ရွက်နုမိုး

Posted on

😍 ရွက်နုမိုး😍(စ/ဆုံး)

——————–

”..မမ..ဒီမှာ.. ကျွန်တော့ကောင်မလေးပုံ..
လှလား…မမနဲ့.. တူတယ်နော်… ”

ဆိုင်ပိတ်ဖို့…ပစ္စည်း တွေ..သိမ်းနေသော..မိုးမျက်နှာရှေ့တည့်တည့်ထိ..လက်ကိုင်ဖုန်းကို..အတင်းလိုက်ပြနေသော..ခန့်သွေးနောင် ကြောင့်..မိုး..စိတ်ဆိုးမာန်ဆိုး..ထအော်ဖို့..ပြင်လိုက်ပေမဲ့..မျက်စိရှေ့က..ဓာတ်ပုံ လေးကြောင့်..ဆွံ့အသွားရသည်။

အပြစ်ကင်းစင်လှသည့်.အပြုံးနှင့်..မိုး၏ အချစ်ဆုံး.တစ်ဦးတည်းသော ညီမလေး..နွေးရတနာ…ခန့်သွေးနောင်နှင့် ..ကြည်နူးပျော်ရွှင်နေသည့်..ပုံရိပ်က..မိုးကို..တစ်ခဏမျှ..အသက်ရှူရပ်သွားစေခဲ့သည်။

”နင်…နင်..ဒါ..ဘာသဘောလဲ… ခန့်..
.ဒါ..သက်သက်မဲ့..တို့ကို..စော်ကားတာပေါ့…”

”ဟာ…မဆိုင်တာ… မမရာ.. ကျွန်တော်.. ဘာအမှားလုပ်လို့လဲ…”

” ဘာလို့.. မလုပ်ရမှာလည်း..နင်….နင်.ငါ့ကို..သဘောကျ တယ်ဆို…”

မိုးစကားမဆုံး။

” နိုး…နိုး..နိုး..သဘောကျတာ မဟုတ်ဘူး.. ချစ်တာ..ချစ်တာ..ဟုတ်တယ် လေ..ကျွန်တော်.. မမကို.ချစ်တယ်.. မမကို.လက်ထပ်ချင်တယ်..ဒါပေမဲ့.. မမက..ခါးခါးသီးသီး.ငြင်းတယ် ..လက်မခံဘူး.. ဒီတော့.. ကျွန်တော်က..မမကိုမရလို့..မမနဲ့တူတဲ့..ကောင်မလေး.. ရအောင်ရှာ ပြီး..တွဲလိုက်တယ်လေ.. ကျွန်တော်. ဘာမှားလို့လဲ… ”

” မှားတယ်… မှားတယ်.. နင်.ကြိုက်စရာ..ရှားလို့..ငါ့ညီမလေးကိုမှ…ရွေးပြီး..သွားပတ်သက်တာ..တမင်လုပ်တာ အသေအချာ ပဲလေ…မဟုတ်လို့လား.. ”

” ဟာ..မဟုတ်တာဗျာ.. မမညီမမို့..ရွေးကြိုက်တာ မဟုတ်ဘူး. ဘုရားစူးပါ..
မမနဲ့..သိပ်ကို တူလွန်းလို့..ကြိုက်မိသွားတာပါ…. ဘာလဲ.. ကျွန်တော့ကို.နှမြောနေလား..”

” တော်စမ်းပါ… ခန့်သွေးနောင်.. နင်..ယောက်ျားမဟုတ်ဘူးလား..”

”ဟောဗျာ..ယောကျာ်း ပါ.
စစ်တာ.ဟိုဘက်တောင် လွန်သေးတယ်…”

ခန့်သွေးနောင် ၏..ညစ်ကျယ်ကျယ်စကားတွေကြောင့်..မိုး…ဒေါသတွေ..အလိပ်လိပ်တက်လာရသည်။ သို့သော်..မာမာတင်းတင်း..ခပ်ကြမ်းကြမ်း လည်း..မပြောရဲသဖြင့်..အသာထိန်းနေလိုက်ရသည်။

ခန့်သွေးနောင်.. ဆိုတာ..မိုက်ရဲ..ရိုက်ရဲ..ခပ်ဆိုးဆိုး..ခပ်တေတေ..ခပ်ပေပေ..မို့.. ရွက်နုမိုး.. အမှန်ပင်..ကြောက်မိပါသည်။ ဂျစ်စုတ်စုတ်..ပေကပ်ကပ်နဲ့..လက်ပေါက်ကပ်လှတဲ့..ခန့်သွေးနောင်.. အရပ်ရဲ့ အော့ကြောလန်..သူဌေးသား..လူဆိုးမို့..မပတ်သက်ချင်ခဲ့။ သည်သို့..ခပ်ကင်းကင်း..နေချင်သည့်..မိုးကိုမှ..ကံဆိုးလှစွာ.. ခန့်သွေးနောင် က..အရူးအမူးလိုချင်..ပါသတဲ့။

တကယ်တော့..
မိုးသည်..ဒီရပ်ကွက်သူ.မဟုတ်.။
ဘွဲ့ရပြီး..ဝန်ထမ်းမလုပ်ချင်သည့်မိုး..စတိုးဆိုင်လေးဖွင့်ချင်၍..နေရာတွေ.လိုက်ရှာရင်း..ကံမကောင်းလှစွာ..ခန့်သွေးနောင် တို့.ရပ်ကွက်သို့..ရောက်လာခဲ့ခြင်း..ဖြစ်သည်။ ဆိုင်ကလေးက..ရောင်းအားမဆိုးလှ။ အဆင်ပြေပါသည်။

မပြေသည်က..
ခန့်သွေးနောင်နှင့်..မပတ်သက်ချင်ဘဲ ပတ်သက်နေရခြင်းဖြစ်သည်။ မလာပါနဲ့. ပြော၍..မဖြစ်သလို.. နှင်ထုတ်လို့လည်းမရ။ တဇွတ်ထိုး ဆန်လှသော..ခန့်သွေးနောင်.. မိုးအနား..တောက်တဲ့ကပ်.အိမ်မြှောင်ကပ်.ကပ်ကာ..နည်းမျိုးစုံဖြင့် ပိုးပန်းခဲ့သည်။

မိုးကတော့..
မင်းသားရှုံးအောင်..ရုပ်ချောတာကလေးက လွဲ ပြီး
အော့ကြောလန်.. ပေပေတေတေ..မို့..သဘောမကျသလို..မိုးအောက်..ကိုးနှစ်နီးပါးမျှ.ငယ်သော..ခန့်သွေးနောင် ကို..ဘဝလက်တွဲဖော် အဖြစ်.မပြောနဲ့.. ချစ်သူရည်းစား..အဖြစ်ပင်..စိတ်မကူးခဲ့ပါ။ တည်တည်တင်းတင်း.. ဣိန္ဒြေ အပြည့်နှင့်..တုန့်ပြန်တတ်သည့်..မိုးအနားမှာ..ပိတုန်းကောင်ကြီးလို.တရစ်ဝဲဝဲနှင့်..ဇွဲကောင်းလှသည့်.ခန့်သွေးနောင်.. ။

တစ်ကြိမ်တွင်..
သူ့ကို.. လက်ထပ်ပါရန်..အတင်းအကြပ်.ပူစာသဖြင့်..မိုးနှင့်သူ.. စကားများရသည်။ မိုးကိုမရလျှင်..မိုးနှင့်..ရုပ်ချင်းတူသူကို.ရှာယူမည်တဲ့။ အဲ့ဒီအခါမှ..မိုး..နောင်တမရပါနဲ့တဲ့..။ ခြိမ်းခြောက်သလို..သူဆိုခဲ့သည်။
ပြီးတော့.. မိုး.အနား.သိပ်မလာတော့ပေ။
မိုးကတော့.. ရောက်မလာ၍..ဝမ်းသာမိတာ.အမှန်. ။

မိုးအပေါ်..သူ.စိတ်ပြောင်းပြီထင်၍..အပျော်ကြီး..ပျော်မိခဲ့သည်။ ခုတော့….

” မမ..ဟာ… ခေါ်နေတာတောင်..မကြားတော့ဘူး လား..စိတ်နဲ့ လူရော..ကပ်ရဲ့လား.. ”

ရယ်ဟဟနှင့်..မိုးမျက်လုံးရှေ့..လက်ဝေ့ရမ်းကာ..စနောက်နေသည့်..ခန့်သွေးနောင် ကို..မိုး..စိတ်ရှိလက်ရှိ.. ထုရိုက်ပစ်ချင်မိသည်။

” တို့..တောင်းပန်ပါတယ်… ခန့်… တို့.ညီမလေးက..သိပ်ကို.ငယ်လွန်းပါတယ်…ကျေးဇူးပြုပြီး..နောက်ဆုတ်ပေးပါ…”

မိုး..ညီမလေးအတွက် စိုးရိမ်စိတ်ဖြင့်
..မာနတွေ..ခဝါချကာ..တောင်းပန်မိသည်။

” ဟာ.. ကျွန်တော်က.. ဘာလို့..နောက်ဆုတ်ပေးရမှာလဲ..ပြီးတော့.. ဘယ်လို အကြောင်းပြပြီး.. နွေးရတနာကို..ကျွန်တော်.အဆက်ဖြတ်ရမှာလည်း..ကျွန်တော် နဲ့ မမရဲ့..ဖြစ်ကြောင်းအမှန်ကို.ပြောပြပြီးတော့လား…”

” ဘာရယ်..ခန့်…”

” ဟုတ်တယ် လေ…ဘာအပြစ်မှ မရှိပဲ..ကျွန်တော်ထားပစ်ခဲ့ရင်.. နွေးကရော..လက်ခံမယ်ထင်လား…ပြီးတော့.. နွေးက..ကျွန်တော့ကို..သိပ်ချစ်တာ.. ကျွန်တော် ဆိုးတာ.သိရဲ့နဲ့ကို.
ချစ်တာ..ဘယ်လောက်ထိချစ်လဲဆို..ဒီနေ့ပဲ ကျွန်တော် နွေးနဲ့ မခွဲနိုင်ဘူး..ခိုးရာလိုက်ခဲ့ပါဆို..လိုက်မဲ့ထိပဲ..ကျွန်တော်.. သက်သေပြရမလား..ပြော..”

” တော်တော့..ခန့်.. နင်..ငါ့ကို.
.သေသွားစေချင်တာလားဟင်…ညီမလေး က..ငါရဲ့.. အသက်ပဲ..”

” အာ..ဒီစွပ်စွဲချက်ကြီးကတော့..များလွန်းတယ် ဗျာ..ကျွန်တော် က..ပြောတဲ့အတိုင်း.. လုပ်ရုံလေးပါ..ကျွန်တော် သေမလောက်ချစ်ရတဲ့..မမကို..သေစေချင်ပါ့မလား..မမကို..မရလို့..မမနဲ့.တူတဲ့..ကောင်မလေး ကို..လက်ထပ်ချင်ရုံပါ..”

”ဟင့်အင်း.. မရဘူး.. ခန့်.. ညီမလေးက..သိပ်စိတ်ပျော့တာ..နင်ရဲ့..ပေတေဆိုးသွမ်းပုံနဲ့ဆို..မကြာဘူး..စိတ်ဆင်းရဲပီးသေမှာ… နင်..ညီမလေးကို..လက်ထပ်လို့ မရဘူး.. ”

”ဟုတ်လား…ဒါဆို…မမ.ကျွန်တော့ကို..လက်ထပ်လေ…”

” ဒါ..သက်သက်မဲ့..အကြပ်ကိုင်တာ..အကြောင်းရှာတာပဲ..နင်..သိပ်.ယုတ်မာတာပဲ..”

” ကျွန်တော်.. ဘာယုတ်မာလို့ လဲ..မမနော်.. ကျွန်တော့စိတ်ကို..မဆွနဲ့..တကယ် ယုတ်မာပစ်မိမယ်…”

မိုး..ခန့်သွေးနောင် စကားကြောင့်..လန့်မိသည်။ ခန့်သွေးနောင်ကို..မိုး..တကယ် ကြောက်မိသည်။ မိုး..ဘာဆက်လုပ်ရမလဲ.. ။

@@@@@@@@@@@@@@@@@

” နွေး…ခုတလော..သိပ်.လှချင်နေပါလား.. ရည်းစားများရနေလား…ဟင်..”

မိုး..ညီမငယ်ကို..တီးခေါက်ကြည့်
မိသည်။

” ဟင်.မမမိုးကလည်းနော်..ဒီအရွယ် မှ.အမြီးမပေါက်ရင်..ဘာမျောက်လဲလို့..မေးရမလိုဖြစ်နေပြီ..နွေး..အခု..ဘွဲ့တောင်ရပြီးပါပြီနော်..ကလေးမဟုတ်တော့ဘူး… ”

” ဒါတော့..ဒါပေါ့..နွေးရယ်.. သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်တယ်ဆိုတာတော့..မမမိုး..နားလည်ပါတယ်..ဒါပေမဲ့.. ငယ်ရွယ်သူမို့.. လမ်းရွေးမှားမှာ.စိုးတယ်ကွယ်..”

” မပူပါနဲ့ မမမိုးရယ်….. ဒါနဲ့.. နွေးလည်း..ဘွဲ့ရအလုပ်လက်မဲ့..ဖြစ်နေတော့..မမမိုးဆိုင်မှာ.
လာကူပေးမယ်လေ…”

” အာ…နေပါစေ.. ခုမှ.. ကျောင်းပြီးစ..အေးဆေးနားပါအုံး…နောက်မှ.. ကူခိုင်းမယ်နော်…”

ခန့်သွေးနောင် မျက်နှာ ပြေးမြင်မိ၍..မိုး..ပြာပြာသလဲလဲ ငြင်းလိုက်မိသည်။ ပြီးမှ.. အမူအရာ..ပျက်နေမည့်..ကိုယ်ကိုယ်ကို..အပြစ်တင်မိသည်။
နွေးများ.သတိထားမိသွားမလား..စိုးရိမ်မိပြန်သည်။

ရွက်နုမိုး ဟူသည့်..မိုးနှင့်..နွေးရတနာ ဟူသည့်..နွေးတို့သည်…အသက်အားဖြင့်..ဆယ်နှစ်မျှ..ကွာသည့်..ညီအစ်မရင်းချာများဖြစ်သည်။ ကိုးနှစ်သမီးထိ..တစ်ဦးတည်း သော.သမီးလေးအဖြစ်.အထီးကျန်နေခဲ့သည့်.. မိုးအတွက်..မေမေက..သနားလို့ ဆိုပြီး..ညီမငယ်လေး..တစ်ယောက် မွေးဖွားခဲ့သည်တဲ့။ မိုးမှာ..ညီမလေးကို.. ချစ်မဝ..။ ငုံထားမတတ်ချစ်ရသည့်..ညီမလေး..နွေးရတနာ သည်.. အသက်ချင်းကွာပေမဲ့… မိုးရဲ့..ကိုယ်ပွားလေးလို..ရုပ်ချင်းဆင်နေခဲ့သည်။

သည်အတွက်..ဟိုအရင်က.. အလွန်ကျေနပ်ခဲ့ရပေမဲ့.. ခန့်သွေးနောင် နှင့်..ပတ်သက်ရသည့်အချိန်မှာတော့..
မိုး..မပျော်နိုင်တော့ပါ။ ရုပ်ချင်းဆင်တာကပင်..ကံဆိုးခြင်းလား..ဟု..ကြေကွဲစွာ တွေးလိုက်မိသည်။

@@@@@@@@@@@@@@@@@@

မိုးရှိရာ. ..ကောင်တာဆီ..ရယ်ရယ်မောမောဖြင့်..ဖုန်းပြောရင်း..ဝင်လာသူက..ခန့်သွေးနောင်.. ။နှုတ်က… နွေး…နွေး..ဟူသည့်..စကားလုံး ကို..အကြိမ်တစ်ရာမက..ထည်လဲ.သုံးရင်း.. တော်ကီပွားနေသည့်..မျက်နှာက..ကုတ်ဖဲ့ချင်စရာ..။ နွေး..စျေးစာရင်းကို..အာရုံမစိုက်နိုင်တော့ပါ။ အသံမကြားနိုင်သည့်..နေရာသို့..ထွက်လာခဲ့မိသည်။

မကြာပါ။
ခန့်သွေးနောင်.. ဖုန်းချကာ..ထလိုက်လာခဲ့သည်။

” မျက်နှာကြီး..မှုန်သုန်မနေပါနဲ့ဗျာ.မလှပါဘူး..”

” လာနောက်မနေစမ်းနဲ့..ခန့်သွေးနောင်.. နင်..ငါ့ကို..ဘာဖြစ်စေချင်နေတာလဲ..ပြောစမ်းပါ… ”

” မမကလည်း..ဒေါကြီးပဲ.. ဘာဖြစ်စေချင်တာလဲ..ဟုတ်လား..အမှန်တိုင်းဖြေရမလား.. ကျွန်တော့ကို.လက်ထပ်စေချင်တာဗျာ့….”

” ဘာ..”

” အမှန်တိုင်း ပြောတော့လည်း.မကြိုက်ဘူး..ကြည့်..ဟားဟား….”

ပေါ့ပေါ့သွမ်းသွမ်း..ပေါ့တီးပေါ့ဆဟန်နှင့်..ခန့်သွေးနောင်.. ကို..မိုး..စိတ်ပျက်လက်ပျက်ကြည့်မိသည်။

@@@@@@@@@@@@@@@@@@

ရည်မှန်းချက် မရှိ.။
အနာဂတ် အတွက်.. မတွေး.။
ဘဝကို..ပေပေတေတေ ဖြတ်သန်းနေသည့်.. ခန့်သွေးနောင် ကိုမှ.. နွေးက..အသက်မက..ချစ်မိပါသတဲ့။
မိုး..ရင်ကွဲမတတ်ခံစားရပါ၏။

စိတ်ပျော့ပြီး..ခေါင်းမာလွန်းသည့်..ညီမငယ်ကို..ခန့်သွေးနောင် နှင့်..သဘောမတူပါဘူးဟု.ဆို၍.ရမည်မဟုတ်။ ငယ်ရွယ်သူမို့.. အချစ်ကို. မျက်စိမှိတ်၍ ယုံတတ်ကြသည်လေ။ မိုး..ဘာလုပ်ရမည်လဲ.. ။

မိုး.ခေါင်းနောက်အောင်..စဥ်းစားရင်း..နောက်ဆုံးတော့..အဖြေရသွားသည်။ မိုး..လက်ကိုင်ဖုန်းကို.. ဖွင့်ကာ..Facebook.. Acc.ထဲဝင်ပြီး..Status..
.တစ်ခုတင်လိုက်သည်။ နွေးရတနာ နှင့်..ရွက်နုမိုး Facebook တွင်.Friends ဖြစ်ထားသည်လေ။

ပြီးတော့..
မိုး.ကျေနပ်စွာ.. ပြုံးလိုက်မိသည်။

@@@@@@@@@@@@@@@@

” မမ…ဒါ..ဘာသဘောလဲ.. ဘာလို့.. ကျွန်တော် ကို..Rs status.. တွဲတင်ရတာလဲ.. နွေး..ကျွန်တော့ကို..ဖြတ်သွားပြီ..”

ရှူးရှူးရှားရှားနှင့်..ခန့်သွေးနောင် ကို..မိုး..အပေါ်စီးက..ပြုံးပြုံး ကြီးကြည့်နေလိုက်သည်။

” အင်း.. တို့ညီမလေးက…တို့ကို..ဘယ်လောက် ချစ်တယ် ..ဘယ်လောက် ယုံကြည်တယ်
ဆိုတာ..တို့သိတယ်လေ..”

” ဟာ…မမ..ဘယ်လို..အစ်မမျိုးလဲ..ကိုယ့် ညီမလေး..အသဲကို ခွဲတယ်ပေါ့…”

” အသဲကွဲလို့..သေမသွားပါဘူး…တို့ညီမလေး..မင်းနဲ့..ဝေးသွားဖို့ပဲ..အရေးကြီးပါတယ်… သေချာတာက..တို့ညီအစ်မနှစ်ယောက်ကြား..လှေနံနှစ်ဖက်နင်းသူလို့..နွေးက..သတ်မှတ်သွားပြီဆိုတာပဲ..”

ခန့်သွေးနောင်.. တောက်.တစ်ချက်..ခပ်ပြင်းပြင်း ခေါက်ကာ..ထွက်သွားတော့သည် ။

ညီမလေး နှင့်..Fb acc ထဲက..
Friends တွေကို..မျက်နှာပူပေမဲ့..
အသက်လောက်..ချစ်ရတဲ့ ညီမလေးအတွက်.. မိုး.. ဒီလောက်တော့ ပေးဆပ်နိုင်ပါသည်။

နှင်းစက်ဟေမန်(ဖောင်းပြင် )

#ရှားရှားပါးပါး..
ရေးဖြစ်တဲ့
လူငယ်အချစ်ဝတ္ထုလေးပါ
ဖတ်ရှူအားပေးကြပါအုံးနော်..
လိုအပ်ချက်တွေရှိခဲ့ရင်..ခွင့်လွတ်ပါ ရှင်…