အပမှီခဲ့သော အရုပ်ကလေး

Posted on

အပမှီခဲ့သော အရုပ်ကလေး(စ/ဆုံး)

————————————

ယခင်တုန်းကလည်း အပမှီခြင်းနှင့်စပ်လျဉ်းသော တစ် ဆင့်ပြော အဖြစ်အပျက် အကြောင်းအရာတချို့ကို ရေးသားခဲ့ဖူးပါ သည်။ မိမိကိုယ်တိုင် မကြုံတွေ့ဖူးခဲ့ပါက ထိုသို့သော အဖြစ် အပျက်များကို အမှန်တကယ် ဖြစ်ပွားနိုင်သည်ဟူ၍ ယုံကြည်မိလိမ့်မည် မထင်ပါ။ ““ပြောမှယုံ၊ ကြုံဖူးမှသိ””ဆိုသည့်အတိုင်းကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ဆုံလိုက်တော့မှပဲ တတွတ်တွတ်ရွတ် ဆိုနေကျဖြစ်၍ အလွတ်ရနေသော သမ္ဗုဒ္ဓေဂါထာတော်ကိုပင် ဖြောင့်အောင် မဆိုနိုင်တော့၍ ဘုရား …ဘုရားဟူ၍သာ ရေရွတ် ခဲ့ရသည့်အဖြစ်ကို ယခုထက်တိုင် မှတ်မိနေပါသေးသည်။ ထို အပမှီသော အရုပ်ကလေးအကြောင်း ပြန်ပြောင်းတွေးပြီး ရေးရ မည်ဆိုပါလျှင် လွန်ခဲ့သော ၁ဝ နှစ်ဝန်းကျင်သို့ သမင်လည်ပြန် ငေးကြည့်ရမည်သာ ဖြစ်ပါတော့၏။

ထိုစဉ်က ကျွန်မ၏အသက်မှာ ၁ဝ နှစ်ဝန်းကျင်သာ ရှိသေးသည်။ မိသားစုထဲတွင် အငယ်ဆုံး သမီးကလေးမို့ ထို အရွယ်သို့ ရောက်သည့်တိုင် ဟိုဟာ သည်ဟာ စိတ်မဝင်စားနိုင်ဘဲ ကလေးတစ်ယောက်လို ဘဝကိုကုန်ဆုံးနေသည့်အချိန်။ အသက် က ၁ဝ နှစ်ဖြစ်၍ ငါးတန်းတက်ရန် ပြင်ဆင်နေသည့်ကာလဖြစ် ၏။ ၂၁ ရာစု၏ ခေတ်ကာလသမီးပျိုပီပီ မြန်မာပြည်၏ပညာရေး စနစ်နှင့် လျော်ညီမှုရှိစေရန်အတွက် ကြိုတင်ဘွတ်ကင်ဆွဲကာ ကျူရှင်တက်နေရသော ကာလလည်း ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျွန်မကစာကျက်ပျင်း သော ကလေးမလေး။ စာကျက်သည်ထက် စာဖတ်သည်ကိုပို၍ အားသန်ပြီး ပျင်းရိသည့်အခါတိုင်း အရုပ်မလေးများနှင့်ဆော့ ကစားကာ အချိန်ဖြုန်းနေတတ်သည်။ ထိုစဉ်က ကျွန်မ၏မိဘနှစ် ပါးမှာ ငွေကြေးပြည့်စုံခြင်းမရှိ၍ ကျွန်မအတွက် အရုပ်အမျိုးမျိုးလက်ဆောင်ဝယ်ပေးနိုင်ခြင်း မရှိသောကြောင့် ကျွန်မမှာ ရှိရင်းစွဲ အရုပ်ကလေးများနှင့်သာ ဆော့ကစားနေခဲ့ရသည်။

ကျွန်မ၌ အရုပ်များများစားစား မရှိပါ။ သုံးနှစ်သမီး ကတည်းက လက်ဆောင်ရထားခဲ့သော မွေးကင်းစ ကလေးတစ် ယောက် အရွယ်ရှိ ကော်ပတ်ရုပ်မလေးနှင့် ၉ နှစ်ပြည့်မွေးနေ့တုန်း က ဦးလေးတစ်ယောက် လက်ဆောင်ဝယ်ပေးခဲ့သော ““အမြွှာနှစ် ယောက်””အမည်ရ ပုပုသေးသေး ကော်ပတ်ရုပ်မလေးတို့သာ ရှိ၏။ အရုပ်က စုစုပေါင်း သုံးရုပ်ဖြစ်သော်လည်း ပထမဆုံးအရုပ် က အရုပ်ဟုပင် အမည်မပေးနိုင်လောက်အောင် အချိန်ကြာ ညောင်းခဲ့မှုကြောင့် အနည်းငယ် ဟောင်းနွမ်းနေရုံမက ကျွန်မ ငယ်စဉ်က လက်သည်းနီများဖြင့် လက်စွမ်းပြထားမိ၍ အရုပ်မ လေး၏ မျက်နှာပြင်တစ်ခုလုံး နီရဲတွတ်ကာ ရုပ်ဆိုးနေသည်။

နာမည်ကြီးလှသည့် နိုင်ငံခြားရုပ်ရှင်ကားတစ်ကားဖြစ် သော Conjuring ဇာတ်ကားထဲက နတ်ဆိုးပူးနေသည့် အရုပ်မ လေးကမှ ကျွန်မ၏ဘိုမထက် ရုပ်လှပါသေးသည်။ ကျွန်မ၏ဘိုမ ရုပ်က မျက်နှာပြင်တွင် လက်သည်းနီတို့ ရဲနေရုံသာမက၊ ခေါင်း တွင်လည်း ဆံပင်မွေးများက ကျိုးတိုးကျဲတဲ။ ထိုသို့ဖြစ်အောင် လည်း ကျွန်မကပဲ (မသိနားမလည်သည့် အရွယ်တုန်းက) ကတ် ကြေးတစ်လက်နှင့် လက်စောင်းထက်ထားခဲ့လေတော့ နဂိုချောလှ သည့် အရုပ်မလေးခမျာ ကြည့်ရက်စရာမရှိ။ သို့သော်လည်း´ ထိုရုပ်ဆိုးမလေးကို ကျွန်မ မပစ်ရက်ပါ။ ထိုအရုပ်လေးက ကျွန်မ ၏ဖခင် ပညာတော်သင်သွားစဉ်က နိုင်ငံခြားမှ (ရှိစုမဲ့စုကြား ဖခင်၏မေတ္တာ၊ စေတနာတို့နှင့်) ဝယ်ယူလာခဲ့သော အရုပ်လေး တစ်ရုပ်ဖြစ်၍ အမှတ်တရအနေနှင့် အမြတ်တနိုး ထိန်းသိမ်းထား ခြင်းဖြစ်သည်။ သို့သော်လည်း ထိုမြတ်နိုးတန်ဖိုးထားသည့်စိတ်က အရုပ်မလေးကို အပမမှီခင်ကသာ နှလုံးအိမ်ထဲတွင် တည်ရှိနေခဲ့ ခြင်း ဖြစ်ပါ၏။

ကျွန်မ၏ ကစားပုံ၊ ကစားနည်းကို ရှင်းလင်းရပေဦး မည်။ ကျွန်မက ၁ဝ နှစ်သမီးဖြစ်၍ အရုပ်လေးများကို နားကြပ် < သေးသေးလေးနှင့် ဟိုစမ်း၊ သည်စမ်းလုပ်ရင်း ““နေကောင်းသွား မှာပါ၊ ဆေးသောက်””ဟုဆိုပြီး ဆရာဝန်အိုက်တင်ဖမ်းကာ ဆော့ ကစားခြင်းမျိုး မဟုတ်ပါ။ ကျွန်မကိုယ်တိုင်လည်း သွေးအလွန် ကြောက်တတ်သောကြောင့် ဆရာဝန်ဖြစ်ချင်သော စိတ်ကူးမျိုး ငယ်စဉ်ကတည်းက မရှိခဲ့ပေ။ ကျွန်မဆော့ပုံဆော့နည်းက အရုပ်မ လေးများကို အဝတ်အစားချုပ်ပေးခြင်း၊ အလှပြင်ပေးခြင်း၊ ခေါင်းဖြီးပေးခြင်းနှင့် တစ်ခါတစ်ရံ အထီးကျန်သည့်အခါ သူတို့ လေးတွေကို သက်ရှိပမာ သဘောထားကာ စကားပြောခြင်းတို့ ဖြစ်ပါသည်။

အပမှီသည့်အကြောင်းကို ဦးတည်ပြောရသော် ဇာတ် လမ်းဖြစ်တည်မည့် အစဆီသို့ ကျွန်မတို့သွားရောက် ကြည့်ရှုရသိမ့်မည်။ အပမှီခြင်း၏ သဘောသဘာဝမှာ ပြင်ပမှ မမြင်အပ် သော တစ်စုံတစ်ယောက်၏ မှီတွယ်ခြင်း ခံရသည်ကို ဆိုလိုဟန် ဘူပါသည်။ သို့ကြောင့် ထိုအရုပ်ကလေးကသာ အိမ်တွင်းပုန်းလုပ် . နေပါက အပမှီစရာအကြောင်းမရှိ။ သို့သော် ထိုနေ့က ကျွန်မ ကိုယ်တိုင် ကျူရှင်အိမ်ဆီသို့ အရုပ်ကလေးကို သယ်သွားမိခဲ့ခြင်း ဖြစ်၏။

XXX

““ဟယ်…ပါလာပြီဟေ့။ ဖြူဖြူရဲ့ ဘိုမရုပ်လေးက ရုပ် ဆိုးချက်ကွာ””

“အေးဟယ်… မျက်နှာကလည်း နီရဲနေရော။ ကေက လည်း ခေါင်းတုံးဆံပင်ပေါက်အတိုင်းပဲ။ ဆိုးလိုက်တာဟယ်””

““ဟွန်း.. နင်တို့ကလည်း သူများအရုပ်ကိုများ မှိုချိုးမျှစ် ချိုး ပြောနေလိုက်ကြတာ။ နင်တို့မှာရော ဒီလောက်ကြီးတဲ့အရုပ် မျိုး ရှိလို့လား။ ဒါက နယ်နယ်ရရ မဟုတ်ဘူးနော်။ နိုင်ငံခြားက ပါလာတဲ့ ဘိုမရုပ်အစစ်””

သူငယ်ချင်းများ၏ ဝေဖန်စကားကို ကျွန်မက ခပ်ကြွား ကြွားလေး ချေပလိုက်တော့ သူတို့တစ်တွေ ပါးစပ်ပိတ်သွားကြ သည်။ ကျွန်မ၏ မြောက်ကြွကြွအပြောလေးကို ကျူရှင်ဆရာမ ဒေါ်သီတာ၏မိခင် ဘွားမေသန့်က သဘောကျသွားဟန်ဖြင့် တဟင်းဟင်းရယ်မောရင်း ကျွန်မလက်ထဲက အရုပ်ကလေးကိုလှမ်းယူလိုက်၏။

““အံမယ်… ပွင့်ဖြူလေးရဲ့ ဘိုမက ရုပ်ဆိုးတာမဟုတ်ပါ ဘူး။ ဒါ အင်္ဂလိပ်ချောချောတာလို့ ခေါ်တယ်။ အသားနီတာရဲ လေးနဲ့””

““ဘွားမေ…သမီးရဲ့ဘိုမလေးကို အင်္ကျီလှလှလေးချုပ် ပေးနော်””

“အမလေး…စိတ်ချ၊ အခုပဲ ချုပ်ပေးလိုက်မယ်။ ဘွားမေမှာ အဝတ်စ ပိုတာတွေရှိတယ်။ ဂါဝန်လှလှလေး ချုပ်ပေး မှာ။ သမီးသာ စာသေချာသင်””

““ဟုတ်ကဲ့ …ဘွားမေ””

ဘွားမေ၏ကတိစကားကြောင့် ကျွန်မပျော်ရွှင်သွားခဲ့ရပြီ။

– ယခင်က ဘွားမေသန့်သည် အပ်ချုပ်ဆိုင် ဖွင့်ထားသူဖြစ် သဖြင့် သူမတွင် အပ်ထည်များမှ ပိုလျှံသော အစပိုများရှိနေသည်။ ဟိုတစ်စ၊ သည်တစ်စမှ ပိုလျှံ၍ ကျန်နေခဲ့ခြင်းဖြစ်သည်ကြောင့် အနည်းအများ မတူသလို၊ အရောင်အသွေးလည်း မတူပေ။ နောက်ပြီး ပိုလျှံသော အစများက နောက် တစ်ယောက်စာလည်း ချုပ်မရသဖြင့် အလဟဿ ဖြစ်နေလေရာ ဘွားမေသန့်က ထိုအစပိုများကို ကျွန်မတို့လို ကလေးများအတွက် အသုံးချပေးရန် စဉ်းစားခဲ့သည်။ ကလေးတွေအတွက် အဝတ်ချုပ်ပေးရန် မဖြစ်နိုင် သော်လည်း အဝတ်ရုပ်လေးများ ချုပ်ပေးခဲ့ရာ ကျွန်မတို့မှာ အလွန်သဘောကျကြသည်။ ထိုအထဲကမှ ပိုကဲလိုသော ကျွန်မက ကျွန်မ ၏ဘိုမရုပ်လေးကို အင်္ကျီချုပ်ပေးရန် တောင်းဆိုခဲ့သည်။ ကျွန်မတို့ အပေါ် ချစ်ခင်နေသော ဘွားမေသန့်က မငြင်းပါ။ အရုပ်မကို ယူလာခဲ့ဖို့မှာ၍ ယခုကဲ့သို့ သယ်လာခဲ့ရခြင်းဖြစ်သည်။

““ကဲ . . . ရော့ သမီးပွင့်ဖြူ၊ သမီးရဲ့ဘိုမလေး လှမသွား ဘူးလား””

ကျူရှင်ဆင်းသည့် ညနေစောင်းအခါတွင် သူငယ်ချင်း များနှင့် စကားတွတ်ထိုးနေသည့် ကျွန်မက အရုပ်မလေးကိုပင် မေ့နေကာ အိမ်ပေါ်မှဆင်းလာခဲ့သည့်အခိုက် ဘွားမေသန့်က ခပ်သုတ်သုတ်လိုက်လာပြီး အရုပ်မလေးကို ကျွန်မလက်ထဲသို့ ဆိုးပေးခဲ့သည်။

“ဟယ်…လှလိုက်တာ ဘွားမေရယ်၊ ဒီလောက်ခဏ လေးကို ဘွားမေ ဘယ်လိုချုပ်လိုက်တာလဲ။ သမီးက မနက်ဖြန်မှ ရမယ်ထင်နေတာ”

“အမလေး …သမီးရယ်၊ အရင်ကဆို ဘွားမေက လူတွေအတွက် အဝတ်အစားချုပ်ပေးခဲ့သူပါ။ ဒီအရုပ်မလေး အရွယ်လောက်တော့ ခဏလေး ပြီးတာပေါ့။ ကဲ ..ဘယ့်နှယ့် သဘောမကျဘူးလား””

““သဘောကျတာပေါ့ ဘွားမေရ။ သမီးရဲ့ရုပ်ဆိုးဆိုး ဘိုမတောင် ပိုချောသွားပြီ .. .ဟိဟိ””“ကဲ….ကဲ၊ မိုးတောင်ချုပ်တော့မယ်။ အိမ်ကို တန်း တန်းမတ်မတ် ပြန်ကြတော့””

““ဟုတ်ကဲ့ပါ . . .ဘွားမေ”

ဂါဝန်စိမ်းဖန့်ဖန့်လေးနှင့် အမြင်ဆန်းသစ်နေသည့် ဘိုမ ရုပ်လေးကို စက်ဘီးခြင်းတောင်းထဲသို့ထည့်ကာ သုံးယောက်သား လမ်းလျှောက်လာခဲ့ကြသည်။ သုံးယောက်သားဆိုသည်မှာ ကျွန်မ နှင့် ကျွန်မ၏သူငယ်ချင်းများဖြစ်သော ယုဝေနှင့်ခန့်လွင်။ သူတို့ နှစ်ဦးက စက်ဘီးပါမလာကြ၍ ကျွန်မကပါလာသော စက်ဘီးကို တွန်းကာ သူတို့နှင့်အတူ လမ်းလျှောက်နေခြင်းဖြစ်သည်။ ဘွားမေ က အိမ်ကိုတန်းတန်းမတ်မတ်ပြန်ဟု မှာသည်က အကြောင်းမဲ့ မဟုတ်။ ကျွန်မတို့ ကလေးတစ်အုပ်ကလည်း ကျွန်မတို့ပါပဲ။ ကျူရှင်ဆင်းချိန်ဆို အိမ်သို့ချက်ချင်း မပြန်ဘဲ ကျူရှင်ရှေ့ တောင် ကုန်းကမူတစ်ဖက်က မြက်တောထဲတွင် တူတူပုန်းတမ်း ကစား ကြသေးသည်။

ကလေးတစ်ရပ်နီးပါး ရှည်လျားမြင့်မားသော မြက်တော ကြီးထဲတွင် မြွေမကြောက်၊ ကင်းမကြောက် ပြေးလွှားဆော့ကစား ကြသည်။ ပြေးရင်း၊ လွှားရင်း ချွေးသံတို့တရွှဲရွှဲဖြင့် နေလုံးပျောက် သည့်အခါမှ ကျွန်မတို့ သုံးယောက် အိမ်ပြန်ကြသည်။ ယနေ့ တော့ ` ကျွန်မအိမ်သို့ စောစောပြန်ချင်လှပြီ။ ့ ဘိုမ၏ဂါဝန်ကို မိဘများမြင်အောင် ပြချင်လှပြီ။ သို့ကြောင့်““ဟဲ့ ..ဒီနေ့တော့ မဆော့နဲ့တော့ဟာ။ စောပြန်ကြစို့”” ဟု ကျွန်မက, နှိုးဆော်လိုက်ပေမယ့် ယုဝေနှင့် ခန့်လွင် က လက်မခံ။

““အာ…မပြန်ပေါင်။ ငါတို့ဆော့ကြဦးမယ်လေ””

“အေးလေဟာ. . .ညနေတိုင်းဆော့နေကျကို”” 66

““ဟယ်…နင်တို့ကလည်း ဒီနေ့က အရင်နေ့တွေနဲ့ မတူဘူးလေ။ ငါ့ဘိုမရဲ့ဂါဝန်ကို မေကြီးတို့၊ ဖေကြီးတို့မြင်အောင် ပြချင်လို့ဟ””

““ဩော်…နင်က နင့်မှာဘိုမရုပ်ကြီး ရှိတယ်ဆိုတာနဲ့ ငါတို့ကို အဖက်မလုပ်တော့ဘူး ဆိုပါတော့””

““ဟာ…အဲဒီလိုတော့ ဘယ်ဟုတ်မလဲ။ နင်တို့နဲ့ ဘိုမ ကို နှိုင်းလို့ဘယ်ရပါ့မလဲ”

““မယုံဘူးဟာ။ နင်ပြန်ရင် ငါတို့ကတော့ အဲဒီလို သဘောထားမှာပဲ။ နင့်ကို မခေါ်ဘဲနေမှာ။ ဟုတ်တယ်နော် ယူ””

“အေး …ခန့်လွင်ပြောတာ ဟုတ်တယ်””

အဆိုးဆုံးက မိန်းကလေးနှစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင် လောက်အောင် အငြင်းသန်သော ခန့်လွင်။ ယခုလည်း ယောက်ျား လေးတန်မဲ့ စကားနာထိုးနေပြန်ရာ ကျွန်မလည်း သူတို့ကို လိုက် လျောလိုက်ရသည်။ စိတ်မပါ၊ လက်မပါဆိုပေမယ့် သူတို့နှစ်ဦး နှင့်အတူ ကမူတစ်ဖက်ရှိ မြက်ချုံတောထဲတွင် တူတူပုန်းတမ်းကစားလိုက်ကြတာ မည်မျှကြာသွားသည်မသိ။ နေဝန်းကြီး လုံးလုံးပျောက်၍ အလင်းရောင်မှုန်ပျပျသာ ကျန်ရှိတော့မှပဲ အိမ်ပြန်ရန်သတိရတော့၏။ –

““ဟဲ့ . . . ကောင်မတို့၊ ဟိုမှာ နေမရှိတော့ဘူး”” ““အဲဒါ မသိဘူးလား။ အနောက်နိုင်ငံတွေကို ခရီးထွက်

သွားတာလေ။ နင်ကလည်း အ,ပါ့”” ““ဪ …ယုရယ်၊ ငါက နေမရှိတော့ဘူး။ မိဘတွေ စိတ်ပူနေတော့မယ့်အကြောင်း ပြော

တာ” ““အေး…ဟုတ်သားပဲ။ တို့ပြန်ကြစို့ ခန့်လွင်”” ထိုအခါမှ သုံးယောက်သား ဒရောသောပါး အိမ်ပြန်လာ ခဲ့ကြသည်။ ခန့်လွင်၏အိမ်က အနီးဆုံးဖြစ်၍ ငါးမိနစ်ခန့် လျှောက် လာပြီးနောက် သူ့အိမ်ရှေ့သို့ရောက်၏။ ခန့်လွင်၏အမေက စိတ်ပူ နေပြီး အိမ်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ခန့်လွင်ကို မျှော်နေသည်။

““ဟယ်…သားရယ်၊ နောက်ကျလိုက်တာ။ ခုပဲ သား ဖေဖေ လာကြိုတော့မလို့”

““ဟိုကောင်မလေးတွေပေါ့ မေမေရယ်၊ သားကပြန်ပါ မယ်ဆိုတာကို မပြန်ခိုင်းဘဲ အတင်းဆော့ခိုင်းနေလို့””

ခန့်လွင်က သူ့အပြစ်ကို သူများအပြစ်ဖြစ်အောင်လုပ်ပြီ။ဤသည်က သူ့အကျင့်ဖြစ်နေ၍ ကျွန်မတို့လည်း ရှင်းပြမနေတော့ ဘဲ သူ့ကိုသာ လက်သီးထောင်ပြပြီး ဆက်လျှောက်လာခဲ့ကြ သည်။ ခန့်လွင်၏အမေကတော့ သူ့သားအကြောင်း ကောင်း ကောင်းသိသောကြောင့် မည်သူမည်ဝါကိုမျှ အပြစ်တင်မနေဘဲ ပြုံးလျက်နှင့် သားပခုံးကိုဖက်ကာ အိမ်ထဲသို့ဝင်သွားလေ၏။

ယုဝေနှင့်ကျွန်မ၏ အိမ်က အကွာအဝေး အတူတူဟုပင် ဆို၍ရမည်။ လမ်းလေးခုဆုံ နေရာသို့ရောက်သည့်အခါ ဘယ် ဘက်လမ်းထဲသို့ ကွေ့ဝင်သွားရပြီး ယုဝေကတော့ သူ့အိမ်တည် ရာ ညာဘက်လမ်းထဲသို့ ချိုးကွေ့သွားရသည်။ ကွေ့ဝင်ပြီး မကြာ၊ အိမ်ရှေ့သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။ နေရောင်က မှုန်ဖျော့ ဖျော့သာ ကျန်တော့သည်။ လမ်းလေးခွသို့ ရောက်နေပြီမို့ သူငယ် ချင်းနှစ်ယောက် တစ်နေ့တာအတွက် ခွဲခွာနှုတ်ဆက်ရတော့မည်။

““ကောင်မရေ…မနက်ဖြန်မှ တွေ့ကြမယ်””

“အေး…ယု၊ တာ့တာ””

နှစ်ဦးသား တစ်ပြိုင်နက်ဆိုသလို ကျောခိုင်းလိုက်ကြပြီး လမ်းထဲသို့ အသီးသီးဝင်ရောက်လာလိုက်၏။ ဤသည်မှာ နေ့စဉ် နိစ္စဓူဝ အဖြစ်အပျက်ဖြစ်၍ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်အဖို့ အဆန်းတကြယ်မဟုတ်။ သို့သော် ယနေ့ကျမှ ယုဝေက မည်သို့ စိတ်ကူးပေါက်သည်မသိ နှစ်ယောက်သား ကျောခိုင်းပြီး ခြေနှစ် လှမ်းလောက် လှမ်းရုံရှိသေး““ဟဲ့…အမလေး ပွင့်ဖြူ၊ နင့်နောက်မှာ သရဲ…သရဲ” ´ဟု လှမ်းအော်လိုက်၍ ကျွန်မမှာ ကြက်သီးတဖြန်းဖြန်း ထကာ တစ်ကိုယ်လုံးတောင် ဆတ်ခနဲတုန်သွားပြီး နောက်ဘက် သို့ အလန့်တကြား လှည့်ကြည့်မိသည်။ မြင်တွေ့လိုက်ရတာတော့ ပြုံးဖြီးဖြီးကြီး ရယ်နေသည့် မိယုဝေ။

““ဟဲ့…ဘယ်မှာတုံး သရဲ”

““ဟီးဟီး…ညည်းကို စတာပါ ယောက်မရယ်၊ ညည်း က သရဲကြောက်တတ်သလား””

““ဟဲ့…မကြောက်ဘဲ နေမလား။ ဒီမှာ ကြက်သီးတွေ တောင် ထကုန်ပြီ””

““ဟီး ဟီး …သိဘူးလေ၊ ညည်းအရုပ်မက သရဲထက် တောင် ကြောက်စရာကောင်းသေးတော့ ညည်းသရဲမကြောက် တတ်တော့ဘူးလို့ ထင်နေတာ””

““အရူးမ-· တော်ပြီ။ နင့်ကိုငါ မခေါ်တော့ဘူး””

ကျွန်မက စိတ်တိုတိုဖြင့် ယုဝေကိုဆဲဆိုပြီး ဆတ်တောက် ဆတ်တောက်နှင့် ထွက်လာခဲ့၏။ ယုဝေကတော့ ကျွန်မစိတ်ဆိုး သွားသည့်ပုံစံကိုကြည့်ပြီး တဟီးဟီးလှောင်ရယ်နေတုန်း။

XXX

ကျွန်မတွင် အစ်မနှစ်ယောက် ရှိသည့်အကြောင်း ထည့်ပြောရန် မေ့ခဲ့သည်။ ကျွန်မက မွေးချင်းထဲတွင် အငယ်ဆုံး ဖြစ်ပြီး ကျွန်မအထက်တွင် ရှစ်နှစ်/ ခြောက်နှစ်ကွာသည့် အစ်မ နှစ်ယောက်ရှိ၏။ ထိုစဉ်က ကျွန်မ၏အစ်မကြီးမှာ ၁၈ နှစ်ခန့်ရှိနေပြီဖြစ်၍ သူမနှင့်အသက်အတော်ကွာသော ကလေးသာသာညီ မငယ်နှင့် ရောနှောပတ်သက်ခြင်း သိပ်မရှိတော့သဖြင့် ကျွန်မမှာ အစ်မလတ်နှင့်သာ တဒူးဒူး တွဲဖြစ်ခဲ့ကြသည်။ အထူးသဖြင့် ကြောက်တတ်သော ကျွန်မ၏အကျင့်ကြောင့် အသက် ၁၆ နှစ်ရှိပြီဖြစ်သော အစ်မလတ်ခမျာ တစ်ကိုယ်တည်း အိပ်စက်ခွင့်မရ။ ကျွန်မနှင့်အတူ လာအိပ်ပေးရသည်။

`ကျူရှင်မှအပြန် အိမ်သို့ရောက်သည့်အခါ ကျွန်မမှာ ခေါင်းကိုက်ခြင်းဝေဒနာကို ရုတ်ခြည်းခံစားလာရသည်။ စောစော က မကျီစယ်စဖူး ကျီစယ်လိုက်သော သူငယ်ချင်းမ ယုဝေကြောင့် စိတ်လှုပ်ရှားကာ ခေါင်းကိုက်သွားခြင်း ဖြစ်မည်ဟု တွေးမိကာ ယုဝေအပေါ် ဒေါသထွက်မိသည်။ ခေါင်းကိုက်နေ၍ အရုပ်မ၏ ဂါဝန်လှလှကိုလည်း မိဘများမြင်အောင် မစ်တော့ဘဲ ရှိုးကေ့စ်ထဲ ထိုးထည့်ကာ အမေတိုက်သည့် အင်္ဂလိပ်ဆေးကို သောက်ပြီး စောစီးစွာအိပ်ရာဝင်ခဲ့၏။

X

““ဟေး…ပွင့်ဖြူ၊ ဟေး… ပွင့်ဖြူ””

အသံက တိုးတစ်လှည့်၊ ကျယ်တစ်ခါ ကြားနေရသဖြင့်ကျွန်မလည်း အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။ နိုးနိုးချင်း မျက်လုံးများကို ဖွင့်လိုက်တော့ ပတ်ဝန်းကျင်က မှောင်မည်းနေ သည်။ အသံဗလံတို့ တိတ်ဆိတ်နေသည်။ ရုတ်တရက် ကြောင်စီ-စီနှင့် ငါဘယ်ကိုရောက်နေပါလိမ့်ဟု တွေးလိုက်မိသေး။ ဩော် ငါ့အိမ်မှာပဲဟု သတိရလိုက်မှ ဘာကြောင့်မှန်းမသိ တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်ကာ ကြက်သီးမွေးညင်းများ ထသွား၏။ ထိုစဉ်

““ဟေး… ပွင့်ဖြူ၊ ဟေး… ပွင့်ဖြူ”

ဆိုသော ကွဲအက်အက်အသံကို တိုးတိုးညင်းညင်း ကြား လိုက်ရ၍ ကျွန်မမျက်လုံး ပြူးသွားခဲ့ရသည်။ စောစောကလည်း ထိုအသံကြောင့်ပဲ လန့်နိုးလာခဲ့သည် မဟုတ်လား။ ဘယ်သူဘယ် ဝါ၏ အသံပါလိမ့်။ ဘယ်သူကများ မိမိကိုခေါ်နေပါလိမ့်ဟု တွေးကာ နားစွင့်လိုက်မိသည့်အခိုက် အသံက စောစောကထက်ပို ၍ ကျယ်လောင်လာသည်။

“ဟေး…ပွင့်ဖြူ၊ ဟေး.. – ပွင့်ဖြူ””

ဘ၊ သူများလဲ။ တစ်ဖက်ခန်းမှ မိဘများ၏ယောင်ယမ်း သံလားဟု တွေးမိပေမယ့် ထိုအတွေးမှာ အဖြစ်မှန်မဟုတ်ကြောင်း ကိုယ့်ဘာသာကိုယ် အသိဆုံး။ မနက်မိုးလင်း မအေ ဖင်ပုတ်နှိုးမှ ထတတ်သည့်ကလေးက ထိုအသံ မတိုးမကျယ်ကြောင့် ဖြန်းခနဲ လန့်နိုးလာရုံမက၊ ကြောက်စိတ်တို့ဝင်ကာ ကြက်သီးတဖြန်းဖြန်း ထနေခြင်းမှာ သွေးရိုးသားရိုး မဖြစ်နိုင်။ ထို့ကြောင့် ခေါ်သံကြားပေမယ့် အသံမပြုသေးဘဲ အသံပျောက်သွားချိန်အထိ တိတ်တိတ် ကလေး စောင့်ကြည့်နေမိသည်။ သို့သော်အသံက ပျောက်မသွား သည့်အပြင် တစ်စထက်တစ်စ တိုး၍ပင်ဆိုးလာသေး။

“ဟေး…ပွင့်ဖြူ၊ ဟေး. . . ပွင့်ဖြူ””

ဤတစ်ကြိမ်တွင် အသံမှာ သာမန်မကဘဲ အာခေါင်ခြစ် အော်နေသကဲ့သို့ ဆူညံစွာထွက်ပေါ်လာခြင်းဖြစ်ရာ ကျွန်မမှာ နေစရာမရှိတော့အောင် ထိတ်လန့်လာရသည်။ တော်ပါသေး၏။ နံဘေးတွင် အစ်မလတ်ရှိနေ၍သာ စိတ်သက်သာတော့၏။ နို့မို့သာ ဆိုလျှင် ထိုနေရာ၌ပင် ကြောက်စိတ်ကြောင့် ကျွန်မအသက်ထွက် သွားနိုင်သည်။ အသံက ကျယ်လောင်ရုံမက ဖော်ပြရခက် လောက်အောင် ဝိညာဉ်အော်သံအလား ကွဲအက်အက်၊ ပြာတာတာ နှင့် ရင်ခေါင်းသံကြီး။ ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် ကျွန်မ ထူးလည်း မထူးရဲ၊ အပြင်လည်း ထွက်မကြည့်ရဲသဖြင့် အစ်မ လတ်ကိုသာ ဖက်ကာကြိတ်ငိုနေမိသည်။ ခေါ်သံနက်ကြီးက အိမ်ပွင့်ထွက်မတတ် ကျယ်လောင်နေပေမယ့် မည်သူတစ်ဦးတစ် ယောက်မျှ လန့်နိုးခြင်း မရှိသည်ကတော့ အံ့အားသင့်စရာ။

““ဟေး…ပွင့်ဖြူ၊ ဟေး…ပွင့်ဖြူ၊ လာ.. .ဆော့မယ် လေ။ လာ…ဆော့ကြတာပေါ့””

အသံက သာ၍ဆိုးလာပြီ။ -အစတွင် နာမည်ခေါ်ရုံဖြစ် သော်လည်း ယခုတော့ အပြင်ထွက်လာကာ သူနှင့်ဆော့ရန်ပါတောင်းဆိုနေပြီး ရပ်နားခြင်းမရှိဘဲ ဆက်တိုက်ထွက်ပေါ်လေနေ ရာ ကျွန်မမှာ စိတ်မခိုင်ဘဲ ထွက်သွားမိရင် ဒုက္ခဟု တွေးမိပြီး အစ်မလတ်ကို ဇွတ်အတင်းလှုပ်ရမ်းကာ အားကိုးရှာမိသော်လည်း သူမက တုတ်တုတ်မျှမလှုပ်။

အစ်မလတ်ကို နှိုးမရမှန်း သိလိုက်၍ ကျွန်မလည်း ဘုရားကိုသာ သတိရမိသည်။ မေမေ ပြောပြချက်အရ ဘုရား စာရွတ်လျှင် သရဲပြေးသည်ဟုသိထား၍ သမ္ဗုဒ္ဓေဂါထာတော်ကြီး ကို ရွတ်ဆိုရန် စိတ်ကူးမိသော်လည်း နှုတ်က သမ္ဗုဒ္ဓေဟုသာ ရေရွတ်ပြီး ဆက်ဆိုရန် စာသားများမှာ စဉ်းစားမရတော့။ အားလုံး အသိဉာဏ်ထဲမှ ပြေးခွာပျောက်သွား၍ ““သမ္ဗုဒ္ဓေ ……ဘုရား၊ သမ္ဗုဒ္ဓေ …ဘုရား””ဟူ၍သာ အထပ်ထပ်အခါခါ ရေရွတ်နေမိသည်။ အသံကတော့ ပျောက်မသွားသေးပါ။ သို့သော် ဘုရားစာ ကို စတင်ရေရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆက်တိုက်ထွက် ပေါ်နေသော ခေါ်သံသည် တစ်စတစ်စ ကြိမ်နှုန်းလျော့ကျသွား ပြီး တဖြည်းဖြည်းနှင့် အသံတိုးသွား၍ ကျွန်မအားတက်သွားမိသည်။ သို့ကြောင့် ဘုရားစာကိုသာ စိတ်အာရုံညွှတ်ကာ ထပ်ခါ ထပ်ခါ ရွတ်ပွားနေမိ၏။ ကျွန်မတစ်ကိုယ်လုံးလည်း ကြောက်စိတ် တို့ကြောင့် ဇောချွေးတို့ ပြန်ကာရွှဲစိုနေပြီ။

အသံကိုပင် ဂရုမစိုက်တော့ဘဲ မည်မျှကြာအောင် ရေ ရွတ်နေမိသည်မသိ။ ကျွန်မ သတိရ၍ နားစွင့်လိုက်သည့်အခါခေါ်သံကို မကြားရတော့ပေ။ နောက်ပြီး စောစောက ကျွန်မစိတ် သန္တာန်ကို လွှမ်းမိုးချုပ်ကိုင်ထားသော ကြောက်စိတ်၊ လန့်ဖျားစိတ် တို့သည်လည်း လေနှင်သော ရွက်ကြွေပမာ ဝေးလွင့်ဖယ်ခွာသွား ခဲ့ပြီ။ ထိုအခါမှပဲ ကျွန်မ ဆီးသွားချင်နေသည်ကို သတိပြုမိ၏။ သို့ပေမဲ့ ကျွန်မတစ်ယောက်တည်း အခန်းပြင်မထွက်ရဲပါ။ နေရာမှ ရွှေ့လိုက်သည်နှင့် တစ်စုံတစ်ရာကို တွေ့လိုက်ရမည်စိုး၍ တစ် လက်မမှ မရွေ့လျားဘဲ ငြိမ်ငြိမ်ကလေး လှဲနေမိသည်။ အစ်မ လတ်ကိုလည်း တင်းတင်းကျပ်ကျပ် ဖက်ထားဆဲ။

၅ မိနစ်ကို ကျွန်မ၏စိတ်တွင် ၅ နာရီခန့်ထင်နေမိခဲ့ သည်။ ကျွန်မငြိမ်နေပြီး မကြာ တစ်ဖက်ခန်းဆီမှ တံခါးဖွင့်သံ ကြားလိုက်ရ၍ ကျွန်မ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အပြင်မီး ချောင်းဖွင့်လိုက်၍ အခန်းတွင်းသို့ မီးရောင်ဖျော့ဖျော့ ဝင်လာ၏။ တစ်စုံတစ်ယောက် အိပ်ရာနိုးလာခဲ့ပြီ။ သို့သော် မထွက်ရဲသေးဘဲ မည်သူမည်ဝါလဲဆိုတာ သိရှိရစေရန် ပိတ်ထားသော တံခါးရွက် ကြားမှ ကျွန်မ ချောင်းကြည့်လိုက်တော့ ကျွန်မအခန်းဆီသို့ လျှောက်လာသော မေမေ့ကို တွေ့လိုက်ရသည်။ တံခါးပွင့်သည် နှင့်တစ်ပြိုင်နက် ကျွန်မ မေမေ့ကို. ပြေးဖက်လိုက်သည်။

““ဟဲ့…သမီးငယ်၊ နိုးနေပြီလား။ ဟယ်…တစ်ကိုယ် လုံးလည်း ချွေးတွေရွှဲနေတာပဲ။ အင်္ကျီလဲရအောင်””

မေမေက ကျွန်မကိုဆွဲကာ တစ်ဖက်ခန်းထဲသို့သွားပြီးအဝတ်အစားလဲပေး၏။ ကျွန်မက ယခုချိန်ထိ အတန်ငယ် ကြောက်ရွံ့နေဆဲမို့ မေမေ့လက်ကို ဇွတ်အတင်းဆုပ်ကိုင်ထား၍ မေမေကတောင် ကျွန်မပုံစံကိုကြည့်ကာ စိုးရိမ်စိတ်ဝင်နေသေး သည်။ ကျွန်မကတော့ မေမေမည်ကဲ့သို့ ထင်မြင်ပါစေ။ ဂရု မစိုက်တော့ဘဲ မေမေ့လက်ကိုသာ ဇွတ်အတင်းဆွဲကိုင်ထားရင်း ကြောက်ရွံ့သည့်စိတ်ကို ဖြေဖျောက်နေရသည်။

စောစောက ခေါ်သံနက်ကြီးနဲ့ အော်နေတာ ဘယ်သူများ လဲ။ ဘယ်ကလဲ။ အိမ်ရှေ့ကလို့တော့ ထင်တာပဲ။ စသည်ဖြင့် တွေးတောနေမိပေမယ့် ညဘက်ကြီးဖြစ်၍ သွားမစပ်စုရဲသေး။ အချိန်ကလည်း ည ၂ နာရီခန့်သာ ရှိသေးသောကြောင့် တစ်ရေး ပြန်အိပ်လိုက်ရ၏။

အကယ်၍ အဖြစ်မှန်ကိုသာ ညက သိလိုက်ရလျှင် ကျွန်မ ပြန်အိပ်ပျော်လိမ့်မည်မထင်။ မနက်မိုးအလင်း တစ်အိမ် လုံး အိပ်ရာထသည့်အခါမှ ကျွန်မ အိမ်ရှေ့ထွက်ကြည့်မိတော့ မြင်တွေ့လိုက်ရသော မြင်ကွင်းက ကျွန်မကို အံ့သြသွားစေခဲ့ သည်။

““ဟင်..ဘိုမကို ဘယ်သူက အိမ်ပြင်ထုတ်ထားတာလဲ”” မနက်စာ စားသောက်နေချိန် ဖြစ်သဖြင့် မည်သူကမျှ ကျွန်မမေးသည့်မေးခွန်းကို ဖြေဆိုရန်စိတ်မဝင်စားကြ။ ထိုမေးခွန်းက သိပ်အရေးပါလှမှန်း သူတို့တစ်တွေမှမသိကြဘဲကိုး။ ကျွန်မ လည်း အဆူခံရလျှင် ခံရပါစေတော့၊ သိရမှဖြစ်မည်ဟုတွေးကာ ထပ်ခါထပ်ခါအော်ရင်း တစ်ယောက်ချင်းစီကို လိုက်မေးမိသည်။

“ဪ…သမီးငယ်ရယ်၊ အမေက ထားစရာလား။ သမီးအထားမှားတာနေမှာပေါ့””

“ဖေကြီးလည်း ဘယ်သိပါ့မလဲ။ ဖေကြီးက သမီးအရုပ် ကို ကိုင်မလား””

““ဟယ်..ရှုပ်တီးရှုပ်ယှက်၊ နင့်အရုပ်စုတ်ကို ငါက အိမ်ရှေ့တင်ဓကဘူး အမှိုက်ပုံးထဲမှာ ထားချင်တာ””

““ငါမကိုင်ဘူး။ နင်ကျူရှင်ကအပြန် အိမ်ရှေ့မှာ မေ့ကျန် ထားခဲ့တာ နေမှာပေါ့””

““ဟင့်အင်း …သမီးမထားဘူး မလတ်၊ ဘယ်သူမှ လည်းမထားဘဲ အဲဒီအရုပ်က ဘယ်လိုလုပ်ပြီး အိမ်ရှေ့ရောက် နေရတာလဲ။ သေချာတယ် ညက သမီးသူ့ကို ရှိုးကေ့စ်ထဲမှာ ထည့်ထားခဲ့တာ””

နောက်ဆုံး တစ်အိမ်သားလုံးသာ ကုန်သွားသည် ဘိုမရုပ် ကို ရှိုးကေ့စ်အပြင်ဘက် ထုတ်ယူပြီး အိမ်အပြင်သို့ သွားထား သည့် တရားခံကို ရှာမတွေ့ခဲ့ချေ။ ထိုဖြစ်ရပ်အပေါ် နားလည် နိုင်စွမ်း မရှိသော်လည်း မသိစိတ်က ညကအဖြစ်အပျက်သည် ထိုအရုပ်နှင့် ပတ်သက်မှုရှိနေသည်ဟုခံစားမိ၍ ဘိုမရုပ်ကို အစ်မကြီး၏စိတ်ကူးအတိုင်း အမှိုက်ပုံးတွင် သွားလွှင့်ပစ်ခဲ့လိုက်၏။ ထိုစဉ်က ထိုဖြစ်ရပ်အပေါ် နားမလည်ခဲ့ပေမယ့် ယခု

အရွယ်ရောက်သည့်အခါ၌ ရေးတေးတေး သဘောပေါက်လာမိသည်က ညနေစောင်းအချိန်တွင် လူသူကင်းမဲ့သည့် ကမူ/မြက် တောထဲမှ ဖြတ်လာသောကြောင့် မမြင်အပ်သူ တစ်စုံတစ်ရာက အရုပ်အပေါ် အမှီသဟဲပြုကာ တွယ်ကပ်လာနိုင်သလို၊ လမ်းလေး ခွဆုံနေရာ၌ သူငယ်ချင်းက ကျွန်မ၏နောက်ကျောကိုကြည့်ပြီး သရဲ …သရဲဟု အော်လိုက်သောကြောင့် မကျွတ်လွတ်သေးသည့် အမှောင့်ပယောဂတို့ကို သတိပေးသလိုဖြစ်ပြီး ကျွန်မထံပါးသို့ ပြေးလာကြကာ တွယ်ကပ်၍ ရနိုင်မည့်အရုပ်ဆီတွင် မှီခိုကာ အိမ်ထဲသို့ ဝင်လာကြခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်ဟု ကျွန်မ သုံး သပ်မိပါသည်။ အကယ်၍ ကျွန်မသာ ဘုရားစာကို မရွတ်ဆိုဘဲ စိတ်ချောက်ချားကာ . အပြင်သို့ ပြေးထွက်လာမိခဲ့လျှင်၊ (သို့ မဟုတ်) စိတ်မထိန်းနိုင်ဘဲ အိမ်ရှေ့သို့ ထွက်သွားခဲ့လျှင် မည်ကဲ့ သို့ ဆက်ဖြစ်မလဲဆိုတာကို ကျွန်မ မမှန်းဆတတ်ပါ။ လောက တွင် လူတို့၏ အသိဉာဏ်ဖြင့် တွေးခေါ်မှန်းဆ၍ မရနိုင်သော ဖြစ်ရပ်ဆန်းကြယ် ကိစ္စရပ်များ အမှန်တကယ် တည်ရှိနေသည့် အကြောင်းကို ဤဖြစ်ရပ်မှန် ဝတ္ထုငယ်လေးနှင့် သက်သေထူ လိုက်ရပါတော့၏။

ဂါဦးနွန်းကို

#crd