လင်ငယ်နေသူများ(စ/ဆုံး)
————————-
လောကမှာ ယောက်ကျားတွေပဲ မယားငယ် နေကြတယ်လို့ မထင်ပါနဲ့
ကျမ အလုပ်လုပ်ခဲ့ဖူးတဲ့ အိမ်တွေက မိန်းမအများစုရော လက်ရှိ လုပ်နေတဲ့ အိမ်ရှင်မလည်း လင်ငယ်နဲ့ပါ ။
ကျမမယ်တော့ ကိုယ့်လင်က တနေရာ မှာပင်ပင်ပန်းပန်း ရှာသလို ကျမလည်း အိမ်ဖော်လုပ်ပြီး ငွေစုနေရပါတယ် ကျမတို့ သားလေး လူတလုံး သူတလုံး ဖြစ်အောင် သားကို အမေနဲ့အပ်ပြီး အဝေးမှာ နေခဲ့ရတာ သားလေး သုံးနှစ်ထဲကပါ ။
ကျမ က သူများအကြောင်း စိတ်ဝင်တစား အချိန်ကုန်ခံပြီး မပြောချင်ပါဘူး ဒါပေမဲ့ ကျမ ဒီအကြောင်းကို ပြောပြချင်မိတယ် ။
ဖောက်ပြန်တဲ့ မိန်းမဆိုတာ ဖောက်ပြန်ရခြင်း အကြောင်းကတော့ ယောက်ကျားတွေလိုမှာပဲ ရှိကြပါတယ်
ယောက်ကျားတွေ ဖောက်ပြန်ရင်
” အိမ်ကမိန်းမက မိန်းမ မပီသလို ချစ်လို့ ယူခဲ့တာမဟုတ်ဘူး အိုစနာကျနေလို့ အိပ်ရာ ကိစ္စ အဆင်မပြေလို့နဲ့ နောက်ဆုံး ရှာစရာ အပြစ်မရှိရင် အိပ်ယာထဲ အီးပေါက်တတ်လို့ ဆိုပြီး အကြောင်းမရှိ အကြောင်းရှာ ပြောတတ်ကြတာမလား ကျမက ဒါမျိုးကြ အရမ်းစိတ်ဝင်စားမိတာနဲ့ အိမ်ရှင်မ တွေကို အပီ ပေါင်းပြီး လိုတာထက် ပို လုပ်ပေးတယ် နုက်လုံလုံထားတယ်😁
ခုက ကြုံလို့ ပြောပြတာ😁 ပထမဆုံး အိမ်ရှင်မ က အသက်က ကြီးပြီး အိုနေပြီ သူ့သား လောက်လေးနဲ့ ဖြစ်တာတော့် ဒီလိုအစက သူ့အမည်ကို ကျမပေးထားတာက ဒေါ်ရွ ဒေါ်ရွပြီးရင် ဒေါ်ထလာမယ်😁”
လူချမ်းသာ တွေနေတဲ့ စံအိမ်ကြီး ထဲ
အသက်၆၀အရွယ် ဒေါ်ရွ ။
ငယ်စဥ်က ချောမဲ့ လှမဲ့ ရုပ်ခံနဲ့ အသက် ၆၀ကို မိတ်ကပ် တွေအတင်းဖို့ပြီး ငယ်ပုံဖော်ထားတော့ မလှတော့တဲ့ အပြင် ထိုင်း သူရဲမ မျက်နာပုံလို ကြောက်စရာဖြစ်နေသည်။
” မဦးရေ မမတွက် သံပုရာရည် လေး ဖျော်ခဲ့ပေးပါ ”
ကျမ လည်း အမြန် သူ့အကြိုက်လေး ဖျော်ပြီး အပြေးပို့ပေးရင်း
” မမ ဒီနေ့ သူဌေး ပြန်လာမယ်တဲ့ ဖုန်းဆက်တယ် မမဖုန်းက ပိတ်ထားတာဆို ”
” အင်း သိပြီ ဒါပဲ သူ့ကြိုက်တဲ့ ဟင်းတွေချက်ပေးထားလိုက်”
” ဟုတ်မမ ချက်ပြီးပါပြီ ဒီနေ့ မမ မျက်နာ လည်း မကောင်းပါလား ”
ဟု မေးပြီး ချွတမထားတဲ့ အဝတ်တွေ ကောက်သိမ်း နေရာ
” မဦးရယ် မမ မှားပြီကွယ်” တဲ့
ကျမ မျက်လုံး ပြူးသွားသည်။
အော် ဖောက်ပြန်ပြီး ခုမှ နောင်တ ရနေပြီပေါ့လို့ တွေးနေတုန်း
” မဦး သိထားတာမို့ ပြောပြတာနော် ” တဲ့ ကျမကလည်း တတော်တဆ နဲ့ တံခါးဖွင့်ပြီး ဝင်မိခဲ့တာကိုး စဖြစ်တုန်းက😁….ကျမက ရောက်ကာစ အိမ်ရှင် ဒေါ်ရွကို ကြောက်ရတဲ့အချိန်
အိမ်ရှင် သူဌေး ကလည်း စည်းကမ်းကကြီးလွန်တော့ တနေ့တနေ့ နေစရာမရှိအောင်ပါပဲ အလုပ်တွေပြီးလို့ တရေးလောက်အိမ်မယ်ကြံရင် ချောင်ကြိုချောင်ကြား လက်နိုက်ပြီး ဖုန်တွေပြပြီး လုပ်ခိုင်းတတ်တာက ဒေါ်ရွပါ။
တနေ့မှာ သူဌေး သားသမီးတွေ မိသားစုလိုက် လာကန်တော့ကြတယ်
မြေးလေးတွေက ချစ်စရာကောင်းပေမဲ့ ကျမကို နှိပ်စက်ကြတော့ စိတ်ထဲ ချဥ်မိရင်း ခိုင်းသမျှလုပ်ပေးနေရတယ်
အဲ့မှာ ကလေး ထိမ်းနေရင်း ဒေါ်ရွ ပျောက်သွားတာ သတိမထားမိဘူး ကျမထိမ်းနေတဲ့ ကလေး ပျောက်သွားလို့ သူ့မိဘမသိအောင် တိတ်တိတ်လေး လိုက်ရှာမိတာ
အမလေး ဘယ်ပြောကောင်းမလဲ
အိမ်က ဒရိုင်ဘာ ကောင်နဲ့ ပန်းခြုံဘေး ဖက်နေကြတာ ကျမလည်း အသာလေးနောက်ဆုက်လာပြီး မှ
” ဝါးးး”
” အမလေး လန့်တာ မသာရဲ့” လို့ ရွာမှာလိုပဲ လန့်ပြီး အော်မိတော့ သောက်ကလေးက ပြသနာရှာပါရော ရှင်
” မေမေ သားသားက သူ့ကို တူတူးပုန်းပြီး ဝါးးးးးလုပ်တာ သားသားကို ဆဲတယ် မသာရဲ့တဲ့ ဟီးဟီး ”
သူ့အမေကို တိုင်တော့ သူ့အဖိုးလဲ ကြား သူ့အဖေလည်းကြား ရုံမက သူ့မြေးအာပြဲသံကြောင့် ပန်းခြုံအကွယ်က ဒေါ်ရွပါ ကြားပြီး ရောက်လာပါရော
” ကျမ တကယ် လန့်သွားလို့ပါ ရှင် ရွာမှလို ပဲ လန့်ရင် အော်နေကျမို့ ယောင်ပြီး အော်မိတာ ဘုရားပေးပေး ကျမ်းပေးပေးပါ ”
ဟု လက်နှစ်ဘက် ပွတ်ပြီး ရှိခိုး မတတ် တောင်းပန်မှ
” ကဲ ပြီးရော လာ မြေး နောက်ခါ အဲ့လို လန့်အောင် မလုပ်နဲ့ ကြားလား ”
သူဌေးက ပြောပြီး မြေးကို ပွေ့လိုက်တော့
” သူပဲ မသာမ မသာမ မဦး မဦးမသာမ ဗွဲ ”
ဆိုပြီး ပြန်ကလဲ့စားချေနေပုံက ဘယ်သူမှ မရှိရင် ဆွဲဆိတ်ချင်စရာလေး😁
စကားဆက်ရအုံးမယ်
သားသမီးတွေပြန်သွားတော့
” မဦး ပါးစပ် စည်းကမ်းရှိပါ မမ မကြိုက်ဘူး ” တဲ့ ကျမလည် သူ့ကိုမော့ကြည့်ပြီး
” ကျမ က ပါးစကမ်း စည်းကမ်းမရှိတာမဟုတ်ဘူး ယောင်တတ်တာ ရှင့်..ဖျင်လို စည်းမဖောက်ဘူး ” ဟု စိတ်ထဲကနေ ပြန်ပြောပစ်ပြီး အပြင်ကတော့ ဟုတ်တလုံးနဲ့ ပြီးခဲ့တယ် ကျမ ဘာမှ မခံစားရပါဘူး ကျမ စိတ်ဝင်စားစရာက ရှိနေတာကိုး မမရွနဲ့ ဒရိုင်ဘာ ကို တလှည့်စီ ရှိုးနေတာ
အံမယ် ဒင်းတို့က ရုပ်တည်ကြီးတွေနဲ့ တော့်…😁 ကျမမယ် ကြိတ်ပြီး အူတက်နေရတာ
” လှနိုင် ရေ ”
” ဗျာ သူဌေး ”
” မင်း ကို နောက်လကစပြီး လစာတိုးပေးမယ် မင်းလုပ်ပုံ ကိုင်ပုံ ကို ငါ့မိန်းမက သဘောကျတယ် ငါမရှိတုန်း ခြံကိုလည်း ဂရုစိုက်ကြားလား ကားမောင်ရင် ဂရုစိုက်မောင်း ”
” ဟုတ် သူဌေး ကျေးဇူးပါ သူဌေးကတော် ”
ဟု ပုဆိုးတိုတိုဝတ်ထားပြီး ကားဖုန်သုတ်နေရာက ရိုရို့ကျိုးကျိုး ဦးညွှတ်ကာပြော နေပုံကြောင့် ကြိတ်ရယ်ရင်း ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်တယ် ။
သူဌေးက သူ့မွေးနေ့မို့ အိမ်မှာ တပါတ်လောက်နားနေတော့ ကျမယ် စိတ်တွေ ချမ်းသာနေရတယ် အလွန်အကျွံ အလှမပြင်ထားတဲ့ မျက်နာကြောင့်ပါ ။
သူဌေးကလည်း မိန်းမကို ချစ်တာ တုန်နေသလိုပဲရှင့် မျက်စိအောက်က အပျောက်မခံဘူးရယ်
” ရွရေ ရွ အော် ဒီရောက်နေတာကို ”
” ဟုတ်တယ် ကိုကိုအရေ မောင်လှနိုင်နဲ့ မဦးစားတာလာကြည့်နေတာ”
ပြောရင်းနဲ့ ကျမပန်းကန်ထဲပါ ပုဇွန် တုတ်ကြီး တကွေး ထဲ့ပေးလာတယ်။
မထဲ့ပေးလို့မရဘူးလေ သူ့လင်ငယ်ပန်းကန်ထဲကြ ပြူးနေပြီး ကျမမှာ မရှိရင် ခင်က သံသယ ဖြစ်သွားမယ်မလား ကျမလည်း လက်မနှေးဘူး စားရခဲတဲ့ ပုဇွန်တုတ်ကြီးကို အမြန်ပဲ ဖြဲထည့်ပြီး စားပစ်လိုက်တယ် ။
” အင်း ပါ လာ ကိုကို နဲ့ လိုက်ခဲ့ ”
” ဘယ်လဲ ကိုကိုအရဲ့”
ကျမ က သူဌေးကို ငအ လို့အမည်ပြောင်ပေးထားတာ ကြည့်လေ အ့တာမှလွန်ရော အလုပ်သမားစဝင်ကတည်းက ဟင်းစားရတဲ့ စည်းထဲ သားငါးဆို တစ်တုံး ပဲ ရမယ် ပုဇွန်ဘဲကင် ဝက်စတူးလို အထူး ဟင်းလျှာတွေဆို ထိခွင့်မရှိ ပြောထားတာ ခု မယားက ကျွေးတာ အပြစ်မမြင်နေဘူး ။
” ဟဲ့ လှနိုင် နင်က ပုဇွန်မစားဘူးလား ”
စိတ်မရှည်သလိုနဲ့ ထမင်းကို ငပိရည်နဲ့နယ်ပြီး သွတ်နေတဲ့ လှနိုင်ကို မေးတော့
” ခင်ဗျားက စကားအတော်များတယ် မစားချင်လို့ဗျ ရှင်းလား” လို့ စိတ်ထွက်ပေါက် ရှာသလို ကျမကို လာအော်တော့
အဖွားကြီးကို ဂျီကျထားတာထင်တယ် ဘာတွေကဖစ်နေတာလည်း မသိလို့သိချင်ပေမဲ့ မေးလို့ကမရတော့ အော်ခံရတာနဲ့ တန်အောင်
” နင်မစားရင် ငါ့ပေး”
ဆိုပြီး သူ့ပုဇွန်တုတ်ကြီး ကို လှမ်းယူပြီး စားပစ်လိုက်တယ်လေ အေးရော
” ကျွတ် ”
လှနိုင်က စားတာကို လက်စသတ်ပြီး ထပြီးလက်ဆေးနေတော့
” ဟဲ့ နင့်ပန်းကန်နင်ဆေးလေ”
ဒါကလည်း စည်းကမ်းပါ ။
အလုပ်သမားတွေ အကုန် ကိုယ်စားတဲ့ပန်းကန် ကိုယ်ဆေးရတာက။
” မဆေးဘူးဗျာ မကျေနပ်ရင် လွှင့်ပစ်လိုက် ” လို့ပြောပြီး တောဓလေးအတိုင်း ပုဆိုးနဲ့ ပါးစပ်တွေလက်တွေ သုတ်ပြီး ထွက်သွားတယ် ။
ခဏမှာပဲ မမရွ ရောက်လာတယ်
” စားပြီး ကြပြီလား ”
လို့မေးရင်း မျက်လုံးက လှနိုင်ကို ရှာနေတာသိတော့
” လှနိုင် ပုဇွန်မစားပဲ ကျမကိုပေးလို့ စားလိုက်ရတယ် ကောင်လေးကြည့်ရတာ စိတ်တိုနေသလိုပဲ ”
ဟု ပြောပြလိုက်တော့
” အင်း ဒီကလေးနဲ့တော့ ခက်တာပဲ ”
ဆိုတဲ့ မျက်နာပေးနဲ့ သူပါ ထွက်သွားရော
ကျမ ဆေးကြောပြီး အိမ်ရှေ့ရောက်တော့ ဘယ်သူမှ မရှိဘူး အခန်းထဲ ဝင်ကြည့်လည်း မရှိတာနဲ့ ကျမ မျက်ခုံးနှစ်ဘက်ကို တချက်ပင့်ပြီး လှနိုင်နေတဲ့ ကားဂိုထောင်ထဲက အခန်းဆီလာခဲ့လိုက်တယ်
သူဌေးရဲ့ကားမရှိတော့ အပြင်သွားတာသေချာနေလို့ နားကို နံရံနဲ့ကပ်စရာမလိုပဲ ကြားနေရတာက
” မသိဘူးဗျ ကျုပ်က အမေ့ခံလူသားပဲ မမအဲ့လူကြီးနဲ့ အတူတူရှိနေတာမြင်နေရတဲ့ မောင့်ရင်တွေ နာတယ်ဗျ အဟွန့်.. ” ကျမ မျက်နာကို မဲ့ပြီး မျက်ခုံးကိုပင့်ကာ
“သောက်တောသားက အလာကြီးပဲ ”
ဟု စိတ်ထဲက ပြောနေတုန်း
” မမ ချစ်တယ်လေ မောင့်ကို အချစ်ဆုံးဆို မယုံဘူးလား သက်သေပြမယ် ရွှတ် ရွှတ် ”
” ချစ်တယ်ဗျာ မမ ”
” ဟယ် ဒါတော့မရဘူးလေ တော်ကြာပြန်လာတော့မယ် ”
” မသိဘူးဗျာ ချစ်တယ် ”
ကိုယ်ကလည်း အအိုမို့ ဘယ်အခြေနေ ရောက်နေပြီလည်း ဆိုတာ မှန်းပြီး
အချိန်ကောင်းမှာပဲ
” လှနိုင်ရေ ”
” ကျွီးးးး ”
” ဟာ ”
” အမလေး ”
ဆိုပြီး မတော်တဆ တံခါးကို ဖွင့်မိရာကနေ ပုံဆန်းဆန်း နဲ့ အနေအထားကို အပိုင် မိသွားပါရော
သူတို့ ကို ဆက်မကြည့်တော့ပဲ အိမ်မကြီးဆီ ပြေးလာပြီး အူနှိပ်ကာ ရယ်နေတုန်း
မမရွ ပြေးလာတာရော ကဗျာ ကယာ ကျမကို ရှာနေတာသိနေတော့ အခန်းထဲမှာပဲ စောင့်နေလိုက်တယ်
” မဦး ”
” ဟုတ် မမ ”
ကျမ ခေါင်းကို ငုံ့ပြီး ထူးလိုက်တယ်
” ဒီကိစ္စကို ”
” ကျမ နားလည်ပါတယ် မမ ဘယ်သူ့မှ မပြောပါဘူး စိတ်ချပါနော် ”
လို့ အရင်ဦးအောင်ပြောလိုက်တော့
” လာမဦး မဦး လည်း ရောက်နေတာ သုံးလရှိပြီ လက်ဆောင်မပေးရသေးဘူး”
ဆိုပြီး သူ့အိပ်ခန်းထဲ လက်ကို ဆွဲပြီး ခေါ်သွားတယ် ပြီးတော့ တကျပ်သားခန့်ရှိတဲ့ ရွှေဆွဲကြိုး အကျစ်လေး ဆွဲပေးတယ် ”
” မမက သဘောကောင်းလိုက်တာ ကျေးဇူးတင်ပါတယ် ကျမ ဘဝမှာ ရွှေဆွဲကြိုး မဆွဲခဲ့ဖူးဘူး ”
” အေးပါ သွားသွား နားတော့ မနက်ကို မလိုအပ်ပဲ အစောကြီး မထနဲ့ ၆နာရီ လောက်မှထလဲရတယ် ”
” ဟုတ်မမ”
လို့ပြောပြီး အခန်းအပြင်ရောက်တာနဲ့
ကျမနှာခေါင်း ရှုံ့ပြီး အရင်ကတော့ မလိုအပ်ပဲ မနက်၄နာရီထပြီးချက်ရပြုက်ရတယ် ဟု တီးတိုးပြောကာ နောက်မှ အတွေးဝင်လာတယ်
” ဒါဆို ငါ အနေအစားချောင်ပြီ ဒင်းငါ့ကို အရင်လို အလုပ်မရှိ အလုပ်ရှာမခိုင်းလောက်တော့ဘူး” လို့ တွေးမိရုံနဲ့ ကျေနပ်သွားသည်။
အိပ်ခန်းထဲ ဝင်ပြီး မှန်ရှေ့မှာ လည်ပင်းကို ကြည့်ပြီး ဘဝင်တွေကျနေပြီး အိပ်ရာ ဝင်လိုက်သည်။
နောက်တနေ့ မနက်မှာတော့
” မဦး ထမင်း ကြော်ပြီးပြီလား ”
” ဝါးးး ဒီနေ့ အိပ်ရာထနောက်ကျလို့ ခုမှကြော်ရတယ် ခဏစောင့် ” ဟု ပြောတော့
” ဟုတ် ဒါတွေက ခွာမို့လား ကျတော်ခွာကူမယ်”တဲ့ အရင်က ကူဖို့နေနေသာသာ လင်ငယ်ပါးဝပြီး လူကို မတူမတန်ဆက်ဆံနေတဲ့ ကောင်က ခုတော့လည်း အလိုက်တွေလသိနေတာနဲ့
“အေးအေး တခါတည်း ခွာပြီး ထောင်းထားလိုက် ပြီးရင် ရေစိမ်ထားတဲ့ ဝက်သားတွေဆေးပြီး ရေစစ်ထားပေး ”
ဟု ပိုပိုသာသာထပ်ခိုင်းလိုက်တယ်လေ ။
နောက်ပိုင်း အမိန့်ရ လင်ငယ်နေခန်းလိုပဲ သူဌေး မရှိတာနဲ့ လင်မယားလို နေနေကြတာ မျက်စိရှက်လွန်းလို့ အခန်းထဲ အနေများလာတဲ့အထိပဲ
အဲ့လို မျက်စိရှက်ရပေမဲ့ အနေအစားချောင်တော့ ကျေနပ်ခဲ့တယ် နောက် သူဌေးပြန်မလာခင် လှနိုင် အလုပ်က ထွက်မည့်အကြောင်း ဖုန်းဆက်ပြောနေတော့
ကျမ စိတ်ဝင်စားပြီး ခိုးနားထောင်လိုက်တယ် ။
” မမ မောင့်ကို ပစ်မထားရဘူးနော် ”
” မပစ်ထားပါဘူး မောင်ရယ် မမဝယ်ပေးထားတဲ့ အိမ်မှာ မောင်နဲ့ အတူနေချင်တာပေါ့ ”
လို့ပြောဆိုတာကြားမှ ကျမ ခေါင်းငြိမ့်ပြီး
အော် အဲ့လောက်တောင် ချစ်ကြတာလား လို့ ပြောမိသေးတယ်
သူဌေးပြန်လာတော့
“ကိုကို ရေ မဦးနဲ့ စျေးဝယ်ထွက်မလို့ ”
” အင်း သွားသွား”
အလှတွေပြင်ပြီး ကျမကိုပါခေါ်ကာ လှနိုင် အိမ်ကို ရောက်လာတယ် ပြီးတော့
စျေးဖိုးပေးပြီး စျေးအဝယ်ခိုင်းတယ် ပြီးရင် အဲ့ကို ပြန်လာရတယ်
လှနိုင်က အိမ်မှာနေရတုန်းကလို မဟုတ်တော့ဘူး အိမ်ရှေ့မှာ ဆိုင်ကယ်အကောင်းစားကထောင်လျက်သာရှိနေတယ်
ခြံထဲမှာ မမပန်ဖို့ဟုဆိုကာ ပန်းတွေဝယ်စိုက်ထားတယ် အပွင့်တွေပါပြီးသားဝယ်စိုက်လို့ရတဲ့ခေတ်မို့ ရိုလို့ကောင်းတာပေါ့ လို့ ကျမ တွေးရင်း အလိုက်တသိနဲ့ ပေါင်းပင်လေးတွေ နုက်ပေး ရှင်းပေးရင်း စောင့်နေလိုက်တယ် ။
သူဌေး ခရီးသွားနေရင်တော့ ကျမ အိမ်မှာနေခဲ့ရတယ်လေ တယောက်ထဲ နေရတာပိုသဘောကျတယ် သူရှိနေရင် နားညည်းလို့ပါ
သူ့ခုလို အချစ်သစ်ထားရတာ သူ့လင်မကောင်းလို့ဟု အစချီပြီး
သူ့လင် ဖောက်ပြန်တာ ဟုတ်မဟုတ်လဲကိုယ်က မြင်ရတာမဟုတ် သူပြောသမျှ နားထောင်ရင်း ” မမရယ် သနားလိုက်တာ ” လို့ စိတ်မပါလက်မပါ ပြောနေရတဲ့ ဒုက္ခဝေးတာမို့ ညပါ အိပ်ပါစေဆုတောင်းတာ ဆုတောင်းက မပြည့်ပါဘူး ညဆိုပြန်လာတယ် လင်ကြီးနဲ့ ဗွီကောပြောပြီး ကျမကိုပါ ပြပြနေတာကညတိုင်းပါ ။
ဒီနေ့တော့ သူမှားပြီလို့ ပြောလာတယ် ကျမလည်း နောင်တရနေလို့ ပြောတယ်မှတ်တာ ဘယ်ဟုတ်မလဲ ရှင် လင်ငယ်အဆိပ်က သူ့ငယ်ထိပ် ထိ တက်နေတာ တော်ရေ့
#လင်ငယ် နေသူများ…၂
😎😎😎😎😎
နောင်တ မရပဲ ပြောပြလာတာက
” လှနိုင်က တရားဝင် လက်ထပ်ချင်နေတာ မဦးရယ် မမလည်း သူ့ကို သနားတယ် မမဘက်ကလည်း တသက်လုံး ထိမ်းလာတဲ့ ဂုဏ်သိက္ခာကရှိနေပြန်တယ် ဘယ်လို နားချရမှန်းကို မသိတော့ဘူး သူပူဆာလွန်းတော့ တခါတလေ အဝေးကို သူနဲ့ ထွက်သွားလိုက်ချင်တော့တယ်” တဲ့
ကျမ နားထောင်ရင်း မျက်နာက ရွဲ့သွားမိတာ ဘီဒိုရဲ့မှန်ကနေမြင်မိမှ မျက်နာထားကို ပြင်ပြီး
” အဲ့လောက်တောင် ချစ်တာလား မမရယ် ကျမကတော့ ဘာမှ အကြံမပေးတတ်ဘူး ”
” အင်း မဦးကို မုန့်ဖိုးပေးရအုံးမယ်”
” ရပါတယ် မမ မပေးပါနဲ့ မမပေးတိုင်း နုက်ပိတ်ခ ပေးသလို ခံစားရလို့ပါ ကျမက ပါးစပ်လုံတဲ့သူပါ ”
” မဟုတ်တာပဲ ယူပါ ရော ကလေးတွတ် ပို့ပေးလိုက်”
အဲ့လို အတင်းပေးတော့လည်း ယူပြီး ရွာကအမေ့ဆီ လူကြုံနဲ့ ထဲ့ပေးခဲ့တာ
” သမီးရေ နင်ပို့ပေးတဲ့ငွေတွေစုပြီး မြေလေတကွက် အမေဝယ်ထားပေးတယ် နင်တို့လင်မယားထပ်ကြိုးစားကြ အိမ်လေးပါဆောက်နိုင်အောင် ငါ့မြေးတွတ် မပူနဲ့ ရွာကျောင်းမှာ အမြဲ အဆင့်တစ်ပဲ”
ကျမ အမေနဲ့ ဖုန်း ပြောရတိုင်း ကျမ ကျေနပ်ရသည်။
” ခု မမ မျက်နာ မကောင်းနေဘူး ရေချိုးလိုက်လေ ”
” အင်း ဒီနေ့ မောင်နဲ့ ဒူးရင်းသီးတွေ တဝစားလာလို့ ထင်တယ် အကြောနည်းနည်းတက်နေတယ် ဒီညသေချာစဥ်းစားပြီး နောက်နေ့ အိမ်သားကို ဖွင့်ပြောပြီး မောင်နဲ့ လက်ကျန်အချိန်တွေကုန်ဖို့ ပြောရမယ် ”
ဟု ပြောကာ ရေချိုးခန်းထဲ ဝင်သွားသည်။
” တီတီတီ ”
အသစ်ရောက်လာတဲ့ မာလီက ပြေးပြီး တံခါးဖွင့်ပေးသည်မို့ ကျမလည်း အိတ်သယ်ဖို့ ထွက်လာသည်။
” နင့်မမရော ” တဲ့ ကားပေါ်ကဆင်းဆင်းချင်း မေးနေသော သူဌေးကို စိတ်မကောင်းစွာကြည့်ပြီး
“ရေချိုး နေပါတယ်”
” အော် အေးအေး ”
ပြောပြီး အိမ်ထဲဝင်သွားတော့
ကားပေါ်က ပါလာတဲ့ ပစ္စည်းတွေကို သယ်ချရင်း ပုဝါလေး တထည်ကို တွေ့လို့ ကောက်ယူပြီး မွှေးကြည့်ရာ
ရေမွှေးနံ့က စျေးကြီးပုံရ၍
” အမလေး မွှေးလိုက်တာ ” ဟု ကျမ ပြောပြီး ထိုပုဝါလေးကို ကျမ ခေါင်းရင်းမှာ ထားထားလိုက်သည်။
ထားရင်းနဲ့ ” အင်း မမရွ ပြောတာအမှန်ပဲ သူ့လင်က အပြင်မှာ ဖောက်ပြန်တာ သေချာတယ်” ဟု ပြောပြီး ထွက်လာတော့
” မိန်းမ မိန်းမ ”
လို့ စိုးရိမ် တကြီး ခေါ်နေသံကြောင့် ကျမ ပြေးဝင်ပြီး ကြည့်မိတော့
ပါးရွဲ့ပြီး အကြောတွေဆွဲနေတဲ့ မမရွကို တွေ့လိုက်ရပါတော့တယ်
” ဆေးရုံပို့ရမယ် ”
” အေး ဖုန်းဆက် ဖုန်းဆက် ”
ဟု ပြော၍ သူ့သားနဲ့သမီးဆီဆက်ကာ ဆေးရုံကားခေါ်ဖို့ ကျမ ပြောလိုက်သည်။
မကြာပါဘူး လူနာတင်ကားရော သားသမီးတွေပါ ရောက်လာပြီး မမရွကို ဆေးရုံခေါ်သွားကြသည်။
ဒီအချိန်မှာတော့ ကျမ ငယ်ငယ်ရွယ်ရွယ်နဲ့ သံဝေဂတရား ခဏရသွားသည်။
” အော် သူ့ခမျှာ မကြာခင် လင်ကြီးကိုစွန့်ပြီး လင်ငယ်နဲ့ အတူနေရတော့ဟာ ခုတော့ ကြည့်ပါအုံး ဝေဒနါကပေါ်လာတယ် အသက်ဘေးက ကင်းပါစေ”
လို့ ဆုတောင်း တုန်း
” မဦး ငါဆာနေပြီ ” မာလီ အသစ်က ဝင်လာပြီး ပြောတော့
” ခူးပေးမယ် ဦးလေး ”
ဟု ပြောကာ ခူးပေးရာ
” အိမ်ရှင်တွေ မရှိဘူးဟာကို တတုံးလောက်ပိုပေးလဲရတာကို နင်ကိုက ကြားထဲက တိုနေတာ ”
ဟု ဝက်သားတုံးကို ကြည့်ကာပြောတော့
” ကျမက တိုနေစရာလား တွေ့လား ကျန်တဲ့အတုံးတွေ ထက် ကျမနဲ့ ဦးလေးဖို်တာကို လေးတုံးစာ တုံးထားတာ စကေးပဲ ဆိုတော့ စေတနာ ကို မစော်ကားနဲ့ ”
ဟု ဟင်းဟိုးကို ပြပြီးပြောမှ
” ဟဲဟဲ ကျေးဇူးပဲ ဒါနဲ့ သူဌေးမက နေထွက်ကနေ နေဝင်ထိ ဘယ်သွားနေတာလဲဟ ” ဟု စပ်စုရာ
” ဘယ်သိမလဲ ”
ဟု ပြောလိုက်တော့
” မိန်းမကြီး ကြည့်ရတာ သွေးဆုတ်နေပြီ အလှကကြိုက်တုန်း” ဟု ယောက်ကျားကြီးတန်မဲ့ ပြောနေတော့
” အင်း လူကအစုံပဲ ကိုယ့်အဆင့်အတန်းနဲ့ ကဲ့ရဲ့တတ်လိုက်တာ သူသာ ငါ့လိုအကြောင်းစုံသိနေရင် ဒုက္ခပဲ”
လို့ ကျမ တွေးရင်း ခပ်ကင်းကင်း နေလိုက်သည်။ အဲ့မှာ တချက် ကျမသိလိုက်ရတာက မိန်းမတွေတင် အတင်းအဖျင်း ပြောတတ်တာ မဟုတ်ပဲ ယောက်ကျားတွေလဲ ပြောတတ်မှန်းသိလိုက်ရသည်။
အတန် ကြာတော့ ပြန်ရောက်လာကြသည်။
” လေဖြတ်တာ ဆေး သုံးရက် ဆက်ထိုးရမယ် နော် အဖေ သားတို့ လာမှာပါ အဖေလည်း ရှိနေပေးပါ ”
” အေး သား အဖေ ခရီးစဥ် ဖျက်လိုက်ပါ့မယ် ”
ဟု ပြောဆိုနေကြတာကို နားစွင့်ပြီး
ဆေးအရှိန်နဲ့ အိပ်ပျော်နေသော မမရွကို စောင်လေး ခြုံပေးပြီး ကြည့်နေမိသည်။
” မဦး ဒီည ဒီအခန်းမှာ အိပ်ပြီး စောင့်ပေးပါလား ”
” ဟုတ် သူဌေး ”
” အလုပ်ကိစ္စနဲ့ သွားစရာရှိတယ် မနက်မှ ပြန်လာမယ် ရော့ မဦးမုန့်ဖိုး”
ဟု ပြောကာ မုန့်ဖိုးပေးတာကို ယူပြီး ကျမ စိတ်မကောင်းစွာဖြင့် ထပြီး အိမ်တံခါးကို ပိတ်ပြီး အခန်းထဲ ဝင်ကာ
” မမရွရယ် ခုတကယ်သနာတာပဲ စိတ်မကောင်းလိုက်တာ”
ဟု ပြောပြီး အေးနေတဲ့ ခြေထောက်တွေကို ဆုပ်နယ်ပေးရင်း နိုးလာသည်။
” ဝှောင် ဝှောင် ဝှောင်”
မပီမသနဲ့ တမောင်မောင်ခေါ်နေတော့
” မမ မမ သတိထားလေ ”
ဟု ပြောတော့ ကျမကို ကြည့်လာသည့်မျက်လုံးက မျက်တောင်ခတ်တိုင်း တဖက်တည်းခပ်ပြီး ပါးစပ်က အတော်ရွဲ့နေပြီး မျက်လုံးတဘက်ကလည်း ပြူးနေတော့
” လေဖြတ်တာပဲ ရွာက အရီးလိုပဲ တော် အရီးကတော့ လေဖြတ်ပြီး မထနိုင်မသွားနိုင်နဲ့ လေးငါးနှစ် လောက် သက်ဆိုးရှည်ခဲ့တာပဲ”
ဟု ပြောမိတော့
ကျမပြောတာကို နားလည်နေ၍
ဝမ်းနည်းပြီး မျက်ရည်ကျလာသည်။
ပြီးတော့ ဝှောင်ဟုပြောပြန်သည်။
ဒီလောက် ဝေဒနါခံစားနေရတာတောင် ဝှောင်နိုင်သေးတယ်လို့ ကျမ စိတ်ထံကပြောပြီး
” လှနိုင်လား မမ မပူနဲ့ မနက်ကြရင် သွားပြောပြပေးမယ် ”
လို့ပြောမှ ပြန်ငြိမ်ကျသွားသည်
မနက် ၄နာရီ မှာ
တံခါးခေါက်သံကြောင့်
” ဘယ်သူလဲ ”
ဟု ကျမ မေးပြီး သံဘာဂျာ တံခါးကို သော့မဖွင့်ပဲ မေးကာ အပြင်တံခါးကို အဖွင့် မာလီအသစ်က
” ငါဗိုက်နာလို့ဟ တံခါးဖွင့်အုံး”
ဟု ပြောတော့ ကျမ က သတိကောင်းတဲ့မိန်းမမို့
” ဦးလေး ဗိုက်နာတာနဲ့ တံခါးက ဘာဆိုင်လဲ ဗိုက်နာ ပျောက်ဆေး ယူလာပေးမယ်”
ဟု ပြောကာ ဆေးယူပေးလိုက်တော့
” ငါ ဗိုက်နာတာ ဆာလို့ဟ ထမင်းစားမလို့” ဟုပြောပြန်တော့ ကျွတ်ကျွတ်အိတ် နဲ့ထမင်းဟင်းထဲ့ပြီး ပန်းကန်အသေးတချပ်ကို ကလန့် ထိုးပြီးပေးလိုက်သည်။
” လူလို မဆက်ဆံတတ်တဲ့ ကျွန်မ…” ဟု ပြောကာ ထွက်သွားတော့
” မဖြစ်ဘူး ဒီဘိုးတော် ဘာကြံနေလည်း မသိဘူး သူဌေးကို ပြောပြရမယ် ” ဟု ပြောကာ အခန်းထဲ ပြန်ဝင်ပြီး မမရွကို မျက်နာသစ်ပေးပြီး အပေါ့အလေး တည်လိုက်သည်
အိုးပြားလေးထဲ ဆီအနည်းငယ် ကျအပြီး ခေါင်းခါနေ၍ အိုးကိုထုက်ကာ
သွန်ဆေးပြီး သူ့သမီး ခင်သွားတဲ့ လူကြီး သေးခံအခင်းကို ကြည့်ရင်း
” အင်း မွေးစကလိုပါပဲလား”
လို့ တွေးမိရင်း ကျမ အသက်ကြီးလာရင် အဲ့လို များဖြစ်နေရင်ဒုက္ခဟုတွေးရင်း မိုးလင်းခဲ့သည်။
” တီတီတီ”
သူဌေး ကားဟွန်းသံကြားမှ အိမ်မကြီးက သံဘာဂျာတံခါးသော့ကို ဖွင့်လိုက်သည်။
ကားပေါ်ကနေ အမျိုးသမီး နှစ်ယောက် နှင့်အတူ ဆင်းလာသည်
တယောက်က ရုပ်ကြမ်းကြမ်းနဲ့ သန်သန်မာမာပုံပေါက်ပြီး တယောက်ကတော့ အသက်သုံးဆယ် အရွယ် လှပချောမောသူပါ ။
” ဟင် မွှေးလိုက်တာ ဒီအနံ့ပဲ ဟာ ဒါဆို ဒီမိန်းမက မယားငယ်ပဲ ”
ဟု ပုဝါကရေမွှေးနံ့နဲ့ တူနေလို့ ကျမအတပ်သိလိုက်သည်။
” မဦးရေ ဒါက လူနာကို ပြုစုမဲ့ ဆရာမပဲ ဆရာမ လိုအပ်တာ ရှိရင် ဒီကမဦးကိုပြောနော် ကျနော်က အမြဲလိုလို ခရီးသွားနေကတာ လာ မြမြ ဒါအကိုကြီး အိမ်ပဲ ”
ဟု ပြောကာ အိမ်ပေါ် အိမ်အောက်အစုံလိုက်ပြပြီး ခြံထဲ ပတ်ပြပြန်သည်။
လူနာခန်းထဲတော့မဝင်ကြပါ ။
” လူနာက အသက်အန္တာရာယ်မရှိဘူး ဦးနောက် သွေးခဲသွားတာ ခွဲစိတ်လို့ရတာပဲကို ဆေးနဲ့ လုပ်နေတယ်”
ဟု ဆရာမက ပွစိပွစိပြောနေတော့
” သူ့သားသမီးတွေ မသိလို့ဖြစ်မယ် ဆရာမ”
ဟု ပြောရာ
” ဘယ်မတုန်း သူ့သားသမီးတွေ က”
ဟု မေးနေတုန်း ရောက်လာကြသည်။
” ဟိုမှာလာနေပြီသူတို့ပဲ ဆရာမပြောပြပေးနော် သနားလို့ပါ ”
” အမေ သက်သာလား ”
” သက်သာလားမေးနေမဲ့အစား ခွဲလိုက်ပါလာ ”
” အင်း ပါရဂူကြီးကပြောပေမဲ့ ကျမတို့အဖေက အမေ့ကို သနားလို့လေ ”
ဟု ပြောလာတော့ ကျမနည်းတူ ထိုဆရာမလည်း မျက်နာက မဲ့သွားသည်ကို ကျမတွေ့လိုက်ရသည်။
” ဒါဆိုလည်း ပြောပြင်ဆရာကောင်းကောင်းနဲ့ ကုလေ ဒီတိုင်းဆို အကြောတွေမာဆတ်ကုန်မယ် ”
ဟု ပြောနေတော့ သဘောတူကာ ဆရာမကိုပဲဆရာကောင်းခေါ်ခိုင်းလေသည်။
” ကျမက ကလေးတွေနဲ့ သိပ်မလာအားဘူး တခုခုဆို ဖုန်းဆက်ပေးနော် ဆရာမ ကျမအကိုလည်းတူတူပဲ ကုမ္မဏီ အလုပ်နဲ့ ယားလို့တောင်မကုက်အားဘူး” လို့ ပြောနေတာကြားတော့
သူတို့မိသားစု ဓာတ်ပုံ အယ်ဘမ်တွေကို ဖုန်သုတ်ရင်း ငယ်စဥ်က ပုံတွေကို ကြည့်မိခဲ့သည်။
” သမီးငယ်က အမေကို အကပ်ဆုံးပဲ တရေးနိုးရင် အမေကိုတွေ့ရင် ငိုတော့တာ ဆယ်တန်းထိပဲ ” ဟု မမရွကပြောပြထားတော့
” ခုတော့ မအာဘူးတဲ့ မမရယ် ရင်နာလိုက်တာ”
ဟု တွေးရင်း မမရွက ကျမကို ပဲ ကြည့်နေလို့ ” အော်ဘငါမေ့နေတာ လှနိုင်ဆီ သွားရအုံးမှာပဲ ”
ဟု သတိရသွားပြီး
” သူဌေး ကျမ စျေးသွားဝယ်မလို့”
ဟု ပြောရာ စျေးဖိုးထုက်ပေးရင်း
” မြမြ ဘာစားချင်လဲ ကလေးတွေနဲ့ထမင်းအတူစားပြီးမှပြန်ပို့ပေးမယ် ”
ဟုမယားငယ်ကို မေးနေတော့
” မစားတော့ဘူးလေ မျက်နာပူလို့ နော်”
” အေးပါ ဒါဆို ကိုကြီးကားယူသွား”
ဟု ပြောပြီး
” မဦး ဆိုင်ကယ်နဲ့ မာလီကို အပို့ခိုင်းမယ် ကြာနေမှာစိုးလို့” ဟု ပြောလာမှ ပြောဖို့သတိရသွားသည်။
” သူဌေးကို ပြောစရာရှိပါတယ် သူက မရိုးသားဘူး ညသန်းခေါင်ကြီး တံခါးဖွင့်ခိုင်းတယ် စကားပြောရင်လဲ ရိသဲ့သဲ့နဲ့”
ဟု တိုင်လိုက်သည်။
” သူက ရိုးပါတယ် မဦး ဒါဆို ကားငှားသွား”
ဟု ပြောလာတော့
” အင်း ဆရာမလည်း ရှိနေပြီပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရုံပေါ့”
ဟု တွေးပြီး အငှားဆိုက်တွဲနဲ့ လှနိူင်အိမ်သို့ ရောက်လာသည်။
ခြံတံခါး ကပွင့်နေတော့ ကျမဝင်လာရင်း ဆိုင်ကယ်ရှိနေတော့ စေ့ထားတဲ့ အိမ်တံခါးကို တွန်းဖွင့်လိုက်တယ်
ကျမမှာ အဲ့အကျင့်ဆိုးတခုရှိသည် အသံမပေးတတ်တာ တံခါးမခေါက်တတ်တာပါ ကျမတို့တောမှာ ဘာသံမှမပေးကြဘူး တံခါးလဲခေါက်းရာမလိုဘူး ” ဟိတ် ကောင်မ ညည်းဘာလုပ်နေလဲ” ဆိုပြီး သူငယ်ချင်းတွေအိမ်လည်ရင် အဲ့လို ရုတ်တရက် တံခါးဖွင့်ပြီးပြောနေကျလေ
ခုလည်း အဲ့အကျင့်ကြောင့် အိမ်ထဲက မြင်ကွင်းကို ဘွားကနဲ မြင်လိုက်ရပါတော့သည်။
” ဟာ မဦး ပါလား ပြသနာပဲ ”
ဟု ပြောကာ ကြိုလေတော့
ထမင်း တစ်ပန်းကန်ထဲ ကောင်မလေးက စားရင်း လှနိုင်ကို ခွံ့ပေးနေသည့် မြင်ကွင်းကြောင့် ကျမ တချက် အံ့ဩကာ
” စားပြီးရင် စကားပြောရအောင် စားပါ ”
ဟု ပြောလိုက်တော့
” လှကြီး နင် နင် မြို့မှာ မယားယူထားတာလား သေနာကျ ကဲဟယ် ”
” ဒေါင်”
” အားးး မဟုတ်ရပါဘူး မိထော်ရယ် သူက ငါအရင်အလုပ်လုပ်တဲ့အိမ်က အိမ်ဖော်ပါဟ ကျွတ် ”
ကောင်မလေး နာမည်က မထော် အင်း ပုံကလည်း ဆံပင်ထူထူရှည်ရှည်နဲ့ စပန့်ဂါဝန်လေးဝတ်ထားသော်လည်း ပါးကသနပ်ခါးဘဲကြားက တောသူမှန်း သိသာသည် လက်သံကလည်း ပြောင်သည် စားနေတဲ့ထမင်း ပန်းကန်နဲ့ လှနိုင်ကို ထုလိုက်တာက တရုတ်ကားထဲက ဂျက်မလို လျှင်မြန်လှတာကြောင့် ကျမ ပြုံးမိရင်း
” သူဌေး စကားမှာလိုက်လို့ ခဏလိုက်ခဲ့ ”
ဟု ပြောကာ ခေါ်ထုက်လာရသည်။
” နင် ခုချိန် မမရွ ရောက်လာရင် ဘယ်နှယ်ဖြစ်သွားမလဲ မတွေးဘူးလား”
ဟု အရင်မေးရာ
” သူက ခဏနေဆို ပြန်ပါပြီ သူ့အမေ ထမင်းဆိုင်မှာကူနေတာ မနက်တိုင်း ထမင်းကြော်လာပို့ပြီး အတူစားရုံပါ ”
” နင်မညာနဲ့ လှနိုင် ချစ်သူလား မိန်းမလား” ဟု မေးရာ
” နုက်တော့လုံပေးပါ မဦးရယ် ကျုပ်လည်း မလုပ်ချင်ပဲ လုပ်ခဲ့ရာက မြိုးမြိုးမြတ်မြတ်လေး ရတော့ နွယ်နေမိတာ ”
” နွယ်လဲဟယ် ကြည့်ကြပ်နွယ်လေ ခု သူဌေးမက သူဌေးကို ကွာပြီး နင့်နဲ့တရားဝင်ယူမလို့တဲ့ ”
” ဟာ တကယ် ကျွတ် ပြသနာပဲ မိထော် သိလို့မဖြစ်ဘူး ဘယ်လိုလုပ်ရမလဲ မဦး ”
ဟု မေးလာတော့
ကျမလည်း အမှန်အတိုင်း ပြောပြလိုက်မှ
” ဟူးးး တော်သေးတယ် သူလေဖြတ်သွားလို့ မဟုတ်ရင် အမလေး ကျက်သီးပါထတယ် ကျုပ်က ချွဲရုံချွဲမိတာပါ သူ့ဘက်က ထောက်ထား ငဲ့ညှာရမဲ့ မိသားစု ပါတ်ဝန်းကျင်နဲ့ သူကျုပ်ကို မယူလောက်ဘူးထင်လို့ အပိုတွေ လုပ်မိလိုက်တာ ” ဟု ပြောပြရာ
” သွားမလုပ်နဲ့ လှနိုင် အမယ်အိုတွေ က အချစ်ကြီးတယ်ဟဲ့ ဘုရားရှင်လက်ထက်က သေခါနီး အမယ်အိုနဲ့ ဘုရားလောင်း ဇီဝက က တဏှာကိစကို သူ့အမေအိုနဲ့ စမ်းတာ
သားတော် ပေါက်စနဲ့ ကုသစေပြီး ချစ်ကျွမ်းဝင်အောင် ပြုစေပြီး သားဇီဝက အသက်ရှင်နေသမျှ ရှေ့မတိုးဝင့်ဘူးပြောလို့ အမေအိုက သူ့သားအိပ်ရာထိ ကြိုးတန်းခိုင်းပြီး ကြိုးစကိုတဘက်ကဆွဲပြီး လက်တဘက် သားဇီဝကကို ခုတ်ဖို့ ဓားကိုင်ပြီး လာရင်း လမ်းတဝက်မှာ ကံကုန်ခဲ့သတဲ့ ခုလည်း သူကတကယ်စွန့်စားမဲ့ပုံပဲ နင်လည်း ရသင့်သလောရထားပြီ မိထော်နဲ့ ယူပြီး အေးအေးချမ်းချမ်း နေတော့ နောက်ထပ် အမေအိုတွေနဲ့ ငြိဖို့မကြိုးစားပဲ သမာအာဇီဝနဲ့ရှာစား မိထော်လက်သံက ပြောင်တယ်နော် ကဲ ငါသွားပြီ ”
ဟု ပြောကာ ကျမ စျေးဝယ်ပြီး ပြန်ခဲ့သည်။
” အင်း ဆရာမ မရှိတုန်း ငါသွားပြောရမယ် လုပ်ကြံရမှာပဲ မဟုတ်ရင် ခဏခဏ သွားခိုင်းနေမှာ”
ဟု ပြောပြီး
လူနာအနား ရောက်လာတော့
မျက်နာက မျော်လင့်တကြီး ပုံနဲ့
” ဝှောင် ဝှောင်” လုပ်နေလို့
” မမ မမ ကြားလား ”
” အင်း ”
” မမရယ် လှနိူင် သနားပါတယ် ”
ဆိုတော့ မျက်ရည်တွေ ဝဲလာပြီး
ဘာဖြစ်လို့လည်း ဟုမေးသလိုမို့
” ကျမ ပြောပြတော့ သူ ဘုန်းကြီး ဝတ်တော့မယ်တဲ့ မမရယ် မမဝယ်ပေးထားတဲ့ အိမ်လေးကို ရောင်းပြီး သူ့အမေကို တဝက် ပေးပြီး တဝက်ကို မမဖို့ လှူပေးမယ်တဲ့ ” ဟု မုသားသုံးလိုက်တယ် သူမှသွားမကြည့်နိုင်တာ အမှန်အတိုင်းသိနေရင် လူကောင်းတောင် ခံနိုင်ရယ်မရှိတာ ခုလိုဆို သေတဲ့ထိ လင်တရူးပြီး ခံစားနေရမှာ ။
” ဝူးးး ဝူးးး ဝူးးး ”
မသန်တဲ့ လက်ကို မြှောက်ပြီး လက်အုပ်ချီနေတော့ ကျမကပဲ လက်နှစ်ခုကို ပူးပေးလိုက်တယ်
မျက်ရည်တွေ ဖြိုင်ဖြိုင်ကျပြီး ဝူးဝူးဝါးဝါးနဲ့ ပြောပြီး နထင်ကြောတွေ ထောင်ထတဲ့အထိ ငိုနေတာ ကျမလည်း မခံစားနိုင်တော့ပဲ ရောပြီး ငိုမိတယ်
လူနာက ငိုရင်း ကုန်းကုန်းပြီး ထရင်း လက်တဘက်က ကျမလက်ကို ဆုပ်ကိုင်ပြီး အားယူကာ ထဖို့ ကြိုးစားနေသလိုမို့
” အော် သူ့လင်ငယ် ဆံချတာလေး သွားကြည့်ချင်နေတာလားပဲ သနားလိုက်တာ မမရွရယ် ”
ဟု ရင်နာနာနဲ့ ဖြေသိပ်သလို လက်ကို ပြန်ဆုပ်ကိုင်းထားတုန်း
ဆရာမ ထမင်းစားပြီး ရောက်လာသည်။
” ဟယ် လူနာ ကဘာဖြစ်တာလည်း ဒီလိုဖြစ်တာ ကြာပြီလား” ဟု ကျမကို တွန်းဖယ်ပြီး လူနာကို ကြည့်ရင်း မေးတော့ ကျမ နားမလည်သလိုကြည့်ပြီး
” သူ ငိုနေတာနဲ့ အားပေးနေတာ ဆရာမ ”
” သူ့သားသမီးနဲ့ သူဌေးတို့ကို သွားပြော ဆေးရုံအမြန်ပို့ရမယ် ”
ဆရာမ စကားမဆုံးခင် ကျမပြေးသွားလိုက်သည်။
” ဟင် ဘယ်လို ဖြစ်တာလဲ ”
ဟု ပြောကာ ဆေးရုံပို့လိုက်မှ
” ဦးနောက် သွေးကြော ပေါက်တာရယ် နှလုံး ရှော့ရသွားတာက လူနာအသက်ကို နုက်သွားတာပဲဗျ စိတ်မကောင်းပါဘူး လူနာ အသက်မရှိတော့ပါဘူး ” ဆိုတဲ့ စကား ကျမပါကြားလိုက်ရသည်။
” ဟင် ဒါဆို ဒင်းက အသက်ငင်နေတာပေါ့ အမလေး ကြောက်လိုက်တာ
ဖွဖွ မမ ကျမ ဆီမလာနဲ့ နော် ကျမလက်ကို လာမကိုင်နဲ့နော် ” လို့ ကျမ တောင်းပန်ရင်း ဆေးရုံကဘေစင်မှာ လက်ကို ဆေးလိုက်မိတယ် ။
” လူနာက ပုံမှန်အားဖြင့် ခဲနေတဲ့ သွေးကို လေမဖြတ်ဆေး သုံးရက်ထိုးပြီး ပုံမှန်သွေးခဲပျော်ဆေး နဲ့ ကုရင် အသက်အန္တာရယ် မရှိဘူး ခုက ဝမ်းနည်း ဝမ်းသာ စရာ သတင်း ဆိုးကောင်း ကို ရုတ်တရက် ကြားရလို့ နှလုံး ရှော့ရသွားတာ ”
ဟု ရောဝန်ကြီးက ပြောပြလိုက်တာကြောင့် သူနာပြု ဆရာမကို အပြစ်ပြောကြပြန်သည်။
ခပ်စွာစွာ ဆရာမကလည်း
” မဦး နုံလို့လေ ကျမ ထားခဲ့တုန်းက အကောင်း သူဌေးတို့နဲ့ အတူထမင်းစားတယ် အပြောပြင်ဆရာအကြောင်းပြောပြီး ကျမ ဝင်သွားတော့ လူနာက လွန်နေပြီ အရေးပေါ် ကယ်ဆယ်နည်းလဲမရတော့ဘူး ”
ဟု ကျမအပေါ် အပြစ်ကျလာသည်။
” ဟုတ်ပါတယ် သူဌေး ကျမ နားမလည်ခဲ့လို့ မမရွ ဆုံးရတာပါ အဟင့် ဟီးဟီးဟီး ”
ကျမ သိတာပေါ့ လူနာဆုံးသွားလို ပျော်နေကြတာ မသိတာကြလို့ လင်က မယားငယ်နဲ့တပျော်ကြီးနေရမှာရယ် သမီးနဲ့သားက ဝန်ထုပ်ဝန်ပိုး ကြီး မရှိတော့ဘူးလေ ။ ထင်တဲ့အတိုင်းပဲ
” ကဲပါ ရော့ ဆရာမ တရက်မပြည့်ပေမဲ့ တလစာပေးလိုက်မယ် နော် ”
” မရဘူးလေ ထုံးစံအတိုင်း သုံးလစာပေးပါ လူနာက နှာတာရှည်မို့ တခြားလူနာကို ငြင်းခဲ့ရတာ နောက်လူနာမရခင် အတွက် ပေးရတာ ထုံးစံပဲ ”
ဟု အားမနာပဲ ပြောလိုက်ရာ
” ရော့ရော့ ဆရာမ အမြဲ ကံကောင်းပါစေ ကျမ အမေလို လူနာတွေနဲ့ များများတွေ့ပါစေ” ဟု အပြုံးမပျက်ပဲ ပညာရှိနည်းနဲ့ ဆုတောင်းပေးလိုက်ရာ
ဆရာမကလည်း သူ့အဝတ်အိတ်လေးဆွဲပြီး
” ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ မမနေမကောင်းရင် အမြန်သာ ဖုန်းဆက်လိုက်နော် ” ဟု ပြောပြီး ရင်ကို ကော့ပြီးဘဖင်ကို ချိတ်နေအောင် ကောက်ပြီး ထွက်သွားလေတော့…
” ကြည့်စမ်း အရှက်မရှိတဲ့ ဆရာမပဲ ရုပ်က နဘမ်းသမားပုံနဲ့ ဆရာမလုပ်စားနေသေးတယ် ”
” တော်ပါတော့ သမီး ခဏနေ လူကြီးတွေလာကြတော့မယ် မဦးရေ နင့်မမကို အရပ်ထဲက မိန်းမတွေနဲ့ ရေချိူးပေးထား သူကြိုက်တဲ့ အဝတ်ဝတ်ပေးလိုက်”
” ဟင် ” ကြောက်ပါတယ်ဆိုမှ မသာကို ရေလာချိုးခိုင်း နေ သေးတယ်
” ကျမ မချိုးပေးနိုင်ဘူး အလုပ်ကထုက်ချင်ထုက်” ဟု ပြောဖို့ အားယူလိုက်ချိန်
” အေး ရေချိုးပေးပြီး နင့်မမ နားက စိန်နားကပ်ကို မဦးယူလိုက်” တဲ့
ကျမ လည်ပင်းဝရောက်နေပြီ ဖြစ်တဲ့
အစောနက စကားက
” ဂလု” ကနဲ ဗိုက်ထဲ ကျသွားပြီး နောက်လေသံက အမြန်ပဲ ပါးစပ်ကထွက်လာသည်။
” ဟုတ်ကဲ့ပါ သူဌေး”
ဆိုတဲ့ စကားနဲ့အတူ မသာကို အဝတ်တွေချွတ် နေသော ရပ်ကွက်ထဲက အဒေါ်ကြီး နှစ်ယောက်ကို ကျမပြုံးပြပြီး
နားက စိန်နာကပ်ကို ဖြုက်ယူပြီး
ဘောလီ အင်္ကျီအိတ်ထဲ ထဲ့လိုက်သည်။
” မဦး ကံကောင်းတာပဲ အဲ့စိန်နားကပ်က ခုပေါက်စျေးနဲ့ဆို သိန်းနှစ်ရာလောက်ရှိမှာ ” ဟု ပြောတော့
ကျမ မျက်စိတွေကျယ်လာသည်။
” အဒေါ် ဒီလိုလေး သေချာပွတ်ပြီး ဆေးပါ သန့်ရအောင်”
လို့ကျမ ပြောပြီး တကိုယ်လုံးကို လက်နှစ်ဘက်နဲ့ ပွတ်တိုက်ပြီး ဆေးကြောပေးလိုက်တယ် ကြောက်စိတ်ဆိုတာ ဘယ်ရောက်သွားမှန်းတောင်မသိလိုက်ပါဘူး ။
အလောင်းကို ရေချိုးအဝတ်အစားဝတ်ပေးပြီးချိန် ရေခဲ အခေါင်းရောက်လာ၍ ထဲ့ပြီးချိန် စပယ်ပန်းတွေနှင်းဆီပန်းတွေ အခေါင်းထဲ ထဲ့ပေးသူတွေက သမီးဖြစ်သူဆီ ပန်းဖိုးယူပြီး ပြန်သွားကြသည်။
” အမေ ရေ အမေရဲ့” ဆိုပြီး ရင်ထုမနာ အော်ငိုတတ်တဲ့ ကျမတို့ရွာကလူတွေကို မဆီ မဆိုင် သတိရသွားသည် ။
ကြည့်စမ်း သားရောသမီးရော မျက်နာညိုးနေပေမဲ့ မျက်ရည်တစက်မကျကြဘူး
” သားသမီးတွေနဲ့ ယောက်ကျားက မသေခင် တာဝန်ကျေထားကြတော့ မငိုကြတာ ” ဟု အသုဘရှု့လာသူတချို့ကပြောပြန်တော့
” အလို ကျုပ်တို့ရွာက လေးဖြတ်ပြီး လေးငါးနှစ် မသေမရှင်အမေအိုကို သူ့သားသမီးတွေ က ယုယပြီး ကျွေးမွေးကြတာ ချေးသေးကျုံးပေးကြတာ သေနေ့စေ့လို့ သေတော်
ငိုလိုက်ကြတာမှ တက်တက်သွားလို့ မနည်းဆွဲချရတာ ” ဟု ကျမ ပြောပစ်ချင်တာ မနည်းထိမ်းထားရတယ် သက်ပြင်းတချက် ချပြီး ” အို ဘာပဲ ဖြစ်ဖြစ် ငါ့ကို စိန်နားကပ်ကြီးပေးထားတာရယ် ဆွဲကြိုရထားတာနဲ့တင် ဟုတ်နေပြီ တနှစ်လောက်တော့ သူတို့ခိုင်းရင်လုပ်ပြီး ရွာပြန်ရမယ် ”
ဟု စိတ်ထဲကပြောကာ စိန်နားကပ်ကို ဟိုအဒေါ်ကြီးနဲ့အရောင်းခိုင်းရမယ်ပြန်ခါနီးဟု ရှေ့ကိုကြိုတွေးရင်း
ကားတွေနဲ့ အလျိုအလျို ရောက်လာကြတဲ့ သူဌေးတွေကို ဘာလုပ်ပေးရမလဲလို မေးမိတော့
” ရတယ် မဦး အိပ်ချင်အိပ်တော့ ဝန်ဆောင်မှု့အတွက် လူငှားထားတယ် ခဏနေ စားစရာတွေ ရောက်လာမယ် မဦးစားချင်တာ မှာစားပြီးအနားယူပါ ”
တဲ့ ကျမလည်း သူဌေးအသုဘကို မတွေ့ဘူးလို့ စောင့်ကြည့်နေတာ။
နာမည်ကြီး စားသောက်ဆိုင်က ဝန်ထမ်းတွေနဲ့ အတူ စားစရာတင်လာတဲ့ ကားက ခြံတဘက် တွင်နေရာယူပြီး ရွက်ဖျင်တဲ တွင် ဂတ်အိုးအကြော်အိုးတွေနေရာချ သူကချ နဲ့ အချိန် ခဏလေး အတွင်း မှာပဲ စားသောက်ဆိုင်အငယ်စားလေးဖြစ်သွားသည် ဝတ်စုံပြည့်နဲ့ ဝန်ထမ်းတွေက စားပွဲခုံတွေဆီသွားမှ ကျမကြည့်မိရာ
ကျမ မမြင်ဖူးသော မာကျောက်လို့ခေါ်တဲ့ လှပသော စာလုံးနဲ့အရောင်တွေပါတဲ့ ကျောက်တုံးတွေကို ဖဲလိုဆော့နေတာကို တွေ့လိုက်ရသည်။
ထိုကစားနေသူတွေက
” အသားကင် နဲ့ ဘီယာ ” ဟုမှာသူကမှာ ထမင်းကြော် ခေါက်ဆွဲကြော် မှာနေကြတော့ ကျမလည်း
အလွန်စားချင်နေသော ဆိုင်ချက် ဝက်စတူးဟင်း တပွဲကို စားဖိုမှူ့ဆီ အပြေးသွားက အရင်ဆုံးမှာလိုက်သည်။
“ဟုတ်ပါပြီ ဘယ်ကို ပို့ပေးရမလဲ” ဟုမေးတော့ အိမ်ဘက် လက်ညိုးထိုးပြပြီး ဧည့်ခန်းထဲကနေ စောင့်နေလိုက်သည်။
ခဏအကြာမှာ ဒန်အိုးကြီးထဲက အသင်းပေါင်းလာပြီးသား ဝက်ဒူးတုံးကြီးတတုံးဆယ်ကာ ချက်နေတာကို ရင်း ထမင်း တပန်းကန် ခူးထားပြီး ထွက်လာတော့
” ရပါပြီခင်ဗျ”
” အေး ပေး ”
ဟု ကျမ ပြောပြီး ထမင်းစားခန်းထဲဝင်လာကာ အားရပါးရ စားလိုက်သည်။
” မဦး ကြိတ်လှပါလားဟ ”
ဘီယာပုလင် ကိုင်ကာ ရောက်လာသော မာလီကို ကျမ ရွံသလို ကြည့်ပြီး စားတာကို ရပ်ပြီး ပန်းကန်ထဆေးလိုက်သည်။
” ဟ ဝပြီလား လာပါဟ ငါတကေ်တည်း ပျင်းလို့ပါဆို ” ဟု မူးသံကြီးနဲ့ ပြောနေ၍ ကျမ အခန်းကို အထဲကနေ လော့ချပြီး အိပ်ရာထဲ ဝင်ကာ ခွေနေလိုက်သည်။
ဘောလီ အိတ်ကပ်ထဲက စိန်နာကပ်ကို ထုက်ကြည့်ပြီး မီးရောင်နဲ့ ကြည့်ရင်း စိတ်က ကြည်လင်လာသည်
” မရောင်းခင် ပန်ကြည့်မယ် ”
ဟုပြောပြီးတပ်ကြည့်ရာ ရွှေရိုးက ကြီးနေ၍ သူမနားပေါက်နဲ့ မဆန့်တာကြောင့် သေတ္တာထဲသိမ်းပြီး သော့ခတ်လိုက်သည်။
သန်းခေါင်ကျော်တော့ ကျမ တရေးနိုးလာသည် ။
အပေါ့သွားပြီး ပြူတင်းပေါက်ခန်းဆီကနေ ခြံထဲကြည့်မိတော့
လူတွေက စည်ကားနေသည်
” ရွာက အလှူပွဲကြနေတာပဲ ညမိုးချုပ်ကြီး စားသောက်နေကြတာ အလှူကြီးနေ့အကြိုညကြနေတာပဲ ”
ဟု ပြောပြီး အခန်းထဲက ထွက်လာတော့
” ဟင် ”
မသာတယောက်ထဲ အခေါင်းကြီးထဲ ဆန့်ဆန့်ကြီး ဖြစ်နေတာ တွေ့လိုက်မှ
ကျမလည်း မသာကို သနားတဲ့စိတ်ပေါ်လာပြီး ငိုချင်လာသည်။
အသက်ရှင်နေစဥ်က ကိုကို ရွရွ နဲ့ ချစ်တာခံခဲ့သလောက် သေတော့ ပစ်ထားရက်တာပါလား လို့ မသာအစားရင်တွေနာပြီး ငိုမိကာ အခေါင်းဘေး ကခုံမှာထိုင်ပြီး မသာအလှဖန်တီးရှင် အခြောက်မပြင်ပေးထားတဲ့ မိတ်ကပ်နဲ့ ရှင်တုန်းကလို ထိုင်းသရဲမရုပ်နှင့်ရှိနေသော မမရွကို ကြည့်ရင်း
” မမရယ် သနားလိုက်တာ အရင်လို လင်ငယ်နဲ့ ထပြီး ပျော်ပါအုံးလား ဟင်မမ လင်ကြီးပြန်လာရင် ကိုကို ကိုကို နဲ့ ချွဲပါအုံးလား မမရယ် မိဦးကိုလည်း အလုပ်မရှိအလုပ်ရှာပြီး အပေါက်တကာ ချောင်တကာ လက်ထိုးပြီး ဖုန်တွေ သုတ်ခိုင်းပါအုံးလား မမရဲ့ အမလေး မမရေ…. သနားလိုက်တာ ဟီးဟီးဟီး”
ကျမ စိတ်ထဲက တိုးတိုးလေး ပြောရင်း ရင်ထဲ တင်းကြပ်လာလို့ အော်ငိုပစ်လိုက်ရာ
အိမ်ရှေ့ကလူတွေ ရောက်လာသည်။
” ဟင် ဘာ ဘာ ဖြစ်တာလည်း မဦး မဦး ဘာလုပ်တာလည်း ဧည့်သည်တွေရှိတယ် ဒုက္ခပဲ ”
ဟု စိတ်မရှည်လသလို ပြောလေတော့
ကျမ စိတ်ထဲ အသည်းပေါက်သွားသည် ဒါနဲ့ပဲ ရွာက နတ်ပွဲဆီ အတွေးရောက်သွားတော့ ဘာပြောကောင်းမလဲ ဟွင်းဟွင်း😂
” ဘာ ဘာပြောတယ် သမီး အငယ်မ အမေ့ ပူတူတူးလေး ဟင် ဆယ်တန်းအထိ မေမေ့ရင်ခွင်ထဲ မဟုတ်ရင် မအိပ်တတ်တဲ့ သမီး ခုတော့ အမေ့ကို မေ့ထားပြီပေါ့လေ စာအနားကွတ်ဂါဝန်လေးကို သမီးလေး ရှစ်တန်းအောင်လို့ မေမေ ကိုယ်တိုင် ချုပ်ပေးခဲ့တာလေ သမီး အမေ မသွားနိုင်ဘူး သမီးရယ် ဟီးဟီး ”
ဟု မမရွပူးလိုက်ပါတော့သည်။
ရွာမှာ အဲ့လိုပဲ ကြက်ကြော်အကောင်လိုက်သားရဖို့ ကျမ ငယ်တုန်းက နတ်ပွဲထဲခုန်ဝင်ပြီး ကဖူးသည်လေ
လက်မနှစ်ဘက်မြှောက်မြှောက်ပြီး ခုန်ခုန်ကျက လူတွေက ကိုယ်တော်ကြီး ကိုတော်ကြီးနဲ့ လက်အုပ်တွေချီလာတော့ ကြက်ကြော်လို့ ပြောတာနဲ့ အကောင်လိုက်ပေးလာရော
စားလိုက်ပြီး
ကရင်းနဲ့ စည်းဝိုင်းက ခုန်ထွက်ခဲ့တာပြန်မြင်ရောင်ရင်း ပြုံးမိချိန်
” ဟင် မေမေ အဲ့အပြုံးကို သမီးမှတ်မိပြီမေမေ အဟင့်ဟင့် ဟီးဟီး ဘယ်လိုလုပ်ရမလဲ ဟင် ယောက်ကျား ဒါတကယ်ပဲ ကျမမေမေ ဝင်ပြောနေတာ ကျမနဲ့မေမေပဲသိတဲ့ ဇာအသားကွတ်ဂါဝန်လေး အကြောင်း တွေ လေ မေမေ မေမေ ဟီးဟီး ” ဆိုပြီး အော်ငိုကာ လာဖက်တော့
” စိတ်ထိမ်းပါ သမီးရယ် အမေ့ကို မမေ့သေးတာသိရလို့ အမေ သေပျော်ပျော်”
” ဘုတ်”
စကားကို အဆုံးထိ မပြောပဲ ခွေလဲချလိုက်သည်။ သည့်ထက်ပိုလုပ်ရင် အလိမ်ပေါ်တော့မှာမို့ ရပ်လိုက်ရသည်။
” အမေ အမေ ရေ အမေ သမီးမိုက်ပါအမေ မေမေ သမီးကို ခွင့်လွှတ်ပါ အစ်အစ်အစ်”
” ဟင် ဘာ ဘာတွေ ဖြစ်နေတာလဲ ”
ကျမက ခပ်တည်တည်နဲ့ ထမေးတော့
” မဦး မဦးလား ”
” ဟုတ်တယ်လေ သူဌေး ကျမပါ ဘာခိုင်းစရာရှိလည်း ” ကျမ ကိုပြန်မပြောအားပါ ငိုရင်းတက်သွားတဲ့သူ့သမီးကို အများသိတတ်သူတချို့က ဆွဲချနေတာဆီ သွားကာ သမီးသမီးယူခေါ်နေပါတော့သည်။
ဘေးအိမ်က ကန္နားစီး နတ်ကတော် အချော်တကောက်က ကျမနား ကပ်လာပြီး
” ညည်း က တော်လှချည်လား ခိခိ နောက်ဆိုမှတ်ထား ထွက်မယ်ဆို လက်အုပ်လေး ချီရတယ် ”
ဟု ကပ်ပြောလာတော့
” ဘာထွက်တာလဲ အမရယ် နားကိုမလည်ဘူး ဒါနဲ့ အမ အသားလေးက နုနေတာပဲနော် ”
ဟု ဘာမှနားမလည်သလို ပြောပြီး လက်မောင်းသားကိုတို့ပြီးပြောအပြီး
” အမငငေီးးး သ သရဲ ”
ဟု ရေရွက်ပြီး
” နင် ဘာမှမသိတာလား မဦး ”
ဟု ထပ်မေးနေတဲ့ အတွက်
” ကျမ တရေးနိုးလာတော့ အမလိုပဲ မသာကိုကျောခိုင်းနေတာ နောက်ကနေ လေအေးတွေတိုးတိုက်လာပြီး
တကိုယ်လုံးကျက်သီးထသွားပြီး ” ဝုန်း” ကနဲ့အသံကြီးနဲ့ အုပ်ချလိုက်သလိုဖြစ်ပြီး နောက်တော့လည်း ဘာမှမဟုတ်ဘူး ခုအကောင်းပဲ”ဟု ပြောနေချိန် ရေခဲခေါင်း ကအအေးငွေ့ရယ် သူဌေးက သူ့သမီး အမောပြေဖို့ အဲကွန်ဖွင့်လိုက်တာကြောင့် အအေးဓာတ်က ပိုလာရာ
“အမလေး ပြန်မယ်ပြန်မယ် သရဲ ”
ဟု ပြောပြီး သူ့တပည့်ကို ခေါ်ကာ ပြန်သွားလေတော့သည်။
ကျမလည်း သူဌေး သမီးအဖြစ်ကို ကြည့်ပြီး ” ငါ နည်းနည်းများလွန်သွားသလား” ဟု တွေးမိတဲ့ အထိပါပဲ
မသေခင်ကရော သေပြီးတဲ့တနေ့လုံးဘမျက်ရည်မကျတဲ့ သားနဲ့သမီးက ခုတော့ မျက်ရည်တွေ မဆယ်နိုင်ပဲ အေးခဲနေတဲ့ သူ့အမေ မသာမ ထိုင်းသရဲမမျက်နာကြီးကို တယူတယ ပွတ်သပ်ပြီး ငိုနေကြတာ
” မြန်မြန် သုံးရက် ပြည့်ပါစေဘုရား”
လို့ ဆုတောင်းယူရတဲ့အထိပါပဲ
သားကို မယားက ချောနေရ သလို သမီးကို လင်နဲ့ ပတ်ဝန်းကျင်ကလူတွေက ဖျောင့်ဖျနေကြသည်။
တကယ် စိတ်နှလုံး သားထဲက အသိလေး တချက် ဝင်လိုက်တာနဲ့
ဇာအနားသတ် ဂါဝန်လေး အစကနေ မွေးကတည်းက အတူနေခဲ့ရတဲ့ မိခင်ရဲ့ ချစ်ခြင်းမေတ္တာတွေ ကို တရေးရေးမြင်ယောင်လာကျကာ ငို၍ မဆုံးအောင်ဖြစ်ပြီး လောင်းကစားဝိုင်းက အကောက်လဲစိတ်မဝင်စားတော့ပဲ အခေါင်းနားတင် ထိုင်ငိုလိုက် အိပ်လိုက်နဲ့ သုံးရက်ပြည့်တော့ တရားနာအမျှဝေပြီး ငိုရင်းတက်ကြပြန်သည်
” အင်း ခုမှ ရွာက မသာအိမ်နဲ့တူတော့တယ် မသာအိမ်ဆိုမှတော့ ငိုသံလေးနဲ့မှပေါ် ဘုန်းကြီးပျံတောင် အငိုမင်းသမီးငှားရသေးတာ ”
ဟု ကျမ တွေးရင်း အသုဘ ပို့ ရင်း
လှနိုင်ကို လှမ်းတွေ့လိုက်သည်။
” အော် သူလည်း တနေရာက ကြားလို့ရှိမယ်” ဟု ကျမ တွေးရင်း
မမရွ ဇာတ်လမ်းတခန်းရပ်ပြန်တော့
ကျမ ရှေ့ရေးအကြောင်း အနည်းငယ် ပြောပြချင်တယ် ။
ရက်လည်ပြီးတော့
” မဦးရေ နင့်မမ အဝတ်အစားတွေ ကြိုက်တာယူသွား လက်ကိုင်အိတ်ရော ”
” ဟုတ်ကဲ့ ”
အိမ်မှာ ဘယ်သူမှ မထားတော့ပဲ ခြံစောင့်မာလီ တယောက်သာ ထားတော့မှာမို့ ကျမကို လစာသုံးလစာပေးကာပြန်ခိုင်ရာ အားနာပြီးလက်ခံခဲ့ရသည်။
ရွှေတကျပ်ဆွဲကြိုးရယ် စိန်နားကပ်ရယ်နဲ့တင် ကျမ ဘဝက အဝေးက လင်ကို ပြန်ခေါ်ပြီး ရွာပြန်ကာ မိသားစု နှပ်နေရုံပဲကို ဒါပေမဲ့ မယူရင် သူဌေးကို ဆန့်ကျင်ရာကျမှာစိုးလို့ ယူပြီး ခြံထဲက ထွက်တာနဲ့
ဘေး နှစ်အိမ်ကျော်က မသာရေချိုးပေးသောလအဒေါ်ကြီးကို သွားကာ
” ကျမ နားကပ် လေး ရောင်းချင်တာ ဘယ်နားသွားရောင်းရမလဲမသိလို့”
ဟု ပြောရာ
” အော် အေးအေး မဦး အဒေါ်လိုက်ပို့ပေးမယ် လာလာ မရွလုပ်နေကျစိန်ရွှေရတနာဆိုင်သိတယ် ” ဟုပြောကာ သူ့အိမ်က ကားနဲ့ပို့ပေးလေသည်။
” မမရေ လာ လာ မတွေ့တာကြာပြီနော် ကဲပြော ဘာလိုချင်လဲ မမနဲ့ လိုက်မဲ့ အဆင်လေးတွေ ရှိနေတာနော် ”
ဟု ရွှေဆိုင် ပိုင်ရှင်က ဆီးကြိုကာ ပြောအပြီး
” ဒီနားကပ်က မမရွ နားကပ်ပဲ ဒါလေးကို သူ့အိမ်အကူက လက်ဆောင်ရထားတာ သူက ရောင်းချင်လို့တဲ့”
” အော် ရတယ်တယ် အင်း ဒါက စိန်အစစ်တော့ဟုတ်ဘူးနော် ရွှေကတော့၁၅ဲရည်အပြည့်ပဲ ပုံစံတူ လုပ်ထားပေးထားတာ ”
” စစ်ကြည့်ပါအုံး ကွယ်”
” စစ်စရာမလိုဘူးမမရေ ကိုယ်လုပ်ပေးထားတာ ကိုယ်သိပါတယ်”
ဟု ဆိုင်ရှင်က ပြောပြီး ရွှေချိန် အတိုင်း ငွေချေမည်အပြု
” ပြန်ပေး ”
ဟု ကျမ က နာကပ်ကို ပြန်တောင်းလိုက်သည် စိန်မဟုတ်၍ စိတ်ဓာတ်ကျကာ ရွှေတန်ဖိုးနဲ့ကျေနပ်မလို့ကို အတူလာတဲ့ အဒေါ်က မရောင်းနဲ့လို့ လက်ကုက်လို့ ပြန်တောင်းလိုက်တာပါ။
” ကဲ သဲရေ စိတ်ကြိုက်ပါနော် ရော့”
ဟု ပြုံးပြုံးကြီး နဲ့ပြောပြီး ပြန်ပေးလိုက်ရာ
” သဲရေ သဲရေနဲ့ လျှာအရိုး မရှိတိုင်း တွေ့သမျှလူကို လိုက်ခေါ်နေတယ် ရွှေရောင်းတာပဲ သဲရေခေါ်ပြီး ရွှေတဝက်ကြေးတဝက်ညာရောင်းတာကျလို့ ရွာကဆိုင်နဲ့ကွာပ့ ကျမတို့ ရွာက ရွှေပန်းတိမ်ဆိုင်ကဆို သောက်ခွက်ကို တင်းနေတာအဒေါ်ရဲ့ စစ်ချင်တဲ့နေရာစစ် ရွှေရည်ပြည့်မှီတယ် အလျော့တွတ်လက်ခလဲ သိပ်မစားဘူး စျေးလဲမှန်တော့ ဒင်းအခွက်အမြဲတင်ပါစေပဲ ရွာသားတွေ ဆုတောင်းနေရတယ် သောက်ခွက်ချိုတာနဲ့ ကျေးအရောပိုတာဖြစ်မှာကြောက်လို့တဲ့ လူကြီးတွေပြောတာပါ ကျမတို့ကတော့ သူ့အကြောတင်းမျက်ခွက် စေ့စေ့တောင် မကြည့်ဖူးဘူး ဘာလို့ဆို ကိုယ်ကမှ ရွှေမဝယ်နိုင်တာကိုး ”
” ဟားးး မဦးက စကားပြောတတ်တယ်နော် ကြည့်အုံး ချစ်ရာလေး ”
ဟု ပြောရင်း အိမ်သို့ပြန်ခေါ်လာရာ
” ဒါနဲ့ ဘာလို့ မရောင်းခိုင်းတာလည်း ”
ဟု ကျမမေးတော့
” အဲ့စျေး အတိုင်း အဒေါ်ဝယ်ပေးမလို့”
” ဟင် ”
ကျမ စိတ်ထဲ တမျိုးဖြစ်သွားသည်။
” စျေးချင်းတူမှ တော့ ဟိုမှာပဲ ရောင်းခဲ့တယ် အယ် တခုခုပဲ ဒီဟာက စိန်အစစ်ထင်တယ် ဆိုင်က မိန်းမက အချောင်လိုချင်တာ သူကလည်း အတူတူပဲ အိမ်ထဲထိ လိုက်လို့မဖြစ်ဘူး” လို့ ကျမတွေးပြီး ခြံတံခါး နားအရောက် ကားရပ်တာနဲ့
” ကျမ စိတ်ပြောင်းသွားပြီ အဒေါ် အမှတ်တရသိမ်းထားတော့မယ် ”
ဟု ပြောပြီး ကားတံခါးဖွင့်ကာ ဆင်းပြေးခဲ့သည်။
အထုက်တွေ အပ်ထားသော လမ်းထိပ်က ကွမ်းယာဆိုင်သို့ သွားကာ အထုက်တွေယူပြီး ဆိုက်တွဲငှားပြီး လှနိုင်အိမ်သို့ လာခဲ့သည်။
#လင်ငယ် နေသူများ… ၃
😎😎😎😎😎
လှနိုင် အိမ်ရောက် တော့ ခြံတံခါးက သော့ခတ်ထားတယ် ။
ကျမ ဘေး ဘယ် ညာ ကြည့်မိတော့
ဝတ်ကောင်းစားလှတွေနဲ့ လူတွေသွားနေတာတွေ့ရာ
” အမရေ ဒီအိမ်က ကောင်လေး ဘယ်သွားလဲ”
ဟု မေးလိုက်ရာ ဘေးအိမ်က မိန်းမကကြားပြီး
” ရောက်လာပြီလား ရော့ရော့ သော့ လှနိုင် ရွာခဏပြန်သွားတယ်”
ဟု ပြောပြီး သော့ထွက်ပေး၍
” ဟင် ငါလာမယ်လည်း မပြောထားမိပါဘူး ” ဟု စိတ်ထဲကပြောမိရင်း သော့ကို ယူပြီး အိမ်ထဲ ဝင်ခဲ့သည်။
အိမ်လေး က ကျောက်ပြား ကာ သံမန်သလင်းခင်းပြီး သွပ်မိုးလေးနဲ့ မိသားစု လေးငါးယောက်နေဖြစ်သည် အနေအထားပါ ။
ပစ္စည်းတွေ နေရာ ချပြီး နားလိုက်သည်။
” အင်း လက်မှတ်မဝယ်သေးပဲ လှနိုင်ပြန်လာတဲ့အထိ စောင့်ရမယ်”
ဟု တယောက်တည်း ပြောကာ မီးဖိုဆောင်ထဲ ဝင်ပြီး ထမင်း ပေါင်းအိုးနှင့်ထမင်းချက်လိုက်သည်။
” လှကြီး လှကြီးရေ”
” ဟော မိထော်ပဲ”
ခြံရှေ့က မိထော်အသံကြားလို့ ထွက်ကြည့်ပြီး
” လှနိုင် ရွာခဏပြန်သွားတယ် မိထော် လာလာ”
” ဒါနဲ့ ခင်ဗျားက ဘယ်လို ရှိနေတာလည်း ” ဟု မေးရာ
အကြည့်က လှနိုင်နဲ့ ဘာလားညာလားထင်နေပုံကြောင့်
” ငါလည်း မသိဘူး သူဌေးမဆုံးလို့ အလုပ်ကထွက်လာရတယ် ပြန်ဖို့ ကားလက်မှတ်ကကြိုမဝယ်ထားရလို့ တညတလေ တည်းပြီး ပြန်မလို့ကို လာတော့ သော့ပိတ်ထားတာ ဘေးအိမ်က သော့ထွက်ပေးလို့ ဝင်နေလိုက်တာပဲ”
ဟု ရှင်းပြလိုက်မှ
” ခင်ဗျားတို့ ရိုးရင်ပြီးတာပဲ ကျုပ်မိထော်က ဒါမျိုးလက်မခံနိုင်ဘူး ” တဲ့
” ကြည့်ရတာ မိထော်လာရင် သော့ပေးခိုင်းတာဖြစ်မယ် ”
” အင်း ဒါဆို ကားလက်မှတ်သွားဝယ်လေ မနက်ဖြန် ပြန်ပေါ့”
ဟု ပြောလာသည်။
” အေးအေး ”
ဟု ပြောနေတုန်း
” ဘယ်ဂိတ်လည်း ဘယ်သွားမလည်း ပြော ကျုပ်ဝယ်ထားပြီး ညဆိုင်သိမ်းမှ လာပေးမယ်” ဟု ပြော၍ ကားလက်မှတ်ဖိုးပေးကာ လိုအပ်တာပြောလိုက်သည်။
မိထော် ထွက်သွားတော့ ဟင်းချက်ဖို့ ရှာကြည့်ရာ ရေခဲ သေတ္တာအတွင်းက
ငါးသေတ္တာ ဗူးတွေကို တွေ့၍ ငရုပ်သီးကြက်သွန် ဆီသတ်ပြီး တဗူးချက်လိုက်သည်။
ခြံကကျယ်ကြ၍ တိတ်ဆိတ်နေသည်။
ထမင်းကို ဆာဆာနဲ့ စားပြီး ငါးသေတ္တာ ကြောင့် အကြောတက်ပြီး အိပ်ငိုက်လာသည်။
ခြံတံခါးကို သော့ခတ်ထား၍ အိမ်တံခါးကို စေ့ပြီး တရေးအိပ်လိုက်သည်။
” မိထော်ရေ မိထော် ငါ ဆိုင်ကို မသွားဘူးလား ”
လှနိုင်တယောက် သော့အပိုနဲ့ ခြံတံခါးကိုဖွင့်ဝင်လာပြီး အိမ်တံခါးကစေ့ရုံမို့ ခုလိုပြောကာ အိပ်ခန်းထဲ ဝင်လာရာ
နစ်နစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မဦးကို တွေ့လေသည်။
” ဟာ မဦးပဲ အထုပ်တွေ အပိုးတွေနဲ့”
ဟု ပြောပြီး မဦးကို မနိုးပဲ မီးဖိုထဲဝင်က ငါးသေတ္တာ ဟင်းကိုတွေ့၍ ထမင်းစားလိုက်သည်။
ဆိုင်ကယ် ကို ရေဆေး ရန် တွေးရင်း
အိမ်ရှေ့ ကွတ်ပစ်တွင် လှဲကာ ထမင်းလုံးစီနေသည်။
” ဘာပြောပြော မဦးက ပါးစပ်လုံတယ် နေတတ်တယ် အလိုက်လဲသိတယ် ”
ဟု ပြောရင်း ကျေးဇူးတင်နေသည်။
နေ့လည် ၁နာရီထိုးမှ ကျမ နိုးလာသည်။
အိမ်တံခါးပွင့်နေလို့ ထွက်ကြည့်မှ လှနိုင်ရောက်နေတာသိပြီး စကားအနည်းငယ်ပြောဖြစ်ကြသည်။
” ဟာ မဦးက အဲ့လို ပြောပြလိုက်တာလား ”
” အင်း”
ပြောစရာကလဲ မမရွအကြောင်းပဲရှိတာမို့ လေ
” သူ က ဘာလို့ အဲ့လိုဖြစ်သွားရတာလဲဗျာ အမှန်ဆို ကျုပ်ဘုန်းကြီးဝတ်တာ သာဓုခေါ်ရမှာ”
ဟု လှနိုင်ကပြောတော့
” ငါ့အထင်တော့ သူ့အပေါ် နင်က အရမ်းချစ်ပြီး သူနဲ့မှနင်က မနေရရင် ဘုန်းကြီးပဲလုပ်လိုက်တာလို့ထင်သွားပုံရတယ် သူ့အပေါ် နင်က အဲ့လောက်ချစ်တာလား ဆိုပြီး ခုခေတ်စကားနဲ့ဆို ဟတ်ထိ သွားတာပေါ့ဟယ် ဆရာဝန်ကလည်း နှလုံး ရှော့ ရတာတဲ့ ဝမ်းသာစရာ ဝမ်းနည်းစရာ ရုပ်တရက်ကြားရင်ဖြစ်တတ်တာတဲ့လေ ” ဟု ကျမလည်း ထင်တာပြောတော့
” ကောင်းပါတယ် သူဝ၌မခံရတော့ဘူးပေါ့ဗျာ ”
ဟု ပြောရင်း ဆိုင်ကယ်ကို အဝတ်ခြောက်နဲ့ပွတ်နေရာ
ကျမ သိချင်တာ ကို မအောင့်နိုင်ပဲ မေးလိုက်မိသည်။
” လှနိုင် ငါက သူများအကြောင်း မစပ်စုတတ်ပါဘူး ဒါပေမဲ့ နင်နဲ့ အဲ့မမရွတို့က ဘယ်လိုစဖြစ်တာလဲ နင်က စတာလား သူကစတာလား”
ဟု မေးလိုက်သည်။
လှနိုင်က ခုံပေါ်ထိုင်လိုက်ပြီး ဆေးလိတ်တလိတ်ကို မီးအရင်ညှိကာ တရှိုက်ဖွာကာ
” ဘယ်လို ပြောရမလဲ မသိဘူး
သူ့အိမ်ကို သူ့ကားကိုမောင်းပေးဖို့ သူ့သားက စက်ရုံမှာ ကားမောင်းနေတဲ့ ကျုပ်ကို ပို့လိုက်တာပဲ စရောက်တော့
အိမ်အကူက တခြား တယောက်ဗျ အဲ့တယောက်က ကျုပ်ကို ကြိုက်နေတာ
ကျုပ်ကတော့ မိထော် ကို ချစ်ပြီးသားမို့ စိတ်မဝင်စားဘူး
တနေ့ တနေ့ ကျုပ်ကို ကပ်ကပ်နေတော့ ကျုပ်လည်း စိတ်က ညစ်လာတယ် တခါတလေ အခန်းထဲထိ ဝင်တာဗျ ဒါနဲ့ တနေ့ကြတော့
” သူဌေးကတော် ကျတော် စက်ရုံမှာပဲပြန်လုပ်ချင်တယ်” လို့ သူ့သားအိမ် ပို့ပေးရင်း ပြောမိတော့
” ဘာဖြစ်လို့လည်း ”
လို့သူက မေးတယ် ကျုပ်ကလည်း အိမ်အကူကြောင့် လို့ပြောတော့ သူက အိမ်အကူကိုပဲ သူ့သမီးငယ်အိမ်ပြန်ပို့ပြီး တခြားတယောက်ကို ခေါ်မယ်လို့ ပြောတော့ ဆက်နေခဲ့တယ် အဲ့အထိ ရိုးရှင်းတယ် တနေ့တနေ့ မဦးမလာခင် အတူချက်ပြုက်စားရတယ် သူဌေးကလည်း လဝက်လောက်ကြာနေတာနဲ့
ဟင်းမြည်းခိုင်းရင်း တယောက်နဲ့တယောက် ခွံ့ပေးရာကနေ အကြည့်ချင်းဆုံကြတယ် ငါးရက်ထိ အဲ့လိုပဲ နေလာတာ တညကြတော့ သူအကြောတက်လို့ နှိပ်ပေးရာကနေ စဖြစ်တာပဲ
သူက အလိုက်သိတယ်
ကျုပ်က ရွာက မိဘကို လုပ်ခပို့နေတာသိထားတော့ ပထမတကြိမ်မှာပဲ ဆယ်သိန်း အိမ်ကို လွဲခိုင်းတယ် အဲ့မှာ ကျုပ် ငွေနံ့ရသွားတယ် ဖြစ်ပြီး နှစ်ရက်ကြာတော့ မဦးရောက်လာတာပဲ မဦးရောက်ပြီးနောက်နေ့မှာ သူဌေးပြန်လာတယ် ကိုယ်က ဘယ်လိုမှ မခံစားရပါဘူး ဘာအကြံမှလည်း မရှိဘူး သူက သူ့လင်နဲ့မဦးလစ်ရင် လာလာပြောတယ် ‘ မောင် မမ လေ သူနဲ့ အဝှာမပြုဘူးစိတ်ချ’တဲ့အဲ့မှာ သိလိုက်တာ ချစ်ရင် သဝန်တိုတာကို မိထော်ကို ကျုပ်ချစ်လွန်းတော့ အရမ်းစိတ်ပူတာလေ ဒါနဲ့ပဲ ‘ မသိဘူးဗျာ လာမပြောနဲ့’ လို့ ပြောပြီး စိတ်ကောက်ပြဖြစ်ခဲ့တာ အဲ့လို စိတ်တခါကောက်ရတိုင်း ငွေက ထွက်ထွက်လာတယ် ကြာတော့လည်း စီးပွားရေးအနေနဲ့ အဆင်ပြေတော့ သဝန်တိုပြ အတူနေချင်ပြနဲ့ ဒီခြံရသွားတယ် ရွှေဆိုတာ တခါဝယ်ပေးရင် ငါးကျပ်သားဗျ မိန်းမကြီးက ကျုပ်သူ့ကို တကယ်ချစ်နေတယ်ပဲထင်တာ ဒီမှာ လာတွေ့လည်း ကျုပ်က လူသိမခံတာ သူ့သိက္ခာကြောင့်လို့ ပြောလည်း သူက ယုံတာပဲ ကျုပ်က မိထော်သမှာကြောက်နေတာ အဲ့ဒါပါပဲ ခုရွာပြန်တာက အဖေ စပါးစက်ထောင်တာ လိုတဲ့ငွေသွားပို့တာ တဝက်တော့ ချန်ထားတယ် မိထော်နဲ့ အိမ်ထောင်ထူဖို့ ” ဟု အမှန်အတိုင်း ပြောပြလေသည်။
ကျမလည်း နားထောင်ပြီး
” အင်း ခုတော့လည်း ဆုံးရှာပြီ”
ဟု မမရွကို မြင်ယောင်ပြီး ပြောနေတုန်း ဆိုင်ကယ်သံကြားလိုက်၍ ကြည့်လိုက်ရာ
” မိထော်ပဲ ”
” လှကြီး ပြန်ရောက်ပြီလား ရော့ လက်မှတ် ညကား မှီတယ်”
ဟု ပြောကာ ကားလက်မှတ်ကို ပေးလာတော့
” အော် ခုက မနက်ည ကားရှိတာလား အရင်ကဆို ကြိုဖြတ်ရတာ မနက်ပဲရှိတော့” ဟု ပြောပြီး ရေတောင်းချိုးကာ ညစာအတွက် ချက်မည်ဆိုတော့
” မချက်နဲ့ ခင်ဗျားတွက်ပါယူလာမယ် ကားက ည နေ ၇နာရီထွက်မှာ ၆ခွဲလောက် သွားပေါ့” ဟု မိထော်ကပြောပြီး လှနိုင်ကို ပါ ခေါ်ထုက်သွားသည်။
ညနေ ၅နာရီမှာ ထမင်းချိုင့်တွေနဲ့ပြန်ရောက်လာပြီး အတူစားကြသည်။
ထမင်းစားပြီးတော့
ခဏ ထိုင်စကားပြောရင်း
” လှကြီး ငါပြောမလို့ မေ့နေတာ
ဟိုတညကလေ ငါနဲ့ ငါ့ညီမ လာအိပ်တာမှတ်မိလား ”
” အင်း မှတ်မိတယ် ငါ ရွာပြန်တုန်းက”
” အေး အဲ့ညက ငါအိမ်မက်တာ ထိုင်းသရဲမ မျက်နာကြီးနဲ့ အဖွားကြီး တယောက် ငါ့ဘေးမှာ နင်နဲ့အိပ်နေတာ်လို့”
” ဟင် ”
” အယ် ” ကျမ အယ်ကနဲ ဖြစ်သွားသည်။
” ငါက မကြောက်ပါဘူး ငါစိတ်ပူတာ ဒီအိမ်ပိုင်ရှင် အဖွားကြီး မကျွတ်မလွတ်နေတာလားလို့ တွေးရင်း နင့်ကို ညဘက်လာလာအိပ်နေသလားထင်မိတယ် နင်ငါနဲ့ ယူပြီးရင် ဒီအိမ်မှာတော့ငါမနေဘူး ” ဟု ပြောလာတော့ ကျမလည်း အကြံဝင်ပေးလိုက်သည်။
” ဒီလိုလုပ်ပေါ့ လှနိုင် ဒီအိမ်ကို ရောင်းပြီး နင်ဘုန်းကြီး ခဏဝတ်လိုက် ပြီးရင် အဖွားကြီးကို အမျှဝေပေးလိုက် ”
ဟု ပြောအပြီး
” ကောင်းတယ် ဒါမှ နင်သန့်သွားမှာလှကြီး”
” နင်ပြောတာနဲ့ ငါညတောင် မအိပ်ရဲတော့ဘူး မိထော် ”
ထိုသို့ ပြောကြရင်း အချိန်တန်တော့ ဆိုက်တွဲတစီးခေါ်ပေး၍ ကျမလည်း ကားဂိတ်သို့ထွက်လာသည်။
@@@@@@@@@
သုံးနှစ်သားကတည်းက ထားခဲ့ရတဲ့သားက ခု ဆယ်နှစ်အရွယ်ဖြစ်နေပါပြီ
ကျမ ပြန်မလာခင် သားအဖေက အရင်ပြန်ရောက်နေသည်။
” မဦး နင် လခ အပြင် ငွေအပိုတွေ ဘယ်ကရလဲ အဲ့ဒါအရင်ရှင်း” လို့ လင်က စားရင်းစစ်လေသည်။
မမရွရဲ့ နုက်ပိတ်ခ လို့ ပြောလို့လဲမရတာနဲ့
” ချဲပေါက်တာ ခဏခဏပေါက်တာ”
” ဖြန်း”
” အားး ဘာလုပ်တာလည်း မသာရဲ့”
ကျမရဲ့ အိမ်ထောင်သက်အတွင်း လင်က လက်ဖျားနဲ့ မထိဖူးပါ ခုတော့
” ငါထင်တယ် နင် လောင်းကစားလုပ်တာလား လင်ငယ်နေသလားလို့ ခုထင်တဲ့အတိုင်း ချဲထိုးတတ်နေတာပေါ့လေ
နောက်တခါ ထိုးကြည့် ”
ဟု ပြောမှ ကျမလည်း ထပ်မပြောပဲ နာခံနေလိုက်တယ် ။
” ငါ အုပ်တွေသဲတွေ သံချောင်းတွေဘိလပ်မြေတွေ ဆရာကြီးနဲ့ တွက်ချက်ပြီး ဝယ်ထားပြီ ဒို့ရှိနေတုန်း အပြီးဆောက်ပေးမယ်တဲ့ ဒီတခါ နင်ပါ ထိုင်းကိုလိုက်ခဲ့”
” မလိုက်ချင်ဘူး ကိုယ်နိုင်ငံထဲပဲ လုပ်မယ် အရေးအကြောင်းဆို ပြေးပြန်လာလို့ရတယ်လေ ”
ဟု ပြောပြီး ရွာမှ ၆လလောက်နားနေကြတယ် ဆိုင်ကယ်တစ်စီးနှင့် မိသားစု သုံးယောက် ရွာနီးခြုံစပ် လျောက်လည်ကြသည်
ကျမ ပါးကတော့ ပြောင်လင်းနေသည်။
ဝတ်မရတဲ့ မမရွရဲ့ စိန်နားကပ်ကို ကျမအမေက ရအောင် ထဲ့ပေးသည်။
” အုံးစီကို ရွဲရွဲထဲ့ ပြီးပြီ အဖျားလေးကို တေ့ပြီး နဲ့နဲ့ပြီး ထဲ့ ရတယ် အဖျားဝင်တာနဲ့ လုံးပတ်က သူ့ဟာသူ အံကျသွားရော တွေ့လား ” လို့ ပြောပြီး စိတ်ရှည်လက်ရှည် ထဲ့ပေးတော့လည်း ခပ်တင်းတင်းဖြစ်တဲ့ ခံစားမှု့သာ ရှိသည် နာတာ ကျင်တာ မရှိပါဘူး ။
မှန်ကြည့်မိတိုင်း မျက်နာက လင်းနေသလို ခံစားနေရသည်။
” ဟဲ့ မိဦး အဲ့ကျောက်နားကပ်ကြီးက လှတာနော် ငါ့ပြန်ရောင်းပေးလေ ”
သူငယ်ချင်းတွေက အဲ့လို…
” ဟဲ့ တောသမ မသိရင်မှတ်ထား ဒါရိုးရိုးကျောက်ဖြူမဟုတ်ဘူး စိန်ဟဲ့ စိန်”
“အံမယ် ယုံပေါင်အေ အိမ်ဖော်နဲ့ စိန်နားကပ် ဘာဆိုင်တာကြလို့”
ကျမ ဆက်မရှင်းပြတော့ပဲ နေလိုက်သည်။
အိမ်ပြီးတော့ ငွေပိုတာလေး နဲ့ နွား နှစ်ခြင်း ဝယ်ကာ မိဘဆီအပ်ပြီး ပွဲစားဆီ ဆက်သွယ်တော့
” အတော်ပဲ မိဦး ညည်းလည်း လုပ်ဖူးတဲ့ အိမ်ပဲ လစာ လည်းကောင်းတယ် ”
ဟု ပြောလာတော့ မမရွ အိမ်ဖြစ်နေတာ သိလိုက်ရသည်။
သူ့သမီးပြန်လာနေတာလား လို့ တွေးပြီး အဲ့အိမ်ကို အလုပ်ပြန်ဝင်လိုက်သည်။
” မိဦးနင် ချဲမထိုးနဲ့နော်”
” အေးပါ ယောက်ကျားရယ်”
ဟု ကတိပေးရတာအမောပါပဲ ။
ပြန်လာတုန်းက သိန်းချီတန်တဲ့ ချိတိထမီတွေလက်ဆွဲအိတ်အပြည့်နဲ့ ပေမဲ့ ခုတော့ သာမန် လက်ဆွဲအိတ်လေးတလုံးနဲ့ ပြန်အလုပ်ဝင်လာတော့
” လာ မဦး မဦးကို ပြန်ရမယ်ပြောလို့ ဝမ်းသာနေတာ ဒါ သူဌေးကတော်အသစ်ပဲ ” လို့ မိတ်ဆက်ပေးတော့
ကျမ မအံ့ဩပါ သိပြီးသားပဲလေ
မာလီ ။
” ဟင် ဒီလူက တောင်ပြောင်ဝဖြိုးနေပါလား ” ဟု တွေးနေတုန်း
” မဦး ပြန်ရောက်ပြီလား မဦးလက်ရာလေးလွမ်းနေတာ ”
အသက်၄၀ခန့်မာလီကို ကျမ ဘာမှပြန်မပြောပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်သည်။
” ကိုကြီး ”
” မြမြ” နဲ့ အတူရှိနေတိုင်း နားညည်းရသလို မျက်စိပါရှက်မိရာကနေ ခါတိုင်းလို သူဌေး အလုပ်နဲ့ ခရီးထွက်ရာ
” ဟင် ငါနဲ့ ဒီမာလီပဲ ကျန်တော့မှာလား”
ဟု တွေးပြီး ကြောက်သွားသည်။
ဒါပေမဲ့
” မဦးလည်း ရှိနေပြီပဲ မြမြ မလိုက်တော့ဘူး ”
” အေးပါ ကိုကြီး အလုပ်ပြီးတာနဲ့ ပြန်ခဲ့မယ်” ဆိုတော့မှ ကျမ စိတ်အေးသွားရသည်။
” မဦးလာအုံး”
မြမြ ခေါ်၍ အမြန် ပြေးသွားလိုက်သည်။
ခါးထောက် ကာ ကျောပေးထား၍
” ငါ့ကို စိတ်တိုနေတာလား ”
ဟု တွေးရင်း
” ဟုတ် မမမြ ဘာခိုင်းမလို့ပါလဲ”
” လာပါအုံး ဒီဘက်ကို ”
သူလှည့်လာတော့ ဘာဖြစ်မှကြလို့ ဟု တွေးရင်း သူ့ဘက်သွားလိုက်ရတယ်
” ဒီနေ့ နေ့လည်က ဟင်းကို ဘယ်လိုချက်ထားတာလည်း ” ဟု မေးရာ
” ဟင် ဘယ်ဟင်းလဲ ”
” အကုန်လုံးပဲ ”
” ရှင် ”
“ရှင်မနေနဲ့ နောက်နေ့ကစပြီး ဆား အရသာ လျော့ထဲ့ အသားဆို ကြော်ပဲကြော် အရည်သောက်တွေ မမြင်ချင်ဘူး ”
ကျမ နားထဲ အံဝင်ဂွင်ကျ မဖြစ်တော့ပါ
” ဆားတို့အရသာတို့ လျော့ထဲ့တော့ အရသာမရှိဘူးပြောမယ် ဟင်းခြောက်တွေပဲချက်ရင် သူဌေးက သူချီးတစ်တိုင်း ကျမကို ပြသနာရှာမယ် မမမြ ဖြစ်ချင်တာ ဒီဟင်းကိစ္စ မဖြစ်နိုင်ဘူး ဘာဖြစ်ချင်တာလည်း ပဲပြောပါ ကျမက တောသူ ပြောရင်ရှင်းတယ် လုပ်ရင်ပြတ်တယ်”
လက်လေး ရှေ့ချပြီး မျက်နာကို မော့ပြိး မရဲတရဲပြောရင်းနဲ့ အားကပါသွားတော့ သူ ကျမမျက်နာကို ကြည့်လာတယ် ကျမလည်း ပြောမိပြီးမှတော့ မထူးတော့ဘူးဆိုပြီး နောက်တအိမ်ဆီ စိတ်က ကူးလိုက်တော့တယ်…
” အေး ဟုတ်တယ် ငါ့လင်က နင်ဘာချက်ချက် အကုန်ကြိုက်နေလို့ပဲ ”
” ဒါဆို မမမြချက်လေ ”
” ဟဲ့ နင့်ပါ ငါကချက် ကျွေးရဖို့လား တောက် ”
မိန်းမ တွေ သဝနအတို တတ်တာ ပိုသိခွင့်ရသွားတယ်
ကြည့်အုံး ဟင်းချက်လက်ရာကောင်းလို့တဲ့ ဖြစ်နေတာက
” နင်က ငါ့ကို မခန့်နေတာ ဘာလည်း ငါ့ကို မယားငယ်ထင်လို့လား သူ့မယားသေပြီးမှ တရားဝင်လက်ထပ်ထားတာ သိဖို့”
” မသိချင်ပါဘူး မမရွ မသေခင်ထဲက ခရီးတိုင်းပါနေတာသိတယ် တော်ပါတော့ မမမြ ကျမ က လုပ်အားခ ယူပြီး တာဝန်ကျေဖို့ပဲ အာရုံရှိတယ် မမမြ မနာလိုခံခ မရထားဘူး ”
ဟု ကျမ ပြောပြီး အဝတ်တွေ မီးပူတိုက်လိုက်တယ် ။
” မမလေး ”
” ဘာလဲ ”
အဲ့အချိန်မှာ မာလီ ရောက်လာတော့ ကျမ အကွယ်လေးကနေ ချောင်းကြည့်လိုက်တယ်
ကျမကို ဒေါသဖြစ်ရာကနေ မာလီပေါ်ပုံချမဲ့ အနေအထားမို့ အသာကြည့်နေတုန်း
” မမလေး စိုက်ခိုင်းတဲ့ မိသားစု နှင်းဆီအဖူးတွေအများကြိးနဲ့ တပွင့်စပွင့်နေပြီ အဲ့တပွင့်ကလေ လှတာမှ အရမ်းပဲ
ဒါပေမဲ့ မမလေး အလှတော့မမီဘူး”
မာလီက အဲ့လိုပြောရင်း မြမြကို ကြည့်နေရာ
” သောက်ပိုတွေ ပြောမနေနဲ့ ဘယ်အပင်လဲ”
ပြောပြီး လိုက်သွားတော့ ကျမလည်း မစပ်စုတတ်ပေမဲ့ ပန်းက ဘယ်လောက်များလှနေသလဲဆိုပြီး အဲ့ဘက်က ပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်တယ် ။
နှစ်ယောက်က ကွယ်နေတော့ ပန်းပင်ကို မမြင်ရဘူး ” ညနေမှ ငါသွားကြည့်ရမယ်” လို့ ပြောပြီး ကိုယ့်အလုပ်ကိုယ် လုပ်ဖို့ ပြန်သွားမယ်ပြင်တုန်း
” ဟင် ”
ကျမ ကိုယ်ရှိန်ပြန်သပ်ပြီး မျက်လုံးကို ပြူတင်းပေါက်နား ကပ် ထားလိုက်ရတယ် ဘာလို့လဲဆိုတော့
မာလီက နောက်က နှင်းဆီ ကိုင်းကို အသာဆွဲပြီး ပြည့်တင်းဖောင်းအိနေတဲ့ မမမြရဲ့ တင်ပါးကို ချိတ်မိအောင်လုပ်လိုက်၍ပါ
” အားး ”
” ဟာ မမမြ မမမြပြဲပြီ ”
ကျမ ပါးစပ်ကို ပိတ်လိုက်ရတယ်
” ဟာ မမလေး ဆူး စူးသွားပြီ မမလေး တင်ပါးက ကြီးလွန်းတော့ မလွတ်တာကိုး ဖပ်ဖပ် စူးကျန်နေမလားပဲ”
မာလီက တင်ပါးကို သူ့လက်ကြီးနဲ့ ကိုင်လိုက် ပုပ်လိုက်လုပ်နေတော့
” ဒီလူတော့ ပါးချခံရတော့မယ်”
လို့ ကိုယ့်စိတ်နဲ့ နှိုင်းပြီး ပြောမိနေတုန်း
” နာတယ် ဦးမာလီ အားးး ဆူးကျန်နေတယ်ထင်တယ် ”
လို့ အော်လိုက်တော့
” လာမမလေး ဒီကွတ်ပစ်ပေါ် မှောက်ချလိုက် ”
ဟု ပြောပြီး သေးသိမ်နေသော ခါးကို ခပ်ကြမ်းကြမ်း သိုင်းပွေ့ကာ မှောက်နိုင် အောင် ကူညီလိုက်သည်။
” ငါ မယုက်မာချင်ပါဘူး ဒါပေမဲ့ ဒီနှာဗူးနဲ့ ဒီမာယာများတဲ့ ဟာမကို တိုက်ဖို့ နိုင်ကွက်တော့ရထားမှရမယ်”
ဆိုပြီး ကျမ ဖုန်းကို ယူပြီး မှတ်တမ်းယူထားလိုက်တယ် ။
” ဟင့် ကြည့်ပေးအုံး ဆူးကျန်နေလား စပ်နေတယ် ”
” ဒီလို ညှစ်ပြီး ကြည့်မှ တွေ့ပြီ”
ဟု လက်တဘက်က တင်သားလုံးကြီးကို အားရပါးရ ဆုတ်ညှစ်လိုက်ပြီး ဆူးကရှိလား မရှိလား မသိပဲ ကျမ ကြည့်ရင်း အသည်းယားနေသည်
အချိန်က မကြာပါဘူး ၃မိနစ်လောက်ပဲ။
” လာမမလေး ဖြေးဖြေး ကျတော် ဆရာခိုလေး လူးပေးထားတယ် စိတ်မပူနဲ့ မမလေး တင်ပါးလေးက ဖွေးဥနာပဲ”
ဟု အပိုကထဲ့ပြေားပြီး တွဲခေါ်လာတော့ ကျမလည်း မီးပူ အမြန်ပြေးတိုက်နေလိုက်တယ် ။
” မဦးကို စိတ်တိုနေတာ ”
” ဘာလို့လဲ မမလေး ”
” သူ့ဆို အိမ်က ဘိုးတော်က အမြဲပ့စားပေးလို့”
” သဝန်တိုနေတာလား မမလေးရယ်
သဝန်တိုဖို့ မတန်ပါဘူးဗျ မမလေးလို အရာရာကိတ်ဝင်စလက် လေးက စင်ပေါ်ကပါဗျ ကျတော် အသက်၄၀ပြည့်တော့မယ် မမလေး တင်လို ပြည့်တင်းပြီးလှတာ မတွေ့ဖူးသေးဘူး ကန်တော့ နော် တခြားစိတ်နဲ့မပြောပါဘူး ”
လို့ ပြောနေတာကို သဘောကျပြီး တခိခိနဲ့ ရယ်နေတော့
” အင်း နှစ်ယောက်သားက လိုက်လဲလိုက်ပ့” လို့ ကျမ ပြောပြီး အမြှောက်ကြိုက်တဲ့ သူဌေးကတော် နဲ့
နှာဗူး မာလီ ကတော့ အဆင့်ချင်းက ကွာ နေတာမို့ ဒီတိုင်းပဲ နေခဲ့တယ်
နောက်နေ့ မနက် အစောကြီး
” မဦး ထမင်း ကြော် နဲ့ ဝက်အူချောင်း ကြော် ကြက်ဥ ဝတ်ပလိုက် နဲ့ နှစ်ပန်းကန်ပြင်ပေး ”
” အစောကြီး ဧည့်သည်လာမို့လား မမမြ”
ဟု မေးရင်း ကျမ ဝက်အူချောင်းလှီးနေရာ
” မလာပါဘူး ခဏနေ ဦးမာလီ နဲ့စားမလို့ ”
ဟု ပြောလာတော့ ကျမ ကျွဲမှီးတိုသွားသည်။
” သူ့ကို ချောတယ်လှတယ်ပြောလို့ ပ့စားပေးနေတာ”
ဟု စိတ်ထဲကပြောပြီး မနက်စာပြင်ဆင်ပေးလိုက်သည်။
” စားလို့ကောင်းလား ဦးမာလီ”
မြမြကမေးရာ
” ကောင်းလို့ ကုန်ပြီ မဦးလက်ရာကောင်းလို့မဟုတ်ဘူး မမလေး အလှကိုကြည့်ပြီး စားရလို့ကောင်းတာ နောက်တခါ အစားသောက်ပျက်ရင် မမလေးကို အကူညီတောင်းရမယ် ဟဲဟဲဟဲ”
ကျမ နားကြားပြင်း ကပ်သွားသည်။
ကျမသာ သူဌေးကတော် နေရာမှာဆို ဒင်းသေပြီ လို့ တွေးနေတုန်း
” ဦးမာလီ ကားမောင်းတတ်တယ်မလား”
” တတ်တယ်လေ ”
” ကျမ တင်ပါး နာနေလို့ မောင်းပေးပါလား ”
” ရတယ် မမလေး ”
ဟု ပြောကာ ထသွားကြသည်။
” နှာဗူးကြီး ကတော့ ကြံနေမှာပဲ မြမြကတော့ သူ့ထိလာမှ ထအော့လိမ့်မယ် ”
ဟု ကျမ ပြောပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေလိုက်တယ် ”
ဒီနေ့ သူတို့ ဘယ်သွားလည်း မသိပေမဲ့ ခဏလေးပဲ ကြာတာမို့ ကားပေါ်က ပစ္စည်း သယ်ပေးရန် ကျမ သွားလိုက်တယ်
” ချုပ်ထည် တွေပဲ မဦး သေချာ ဘီဒိုထဲထဲ့ ပေး အယ် လာပါအုံး ”
ဟု ပြောရင်းနဲ့ ကျမလက်ကို ဆွဲလိုက်တာကြောင့်
” ဘာလဲ မမမှ ”
ဟုမေးရာ သူက ကျမ နားကပ်ကို ကိုင်ပြီး
” ဒါစိန်လား” ဟု မေးလာတော့
” အင်း စိန်ပဲ အမွေရထားတာ”
ဟုပြောပြီး ရုန်းထွက်ခဲ့လိုက်တယ်
” ခိခိ အိမ်ဖော်ကတော့ တကယ်ပဲ သူ့ကို စိန်နားကပ်အမွေပေးသူကဘယ်သူလဲမသိဘူး ”
” သူ့ကိုဘဂကုစိုက်မနေနဲ့ မမလေး ဘဝင်မပဲ သူက စကားပြောလို့မကောင်းဘူး “တဲ့ ဘယ်ကောင်းမလဲ ဒင်းနဲ့မှ ပလူးပလဲမနေတာ ကျမ စိတ်ထဲကပြောပြီး အိပ်ခန်းဘီဒိုထဲ အဝတ်တွေထဲ့သိမ်းပေးပြီး ထွက်လာခဲ့တယ်
” နေပူတယ် ဦးမာ ရေလွှတ်စနစ်လုပ်ပေးမယ် ဒီနေ့ ပိုက်နဲ့ လိုတာ သွားဝယ်လိုက် နေအုံး အကိုကြီး ပေးခိုင်းထားတဲ့ အဝတ်တွေပေးမယ် မဦးရေ အခန်းထဲက ဘီဒိုဘေးက အထုပ်လေးယူပေးပါ”
ကျမလည်း ယူပေးလိုက်တယ်
” အဲ့ထဲက တစုံဝတ်သွား ”
” ဟုတ်မမလေး”
ပြောဆိုပြီး မာလီ က သူ့အိမ်ထဲဝင်သွားတယ် ခဏကြာတော့ ရေချိုးပြီး သူဌေးရဲ့ အဝတ်အစားတစုံဝတ်ပြီး ထွက်လာသည်။
” အလို မသိရင် လူချမ်းသာလားထင်ရတယ် ” ဟု ကျမ ပြောမိလိုက်တယ်
” မမလေး ကြည့်အုံး အဆင်ပြေလား”
” အယ် ခန့်ချောကြီးဖြစ်သွားပြီ ”
“ဟဲဟဲဟဲ”
” ကျမလည်း လိုက်ခဲ့မယ် ပျင်းလို့”
ဟု ပြောပြီး ကားပေါ်တက်တော့ မာလီက ခါးလေးကို ထိမ်းပေးသလိုနဲ့ ကိုင်နေတာကို ကျမ ကြည့်ရင်း
” မြမြတော့ ငါသာမရှိရင် အတင်း အဝှာပြုခံရမှာ” ဟု ပြောရင်း ခြံတံခါးကို လိုက်ပိတ်လိုက်သည်။
တယောက်တည်း ကျန်တော့ ပန်းပင်တွေဆီ သွားကြည့်တာ
” ဟယ် ဟုတ်သားပဲ လှတာ မွှေးနေတာပဲ”
ကျမလည်း တောသူပေမဲ့ အိမ်ဖော်ဖြစ်လဲပဲ မိန်းမ ပေမို့ ပန်းတော့ ကြိုက်တယ်လေ…
ဒီလိုနဲ့ ရေပိုက် သွားဝယ်တဲ့ လူတွေ ညမိုးချုပ်မှ ပြန်လာကြတယ် ။
” ရေပိုက်ရော” လို့ မေးမနေတော့ဘူး
ပင်ပန်း နွမ်းနယ်နေပုံရတဲ့ မြမြကို သာ ကြည့်မိတယ်
” မဦး ဦးမာကို ညစာ ကျွေးလိုက် ”
” ဟင် မိုးချုပ်နေလို့ မမမြ ပဲ ညစာ ကျွေးခဲ့ပြီ ထင်နေတာ ”
” စကားကလည်း ရှည်လိုက်တာ ဘာလဲ ဟင်းတွေနင်စားလိုက်ပြီလား ”
အသက်က မတိမ်းမယိမ်း ပေမဲ့ နင်နဲ့ငါနဲ့ပြောလာတာ နားထဲ ကန့်လန့်ကြီးဖြစ်လေတော့
” မစားပါဘူး ဟုတ်ပါပြီ ကျွေးလိုက်ပါ့မယ်”
နာရီဝက်လောက် နေတော့ မာလီရောက်လာသည်။
” မဦး ထမင်းခူးတော့”
ပြောပြီး စားပွဲမှာ အခန့်သားထိုင်လိုက်ရာ
” ဟင်းးး ကြည့်ရသေးတာပေါ့ သူဌေးပြန်လာရင် အဲ့လို ထိုင်လို့ရမလားလို့ ”
ဟု ကျမ စိတ်ထဲပြောပြီး ခူးပေးလိုက်တယ်
” မမလေးရော ”
” မသိဘူး စားမလားမစားဘူးလားလဲမပြောဘူး”
” ဟာ…စားရမယ်လေ ကဲကဲ ခူးထားလိုက် ငါသွားခေါ်လိုက်မယ်” ဆိုပြီး သူဌေးတွေ အခန်းထဲ ဝင်သွားတော့ ကျမ မျက်လုံး ပြူးသွားသည်။
ပြူးနေရုံမဟုတ် ခြေဖျားလေး ထောက်ပြီး နောက်ကလိုက်သွားတာ ပေါ့
စပ်စုချင်လို့တော့မဟုတ်ပါဘူး အံ့ဩလို့ပါ 😁
” မမလေး ထမင်းစားရအောင်လေ ”
” ဟင့်အင်း မစားချင်ဘူး ”
” ဘာလည်း အာဟာရသိဒ္ဓိ ရသွားလို့လား အွန်မွ ”
” ဟယ် ကြည့် လာလာ ဦးမာ ဝင်လာတာ မဦးတွေ့သွားမယ် ”
ကျမ အမြန် ပြေးလာရတယ်
ခဏမှာပဲ မာလီက အခန်းတံခါးရှေ့ရပ်ပြီး ” ဒေါက်ဒေါက် မမလေး ထမင်းစားရအောင်လေ ” တဲ့😁
” ခိခိ ဟုတ်တယ် ငါဘာမှ မမြင်ဘူး မကြားဘူး မသိဘူး “😁
ကျမ စိတ်ထဲ ပြောပြီး ရယ်နေမိတာ သူတို့ရောက်လာတဲ့အထိ မျက်နာပိုးက သတ်မရဘူး…
” မဦး ဘာပြုံးနေတာလည်း” တဲ့ မြမြကမေးတာ ကျမလည်း အမြန်အဖြေကို စဥ်းစားလိုက်ရတယ်
” ဘာရယ် ဟုတ်ပါဘူး မမမြရယ် ရွာက လမ်းဘေးခွေးအကြောင်း သတိရမိလို့ပါ ခိခိ ပြောရင်းနဲ့ ရယ်ချင်လာပြီ ခွီခိ”
ကျမ တကယ်ပဲ အောင့်မထားနိုင်လို့ ရယ်လိုက်တော့သည်။
ရယ်မိတာ အပြစ်လား😁 ဟုတ်ပါတယ် အပြစ်ပါ
” ဘာ အကြောင်းလဲ ပြောပြ မရယ်ရရင် မဦး ကျမကို မလေးမခန့်လုပ်တာပဲ ချက်ချင်း အလုပ်ထုက်ပစ်မယ်” တဲ့
ဆိုတော့ အပြစ်က ကြီးပြီလေ အလုပ်ထုက်ခွရတဲ့ အိမ်ဖော်က နောက်အလုပ်ရဖို့ မလွယ်တော့ဘူး ဒါကို ကျမ မရှင်းနိုင်ရင် ရွာပြန်ပြီး စိန်နားကပ်ပန်လျက်က ကောက်စိုက်ပျိုးနုက်ရမဲ့ကိန်း ဒီစိန်နားကပ်ကို လူချမ်းသာ အသိုင်းအဝိုင်းကသာသိတာ
” ဒီလို မမမြရဲ့ ရွာက ခွေးအို ကြီးက
မြို့က သခင်နဲ့ ပါလာတဲ့ ဘိုခွေးမ ချောချောလေးကို ပိုးတာလေ ရွာက လူတွေက ကိုယ့်ခွေးဘက်က မြို့က သခင်တွေက သူတို့အဖိုးတန်တဲ့ ဘိုခွေးမလေးကို ရွာကခွေးနဲ့ မတူမတန်ဘူးဆိုပြီး သဘောထားတာ သခင်တွေကလည်း သူတို့ ခွေးမလည်း သူတို့လို အဲ့လမ်းဘေးခွေးကို စိတ်မဝင်စားဘူးအထင်နဲ့ နေကြတာလေ
ရွာက ခွေးအိုကြီးက လျှာတပြင်ပြင်နဲ့ ဟောဝဲစိုက်ပြီး မြူတာ ကြာတော့ သခင်အလစ်မှာ ချိတ်ကုန်တာ ပြသနာတွေဆိုတာ တက်တာရှင်းမရဘူး အဲ့ဒါပါ” လို့ ကျမက လုပ်ကြံပြီးပြောပစ်လိုက်တယ်
” ဟင် အဲ့အကြောင်းကို ဘယ်လို ဖြစ်လို့ ပြန်တွေးမိတာလဲ ” တဲ့ ကျမလည်း စိတ်ကပေါက်လာရော အလုပ်ထုက်တော့မခံဘူး ကိုယ့်ဟာကို ထွက်တယ်လုပ်ဖို့ ဆုံးဖြတ်ပြီး မာလီကို ကြည့်လိုက်တယ်
” ဦးမာလီကို မြင်တော့ သတိရသွားတာ ဦးမာလီက ထမင်းစားဖို့ စဝင်လာကတည်းက သူ့လျှာကြီးကို အပြားလိုက်ထုက်လိုက် သွင်းလိုက်လုပ်နေလို့လေ.. ခိခိ မရယ်ရဘူးလား မမမြရယ် ”
” အော် အင် အေး ခိခိ ရယ်ရသားပဲ” တဲ့ စိတ်မပါ လက်မပါ ရယ်သံခြောက်ခြောက်နဲ့ ရောရယ်နေတဲ့ မြမြက မာလီကို ကြည့်ရင်း မျက်စပစ်လိုက်တာကို မမြင်ဟန်ဆောင်လိုက်တယ် အဲ့အချိန်ကစပြီး မာလီကြီးလည်း မလိုအပ်ပဲ ကျမရှေ့မှာ လျှာမထုက်တော့ဘူး ။
” မဦး ကြက်ဥ အစိမ်းနှစ်လုံးထဲ ပျားရည်တဇွန်းနဲ့ သံပုရာသီး တလုံးညှစ်ပေး” တဲ့
” အလို ဘာလို့ပေးရမလည်း ကြက်ဥစျေးက နှစ်လုံးငါးရာတော့ သံပုရာရည်ဆိုရမယ် တော်ကြာ သူဌေးကတော်စားရင်းစစ်ရင် ရင်”
” မဦး ဘာလဲ ဦးမာ ကျန်းမာရေးတွက်လေ လုပ်ပေးလိုက် ညတိုင်း ” တဲ့ အမလေး မာရေ ကြောရည်နဲ့ အသံက
ကျမ စိတ်ထဲကပြောပြီး လုပ်ပေးလိုက်တယ် ။
” ကြက်ဥတ အားဖြစ်စေတယ် ပျားရည်က သုတ်ကိုပွားစေတယ် သံပုရာရည်က နှလုံးကိုအမောခံစေတယ် တဲ့ ”
ကျမ ကြားဖူးတဲ့ ဆေးနည်းကို ရေရွတ်နေတော့ မာလီက
” အမယ် မဦးက သိတာများသားပဲ ဘာလည်း ယောက်ကျားကိုတိုက်နေကြလား” တဲ့ တတုံးတခဲကြီးကွယ်တာနဲ့ ကျမကို လာရိနေတာကြည့်
” ဘာမှ လာမမေးနဲ့ မမမြဖင်က နှင်းဆီဆူးကိုပဲ နုက်ပေးနေလိုက် လာမစမ်းနဲ့ မိဦးက စျေးမပေါဘူး တွေ့လား ”
ကျမ ပြောရင်းနဲ့ သံပုရာသီး လှီးတဲ့ဓားကိုမြှောက်ပြလိုက်မှ
” စတာပါဟာ ဒါနဲ့ နှင်းဆီဆူးကိစ္စဘယ်လို သိတာလဲ” တဲ့
” ကွင်းပြင်မှာ ဆင်နဲ့ကျား လို မြင်သာနေတာပဲ ” ဟု ပြောပြီး ကျမ အိပ်ရာဝင်ဖို့ အခန်းထဲဝင်ခဲ့သည်။
” အင်း ဘယ်လို မိန်းမ လည်းမသိဘူး ကိုယ်နဲ့မတူမတန်တဲ့ မာလီကို ရုပ်ကလည်း ပီတီတီနဲ့ ဘယ်မိန်းမကို ကြည့်ကြည့် နှာဗူးအကြည့်နဲ့ ဒါကို ပါသွားရသလား ”
ဟု ပြောမိရင်း
အိပ်ရာဝင်လိုက်သည်။
နောက်မနက်မှာတော့
” မဦးရေ ရော့ ဒါက စျေးဖိုး ဒါက မုန့်ဖိုး” ဆိုပြီး မုန့်ဖိုး ငါးသောင်းပေးလာသည်။
” ဘာလို့ပေးတာလဲမမမြ ”
” အော် မဦးမှာ ကျောင်းနေအရွယ် သားလေးရှိတယ်ဆို ကလေးမုန့်ဖို့ပါ” တဲ့ ကျမ ယူသာယူလိုက်ရတယ် သိပ်လိုချင်တာ မဟုတ်ဘူး မမရွတုံးကလို စိတ်က နားလည်ပေးလို့မရနေဘူး
ကျမမျက်နာက ငွေရလို့ ပျော်သွားတဲ့ပုံမပေါ်တာရယ် ကျေးဇူး စကားမပြောမိတာကြောင့်ထင် သူပေးတာနည်းသလားထင်ပြီး နောက်ပိုင်း ပိုပိုပေးလာတယ် ဒါလဲ ကျမက အရင်အတိုင်းပဲ ။
ဒီလိုနဲ့ သူဌေးပြန်လာတယ်
” ဟင် ”
“လွမ်းလိုက်တာ ကိုကြီးရယ် အဟင့်ဟင့်ဟင့်”
လင်ကို ပြေးဖက်ပြီး နမ်းလိုက်ငိုလိုက်နဲ့ မို့ကျမ ကြည့်ရင်း မျက်နာကမဲ့မိသွားသည် တဆက်တည်း နောက်နာက မာလီကို ကြည့်မိတော့
မြွေဟောက်လို လျှာကို လုပ်နေပြန်တော့
” ဘာကိစ္စနဲ့ လျှာထုက်တာပါလိမ့် ငယ်ငယ်က သူငယ်နှာ မစင်လို့လား ဒါလဲ မဟုတ်သေးဘူး ခုနောက်ပိုင်းမှဖြစ်တာ အရင်က တခါမှ မတွေ့ဖူးဘူး”
ကျမ တွေးနေတုန်း
” မဦး ကားပေါ်က ပစ္စည်းတွေသယ်လေ” ဟု ပြောလိုက်မှ သတိဝင်လာသည်။
” အင်း ငါလည်း မဆိုင်တဲ့ ကိစ္စတွေနဲ့ အလုပ်မှာပေါ့ဆမိပြီ”
ဟု ပြောရင်း သူတို်အကြောင်းကို ခေါင်းထံကထုက်လိုက်သည်။
ထိုနေ့ကစပြီး နှစ်ယောက်လုံးကျမကို စောင့်ကြည့်နေတာ ကျမ မသိပါဘူး
သူဌေးနဲ့ စကားပြောတိုင်း
” ဘာပြောနေတာလဲ အစောက”
“ဘာမှမဟုတ်ပါဘူး မမမြ သူဌေးက ငါးသလောက်ပေါင်းပေးဖို့ပြောတာပါ ”
“အော် ”
အဲ့လိုနဲ့ သူဌေးက
” ဒီတခေါက် မြ လိုက်ခဲ့မလား သားနဲ့ ဂျပန်မှာ ကုမ္မဏီ သစ်ဖွင့်ဖို့နဲ့ လုပ်ငန်းစတင်ရမှာဆိုတော့ သုံးလလောက်ကြာမှာ”
” ကိုကြီးရယ် အလုပ်ကိုပဲ ဂရုစိုက်လုပ်ပါ မြက အိမ်ရှင်မလေ အိမ်နဲ့ ခွဲနေလို့ဘယ်ရမလဲ အရင်ကလည်း မသွားဖူးတာမှ မဟုတ်ပဲ “တဲ့
ကျမ စဥ်းစားတယ် သူဌေးကို သူတို့အကြောင်း ပြောပြရရင်ကောင်းမလားလို့… ပြန်တွေးမိတော့ ဟိုဇာတ်ထုပ်ထဲက မိဘုရားနဲ့မောင်တို လိုပဲ လို့တွေးမိပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရုံပဲဟုတွေးကာ ကံက သူ့အစီစဥ်အတိုင်း သူလုပ်နေတာပဲလို့ သဘောထားလိုက်တော့တယ်။
လူချမ်းသာ ယောက်ကျားက အိမ်က မယားကို အိုလို့ စိတ်ကုန်ပြီး အပြင်က ငယ်ငယ်လှလှကို တန်ဖိုးထားတယ်
အိမ်ကမယားက ကိလေသာ ကုန်ခန်းသလို နေရာကနေ လှနိုင်လို လူငယ်လေးနဲ့ဖြစ်တယ် လှနိုင်က လူအိုမဆီကရသမျှနဲ့ သူ့မိဘ သူ့ချစ်သူကို တင့်တယ်စွာထားတယ်
မြမြကြတော့ ဘာလဲလို့ ကျမမတွေ့တတ်ပါ သူဌေးနဲ့ ရုပ်ရော အရည်အချင်းရော ဆီနဲ့ ရေလုံ ကွာခြားတာကို လို့ မတွေးဘူးလို့ တွေးရင်းနဲ့ တွေးမိပြန်တယ် ။
မမရွ တုန်းကလို မျက်နာသာပေးလို့မရဘူး မိအောင်လည်း မတော်တဆ မလုပ်တော့ဘူး သိတာသိရင် ဗြောင်ကဲနေကြမှာ သိထားလို့ သိထားတာတောင် သူတို့သိမှာကျမ ကြောက်သည်။
” ကိုကြီး မြ အမေ့အိမ်သွားမလို့ ဦးမာကို အပို့ခိုင်းမယ်နော် ”
ကျမ ကြားတော့ ” ဟိုနေ့ကလည်း တနေကုန်တယ် သူဌေးပြန်လာတဲ့ ဆယ်ရက်အတွင်း သုံးခေါက်ရှိပြီ”
ဟု ကျမ စိတ်ထဲ ပြောမိတုန်း
” အင်း သွားလေ မြ ရော့ ကြုံတုန်း ဦးမာကို လိုအပ်တာလေး ဝယ်ပေးလိုက်”
ဟု ပြောကာ ငွေထုက်ပေးနေတော့
ကျမ နှာခေါင်းရှုံ့မိရင်း ကိုကိုအကတော့ အမြဲအနေတာပဲ မမမြကတော့
မမရွထက် ထလွန့်တယ် လင်ရှိနေတာတောင် အပြင်ထွက်ပြီး ထနေတာ ခုကစပြီ မမထ ပဲ ဒင်းက
ကျမ နာမည် ပေးလိုက်သည်။
မမထ လို့ပါ ။
သူတို့ထွက်သွားတော့ သူဌေးက ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေတယ်
ခဏ ကြာတော့ ကျမကို သူ့အခန်းထဲကနေ လှမ်းခေါ်၍
” မဦးရေ ခဏ”
ဆိုတော့ ကျမ အရင်လို အပြေးမသွားတော့ပဲ ငြိမ်နေလိုက်တယ် ကြိုတင်ပြီး ပြေးပေါက်အတွက် နောက်ဖေးက သံဘာဂျာတံခါးကို သော့ဖွင့်ထားလိုက်တယ် ။
လူဆိုတာ ပြောလို့မရဘူး ကိုယ်က တောသူ အသားမဲ ခန္ဓာမလှပေမဲ့ သူတို့စိတ်ထဲ ပတ္တမြားခဲ လိုမြင်နေ မလားမသိနိုင်တာမို့ ကာကွယ်ရပါသည်။
သားအဖေနဲ့ ကျမက သစ္စာဆိုထားကြတာပါ နေပူစပ်ခါးလုပ်စားနေရင် သားလေးနောင်ရေး စိတ်မအေးရတာမို့
မယ်တရွာ မောင်တမြို့ နေကြပြီး ငွေရှာချိန် တယောက်အပေါ် တယောက်သစ္စာမဖောက်ပါဘူးလို့ တယောက်ရဲ့ လက်ထိပ်ကသွေးဖောက်ကြပြီး ရေနဲ့ရောကာ သစ္စာရေ သောက်ထားကြတာပါ ။
” မဦး အော် မကြားဘူးလား ငါခေါ်နေတာ ”
သူဌေးက မီးဖိုထဲရောက်လာပြီး အော်မှ
” အော် မကြားမိဘူး သူဌေး ခုပဲ နောက်ဖေးက တက်လာတာ”
” ဘာခိုင်းမလို့လည်း သူဌေး ” ဟု မေးရာ
” လာ ထိုင် ငါမေးတာ မှန်မှန်ဖြေ ” တဲ့
” ဘုရားရေ ဘာ မေးမှာပါလိမ့်”
ဟု ဘုရားတရင်း
” ဟုတ်” လို့ ပြောရင်း သူဌေးမျက်နာကို သေချာကြည့်မိတော့ ကြေကွဲဝမ်းနည်းနေတဲ့ပုံကို မြင်လိုက်ရသည်။
#လင်ငယ် နေသူများ… ၄
😎😎😎😎😎
မျက်နာက ဆီးရွက်လောက် ငယ်ပြီး
ကျမကို ကြည့်နေတဲ့ မျက်ဝန်းတွေက ပြိုကျတော့မဲ့ မိုးလိုပါပဲ ။
” မေးပါ သူဌေး ” ကျမ ထပ်ပြောလိုက်မှ
” မာလီနဲ့ မြမြ ဖြစ်နေတာ ကြာပြီလား”
” ရှင်” ကျမ လန့်သွားသည်။ ပြီးတော့ စိတ်ထဲကနေ ” ရိပ်မိပြီပေါ့ မမထရယ် လင်ရှိတုန်းလေး ငြိမ်နေတာမဟုတ်ဘူး ” ကျမ ပြောမိချိန်
” ပြောပြပါ မဦး ကျတော် သိချင်လို့ပါ”
” ကျမ ဘာမှ မသိဘူး သူဌေး ”
” သူတို့ ဖြစ်နေတယ်လို့ ကျတော်ထင်တယ် မကာကွယ်ပါနဲ့ ပြောပြပါ ဟုတ်နေရင် မာလီကို အရှင်မထားဘူး” တဲ့
ကျမ မျက်လုံး ပြူးသွားသည်။
” ရှင့်မိန်းမကို ပါ ထဲ့ပြောရမှာ ဒင်းမထရင် ဘာမှမဖြစ်ဘူး ” ကျမ စိတ်ထဲပြောမိတာပါ ။
” ကျမ မသိတဲ့ ကိစ္စ ပါ ”
“အင်းလေ မျက်ကွယ်မှာ လုပ်ကြရတဲ့ ကိစ္စ ပဲ မဦးမသိတာဖြစ်နိုင်ပါတယ် ကျတော်က သူနဲ့ အိမ်ထောင်ပြုထားတာ ငါးနှစ်ရှိပြီ သူ့အပြုအမူကြည့်တာနဲ့ သိနေတယ် မိအောင် ဖမ်းရမယ် ”
ဟု ပြောပြီး ထသွားသည်။
ကျမလည်း ဘယ်လိုများ မိအောင်ဖမ်းမလဲလို့ သိချင်မိတာနဲ့ ကိုးရီးယား ဇာတ်လမ်းတွဲကို မျော်သလို မျော်နေပါတော့တယ်…
” ဦးမာ ဘိုးတော်က သဘောတွေ စွပ်ကောင်းနေတာပဲ ကဲပြော ဘာလိုချင်လဲ ဘာလို့ အဝတ်နွမ်းတွေ ဝတ်လာတာလည်း လာတိုင်း အရင်လို စတိုင်ကျကျလေး ဝတ်လေ”
” မြကလေး ရယ် မြကလေး က ကလေးစိတ်ပဲကိုး ဦးသိနေတယ် သူဌေးရိပ်မိနေပြီ ”
” အို မဖြစ်နိုင်တာ သူသာရိပ်မိရင် ဦးသေတာကြာပေါ့” တဲ့ မာလီလဲ လန့်သွားတယ်
စကားထဲက ဇာတိပြဆိုတာ မြမြအရင်က ဖောက်ပြန်ဖူးလို့ အဲ့လူကို သူဌေးက ရှင်းဖူးလို့ ဆိုတာ ကြာကူလီပါးဝနေတဲ့ မာလီသဘောပေါက်သွားတယ် ။
တဆက်တည်း လှပလွန်းပြီး တဏှာကြီးလွန်းသော အမြှောက်အပင့် ကြိုက်သော မြမြကိုလည်း အသည်းစွဲ ချစ်မိနေတာမို့ အပိုင် ရဖို့ ဆုံးဖြတ်လိုက်သည်။
မြွေမြွေချင်း ခြေမြင်ဆိုတဲ့အတိုင်း
သူဌေးရိပ်မိနေတာသိ၍ သူရှောင်ရတော့မည် လက်ပူးလက်ကြပ် ဖမ်းဖို့ အတွက် လျှို့ဝှက်ကင်မရာတွေ တပ်ထားနိုင်တာ တွေးမိ၍
” ဒီနေ့ ဝယ်စရာရှိတာဝယ်ပြီး ပြန်ရအောင် ပြီးရင် ဦးထွက်သွားတော့မယ် ”
” ဟင် ဘာပြောတယ် ”
” ဟုတ်တယ် ဦးလို ဘာမှ အရေးမပါတဲ့ လူစုတ်တယောက်အတွက်နဲ့ မြကလေးဘဝ မပျက်စေချင်ဘူး မြလေး ပေးထားတဲ့ ငွေတွေနဲ့ ဇာတိကိုပြန်ပြီး နေတော့မယ်” လို့ ပြောလာတော့
” မြမခွဲနိုင်ဘူး ဦး မြဘဝမှာ ဦးကို အချစ်ဆုံးပဲ ” ဆိုလာတော့
” တနေ့တော့ မြနဲ့ ပြန်ဆုံရမှာပါ သူဌေးလည်း အသက်ကြီးနေပြီလေ သူ့လက်ကျန်အချိန်လေးမှာ အတူနေပေးလိုက်ပါ ကလေးရယ် ” လို့ ပြောပုံက မုဆိုးမ ဖြစ်မှ ပြန်တွေ့ကြမယ်လို့ ပြောသလိုပါပဲ ။
” ဒါဆို လိပ်စာပေး ဖုန်းဆက်ရင် အမြဲကိုင်ပေး ”
” အင်းပါ”
ဟု တိုင်ပင်ကြပြီး ပြန်ခဲ့ကြသည်။
” အမယ် ဒီတော့တော့ စောသားပဲ ”
ကျမ ပြောနေတုန်း မြမြအိမ်ထဲဝင်လာသည်။
” ကိုကြီး ”
” အင်း ပြော မြ”
” ဦးမာလီကို အလုပ်ထုက်ချင်တယ် ”
” ဟင် ဘာ ဘာပြောတယ် ”
ကျမလည်း အံ့ဩသွားသည်။
” ကိုကြီးက သူ့အတွက်လိုတာ ဝယ်ပေးလို့ပြောလို့ ဘာလိုချင်လဲ မေးတာ သူက မိန်းမတဲ့ ဒါ ဘာစကားလဲ မြမကြိုက်ဘူး ကိုယ်က လူကြီးမို့ လေးစားမိတာ သူက အဲ့စကားပြောစရာလား”
ကျမ လိုက်မမှီတော့ပါ
သူဌေးကြည့်ရတာလည်း ကျေနပ်အားရနေတဲ့မျက်နာကြီးမို့ ဆက်မကြည့်တော့ပဲ အခန်းထဲ ဝင်လာသည်။
” ဘာတွေ ကြံနေကြပြန်လည်း မသိဘူး အင်း မမရွလိုပဲ အပြင်မှာ အိမ်ဝယ်ပေးထားတယ်ထင်တယ်”
ဟု ကျမ ပြောမိရင်း ကိုးရီးယား ဇာတ်လမ်း ကောင်း တပုဒ် လွတ်ပြီလို့ တွေးရင်း သားအဖေနဲ့ စာတွေပို့ အလွမ်းတွေသယ်နေလိုက်သည်။
@@@@@@@@
ဒီလိုနဲ့ အိမ်အကူ တယောက် ထပ်ရောက်လာသည်။
ဘဝတူ တောသူ ပါပဲ အသက် က ကျမထက် ဆယ်နှစ်ကြီးတယ် သန်မာတယ် ခြံအလုပ်လုပ်တယ် သူနာမည်က မညိုပါ ။
စကားနည်းတော့ ကျမကပဲ လိုက်လိုက်ပြောနေရတယ်
” ဘာနေ့သမီးလည်း”
” တနင်္ဂနွေပါ ”
” အင်း ငါထင်တာ သောကြာလားလို့ စကားများတာ လွန်ရော” တဲ့
” ခင်လို့ပါ အမရဲ့”
” ဒီအိမ်က သက်သာတယ် လစာလဲကောင်းတယ် ”
” ဟုတ်တယ်အမ အရင် ကဆို ဟင်းကစကေနဲ့စားရတာ ခုကတော့ သူဌေးပျော်လို့လားမသိဘူး အကြိုက်စားပဲ ”
ဟု ကျမက ပြောပြီး သူ့ကို ကူလိုက်တယ် ။
” အနေချောင်လို့တာ လုပ်ရတာ မယားငယ်ဆို ငါက အသေမုန်းတာ ” တဲ့ ကျမ ဆက်မပြောတော့ဘူး အမှု့ပတ်မှာလေ သိနေတယ် ဒီအမကို မြမြကခေါ်လာတာမို့ ပါးစပ်ကို ပိတ်ထားလိုက်တယ် ။
အိမ်ထဲ ပြန်ဝင်လာပြီး မကြာဘူး မြမြနဲ့သူစကားပြောနေတယ် မကြားရပေမဲ့ သိနေတယ် ” မကောင်းတာမပြောဘူးပဲ”
အဲ့စကားပဲ ဖြစ်မှာပါ
သူဌေးကလည်း ဂျပန် သွားတော့မယ်
” မြကို ခုထိ မယုံသေးဘူးလား ကိုကြီး ခုထိ ငွေမအပ်သေးတာ”
ကျမကြားမိတော့
” အင်း မမရွလို အိမ်ဝယ်ပေးနိုင်တဲ့အဆင့်မဟုတ်ဘူးပဲ”
ဟု တွေးမိတယ် နောက်ပြီး အပြင်လဲမထွက်တော့ဘူး လင်အနားမှာပဲနေနေတယ် သူဌေးက ယုံနေပြီ ဘာတွေဆက်ဖြစ်မလဲ မပြောတတ်ပါ။
” သားနဲ့ အလုပ်ခွဲပြီးရင် မြလေးအပိုင်ပဲလေ” တဲ့
ဒါဆို အဲ့ညက မာလီ နဲ့ ဖုန်းခိုးပြောနေတဲ့ ကစ္စက ဟုတွေးမိတော့
” အင်းပါ ခုက တရားဝင် ယူထား ပေမဲ့ ပိုင်ဆိုင်မှု့တွေက သားသမီးတွေနဲ့ လေ စိတ်ချ မကြာခင် မုဆိုးမ ပူပူနွေးနွေးလေးနဲ့ တွေ့ပြီမှတ်”
လို့ ပြောနေကြတာမို့ ကျမ တွက်ချက်ကြည့်တော့
” ဟာ ဒါဆို ဂျပန်ကပြန်တာနဲ့ ပိုင်ဆိုင်မှု့ခွဲမှာတဲ့ ဒါဆို သူဌေးတော့” ဆိုပြီး စိတ်ကပူသွားတယ်
” မဦး”
သူဌေး ခရီးမသွားခင် တရက် ကျမဆီ ရောက်လာတယ် သူ့မိန်းမ မသိအောင်
” မဦး မာလီ လိပ်စာသိလား”
ဟု လာမေးသည်
” မသိဘူး သူဌေး”
” ခုပဲ သူ့ ဖုန်းထဲက အသံဖိုင်ကို နားထောင်ခဲ့ရတယ် စိတ်မကောင်းဘူး သူ ငါ့ကိုပါ လုပ်ကြံဖို့ ပါနေတယ်”
အော် သိသွားပြီကိုး လို့ ကျမစိတ်ထဲကပြောပြီး
လူ့ကံက ထူးဆန်းသည် ကြိုသိနေတော့ စောင့်ကြည့်ရတာ ပျင်းစရာကောင်းလှသည်။
ဒီလိုနဲ့ သူဌေး ခရီးထွက်သွားသည်။
” မဦး မနေ့ညက သူဌေးနဲ့ ဘာတွေပြောနေတာလည်း အလုပ်သမားသစ်က မေးလာတော့
” အိမ်ကို ဂရုစိုက်ဖို့ သူ့မယားကို ဂရုစိုက်ဖို့မှာနေတာ”
” အော်”
ဟု ပြောပြီး သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်နဲ့ နေလိုက်ကြတာ
တပါတ်လောက်ကြာတော့
” အမလေး ဟုတ်လား ဘုရားဘုရား
အဖြစ်ဆိုးလှချည်လား ဦးမာရယ်”
ဟု ဖုန်း ပြောရင်း အော်လိုက်တာေကြောင့် ကျမ ပြေးသွားလိုက်သည်။
” မမမြ ဘာဖြစ်လို့လည်း ”
ကျမ မေးလိုက်သည်။
” ဦးမာ ပိုးထိလို့ ဆုံးပြီတဲ့ မဦးရယ် ”
ဟု ပြောကာ မျက်ရည်ကျလာတော့
” အော် ဘာများလည်းလို့ ကျမ သွားအိပ်တော့မယ် ” ကျမ ပြောပြီး အိပ်ရာဝင်ခဲ့သည်။
အတွေးထဲမှာ ပိုးထိတာ တကယ်လား လို့တွေးနေသလို သူဌေးလုပ်တာလားလို့တွေးပြန်တော့ သူကဂျပန်မှာ ဆိုတော့ ကျမလည်း အိပ်ပစ်လိုက်တယ်
ဘာမဟုတ်တဲ့ ကြာကူလီတယောက် လောကကြီးက ထွက်သွားတာ ဘာအရေးလဲပေါ့…
ဒါပေမဲ့ အဲ့နေ့ကတည်းက မြမြတယောက် မစားတော့ပါ အိပ်မအိပ်တော့ ကျမမသိပါဘူး သူဌေးဖုန်းလာလည်း မကိုင်တော့၍ သူဌေးရဲ့ သမီးနဲ့ ချွေးမ ရောက်လာပြီး ကြည့်ကြရသည်။
” မမြ အဖေ စိတ်ပူအောင်မလုပ်နဲ့လေ ”
” ဟုတ်ကဲ့”
လို့ပြောပြီး ခွေမြဲ ခွေနေသည်။
ရက်ကြာလာတော့
သူဌေး ပြန်လာသည်။
ယခင်ကထက် ဂရုစိုက်ပေးသည် ။
ဒါပေမဲ့ မျက်နာညိုးပြီး လူသေကောင်လို နေနေတဲ့ မြမြကို ဘယ်လို ပြုစုပြုစု ကောင်းမလာတော့ မြမြ မိသားစုပါ ရောက်လာသည်။
စိတ်ဓာတ်ကျသွားခြင်း မျော်လင့်ချက် မဲ့သွားခြင်း ဆိုတဲ့ စကားလုံးက မြမြရဲ့ အသက်ကို နုက်သွားသည်။
” အဲ့လောက်တောင် ချစ်တာလား မမထရယ်”
ကျမ စိတ်မကောင်း ဖြစ်ကာ ပြောနေတုန်း ခြံထဲကို လူတယောက် ရောက်လာသည်။
” ဘယ်လို ဖြစ်ရတာလည်း မဦး ”
ကျမ လမ်းဘက်သို့ ကြည့်လိုက်မိသည်။
” ဦးမာလီ ဘယ်လို သိပြီး ရောက်လာတာလည်း ” သူဌေးတို့မြမြကို လိုက်ပို့ရာက ပြန်မလာသေးပါ ။
” ငါ့ဖုန်း ပျောက်သွားတယ် ငါ ဖုန်းအသစ်ဝယ် တော့လည်း လမ်းမှာ ရက်လုခံရတယ် ဆေးကုနေရတာ တပါတ်ကြာတယ် မညို ရွာကိုပြန်လာမှ သိရတာ သူဌေး ပြန်လာပြီးနောက်နေ့ပဲ သူ့ကိုပြန်ခိုင်းတာလေ ”
” ဟုတ်တယ် ”
” ငါ့ဖုန်းနဲ့ ဘယ်သူက ငါပိုထိပြီး ဆုံးတယ်လို့ ပြောရသလဲမသိဘူး”
လို့ ပြောလာတော့ ကျမ အတော် ထိန့်လန့်သွားသည်။
သူဌေး လက်ချက်ဆိုတာသိလိုက်လို့ပါ ။
” မညို မတားဘူးလား ဦးမာလီ ရှင်တို့အကြောင်း သူဌေးသိသွားလို့ဖြစ်မယ် ခုမှတော့ ပြန်ပါတော့ တော်ကြာ သူဌေးတို့ပြန်လာရင် ”
ဟု ပြောနေတုန်း
” ကလေးမလေးက ငါ့ကို တကယ်မေတ္တာ စစ်နဲ့ ချစ်တာ ဖြစ်ရလေ ကလေးရယ် ဦးခေါ်မသွားမိတာ ဦးအမှားပါ ကွာ ဟီးဟီး ” ဟု ငိုနေပြန်တော့ စိတ်ထဲ ဘာမှမခံစားရပဲ သူဌေးပြန်လာလို့တွေ့ရင် ဖြစ်လာမဲ့ ပြသနာအတွက်တာ စိတ်ပူနေမိသည်။
” ကလေးရယ် ဦး ကလေးကို သစ္စာတည်ပါ့မယ် ရွာဦးကျောင်းမှာ ရာသက်ပန် ရဟန်ဝတ်နဲ့ နေပြီး ကလေးအတွက် ကုသိုလ်တွေ လုပ်ရင်း နေသွားပါတော့မယ် ”
“ဒါဆိုလည်း မြန်မြန်ပြန်တော့ ဦးလေး ဟိုကပြန်လာလို့ တွေ့ရင် သင်္ကန်းမစီးလိကြ့ရပဲနေမယ်”
ဟု ကျမက ပြန်ခိုင်းရာ နုက်ပင်မဆက်ပဲ ထွက်သွားလေတော့သည်။
အော် ကျမနဲ့ တွေ့ရတဲ့ တလင်တည်း မယား တွေ ဖြစ်တဲ့ မမရွရယ် မမထရယ် သူတို့ နှစ်ယောက်လုံး အချစ်စစ်အတွက်နဲ့ အသက်ပေးသွားကြရပါလားလို့ တွေးရင်း ကိုယ့်မယားလေး မစားနိုင်မအိပ်နိုင်နဲ့ ဆေးကုမခံပဲ သေလုမျောပါးဖြစ်နေတာတောင် သူချစ်ရသူဆီ လွဲမပေးနိုင်တဲ့ သူဌေးရဲ့ အတ္တကိုလည်း ကျမ အံ့ဩမဆုံးပါ။
” အင်း ငါလည်း အိမ်ပြောင်းရအုံးတော့မယ်”
လို့ ကိုယ့်အကြောင်းကို သတိရပြီး ပွဲစားမထံ ဖုန်းဆက်လိုက်သည်။
” အေး အတော်ပဲ မိဦး ဒါဆို ရက်လည်နေ့ ငါလာခေါ်မယ် ခုအိမ်က အဲ့အိမ်ထက် ချမ်းသာ တယ် မိသားစုလည်းများတယ် အလုပ်သမားလည်းများတယ် ကိုယ့်တာဝန်နဲ့ကိုယ် ကိုယ့်ဂျူတီနဲ့ကိုယ် လုပ်ရတာ စိတ်အေးအေးထား ”
ဆိုလာတော့ စိတ်ချမ်းသာသွားသည်။
အသုဘပို့ရာက ပြန်လာကြသော လူတွေ တရုန်းရုန်းနဲ့ စားပွဲသောက်ပွဲတွေ က အသုဘနဲ့တောင်မတူပါဘူး
ဟင်းဆယ်မျိုး တဝိုင်းနဲ့ အလျံပယ်စားသောက်ကြပြီး မာကျောက်ဝိုင်းက ပိုစည်လာသည်။
အကောက် ကောက်နေသော သူဌေးရဲ့သမီးက တလှည့် ကျမကို ကောက်ခိုင်းပြီး အိပ်တတ်သည် အသုဘ ရက်လည်တဲ့နေ့မှာပဲ
” မဦး ရော့ ”
” ဟင်…ဘာ ဘာ လို့ပေး ပေးတာလည်း သူဌေး ” ဟု ကျမ အရမ်း အံ့ဩသွားပြီး ပြန်မေးမိသည် အဘယ့်ကြောင့်ဆိုသော်..
မြမြ အမြဲဝတ်ဆင်ထားသော ရွှေဖြူကြိုနဲ့ စိန်လော့ကပ်သီး နဲ့ စိန်လက်စွပ်ကို ပေးလာလို့ပါ ဒီတခေါက် ရေချိုးပေးတာ ကျမ တယောက်တည်းပါ ။
” ယူပါ ဘာလို ခုလိုပေးလည်းဆိုတာ ပြောပြမယ် မဦးက ပါးစပ်လုံတယ် သူတို့သိက္ခာတွေအတွက် ပေးဖို့ ထိုက်တန်တယ်လေ” တဲ့ ကျမ နားမလည်ပါ
ကျမ က မမရွနဲ့ မမထ တို့အကြောင်းကို ဘယ်သူ့ကိုမှ မပြောလို့ပေးတာတဲ့လား လို့တွေးနေတုန်း
” ဟိုကောင် လှနိူင်ကို လွှတ်ပေးတာက သူက ငါ့မိန်းမကို ပျော်ရွှင်အောင်ကူညီပေးခဲ့လို့ပဲ ငါ့အပေါ် သစ္စာရှိခဲ့တဲ့ ကလေးတွေရဲ့ အမေဟာ အိမ်ထေညင်သက်တလျောက် ငါ့အတွက်နဲ့ တနေ့မှ စိတ်မချမ်းသာခဲ့ရဘူး လှနိူင်နဲ့တွေ့မှ ငါ့ကိုသူစွန့်လွှတ်နိုင်တာ ” တဲ့ ကျမ ငြိမ်မနေနိုင်တော့ပါ
” ဒါတွေလဘယ်လို သိနေတာလည်း သူဌေး” ဟု အမြန်မေးလိုက်သည်။
” ဟိုမှာလေ ” တဲ့ သူလက်ညိုးထိုးပြတဲ့ နေရာကိုကြည့်တော့လည်း မီးသီး တလုံးပဲမြင်တော့
” မီးသီးလား” ဟုပြောရာ
” ဟားးး အဲ့မီးသီး အလည်က အရာလေးက CCTV လို့ခေါ်တယ် တခြံလုံး တအိမ်လုံး နေရာအနှံ့တပ်ထားတာပဲ ” တဲ့
” မီးဖိုချောင်မှာ ပြေးပေါက် ရှာပြီး
ဓားစင် နားမှာ ရပ်နေတဲ့ မဦးကို ကြည့်မိတော့ ငါပြုံးမိသွားပြီး ငါ့အမှားကို သတိထားမိလိုက်တယ်
အိပ်ခန်းထဲက ခေါ်မိတာကိုး နောက်ပြီး မဦးလို အသားမဲမဲ ရုပ်ဆိုးဆိုးနဲ့ အိမ်ထေညင်သည် ကလေးတယောက်အမေက အဲ့လို ကိုယ့်ကိုယ်ကို ကာကွယ်တာ မြင်လိုက်ရတော့ မြမြကို အရမ်းစိတ်ဆိုးသွားတယ် ကဲပါ ဒါတွေ မပြောချင်တော့ဘူး ရော့ ဒါက သုံးလစာ လုပ်အားခ ခဏနေ ပွဲစားလာခေါ်လိမ့်မယ် ငါသေချာအပ်ပေးလိုက်မယ် ဒါတွေ ရောင်းချင်ရင် ငါ့ဆီအချိန်မရွေးလာခဲ့ နင့်အနေနဲ့သွားရောင်းရင် ရွှေဖိုးပဲရမှာ ပွဲစားကိုလည်း ငါကပေးလိုက်တယ်ဆိုတာ ပြောပြပေးမယ် နင်က ဒီအလုပ်ပဲ လုပ်လုပ်မယ်ဆိုတော့” ဟု ပြောလာရာ
” ကျမ အိမ်သားက နှစ်နှစ်စာချုပ်နဲ့ လုပ်ရမှာ ကျမလည်း ရွာမှာထက် ဒီအလုပ်ပဲ လုပ်ပြီး နှစ်နှစ်ပြည့်ရင် လင်မယား နှစ်ယောက်လုံး နားပြီး သားကိုရှင်ပြုမယ် လုပ်ငန်းတခု နဲ့ရွာမှာပဲ နေတော့ဖို့ ဆုံးဖြတ်ထားကြပါတယ်”
ဟု ပြောပြပြီး ပွဲစားလာခေါ်၍ အိမ်သစ်ဆီသို့ လိုက်လာခဲ့ပါတော့သည်။
” ဟဲ့ မိဦး ဒါတွေ ဝတ်ထားမို့လား ”
” အင်း လေ ဘာလို့လည်း ” ဟု မေးရာ
” အင်း တော်ကြာ အိမ်ဖော်နဲ့ သူဌေးမ မှားနေမှာစိုးလို့ပါ ”
ကျမ ရယ်မိသွားသည်။
” အဒေါ်လဲ သူဌေးကိုယ်တိုင် ပြောလိုက်လို့ ယုံတာမလား အရင်က ကျမ နားကပ်က ကျောက်ဖြူရိုးရိုးပါဆို ခုလည်း အဲ့အိမ်က သူဌေးတွေက သတိထားမိမယ်မထင်ဘူး ကိုယ့်မှာ စကတည်းက ပါလာတယ်ဆိုတာ သိအောင်တော့ ရွှေကြိုး ပလတီနာမ်ကြိုး စိန်နားကပ် စိန်လက်စွပ်တော့ ဝတ်ပြီး ဝင်သွားရမယ် ”
” ဟုတ်ပါပြီတော် ”
ဟု ပြောပြရင်း တိုင်စီ ကားပေါ့က နေ
ဆင်းကာ သံပန်း တံခါးကြီး ဘေးက ဘဲလ်ကို ပွဲစားက နှိပ်လိုက်သည်။
အလုပ်သမားတယောက် တံခါးလာ ဖွင့်ပေးသည်။
အိမ်မ ကြီး ကို ရောက်ဖို့ ဆယ်မိနှစ်လောက် လမ်းလျောက်ရသည်။
အိမ်မကြီး ထဲ မဟုတ်ပဲ ဘေးက နှစ်ထပ်တိုက် အဟောင်းထဲ ဝင်လာကြရသည်။
” လာ ကြ မှတ်ပုံတင်ပေး ပါလာတဲ့ ပစ္စည်းတွေ ပြ ငွေဘယ် လောက်ပါလဲ ပြထား နောက် အိမ်မှာငွေပျောက်ရင် သေတ္တာတွေကို စစ်မှာ ပါလာတာထက် ပိုနေရင် ထောင်ကျခံရမယ် ”
လို့ ပြောလာလို့ စုထားတဲ့လစာနဲ့သုံးလခကို ပြလိုက်သည် ။
” ဒီတိုင်နေ လက်ကို ရင်ဘက်နားကပ်ထား ” ဟု ပြောကာ ဝတ်ထားတာတွေကို မှတ်တမ်း ဓာတ်ပုံရိုက်ထားပြန်သည်။
” ဝတ်စုံ ”
ခေါင်းပေါင်း ယူနီဖောင်း ပေးလို့ နောက်နေ့မှာပဲ အလုပ်စဝင်ပြီး ဝတ်ရလေသည် အပြာရောင် ဘောင်ဘီ အဖြူရောင် လက်တိုတီရှပ် နဲ့ ကျမ ရုပ်က နီဂတိုးမ လိုပါပဲ မဲတဲ့အသားနဲ့ မလိုက်ဆုံး အရောင်တွေနဲ့ ခပ်တည်တည် လူအများနည်းတူ တန်းစီနေလိုက်သည်။
” မတူး ဒီနေ့ သူဌေးအိမ်ရဲ့ အခန်း ၁ကနေ ၃ အထိ သန့်ရှင်းရေး မဦး အခန်းသုံးကနေ ၆အထိ သန့်ရှင်းရေး မဦးက ဒီနေ့မှ စဝင်သူမို့ မတူးက ကူညီသင်ပြပေးပါ ”
ဟု တာဝန်ချပေး နေသော မန်နေဂျာ ကို ကျမ ငေးရင်း ဝန်ထမ်းနှစ်ဆယ်ထဲက ဝန်ထမ်းစာ ချက်သော ချက်ကြီး
ဒေါ်ဆွေ အား စိတ်ဝင်စားနေမိသည်။
လူက ဝတုတ်တုတ်နဲ့ သွတ်လက်နေလို့ပါ ။
#လင်ငယ် နေကြသူများ…၅
😎😎😎😎😎
” အရင် အိမ်ရှင်တွေက အလုပ်စဝင်တာနဲ့ ချက်တတ် ပြုက်တတ်လား ဘာလုပ်တတ်လည်း အရင်မေးကြတယ် လုပ်ရည်ကိုင်ရည် ကြည့်ပြီး လစာတိုးပေးမယ် ပြောကြတယ် ဒီအိမ်ကျတော့ ဘာမှလည်း မမေးဘူး တခါတည်း သန့်ရှင်းရေး ဘက် တာဝန်ပေးတယ် ဘယ်လိုအိမ်လည်း ငါ့အရည်အချင်းက ချက်ကြီးပဲ ငါ့လုပ်သက်က ဝါရင့်နေပြီ ၈နှစ်လုပ်သက်က နည်းသလား အင်း မမရွ မမထတို့အိမ်လို ကျတော့လည်း နှစ်ပြည့်အောင် မလုပ်လိုက်ရဘူး ကဲပါလေ ငါကျေနပ်လောက်တဲ့ လစာရနေပြီပဲ ခိုင်းတာ လုပ်ရုံပေါ့ ဘောင်းဘီက မဝတ်တော့ ဖင်ကြားညှပ်နေတယ် နေရတာ မသက်သာဘူး ဒါပေမဲ့လည်း နောက်ဆို နေသားကျသွားမှာပါ” လို့ ကျမ စိတ်ထဲက ပြောရင်း မတူး ပြတဲ့ အိပ်ခန်း ၄=၅=၆.ဆီ ဝင်လာခဲ့သည်။
ကျယ်ပြန့်သော အိပ်ယာ က လင်မယား အိပ်ယာ မှန်း သိရလွယ်သည်။
အဘယ့်ကြောင့် ဆိုသော် ခုတင် ခေါင်းရင်းတွင် မင်္ဂလာ စုံတွဲ ဓာတ်ပုံ ချိတ်ထားလို့ပါ မွေ့ယာ ခင်း ခေါင်းအုံးစွပ် ဖပ်လုံးစွပ်တွေ တခါတည်း ယူလာရ၍ လဲရသည်။
” နေ့တိုင်း လဲရတာလား မသိ ကြည့်ပါအုံး ဖြူဖွေးသန့်နေတာကို မမရွတို့တောင် တပါတ်တကြိမ်ပဲလဲတာ အေးပါလေ လဲဆိုလဲလဲရတာပ့”
ကျမ ပြောရင်းနဲ့ လဲလိုက်သည်
ဟိုတယ် လို ခင်းကျင်းရမည်မှန်း သဘောပေါက်၍ လဲစဥ်က မွှေ့ယာအောက် ခြေရင်းဘက်အထိ ခြုံစောင်ထိုးထားတာတွေ့လို့ အဲ့အတိုင်း ခင်းပေးပြီး နံရံအမြင့်ဘက် သုတ်တံရှည်နှင့် လိုက်သုတ်သည် စားပွဲပေါ်အောက် သုတ်သည် ဆိုဖာတွေ ခုံတွေ ဖယ်လိုက်တော့ ” ဟင် အရင်က လူတွေ ဒီအောက်ဘက် မလှဲကြတာပဲ ကြည့်အုံး ဖုန်တွေ ” ဟု ကျမ ပြောကာ လှည်းသိမ်းပြီး ကြမ်းတိုက်တံနဲ့ ပွတ်လိုက်သည် ဖုန်စုက်စက်ငယ်လေးနဲ့ ဆိုဖာ ခုံတွေ အနှံ့ လိုက်ထိုးပြီး ညက သောက်စားထားသော ပန်းကန် ခွက်တွေကိူ လှည်ပေါ်က ပုံးတွင် တင်ပြီး
ရေချိုးခန်း ထဲ ဝင်ခဲ့သည်။
” ရေချိုးခန်းကလည်း ငါဆောက်ထားတဲ့ တိုက်ရဲ့ ဧည့်ခန်းလောက်ကျယ်တယ် ”
ကျမ ပြောပြီး ရေစိမ်ကန် ထဲ ကြွေဆေးသော ဆပ်ပြာရည်တွေ ဟိုနာ ဒီနား ဖြန်းထဲ့ပြီး ဘိုထိုင် အိမ်သာဘက်လှည့်ကာ ကြိုဖြန်းထားလိုက်ပြီး
လက်အိတ် ထူထူ နှစ်ဘက်ဝတ်ကာ အကျအန ပွတ်တိုက်တော့သည် ရေစိမ်ကန် ဘေးက စင်လိုမျိုး ပိုနေတဲ့နေရာတချို့မှာ ရေညိတချို့တက်နေသည် ထိုနေရာပါမကျန် ပွတ်တိုက်ဆေးပြီး ဘေစင် ကို ဆေးကြောလိုက်သည်
နံရံတွေကို သုတ်တံအရှည်နှင့် ကြွေဆေးဆပ်ပြာ ထဲ့ပြီး စိတ်ရှည်လက်ရှည် ဆေးသည်။
ရေသန့်ဆေးချပြီး ရေစုတ် တဘတ်တပ်ထားသောအတံနဲ့ ပြန်သုတ်ပြီး ကြမ်းပြင်ကို ဆေးသည်။
အားလုံးပြီးစီးတော့ ဘိုထိုင်အိမ်သာအပြင်ဘက်သို့ ဆေးသည်
ချွတ်စွဲနေသောနေရာတွေ က ဆေးရည်ထဲက အက်စစ်ကြောင့်ထင် ဖိတွန်းရုံနဲ့ ကွာကျကုန်သည်
” အသစ်တိုင်း ဖြစ်သွားပြီ ”
ကျမ လုပ်ထားတာ ပြန်ကြည့်ပြီး ကျေနပ်သွားသည် ဒါနဲ့ ပဲ အမှိုက်ပုံကို အိတ်လဲ ထဲ့ ရင်း အိပ်ယာနံဘေးက အမှိုက်ပုံးထဲက သားဆက်ခြား ရော်ဘာအိတ်ဟောင်း နှစ်ခုကို သတိရမိတော့ အလိုလိုနေရင်း ကျမ မျက်နာက ရယ်မိလျက်သားနဲ့ လက်နှစ်ချောင်းထောင်မိသွားသည်။
လူကို မမြင်ဖူးပေမဲ့ ဓာတ်ပုံထဲက ငယ်ရွယ်နုပျိုသည့် လင်မယားပုံကြောင့် လိုက်ဖက်သည့် စုံတွဲဟု ကျမ မှတ်ချက် ပေးပြီး ထိုအခန်းက ထွက်လာပြီး နောက်တခန်းသို့ဝင်ချိန်
” မဦး ခုမှ တခန်းပြီးတာလား ကျမက အကုန်ပြီးပြီ မြန်မြန်လုပ်လေ မြန်မြန်ပြီး တော့ စောစော နာယရတယ် ”
” ဟင် ဒါပြီးရင် ဘာမှ မလုပ်ရတော့ဘူးလား” ဟု ကျမ မေးရာ
” အင်း မလုပ်ရတော့ဘူး သူတို့လိုရင်တော့ ခေါ်ခိုင်းတယ် ” ဆိုပြန်သည်။
ကျမ မျက်မှောင်ကြုပ်သွားသည်
အခန်းတခန်းကို စေ့စေ့စပ်စပ် သန့်ရှင်းရေးလုပ်ရတာ နာရီဝက်ကြာသည်။
သုံးခန်းဆို ၁နာရီခွဲ ဆိုတော့ ကျမရတဲ့ လစာနဲ့ အတော် သက်သာတဲ့အလုပ်ပဲ လို့ တွေး မိကာ တက်ကြွသွားသည်။
မတူးပြောသလို တော့ မတူးလုပ်သလိုတော့ အပေါ်ယံမလုပ်ပဲ ကိုယ့်ဘက်က တာဝန်ကျေအောင် လုပ်မှာမို့
” မဦး ပြီးရင် အခန်းကို ပြန်လာ”
” ဟုတ်ပါပြီ” လို့ ကျမ ပြန်ပြောပြီး အလုပ်ကို ဆက်လုပ်ဖို့ အခန်းထဲ ဝင်လာသည်။
အင်း အပျိုမလေး အိပ်ယာပဲ ကြည့်စမ်း ခြုံစောင်တောင် တကိုယ်စာပဲ လှပ်ထားတာ ချောလိုက်တာ ”
ဓာတ်ပုံကို ငေးကြည့်ရင်း မှန်ဆေး ဆပ်ပြာနဲ့ ဖြန်းပြီး ဆေးကာ မှန်သုတ် စက္ကူနှင့် သေချာသုတ်ပြီး ကြည်မကြည် သေချာ ကပ်ကြည့် ခပ်ဝေးဝေးက ကြည့်နဲ့ လုပ်ပြီး ဘယ်လို ကြည့်ကြည့် ကြည်နေမှ အလုပ်ဆက်လုပ်သည်။
” ဟင် ”
ကျမ ကြည့်မိတော့ လန့်သွားသည် အမှိုက်ပုံလေးထဲမှာ တစ်ရှူးတွေ တပုံကြီး တွေ့လိုက်လို့ပါ
အလကားနေရင်း တစ်ရှူးတွေ ဆော့တဲ့ အရွယ်လည်း မဟုတ်နေတော့ ဒါဟာ နှပ်ချေးသုတ်ထားတာလား လို့ တွေးပြီး တခုကို ယူပြီး ဖြဲကြည့်တော့ စေးကပ်ကာခြောက်စပြုနေတာများလေတော့ မျက်ရည်နဲ့ နှပ်ချေးရောသုတ်ထားမှန်း သိလိုက်ရသည် ပိုပြီး သေချာတာက ခေါင်းအုံးတွင် မျက်ရည် ကျထားသော မျက်ရည် ခြေရာတချို့ကို ကျမ တွေ့လိုက်သည်။
” အင်း လူချမ်းသာ သားသမီးလည်း အပူနဲ့ပဲကိုး ငါပဲကောင်းတယ် ခိခိ”
အဲ့လို ပြောပြီး စိတ်ချမ်းသာရတာ ခဏခဏပါပဲ အပူမရှာတော့ အပူမလာဘူးလေ
မာလီကပ်တာကို ချီးမွှမ်းပြောဆိုတာ တွေသာယာမိရင် သေချာတယ် မာလီနဲ့ ကျမ အရင်ညားမှာ မမထတောင် သေအောင်ချစ်ပြီး စွဲလမ်းတာ ကျမလည်း မပြောနိုင်ဘူး လင်နဲ့ သားကိုပါ မေ့သွားလောက်မှာ ခုတော့ ကိုယ့်လင်ကိုယ့်သားပဲ စိတ်ထဲ စွဲချစ်နေတာ နောင်လည်း ကြုံလာရင် ကျော်မယ်ဖြတ်မယ်လို့ ဆုံးဖြတ်ပြီး အလုပ်ကို ပြီး အောင်လုပ်လိုက်သည် ။
နောက်ဆုံး အခန်း နံပါတ်၆က ကျမကို အကြီးအကျယ် စိတ်ဝင်စားမှု့ပေးလေတော့သည်။
ရွှေအစစ်များနှင့် လုပ်ထားသော ကုတင်လို့ ထင်မိတာ တကယ် ရွှေအစစ်နဲ့ ကုတင်ဘောင်တွေကို ကပ်ထားမှန်း နောက်မှ သိရသည်။
ရေချိုးခန်းက မှန်ဘောင်ကအစ ရွှေနှင့်ဖြစ်သလို ဘိုထိုင် နောက်မှီကပါ ရွှေဖြစ်နေတော့ ” ဒါတော့ လွန်သွားပြီ ”
ဟုကျမ ပြောရင်း အလုပ်ကို သေချာ လုပ်ပြီး အမှိုက်ပုံးတွေ သိမ်းတော့
တစ်ရှုး တစနှစ်စနဲ့ ချွဲ သလိတ်တချို့ကို တွေ့လိုက်ရသည်။
” ဘယ်တယောက်လဲတော့မသိဘူး တီဘီဖြစ်နေတာ ”
ဟု ကျမ ပြောပြီး မျက်နာက မတ်ကို လုံမလုံ မှန်ထဲ ကြည့်ကာ ခေါင်းကို မော့ပြီး အမှိုက်အိတ်ကို လုံအောင်ချည်လိုက်သည်။
အားလုံးပြီးတော့ လှည်ကို တွန်းပြီး အမှိုက်အိတ်တွေကို သတ်မှတ်ထားသော အမှိုက်ပုံးကြီးထဲ ထဲ့ကာ ကြမ်းသုတ်တံမျိုးစုံကို ဆေးကြောပြီး ထောင်ထားလိုက်သည် အမှိုက်သိမ်းရသော လှည်းကိုပါ ဆေးကြောပြီး လက်အိတ်နဲ့ မတ်ကိုပါ ပစ်ကာ မတ်တခု အသစ်ကို ထုက်ပြီး ပြန်တပ်လိုက်သည်။
နေရတဲ့ အခန်းဆီ ပြန်လာရင်း ဘေးက မီးဖိုချောင်ကို လှမ်းကြည့်မိတော့ ဒေါ်ဆွေနဲ့ မိန်းမ သုံးယောက်တို့ ချက်ပြုက်နေကြသည်ကို ကြည့်ပြီး ထုံးစံအတိုင်း ကျမ ခြေထောက်တွေက မီးဖိုချောင်ဘက်ရောက်သွားသည်။
” ဟေ့ လူသစ် ရှေ့မတိုးနဲ့ ကိုယ့်အလုပ်ပြီးရင် ကိုယ့်အခန်းမှာပြန်နေ ”
ဟု ဒေါ်ဆွေက အသံမာမာနဲ့ ကျမကို လှမ်း၍ တားလိုက်သည်။
စဖိုမှုး ဝတ်စုံကိုယ်စီနဲ့ မတ်အစား ကောပြားတွေ မျက်နာမှာ တပ်ထားကြသည်ကို ငေးရင်း အော် ရောဂါတို့ တံတွေးတို့ ကို ကြောက်လို့ထင်ပ့ လို့တွေးရင်း ဘာမှ အတွန့်မတက်တော့ပဲ အခန်းဆီပြန်လာခဲ့သည် အခန်းက နှစ်ယောက်တခန်းနေရသည်။
မတူးနဲ့ ကျမ အတူနေရသည်။
အခန်းထဲ ဝင်လာတော့ မတူးက ဖုန်းတလုံးနဲ့ တစ်တော့ဆော့နေသည်။
ကျမ ကို နုက်မဆက်အားပါ
” မြန်မာမလေးပါ ရှင် မြန်မာမလေးပါရှင့်”
ဆိုတဲ့ သီချင်းနဲ့ ဆော့နေတာက ကလေးကလားဆန်သည်ဟု တွေးကာ မျက်စိရှက်ပြီး ကုတင်ပေါ် ထိုင်ချလိုက်သည်။ အလုပ်သစ်မှာ အဆင်ပြေတဲ့ အကြောင်း လင်ဆီ စာပို့လိုက်သည်။
ပြီးတော့ အခန်းသန့်ရှင်းရေး လုပ်လိုက်သည်။ မနက်စာ ဘယ်နားစားရမှန်းမသိသေးပါ။
သူဌေးတွေက ဘယ်အချိန် အိပ်ယာထကြလည်းမသိ ၇နာရီထဲက အခန်းကလွတ်နေသည်။
ခု ၈နာရီခွဲ နေချိန်ထိ စားရဖို့ အသံမကြားသေးပါ ။
အမှန်ဆို မနက်စာ စားချိန် နေ့လည်စာစားချိန် ညနေစာစားချိန်နဲ့ ဝန်ထမ်းတွေ အပြင်ထွက်လျှင် သတင်းပို့ရမဲ့အရာတွေ ကြိုပြောထားသင့်သည်ဟု ကျမ တွေးကာ ဆာနေပြီဖြစ်တဲ့ ဗိုက်ကို ဖိပြီး ရေတခွက်သောက်လိုက်သည် အဆာမပြေသေးလို့ နောက်တခွက်သောက်အပြီး အိမ်သာကတက်ချင်လာ၍ အိမ်သာတက်လိုက်သည်။
ကိစ္စ ပြီးတော့ အိမ်သာ ရေချိုးခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။
အပြင်က သီချင်းသံ တိတ်သွားပြီး
” မဦးရေ ၉နာရီထိုးတော့မယ် မနက်စာသွားစားကြစို့” တဲ့ ကျမ ဝုန်းကနဲ ထွက်လာပြီး သူ့နောက်က လိုက်သွားသည်။
ဝန်ထမ်းတွေ စားသောက်ရန် အသီးသီး ထွက်လာကြသည်။
စားသောက်ခန်းမထဲ မနက်စာက လူစေ့ ချထား၍ ဝင်ထိုင်ကာ စားရုံပါ ။
ပုံစံခွက် ထဲ ထမင်းကြော် အမဲကြော် ဝက်ကြော်ဘဲဥ ခွဲကာ ချထားမှ လာတုန်းက ဘာသားရှောင်လဲမေးတာ သတိထားမိသွားသည်။ ကိုယ်က အကုန်သားတာမို့ အမဲကြော်ပန်းကန်ရှေ့ဝင်ထိုင်ကာ စားလိုက်သည်။
ချဥ်ပေါင် ကို မှန်ရောင်ဟင်းရည်ချက်ကတခွက် ဘာလချောင်ကြော်က တပုံ အမဲကြော်နှစ်ခုက တခွက်နဲ့ ပုံစံခွက်က ကြည့်၍လှသလို စား၍လည်း ကောင်းသည်။
ဆာဆာနဲ့ စားပြီး ပန်းကန်သိမ်းဖို့ရာ ရှေ့က စားပြီးသူတိုင်းက ဒီတိုင်း ထသွား၍ ကိုယ်လည်း ထလာခဲ့ရသည်။
” မတူး နောက်နေ့ ကျမတို့ ဘယ်နေရာ တာဝန်ကျမမလဲမသိဘူး” လို့ အခန်းထဲ ရောက်သည်နှင့် သိချင်တာ မေးရလေသည် တော်ကြာ တစ်တော့ဆော့နေရင် မေးချိန်မရမှာစိုး၍ပါ။
” ဒီအလုပ်ပဲလေ အဲ့အခန်းတွေပဲ ” တဲ့
” အရင် အဲ့အခန်းတွေထဲ လုပ်တဲ့ လူရော အလုပ်ထွက်သွားတာလား ” လို့မေးမိတော့…
” နေမကောင်းလို့ သုံးလစာပေးပြီး ထုက်လိုက်တာ” ဟု ဖြေလာရာ ကျမ မျက်လုံး ပြူးသွားသည်။
” ချောင်းဆိုးပြီး ဖျားတာလား ” ဟု မေးလိုက်၍
” ဟင် မဦးက ဘယ်လို သိတာလည်း” တဲ့
ကျမလည်း အိမ်ရှင် အကြောင်း မပြောချင်တာနဲ့
” ရေကိုင်များရင် ဖြစ်တတ်လို့ပါ ” လို့သာပြောရာ
” ကျမလည်း ကိုင်တာပဲ သူပဲ ဖြစ်တာ ”
ဟု ပြော၍ ကျမ ဘာမှ မပြောပဲ နေလိုက်သည်။
ရွာမှာ ကျန်းမာ ရေး အသိပေးတွေလာစဥ်က ပြောပြထားတာတွေ ပြန်တွေးမိတော့
တီဘီ ရောဂါသည်နဲ့ ပန်းကန်တူ ခွက်တူ မစားသောက်ရဘူး ချောင်းဆိုးရာကနေ လေကတဆင့် ကူးစက်တတ်တယ်ဟု သိထားတော့ အဲ့အလုပ်သမားက မတ်မတပ်ပဲ ရောဂါသည် သူဌေးရဲ့အမှိုက်ကို သိမ်းရာက ကူးစက်တာလား ရောဂါဖြစ်ပြီး ကြုံရာပန်ကန်ဇွန်းနဲ့ အချိန်ဘယ်လောက်တောင်စားခဲ့လည်း သူစားခဲ့တဲ့ ပန်းကန်တွေ ဘယ်လိုမှ ခွဲခြားမသိနိုင်၍ စိတ်ညစ်သွားသည်။
ဒါပေမဲ့ ပြန်သိရတာက ပန်းကန်တွေကို ပိုးသတ် ဆေးရည်နဲ့ပြုက်ပြီး စက်နဲ့ဆေးတာလို့သိရတော့ သံသယစိတ်တွေ ပျောက်သွားသည်။
ဝန်ထမ်းတွေအကုန် စည်းနဲ့နေရသည်
ကိုယ့်နေရာမဟုတ်ပဲ ခြံကြီးထဲ အိမ်ကြီးဘက် မသွားရပါ ။
တပါတ်ပြည့်တော့
” မဦး လိုက်မလား ကျမ အပြင်သွားမလို့” တဲ့ ခေါင်း တမ်းငြိမ့်လိုက်သည်။
ဒါပေမဲ့ သွားစရာနေရာက မရှိနေပါဘူး အခန်းထဲနေရတာကြာတော့ အပြင်ထွက်ချင်ရုံမို့ မတူးနဲ့အတူ ခွင့်တိုင်ကာ ထွက်ခဲ့ကြသည်။ ထွက်လာရတာကလည်း အနောက်က အပေါက်ကပါ သံတံခါးကို သံပြားကြီးတွေနဲ့ ပိတ်ထားတဲ့ အနောက်ပေါက်က တံခါးငယ်ကနေ ထွက်ခဲ့ရသည်။
အိမ်မကြီး ရှေ့က ခြံတံခါးက လှပသလောက် အနောက်တံခါးက အကျည်းတန်လှသည်။
” အဲ့မှာ ဝတ်စုံကြည့်ပြီး ဝန်ထမ်းကိုခွဲရတာ သာမန် ဝတ်စုံနဲ့ဆို သူဌေးမိသားစုပဲ ”
” အော် ”
ဟု ကျမ မှတ်ထားလိုက်သည် တဆက်တည်း မြန်မာ ဝမ်းဆက်နဲ့ သနပ်ခါးကို မှုန်နေအောင် လူးထားသော မတူးကို ကြည့်ကာ
” မတူးက ဘယ်သွားမလဲ ကျမက သွားစရာနေရာမရှိဘူး ”
” မရှိရင် လိုက်ခဲ့လေ တစ်တော့က ဖန်တယောက်နဲ့ ချိန်းထားတာ” တဲ့ ကျမ မျက်လုံးပြူးသွားသည်။
ကိုယ့်လို ဘဝတူ ပဲမို့ ရွာမှာ ကလေးနှစ်နဲ့ သူ့လင်က သူဌေးတယောက်ဆီ မှာ ကားမောင်းနေတာသိထားတော့
” အမျိုးသား လား အမျိုးသမီးလား” ဟု မေးမိရာ
” အမျိုးသားပေါ့ အလကား အားအားယားယား မိန်းမချင်း ချိန်နေရမလား” တဲ့ ကျမ ဆက်မလိုက်ချင်တော့ပါ ဒါပေမဲ့ ဗဟုသုတ ရအောင် လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့ပေးထားသော သံသေတ္တာကြီးထဲ ကျမရဲ့ စိန်ရွှေဆွဲကြိုးနဲ့လက်စွပ်ကို ထဲ့သိမ်းထားသော သော့ကို ပိုက်တာအိတ်ငယ်ထဲထဲ့ကာ စားချင်တာ ဝယ်ဖို့ ပိုက်ဆံအနည်းငယ်လည်း ထဲ့လာသည်။
နားက စိန်နားကပ်ကို လူမမြင်အောင် ဆံပင်နဲ့ ဖုံးက လိုက်လာရင်း
လိုင်းကား စီးကြသည်။
ပိုက်ဆံအိတ်လေးကို ရင်ဘက်ကြားထိုးထဲ့ပြီး ခါးပိုက်နိုက်ရန်ကနေ ကာကွယ်ထားသော်လည်း ကျမအနားသို့ ဘယ်သူမှကပ်မလာပါ ။
သနပ်ခါး ရည်ကျဲက အနားနဲ့ တခြားစီ အညာချည်ထည် ဝမ်းဆက်နဲ့ ကျမက နိုက်ချင်စရာပုံ မပေါ်(ခါးပိုက်နိုက်)၍ ဖြစ်မည်။
နာရီဝက်လောက် ကားစီးပြီး ပန်းခြံတခုတွင် ဝင်ကာ
နှစ်ယောက်သား ခုံတခုတွင် ထိုင်ကာ အအေး မှာသောက်ရင်း ချိန်ထားသော လူကို စောင့်နေကြသည်။
လူလတ်ပိုင်း အမျိုးသားတယောက် ကျမတို့ဆီ ဦးတည်လာသည်ကို ကျမတွေ့ရသလို မတူးလည်း မြင်ကာ
” ကိုကို တူးဒီမှာ ” ဟု လက်ပြလိုက်ရာ
ထိုလူက သေချာပြီဆိုတဲ့ပုံနဲ့ အပြေးတပိုင်း ရောက်လာသည်။
” မတူး ကျမ ပန်းခြံထဲလျောက်ကြည့်အုံးမယ် ပြန်ရင်ဖုန်းဆက်လာနော်”
လို့ မတူးကြိုမှာထား၍ ရှောင်ထွက်ပေးရပြန်သည်။
အဝေးကြီးလည်း မသွားချင်တာနဲ့ တဘက်ကနေပြန်ကွေ့လာပြီး သူတို့နားက သုံးထပ်ပြားသာကာထားသော အုန်းစိမ်းပင်အောက်က ခုံမှာ ထိုင်ပြီး
စပ်စုလိုသော သဘောမပါပဲ နားစွင့်နေမိသည်။
” အတူးက အပြင်မှာ ပိုလှတာပဲ ကြည့်စမ်း မြန်မာဆန်ဆန်လေး ”
” အို ကိုကိုကလည်း သူများ သနပ်ခါးတွေလပျက်ကုန်ပါ့မယ်ခိခိ” တဲ့
ကျမ ခေါင်း ကို ခါလိုက်မိသည် ဒါကမလုပ်သင့်ဘူးလေ လို့တွေးနေတုန်း
” ကိုကို ပြောပြထားတာ အမှန်ပါ ကလေးသုံးယောက်ရှိတယ် အိမ်ထောင်ရေးက စကတည်းကမသာယာခဲ့ဘူး မသက်သာလို့သာ ပေါင်းရင်း ကလေးတွေအဖပ်တင်ခဲ့ရတာ အတူးနဲ့ တွေ့ပြီး ကိုကို စိတ်တွေ ပျော်ရွှင်လာရတာ ချစ်မိပေမဲ့ အတူနေဖို့ အခွင့်အရေးက ဒီဘဝမှာ မရှိလေတော့ ခုလိုလေး မြင်ရယုံနဲ့ ကျေနပ်ရမှာပါ အတူးရယ်” တဲ့ အဲ့တော့လည်း ကျမက နာလည်ပေးမိပြန်တယ် ပြောဆို တွေ့ဆုံတာပဲ စိတ်အဆာပြေတာပေါ့လို့ တွေးပေးခဲ့တယ်
” အတူးလည်း မညာထားပါဘူးနော် ရွာမှာ ကလေးနှစ်ယောက်ရှိတယ် အမျိုးသားက တခြားမှာ ဒရိုင်ဘာလုပ်တယ် ”
” အင်းလေ ကိုကိုသိပြီးသားပဲ အတူးလက်လေးက နုးဖပ်နေတာပဲ ရွှတ်”
” အင်းးးး” ကျမ သက်မမောတချက် ချမိချိန်
” လာအတူး ဟိုဘက်နား အေးဆေး ထိုင်စကားပြောရအောင်” ဆိုပြီး ခေါ်သွားတာ ခြုံကစပယ်ရှယ် ထူပြီး အတော်လုံခြုံတဲ့ထဲ နှစ်ယောက်သားဝင်သွားကြတော့ ကျမလည်း ဆက်မလိုက်ချင်ပါပဲ လိုက်သွားရပြန်သည်။
တော်ကြာ ဒီလူက အဓမ္မကျင့် နေလျင် ကူညီရအောင်ပါ ။
မတူးမှာ ခုခံစရာလက်နက်ဆိုလို့ ထီးအနီလေးတချောင်းသာ ပါသည်လေ
အားမတန်လို့ မာန်လျော့ရတာမျိုး အဖြစ်မခံနိုင်သော ကျမက ခြုံနားကပ်ပြီး အထဲကို ကြည့်မိတော့
” အံမယ် ထီးအနီလေးပဲ ”
ပိုလုံခြုံအောင် ထီးနဲ့ကာထားသလိုမို့ ကျမလည်း အဲ့နားတင် ထိုင်ချလိုက်တော့တယ် ။
” ချစ်တယ် အတူးရယ် ”
” အင်း အတူးလည်း ချစ်တယ် ”
” တပါတ်တကြိမ်တွေ့ခွင့်ပေးနော် ”
” အင်းပါ ”
ကျမ နားထဲ အတိုင်းသားကြားနေရသော ချစ်စကားတွေ က အတော် ရင့်သီးလာသည်။
တချက်တချက် စကားသံတွေပျောက်သွားသည်။ အဝတ်ချွတ်သံတွေက စကားသံအစား ထိုးနားထဲ ဝင်ရောက်လာတာကြောင့်
” ဘာတွေလုပ်နေတာလဲ” ဟု ပြောစရာမလိုပါ
တအင့်တအင့် တအအ့နဲ့ ရာဂ သံတွေထွက်လာတော့ ကျမ ထိုင်နေရာကနေ ထွက်လာသည်။
အစက ထိုင်ခဲ့သော ခုံမှာ ပြန်ထိုင်နေတုန်း ခပ်ဝေးဝေးက ခြုံဆီအကြည့်ရောက်သွားသည်။
ကျမ ရှက်တာနဲ့ ပိုက်ဆံအိတ်ထဲက မတ်ကို ယူကာ တပ်လိုက်ပြီး ဆက်ကြည့်နေရာ မိန်းမဖြစ်သူက ယောက်ကျားဖြစ်သူကို ခါးဖက်ထားသလို အမျိုးသားကလည်း ထိုမိန်းမ ပခုံးကို ဖက်ကာ လျောက်လာလေသည်။
” လာ ထိုင် မာလာ ကိုကြွက် အအေးသွားဝယ်ခဲ့မယ်” ဆိုပြီး ကျမစားပွဲအနီးက စားပွဲမှာ လာထိုင်ကြတော့
လင်မယား တော့မဖြစ်နိုင်ဘူး ပုံစံက အိမ်ထေညင်သည်ပုံတွေ ကျမ မစပ်စုတတ်ပါဘူး အမြင်အတိုင်း ဝေဖန်မိတာပါ
ယောက်ကျားက ပုပျက်ပျက် နဲ့ ရွာသားပုံပါ မိန်းမကလည်း မနိုင်းကောင်း နှိုင်းကောင်း ကျမလို အိမ်ဖော်ပုံပဲ မို့…ကြည့်ရင်း အအေးကို အတူတူသောက်ပြီး နောက်ဘယ်နေ့ ဘယ်အချိန် ဒီမှာ ဆုံမယ်လို့ ချိန်းစကားတွေပြောပြီး မိန်းမဖြစ်သူက တယောက်ထဲ ပန်းခြံထဲကထွက်သွားသည် ခဏကြာတော့ အမျိုးသာက ထွက်သွားသည်။
ကျမ တယောက်တည်း ဟိုကြည့်ဒီကြည့်နဲ့ အတွေးပေါင်းစုံတွေးရင်း လူငယ်လေးတွေ အတွဲထက် လူလတ်ပိုင်းအတွဲတွေ မိသားစုလိုက် စားဝိုင်းသောက် ဝိုင်းနဲ့ သာ တွေ့နေရသည်။
ဖုန်းက နာရီကို ကြည့်ကြည့်ရင်း အချိန်က အတော်ကြာလာသည်။
ဒါနဲ့ပဲ တခြား နေရာတွေကို လိုက်ကြည့်နေတုန်း ဖုန်းဝင်လာသည်။
” ဘယ်ရောက်နေလည်း မဦး ကျမ စောင့်နေတာကြာနေပြီ” တဲ့ ကျမ ပြုံးလိုက်မိသည်။
” လာပြီမတူး”
ကျမ ပြောပြီး လာခဲ့ရာ ထိုလူကို မတွေ့တော့ပါ ။ မတူးတယောက်တည်း မျက်နာပြောင်နဲ့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
” ပူလိုက်တာ မဦးရယ် ” ဟု ပြောကာ လက်ကိုင်ပုဝါနဲ့ သူ့မျက်နာကို သုတ်နေပြန်သည် မသိရင် ပူလို့ ချွေးသုတ်ရင်း သနပ်ခါးတွေပျက်တယ်ပေါ့လေ ။ ကျမ ကိုများ အ့တယ်ထင်နေပုံက မခံချင်စရာကောင်းလှပေမဲ့ မသိချင်ယောင်ဆောင်ပေးလိုက်ပါတယ် ။
ဒါပေမဲ့ ဒီတိုင်းတော့မဟုတ်ဘူး ။
” နေပူတာ အတူတူခံရတာပဲ မတူးတယောက်ထဲ သနပ်ခါး ကုန်တဲ့ထိ ကွက်ပူတာလား ကျမလည်း ပူလို့ချွေးထွက်တာပဲ တွေ့လား ပါးကွက်ကအရက်အတိုင်းပဲ ” လို့တော့ ပြောလိုက်တယ် ။
မတူးဘာမှ ပြန်မပြောဘူး ပြောရင် အရင်နေ့တွေကျ ဘာလို့မပျက်လဲလို့ကျမကထပ်မေးမိမှာလေ ။
” လာ မဦး ပြန်ကြမယ်”
” မုန့်ဝယ်ချင်တယ် ကျမက မနက်ဆို အစာစားရမှ သူတို့က ၉နာရီမှကျွေးတာ ”
” ဝယ်လေ အိမ်နားက စတိုးဆိုင်မှာ အစုံရှိတယ်” တဲ့ ဒါနဲ့ပဲ ကျမ တို့ပြန်ခဲ့ကြတယ် မုန့်ဝင်ဝယ်တော့ မတူးက ဘာမှမဝယ်ဘူး ကျမက ပဲနို့သုံးဗူးနဲ့ ပေါင်မုန့်တထုပ်ဝယ်ပြီး ပြန်လာကြတယ် အခန်းပြန်ရောက်တာနဲ့ သေတ္တာထဲ မုန့်တွေထဲ့ပြီး သော့ခတ်လိုက်တယ် သော့ နှစ်လုံးပါ တလုံးက ဒီကပေးတာ ကျန်တလုံးက ကျမ အိတ်ကို ခတ်လာတဲ့ ကျမကိုယ်ပိုင်သော့ဖြစ်သည်။
” မသိမ်းလဲရတယ် မဦး ကျမက သူများမကျွေးပဲ ယူမစားတတ်ဘူး” တဲ့ စကားပြောပုံက တမျိုးဖြစ်နေသည်။
” ကျမလည်း ဘယ်သူ့ဟာမှ တောင်းမစားတတ်ဘူး ကျွေးလဲမစားဘူး ကိုယ့် ချွေးနဲစာနဲ့ ဝယ်ထားတာလည်း ဘယ်သူ့ကိုမှ မကျွေးဘူး ကိုယ့်လင် ကိုယ့်သားကလွဲလို့” ဟု ပတ်ကနဲပြန်ပြောလိုက်မှ မျက်နာကြောလျော့ပြီး
” သူ့နာမည်က ကိုကိုထွန်းလေ မိတ်ဆွေပါပဲ စကားပြောကြည့်တော့ ခင်စရာမို့ ပြောဆိုနေကြတာ ”
တဲ့ သူ့သိက္ခာကို သူဆယ်နေမှန်းငိတယ် ဒါပေမဲ့ အင်း မလိုက်ဘူး
” အိမ်ထောင်သည် အချင်းချင်းမို့ ရင်ဖွင့်နေကြတာ မဦးရဲ့”
ဟု ပြောလာပြန်တော့ ကျမ စိတ်ညစ်လာသည်
” ရင်ပဲဖွင့်လို့တော်သေး မတူးရေ ကျမက ကြာနေလို့ ဖင်ပါ ပွင့်ပြီထင်နေတာ ဖုန်းပဲ တချိန်လုံးကြည့်လိုက် ထိုင်နေကျ ခုံပြေးကြည့်လိုက်နဲ့ ဟူး နောက်
ဘယ်တော့မှ မတူးနဲ့ မလိုက်တော့ဘူး ”
ဟု အပြတ်ပြောကာ မျက်နာကို တည်လိုက်သည်
မလွယ်ဘူး ကောင်မက မဟုတ်တာလုပ်ပြီး ကျမကို လာရစ်နေတာ သည်းခံနေရင် ပိုဆိုးလာမှာ ကိုယ်ကလည်း ဒီလိုသက်သာပြီး လစာကောင်းတဲ့နေရာကို လက်မလွတ်ချင်ဘူး သူ့ရဲ့ စရိုက်ဆန်တာကိုလည်း မခံချင်တော့ အဲ့လို ပြောပြီး ကိုယ့်ဖာသာကို နေနေလိုက်တယ် ။
အဲ့လို လုပ်လိုက်တော့လည်း
” မဦးရယ် ပြုံးပြုံးလေးနေပါ တော်ကြာ အသားပိုမဲသွားပါ့မယ် ခိခိ ရယ်လေ ရယ်” ဆိုပြီး ကျမနားကပ်ထိုင်ကာ ကလိလာထိုးပြန်တော့
” အဲ့လို လက်မပါနဲ့ ကျမ မကြိုက်ဘူး
ကျမ အသားဘယ်လောက်မဲမဲ ရုပ်ဘယ်လောက်ဆိုးဆိုး လင်တယောက်ရတယ် ကလေးမွေးထားတယ် ပိုမဲလဲကိစ္စမရှိဘူး ပိုဖြူးလဲ ဘာမှမထူးဘူး ”
ဟု ထပ်ပြောမှ
” ဟုတ်ပါပြီ မဦးရယ် မနက်ဖြန် ခင်းရမဲ့ အိပ်ယာခင်း တွေ ဘာဖြစ်မလဲ မသိဘူး အကောင်းစားတွေနော် ကျမ အိပ်ကြည့်တာ အိစက်နေတာပဲ” တဲ့
” မအိပ်ကြည့်ချင်ပါဘူး ကိုယ့်စည်းနဲ့ကိုယ် နေပါမတူးရယ် ”
အလုပ်စကားပြောလာရင်း ကျမလည်း မာန်ကိုလျော့ကာ ထိုသို့ပြောပြီး ညစာ အချိန် ကျပြီမို့ ထွက်စားလိုက်သည်။
ထမင်း စားသောက်ပြီး အိပ်ယာပေါ် လှဲနေရင်း တဘက်က မတူး တစ်တော့ကြည့်ကာ ရယ်နေ၍ ကျမ လည်း ကလေးအဖေဆီ စာပို့နေလိုက်သည် ။
” တကယ်ပြောတာ ယောက်ကျား မိန်းမ တယောက်တည်း မဟုတ်ဘူး အခန်းဖော် မဦးနဲ့သွားတာ မေးကြည့်
ရော့ မဦး ကျမ ယောက်ကျားက မေးနေလို့ မဦးနဲ့သွားတာလေနော်”
ဆိုပြီး ဗွီစီ ကောနဲ့ လာပြပြီး အတင်းသက်သေ လုပ်ခိုင်း၍ တကယ်လည်း အတူသွားခဲ့တာမို့ ပြောပြရန် ဖုန်းထဲက မတူးယောက်ကျားကို ကြည့်မိရာမှာတော့
” ဟင် ”
ကျမ အံ့ဩသွားသည်။ ပန်းခြံမှာ တွေ့ခဲ့တဲ့ ကိုကြွက်ပဲ လို့ ကျမ စိတ်ထဲကပြောနေတုန်း
” ဟုတ်လား အမ မတူးနဲ့ သွားတာလား” တဲ့
” ဟုတ်တယ် သွားလို့တောင် နင်ဖောက်ပြန်တာ ငါသိခဲ့ရတာ ” ဟု ပြောပစ်ချင်သော်လည်း
” ဟုတ်တယ် ”
ဟုပြောပြီး မျက်နာကို ဖယ်လိုက်သည်။
” မိန်းမ လိမ်လိမ်မာမာ နေနော် ကိုယ်တို့ ကလေးတွေတွက် ယောက်ကျားတို့ ကျိုးစားရမယ် ” တဲ့
” စိတ်ချပါလင်ရယ် စုမိဆောင်းမိရင် မိသားစု တစုတစည်းထဲ နေရဖို့ မိန်းမကြိုးစားလုပ်ပါတယ် တနေကုန် လုပ်ရလည်း မောတယ်မထင်ပါဘူး”တဲ့
ပလီနေတာ ကောင်မက ဟု ကျမ စိတ်ထဲကပြောရင်း ကြည့်မိလိုက်သည်။
အော် ချမ်းသာတဲ့ မိန်းမတွေပဲ ဖောက်ပြန်ကြတယ်ထင်မိတာ ဒီလို ဘဝတူဟာမတွေလည်း ရွတတ်သားပဲလို့ တွေးရင်း ကျမ အိပ်ပျော်သွားသည်။
ညုသံခရာသံ စမြုပ်ပြန်နေသံတွေ တချက်ချက် နားထဲ ဝင်လာပေမဲ့ အိပ်ရေးမပျက်အောင် ဆက်အိပ်ရင်း မနက်ငါးနာရီပုံမှန်နိုးလာသည်။
မျက်နာသစ် ရေချိုးပြီး သနပ်ခါးခဲလေးသွေးကာ လူးပြီး ပဲနို့တဗူးနဲ့ ပေါင်မုန့်တလုံးကို ဆွမ်းတော့အမှတ်နဲ့ ကပ်ပြီး ငါးပါးသီလ ခံကာ ရှိခိုးမေတ္တာပို့အမျှဝေလိုက်သည်။
” စွန့်ပါဘုရား” လို့ ပြောပြီး ပဲနို့နဲ့ ပေါင်မုန့်ကို ယူကာ စားသောက်လိုက်သည်။
မတူးကတော့ အိပ်မောကျနေဆဲပါ
ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်မိတော့
အိမ်ရှင် မိသားစုတွေ ခြံပတ်လမ်းပေါ် လမ်းလျောက်နေကြတာကို တွေ့လိုက်ရသည်။
” အော် ကျန်းမာရေး လိုက်စားကြတာကိုး ဟိုက ပိန်ပိန်နဲ့ အဖိုးကြီးပဲဖြစ်မယ် တီဘီရောဂါသည်က ” ဟုကျမ ပြောရင်း ကြည့်နေသည်။
လမ်းကို ဖြေးဖြေး လျောက်နေသည်။
ဘေးက သူနာပြု ဆရာနှစ်ယောက်က သူနာပြုဝတ်စုံနဲ့ ဖေးကူတွဲနေတာမြင်တော့
” အင်း သူတို့လို လူချမ်းသာလည်း ရွှေကုတင်နဲ့အိပ်ရလဲ ဝေဒနါကအချိန်တန်တော့ဖိစီးတာခံရတာပဲ ။
ဟု တွေးနေတုန်း ကျမတို့အခန်းနဲ့အနီး ဆုံးလမ်းမှာ လင်မယားစုံတွဲကောက်လာကာ မောဖြေလေတော့
” အော် လူငယ်တွေပဲ ညားကာစထင်ပါရဲ့ ” ဟု ပြောပြီး
ကျမလည်း အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျောက်နေလိုက်သည်။
အလုပ်ချိန် ရောက်တော့ တန်းစီကြရာ
” ဒီနေ့က သူဌေး မိသားစုကိုယ်တိုင် စကားပြောလိမ့်မယ် ပြီးရင် အရည်အခြင်းစစ်ပြီး လစာတိုးပေးမယ် အလုပ်ဌာန ပြောင်းပေးမယ် နှစ်အလိုက် ဘောနက်စ် ပေးမယ် သင်္ကြန်အကြိုနေ့တိုင်း ထုံးစံပဲ” ဟု ပြော၍ ကျမ ရင်တွေခုန်နေသည် ။
မျော်လင့်ချက် မရှိသော်လည်း ရဖို့ဘောနက်စ်ကလည်း တလပင်မပြည့်နေတော့မမျော်မိပါဘူး
ရင်ခုန်တာက သူဌေးမိသားစု တွေကို အနီးကပ်မြင်ရတော့မှာမို့ ရင်ခုန်မိတာပါ ။
” အဟမ်း ဟမ်း အေ့.. ခုလို ဆုံတွေ့ရတာ ဝမ်းသာမဆုံးပါဘူး ”
အသက် ၇၀အရွယ် အဖိုးကြီးက ဖြေးဖြေးချင်း ပြောပေမဲ့ မိုက်ကနေတဆင့် ဆောင်းဘောက်ကြီးကနေ ကျယ်လောင်စွာ ထွက်လာသည်။
“ခိခိ မသိရင် သီချင်ပဲဆိုတော့မလားလို့ ငယ်ကျွမ်းဆွေ သီချင်းစာသားနဲ့တူနေတာကြီး ” ဟု ကျမ တွေးမိပြီး ခိုးရယ်လိုက်သည်။
” ဝန်ထမ်း သစ် မဦး ရှေ့ကိုလာပေးပါ”
” ဟင်” ကျမ လန့်သွားသည် ရယ်မိတဲ့ ပါးစပ်ကို အမြန် စေ့ပြီး ငါရယ်မိတာလူမိပြီ…စိုးရိမ်စိတ်နဲ့ ရှေ့ကို မရဲတရဲ ထွက်လာခဲ့သည်။
အိမ်ထိမ်းကြီးက
” ဒီမှာ ကြည့်ကြပါ မဦးကို”.ဟု မိုက်နဲ့ အော်ပြောတော့ ကျမလည်း ပိုလန့်သွားသည်။
ကျမကို ပြပြီး အပြစ်ဖော်ထုက်တော့မှာလို့ သိပြီး လက်တွေအေးလာသည် ခြေကမခိုင်သလိုနဲ့ တုန်လာသည်။
” ဒီမဦးဟာ အလုပ်စဝင်ကတည်းက မနေ့ကထိ သူ့တာဝန်ကို သူကျေတယ် စေတနာပါပါ လုပ်ကိုင်တယ် လက်မဆော့ဘူး သူ့စည်း ကိုယ့်စည်း သိတယ် ဒီမှာကြည့်ကြ သူ့လုပ်ရည်ကိုင်ရယ်ကို ဒီလို ပြဖို့လူမရှိလို့ မပြခဲ့ရတာ ငါ့လက်ထက်ထဲကပဲ တွေ့လား အိမ်သာဆေးတာကအစ စနစ်တကျနဲ့ ဘယ်သူမှ သတိတရနဲ့ မသုတ်မသင်တဲ့ ဓာတ်ပုံကအစ သူလုပ်ပေးတယ် ကျန်တဲ့လူတွေ သုံးခန်းကို နာရီဝက်နဲ့အပြီးလုပ်တယ် သူက တခန်းကို နာရီဝက်ကြာတယ် အလကားမနေတတ်တဲ့ သူ့ရဲ့ဗီဇစိတ်က အလုပ်စဝင်တဲ့နေ့မှာ မီးဖိုချောင်ဘက်ကူဖို့သွားခဲ့တယ် အဲ့ဒါကြောင့် ခုက စပြီး ဝန်ထမ်း စောင့်ကြည့် ခိုင်းစေတဲ့ ဝန်ထမ်းခေါင်းအဖြစ် ရာထူးတိုးပေးလိုက်တယ် ဘောနက်စ်ကိုလည်း နှစ်ကြီးသမားတွေလို တန်းတူ ပေးမယ် ဒါကြောင့် ဝန်ထမ်းတွေအကုန်လုံး လုက်သက်ဘယ်လောက်ကြာကြာ ဒီမဦး ခိုင်းတာလုပ်ရမယ် ခင်ဗျားတို့ကို ပေါ့ပါးတဲ့ တာဝန်ပေးထားတာပါ ။ ဒါပါပဲ ”
ဟု အိမ်ထိမ်းကြီးကပြောပြီး
သူဌေး မိသားစုတွေက တစ်ဦးချင်း နုက်ဆက်စကားပြောကြပြီး စာအိတ်တွေ ပေးခြင်းဖြင့် အစည်းဝေးကပြီးသွားသည်။
” ရော့ မဦး ”
ဝတ်စုံ သုံးစုံကို သူဌေးရဲ့သမီးကြီးက ပေးအပ်လေသည်။
” မဦး ဒီနေ့က စပြီး စဝတ်ပါ ပြီးရင် ဝန်ထမ်း အလုပ်ချိန် ဇယားကို ကြည့်ပြီး သူတို့လုပ်ကိုင်တာ စနစ်ကျမမကျ စစ်ပါ လိုအပ်ရင် ခိုင်းပါ မနာခံတဲ့ ဝန်ထမ်းရှိရင် ” ဦးသု” ကိုပြောပါ ”
ဟု အိမ်ထိမ်းကိုပြကာ ပြောပြီး ထွက်သွားကြသည်။
ဝန်ထမ်းတွေ အားလုံး ကျမကို ဝိုင်းကြည့်နေကြသည်။
ဝတ်စုံလဲပြီးတော့ မှန်ထဲ ကြည့်ပြီး
” အယ် ခိခိ ခုကပိုဆိုးပြီ” ဟု ကျမ ပြောကာ ရယ်မိသွားသည်။
အဘယ်ကြောင့်ဆို သော်…
ရွှေရောင်လက်လက်ထနေတဲ့ အင်္ကျီ နဲ့ ဒူးဖုံး စကက် အမဲဖြစ်နေလို့ပါ
အသားကမဲ ဆံပင်က ကောက်ကောက်နဲ့ ခေါင်းဆောင်း သာမဝတ်ထားရင် နီဂရိုးမကြီးပါပဲ ။
” မဦး အခန်း ပြောင်းရမယ် သူက သန့်ရှင်းရေးသမား အသစ်ပဲ ” ဟု ပြောကာ လူသစ်က ကျမနေရာတွင်ရောက်လညတော့ ကျမလည်း လာပြောသူနဲ့ သေတ္တာလေးမကာ အခန်းပြောင်းရလေသည်။
သွားရင်းနဲ့ အိမ်မကြီးဘက်ရောက်လာတော့
” အမ ဘယ်ကို သွားနေတာလည်း ” ဟု မေးရာ
” သူဌေး မိသားစုနဲ့ အနီးကပ်နေရမှာလေ ” ဟု ပြောပြီး မီးဖိုဆောင်အနီးက အခန်းထဲ ခေါ်လာသည်။
စပလိမ်မွေ့ယာနဲ့ မုန်တင်ခုံနဲ့ အခန်းက ဟိုတယ်လိုပဲ အိပ်ယာခင်းစောင်က အဖြူတွေကြီးဖြစ်နေသည်။
ရေချိူးခန်း အိမ်သာကလည်း သန့်ရှင်းနေသည်။
ကျမ အကြိုက်ဆုံးကတော့ မှန်တင်ခုံဘေးက ကျောက်ပျဥ်နဲ့ ရွှေဘို သနပ်ခါးတုံးပါပဲ ။
” ရော့ မဦး ဒါကိုင်ပြီး ကျမနောက်လိုက်ခဲ့ ဒါက ဝန်ထမ်းတွေလုပ်နေရတဲ့ ဇယား ”
ဟု ပြောကာ ကပ်ပြားတခုပေးလာသည်။
လက်ထဲ ရောက်လာတဲ့အတံလေးကို ကြည့်ရင်း ထောင်ကားထဲက ထောင်ရဲမေတွေ ကိုင်တဲ့ အတံနဲ့တူနေလို့ ကျမ ပြုံးမိပြန်သည်။
ကျမ တို့ဝန်ထမ်းတွေ သိလိုက်ရတာက တအိမ်လုံး၌ စီစီတီဗွီတွေ ရှိနေတာကိုပါ ။
အရင်ဆုံး မတူးနဲ့ ဝန်ထမ်းသစ် ဆီ ဝင်ကြည်ရသည်။
” အံမယ် ခုတော့လည်း ချောင်ကြိုချောင်ကြားထိ ကျမ ဆေးသလိုဆေးနေသားပဲ ”
ဟု စိတ်ထဲက ပြောပြီး
ထွက်လာသည် ။
” ဘာမှ မပြောဘူးလား မဦး ”
ဟု ဘေးကပါလာသူကမေးရာ
” သူလုပ်တာ မှန်နေတာပဲလေ သူပြီးမှ တခေါက်ဝင်စစ်မယ် ” ဟု ပြောပြီး အခန်း၆ထဲ က ကလေးမကို ဝင်စစ်တော့ မတ်ကို မေးစေ့မှာ ချိတ်ထား၍
” ညည်းနာမည်က ” ဟုမေးရာ
” အကြင်နာ ပါ မမ” တဲ့
” ခိခိ အိမ်ဖော်နာမည်ကလည်း အကြင်နာတဲ့လား… အင်း သူ့မိဘတွေလည်း သူတို့သမီးလေး အိမ်ဖော်ဖြစ်လိမ့်မယ်လို့ ဘယ်ထင်ပါ့မလည်း ”
စိတ်ထဲက ပြောမိရင်း
” မတ်ကို သေချာတပ်ပါ ဒီအခန်းက အဖိုးမှာ တီဘီရှိတယ် တွေ့လား သလိပ်ထဲ သွေးတွေ ဒါတွေကို သေချာထုပ်သိမ်းချည်ပြီး ပုံးထဲသေချာပစ်
ရတဲ့လခနဲ့ မတန်ပဲ ရောဂါရသွားမယ်
သူဌေးတောင် ကုမရတာ တွေ့လား ဆက်လုပ်”
ဟု ပြောမိပြီးမှ ” ကျွတ် ” ကနဲစုတ်သပ်မိသွားကာ နောင်တရသွားသည်။
ကင်မရာကတဆင့် စောင့်ကြည့်နေကြမည်ကို မေ့ပြီး ပြောလိုက်၍ပါ
” အင်း ငါတော့ ဒီနေ့ရာထူးတက်ပြီး ဒီနေ့ပြုက်ပြေးရမယ်ထင်ပါရဲ့ ”
ဟု ပြောပြီး တနေရာပြီးတနေရာ လိုက်စစ်ရင်း မှတ်သားရာကနေ မီးဖိုဆောင်အကြီးကြီးထဲ ရောက်လာသည်။
” သူလား မဦးဆိုတာ ”
” ဟုတ် စားဖိုမှူးကြီး ”
” အင်း မသိရင် အာဖရိကတိုက်က အမဲမလားထင်ရတယ် ကဲ ဒို့နဲ့ မဆိုင်ပေမဲ့ ဒို့ ချက်တာကို အရင်ဆုံး မြည်းစမ်းရမဲ့တာဝန် ယူထားသူမို့ လေးစားပါတယ် ”
ဟု ပြောပြီး လက်ဆွဲနုက်ဆက်လေရာ
ဒီတာဝန်ပါယူရပါလားလို့ သိလိုက်ရသည်။
အရင်က စိတ်ကူးနဲ့တောင် မမြင်ဖူးတဲ့ သူဌေးတွေရဲ့ ထမင်းဝိုင်းကို ခု နေ့စဥ်မြင်ရပါတော့မည်။
စားဖိုမှူးရယ် ဒါးကိုင်ရယ် တောက်တိုမည်ရ လုပ်သူရယ် သုံးယောက်နဲ့မိတ်ဆက်ပြီး နောက်ဆုံး သူဌေးမိသားစု ထိုင်နေသော ဧည့်ခန်းဆီ ရောက်လာရသည်။
သူတို့ရှေ့က နံရံတွင် တပ်ထားသော လက်မ ၆၀ခန့်တီဗွီကြီးတွင် ကျမပုံပေါ်နေသည်။
သေချာပြီ သူတို့ကြားသိထားပြီဆိုတာ နဖူးက ချွေးတွေ စီးကျလာသည်။
အဲကွန်းကအအေးက ဇောချွေးကိုမတားစီးနိုင်ပါ။
” ဖျောင်းဖျောင်းဖျောင်း ”
မိသားစုအားလုံး လက်ခုပ်တီးလိုက်၍ စိတ်အနည်းငယ်အေးသွားသည်။
အဲ့အကြောင်းကို မကြားမိ မကြည့်မိကြ၍ဟုထင်မိတာ မှားလေသည်။
” ကဲ မသုန် သွားလို့ရပြီ” ဟုပြော၍ ဘေူကပါလာသူအမည်က မသုန်ဟုသိလိုက်ရသည်။
” ကဲ ထိုင် မဦး စိတ်ကို လွတ်ချထား နေတတ်သလိုနေ ဟားး အဟွတ်ဟွတ်ဟွတ်” အဖိုးကြီးက ပြောရင်းနဲ့ မျက်နာက မတ်ကို ဖယ်ကာ အဝတ်စနဲ့ ပိတ်ပြီး ချောင်းဆိုးနေသည်။
သူနာပြုနှစ်ယောက်က ကျောကို ထုပေးနေကြသည်။
ပြီးတာနဲ့ အိတ်တခုထဲ သွေးစပေးနေသောအဝတ်ကို ထဲ့ကာပိတ်လိုက်သည်။
” အဖေ သက်သာသလို နေပါ သမီးပြောပါ့မယ် ”
#လင်ငယ် နေကြသူများ… ၆ ဇာတ်သိမ်း
😎😎😎😎😎
အသက်၅၀အရွယ် သူဌေးမ က သူ့အဖေကို ပြောပြီး ကျမဘက်လှည့်ကာ
” မဦးကို ကျမတို့မိသားစုက ထူးခြားလို့ ဒုအိမ်ထိမ်း အဖြစ်ရွေးခဲ့တာပါ
ဦးသုံက အသက်၂၀ထဲက ကျမ ဖေဖေ ရွေးခဲ့တာ ခု သူ့အသက် ၅၀ ရှိပြီ” ဟု ပြောလာတော့ ကျမ မတုန့်မဆိုင်းပဲ အမြန်ပြောလိုက်မိတာက
” ကျမက နောက်နှစ်နှစ်ပဲဲ လုပ်မှာပါ ”
ဟု ပြောအပြီး
” ဟင် မဦးက ငယ်နေတာကို တလ ဆယ်သိန်း ဘယ်မှာရနိုင်မလည်း
အသက်၅၀ လောက်ထိ လုပ်ပေးပါ ” တဲ့ ဒါနဲ့ ကျမလည်း မိသားစု ရည်မှန်းချက်ကို ပြောပြလိုက်တော့တယ်။
ငွေချမ်းသာကြပြီး အလုပ်သမားအပေါ် အရိုးစွဲ တာကို မမြင်ဖူးလို့လည်း အံ့ဩရသည်။
” ဟုတ်ပါပြီ ဒါဆို မဦး ယောက်ကျားကို ပြောထားလေ နောက်နှစ် ကျောင်းဖွင့်ရင် ကျမ တို့က မဦးသားကို ဘော်ဒါမှာခေါ်ထားပေးမယ် တောမှာထက် ဒီမှာက ပညာရေးကောင်းတယ် နောက်နှစ်နှစ်နေရင် မဦး ယောက်ကျားကိုပါ
ခေါ်ထားလေ သူနိုင်ရာ တာဝန်တခု ကျမတို့က ပေးမယ် ခုနေတဲ့ အခန်းက နေလို့လောက်ပါတယ် နော် ”
ဟု လိုက်ရောလာတော့ မငြင်းသာတာမဟုတ် မငြင်းနိုင်လို့ လက်ခံလိုက်သည်။
” နောက်ဆုံး ပြောချင်တာက ဘာမဆို ဒီနေ့လိုပဲ ရဲရဲဝံ့ဝံ့ပြောပေးပါ ဒီဘက်က လည်း အဖေ့ရဲ့ သွေးစတွေကို ပိုးသတ်အိတ်နဲ့ ထုပ်ပို့ပါ့မယ် ကဲ မဦး လုပ်စရာရှိတာလုပ်ပါတော့”
ဟု ပြော၍ ထလာခဲ့သည်။
နာရီကြည့် ပြီး မတူးတို့ဆီ သွားကြည့်ရာ လူကိုမတွေ့တော့၍ သေချာစစ်ဆေးကြည့်သည်။
အားလုံးသန့်နေ၍ ထွက်လာရင်း အိပ်ခန်း ၆ခန်းထဲက မိသားစုတွေကို မှတ်မိသွားသည်။
သူဌေး အခန်း သမီးလင်မယားအခန်း
မြေးလင်မယားအခန်း မြေးအပျိုမ အခန်း မြေးသားပျိုအခန်း
မြစ်ဖြစ်သူ အခန်းတွေကို မှတ်သားထားပြီး လျော်ဖွတ် မီးပူတိုက်သူတွေ အိမ်မကြီးထဲ လုပ်ရသူတွေ ခြံထဲ လုပ်သူတွေ ကို အချိန်တိုအတွင်းမှာ မှတ်မိသွားရသည်။
ယခင်လို တနာရီခွဲလောက်လုပ်ပြီး နားမနေရပါ
ဆယ်တစ်နာရီမှာ ဖုန်းဝင်လာသည်။
စားဖိုဆောင်က ခေါ်တာပါ
ဗိုက်လည်း ဆာနေတော့
သွားပြီး ဟင်းမြည်းရမည်မို့
ဘာဟင်းတွေပါလိမ့်လို့ တွေးရင်းရောက်လာသည်။
ခမ်းနား ကြီးကျယ်သော ကျွန်းကို ရွှေကွတ်ထားသော စားပွဲရှည်ကြီး၌ ခင်ကျင်းထားသော ဟင်းလျှာအစုံနှင့် ထမင်းပွဲတွင် သူဌေးမိသားစု ထိုင်နေကြသည်။
မသုနဲ့ ဦးသုန် က ပန်ကန်တခုထဲ ဟင်းတွေ အစုံယူထဲ့နေသည်။
ဟင်း တွေနဲ့ ထမင်း တပန်းကန်ကို အနီးက စားပွဲငယ်တွင် ချပြီး အသင့်ခူးထားသောထမင်းသုံးပန်ကန်ကို ပြပြီး
” လာ မဦး စားကြရအောင်”
ဟု ပြော၍ သုံးယောက်သားအတူတူ စားကြသည်။
ဦးဦးဖျားဖျား စားရတာမို့ အားနာနေမိသည်။
နောက်မှ သိရတာက အဆိပ်ရှောင်တာမှန်း သိလိုက်ရသည်။
” အင်း လစာ နဲ့တန်အောင် ပေါ့ ”
” မကြောက်ပါနဲ့ မဦး ဒီလိုသိထားလို့ အဆိပ်ခက်မဲ့စားဖိုမှုးကလည်း မခပ်နိုင်ပါဘူး ”
ဟု ပြောပြသော ဦးသုံ ကို တချက်ကြည့်ပြီး…
ဒီလူကြီး ဒီအိမ်မှာ ကျွန်ခံလာတာ မငြီးငွေ့ဘူးလား မသိ ဟု တွေးမိပြန်သည်။
ကျမတို့မှာ ရုံးခန်းရှိသည် ထိုရုံးထဲတွင် စီစီတီဗွီတွေ ရှိသည်။
စက်ပိုင်းကို ဦးသုံက ကိုင်သည်။
စောင့်ကြည့်ရတာက ကျမတို့တာဝန်ဖြစ်သည်။
မနက်စာ စားပြီးတာနဲ့ သူဌေးအိုကလွဲပြီး ကျန်လူတွေ ကားကိုယ်စီနဲ့ ထွက်သွားကြသည်။
” အဲ့လင်မယားက သူဌေး မြေးက ဘယ်သူလည်း” ဟု မေးမိရာ
” မိန်းကလေးက သူဌေးမြေး သားလေးတယောက်ရပြီ ”
အဖိုးကြီး အိပ်ခန်းကလွဲပြီး ကျန်အိပ်ခန်းတွေမှာ စီစီတီဗွီကို မတပ်ထားမှန်းသိလိုက်ရသည်။
မတူး တက်အိပ်ကြည့်တာ သူတို့မသိ၍ တော်သေးသည်ဟု တွေးမိသေးသည်။
ဒီလိုနဲ့ တနှစ်ကြာသွားသည်။
အပျိုမလေးနဲ့ သူ့ခဲအို အကြောင်းလဲ သိခဲ့ရသည်။
သူများပြောပြ၍ မဟုတ်ပါ သူတို့ချင်း အကြည့်တွေ ကတဆင့် သိခဲ့ရတာပါ ။
” အော် ရပ်ကွက်ထဲက လူတွေ ပြောနေကြစကားက ခယ်မကလိုက်ပွဲဆိုတာ
ခု လူချမ်းသာသမတ်က ကံထူးပြီး ညီအမနှစ်လောက်လုံးနဲ့ ဖြစ်နေတယ်
ဟို အကာအကွယ်က သူ့ညီမနဲ့ အိပ်တာလား သူ့မယားနဲ့အိပ်တာလား ” ဟု တွေးနေရတာလည်း အလုပ်တခုပါ
မိန်းမက စင်ကာပူသို့ သွားတိုင်း ညီမက အမအခန်းကူးတာကို စင်္ကြန်စီစီတီဗီီကနေ တွေ့လိုက်ရပြီး ထဲက စောင့်ကြည့်နေခဲ့သည်။
ဒါတွေကို ဦးသုံတို့လည်း သိမှာပါ
ကျမတို့အချင်းချင်း လဲ ထိုအကြောင်းကို မပြောကြပါဘူး ။
ကလေးကို ကျောင်းပြောင်းဖို့ ကျမအမေက သဘောမတူ၍ မပြောင်းခဲ့ရပါဘူး
အိမ်သားကလည်း သူတတ်ထားတဲ့ အလူမီနီယမ် ပညာနဲ့ပဲ ရွာမှာလုပ်ငန်းတည်မယ်ပြောလို့ ကျမ နှစ်ရှည်ဝန်ထမ်းမလုပ်တော့ကြောင်း ပြောထား ပြီးပါပြီ။
မတူး ကလည်း ကျမကို စကားရဲရဲမပြောရဲတော့ စကားမပြောဖြစ်ပါ။
ပြောဖြစ်တာက စားဖိုမှုးတွေနဲ့ပါ အဲ့ထဲက ဝန်ထမ်းစာ ချက်တဲ့ ဒေါ်ဆွေနဲ့ ပိုပြောဖြစ်သည်။
” ငမဲမ လာပြီ” ဟု အစက အဲ့လိုပေမဲ့ ကျမက အပြစ်မရှာတတ်တော့ ခင်လာကြသည်။
” မဦး ညည်းသိပ်ကံကောင်းတာပဲ
သူဌေးတွေ ရဲ့ လူယုံဖြစ်တာ ခုဆို ဝန်ထမ်းတွေဘအားလုံး မခိုမကပ်ကြတော့ဘူး ”
” အင်း ဒါနဲ့ ဒေါ်ဆွေ ကရော သားသမီးတွေ မရှိဘူးလား ”
” ရှိတာပေါ့ အိမ်ထောင် ကိုယ်စီကျကုန်ပြီ ခုက အိုစာနာစာ စုနေတာ မကျန်းမာလို့နေဝင်ချိန် ရောက်ရင် ရွာပြန်ပြီး ခေါင်းချမယ် ” တဲ့ ဘဝတွေက စုံလှသည်။
သားသမီးတွေ မခိုမကပ်မနေပဲ ခုလို အလုပ်လုပ်နေ၍ သနားမိသည်။
” ယောက်ကျားကရော ” ဟု မေးမိတော့… ဇာတ်လမ်း တပုပ် ကြားရပြန်သည်။
” ငါ့ယောက်ကျားက စီးပွားရေးသမား ငါတို့သားအမိကို တင့်တယ်စွာထားပါရဲ့ ဒါပေမဲ့ မိန်းမပွေတယ် ငါကမခံစားနိုင်ဘူး အဆိပ်သောက်ပြရတာ ခဏခဏပဲ ဒါလည်း ဖောက်တာပဲ
လင်မယားချင်းက တွေ့ရင်ရန်ပဲဖြစ်နေတော့တာ ကလေးနှစ်ယောက်လည်း အိမ်ထောင်ပြုစောကြတယ် ငါလည်း တယောက်တည်းပြင်းတာနဲ့ လိုင်းတက်မိရော အဲ့မှာ ကောင်တ ကောင်နဲ့ ငြိပါရော ငါလည်း အထီးကျန်နေတာနဲ့ သူလည်းဖောက်လာတာ စညားကတည်းကမို့ ရွဲ့ပြီး ပတ်သက်မိတာ
ငါ့ရှိတာတွေကုန်ရောပဲ ရင်ခွင်ထဲ ထဲ့ပြီး ပူစာတတ်တဲ့ သူတောင်းစားကို ခုတွေးမိရင် ခုရွံတယ် ” တဲ့ ကျမလည်း ဆက်ပြောလာမဲ့ အပိုင်းကို မျော်လင့်ပြီး
” အဲ့ကနေ ဘာဆက်ဖြစ်လဲ ” ဟု ထောက်လိုက်ရာ
” ဘာဖြစ်ရမလည်း လင်က ပစ္စည်းစားရင်း ငွေစားရင်းတွေစစ်ရင်း ဖုန်းကိုစစ်တော်မိပါရောလား ငါက စာတွေမဖျက်တတ်ဘူးလေ အဲ့မီာငါ့ကို ရိုက်ပုပ်ပြီး ရက်ကွက်ရုံးမှာ သက်သေတွေပြတာ ငါ့မယ် ရှက်တာအေ သူဖောက်ပြန်တာထပြောတော့ လူကြီးကဘာပြောတယ်ထင်လဲ ” ယောက်ကျားနဲ့ မိန်းမ မတူဘူး “တဲ့ ရင်နာလို့မဆုံးဘူး မိန်းမပေါင်းများစွာနဲ့ဖောက်ပြန်တဲ့ လူကျ အပြစ်မပြောဘူး တကြိမ်လေး ဖောက်မိတဲ့ငါ့ကို ဖုန်းနဲ့ မှတ်ပုံတင်တခုပဲပေးပြီး ကွာပစ်တယ် အိမ်ရိပ်တောင်နင်းမရဘူး ငါလည်း ငါပေးကမ်းထားတဲ့ ကောင်ဆီ သွားတာပေါ့ သူကမသိတော့ အတူနေသေးတာ မိုးချုပ်တဲ့ထိ ငါမပြန်မှ မေးလို့ သူနဲ့ပဲနေတော့မယ်ပြောမှ ဇာတိကပေါ်လာ ခင်ဗျားကြီးကို မယူနိုင်ဘူးတဲ့
ဒါဆို ငါ့ပစ္စည်းတွေ ငါပေးထားတာတွေ ပြန်ပေးဆိုတော့ ဒင်းက ငါမသိအောင် အကုန်ယူပြီး လစ်သွားတာ ငါ့မယ် သူငှားထားတဲ့အိမ်မှာ တယောက်တည်းကျန်နေတာ မသာက ငါအိပ်နေတုန်း နားက နားကပ်ပါ ဖြုက်သွားတာ ငါ့မယ် အိုကြီးအိုမနဲ့ မထမင်းငက်ဖူးရတယ် အိမ်နားက အလုပ်သမားရှာနေတာကြားလို့ မေးကြည့်ပြီး ဒီကို ရောက်လာတာပဲ ကြာပြီ ငွေလည်း အတော်စုမိပြီ ”
ဟု ပြောပြအပြီး
သူဖောက်လို့ ကိုယ်ဖောက်မရတဲ့ မိန်းမတွေရဲ့ ဘဝကိုပါ သနားမိပေမဲ့ သူ့အမှားက ကိုယ့်အမှားဖြစ်ရတာ သားသမီးနဲ့ပတ်ဝန်းကျင်ရဲ့ အရိုသေတန်တာ ခံရတာက မိန်းမတွေကပိုသည်ဟု တွေးကာ
” တရားဝင် ကွာပြီး တလင်ကို အတိအလင်းယူပြလိုက်ရမှာ အဒေါ်က ”
ဟု ပြောမိတော့
” ငါက ရှက်လို့လေ” တဲ့
ဒီလိုနဲ့ ခင်မင် နေကြပြီး ကြာလာတော့
အိမ်ရှင် သဌေးမိသားစုနဲ့ပါ ခင်မင်လာခဲ့သည်။ လူဆိုတဲ့ အမျိုးကလည်း ကြာကြာပေါင်းမှ အကြောင်းသိရတာမို့ ခုကြာလာတော့ အကြောင်းသိလာသည်။
သူဌေးအိုရဲ့ သမီးက နှစ်ယောက်နဲ့ ဟန်မပျက်နေနေတာပါ သိခွင့်ရခဲ့သည်။
ငယ်ကျွန်ကြီး ဦးသုံနဲ့က ငယ်ချစ်ဦးဖြစ်ပြီး လက်ရှိ ကလေးတွေအဖေနဲ့က မိဘသဘောတူလို့ လက်ထပ်ထားရတဲ့ လင်မှန်း သိခဲ့သည်။
သိပြီဆိုတာနဲ့ သံသယစိတ်က ဝင်လာသည်။
ကလေးတွေကြည့်ရတာ ဦးသုန်နဲ့ တူလာသလိုမို့ ခေါင်းကို ခါပစ်လိုက်ရသည်။
မကြာပါဘူး ခဲအိုကို ရွဲ့ပြီး မိဘသေဘောတူတဲ့လူနဲ့ လက်ထပ်ပြန်တဲ့ သမီးပျိုကို ကြည့်ရင်း
ခဲအိုနဲ့ တကယ်ပြတ်သလား မပြတ်သလား သိချင်ပေမဲ့ ရည်မှန်းထားတဲ့အတိုင်း နှစ်နှစ်ပြည့်လာတော့ ရွာကိုပြန်ရပါတော့သည်။
” ရော့ မဦး ကားသော့ ကားက အမျိုးစားကောင်းတယ် နယ်ဘက်နဲ့ အကိုက်ပဲ ဒါပေးချင်လို့ မဦးကို ကားမောင်းသင်ပေးခဲ့တာ ခုလိုပဲ ကျမတို့အတွင်းရေးတွေကို နုက်လုံပေးပါ” ဆိုပြီး သူဌေးမကြီးက ပြောကာ ဖိုးဝှီးကားတစ်စီးကို လက်ဆောင်ပေးလေသည်။
ဒါနဲ့ပဲ သားနဲ့ သားအဖေကို လှမ်းခေါ်ပြီး သူဌေးမိသားစုကို ကျေးဇူးတင်စကားပြောကာ ထွက်ခဲ့သည်။
အပြန်၌ လှနိုင်တို့ဆီ ဝင်လည်ဖြစ်သေးသည်။
ကားဂိတ်အနီးမှာ ထမင်းဆိုင်လေးဖွင့်ထားကြတဲ့ လှနိုင်နဲ့ မိထော်တို့လင်မယားကို တွေ့တော့
” မိထော်က သတိရနေတာ မဦးကို ”
” အေးမိထော် ဒါ့ငါလင်ပဲ ဒါက ငါ့သား ”
” ဟယ် မထင်ရဘူးတော် အကိုက ဖြူဖြူ ချောချောခန့်ခန့် သားကအဖေနဲ့တူတာ မျက်နာပေါက်ကသာ မဦးနဲ့တူတာ ခိခိ ”
မွေးခါနီး ဗိုက်နဲ့ မိထော် ကို ကြည့်ရင်း
သူ့လင် ပိုင်းလုံးဖြစ်ဖူးတာ မသိလေခြင်းလို့ စိတ်ထဲက ပြောနေတုန်း
” ဟော ဟိုမယ် တော့်မယားငယ်ဟင်းလာဝယ်နေပြီ ”
ဟု မိထော်ကလှမ်းပြောရာ ကျမ ကြည့်မိတော့ လူချမ်းသာ အမျိုးသမီး တစ်ဦး ဆိုင်ထဲဝင်လာသည်ကို တွေ့ရလေသည်။
” သားလေးရေ မားဖို့ ဝက်သားနီချက်လေးတပွဲပါဆယ်ထဲ့ပေး ရော့ ဒါလေးလမ်းကြုံလို့ ဝင်ဝယ်လာတာ မားရဲ့သားလေးနဲ့လိုက်မယ်ထင်လို့ ” ဟု ပြောကာ ဝတ်စုံတစုံပေးနေသည်။
မိထော်ကို ကြည့်မိတော့ မျက်နာက မဲ့ရွဲ့နေ၍
“မိထော် ဒါမျိုးကြ ဝင်လုံးပစ်ရတယ်”
” ဟင် ဘယ်လို မဦး ခုလုံးရင် ဗိုက်ထဲကသားလေးထိမယ်လေ” တဲ့
” ဟားးး အဲ့လို လုံးခိုင်းတာမဟုတ်ဘူး
မားရေ ကျေးဇူးပဲ ဒါနဲ့ သမီးဖို့မြေးဖို့ကြမပါဘူးလားမားရယ် ဘာညာနဲ့ အချိုလုံးလေး လုံးခိုင်းတာ ”
” အော် ခိခိ သိပြီ ”
ဟု ပြောကာ ဗိုက်ကြီး ကော့လန်ကော့လန်နဲ့ သွားကာ
” လှကြီး မားကြိုက်တာ သုံးထပ်သားနော် ပိုထဲ့ပေး အယ် အဆင်လေးကလှတာ ကျုပ်ခင်နဲ့တော့အံကိုက်ပဲ ဒါနဲ့ မားရယ် အားနာတာပဲ စိတ်လဲမကောင်းဘူး”
“အယ် ဘာလို့လည်း ဗိုက်ဗိုက်ရယ် ”
” အော် မားက ငါတို့သားအမိကြ ဘာမှမဝယ်ပေးဖူးဘူး လှကြီးပဲဝယ်ပေးနေတာ မို့ စိတ်မကောင်းနေတာ လှကြီး က ဒီလို စျေးကြီးတာတွေ ဝတ်မတတ်ဘူး မားပေးတာအကုန် ပြန်ရောင်းစားပစ်တာရောင်းရငွေနဲ့ မိထော်ဖို့ ပြန်ဝယ်ပေးတာ ”
ဟု ပြောအပြီး
” နောက်ဆို အတူတူဝယ်ပေးမယ် ပြန်မရောင်းပဲ ဝတ်နော် သားလေး” ဟု ပြောနေတာကို လှနိူင်က ဟုတ်ဟုသာပြောလိုက်သည် ထိုမိန်းမထွက်သွားတော့
” အဲ့လိုပဲ မဦး မိထော်က တွေ့သမျှ မိန်းမနဲ့သဝန်တိုနေတာ ကိုယ့်အမေအရွယ်လဲမရဘူး ရသမျှလက်ဆောင်လဲ သူပဲ ရောင်းပြီးသူလိုချင်တာပြန်ဝယ်နေတာ တချိန်လုံး သူ့အနားရှိနေတာတောင် အီးပါလို့ကြာတောင်မရဘူး စိတ်ကုန်တယ်”ဟု လှနိုင်က ထွက်လာပြီး ပြောရာ
” နင်ကလည်း အဲ့လိုမှ ရမှာကိုး လှနိုင်ရဲ့ မိထော်မှ မိထော်ဆိုတဲ့ အရင်က စိတ်ကို မမေ့ပစ်နဲ့ ကဲ ငါတို့ပြန်တော့မယ် ”
ဟု ပြောကာ ကားကို ကျွမ်းကျင်စွာ မောင်းထွက်သွားသော ကျမကို လှနိုင်တို့ ငေးရင်းကျန်ရစ်ခဲ့လေသည်။
@@@@@@@@@
လမ်းစည်းကမ်း ယာဥ်စည်းကမ်း အကုန် သိထားပြီး သူမို့ အမြန်လမ်းမကြီးရောက်သည်နှင့် သီချင်းဖွင့်ကာ ပုံမှန် မောင်းလာသည်။
” မိဦး ”
” အင်း ပြော ယောက်ကျား ”
” နင် အတော်မိုက်နေတာပဲ ” တဲ့
ဝတ်နေကျ ထမီနဲ့မဟုတ် ထိုင်းကလာတဲ့ စကပ် အရှည်နဲ့ ရယ်ဒီမိတ် အင်္ကျီ ဝတ်ထားပြီး ကားကို စတိုင်ကျကျ မောင်းနေ၍ ခုလို ပြောတာမို့ ပြုံးပြပြီး
” ခေတ်နဲ့ ကိုယ့်အခြေအနေနဲ့ လိုက်ဖက်အောင်ဝတ်စားရပေမဲ့ ကျုပ်က တော်မယား တော်အမြဲခေါ်နေကျ အမဲမပါပဲတော် ကဲ ရှေ့မှာ ထမင်းဆိုင်ပဲ နေ့လည်စာဝင်စားစို့”
” သားက ဆာနေတာအမေရဲ့ မပြောရဲလို့” တဲ့ ကျမ ရင်ထဲ စစ်ကနဲနာသွားသည်။
သုံးနှစ်အရွယ်ထဲက ဖွားအေနဲ့နေခဲ့ရတဲ့သား ကိုးတန်းဖြေပြီးတဲ့ ခုချိန်ထိ အလုပ်ပြတ်လို့ အိမ်ဆောက်ချိန်က ၆လသာအတူနေခဲ့ရတဲ့ သားက ကျမကို ကြောက်နေတာဆိုတော့ အသည်းလည်း နာမိသည်။
” အမေ့သားရယ် ဘာကြောက်စရာရှိလည်း ဆာရင်ဆာတယ်ပြော နောက်ဆို သားဘာဖြစ်ချင်တယ်ပြော ကြားလား အမေက ဖြစ်သင့်တာဆို လုပ်ပေးမယ် အမေတို့အိမ်ပြန်ရောက်ပြီးရင် ရှင်ပြုပေးမယ် ”
” အဖွားဝတ်ပေးလို့ ကိုရင်က ဝတ်ပြီးပါပြီ ကတုံးကြီးနဲ့ မနေချင်ဘူး ” တဲ့
” ဟဲ့ တူမလား အရင်က နင့်ဂျီးတော်တွေအလှူမှာထဲ့လုပ်တာ ခုက အမေနဲ့အဖေက မတည်လှူမှာ မရဘူး ဝတ်ရမယ်”
” ပြောတော့ ဘာဖြစ်ချင်လဲပြောဆိုပြီး ခုပြောတော့လက်လည်းမခံတာကို”
မျက်နာက ဆူပုပ်ပြီး ပြောနေတော့
” ငါပြောထားပြီးသား ဖြစ်ချင်တာပြောလို့ရတယ် ဖြစ်သင့်တာအကုန်လုပ်ပေးမယ် ခုက နင့်အတွက် မင်္ဂလာ ဖြစ်အောင်ငါတို့ လင်မယား ချွေးနဲစာနဲ့ လှူရမှာလေ လက်ခံစရာလား လာ ဆင်းကြ အမလေး ဆာနေပြီ”
ကျမ က ပြောပြီး ကားပေါ်က ဆင်းလိုက်သည်။
” ဧည့်သည် လာတယ်ဟေ့ ”
” ဟင် ဒီအသံကြားဖူးပါတယ်” ဟု ကျမ စဥ်းစားရင်း အသံလာရာဆီသို့ ကြည့်မိရာ
” အယ် ဦးမာလီ ပဲ”
” ဟာ မဦး လာလာ ထိုင်ကြ မိသားစုလိုက်ပါလားဟ”
ဦးမာလီက ငွေသိမ်း ကောင်တာ နောက်ကနေ ထွက်လာပြီး ကြိုသလို
ကလေးနို့တိုက်နေသော မိန်းမကလေးကလည်း ကျမတို့ကို ကြည့်နေသည်။
” ဒါငါ့မိန်းမ နဲ့ ငါ့သားလေး မိန်းမရေ ဒါအရင်က လုပ်ဖော်ကိုင်ဘက် ဖြစ်တဲ့ မဦးပဲ ကဲ ဘာနဲ့စားကြမလဲ ကြည့်ကြ ကြိုက်တာနဲ့စား ငါဧည့်ခံမယ်”
ဟု ပြော၍ ထမင်းကို အရင်စားပြီး
ဘာဟင်နဲ့ဘယ်လောက်ဆိုတာ မီနူးမှာ ရေးထားတာမို့ စားထားသမျှကို တွက်ကာ ကလေးမုန့်ဖို့ဟုပြောပြီး ပေးခဲ့လိုက်သည်။
အပိုစကားတွေ ပြောမနေပဲ နုက်ဆက်ကာ ပြန်ခဲ့သည်။
” ခိခိ ပြောတော့ မြကလေး နဲ့မှမပေါင်းရရင် ဦးမာ ဘုန်းကြီးပဲဝတ်ပြီး မြကလေးအတွက် ကုသိုလ်ပြုပြီး နေသွားပါတော့မယ်လေး ဘာလေးနဲ့”
ဟု စိတ်ထဲက ပြောရင်း မျက်နာက မဲ့သွားမိရာ တချိန်လုံး ကိုယ့်ကို ချစ်မဝ ကြည့်မဝနေတဲ့ လင်က ကြည့်ပြီး
” ဘာဖြစ်တာလဲ အမဲမ သူနဲ့အရင်က ဇာတ်လမ်းလား ” တဲ့
” ဟားးး ဇာတ်လမ်း မလမ်းတော့မသိဘူး သူမာလီလုပ်တုန်းက တည့်ကိုမတည့်တာ ဇာတ်လမ်းနေရင် တော် ကျုပ်အမှီးတောင်ရှာမတွေ့စေရဘူး တောင်တောင်အီးအီးတွေလာပြော မနေနဲ့
ဒါနဲ့ ရှင်ကရော ဘာဇာတ်လမ်းတွေ ရိုက်ခဲ့လည်း ” လို့ ပြန်ပြီး ပြသနာရှာလိုက်တော့
” ဇာတ်ကားရိုက်ဖို့နေနေသာသာ အချိန်ပိုကို လောဘနဲ့ဆင်းရတာနဲ့ ရှုးရှဲနဲ့စားပြီး ငွေစုနေရတာ အလုပ်လုပ်ဖို့ပဲ အားရှိတယ် တွေ့သမျှ မိန်းမတွေက ပေးပေါင်းချင်တာတောင် နင့်အခွက်ကို မေ့မရလို့ဟေ့ ဘယ်ဇာတ်ကားမှ မရိုက်ခဲ့ရဘူး သိပြီလား ဂန်းနာမရဲ့”
” ဟားးး အဖေက ရယ်ရတယ် ဟားး”
ကျမတို့သားလေးက ထရယ်လိုက်၍
ကျမလည်း ရည်မိသွားသည်။
ရွာပြန်ရောက်တော့ ခြံထဲမယ် ကျမ အမေ စိုက်ပေးထားတဲ့ မန်ကျည်းပင် စားတမာပင် စပယ် ခရမ်း စုံနေသော အပင်တွေနဲ့ စိမ်းလန်းနေသည်။
အလှူကြီး ပေးတော့ စိန်ဆွဲသီး ကို ငါးကျပ်ကြိုးမှာချိတ်သည် စိန်နားကပ် ကို ထင်းနေအောင် ဆံပင်တွေပင့်ပြီး ဆံထုံးထုံးထားသည် စိန်လက်စွပ် က အတော်ထင်ပေါ်နေသည်။
ရွာအလှူမို့ စာအိတ်လွတ် ဝက်သားကြက်သားနဲ့ ကြွေးသည်။ အကူပြန်မခံတော့ ကိုယ့်ချွေးနဲစာအစစ်နှင့် လှူရ၍ ကုသိုလ်ရမရတော့မသိပါ လူပုံအလည်မှာ နာမည်ကောင်းတော့ရသည်။
ရွာဦးကျောင်းဆရာတော်ကြီး က ပြုံးပြီး သာဓုခေါ်ခဲ့သည်
ငယ်တုန်းက လက်ဖွဲ့နဲ့လှူတဲ့အလှူဆို ဆရာတော်ကြီးက ကျောင်းဝမှာထိုင်ပြီး
” အေးအေး သွားကြ အားပေးကြ ငဌေးတို့ထမင်း ရောင်းနေတယ် တန်အောင်စားခဲ့ကြ” ဟု ရွဲပြောတာ ခဏခဏကြားဖူး၍ ခုလို လှူတာမဟုတ်ပေမဲ့ တွေးကြည့်တော့လည်း မှန်တယ်လို့ ထင်လို့ တစ်ဦးတည်း လှူခဲ့တာပါ။
သူများ အလှည့်ပြီးတော့ ကျမ အလှည့်ပေါ့ရှင်😁
ကျမ အသက် ၄၀ မပြည့်သေးပါဘူး လင်မရှိတော့လည်း နေနိုင်သည်ပေါ့ ရှိတော့လည်း သာယာချင်တာပေါ့😁
လင်က သူ့အလုပ်ရုံထဲပဲ အချိန်ကုန်နေတယ် အလုပ်လက်ခံပြီး ပြီးတာနဲ့ မှာတဲ့ရွာဆီ ဘိုက်တပ်ပေးတယ် ကားလည်းမောင်းတတ်နေပြီ စီးပွားက သူတယောက်ရှာတာနဲ့တင် အတော်ဖြစ်နေခဲ့သည်။ သားက မြို့ကျောင်းမှာ တက္ကသိုလ်တက်နေပြီ ဒီတိုင်းကတော့ မသိလိုက်ဖာသာပဲ နေနိုင်ပေမဲ့
အမယ် တကယ်တမ်း အပြောချို စအိုခါးနဲ့ထိပ်တိုက်တွေ့တော့ ဘဝမေ့ခိင်ချင်ပဲ 😁
ငယ်သူငယ်ချင်း ဖိုးလုံးက မကြာမကြာအိမ်လာလည်တယ်
” ယောက်ဖ ဘာကူရမလဲ ”
” ရတယ် ဖိုးလုံး အိမ်ထဲမယ်မိဦးရှိတယ် ထမင်းစားသွား” ကျမ လင်က အဲ့လိူသဘောကောင်းတာပါ ။
” မိဦး နင့် ဆံပင် ကောက်ကောက်တွေက ခုထိ လှတုန်းပဲ ”
ဆိုပြီး မကြာခဏ လာလာကိုင်တယ်
အစက သဘောမပေါက်ဘူး ငယ်တုန်းကလည်း ကိုင် နေ ကျကိုး
” နင့်အသားက အကြည့်ခံတာ ငါ့မယားအသားက ဖြူပေမဲ့ ရွဲကျနေပြီ တင်းတိတ်တပုံနဲ့ ကြောက်ပါကြောက်လာတာ ဒီနေ့ နင့်လက်ရာလေးစားပြီး ငါနောင်တရနေတာ ငါနင့်ကို ယူမိရင် နေ့တိုင်းစားရမှာနော်”
” မသာကြီးနှယ် ဘာတွေပြောနေမှန်းမသိဘူး ဒါနဲ့ တော့်မိန်းမက မချက်တတ်ဘူးလား” မေးမိကတည်းက မိန်းမ သဘာဝ ငါပိုတော်ပိုတတ်တယ်ဆိုတဲ့ မာနစိတ်နဲ့မေးတာလေ
” တတ်တော့တတ်ပါတယ် ကြည်ရင်တမျိုး မကြည်ရင်တမျိုးဟ ” တဲ့ ကိုယ်လည်း ငိချင်လာတယ်
” မကြည့်တာကြည်တာ ဘာအကြောင်းလဲတော့်” လို့မေးမိတော့
” နင်လဲ အိမ်ထောင်သည်ပဲ ငါအရှင်းဆုံးပြောပြမယ် သူနဲ့အိပ်ရင် ဟင်းကကောင်းတဲ့ နားဝင်ချိုတယ် မအိပ်ရင်နားခါးတယ် ပါးစပ်ပျက်ရတယ်
ခုတောက်ပိုင်း နားခါးပြီး ပါးစပ်ပျက်လာတာ ဆယ်နှစ်လောက်ရှိပြီ” တဲ့
အဖြေက ကိုယ်လိုချင်တာမဟုတ်ပေမဲ့
အဲ့လို မိန်းမကို အတူအိပ်ချင်စိတ် မဖြစ်တာက ကိုယ့်လင်နဲ့တူနေတော့
” အော် ဟုတ်လား ”
ဟုသာပြောမိတော့
” ဒါနဲ့ ဒီနေ့ နင့်လင် ဟိုဘက်ရွာသွားတာ မိုးချုပ်မယ် မလား”
” အင်း ”
” ဘယ်သူမှ မရှိတုန်း ငါ နင့်ကို ကျေးဇူးဆပ်ချင်တာဟာ”
တဲ့ ကျမ သဘောပေါက်သည်။
မကြာမကြာ အကြည့်ရိုင်းတွေကို ကျမ သဘောကျနေတာမလား
ကျမ အဖြေ မပေးခင် အတွေး တခုဝင်လာတယ်
” ဒင်းကို အအိပ်ခံမဲ့တူတူ ငါ့လင် တရေးနိုး ဆွရတာမှ တန်ဖိုးရှိအုံးမယ် မကြီးမငယ်နဲ့ ပြည်ပြည့်စုံစုံ မိဦးဘဝကနေ မယားငယ်ဖြစ်စရာလား” လို့ တွေးမိတာနဲ့
” တော်လိုက်တော့ ရှေ့မတိုးနဲ့နော် ဖိုးလုံး ထွက်သွား နောက်တခါ ငါ့အိမ်မလာခဲ့နဲ့ ဘာကျေးဇူးဆပ်မှာလည်း နငိ့မယားနင်းမအေ နင့်နှမကိုသွားဆပ် မသာ”
” ဘုန်း”
ပရောပရီနဲ့ ပခုံးလာဖက်တာမို့ အဲ့လိုပြောပြီး တွန်းပစ်လိုတာ မမျော်လင့်ထားတော့ ဖင်ထိုင်လျက်ကြီး ကျသွားရော…
” အေးပါဟာ နင်လက်မခံရင်ငါဘာမှ မလုပ်ပါဘူး အော်တော့မအော်လိုက်ပါနဲ့ မိဦးရယ်”
ဆိုပြီး ပြေးထွက်သွားတော့မှ ကျမ ယပ်တောင်နဲ့ အေးအောင် ယပ်ခပ်နေတုန်း
” မိန်းမ ငမဲမ ဟီးဟီးဟီး”
ဆိုပြီး ကျမ လင်က အိမ်ဘေး အပေါက်ကပြေးဝင်လာပြီး ကျမကို သိမ်းကြုံးဖက်ပြီး ငိုပါရော
” ဘုရားဘုရား ကံသီလိုပါလား ”
လို့ ကျမ စိတ်ထဲပြောမိချိန်
” ငါ သံသယဖြစ်မိတယ် ငါမရှိတုန်း ဖိုးလုံးနဲ့နင် အိပ်နေမယ်လို့ ငါထင်နေမိတာ ကြာပြီ ဖိုးလုံးအိမ်ကို ဝင်ထွက်နေကတည်းက ငါက မသတီလို့ နင့်ကို မထိခဲ့တာ ငါမှားတာ မိဦးရယ် ငါ့ကို ရိုက်ပါဟာ နင့်ကို အထင်သေးမိတဲ့ကောင်ပါ ”
ဟု ပြောလာတော့ အော် ငါ့ကို ဒါကြောင့် မထိခဲ့တာကိုး နောက်ဆို ဘယ်မသာ မသာမ မှ ထမင်းကြုံလို့မ ကျွေးတော့ဘူး ရှင်လည်း သဘောကောင်းမနေနဲ့ တွေ့လား ထမင်းနိုက်စားသလို တော့်မယားပါ နိုက်စားခံနေရမယ် လာ ပူတယ် အဲကွန်းဖွင့်ပြီး နားကြရအောင် ”
ကျမ လင်ကို ဖေးမတွဲပြီး အိပ်ခန်းထဲဝင်လာခဲ့တယ် သူက အမိဖမ်ဖို့ တမင်သက်သက် ဖိုးလုံးကို မိုးချုပ်မဲ့အကြောင်းပြောခဲ့ သတဲ့လေ…
” အမလေး ကောင်းလိုက်တာ အဲကွန်းလေးက အေးနေတာပဲ “😁
ပြီးပါပြီ
စာချစ်သူတို့အား အစဥ်လေးစား ချစ်ခင်လျက်
#ဝေနှင်းလှိုင် ခ ဝေဝေနှင်း