည်…
အိမ်မက်ထဲ၌ ထိုကောင်မလေးတို့က မောင်မြကို စကားလာပြောတော့သည်…
“ကိုမောင်မြ ရှင့်ကို ကျွန်မတို့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ရှင့်အမဲသားစားရဖို့ ကျွန်မတို့ရှင့်နောက် လိုက်ရတာ တော်တော်မောတယ် ခြေထောက်လည်းညောင်း ဟူး..မောတာမှ ဖက်ဖက်ကိုမောနေတာပဲ…
တစ်လက်စနဲ့ ရှင့်ကိုကျွန်မတို့ အကူအညီတောင်းပါရစေ ရှင်က စိတ်ကောင်းရှိသူမို့ပါ ကျွန်မတို့ကဟိုတစ်လောက အသတ္ခံရတဲ့ ညီအမနှစ်ယောက်ပါ ကျွန်မတို့မကျွတ်သေးလို့ ရှင်ဘုရားမှာ ကျွန်မတို့ အတွက်ကုသိုလ်ကောင်းမှု တစ်ခုခုလုပ်ပေးပြီး အမျဝေပေးပါ ရှင့်ကျေးဇူးကိုကျွန်မတို့ မေမ့ပါဘူး…”
ပြောပြီး၍ပျောက်ကွယ်သွားသည် မောင်မြကလည်း လန့်၍နိုးသွားသည်…
“မိုးတောင်လင်းပြီပဲ..”
မောင်မြကမန်းကတန်းထ ရေမိုးချိုးလေသည်..
“အေမ…သားဘုရားသွားလိုက်ဦးမယ်နော်..”
“ဟင်..အေမ့သားက ထူးဆန်းပါလား ..”
“ဒီလိုအမေရဲ့….”
မောင်မြက အေမျဖစ်သူကို ဖြစ်ကြောင်းကုန်စင် ပြောပြလေသည်..
“သြော်..အေး..အေး…ကောင်းပါတယ်ကွယ် အမေသားလေးစိတ်စေတနာ ကောင်းတာ အမေဂုဏ်ယူပါတယ်ကွယ် သူတစ်ပါးကိုကူညီတာ ကောင်းတာပေါ့ အမေလည်းထပ်တူ သာဓုခေါ်ပါတယ်ကွယ်..”
“ဒါဆိုသား…သွားပြီနော်အမေ..”
.”အေး..အေ..”
ဘုရားရောက်တော့ ကုသိုလ်ကောင်းမှုလုပ်ကာ ကောင်းမလေးနှစ်ယောက်ကို အမျပေးဝေတော့သည်..
“ကောင်မလေးတို့ရယ်
နင်တို့ကောင်းရာ ဘုံဘဝရောက်ပါစေ..”
.”သာဓု …..သာဓု….သာဓု….”
ကောင်မလေးတို့က ဝမ်းသာအားရနဲ့ သာဓုခေါ်တော့ ချက်ချင်းပင် ဘဝပြောင်းသွားတော့သည်…
“ကျေးဇူးအထူးပါ ကိုမောင်မြရယ်…”
ရေးတတ်သလိုသာ ရေးတဲ့အတွက်အမှား များပါရင်ခွင့်လွတ်ပါ
အားလုံးကိုအစဉျလေးစားလြှကျမွတျသောမောငျအနောက်.မြ/လိုက္လာသူ
စ/ဆုံး
“အေမေရ…သားယာထဲဆင်းလိုက်ဦးမယ်နော်

”ပြီး…..
ရေးတတ်သလိုသာ ရေးတဲ့အတွက်အမှား များပါရင်ခွင့်လွတ်ပါ
အားလုံးကိုအစဉ်လေးစားလျှက်မြတ်သောမောင်(ဒုံဝန်း)