နွားဆေးထိုးတဲ့ကိုသာမောင်

Posted on

နွားဆေးထိုးတဲ့ကိုသာမောင်(စ/ဆုံး)

—————————————

နှစ်ပေါင်းများစွာကပင် ထင်ရှား၍
ကျော်ကြားလာသော အင်းအိုင်
လက်ဖွဲ့ ခါးလှည့် မန္တန်အစရှိတဲ့
အတက်ပညာ မျိုးစုံအဖုံဖုံကလဲ
ကျုပ်တို့ရိုးရာ အစဉ်ဆက်ထဲက
ဆင်းသက်လာတဲ့ အတက်ပညာ
တစ်ခုမို့”

တိုးတက်လာသော ယနေ့ခေတ်မှာ
ပျောက်ကွယ်ပါပြီ မရှိတော့ဘူးလို့
ဘယ်လောက်ပင် ဖင်ပိတ်၍
အော်အော်ဗျာ။

တစ်ချို့ အရပ်ဒေသများတွင် ရှေးထုံး
အစဉ်လာကို မပပျောက်အောင်
ထိန်းသိမ်း၍ လက်ဆင့်ကမ်းလာသည်
မို့”

ကျုပ်အမြင်အ‌တွေ့ကြုံရ” ယခုထိ
ရှိနေဆဲ ရှိနေမြဲ ပညာတွေက
အသုံးပြုနေဆဲလို့ ပြောရင်
ခဗျားတို့အနေနဲ့ ယုံဖို့ခတ်မယ်။

သိုသော်ငြားလဲ” ပြောမယုံ ကြုံမှသိ
ဆိုသ‌လိုပေါ့။

လက်‌တွေ့ဆန်တဲ့ ဖြစ်ရပ်တစ်ခု
ပြောပြရရင် ကျုပ် ၁၆နှစ်အရွယ်က
လူပျိုပေါက်စဆိုတော့ အချစ်ဆိုတဲ့
အရာကို ကြားဖူးနေတာကြာပြီ
ကြုံဖူးကြည့်ချင်နေတဲ့ စူးစမ်းလေ့လာ
ရှာပုံတော်ဖွင့်ချိန်ကပေါ့။

ကျုပ်နဲ့ အသက်အရွယ်ဆယ်နှစ်
လောက်ကိုကြီးတဲ့ ကိုသာမောင်ကြီးက
လဲ ၂၆အရွယ်ဆိုတော့ လူပျိုသိုးကြီး
ပေါ့ဗျာ။

ရုပ်ရည်က အသင့်သင့် ဖြစ်ပေမဲ့
ရိုးသားမှု့နဲ့ အလုပ်မှာကြိုးစားအား
ထုတ်မှု့တွေကြောင့် ကျုပ်တို့ရွာတွင်
ပါမက ဘေးရွာက မိန်းကလေးရှင်
အတော်များများက သမက်တော်ဖို့
မျက်စိကျနေတဲ့ လူပျိုသိုးကြီးပေါ့။

စိတ်ရင်းကလဲ အင်မတန်ပြည့်ဆိုတော့
အပေါင်းသင်းဆန့်တာကလဲ အထူးပင်
ပြောစရာမလိုဘူးဗျို့။

ဒါပေမဲ့ ” လူတိုင်းက တစ်ခုမဟုတ်
တစ်ခု လိုအပ်ချက်က ရှိနေစမြဲဖို့
ကိုသာမောင်ကြီးလဲ လိုတာမရ
ရတာမလိုဖြစ်နေတာဗျ။

ကျုပ်စကားကြောင့် ” နားရှုတ်သွားပြီ
ထင်ပါရဲ့ ။

ဒီလိုဗျ” ကိုသာမောင်အစွဲအလန်း
ဖြစ်နေတာက မခင်နှင်းဆိုတဲ့
ရွာလယ်ပိုင်းက မိန်းမပျို
ကလေး တစ်ယောက်ဗျ။

သို့ပေမဲ့ မခင်နှင်းက သူ့ကိုလုံးလုံး
မကြိုက်ပဲ မခင်နှင်းရဲ့အမ
အပျိုကြီး မတင်အေးကသာ
ကိုသာမောင်ကြီးကို အတင်း
ကြိုက်နေတော့ ခတ်ပြီပေါ့ဗျာ။

ဒီလိုနဲ့ ကျုပ်အိမ်ကိုအလည်လာတိုင်း
မခင်နှင်းကို ဘယ်လောက်ချစ်ကြောင်း
ဘယ်လောက်ကြိုက်ကြောင်းကို
ဖွဲ့နွဲ့ပြောကာ ရင်ဖွင့်တာပေါ့။

ကျုပ်လဲ “နားထောင်ပေးရလွန်းအား
ကြီးတော့ နားရွက်တွေပါ ထောင်ကုန်
တယ်ဗျို့။

ကျုပ်ကလဲ “လူပျော်လူနှောက်
ခပ်နောက်နောက်ဆိုတော့
ဒီလို မြောက်ပေးလိုက်တယ်။

ကိုသာမောင်ကြီး” အခုဖြစ်နေတဲ့
ကိစ္စကို ကျုပ်လဲ မကြည့်ရက်တော့
ဘူး ” အဲ့တော့ ဒီလိုလုပ်ဗျာ။

အသီးလိုအပင်ချန် သမီးလို ယောက္ခမ
သဘော‌ကျအောင်လုပ်လိုက်ရင်
ရပြီမဟုတ်လားဗျ။

ကိုသာမောင်ကြီးက ” ဟေ ငါ့ညီ
‌မင်းပြောတာလဲ ဟုတ်သလိုလိုနဲ့
ဒါပေမဲ့ ‌ယောက္ခမ ကြိုက်အောင်
ငါက ဘယ်လိုလုပ်ရမှာလဲကွ။

ဟ ” ကိုသာမောင်ရ။ အလုပ်တွေကို
သူများတွေထပ်ပိုလုပ်ပြလိုက်ပေါ့။

ဟေ ငါ့ညီရာ” အခုလဲ ငါအလုပ်ကြိုးစားနေတာပဲလေ ဒီထပ်ပိုကြိုးစား
ရင် ငါသေဖို့ပဲရှိတော့တယ်ကွ။

ဟားးးဟားးးး” ကျုပ်ရယ်လိုက်မိတယ်
ကိုသာမောင်ကြီး အလုပ်လုပ်တာ
ညောင်ငုတ်တိုက ကိုတိုးအောင်ကြီး
ကို ဘယ်မှီလိမ့်ပါ့မလဲ။

ကိုတိုးအောင်ကြီးက “နွားဆေးထိုးထားတော့ တော်ရုံတန်ရုံလဲ မောဟိုက်ခြင်း
မရှိတဲ့အပြင် စပါးတွေကို ပုပ်လိုက်ကို
ထမ်းနိုင်တာဗျ နွေနွေမိုးမိုး
အလုပ်တွေ လုပ်လွန်းလို့ သူ့အဘက
တောင် တားယူရတာ ခွန်အားကလဲ
ကြီးလွန်းလို့ ကာလသမီးလေးတွေက
လဲဝိုင်းဝိုင်းလည်ဗျာ သူ့ကြိုက်တဲ့
မိဝိုင်းတို့အမေဆိုရင် ကိုတိုးအောင်ကြီးကို သားလေး‌သားလေးနဲ့ ပါးစပ်ဖျား
ကကို မချဘူးဗျို့ သူ့သမီး မိဝိုင်းကိုလဲ
ရွာထဲက တခြားကာလသားတွေကို
ယူဖို့စိတ်မကူးနဲ့ ကိုတိုးအောင်ကြီးကိုပဲ
ယူရမယ်မဟုတ်ရင်အမွှေဖြတ်မယ်
ဘာညာနဲ့တောင် ပြောထားတာတဲ့ဗျာ။

ဟေ “တကယ်ပဲလား ငါ့ညီရာ။
ကိုသာမောင်ကြီး “အတော့်ကို
စိတ်၀င်းစားနေတာဗျို့ ။

ကျုပ်လဲ “သူမထိုးရဲလောက်ဖူးမှတ်လို့
စနောက်ချင်ဝာာနဲ့ အခုလိုထပ်ရှင်းပြ
လိုက်သေးတယ်။

တကယ်ပေါ့ဗျာ ” နွားလားဥဿဖ
ဆေးလို့ခေါ်တယ် ။ ဘိုးစံမြှား
တောင်ကြီးကပင့်လာတဲ့ ဆရာကြီး
ထိုးပေးတာတဲ့ သူက ပီယနဲ့ကာယ
သဒ္ဓိပါပြီးတယ်ဆိုပဲဗျ။

ဆိုးကျိုးကတော့ “ညအိပ်ရင် အိပ်မော
ကျတဲ့အခါကျရင် နွားလို ၀မ်းဘဲ‌ဆိုပြီး
ထအော်တယ်ဆိုပဲဗျာ။

ဟေ ” အဲ့လို ကြီးလား။ အေးဗျ
အဲ့လိုတော့ ရှိတယ်။

ဟာ” ဒါဆိုငါက အိပ်မောကျရင်
၀မ်းဘဲလို့ နွားလိုသာ ထအော်ရင်
ခင်နှင်းလေးသာ အနားရှိရင်
ငါ့ကိုနွားကြီးလို့ ထင်သွားမှာပဲကွာ
အဲ့လိုဆို” ရှက်စရာကြီးပါလားကွာ။

ဒါတော့” ကျုပ်လဲ မတက်နိုင်ဘူးဗျို့။
ကိုသာမောင်ကြီးသာ စဉ်းစားပေါ့ဗျာ။

အဲ့ဆရာကြီးက” ဘိုးစံမြှားတို့အိမ်မှာ
ခဏသာ လာရောက်တည်းခိုမှာတဲ့
တော်ကြာ” ဆရာကြီးပြန်ကြွသွားမှဖြင့်
အဲ့ဆေးထိုးချင်လို့မရဘူးနော် ။

အေး” ဒါလဲ ဟုတ်တယ်ကွ။

ကျုပ်က ” ဟုတ်တယ်လုပ်မနေနဲ့
အမြန်စဉ်းစားနော် ။
ကျုပ်က သူ မထိုးရဲမှန်းသိလို့
ရုပ်တည်ကြီးနဲ့ပြောနေတော့
ဒီလူ ခေါင်းတွေကုတ်နေတယ်။

ကျုပ်လဲ “သူ့ကြည့်ပြီး ခပ်ပြုံးပြုံးလေး
လုပ်ပြီး သူဘာပြောမလဲ ကြည့်နေတယ်။

ခဏနေတော့ ‘ဒီလိုလုပ်ပါလား
ညီလေး မောင်သိန်း မင်းပါကိုကြီးနဲ့အတူနွားဆေးထိုးလိုက်ပါလား။

ဟာဗျာ” ကျုပ်က ဘာလို့နွားဆေးထိုး
ရမှာလဲ ။
ကျုပ်ကိုကြိုက်တဲ့သူလဲ မရှိဘူး
ကျုပ်ကလဲကြိုက်တဲ့သူမရှိဘူးဗျ
ကျုပ်က လူပျိုကြီးပဲလုပ်မှာမို့
မထိုးတော့ပါဘူး။

ဟားးးဟားးးဒီတစ်ခါ ကိုသာမောင်
ကြီးက အားရပါးရ ရယ်တယ်ဗျ။

မင်းလား ကြိုက်တဲ့ သူမရှိတာ
မင်းသရက်တောရွာက ၀င့်ဝါ‌ဖြိုး
ဆိုတဲ့ ကောင်းမလေးကို
ကြိတ်ကြိုက်နေတာ ငါသိပါတယ်ကွာ။

အေးပါ အေးပါ ” မောင်ရင်မထိုးချင်လဲ
မတိုက်တွန်းတော့ဘူး။

ဒီလိုနဲ့ သူလဲ ရယ်ရယ်မောမောနဲ့
ပြန်သွားတယ်ဗျ။

ကျုပ်လဲ “ဒီကိစ္စကိုမေ့မေ့ပျောက်ပျောက်နေပြီး
ရက်အနည်းငယ်ကြာတော့
ကိုသာမောင်ကြီး ပြုံးစိစိနဲ့ကျုပ်အိမ်ကို
လာလည်တယ်ဗျ။

ညီလေးမောင်သိန်း”ငါမင်းပြောတဲ့
အတိုင်းထိုးလိုက်ပြီကွ။

ကျုပ် ” ကြောင်တောင်တောင်ဖြစ်
သွားတယ်ဗျ။

ကိုသာမောင်ကြီးစကားကလဲ
အရင်းမရှိ အဖျားမရှိနဲ့ဘာထိုးလိုက်
တာလဲဗျ။

ငါ ‘ငါ။ ဟာဗျာ။
ပြောမယ်သာ ပြောစမ်းပါ။
ကျုပ်ကအတင်းမေးလိုက်တော့မှ။

ကိုသာမောင်ကြီးက” ငါနွားဆေး
ထိုးလိုက်ပြီကွ။

ဟားးးဟားးးးး ခဗျားဗျာ။
ကျုပ်ကိုလာနောက်ရတယ်လို့
ဟားးးဟားးးးကျုပ်အဆက်မပြတ်
ရယ်တော့ သူပါလိုက်ရယ်ပြီး
မင်းမရယ်နဲ့ငါတကယ်ထိုးလိုက်တာကွ။

မယုံရင် “ဟော့ဒီမှာကြည့်။ဆိုပြီး
သူ့အင်္ကျီကိုချွတ်ပြပြီး ကျောကုန်းကို
ကျုပ်ဘက်သို့ လှည့်ပြတယ်ဗျ။

ဟာ” ကျုပ်ပါးစပ်က ဟာဆိုပြီး
အမေဋိတ်အသံပါထွက်သွားတယ်ဗျ
ဆေးနီတွေနဲ့ကျောကုန်းမှာ နွားလား
‌ဥဿဖကြီးပုံကို ထိုးထားတာဗျာ
အသက်၀င်လက်ရာမြောက်လိုက်တာဗျာ ကျုပ်တောင် အံ့ဩမှင်သက်ပြီး
ဘာဆက်ပြောရမှန်းတောင်မသိဘူး။

ကိုကြီးသာမောင်” ခဗျား တကယ်
သွားထိုးလိုက်တာလားဗျာ။

ဟုတ်တယ်”မောင်သိန်း ငါဘိုးစံမြှား
တို့ဝိုင်းထဲသွားပြီးရှမ်းဆရာကြီးကို
အသနားခံတောင်းပန်ပြီး ထိုးလိုက်
တာ။

ကျုပ်က ” ခဗျားတကယ် မထိုးရဲဘူး
မှတ်လို့ ခဗျားကို စနောက်ပြီး
ညွန်းလိုက်တာဗျာ။

မတက်နိုင်ဘူးကွာ” လိုတာမရ
ရတာမလိုတဲ့ဘ၀ကြီးထက်စာရင်
ငါချစ်ရတဲ့ ခင်နှင်းလေးကိုသာ
ရမယ်ဆိုရင် ဒီဆေးထိုးလို့
နွားလိုအော်လဲ အော်ပါစေကွာ
ငါက ထိုးမှာပဲကွ။

ရှမ်းဆရာကြီးက “ပြောတယ်ကွ
ငါက ဆေးလိုက်တယ်ဆိုပဲ။

ဒါဆိုခဗျား ” ဆေးအောင်တယ်လို့
ပြောတာလားဗျ။

အေး “ဟုတ်တယ် မောင်သိန်းရဲ့။

ငါဆေးအောင်သွားပြီ ”
ငါပြမယ် မင်းကြည့်နေတဲ့။

ပြောပြောဆိုနဲ့ ကိုသာမောင်ကြီးက
ကျုပ်အိမ်က စပါးဆယ်တင်းထည့်
ထားတဲ့ ပုပ်ကြီးကို ကောက်မချလိုက်
တယ်ဗျို့။

အမလေးဘုရား ” ကျုပ်ပါးစပ်က
ဘုရားပါတလိုက်ရတဲ့အထိပဲဗျို့။

တော်ရုံလူဆို မလို့မရတဲ့ပုပ်ကြီးကို
သာသာယာယာလေးကောက်မ
ချသွားတာဗျာ။

ကျုပ်တောင် ” ကိုယ့်မျက်စိကိုယ်
မယုံနိုင်အောင်ကို အံ့ဩမှင်သက်
ရတယ်။

ကိုသာမောင်ကြီးက “‌ဆက်ပြောတယ်။

ညီလေးမောင်သိန်း” ငါကာယသဒ္ဓိ
တကယ်ပြီး မပြီး စမ်းချင်သေးတယ်
အဲ့တာမင်းငါ့ကို ကူညီပြီးစမ်းသပ်
ပေးပါလားကွာ။

ကျုပ်က ” ဘယ်လို စမ်းပေးရမှာလဲ?။
မင်းငါ့ကို ဒုတ်နဲ့ရိုက်‌ပေးပါလားကွာ။

ခဗျာ” မလုပ်ပါနဲ့ ခဗျားထိခိုက်မိရင်
မကောင်းဘူးဗျာ။

ကိုသာ‌မောင်ကြီးကလုပ်သာလုပ်စမ်းပါကွာ”

ဒီရွာမှာ” ငါ့ရဲ့ညီအစ်ကိုလိုစိတ်ချယုံ
ကြည်ရသူက မင်းပဲရှိလို့ပါကွာ။

ငါ့ကိုကူညီပေးစမ်းပါ ငါ့ညီရာ။

ကိုသာမောင်ကြီးက “အတင်းတောင်း
ဆိုတယ်ဗျ။

ကျုပ်လဲ ” ဒီလောက်တောင်မှဆိုလဲ
ကျုပ်ရိုက်ပေးမယ်ဗျာ။

လာခဲ့ဆိုပြီး” အိမ်နောက်ဖေးကို
ခေါ်သွားပြီး ကျုပ်အဘက
၀က်ခြံဆောက်ဖို့ ပုံထားတဲ့
သစ်မောင်းတိုင်တွေက
အရှည်အားဖြင့် ၆ပေနီးပါလောက်
ရှိတယ် ကျုပ်ကလဲ အားကောင်း
မောင်းသန်ဆိုတော့ အဲ့သစ်တိုင်
တစ်တိုင်ကို ခလယ်က ကောက်
ပွေ့ပိုက်ပြီး အနားကရပ်နေတဲ့
ကိုသာမောင်ကြီးကို ဘယ်ရော
ညာရော အားကုန်လွဲ၍
စုန်လည်အဆက်မပြတ်
ကျုပ်ရိုက်ချလိုက်လေတော့၏။

ဗျောင်းးးးးးဗျောင်းးးးးဆိုတဲ့အသံ
ကြီးက ရိုးပျက်တွေကို မီးရှို့လို့
အော်နေတဲ့အသံမျိုးလိုကြားရ
တာဗျာ။

ကျုပ်လဲ ” အလျှင်မြန်အဆက်မပြတ်
ရိုက်ချလိုက်တော့။

မတ်တပ်ရပ်နေတဲ့ ကိုသာမောင်ကြီးက
တဖြည်းဖြည်း ‌ခါးကုန်းလေးဘက်
ထောက်ကြီးကို ဖြစ်သွားတယ်
ကျုပ်ကတော့ အဆက်မပြတ်
ဆင့်ရိုက်နေတုန်းဗျ။

ရိုက်ရင်းရိုက်ရင်းက ကျုပ် ပွေ့ထားတဲ့
သစ်မောင်းတိုင်ကြီးက အစိပ်စိပ်
အမွှာမွှာ ဖွာထွက်ကုန်တယ်ဗျ။

ကျုပ်လဲ ” တစ်ချောင်းကုန်သွားတော့
သစ်ပုံထဲက နောက်တစ်ချောင်း
ကောက်ပွေ့ရော ။

တော်ပါတော့” မောင်သိန်းရယ်
တော်ပါတော့ဟ ဆိုပြီး အသံနက်
ကြီးနဲ့ ကုန်းအော်တယ်ဗျ။

ကျုပ်လဲ” အဲ့တော့မှ အသိကပ်တယ်ဗျ။

ကျုပ်ကြည့်လိုက်တော့ ” လေးဘက်
ထောက်နေတဲ့ ကိုသာမောင်ကြီးက
ကုန်းထလာကာ ပေါက်ပြဲဖုထစ်
နေတဲ့ ဒဏ်ရာတစ်ခုမှမရှိဘူးဗျ
တယ်လဲ စွမ်းလိုက်တဲ့ဆေးပါလား။

မောင်သိန်း” ဒီနေ့ တော့ ဒီလောက်ပဲ
ဟေ့ ။

မင်းရိုက်ဝာာ “ငါခန္ဓာကိုယ် ဒဏ်ရာ
မရပေမဲ့ ကိုယ်လက်တွေတော့
နာဆာနေတာပဲ မင်းက
ရိုက်မဲ့ရိုက်တော့လဲ လွတ်ရိုက်
တဲ့ကောင်ပါလားကွာ။

ငါပြန်ပြီဟေ့” ကျုပ်လဲ
ကိုယ့်ကိုယ်အံ့ဩမိတယ်
ကိုသာမောင်ကြီးကို ရိုက်နေတဲ့
အချိန် ကျုပ်ကိုယ်က ပေါ့ပါး
သွက်လပ်ပြီး အားအင်အပြည့်
မာန်အပြည့်ဖြစ်နေတယ်ဗျ။

ဘယ်လိုဖြစ်ပါလိမ့်တောင်
ကိုယ့်ကိုယ်ကို မယုံနိုင်အောင်
ပါပဲဗျာ။

နောက်နေ့မနက်ရောက်တော့
ကျုပ်တို့ဝိုင်း၀ကနေ မောင်သိန်းရေ
မောင်သိန်း။

ကျုပ်အမည်ကို လူတစ်ယောက်ခေါ်
နေလို့ ထွက်ကြည့်တော့ ကိုသာမောင်
ကြီးဖြစ်နေတဲ့ ရွာထိပ်က ကိုယ့်ပိန်ဆိုင်
မှာ ကျုပ်ကို ခေါက်ဆွဲ‌ကြော်စားဖို့
လာခေါ်တာတဲ့ ကျုပ်ဖြင့်
ဒီလောက်အရိုက်ခံရလို့ အိပ်ယာထဲက
မထနိုင်လောက်တော့ဘူးကို
ထင်ထားတာဗျ။

တယ်လဲ “အစွမ်းထက်တဲ့ဆေးပါလား
ဗျာ။

ပီယလိုင်းကတော့စွမ်းသလား
မမေးနဲ့ မခင်နှင်းကပါ
ကိုသာမောင်ကြီးနဲ့လက်ချင်းချိတ်
လို့အတူပါလာလို့ ကျုပ်ထပ်ပြီး
အံ့အားသင့်ရတယ်ဗျို့။

စာဖတ်သူများအားကျေးဇူးအထူး
တင်ရှိပါတယ်။
(ကပ္ပိယလေးကြွက်ပုတ်)