ကူးတို့ခပေးရန်ရှိသည်

Posted on

ကူးတို့ခပေးရန်ရှိသည်(စ/ဆုံး)
—————————–

ရောက်ပြီ ကျောင်းဆရာရေ…စပယ်ယာ၏အော်သံပြဲပြဲကြောင့် ကျွန်တော်ပါလာသော အထုပ်အပိုးများ မနိုင်မနင်း ဆွဲကာ ကားပေါ်မှ အမြန်ဆင်းလေသည် ကားကလဲ စုတ်ပြတ် စပယ်ယာကလဲ စပ်စုလိုက်တာလွန်ပါရောလားဗျာ ဘယ်သွားမှာလဲ ဘာလုပ်တာလဲ မေးခွန်းတွေကိုစုံလို့ပါပဲ
ကားစပယ်မလုပ်ပဲ လဝက မှာ ဝင်လုပ်သင့်တယ် စိတ်ကတိုနေပြီလေဗျာ ညနေဆိုရောက်ပြီဆိုလို့ လိုက်စီးလာတာ အခုပဲ ည၈နာရီကျော်နေပြီ….ဗိုက်ကလဲ ဆာနေပြီ အနီးအနားကို အကဲခတ်ကြည့်လိုက်သည် နယ်မြို့လေးမှာ တာဝန်ကျနေရင်းက အရင်က ဆရာအရင်းဖြစ်သူ တာဝန်ကျရာ ထိန်ပင်ကုန်း ရွာသို့ လိုက်လာခဲ့ရသည်မှာ ဆရာကြီး ကျမ်းမာရေး မကောင်း၍ခေါ်ခြင်းကြောင့်ပင်ဖြစ်၏ မဖြစ်မနေမို့သာလာခဲ့တာ အခုထိခရီးက မရောက်သေးပေ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ အတော်ခေါင်မယ့်ပုံဗျ ….တွေ့ပြီ….
ဟိုအရှေ့မှာ ဆိုင်မပိတ်သေးဘူးဗျ…ဆာလောင်နေသော ဗိုက်ကိစ္စကို အရင်းရှင်းရမည် ပြီးမှ ဖြစ်ချင်ရာဖြစ် အရောက်သွားရတော့မှာပဲ ဆိုင်ထဲသို့..အထုပ်အပိုးများဆွဲကာ ဝင်ရင်း ဆိုင်ရှင်တို့…ဆိုင်ရှင်တို့…မီးရောင်မှိန်မှိန်အောက်မှ ဒေါ်ကြီးတစ်ယောက် ထွက်လာသည်…ငါ့တူ ..ဘာလိုချင်လို့လဲ ….သြော်..ဟုတ်…ဒီမှာ ထမင်းရောင်းလားဗျ…ရောင်းတယ် ငါ့တူ…လာထိုင်ထိုင်…ခုံများသေချာ သန့်ရှင်းပေးပြီး…ငါ့တူ…ဘာနဲ့စားမလဲ…​ဟုတ်…ကျွန်တော်ကို ငါးဟင်းနဲ့သာ ချပေးပါ အဒေါ်…..အေး…ငါ့တူ ခဏစောင့်နော်…ခဏကြာသော်…ဟင်းများမွှေးကြိုင်လျှက်…လာချပေးသည်နှင့်…နောက်ကျနေပြီမို့ အမြန်စားလိုက်ရတော့သည်…..စားပြီးနောက်…ကျွန်တော်..ပိုက်ဆံရှင်းကာ…အဒေါ်..ဒါထိန်ပင်ကုန်းရွာလားဗျ…အဒေါ်ကြီးက သဘောကြဟန်နဲ့ …ငါတူက ဧည့်သည်ထင်တယ်…ဟုတ်ပါတယ် အဒေါ် …..အေးဒါထိန်ပင်ကုန်း မဟုတ်ဘူးကွဲ့…ထိန်ပင်ကုန်းက…ဒီကနေ…ကမ်းနားကိုဆင်းပြီး မြစ်တစ်ဖက်ကမ်းကို ကူးလိုက် ရင် ရောက်ပြီ…ဗျာ ဒါဆို… မြစ်ကူးရဦးမှာပေါ့…ဟုတ်တယ်,,ငါ့တူ…ကဲမြန်မြန်သွားတော့ မိုးတွေလာတယ်…အချိန်ကလဲ နောက်ကျနေပြီမဟုတ်လား…ဟုတ်ကဲ့အဒေါ်….လမ်းလေး တစ်ချက်လောက်ညွှန်ပေးပါဦး…အဒေါ်ကြီး ညွှန်ပြသော လမ်းအတိုင်း…အထုပ်အပိုးတွေနဲ့ လျှောက်လာလိုက်တာ မြစ်ကို လမ်းမြင်နေရပြီ ဖြစ်၏….လူလဲ တော်တော် ပင်ပန်းနေပြီဗျာ…ဟိုရောက်ရင်တော့…တန်းပြီးအိပ်ဖြစ်တော့မယ် ထင်တယ်…မြစ်ထဲမှ လာသော လေက ပင်ပန်းသမျှ..အနည်းငယ်သက်သာစေသည်….ကမ်းနားသို့ရောက်ပြီဖြစ်သည်.ည၁၀နာရီဝန်းကျင်ခန့်ရှိပြီဖြစ်၍…ကူတို့ပို့မယ့်မယ့်သူရော…ရှိသေးရဲ့လား မသိပေ..ထို့ကြောင့်..ကျွန်တော်မှာ အသဲအသန်လိုက်ရှာနေမိသည်….ဟော့…ဟိုကမ်းနားမှာ လှေတစ်စီးဗျ…ကျွန်တော် ဝမ်းသာသွား၏…တော်သေးတာပေါ့..ကူတို့ပို့တဲ့လူ..ရှိနေလို့….ဝေ့…လှေဆရာ…ဝေ့ ခမောက်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး ဆေးပေါ့လိပ်ဖွာရှိက်နေသော ထိုလူမှာ ကျွန်တော်ရဲ့ ခေါ်သံကြောင့် လှည့်ကြည့်ပြီး….ပြုံးပြကာ…ကူတို့ကူးမလို့လားဗျ….ဟုတ်တယ်ဗျာ မိုးတွေကလဲ..မှောင်မဲနေတာပဲဗျာ…ဟိုက်ကမ်းကူးလို့..ဖြစ်ပါ့မလား…ဗျ….ကျွန်တော် စိုးရိမ်စိတ်ဖြင့် မေးလိုက်ခြင်းကြောင့် သူရာသီဥတုကို လှမ်းကြည့်ကာ…ရပါတယ်…လာမြန်မြန်တတ်တော့…အထုပ်တွေတင်ပေးမယ်. လာကျွန်တော်ကိုပေး တော်သေးတာပေါ့…ကူတို့ဆရာက သဘောကောင်းပေလို့…

…လှေကလေးက ကမ်းမှ ခွါလာသည်နှင့်…မြစ်ပြင်၌ လေပြင်းများ တိုက်ခတ်လာသည်….ကျွန်တော်ကြောက်နေမှန်းသူသိသည် ထင်ပါရဲ့….စကားစပြောလာသည်….အကိုက ဘယ်ကိုသွားမလို့လဲဗျ…ကျွန်တော်လဲ…ကားစပယ်ယာကို ဖြေကြားခဲ့ရသလိုမျိုး…​ပြန်ဖြေနေရတာပါပဲ…ကျွန်တော်က ကျောင်းဆရာတစ်ယောက်ပါ အကို…ကျွန်တော်ဆရာက ထိန်ပင်ကုန်းမှာ တာဝန်ကျနေတာ….ကျမ်းမာရေးမကောင်းဖြစ်တော့ လှမ်းခေါ်လို့…ရောက်လာခဲ့ရတာပါ….သြော်… ဟုတ်လား….ကျွန်တော်လဲ ထိန်ပင်ကုန်းရွာကပါပဲဗျ ကျွန်တော်နာမည်,,,”စိုးနိုင်”ပါ…ဟုတ်ကဲ့..ကိုစိုးနိုင်မှတ်ထားပါ့မယ်….ထိုအခိုက်…လေရောမိုးရော…မှောင်ကြီးစိုးကာ…ရွာလာခဲ့တော့သည် လှိုင်းတံပိုးများ တဟဲဟဲမည်ဟီးလျှက်….လေပြင်းများက တိုက်ခတ်ခြင်းကြောင့် လှေကလေးကို မနည်းထိန်း၍ လှော်ခတ်နေသော…ကိုစိုးနိုင်မှာ…ဆရာလေးမကြောက်နဲ့နော်…..ကျွန်တော်ရှိတယ်..ဘာမှမဖြစ်စေရဘူး..သူဆီကအားပေးစကား အသံကို မသဲမကွဲကြားနေရသည် ကြောက်လွန်းလို့ လှေနံနှစ်ဖက်ကို စုံကိုင်လျှက် အသားများ တုန်းယင်နေသည့် ကျွန်တော်မှာ….ရေလုံးဝမကူးတတ်၍ဖြစ်သည်….ရုတ်တရက်…လှိုင်းခေါင်ဖြူကြီးတစ်လုံး လှေငယ်လေးအပေါ်သို့ စီးမိုးကျလာလျှက် ကျွန်တော် ရေထဲသို့ လွင့်စင်ထွက်သွားသည်..အား…….
ကျွန်တော်…လှိုင်းတံပိုးတွေကြားမှာ နစ်နေပြီ အပေါ်သို့ တစ်ချက်ပြန်ပေါ်စဥ်…ကိုစိုးနိုင် ဆိုသူသည် ကျွန်တော်အားသိုင်းဖက်လျှက်…ဆရာလေး…မကြောက်နဲ့နော်..ကျွန်တော်ရှိတယ်…သတိမလွတ်စေနဲ့..ကျွန်တော်ရှိတယ်..ဆရာလေး…သူ့အသံကို…ကြားရတစ်ချက်မကြားရတစ်ချက်နဲ့….နောက်ဆုံး…ကျွန်တော်..ဘာမှမမြင်တော့ပဲ အားလုံးဟာ အမှောင်အတိကြသွားပါတော့သည်………

လူလေး….လူလေး…..အေးစက်သောအထိအတွေ့နဲ့ ခေါ်သံသဲ့သဲ့ကြောင့်…ကျွန်တော် အသိဝင်လာပြီး မျက်လုံးအစုံကို ဖွင့်ကြည့်မိသည်….ဟာ…အဖိုးကြီးတစ်ယောက်….
ကျွန်တော်က ကမ်းစပ်သောင်ပြင်ပေါ်မှာ…လူလေး…သတိရပြီလား…ကျွန်တော်မျက်နှာအား..ရေဖြင့်..ပွတ်သပ်ပေးနေသောကြောင့် အေးစက်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်…အဘ…ကျွန်တော်ဘယ်ရောက်နေတာလဲဗျ…ဒါ ထိန်ပင်ကုန်းရွာရဲ့ ကမ်းနားသောင်ပြင်ပဲ..လူလေး…ဟင်…
ဘယ်လိုဖြစ်တာလဲ….ဟုတ်တယ်..လူလေး…အဘ..ဒီမနက်အစောကြီး..ငါးဖမ်းဖို့လာရင်း..လူလေးကို..ဒီသောင်ပြင်မှာတွေ့လို့…အဘက..အသက်မရှိဘူးလို့..ထင်နေတာ…နှလုံးခုန်နေသေးတာကြောင့်…အဘလဲ ကြိုးစားပြီး..နိုးကြည့်လိုက်တာပဲကွဲ့…သြော်…ဒါနဲ့…ကိုစိုးနိုင်….အဘ…..
ညက ကျွန်တော်ကို…ကူတို့ပို့ပေးတဲ့…ကိုစိုးနိုင်…သူ…သူ..
ဘယ်ရောက်သွားပြီလဲ သေပြီလား မသိပါဘူးဗျာ….
ကျွန်တော် စကားကြောင့် အဖိုးကြီး မျက်နှာ ပျက်သွားသည်
…လူလေး….မင်းတစ်ခုခုတော့..မှားနေပြီး ထင်တယ်နော်…
မမှားပါဘူး..အဘရဲ့..ညက..ကျွန်တော်ကို..ကူတို့ပို့ပေးတာ..
သူပဲဗျ….အဖိုးကြီးလဲ တောင်ကြည့်မြောက်ကြည့်နဲ့…ကဲလူလေး…မင်းပြောတဲ့..စိုးနိုင်ဆိုတာ..မရှိတော့တာ..ကြာပြီကွ..လွန်ခဲ့တဲ့…သုံးနှစ်လောက်က..ဒီမှာ ကူတို့ပို့ရင်း…..
သင်္ဘောနဲ့တိုက်မိပြီး ဆုံးသွားတာပဲကွဲ့….ကောင်လေးက စိတ်ရင်းကောင်းပြီး ဖော်ရွေတတ်လို့ တစ်ရွာလုံး ရင်ကွဲမတတ် ခံစားခဲ့ကြရတယ်လေ…အဖိုးကြီးစကားဆုံးသည်နှင့်
ပါးစပ်အဟောင်းသားနှင့် ကျွန်တော့်မှာ…ခေါင်းတွေထူပူရင်း
ဘာပြောရမှန်းမသိတော့ပေ..သြော်…ညက..သူကျွန်တော်ကို..မကြောက်ဖို့ပြောရင်း..သိုင်းဖက်လျှက်..အသက်ကယ်နေတာ…မျက်လုံးထဲက မထွက်ပေ….ဘယ်လိုအဖြစ်မျိုးကြီးလဲဗျာ…အိတ်တွေလဲ..ဘာတစ်ခုမှမရှိတော့…ဘောင်းဘီအိပ်ကပ်ထဲ စမ်းကြည့်တော့…ညက ..ကိုစိုးနိုင်ကို ပေးဖို့ထုတ်
ထားတဲ့…ကူတို့ပို့ခ…ငွေနှစ်ထောင်….အဘရယ်…ကျွန်တော်ကို..ကယ်ပေးတဲ့အတွက်ကျေးဇူပါဗျာ..ကန်တော့ပါရစေ..အဘအား ကန်တော့ပြီး..ဆရာကြီးရှိရာသို့..အဘကိုပဲ..လိုက်ပို့ခိုင်းရတော့တာပါပဲ…….
..အကြောင်းစုံကို..ရွာထဲမှလူများသိရှိသွားပြီနောက်…တစ်ရွာလုံး ဝမ်းနည်းကြေကွဲနေကြသည်ကို မြင်ရတော့ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်…ကိုစိုးနိုင်ဟာ..လူတော်..လူကောင်းတစ်ယောက်ဆိုတာ..ပိုသိခဲ့ရတာကြောင့် ပို၍ ခိတ်မကောင်းဖြစ်ရသည်မှာ အမှန်ပင်…..

ညသည်..တိတ်ဆိတ်လျှက်..တောရွာဓလေ့မို့…ဒီအချိန်အိပ်ကြလေပြီ…ကျွန်တော်လဲ..နားနေတာ ၂ရက်ရှိပြီမို့..ပြင်းပြင်းရှိတာနဲ့..စာဖတ်နေတော့သည်..အတန်ကြာခိုက်..ငိုက်မြည်လာရင်း..နှစ်ခြိုက်စွာ.အိမ်ပျော်သွားလေတော့သည်…
….ဆရာလေး…ဆရာလေး…ခေါ်သံကြောင့် ကျွန်တော်ထကြည့်လိုက်တော့…ဟာ…ကိုစိုးနိုင်…ခင်…ခင်များ…ဟုတ်ပါတယ် ဆရာလေး..ကျွန်တော် စိုးနိုင်ပါ….တစ်ကိုယ်လုံးရေများ စိုရွှဲလျှက်…ကျွန်တော်..အစားဆင်းရဲ အနေဆင်းရဲနဲ့ ဒုက္ခရောက်နေလို့..ဆရာလေးဆီ အကူအညီလေးများရမလားလို့..လာပြောတာပါ….ကျွန်တော်ဘာလုပ်ပေးရမလဲ ကိုစိုးနိုင်…ကျွန်တော်ပြာပြာသလဲမေးတော့ သူအရမ်းပျော်သွားပုံရသည်…ဆရာလေးရယ်…ကျွန်တော့်အတွက်…
ကမ်းနားက သောင်ပြင်ပေါ်မှာ..ဘုန်ကြီးဆွမ်းသင်္ကန်းလေး ကပ်ပြီး အမျှဝေပေးပါလား…ကောင်းပြီ..ကိုစိုးနိုင်..ကျွန်တော် မဖြစ်ဖြစ်အောင်လုပ်ပေးမယ်ဗျာ…ကျွန်တော် ကတိပေးလိုက်သည်နှင့်..ကျေးဇူးကြီးပါတယ် ဆရာလေးရယ်…ဟုပြောကာ
ပျောက်ကွယ်သွားလေတော့သည်…..ရုတ်တရက်လန့်နိုးသွားရင်း….ဘေးနားကို ကြည့်တော့..ရေကွက်တွေတွေ့လိုက်ရခြင်းကြောင့် စိတ်မကောင်းဖြစ်ရပြန်တော့သည်…..

ဒီနေ့သောင်ပြင်ပေါ်မှာ ဘုန်ကြီးတွေကို သင်္ကန်းဆွမ်း များကပ်လှူပြီး ကိုစိုးနိုင်အား..အမျှပေးဝေလိုက်ပါပြီ…
ကျွန်တော်စိတ်ထဲလဲ ပေါ့ပါးသွားတယ်ဗျာ …ဘာပဲ ဖြစ်ဖြစ်..ကျွန်တော်ကို အသက်ကယ်ပြီး ပို့ခဲ့တဲ့ “ကူတို့ခ…ပေးရန်ရှိသည်” ကိုတော့ ဒီနည်းနဲ့ပဲ ကျွန်တော် ကိုစိုးနိုင်ဆီ အရောက်ပို့ပေးလိုက်ပါတယ်…ကိုစိုးနိုင်တစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိ ခံစားစံစားနိုင်ပါစေ…

လေးစားစွာဖြင့်

#လေလွင့်လူ(တွံတေး) 27 July ဆက်လက်ကြိုးစားပါဦးမည်