အစွဲလမ်းတစ်ခု၏သံယောဇဉ်(စ/ဆုံး)
—————————————-
အချိန်ရာသီကာလကား တန်ဆောင်မုန်းလဆန်းထဲရောက်နေသည်မို့ ဆောင်း၏အငွေ့အသက်လေးတွေဖြစ်တဲ့ မြူနှင်းကလေးများနှင့် မြောက်လေလေးများဝင်ရောက်တိုက်ခတ်
ကျဆင်းလို့လာလေပြီဖြစ်လေသည်။
တန်ဆောင်မုန်းလဆောင်းလေညင်းတွေနဲ့အတူ အိမ်ခြံမြေ
ပွဲစားအောင်ကြီးရဲ့စကားတွေဟာ ပွဲစားဆိုသည်အတိုင်း
လူတစ်ယောက်ကို မလိုချင်သည်ပစ္စည်းကိုလိုချင်လာအောင်ဆွဲဆောင်နေပြီး စကားလေသံတွေကအစ ပြေပြစ်
သာယာမှုအပြည့်နဲ့အဆင်ချောမွေ့နေလေ၏။
နေခန့်,ငါ့ညီမို့,အကိုပွဲစားခတောင်မယူပဲဒီအိမ်နဲ့ဒီခြံကို သိန်း
၁၅၀၀ထဲနဲ့ပေးရောင်းလိုက်တာနော် ဘေးလူများဆိုလို့ကတော့,အကိုသိန်း၂၀၀၀လောက်တင်ရောင်းပြစ်မှာ တန်ပါတယ် နေခန့်,ငါ့ညီရာ အိမ်ပုံဆန်လေးကလည်းချစ်စရာလေး အထဲကဖွဲ့စည်းထားတဲ့,အခန်းတွေကလည်း ကျယ်
ကျယ်ဝန်းဝန်းနဲ့ အိပ်ခန်း၅ခန်းအပြင် ဘုရားခန်းကလည်းအကျယ်ကြီးတစ်ခန်းသီးသန့်ပါသေးတယ် အိမ်နဲ့လမ်းကလည်းနီး ချက်ပြုတ်စားသောက်ဖို့အတွက် စျေးနဲ့ရော
စားသောက်ဆိုင်တွေနဲ့ပါနီးသေးတယ်ငါ့ညီရာ,ပြီးတော့ အိမ်ရဲ့အနောက် ပြင်ဦးလွင်မြို့ရဲ့အလှအပတောင်တန်းကြီးတွေကိုလည်း ငါ့ညီလို စာရေးတဲ့သူတွေအတွက် သဘာဝရဲ့အလှတရား ရှုခင်းတွေကို အနုပညာခံစားချက်တွေနဲ့ အေးအေးဆေးဆေးခံစားလို့ရနိုင်တယ်မလားငါ့ညီရဲ့
ငါ့ညီနဲ့အကိုနဲ့ဆိုတာ ဆွေမျိုးစပ်မယ်ဆို ညီအကို၄ဝမ်းကွဲ
လောက်တော်ပါသေးတယ် နေခန့်ငါ့ညီရာ အကိုက ငါညီကို
မဟုတ်တာဘယ်လုပ်ပါမလဲကွာ, နောက်ပြီး ငါ့ညီတွေ့တဲ့အ
တိုင်းအိမ်ထဲမှာ ပရိဘောဂပစ္စည်းဆိုတာအပြည့်စုံပါနေပြီး
သားပဲ ငါ့ညီထက်ဝယ်စရာမလိုတော့ဖူး အစစအရာရာအကုန်ပြီးပြည့်စုံနေပြီးသားပါကွာ,
ကိုအောင်ကြီးမှာ ကျွန်တော်နဲ့ဆိုညီအကို၄ဝမ်းကွဲလောက်
တော်လေပြီး ညီအကိုချင်းတော့,မဟုတ်တာမလုပ်ပါဖူးဟု
ကျွန်တော်တွေးလိုက်မိ၏။
ကဲပါကိုအောင်ကြီးရာ ဒီလောက်လည်းကျွန်တော်ကို ဒီအိမ်
နဲ့ဒီခြံ ရောင်းထွက်ဖို့အရေး ပွဲစားဆိုတဲ့အတိုင်းစကားတွေ
ဖောင်ဖွဲ့ပြပြီး လေကုန်မခံနေပါနဲ့တော့ဗျာ,ကျွန်တော်ဒီအိမ်နဲ့ခြံကိုဝယ်မှာပါ ညီအကိုတွေတော်နေကြတာပဲ မဟုတ်တာ
တော့ ကိုအောင်ကြီး ကျွန်တော်ကိုမလုပ်လောက်ပါဖူး
ဟုတ်တယ်မလား ကိုအောင်ကြီး ဟား….ဟား…..ဟား….
ထိုနေ့က အိမ်နဲ့ခြံဝယ်ဖြစ်သွားလို့ အိမ်ခြံပိုင်ရှင်ကို ကိုအောင်ကြီးက ဖုန်းနဲ့ဆက်သွယ်အကြောင်းကြားလိုက်၍
အိမ်စီးကားလေးနဲ့ရောက်ချလာပြီး အိမ်အရောင်းအဝယ်
စာချုပ် ချုပ်ဖြစ်သွား၍ အသစ်စက်စက်ခြံနဲ့အိမ်ကြီးရဲ့ပုိင်
ရှင်ဖြစ်သွားရလေတော့၏။
အိမ်ရောင်းတဲ့သူတွေပြန်သွားတော့မှ,ကိုအောင်ကြီးနဲ့,ကျွန်တော်အိမ်ထဲ အမှိုတ်တွေနဲ့ဖုန်တွေ မလိုအပ်တဲ့ပစ္စည်းတွေကို နှစ်ယောက်သားရှင်းလင်းရတော့လေသည်။
သိပ်ပြီးထွေထွေထူးထူးတော့ရှင်းလင်းစရာမလို ဖုန်လေးနည်းနည်းပါးပါးနဲ့ ပင့်ကူမျှင်လေးတွေလောက်သာ
လှဲကျင်းရှင်းလင်းလိုက်ရသည် ကိုအောင်ကြီးပြောပြတာ
တော့ ဒီအိမ်ကြီးနဲ့ခြံကြီးကို အိမ်ပိုင်ရှင်တွေက သုံးလတစ်ခါလောက်အမြဲတမ်းလူငှါးပြီး လာရှင်းကြတယ်ဟုဆို၏။
နှစ်ယောက်သားတစ်အိမ်လုံးကို ရှင်းလင်းပြီးသောအခါ
အချိန်ကိုကြည့်လိုက်တော့,ညနေ၄နာရီထိုးနေပြီဖြစ်၍
ကိုအောင်ကြီးရေ ကျွန်တော်တော့,ရေချိုးလိုက်အုံးမယ်ဗျ,
ပူစပ်ပူလောင်ဖြစ်ပြီး လူတကိုယ်လုံးချွေးတွေနဲ့နံစော်နေပြီ
ပြီးမှ ကိုအောင်ကြီးကို ကျွန်တော်ဘီယာဆိုင်လိုက်ပြီးအဝ
တိုက်မယ်
အေး..အေး..ချိုး..ချိုး..မြန်မြန်လည်းချိုးအုံး မင်းပြောလိုက်တဲ့ ဘီယာဆိုတဲ့အသံကြားတာနဲ့,ငါပါးစပ်လှုပ်
လာပြီးကွ,သောက်ချင်လွန်းလို့,ဟား….ဟား…ဟား…
ကိုအောင်ကြီးက ကျွန်တော်ဘီယာတိုက်မယ်ပြောလိုက်တာနဲ့,ကျွန်တော်ကိုစနောက်လိုက်လေတော့သည်။
ကျွန်တော်လည်း ပါလာသည်အဝတ်စားအိတ်ထဲမှ ပုဆိုးတစ်ထည်နဲ့,သဘက်တစ်ထည်ကိုပုခုံးပေါ်တင်ပြီး ရေချိုးခန်းရှိရာသို့,ထွက်လာခဲ့လိုက်လေ၏။
ညထဲက မိုးကုတ်မြို့ကနေကားတစ်ညလုံးမောင်းလာရသဖြင့်,လူကလည်းပင်ပန်းနွမ်းနယ်နေသည်မို့,ရေချိုးခန်းထဲရောက်သည်နှင့် ရေပန်းမှရေဖွင့်ချလိုက်တာနဲ့ လူတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားသလိုခံစားလိုက်ရလေသည်။
ရေမိုးချိုးပြီးတာနဲ့,အိတ်ထဲမှ,ဘောင်းဘီရှည်တစ်ထည်နှင့်
အင်္ကျီလက်ရှည်တစ်ထည်ကိုရွေးဝတ်လိုက်ပြီး မျက်နှာလူးဆေးလေးနည်းနည်းပါးပါးလူး ခေါင်းလိမ်ဆီးလေးထည့် ဖီးလိမ်ပြီး ဘီယာဆိုင်သွားဖို့,ကားကိုမယူတော့ပဲ ပြင်ဦးလွင်မြို့ရဲ့,ညနေဆည်ဆာအလှကို ဆိုင်ကယ်နဲ့လွတ်လွတ်လပ်လပ်ကြည့်ရှုခံစားချင်တာနဲ့ပဲ ကိုအောင်ကြီးဆိုင်ကယ်နဲ့,ဘီယာဆိုင်ရှိရာသို့,ထွက်လာခဲ့လေသည်။
နေခန့်,နဲ့,အောင်ကြီးမသိလိုက်သည်တစ်စုံတစ်ရာသဏ္ဍာန်
တစ်ခုသည်ကား သူတို့နှစ်ယောက်ကို အိမ်ကြီးပေါ်ကနေ
သေချာစိုက်ကြည့်နေသည်ကိုတော့ နေခန့်နဲ့,အောင်ကြီးတို့
နှစ်ယောက် မသိလိုက်ပေ။
နေခန့်မှာ မိုးကုတ်မြို့ဇာတ်ိဖြစ်ပြီး နေခန့်၏,မိဘများမှာအဖေဦးဘိုးထွန်း အမေဒေါ်စန်းလေးဖြစ်၍ ဦးဘိုးထွန်းဒေါ်စန်း
လေးတို့လင်းမယားနှစ်ယောက်မှာ ဖိုးဟန်နေခန့်ဆိုတဲ့သားယောက်ျားလေးနှစ်ယောက် ထွန်းကားလေပြီး နေခန့်မှာအငယ်ဆုံးသားဖြစ်လေ၏။
ဖိုးဟန်နဲ့,နေခန့်တို့ညီအကိုနှစ်ယောက်မှာ ဖိုးဟန်းက အသက် အသက်၃၄နှစ်ကျော်ရှိပြီး နေခန့်ကတော့ အသက်
၂၇နှစ်ကျော်ပြီဖြစ်ကြပြီး ခုချိန်ထိ အိမ်ထောင်မကျသေးပဲ
လူပျိုကြီးတွေဖြစ်နေကြလေသည်။
မိုးကုတ်မြို့၌ မိဘတွေပိုင်ဆိုင်သည် စိန်ရွှေရတနာဆိုင်ကြီး
တွေကို ဦးစီးလုပ်ကိုင်နေရင်း ခုပြင်ဦးလွင်မြို့၌ ဆိုင်ခွဲဖွင်ရန်
ခြံနဲ့အိမ်တစ်လုံးဝယ်ပြီး နေရာအကွက်အကွင်းကောင်းသည်နေရာကို စုံစမ်းလေ့လာရန် နေခန့်တစ်ယောက်ရောက်
လာခြင်းဖြစ်လေ၏။
ပြင်ဦးလွင်မြို့မှာက နေခန့်၏အဖေ ဦးဘုိးထွန်းရဲ့,အကို
သုံးဝမ်းကွဲတော်သူ ဦဗညားဆိုတာရှိသောကြောင့်, ခုလိုပြင်
ဦးလွင်မြို့၌ ခြံနဲ့အိမ်တစ်လုံးကိုဝယ်ပြီး စိန်ရွှေရတနာဆိုင်
ဖွင့်၍ စီးပွားရေးကိုတိုးကျဲ့ဖို့ ဖြစ်လာရခြင်းပင်ဖြစ်ပေ၏။
ဦးဗညားဆိုသူမှာလည်း ကိုအောင်ကြီးရဲ့အဖေဖြစ်လေသည်။
ကျွန်တော်လည်း ကိုအောင်ကြီးဆိုင်ကယ်နောက်ကနေ ပြင်
ဦးလွင်မြို့ရဲ့ ညနေဆည်ဆာအလှအပတွေနဲ့ လတ်ဆတ်တဲ့
လေကောင်းလေသန့်တွေကို ခံစားကြည့်ရှု့ရင်း ကိုအောင်
ကြီးဆိုင်ကယ်ရပ်လိုက်တော့မှ, ဆိုင်ကယ်ပေါ်မှဆင်းလိုက်ပြီး
ဟား…ကိုအောင်ကြီး…ဒါကိုအောင်ကြီးအိမ်ပဲ ဘီယာဆိုင်မှ
မဟုတ်တာ ဘာလဲဘီယာမသောက်တော့ဖူးလားဗျ,ကုိ
အောင်ကြီးက
ကျွန်တော်လည်း ဘီယာဆိုင်သွားမှာထင်ပြီး ခုကိုအောင်ကြီးက သူအိမ်ရှေ့ဆိုင်ကယ်ကိုရပ်လိုက်သဖြင့် မေးလိုက်
ခြင်းပင်ဖြစ်သည်။
ဟ,ကောင်နေခန့်ရ,ငါကရေမှမချိုးရသေးတာ မင်းကြတော့
ရေမိုးချိုးအဝတ်စားတွေသားသားနားနားနဲ့ ငါ့ကြတော့ ချွေးစော်တွေနံနံစော်စော်ကြီးနဲ့, လူတွေကြားထဲသွားရမှာလားကွ,,ငါလည်းရေမိုးချိုးအလှလေးဘာလေး ပြင်အုံးမှပေါ့ကွာ,ဟား…ဟား…………….
ကိုအောင်ကြီးနဲ့အတူ အိမ်ထဲဝင်လာခဲ့ပြီး ဧည့်ခန်းက စတီ
ခုံတစ်ခုံပေါ်ထိုင်လိုက်ပြီး ကိုအောင်ကြီးရေမိုးချိုးနေတာကို
စောင့်နေလိုက်၏။
ဟား…ဟေ့,ကောင်နေခန့်,မင်းဒီကိုရောက်နေတယ်ဟုတ်လား
ကျွန်တော်လည်း အသံကြားရာကြည့်လိုက်တော့,
ဟား..လင်းအောင်သူငယ်ချင်း မင်း..မင်း..မြန်မာပြည်ကို
ပြန်ရောက်နေတယ်,,ဘယ်အချိန်ထဲပြန်ရောက်နေတာ
လည်းငါလည်းမသိရပါလား
ကျွန်တော်လုံးဝမထင်ထားတဲ့,လင်းအောင်ကိုတွေ့လိုက်ရ
၍,အရမ်းအံသြသွားရလေ၏။
လင်းအောင်ဆိုတာက ကိုအောင်ကြီး၏,ညီဖြစ်ပြီး ကျွန်တော်တို့လိုပင် ဦးဗညားနဲ့ဒေါ်သန်းနုတို့လင်မယားနှစ်ယောက်မှာလည်း ကိုအောင်ကြီးနဲ့,လင်းအောင်ဆိုသည်
ညီအကိုနှစ်ယောက်သာ ထွန်းကားလေသည်။
ဦးဗညားတို့တွေရဲ့,မွေးရပ်ဇာတ်ိမြေမှာ ကျွန်တော်တို့
မိုးကုတ်ဇာတိပင် ကျွန်တော်အသက်၁၉နှစ်လောက်ရောက်
မှ,ဦးဗညားတို့မိသားစုတွေ ပြင်ဦးလွင်မြို့သို့ပြောင်ရွေ့နေ
ထိုင်လာကြခြင်းပင်ဖြစ်လေ၏။
လင်းအောင်နဲ့,ကျွန်တော်ဆိုသည်မှာလည်း ငယ်ငယ်ပေါင်းသင်းလာခဲ့သည်အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သည်အပြင်
ဆွေမျိုးတွေလည်းတော်နေသေးသည်မဟုတ်ပါလော။
လင်းအောင်က စင်္ကာပူနိုင်ငံသို့ အလုပ်သွားလုပ်နေသည်မှာ
ငါးနှစ်ပင်ရှိနေခဲ့ပြီး အခုလို့ဗြုန်းစားကြီးတွေ့လိုက်သော
ကြောင့် အံ့သြသွားရခြင်းပင်။
အေးကွ,နေခန့်ရ,ငါလည်းနေခင်းလောက်ကမှ,ပြန်ရောက်တာကွ,,ငါပြန်လာမှာကိုကြိုပြီး အသိမပေးအကြောင်းမကြားရတာက ငါမိဘတွေငါ့ကို ဗြုန်းစားကြီးတွေ့လိုက်ရ
ရင်း အံ့သြသွားအောင်လို့ပါကွ,နေခန့်ရ,
အေးကွာ,လင်းအောင်ရာ မင်းကိုတွေ့လိုက်ရတော့,ငါပိုပြီး
ဝမ်းသာသွားပြီ ငါဒီနေ့ မင်းတို့ပြင်ဦးလွင်မြို့မှာ ခြံနဲ့တိုက်တစ်လုံးဝယ်ဖြစ်လို့ မင်းအကို ကိုအောင်ကြီးကို ပွဲစားခမပေးရလို့ ဘီယာလိုက်တိုက်မလို့လုပ်နေတာ မင်းပါတစ်ခါထဲလိုက်ခဲ့လေကွာ,ခုလိုပြန်တွေ့ရတုန်းပျော်ရွှင်ပွဲလေး
လုပ်ရတာပေါ့ကွာ,
ကိုအောင်ကြီးရေမိုးချိုးပြီးတာနဲ့,ကျွန်တော်လည်း ဦးဗညား
နဲ့ဒေါ်လေးသန်းနုကိုနုတ်ဆက်ပြီး လင်းအောင်နဲ့အတူ စား
သောက်ဆိုင်လေးတစ်ဆိုင်သို့,ဆိုင်ကယ်တစ်စီးထဲနဲ့ သုံးယောက်သားထွက်လာခဲ့ကြလေသည်။
တန်ဆောင်မုန်းလဆိုတော့ ပြင်ဦးလွင်မြို့၌ ဆောင်းရဲ့အအေးဓါတ်က လွှမ်းမိုးနေလေပြီ သို့ပေမဲ့ ကျွန်တော်တို့ မိုးကုတ်မြို့လောက်တော့ အအေးဓါတ်သိပ်ပြီးမအေးပေ
ကျွန်တော်တို့,မိုးကုတ်မြို့ဆို ဆောင်းတွင်းရောက်ပြီဆိုရေ
တွေတောင်ခဲကုန်လေ၏။
ကိုအောင်ကြီးက ဆိုင်ကယ်လေးကိုစားသောက်ဆိုင်လေး
တစ်ဆိုင်ရှေ့တွင်ထိုးရပ်လိုက်ပြီး ကျွန်တော်တို့သုံးယောက်
လည်းဆိုင်ကယ်ပေါ်မှဆင်း၍,ဆိုင်လေးအတွင်းထဲသို့ဝင်
လာခဲ့ပြီး မြန်မာဘီယာ ၇လုံးမှာလိုက်ပြီး ကန်စွန်းပလိမ်းတစ်ပွဲ၊ဝက်ခေါင်းသုပ်တစ်ပွဲ အာလူးကြော်တို့မှာလိုက်ပြီး
၅၅၅စီးကရက်ဆေးလိပ်ကိုမှာသောက်လိုက်လေသည်။
ဒါနဲ့,နေခန့်မင်းကိုငါမေးရအုံးမယ် မင်းကဒီမှာ အိမ်နဲ့ခြံနဲ့ဝယ်ပြီး တစ်ယောက်ထဲနေမှာလားကွ,ဘာအလုပ် လုပ်
မှာလည်းကွ,,
လင်းအောင်ကကျွန်တော်ကို မိုးကုတ်မြို့မှာမနေပဲ ပြင်ဦးလွင်မြို့၌ အိမ်နဲ့ခြံလာဝယ်ပြီး တစ်ယောက်ထဲလာနေသည်ကို သိချင်လွန်း၍ မေးလေခြင်းဖြစ်၏။
ဒီလိုကွ,လင်းအောင်ရ,ငါမင်းတို့မြို့မှာ အိမ်နဲ့ခြံလာဝယ်ရခြင်းအကြောင်းက ငါမိဘတွေပိုင်ဆိုင်တဲ့ မိုးကုတ်မြို့မှာ
စိန်ရွှေရတနာဆိုင်သုံးဆိုင်ရှိတယ်မလား ငါ့အမေရယ်ငါ့အကိုဖိုးဟန်ရယ် ငါထိုင်တဲ့ဆိုင်ရယ်သုံးဆိုင်ရှိတယ်လေကွာ,အေးအဲ့ဒီငါထိုင်တဲ့,ဆိုင်ကို မင်းတို့မြို့မှာ ဆိုင်လာခွဲ
ဖွင့်ဖို့ပေါ့ကွာ,,ဟိုကဆိုင်ကိုတော့,ငါ့အဖေလောလောဆယ်
ထိုင်နေတယ် ဒီမှာဆိုင်မဖွင့်ဖြစ်လဲ အိမ်နဲ့ခြံဝယ်ထားတာ
မှားတာမှမဟုတ်တာလင်းအောင်ရာ အိမ်နဲ့ခြံဆိုတာ တစ်နှစ်နဲ့တစ်နှစ် စျေးကတက်နေတာမဟုတ်လားကွ,,
ဟား..နေခန့်,မင်းတို့မိသားစုတွေကတော့ စီးပွားရေးသရဲတွေပဲကွ,,မင်းတို့တွေ ဒီလောက်ချမ်းသာနေတာ အေးဆေး
နေနိုင်နေတာပဲကွာ,,
အေး..ဟုတ်သားပဲနေခန့်ရာ လင်းအောင်ပြောတာမှန်နေတာ
ပဲ မင်းတို့မိသားစုဒီလောက်ချမ်းသာနေတာ အေးဆေးထိုင်း
စားလို့ရနေတာပဲကွာ,,
လင်းအောင်ကျွန်တော်ကိုပြောလိုက်သည်ကို ကိုအောင်ကြီး
ကပါ ကြားကဝင်ပြီးထောက်ခံပြောလေသည်။
မဟုတ်ပါကိုအောင်ကြီးရာ အမှန်ကကျွန်တော် အိမ်မှာနေရ
တာပျင်းလာလို့,အကြောင်းပြချက်ရှာပြီး ဒီပြင်ဦးလွင်မြို့မှာ
အိမ်နဲ့ခြံဝယ်ပြီး သုံးလလောက်အေးဆေးလာနားရင်း ကျွန်
တော်ဝါသနာပါတဲ့,စာရေးတဲ့အလုပ်လေးကို စိတ်အေးလက်အေးနဲ့,ရေးချင်လို့ပါဗျာ,,မိုးကုတ်မှာနေရင် တစ်နေ့တစ်နေ့ ဆိုင်နဲ့အိမ်နဲ့ နားရတယ်မရှိပါဖူး ကျွန်တော်ဝါသနာပါတဲ့စာရေးတဲ့အလုပ်လေးတောင် မလုပ်နိုင်ဖူးဒါ
ကြောင့် ခုလိုစဉ်းစားကြံစည်လိုက်ရတာပဲဗျ,, ဒါမှ,အဖေနဲ့
အမေကလည်း လွှတ်မှာမဟုတ်လားဗျ,,ဟား….ဟား……
သြော်……လက်စသတ်တော့,မင်းကဒီလိုအကြံစည်နဲ့,ဒီမြို့
မှာ အိမ်နဲ့ခြံလာဝယ်တာကိုနေခန့်ရ,,တက်လည်းတက်နိုင်ပါကွာ,ဟား….ဟား….ဟား…………
လင်းအောင်က ကျွန်တော်အကျိုးအကြောင်းရှင်းပြလိုက်
တော့မှ,နားလည်သဘောပေါက်ပြီး သဘောကျစွာရယ်မော
နေလေတော့၏။
ထိုနေ့ညနေကတော့,ကျွန်တော်တို့သုံးယောက်သားဘီယာလေးအရှိန်လေးဖြင့်,အိမ်ကိုပြန်ခဲ့ကြလေ၏။
ကိုအောင်ကြီးကကျွန်တော်ကို ဆိုင်ကယ်နဲ့လိုက်ပို့ပေးပြီး
ပြန်သွားလေသည်။
ကျွန်တော်ဝယ်ထားတဲ့,အိမ်နဲ့,ကိုအောင်ကြီးတို့အိမ်နဲ့ဆို
ဆိုင်ကယ်နဲ့ဆို ငါးမီနစ်လောက်သာမောင်းရလေသည်။
အိမ်ရောက်သည်နှင့် ခြံကိုသေချာသော့တွေခတ် တံခါးတွေ
ပိတ်လိုက်ပြီး အိပ်ခန်းငါးခန်းအနက် တစ်ခန်းကိုစိတ်ကြိုက်
ရွေးလိုက်ပြီး အိပ်ဖို့လုပ်ရလေတော့သည်။
အရင်အိမ်ပိုင်ရှင်တွေက တော်တော့တော်သည် ကျွန်တော်
ဒီအိမ်ကြီးကို ဝယ်မည်ဆိုတာနှင့် အိမ်ကြီးရဲ့အိပ်ခန်းတွေအကုန်လုံးကို မွေ့ယာစောင်ခြင်ထောင်အစုံတစ်ခါထဲ
ဝယ်ထည့်ပေးထားပြီး အိမ်ရောင်းကောင်းအောင် လုပ်ထား
လေခြင်းကြောင့်ပင်ဖြစ်သည်။
အခန်းထဲရောက်သည်နှင့်,ဘီယာဆိုင်မှာထဲက ဘီယာသောက်ရင်း မုန့်တွေစားခဲ့လို့,ညစာအတွက်တော့,ထွေထွေ
ထူးထူးစားစရာမလို့တော့ပေ စကားပြောဖော်လည်းမရှိတော့,အိပ်ဖိုသာရှိတော့၍,အိပ်ရန်ကုတင်ပေါ်ခင်းထားသည်
မွေ့ယာကြီးပေါ်သို့,ခြေပြစ်လက်ပြစ်လှဲချလိုက်လေတော့၏။
အိပ်မလို့ လုပ်တုန်းဗြုန်းဆို
ဒီမှာ..ဒီမှာရှင့်,ရှင်ဒီအခန်းထဲမှာ အိပ်လို့မရဖူး ဒါကျမအခန်း ကျမအိမ်ရှင့်,ရှင်ခုချက်ချင်းထွက်သွားပေးပါ
ကျွန်တော် အိပ်နေသည်အခန်းထဲကို ဘယ်အချိန်ထဲကရောက်နေသည်မသိ အဖြူရောင်အဝတ်စားဝတ်ဆင်ထား
သည် မိန်းမချောလေးတစ်ယောက်ကိုတွေ့လိုက်ရပြီး ကျွန်
တော်ကို မောင်းထုတ်နေလေသည်။
ဟား….ခင်ဗျား…ခင်ဗျား…ဘယ်သူတုန်း ဘာတွေလာပြော
နေတာလည်း ဒါကျွန်တော်အိမ်ဗျ,ဒီနေ့ပဲ ဒီအိမ်နဲ့ခြံကို ကျွန်
တော် ဒီအိမ်ပိုင်ရှင်တွေဆီက စာချုပ်စာတမ်းနဲ့ ချုပ်ပြီး သိန်း၁၅၀၀နဲ့ ဝယ်ထားလိုက်တာ ခင်ဗျားကဘယ်သူတုန်း
ကျွန်တော်ပြောလိုက်တော့မှ,ထိုမိန်းခလေးမျက်နှာပေါ်တွင်
မျက်ရည်လေးတွေကျဆင်းလာပြီး ရှိုက်ကြီးတငင်ငိုကြွေး
နေလေတော့သည်။
အဟင့်…အဟင့်…ဟီး…..ဒီ..ဒီ..အိမ်ကြီးကို..ကျမ..ကျမ..
အမေနဲ့…အဖေကရောင်းပြစ်လိုက်ပြီဟုတ်လားရှင့်….ဒါဆို
ကျမက ဘယ်မှာသွားနေရမှာလည်းရှင်…အဟင့်..အဟင့်..ဟီး…
ဟား…ဟေ့….ဟေ့…အဲ့လိုမငိုနဲ့လေကွာ,ဒီအချိန်ကြီး ဒီအိမ်
ကြီး ဒီအခန်းထဲမှာ မင်းရယ်ငါရယ်နှစ်ယောက်ထဲရှိတာ မင်းခုလိုမျိုးကြီး ငိုနေရင် ငါကိုပတ်ဝန်းကျင်ကတစ်မျိုးထင်မှာပေါ့ကွ,, ဒါနဲ့မင်းက ဒီအိမ်ပိုင်ရှင်ရဲ့သမီးလား ဒီအိမ်ရောင်းလိုက်တာမသိဖူးလား
ကျွန်တော်ပြောလိုက်တော့မှ,ချစ်စရာကောင်းသည်ထိုမိန်း
ခလေးက ငိုနေတာတိတ်သွားပြီး ပြန်ပြောလေသည်။
ကျမ မသိလိုက်ဖူး အမေနဲ့အဖေဒီအိမ်ကြီးကို ရှင့်ကိုရောင်း
လိုက်တာ
ကဲပါကွာ,မင်းလည်းဘာမှမစိုးရိမ်နဲ့,အချိန်ကလည်းညဉ်နက်နေပြီ မင်းလည်းခုချိန်မိန်းခလေးတစ်ယောက်ထဲ ပြန်
လို့,မသင့်တော်တော့ဖူး ဒီမှာပဲအိပ်လိုက်တော့,သြော်…ပြော
ရအုံးမယ် ဒီမှာပဲအိပ်ဆိုလို့ ငါ့ကိုတစ်မျိုးမထင်နဲ့နော် မင်းနဲ့
ငါနဲ့ နှစ်ယောက်ထဲရှိတာဆိုတော့,မင်းကဒီအခန်းမှာပဲစိတ်ချလက်ချအိပ်ပါ ငါကတော့ တစ်ခြားအခန်းသွားအိပ်ပေးမယ် မင်းစိတ်ချလို့ရအောင် မင်းအခန်းထဲကနေတံခါးကိုလော့ချထား sorryကွာ,ငါလည်းဒီနေ့မှ ဒီအိမ်နဲ့
ခြဲကို ဝယ်လိုက်တာဆိုတော့ ဒီအိမ်ကိုပြတဲ့ ငါနဲ့အမျိုးတော်
တဲ့ ပွဲစားရောနဲ့ ငါ့အချစ်ဆုံးသူငယ်နဲ့အတူတူဘီယာသောက်လာမိတယ် ဒါပေမဲ့စိတ်မပူပါနဲ့, ငါမြန်မာလူမျိုး
တစ်ယောက်ပါ ငါဘယ်လောက်မူးမူး ကိုယ်ကျင့်တရားကို
တော့,စောင့်ထိန်းနိုင်ပါတယ် သြော်ဒါနဲ့မင်းပျင်းလို့အိပ်မပျော်ဖ်ြစ်နေခဲ့ရင် မင်းကုဘေးကစားပွဲခုံပေါ်က ငါ့အိတ်ထဲ
မှာ ငါဝါသနာအရရေးထားတဲ့ ဝတ္ထုဇာတ်လမ်းတွေကို ဖတ်
လို့ရအောင်စာအုပ်ပြန်ထုက်ထားတာရှိတယ်ယူဖတ်နော်
ဝါသနာပါရင် အားမနာနဲ့ ကဲငါသွားပြီ ဒါနဲ့ ငါနာမည်နေခန့်
မင်းနာမည်ဘယ်လိုခေါ်လဲ
ဟုတ်ကဲ့ရှင့်,ကျမနာမည် ဝေနှင်းပါအကို ကျေးဇူးပါပဲ ခုလို
ဝေနှင်းကို ဒီအခန်းထဲမှာ အိပ်ခွင့်ပေးတဲ့အတွက် နောက်ပြီး
ဝေနှင်းက စာဖတ်တာအရမ်းဝါသနာပါတာ ခုလိုအကိုရေး
ထားတဲ့ စာအုပ်တွေကိုဖတ်ခွင့်ပေးတဲ့အတွက်ရော ကျေးဇူး
ပါပဲနော် အကို
ဝေနှင်းဆိုသည် မိန်းခလေးက ချစ်စရာကောင်းသည်အမူ
ရာလေးဖြင့် ကျေးဇူးတင်စကားကျွန်တော်ကို ပြောနေလေ
သည်။
ရပါတယ် စာရေးတယ်ဆိုလို့ အကို့ကိုတော့ နာမည်ကြီးစာ
ရေးဆရာတစ်ယောက်တော့မထင်လိုက်နဲ့နော် ဟဲ..ဟဲ…
ဝါသနာပါလို့,ရေးတဲ့အဆင့်ပဲရှိပါသေးတယ် ဇာတ်လမ်းမ
ကောင်းရင်တော့,သည်းခံပြီးတော့ဖတ်ပေတော့ ဝေနှင်းရေ
အကိုသွားပြီ,
ဟုတ်ကဲ့ရှင့်,
ကျွန်တော်လည်း ဝေနှင်းဆိုတဲ့ မိန်းခလေးကို နုတ်ဆက်ပြီး
အခန်းထဲမှထွက်၍,တစ်ခြားအခန်းသို့ ပြောင်းပေးလိုက်ရလေတော့သည်။
ဒီနေရာမှာ စာဖတ်သူတွေများခင်ဗျာ ကျွန်တော်ရေးတဲ့ ဇာတ်လမ်းက ရှည်သွားတဲ့အတွက် နှစ်ပိုင်းခွဲရေးမှ ရတော့မှာမို့, စာဖတ်သူတွေအနေနဲ့ ဇာတ်ရှိန်ပျက်သွားရင်
တောင်းပန်ပရစေ နောက်ပိုင်းဇာတ်သိမ်း ဝေနှင်းဆိုတဲ့ အိမ်ကြီးကိုအစွဲလမ်းကြီးပြီး မကျွတ်လွတ်သေးတဲ့ သရဲမလေးနဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်မင်းသားနေခန့်တို့ ဘဝမတူ တစ်အိမ်ထဲမှာအတူတူနေပြီး ဘာတွေဆက်ဖြစ်
ကြအုံးမှာလည်းဆိုတာတော့ ကျွန်တော်ကြိုးစားပြီးဆက်လက်ရေးသားလိုက်ပါအုံးမည် ဒီညမမှီရင်တောင်မနက်ဖြန်
တော့,စာဖတ်သူတွေ ဆက်လက်ဖတ်ရှုနိုင်ကြမှာပါ
*ရှိုင်း*
ဇာတ်သိမ်းပိုင်းမျှော်
စာရေးပြီးတင်ချိန် 5:50.p.m.
7.11.2021.တနင်္ဂနွေနေ့