ငရဲခွေးနှင့်ဝိညဉ်ခေါ်သည့်မိစ္ဆာငှက်

Posted on

ငရဲခွေးနှင့်ဝိညဉ်ခေါ်သည့်မိစ္ဆာငှက်(စ/ဆုံး)

———————————————-

ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့ရာသီဥတုကတော့…..အညာဘက်လိုမဟုတ်ဘူးဗျ….။
၁၂ လလုံးလုံးတောင်…မိုးရဲ့အငွေ့အသက်ကရှိနေလေသေးရဲ့…။
စိတ်ကူးပေါက်ရင်….ရွာချလိုက်ပြန်လေရော….။
ခုလည်းကြည့်လေဗျာ….။

ကောင်းကင်တစ်ခုလုံး….အုံ့မှိုင်းပြီးမည်းနက်လာပြန်ပြီ…။
စနေထောင့်အရပ်ကဆိုတော့…ဒါဟာမိုးကြီးနိုင်တယ်ဗျ…။

ကျွန်တော်တို့လို…တောင်ပေါ်တက်
၀ါးခုတ်…သစ်ခုတ်…ကြိမ်ခုတ်တဲ့သူတွေအတွက်တော့
သိပ်အခက်တွေ့တာ…။

ဘာလို့လဲဆိုတော့…..
ဒီလိုမိုးကျပြီးချိန်ဆို…တောထဲမှာ
ကျွတ်တို့…ခြင်တို့က….အလွန်ပေါပ….။
နောက်ပြီး….
၀ါးထမ်း..သစ်ထမ်းလည်း..လမ်းလျှောတော့သိပ်ကိုခက်ခဲလွန်းလှတယ်…..။

​ေဟာ…..
ခုလည်းကြည့်လေဗျာ
မိုးကတော့လာပြီ….
မနက်ဖြန်…သဘက်ခါ…တောတက်ဖို့စိတ်ကူးထားတာလွဲတော့မယ်ထင်ပါရဲ့…..။

“ဘခက်….ဝေ့….ဘခက်…”

” အေး…ရှိတယ်…ဗျို့..”

အိမ်ရှေ့မှခေါ်သံအား `ဘခက်´..ပြန်ထူးလိုက်ရင်း

” ဟ..ငါ့ကောင်ကြီးကအိပ်ယာထက်နပ်နေတာပါလား…”

ကိုထွန်းခိုင်၏အမေးကြောင့်….

” ဒီလိုပါပဲဗျာ…မိုးကအေးတော့..ဒီလိုလေးကွေးနေရတာကိုကဇိမ်တမျိုးရှိနေတော့တာ….”

” အေး…ငါတို့ကမကွေးနိုင်ဘူး ဘခက်ရေ….”

” အလည်လာတာလား.ကိုထွန်းခိုင်…ထိုင်လေဗျာ….”

” အေး…အေး……လမ်းကြုံလို့၀င်လာရင်းနဲ့ပြောစရာလည်းရှိလို့ ဘခက်ရေ…”

” ဆိုပါဦးဗျ…….”

” လေးလေးဘစီတို့တောင်ပေါ်ဘယ်နေ့ပြန်တက်မှာတဲ့လဲ ဘခက်….”

” အင်း..မိုးကျလည်းတက်မယ်လို့တော့ပြောတယ်ဗျ…”

” အြော….အေးကွာ..ဒီတစ်ခေါက်တော့..ငါတောင်ပေါ်မလိုက်တော့ဘူး ဘခက်….မင်းလေးလေးနဲ့ကြုံရင်ပြောပေးစမ်းပါ……”

” ဘာလို့လဲ….ကိုထွန်းခိုင်ရ….”

” အေး…အိမ်မှာက…အိမ်ခေါင်တစ်ခုလုံးမိုးကယိုနေပြီ ဘခက်ရေ….မပြင်လို့လဲမရဘူး…ဒါကြောင့်ပါ….”

” အြော်…..အင်းပါ….ကျွန်တော်နဲ့တွေ့ရင်….ပြောပေးလိုက်မယ်လေ…စိတ်ချပါ….”

” ဟုတ်ပြီဘခက်ရေ….ငါလည်းမအားလို့ပြန်ဦးမယ်ကွာ…အိမ်မှာလည်းလုပ်စရာလေးတွေရှိနေသေးတယ်…..”

” ကောင်းပါပြီ……ကျွန်တော်ပြောလိုက်ပါ့မယ်……”

” ဟုတ်ပြီဘခက်…..ငါပြန်တော့မယ်…..”

“ဟုတ်..ဟုတ်…ကိုထွန်းခိုင်….”

ကျွန်တော်တို့တောင်ပေါ်တက်ရင်…အနည်းဆုံးတော့
ရက်၂၀…အစိပ်လောက်တော့ကြာတယ်ဗျ…..။
လိုအပ်တဲ့ရိက္ခာပစွှည်း….၀ယ်ယူစုဆောင်းပြီးသည်နှင့်လေးလေးဘစီဦးဆောင်တဲ့…ကျွန်တော်တို့တစ်ဖွဲ့လုံးလည်း
ခြေလျင်ခရီးနဲ့တောင်ပေါ်ကိုသွားတော့တာပဲ…….။

ဒီအဖွဲ့သားအားလုံးက….ကျုပ်ကိုတော့တော်တော်လေးအားကိုးကြတယ်ဆိုရမယ်…….။
တစ်ခြားတော့မဟုတ်ဘူးဗျ……။
ကျုပ်က….တစ္ဆေ သရဲသိပ်မကြောက်တတ်လို့ပဲ….။
တောဆိုတာကလည်း….မာယာများတတ်ကြတာပဲမဟုတ်လား……။
ဒါပေမဲ့….ကျုပ်ကတော့ဒါတွေကိုသိပ်ဂရုမစိုက်တတ်သူပါ…။
ကျုပ်လိုကောင်က…..တုံးဆိုတိုက်…ကျားဆိုကိုက်မဲ့ကောင်မျိုး…။
သူတို့က…ကျုပ်တောထဲလိုက်ရင်ကို….တော်တော်အားရှိနေလှပြီဗျ……။

ခုလည်း….ကျုပ်တို့တစ်ဖွဲ့တောထဲရောက်တာ ရက်၂၀ လောက်ရှိတော့မယ်ထင်တယ်…..။
ဒီရက်ပိုင်းအတွင်း….ဝါးတိ့ုသစ်တို့ကလည်းတော်တော်ခုတ်ယူပြီးခဲ့ပြီး…..။
အဲ့နေ့တစ်ညနေတော့
ကျုပ်တို့လည်း…အလုပ်နားပြီး
ညအိပ်တဲလေးဆီအားလုံးလည်း….ပြန်လာခဲ့တော့တယ်..။

ညအိပ်တဲလည်းကျုပ်တို့ရောက်လေရော…..

” ဟာ…..ကိုထွန်ခိုင်….ဆိုင်းမဆင့်ဘုံမဆင့်….ဘယ်လိုရောက်လာရတာတုန်း….”

ကိုထွန်ခိုင်တစ်ယောက်….မျက်နှာလည်းမကောင်းလှပေ….။

” ဟ….ထွန်းခိုင်….ဘယ်လိုရောက်လာတာတုန်း….”

လေးလေးဘစီအမေးကြောင့်

” လေးလေးရေ….ရွာမှာတော့ဒုက္ခ လှလှကြီးတွေ့နေပြီဗျာ….”

” ဟေ…….”

” ဟင်……”

ကိုထွန်းခိုင်၏…..စကားကြောင့်အားလုံးလည်းထိတ်လန့်မိသွားရင်း…..

” ရွာမှာ…ဘာဖြစ်လို့လဲ…ကိုထွန်းခိုင်….”

ကျုပ်လည်း…ကပျာကယာပြန်မေးလိုက်ရင်း

” ဒီလို ဘခက်……မင်းတို့တောတက်ပြီးနှစ်ရက်လောက်မှာပဲ…ရွာမှာကွာဘယ်ကရောက်လာတဲ့ခွေးလည်းမသိဘူး…ရွာပြင်သုသာန်ဘက်ကနေအော်အော်အူတာ….ပထမတော့အားလုံးလည်းသွေးရိုးသားရိုးထင်ခဲ့မိတာ….ဒါပေမဲ့….အဲ့ဒီခွေးအူပြီတာနဲ့ကွာ….ကြောက်စရာကောင်းတဲ့ငှက်အော်သံကြီးပြန်ကြားရတော့တာပဲ….အဲ့ငှက်ကြီးအော်ပြီးအိမ်တစ်အိမ်အမိုးပေါ်ကပျံသွားရင်…အကျော်ခံရတဲ့အိမ်ကလူတစ်ယောက်သေတော့တာပဲကွာ…..မနေ့ညကလည်း….တောက်…မ…..နေ့…ည…..က..ကွာ…”

ကိုထွန်းခိုင်တစ်ယောက်ဆက်မပြောပဲ…တောက်တစ်ချက်ခေါက်ပြီး..အားပါးတရငိုချလိုက်တော့သည်……။

” အီး……ဟင့်…..အင့်….”

” ဘာဖြစ်လို့လဲ….ဆက်ပြောလေ….ကိုထွန်ခိုင်….”

” ငါ့…ငါ့…အိမ်ခေါင်မိုးပေါ်ကငှက်ကြီး…ပျံသွားတယ်…..”

” ဟင်…..”

” ဟာ…..”

” ဒါ….ဒါဆို………”

” ဟုတ်တယ်….ဘခက်….မနေ့ညကငါ့မိန်းမဆုံးသွားပြီ….အီး…..ဟီး…..ဟီး…..”

” ဟာ………..”

အားလုံးလည်း….တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြရင်း…….
ကိုထွန်းခိုင်..မိန်းမဖြစ်သူအတွက်တော့အားလုံးလည်းစိတ်မကောင်းကြပေ…….။

” နေပါဦးဗျာ…..အဲ့ဒီခွေးကြီးကလည်း….ဘယ်လိုလုပ်ပြီးရွာကိုရောက်လာရတာလဲ……”

” ဒါတော့…..ငါတို့လည်း……..မသိဘူး ဘခက်…ခုဆိုညဘက်ဘယ်သူမှအပြင်တောင်မထွက်ရဲကြတော့ဘူး…..ညအိပ်ရင်တောင် အိပ်မပျော်ပဲ….ဖြစ်နေကြတာ…….”

” ဘယ်လိုတွေဖြစ်ကုန်ရတာလဲ……”

” နောက်ပြီး…….”

“အင်း….ပြောလေ……ကိုထွန်းခိုင်…..”

” ရက်လည်ပြီးသဂြိုလ်မြေမြုတ်ထားတဲ့…အလောင်းတွေလည်း…..မနက်ကျရင်…မရှိတော့ပြန်ဘူး……အားလုံးအဖော်ခံရပြန်တယ်….”

” ဟာ…….ဘယ်လိုတွေလဲ…..”

” ခုရွာမှာလည်း……ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်ကြပြီ….”

” ရွာကျောင်းကဆရာတော်ဘုရားကိုရော….မလျောက်ကြဘူးလား…..”

” ဆရာတော်ဘုရားလည်း…..မင်းတို့တောတက်ပြီးသိပ်မကြာခင်မှာပဲ…..ခရီးထွက်သွားတာ…..”

” အင်း……ဒုက္ခ ပါပဲ……ဒါနဲ့ခုလိုဖြစ်ပြီးဆုံးတာ…ရွာမှာဘယ်နှစ်ယောက်ရှိပြီလဲ….ကိုထွန်းခိုင်….”

” ၇ယောက်လောက်ရှိနေပြီ…..ဘခက်…..”

” ဒီအတိုင်းဆို……မဖြစ်ဘူး…..ကြာရင်တစ်ရွာလုံးတောင်မျိးဖြုတ်သွားလိမ့်မယ်……”

” ဟုတ်တယ် ဘခက်….ငါလည်းအဲ့လိုတွေးနေတာ…..ခုကလည်းရွာမှာမင်းသိတဲ့အတိုင်း…..ဟေ့ဆို..ဘယ်သူမှရှေ့ကဦးဆောင်လုပ်ရဲတဲ့သူတစ်ယောက်တစ်မှမရှိပဲ…..ကြောက်ကြောက်နဲ့စောင်ကိုခေါင်းမြီးခြုံတဲ့သူတွေပဲ…..ဒီလိုနေရာမှာအားကိုးရတာဆိုလို့မင်းပဲရှိတာ ဘခက်….”

” အင်းပါ……ကျုပ်နားလည်ပါတယ်ဗျာ. …ဒီအတိုင်းနေနေလို့မှမဖြစ်တာ…..တစ်ခုခုတော့ပြန်လုပ်မှရမှာပေါ့..ကဲပါ…..မနက်ဖြန်ကျုပ်လည်းခင်ဗျားနဲ့ရွာပြန်လိုက်ခဲ့မယ်…အခြေအနေကြည့်ပြီး…မီးစင်ကြည့်ကတာပေါ့ဗျာ……”

” ကောင်းတယ်….ဘခက်….ကောင်းတယ်….”

ကျုပ်နဲ့ကိုထွန်းခိုင်နှစ်ဦးလည်း….မိုးလင်းသည်ဆိုသည်နှင့်ရွာဆီသို့ပြန်ခဲ့လိုက်တော့သည်……။
ကျုပ်ပြန်ရောက်သည်နှင့်အားလုံးကလည်း၀မ်းသာကြိုဆိုလျက်ပင်……။

” ဘခက်…..မင်းပြန်လာတာလား…..၀မ်းသာလိုက်တာကွာ…..”

” ဘခက်ရေ….လုပ်ပါဦးကွာ….ငါတို့ရွာမှာတော့နတ်ဆိုး၀င်မွှေနေပြီ……”

” ကဲပါဗျာ…….အဲ့ဒါတွေခနထားဦး……ကျုပ်ကိုလည်းသေသေချာချာလေး….ရှင်းပြကြပါဦး………”

” ဒီလို ဘခက္​………

……….အဲ့လိုပါပဲကြာ…….”

” အင်း….စဉ်းတော့စဉ်းစားစ၇ာပဲဗျာ….ဒီခွေးကြီးရဲ့အူသံကြီးရယ်…..နတ်ဆိုးငှက်ရယ်….အလောင်းဖော်တဲ့ကိစွှရယ်က…ဆက်စပ်နေနိုင်တယ်…….”

” ဘယ်လို……ဆက်စပ်နေလို့လဲ ဘခက်….”

” ဒါတော့…..ကျုပ်တို့အားလုံးအဖြေရှာရမဲ့ကိစွှပဲဗျ….”

” ကျုပ်အထင်တစ်ခုပြောပြလို့ရမလား..ကိုဘခက်…..”

” ပြောလေ…..ကို၀င်းကို…..”

” ကျုပ်ထင်မိတာက….သုသာန်ထဲကအလောင်းဖော်တဲ့သူက….ခွေးကြီးများဖြစ်နေမလားလို့…..”

” အင်း….ဒါလည်းဖြစ်နိုင်တယ်……ခက်တာကသုသာန်ဘက်ကအူအူအော်နေတဲ့…..ခွေးကြီးကိုဘယ်သူမှမတွေ့ဖူးသေးတာကခက်နေတာ…..အမှန်ကကျုပ်လည်းအဲ့လိုတွေးမိနေတာပဲ…..”

” ဒါဆိုကျုပ်တို့….ဘာဆက်လုပ်ကြမလဲ…ဘခက်…”

” သုသာန်ဘက်ကခွေးကြီးက…..ညတိုင်းအူတာပဲလား….”

” အ၇င်၇က်ပိုင်းကတော့……..ညတိုင်းအူတယ်……မနေ့ညကတော့အသံမကြား၇ဘူး….”

” ဟုတ်ပြီ….ဒါဆိုဒီညကျုပ်အဲ့ခွေးကြီးအူမလားဆိုတာစောင့်ကြည့်မယ်…..အူသံကြားရင်သွားကြည့်တာပေါ့….ကျုပ်နဲ့အဖော်နှစ်ယောက်လောက်ဘယ်သူလိုက်ပေးမလဲ……”

” ဟင်…….”

အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိကြ၇င်း

” ကျုပ်တော့မလိုက်ရဲပါဘူးဗျာ………”

” ကျုပ်လည်းကြောက်တယ်ဗျ………”

” ခင်ဗျားတို့ကလည်းဗျာ……..”

ကျုပ်စကားပင်မဆုံးသေး

” ထားလိုက်ပါ ဘခက်…..ကျုပ်နဲ့ကျုပ်တူ လှမောင်လိုက်ခဲ့မယ်……”
“ဟာ….မဟုတ်တာ….ကိုထွန်းခိုင်က…ခင်ဗျားမိန်းမနာရေးကြီးနဲ့လေဗျာ……”

” ရတယ် ဘခက်….ရတယ်…ကျုပ်လည်းအဲ့သုသာန်ဆီကခွေးကြီးဘာလို့အူနေရလဲသိခြင်တယ်..ဘယ်လိုဖြစ်ဖြစ်ကျုပ်လိုက်ခဲ့မယ်…….”

” အင်းပါဗျာ…..ကိုထွန်းခိုင်ရဲ့သဘောပါပဲ……”

#********************#****************#

မိုးချုပ်ပြီဆိုသည်နှင့်အားလုံး၏အိမ်တိုင်း၌လည်း
ပဌာန်းရွတ်သံ…..တရားသံများလည်း…..အိမ်တိုင်းလိုလိုထွကိပေါ်လာတော့သည်…….။

ကျုပ်တို့သုံးဦးသားကတော့…..သုသာန်ဘက်ဆီမှထွကိပေါ်လာမည့်ခွေးအူသံကိုသာနားစွင့်နေမိသည်……။

” ကိုထွန်းခိုင်……”

” ပြောလေ….ဘခက်…..”

” အရင်က…….ဒီကောင်ဘယ်အချိန်လောက်အူတာလဲဗျ…..”

” ညနည်းနည်းနက်ရင်အူပြီဘခက်…..ခနနေဒီကောင်အူမှာသေချာတယ်…..”

” အင်းပါဗျာ…….အမငွေခင်အတွက်တော့….ကျုပ်လည်းစိတ်မကောင်းလှပါဘူးဗျာ…….”

” ရပါတယ်…..ဘခက်ရယ်…….ကံတရားပဲပေါ့…”

” အူး……..အူး……..အု…..ဝူး…….အူး…….”

” ဟော……ကြားလား ဘခက်……”

ကျုပ်တို့စကားပင်မဆုံးကြသေး…..သုသာန်ဘက်မှခွေးအူသံကြီးလည်းထွက်ပေါ်လာတော့သည်……။
သာမာန်….ခွေးအူသံနှင်မတူ
ကြား၇သည်ကိုပင်……စိတ်အတွင်းမှပင်ချမ်းတုန်လာမိသယောင်ယောင်…..။
သရဲ တစ္ဆေ.. …မကြောက်သည့်ကျုပ်ကိုယ်တိုင်ပင်….ကျောချမ်းလာမိသည်…..။

” ဒီကောင်အူသံက….တစ်မျိုးကြီးပါလား….”

” ဟုတ်တယ် ဘခက်…..ဒါကြောင့်တစ်ခြားသူတွေလိုက်ဖို့နေနေသာသာ…..အသံနဲ့တောင်လန့်နေကြပြီ…..”

” ကဲ…ကဲ….ဒါဆိုကျုပ်တို့မြန်မြန်လေး…သွားကြည့်ကြအောင်..”

ခွေးအူသံကြီးထွက်ပေါ်နေသည့်…သုသာန်ဘက်သို့
ကျုပ်တို့သုံးဦးသားလည်း…အပြေးနှင်လိုက်ကြတော့သည်….။

သုသာန်နှင့်နီးလာသည်နှင့်ခွေးအူသံကြီးမှာလည်းပို၍ပင်ကျယ်လောင်စွာကြားနေရပေပြီ…။

သုသာန်နားသို့အရောက်……

” ဘခက်……အသံကတော့ကြားနေရတယ်…..အကောင်ကဘယ်မှာလဲဟ……”

” ကျုပ်လည်းရှာနေတာကိုထွန်းခိုင်…..အသံပုံစံအ၇ဆိုအကောင်ကတော်တော်ကြီးလောက်မယ်ထင်တယ်…..သတိတော့ထားကြဗျာ….ရှေ့တိုးကြည့်ရအောင်..လာ…လာ…”

ကျုပ်တို့လည်း….သုသာန်နားသို့တိုးကပ်လာသည်နှင့်အမျှခွေးအူသံကြီးကတော့ပို၍ကျယ်လောင်နေဆဲ…..။
တစ်ဖြည်းဖြည်းနှင့်ပင်…..ခွေးအူသံကြီးမှာလည်းသုသာန်အတွင်းဘက်သို့၀င်ရောက်သွားချေသည်…..။

” ဒီကောင်….အထဲကို..၀င်သွားတာ….ထင်တယ်…”

” ဟုတ်တယ် ဘခက် ”

” လာဗျာ…..ကျုပ်တို့လည်း၀င်ကြရအောင်…”

” ဖြစ်ပါ့မလား….ဘခက်….တော်ကြာအနွှာရာယ်ဖြစ်နေဦးမယ် ……”

” လာစမ်းပါ ကိုထွန်းခိုင်းရာ…..ကျုပ်လည်းပါနေတာပဲ….အဖြေတစ်ခုခုတော့ရအောင်ရှာမှဖြစ်မယ်…….”

“အု….ဝူး…ဝူး….အူး…..အူး…..ဝူး….”

ကျုပ်တို့….သုသာန်အတွင်း၀င်ရောက်လိုက်သည်နှင့်ခွေးအူသံကြီးလည်းဖြည်းညင်စွာနှင့််အဝေးဘက်ဆီသို့ပြေးလွှားလိုက်သည့်အလား..တဖြည်းဖြည်းခြင်းပင်ပျောက်ကွယ်သွားတော့သည်….။

” ဘယ်လိုထင်လဲ ဘခက်…..”

” ကျုပ်ထင်တာတော့….ဒီကောင်ကျုပ်တို့ရှိတာတော့မသိနိုင်ဘူးဗျ…..သူ့လုပ်ရမဲ့အလုပ်တစ်ခုခုကိုလုပ်ပြီးပြန်သွားသလိုပုံစံနဲ့ဗျ….”

” ဟုတ်လောက်တယ်ဘခက်…..ဒီကောင်ငါတို့ရှိတာကိုတော့မသိလောက်ဘူး…..ဒါနဲ့ဘာလို့အသံပဲကြားပြီအကောင်ကမမြင်ရတာလဲကွာ…..”

” ဒါတော့ကျုပ်လည်းနားမလည်ဘူးဗျာ….တစ်ချို့မိစ္ဆာ တွေကလည်း….ကျုပ်တို့မသိနိုင်တဲ့မှော်အစွမ်းတွေရှိတတ်ကြတယ်ဗျ……”

” အင်း….ခွေးကြီးကတော့အူပြီးသွားပြီ….ရွာမှာတော့ဘယ်သူဘာဖြစ်မလဲအသိဘူး ဘခက်ရေ…”

#*********************#****************#

မနက်ပင်….မိုးစင်စင်မလင်းသေး…..။
ရွာထဲ၌တော့….သတင်းတစ်ခုဆူညံ့စွာထွက်ပေါ်လာပြန်လေသည်….။
ရွာလည်က….ဒေါ်မြတင်တစ်ယောက်….ကောက်ခါငင်ကာဆုံးပြန်လေပြီ….။

” အင်း…ဘခက်ရေ….မင်းလည်းကြားတဲ့အတိုင်းဒေါ်မြတင်တစ်ယောက်ကတော့…ဆုံးသွားရှာပြီ…..”

” ဟုတ်ပဗျာ…..ကျုပ်လည်းတကယ်စိတ်မကောင်းဖြစ်မိတယ်……ညတိုင်းသာဒီခွေးကြီးအူနေလို့ကတော့….တစ်ညတစ်ယောက်သေနေတော့မှာပဲ….”

” ဘယ်လိုဆက်လုပ်ကြမလဲ ဘခက်……ခုကအဓိကတရားခံက…သုသာန်ဘက်ကခွေးကြီးလား….ဒါမှမဟုတ်အော်အော်ပြီးပျံပျံသွားတဲ့ငှက်ဆိုးလား……ဘယ်ကောင်ဖြစ်နေမလဲ…..”

” အဓိက…တရားခံက….ခွေးကြီးပဲကိုထွန်းခိုင်…”

” ဘယ်လိုကြောင့်လဲ ဘခက်..”

” ဘာလို့လဲဆို…ဒီခွေးကြီးအူတဲ့အချိန်ပဲ…ဒီငှက်ဆိုးကလည်းပေါ်လာတာမဟုတ်လား…..အရင်ကခွေးကြီးမအူတဲ့အချိန်ရော…ငှက်ဆိုးရောက်လာသေးလား…..”

” မရောက်လာဘူး ဘခက်……..”

” ဟုတ်ပြီ….အဖြေကရှင်းပြီလေ….ဒါဆိုဒီခွေးကြီးနဲ့ငှက်ဆိုးကအပေါင်းအပါးတွေဖြစ်လောက်တယ်…..ခွေးကြီးကအချက်ပြတယ်…..ငှက်ဆိုးက….လိပ်ပြာငယ်တဲ့သူတွေရဲ့ဝိညဉ်ကိုနုတ်ယူခေါ်သွားတယ်……”

” ဘာလို့..ဒီလိုလုပ်တယ်ထင်လည်း ဘခက်….”

” ဒါတော့…..သိပ်မကြာခင်သိရလိမ့်မယ် ကိုထွန်းခိုင်….”

” ဒါဆို….မြေမြုတ်ထားတဲ့အလောင်းတွေပျောက်ပျောက်သွားတာကရော……”

” အဲ့လောက်ကြီးသိပ်မစဉ်းစားနေပါနဲ့ဗျာ…..ခေါင်းရှုပ်နေပါမယ်….ဒါနဲ့မနက်ဖြန်ကိုထွန်းခိုင်…မိန်းမမြေချမှာမလား…..”

” အင်း…ဟုတ်တယ်…ဘခက်….”

“အင်းပါ…..ကျုပ်လည်းတတ်နိုင်သလောက်ဝိုင်း၀န်းကူညီပေးပါ့မယ်…..ဘာဆက်လုပ်ကြမလဲဆိုတာတော့….ကျုပ်စဉ်းစားလိုက်ဦးမယ်ဗျာ….”

” ဟုတ်ပြီ ဘခက်…..မြန်မြန်စဉ်းစားပါ…..ကြာရင်ရွာပါ…ပျောက်သွားလိမ့်မယ်…….”

” စိတ်ချပါဗျာ…….သိပ်လည်းစိတ်ပူမနေပါနဲ့….ဖြေရှင်းရမဲ့နည်းလမ်းတစ်ခုခုတော့ရှိလာမှာပါ…”

” အင်းပါ…..ဒါဆိုငါပြန်တော့မယ် ဘခက်……”

” ကောင်းပါပြီဗျာ……”

ကိုထွန်းခိုင်…မိန်မဖြစ်သူလည်းမြေချ ပြီးသည်နှင့်ကျုပ်လည်းမနားနိုင်ပါဘူးဗျာ……။
ဒီခွေးကြီးအကြောင်းပဲ…..ကျုပ်လည်းစဉ်းစားနေမိတယ်….။
ကျုပ်လည်း….အိပ်ယာထက်မှေးနေရင်း…စဉ်းစားနေတာဗျ….။
ကျုပ်လည်း…ခနလောက်အိပ်မယ်လို့စဉ်းစားနေတုန်း….

” အိမ်ရှင်တို့…….ဘခက်ရှိလားဗျို့….”

အိမ်ရှေ့ခြံပေါက်၀က…ကျုပ်နာမည်အော်ခေါ်နေတာဗျ
ကျုပ်လည်းကြားတော့…..

” အေး…..ဘယ်သူလဲဗျို့….ရှိတယ်ဗျ….”

ကျုပ်လည်းအိပ်ရာထက်က..ကမန်းကတန်းထပြီးထွက်လာလိုက်တယ်…။

” ဟာ……ဘယ်သူလဲလို့…..ကိုကြီးတာတေပဲ…..”

ခင်ဗျားတို့လည်းသိမှာပါ….ထနောင်းကုန်းက တာတေလေဗျာ…။

” အေး….ဘခက်…”

” အညာကနေ….ဘယ်လိုရောက်လာရတာလဲဗျာ….လာလာဗျာ….လာ..လာ…”

” အေးကွ……ရွာမှာငါနဲ့ညီအကိုလိုခင်တဲ့..ကိုချစ်စမ်းက မြစ်ကြီးနားမှာရှိနေတာ….၂ရောက်လောက်ကပဲရွာကိုသူ့အိမ်ကသတင်းရောက်လာတယ်……သူနေမကောင်းလို့ဆုံးပြီတဲ့…ဒါနဲ့ငါလည်း…..မအားတဲ့ကြားထဲကနေ..ကြားကြားခြင်းသူ့နာရေးလာခဲ့တာ…..ခုလည်းလမ်းကြုံနေတာပဲ…မင်းတို့အိမ်ကိုမအားတဲ့ကြားကနေ၀င်ခဲ့တာကွ……”

ကျုပ်လည်း….ကိုကြီးတာတေကို…အကြမ်းရေငဲ့ပေးရင်း….

” ကိုကြီးတာတေနဲ့တောင်မတွေ့ဖြစ်တာ…..တစ်နှစ်လောက်တောင်ရှိတော့မယ်ထင်တယ်…..ကျုပ်လည်းမအားတာနဲ့အညာကအဘွားတို့ဆီမလာဖြစ်တာ….”

” အေး…မင်းလည်းကိုယ့်အလုပ်နဲ့ကိုယ်ကိုး……”

“ဟုတ်တယ်ဗျ……ကျုပ်လည်းဒီနယ်ဘက်ပြောင်းလာကတဲက….အဘိုးအဘွားတွေနဲ့တောင်တော်တော်အဆက်အသွယ်ပြတ်နေပြီ….သူတို့ရော…နေကောင်းကြလား ကိုတာတေ….”

” ကောင်းကြပါတယ်……..မင်းရောအလုပ်အကိုင်အဆင်ပြေရဲ့လား ဘခက်…”

” ပြေပါတယ် ကိုတာတေ……ခုလည်းကိုတာတေရောက်လာတာသိပ်ကို အခန့်သင့်လွန်းလှတယ်…..”

” ဘယ်လိုကြောင့်လဲ ဘခက်ရဲ့…”

“ဒီလိုဗျ…..ခုကျုပ်တို့ရွာမှာ နတ်ဆိုး၀င်မွှေနေတယ်လို့ပြောရမှာပဲ…..”

” ဆိုစမ္​းပါဦး…….”

ကိုတာတေလည်း…..ကျုပ်ငဲ့ပေးထားသည့်အကြမ်းရေအားမော့သောက်လိုက်ရင်း..ကျုပ်စကားအားနားစွင့်နေလေသည်….။

” ဒီလို ကိုတာတေရေ:::::::::::::::::::::::::::::::::::အဲ့လိုပါပဲဗျာ…”

ကျုပ်စကားဆုံးသည်နှင့်ကိုတာတေလည်းခေါင်တဆတ်ဆတ်ငြိမ့်နေရင်း……

” မင်းပြောပြတဲ့အတိုင်းဆို…….ရွာကတော်တော် ဒုက္ခ တွေ့နေတာပဲ…..ငါ့အထင်ပြောရရင်….အဲ့ဒီခွေးကြီးကသာမာန်တစ္ဆေ ခွေးမဟုတ်လောက်ဘူးကွ……”

” ဟင်…ဒါဆို….ဘယ်လိုခွေးလည်း…ကိုတာတေ…….”

” အင်း…ငါကြားဖူးနားဝပြောရမယ်ဆိုရင်…..ငါတို့သိတဲ့ ငရဲပြည်ရဲ့တံခါး၀က….နှစ်တစ်ရာမှာတစ်ခါပွင့်တယ်တဲ့……အဲ့လိုပွင့်ရင်….ငရဲပြည်က ခွေးကြီးတွေ ငှက်ကြီးတွေ လည်း….တစ်ခါတစ်ခါ….ဒီလိုရောက်ရောက်လာတတ်ကြတယ်တဲ့…..မင်းပြောပြတဲ့ပုံစံအတိုင်းဆို…..ဒီကောင်တွေငရဲတံခါးပွင့်တုန်းရောက်….ရောက်လာတဲ့ငရဲခွေးကြီးဖြစ်လောက်တယ်…..”

” ငရဲခွေး….ဟုတ်လား…ကိုတာတေ…”

” ဟုတ်တယ်…..ဘခက်….”

” ဒုက္ခ ပဲဗျာ…ဒါနဲ့ကိုတာတေ…..ရောက်တုန်းရောက်ခိုက်….ဒီပြသနာကိုဖြေရှင်းပေးသွားပါဦးလား……”

” အင်းပါ…..ဒီညဒီကောင်ထွက်လာရင်တော့ ငါကူညီပေးပါ့မယ်…..တကယ်လို့ဒီညမထွက်လာရင်တော့…ငါမင်းကိုမျက်ကွင်းဆေးနဲ့ခြေမှန်းကွင်းပေးခဲ့မယ် ဘခက်….မျက်ကွင်းဆေးရှိရင်တော့…ဒီကောင်ကြီးဘယ်လိုအစွမ်းရှိရှိမင်းမြင်ကိုမြင်ရလိမ့်မယ်……”

” ဟင်…..ကိုတာတေက…..ဒီမှာတစ်ရက်နှစ်ယောက်တောင်မနေတော့ဘူးလားဗျာ….”

” မနေဖြစ်တော့ဘူးဘခက်ရေ…..ရွာမှာကအဘကလည်းသိပ်ကျန်းမာရေးကောင်းတာမဟုတ်ဘူး….ဒါကြောင့်မနက်ဖြန်…ကြုံတဲ့ကားနဲ့ပြန်ဆင်းမှဖြစ်မှာ…..”

” အင်းပါဗျာ…….ကျုပ်ကတော့ကိုတာတေကိုဒီမှာရက်အနည်းလောက်နေစေခြင်သေးတယ်….”

” မဖြစ်လို့ပါ ဘခက်ရယ်…..မင်းဘာမှစိတ်မပူနဲ့….မင်းမှာဒီမျက်ကွင်းဆေးနဲ့ခြေမှန်းကွင်းရှိရင်….ဒီကောင်ဘယ်လောက်စွမ်းစွမ်းခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး…..တစ်ခုတော့ရှိတယ် ဘခက်…..”

” ဘာလဲ…ကိုတာတေ….”

” ရွာမှာတော့ ..ဒီခြေမှန်းကွင်းနဲ့…တိုက်နွား တိုက်ကျားတွေကို ဖမ်းဖူးတာ……ငရဲခွေးတော့ငါလည်းတစ်ခါမှမကြုံဖူးဘူး…..ဒါပေမဲ့ စိတ်ချပါ ဒီကောင်ကြီး ခြေမှန်းကွင်းကိုတော့ ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး…….”

” အင်းပါဗျာ…….ဒါပေမဲ့……ဒီတစ်ညတော့ကျုပ်တို့ စောင့်ကြည့်ကြရတာပေါ့ ကိုတာတေ….”

” စောင့်ကြည့်ကြတာပေါ့….ဘခက်……”

ကျုပ်တို့ကံမကောင်းဘူးလို့ဆိုရမယ်ဗျ……။
ကိုတာတေရောက်တဲ့ညမှ…သုသာန်ဘက်ကခွေးကြီးလည်း…အသံကိုထွက်မလာ……။
ဒါနဲ့ကိုတာတေလည်း…..မိုးလင်းတာနဲ့
ကြုံတဲ့ကားနဲ့အညာဆင်းသွားတော့တယ်…..။
မျက်ကွင်းဆေးနဲ့ခြေမှန်းကွင်းကို
ဘယ်လိုဘယ်ပုံ…..သုံးရမယ်ဆိုတာတော့
ကိုတာတေတစ်ယောက်…..ကျုပ်ကိုအသေးစိပ်ပြောပြခဲ့တယ်ဗျ…….။
ဒါနဲ့ကျုပ်လည်း……ကိုထွန်းခိုင်နဲ့တိုင်ပင်ရင်း

” ဘာပဲဖြစ်ဖြစ်…..ကောင်းတယ် ဘခက်…..ဒီညတော့ဒီကောင်….ရောက်လာမှာသေချာတယ် ဘခက်….”

” ဟုတ်တယ်ကိုထွန်းခိုင်……ခုလည်းကျုပ်တို့မှာမျက်ကွင်းဆေးနဲ့ခြေမှန်းကွင်းရှိနေပြီဆိုတော့…….သိပ်တော့အားငယ်စရာမှမလိုတော့ပဲ…..ဒီညဒီကောင်ကြီးရောက်လာရင်တော့ကျုပ်တို့တွေ….မဖြစ်မနေအရဲစွန့်မှရတော့မယ်…..”

” ဟုတ်ပြီ ဘခက်ရေ……..ဒီညတော့ဒီကောင်ကြီးကိုငရဲပြည်ပြန်ပို့ကြတာပေါ့ဗျာ…….”

ကျုပ်တို့လည်း……မိုးချုပ်ပြီဆိုတာနဲ့ပြင်ဆင်စရာ၇ှိတာပြင်ဆင်ပြီး……သုသာန်ဘက်ကထွက်ပေါ်လာမဲ့ ခွေးအူသံကြီးကိုစောင့်နေလိုက်တော့တယ်…….။
ဒီတစ်ခါတော့……ကျုပ်နဲ့ကိုထွန်းခိုင်နှစ်ဦးထဲရယ်ဗျ…..။

အားလုံးကတော့ထုံးစံအတိုင်း……အိမ်တံခါးတွေပိတ်
တရာခွေဖွင့်သူဖွင့်…..ပဌာန်းတဲ့သူကရွတ်နဲ့ပေါ့…..။
ကျုပ်နဲ့ကိုထွန်းခိုင်ကတော့……အကြမ်းရေလေးထိုင်သောက်ရင်း…..သုသာန်ဘက်ကခွေးအူသံကြီးကိုစောင့်နေလိုက်ကြတယ်…….။
ညလည်းတော်တော်နက်လေတော့……

” အု….ဝူး…..အူး….ဝူး…..အူး……”

” ဟော……ဘခက်…..ကြားလား….”

ကိုထွန်းခိုင်လည်းကျုပ်ကိုလှမ်းမေးလာ၇င်း

“ကြားတယ်ကိုထွန်းခိုင်….ကဲဗျာ….လုပ်ငန်းစကြတာပေါ့…”

ကျုပ်တို့နှစ်ဦးလည်း…..ကိုတာတေမှာခဲ့တဲ့အတိုင်းမျက်ကွင်းဆေးကိုမျက်လုံးမှာကွင်းလိုက်တယ်…..။
ပြီးတာနဲ့…..တစ်ပြိုင်နက်သုသာန်ဆီနှစ်ဦးသားအပြေးသွားလိုက်တော့သည်……။
ခွေးအူသံကြီးကတော့….ကြားနေရဆဲဗျ…….။

ကျုပ်တို့သုသာန်နားတောင်မရောက်သေး..အဝေးကနေကို….ကိုတာတေပြောတဲ့ငရဲခွေးကြီးကိုမြင်လိုက်၇ပြီဗျာ……။
နည်းတဲ့အကောင်မှမဟုတ်ပဲဗျ……။
အမြင့်ကိုက…..၆ပေလောက်တောင်ရှိမယ်ထင်တယ်….။
မျက်လုံးနှစ်လုံး လုံးကလည်းရဲတောက်နေတာပဲ…..။
ဟော…..ဒီကောင်အူပြီးတာနဲ့သုသာန်ထဲ၀င်သွားလေရော….။
ဒီတစ်ခါမြင်ရတာတော့….ကိုတာတေပေးခဲ့တဲ့မျက်ကွင်းဆေးရဲ့အစွမ်းကြောင့်ပဲနေမှာဗျို့……။

” ကိုထွန်းခိုင်းရေ……ခွေးကြီးကတော့သုသာန်ထဲ၀င်သွားပြီဗျ…..လာဗျာ မြန်မြန်သွားရအောင်…..”

ကျုပ်တို့နှစ်ဦးလည်းခပ်သွက်သွက်လေးသုသာန်ထဲ၀င်သွားတော့……ဒီကောင်ကြီးက အုတ်ဂူပေါ်တွေကနေ….လွှားကနဲ လွှားကနဲခုန်ခုန်သွားနေတာဗျို့…..။

” ဘခက်…….ဒီကောင်ကြီးတစ်ခုခုကိုရှာနေပုံပဲကွ….”

” ဟုတ်တယ်……ကိုထွန်းခိုင်……ဘာတွေရှာနေလဲတော့ကျုပ်လည်းမသိဘူး…..လာဗျာ..အနားတိုးပြီးအကဲခတ်တာပေါ့…….”

ဟောဗျာ…….ကိုတာတေပြောတဲ့ငရဲခွေးကြီးတစ်နေရာရောက်တော့ရပ်နေပြီဗျ…..။

” ကိုထွန်းခိုင်……ဟိုခွေးကြီးရပ်နေတာ…..ခင်ဗျားမိန်းမရဲ့မြေပုံမှာမလား………”

” ဟင်……ဟုတ်တယ် ဘခက်……ဒီကောင်ကြီးဘာလုပ်မလို့လဲတော့မသိဘူး…….”

ကျုပ်တို့နှစ်ယောက်….မျက်တောင်မခတ်ကြည့်နေရင်းပဲဗျာ
ခွေးကြီးလည်း……သူ့လက်တွေနဲ့မငွေခင်ရဲ့မြေပုံကြီးကိုတူးဆွတော့တာပဲဗျို့…….။

” ဟာ…………”

” ဒီ…ကောင်……ဘာလုပ်တာလဲကွ…..”

ကျုပ်တို့နှစ်ယောက်လည်းပထမကြောင်ကြည့်ကြည့်နေခဲ့တာဗျ……။
ပြီးကာမှကျုပ်လည်း…..သတိ၀င်လာရင်း

” အြော…….လက်စသတ်တော့…….ဒီကောင်ကအလောင်းတွေဖော်ဖော်စားနေတာကိုး…….သူအစာစားရဖို့အတွက်ရွာကလူတွေရဲ့ဝိညဉ်ကိုနုတ်ယူနေတာပဲကိုထွန်းခိုင်…..အဖြေကတော့ရှင်းသွားပြီ…….ဒီကောင်မပြေးသွားခင်…..ကျုပ်တို့လုပ်ငန်းစဖို့ပဲကျန်တော့တယ်……”

” ဒီကောင်ကြီးကို….ဘယ်လိုစွပ်ဖမ်းကြမလဲ ဘခက်……”

” ဒီအတွက်မပူနဲ့……ကျုပ်ပြောတဲ့အတိုင်းပဲလုပ်ပေးကိုထွန်းခိုင်…..”

” ဟုတ်ပြီဘခက်…….ဘယ်လိုလုပ်ကြမလဲ……..”

ခွေးကြီးကတော့……မငွေခင်….မြေပုံကိုတူးနေတုန်းပဲဗျ……။

” ဟေ့……၇ပ်လိုက်စမ်း….ခွေးစုတ်…….”

မလှမ်းမကမ်းကနေ…..ကိုထွန်းခိုင်အော်လိုက်တော့ခွေးကြီးအနည်းငယ်လန့်ဖြန့်သွားတယ်ဗျ……
နောက်ပြီးတော့ဗျာ……ကိုထွန်းခိုင်ဘက်ကိုလှည့်ပြီပါးစပ်ကြီးကို ဟ ဟပြီးမာန်ဖီနေတာဗျ…
ဟော….ကိုထွန်းခိုင်ဆီကို…လာနေပြီ
ကိုထွန်းခိုင်လည်း….တဖြည်းဖြည်းနောက်ဆုတ်လာတယ်
ဟော…..ကိုထွန်းခိုင်ဆီပြေးလာပြီဗျ
ကိုထွန်းခိုင်လည်း….ကျုပ်ရှိတဲ့ဘက်ကိုမျှားခေါ်ပြီးပြေးလာပြီ…။
ကျုပ်လည်း….သစ်ပင်နောက်ကနေပုန်းပြီး….ခြေမှန်းကွင်းကိုအသင့်ကိုင်ထားလိုက်တယ်……။
အသည်းအသန် လိုက်လာပြီဗျ…….
ကိုထွန်းခိုင်ကတော့….ကျုပ်ရှိနေတဲ့သစ်ပင်ကိုကျော်ပြီးပြေးလိုက်တယ်….။
ဟိုခွေးကြီး……ကျပ်ပုန်းနေတဲ့သစ်ပင်အနားလည်းရောက်ရော…….

” ကဲကြာ………”

ကျုပ်လည်း…..ခြေမှန်းကွင်းကိုပုန်းနေတဲ့နေရာကနေထွက်ပြီးလှမ်းစွပ်လိုက်တော့တယ်……။
ဟော……..လည်ပင်းကိုခြေမှန်းကွင်းကစွပ်မိသွားပြီဗျို့……။
ခြေမှန်းကွင်းစွပ်မိသွားတော့….ဒီကောင်ကြီးနောက်ပြန်ဆုတ်သွားတယ်ဗျ…..။
ရုန်းနေပြီ……ဒီကောင်ကြီးရုန်းနေတာ……။
ဟော….မြေပြင်ပေါ်မှာ…..လူးလိမ့်နေပြီဗျ…..။

” ဖီး….ဖီး……ဂီး…..”

မာန်တွေဖီရင်း…..အသည်းအသန် ၇ုန်းနေတာ…..။
ဟော…..ကြည့်ကြည့်
ဒီကောင်….တစ်ကိုယ်လုံးအငွေ့တွေထွက်လာတာ….။
အသားကုန်းရုန်းနေတာဗျာ…..လူးလိမ့်ရင်း…..။

” အု….ဝူး…..အု…ဝူး…..”

ဒီကောင်…..ငယ်သံလိုလိုငိုသံလိုလိုအသံတွေထွက်လာပြီဗျ…..။
ဟော…..အငွေ့တွေလည်းတထောင်းထောင်းနဲ့မီးလောင်နေသလိုပဲဗျ…..။
ခြေမှန်းကွင်းကတော်တော်စွမ်းတယ်ဗျို့……။
ဒီကောင်မ၇ုန်းနိုင်တော့ဘူးထင်တယ်…..ငြိမ်ကျသွားပြီ….။
ဟောဗျာ……ကျုပ်ကြည့်နေရင်းပဲ…..ခွေးကြီးလည်းပြာဖြစ်သွားပြီဗျို့……..။
ကိုထွန်းခိုင်လည်း….ကျုပ်အနားရောက်လာတော့…..

” ကိုထွန်းခိုင်ရေ…..ခွေးကြီးကတော့….ပြာဖြစ်သွားပြီ…..”

” အေးကွာ..ဟုတ်ပ……ကိုတာတေပေးခဲ့တဲ့ခြေမှန်းကွင်းကတော်တော်အစွမ်းထက်တာပဲ……..”

” ဟုတ်ပဗျာ…..ဒီလောက်စွမ်းလိမ့်မယ်လို့ကျုပ်တောင်မထင်ထားဘူးဗျ….”

” ခွေးကြီးမရှိတော့တာ…..ရွာကလူတွေသိလို့ကတော့…ဘယ်လောက်တောင်ပျော်လိုက်မလဲပ…….”

” ဟုတ်ပဗျာ…….ကဲဗျာ ကျုပ်တို့လည်းပြန်ကြစို့….”

” အေး..အေး…….”

ကျုပ်တို့နှစ်ဦးလည်း…သုသာန်မြေအားကျောခိုင်းရင်းရွာဆီသို့ပြန်လာခဲ့တော့သည်…….။
ရွာကလူတွေကတော့……ကျုပ်နဲ့ကိုထွန်းခိုင်ကိုတော့…ကျေးဇူးကိုတင်လို့မဆုံးဖြစ်နေကြတာဗျာ….။
နောက်ရက်ညတွေကမှာတော့……သုသာန်ဆီကခွေးအူသံကြီးလည်းကင်းမဲ့သွားသလိုငှက်ဆိုးအော်သံကြီးပါပျောက်ကွယ်သွားတော့သည်…….။
ကျုပ်တို့ရွာသူရွာသားအားလုံးလည်း….ယခုမှပင်သက်ပြင်းရှည်ကြီးချရင်း…..စိတ်အေးကြရလေတော့သည်……။

(ပြီးပါပြီ)