မိအေးပြန်လာပြီ

Posted on

မိအေးပြန်လာပြီ(စ/ဆုံး)

———————–

အမေနဲ့လမ်းခွဲလာခဲ့သည်မှာဒီနေ့ဆိုရင်သုံးနှစ်ကျော်လာခဲ့ပြီ၊တစ်ခါမှလည်းဖုန်းမဆက်ဖူးသလို၊လူကြုံပါး၍လည်းအကျိုးအကြောင်းမမေးမိ၊အမေရှိသေးသည်လောက်သာစိတ်ထဲမှာရှိသည်၊ထို့ထက်မပိုချေ။

မိမိထွက်လာခဲ့ရသည့်အကြောင်းရင်းကလည်းအမေ့ကိုစိတ်နာသောကြောင့်ပင်၊မွေးထားပြီးတာဝန်မကျေသောအမေတစ်ယောက်အဖြစ်သာသိသည်။

‘အမေလည်းငါ့သမီးအတွက်အကောင်းဆုံးလုပ်ပေးနေတာဘဲလေကွယ်၊အမေ့ရှာသမျှငွေကလေးက၊အမေနဲ့သမီးတို့စားရုံလောက်သာရတော့၊မဖြစ်သာလို့သာလက်ပိုက်ကြည့်နေရတာပါသမီးရယ်’
‘အခါတိုင်းလိုသာဆိုရင်၊ငါ့သမီးဒီလောက်ပြောနေစရာမလိုပါဖူး၊အခုဟာကအမေ့အသက်ကလည်းခုနစ်ဆယ်နားကပ်နေပြီလေသမီးရယ်၊ဘာလုပ်လုပ်အရင်ကလိုအဆင်မပြေတော့ဖူး၊ဒါကြောင့်မို့ပါ.’
မိခင်ဖြစ်သူခမျာသမီးလိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်၍မျက်နှာကလေးငယ်ကာပြောနေရှာသည်။
ဒီအိမ်မှာကားသားအမိနှစ်ယောက်ဆိုသော်ငြားလည်းအမေတစ်ယောက်ထဲသာရုန်းကန်နေရသည်။
မိအေးကဘာမှမလုပ်၊မနက်မိုးလင်းပြီဆိုသည်နှင့်သနပ်ခါးကိုခြေဆုံး၊ခေါင်းဆုံးလိမ်းကာအိမ်လညိထွက်သည်။ပြန်လာရင်အမောတကောဖြင့်အုပ်ဆောင်းလှန်ကာအမေချက်ထားသမျှဇိမ်ကျကျစားတော့သည်။

သူ့အမြင်ကမွေးထားရင်ကျွေးရမှာဘဲ.’ဟူသောအတွေးဝင်ထားဟန်တူသည်။ထို့ကြောင့်ဘာဆိုဘာမျှမလုပ်၊ဘေးပါတ်ဝန်းကျင်မှအမြင်မတော်၍ပြောသောလည်းသဲရေထဲရေသွန်သလိုပင်၊အရာမထင်ခဲ့ချေ။

‘သမီးကိုမဝယ်ပေးချင်တာနဲ့ဆင်ခြေတွေမပေးနဲ့အမေ၊မိဘတိုင်းကသားသမီးတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးရတာဟာထုံးစံဘဲအမေရဲ့၊သူများတကာတွေအမေများဆိုရင်သားသမီးကဘာလေးလိုချင်လိုက်တာဆိုတာနဲ့ချက်ချင်းထဝယ်ပေးကြတာလေ’

‘တော်ပြီအမေ၊အမေ့ဝမ်းထဲမှာဝင်စားရတာကိုကသမီးကံဆိုးတာပါ၊ဒီတော့ဒီနေ့ကစပြီးအမေနဲ့လမ်းခွဲမယ်၊မိဘတာဝန်မကျေတဲ့မိခင်နဲ့ဆက်မနေတော့ဖူး၊ကိုယ့်ဘဝကိုယ်ရာစားပြီးအကောင်းဆုံးနေပြမယ်၊
အမေသာသမီးအဖြစိကစွန့်လွတ်လိုက်တော့’

မိအေးမှရုတ်တရက်ထပြီးအဝတ်အစားများကိုအိတ်အတွင်းထည့်သည်။ယူဆောင်သင့်သည်များကိုထုတ်ပိုးပြီးး၊လျပ်တစ်ပြက်အိမ်အတွင်းမှထွက်၏။

‘သမီးလေး.ဘယ်ကိုမှမသွားပါနဲ့ကွယ်၊ငါ့သမီးလိုချင်တဲ့ဥစ္စာကို၊မနက်ကျရင်အမေဖြစ်အောင်လုပ်ပေးပါ့မယ်နော်’
မိခင်ကသာထိုင်ရင်းမှမျက်ရည်စီးကာပြောနေရှာပေမဲ့မိအေးလှည့်မကြည့်ချေ၊အိတ်ကိုသာခေါင်းပေါ်ရွက်ပြီးသုတ်သုတ်ပျာပျာထွက်သွား၏။
မိခင်ဖြစ်သူမှာသမီးအားဆုံးရှုံးလိုက်ပြီဟူသောအတွေးဖြင့်နေရာမှာပင်လဲကျသွားတော့သည်။
မိအေးလည်းမိမိဘဝတိုးတက်ရေးအတွက်ကားအဆင့်ဆင့်စီးကာထွက်လာခဲ့၏။နောက်ဆုံးမှာနယ်စပ်မြို့ကလေးတစ်မြို့မှာအခနိးငှားကာကြုံရာကျပန်းလုပ်ကိုင်စားသည်။
ဝင်ငွေကသိတ်မဆိုးသဖြင့်မိမိလိုအင်ဆန္ဒအားလုံးဖြည့်ဆည်းနိုင်၏။မိခင်ထံတော့တစ်ပြားမှမရောက်ချေ။
ငှားထားသည့်အခန်းမှာကားဘဝတူအမျိုးသမီးနှစ်ယောက်နေသည်။
‘ကေသီ.ဖုန်းလာနေတယ်’
‘တစ်ခုသောနေလည်၊အလုပ်နားရက်တစ်ခုမှာသူငယ်ချင်း၏ဖုန်းကလာနေ၍မိအေးမှလှမ်းအော်လိုကိ၏။

‘အေးအေး.လာပြီမိအေးရေ.’
ကေသီကပျာကယာပြေးတက်လာပြီးဖုန်းကိုင်လိုက်သည်။
‘ရှင်.အမေဆုံးပြီဟုတ်လား၊ဘယ်လိုဖြစ်တာလဲဦးလေးရယ်၊ကျမပို့တဲ့ငွေနဲ့အမေ့ကိုဆေးရုံမတင်ဖူးလား၊ဒါဆိုကျမအမေနဲ့မတွေ့ရတော့ဖူးပေါ့.အီးဟီးဟီးအမေရယ်၊သမီးအမေ့အတွက်ဆေးဖိုးဝါးခရအောင်ငွေထွက်ရှာပေးနေတာပါ၊အခုတော့.

ကေသီပြောပြီးငိုယိုနေသည်ကိုမိအေးမြင်လိုက်ရသည်။
ကေသီမှကပျာကယာအထုတ်အပိုးပြင်ပြီးအမေ့ထံအရောက်သွားဖို့လုပ်နေ၏၊ထိုမှသာရွာကိုပြန်မည့်ကားကိုစီးနိုင်ပေမည်။
‘အေး.နင်ကြားတဲ့အတိုင်းဘဲမိအေး၊ငါ့အမေတော့ဆုံးပြီဟ၊ဒါကြောင့်ငါရွာကိုပြန်ရတော့မယ်၊နင်လည်းဒီမှာဘဲနေပြီးလုပ်ကိုဂ်စားပေါ့မိအေးရယ်၊ကံမကုန်ရင်တော့ပြန်ဆုံကြရအုံးမှာပါဟာ’
‘ငါလည်းလိုက်ခဲ့မယ်လေကေသီ၊ငါတစ်ယောက်ထဲဒီမှာမနေခဲ့ချင်ဖူးဟာ’
ခဏတာတွေ့ဆုံကြရပေမဲ့သံယောဇဥ်ကတစ်ဦးကိုတစ်ဦးငြိတွယ်နေလေပြီ၊အလုပ်ကပြန်လာခိုက်တစ်ဦးနဲတစ်ဦးစကားတွေပြောကာရယ်မောခဲ့ကြဖူး၏၊အစားဆိုလည်းလက်ဆုံစားကာစကားတွေပြောဖြစ်ကြသည်။ထိုကြောင့်ရုတ်တရက်ခွဲသွားမည်ဆိုတော့၊မိအေးရင်ထဲမကောင်း၊အတူလိုက်ဖို့သာပြောဆိုမိသည်။

‘ဒါဆိုလည်းနင့်သဘောဘဲလေ၊လိုက်မယ်ဆိုလည်းလိုက်ခဲ့ပေါ့’
ကေသီနဲ့မိအေးတို့ကားစီးကာရွာကိုပြန်လာကြသည်။
‘နင်ကလည်းဟာ.နောက်ကျလှချည်လားဟ၊နင့်အမေရဲ့မျက်နှာကိုတဝကြီးမြင်ရအောင်အခေါငိးထဲမထည့်ခင်၊စောင့်နေတာကြာနေပြီ’
ဦးလေးတော်စပ်သူမှဆည်းကြိုကာပြောလိုက်၏။

ကေသီမှတုန့်ပြန်မပြောချေ၊အမေ့ရုပ်ကလာပ်ရှိရာကိုသာအလျင်အမြန်သွားပြီးငိုကြွေးနေ၏။မိအေးတစ်ယောက်ထိုအဖြစ်အပျက်ကိုကြောင်ကာကြည့်နေသည်။
‘သမီးပြန်လာပြီလေအမေရဲ့၊အရင်ကလိုငါသမီးလေးပင်ပန်းလာပြီလားလို့မေးအုံးလေ၊သမီးလည်းအမေနဲ့အဝေးကြီးမှာမနေချင်ပါဖူးအမေရာ၊အမေ့မျက်နှာကိုတစ်ရက်မတွေ့ရရင်သမီးမနေနိုင်ပါဖူး၊ဒါပေမဲ့အမေရယ်၊သမီးကအမေ့မွေးကျေးဇူးတွေကိုဆပ်ချင်တယ်၊အမေ့ရောဂါကိုသမီးလုပ်အားခနဲ့ပျောက်အောင်ကုသမယ်ဆိုပြီးအလုပ်ထွက်လုပ်နေတာပါ၊အခုတော့အမေကသမီးကိုဘာလို့မစောင့်တာလဲဗျာ၊
သမီးသာဒီမှာရှိရင်အမေ့ကိုအသေမခံဖူး၊ရတဲ့နည်းနဲ့ကုသမှာ၊ကဲဟယ်.ကဲဟယ်.ဒီလောက်ဆိုးအုံးငါဘ့ဝ’

ကေသီမှရင်ဘတ်ကိုအကြိမ်ပေါင်းများစွာထုပစ်လိုက်သည်။မိအေးမှဆွဲမည်ဟုလုပ်သေး၏။သို့ပေမဲ့မိမိနှင့်လားလားမျှမထိုက်တန်၊မိမိကအမေကိုအမုန်းကြီးမုန်းသည်၊ကေသီကသာမွေးမိခင်၏ကျေးဇူးတရားတွေကိုနားလည်ပြီးချစ်မဝဖြစ်နေသည်။
ကေသီရှာရသမျှငွေကြေးအားလုံးကိုလည်အမေ့ထံသိူ့ပို့ပေးနေသည်ကိုလည်းမိမိအတိုင်းသားမြင်နေရ၏။မိမိနဲ့တစ်ခြားစီပါလား။
မိမိကအမေ့ကိုတစ်ပြားတစ်ချပ်မျှမရှာပေးဖူး၊အမေရှာထားသမျှသာလက်မလည်အောင်သုံးသည်။

နှစ်ယောက်စလုံးထမင်းကိုသာစားကြ၏၊ကေသီကမိမိထက်များစွာသာလွန်နေပါပကော။
အသိတရားမှာလည်းမိမိထက်များစွာကွာသည်။
ကိုယ့်ကိုကိုယ့်ပင်ရှက်ရွံမိ၏။ထို့ကြောင့်ဤကိစ္စပြီးလျင်ရွာကိုပြန်ဖို့ဆုံးဖြတ်လိုက်တော့သည်။

ငါးရက်မြောက်နေ့၍ကေသီ၏အမေကိုသင်္ဂြိုလ်သည်၊နောက်နှစ်ရက်မျှဆက်နေပြီးရွာကိုပြန်ဖို့ပြင်ဆင်၏။

‘ငါရွာကိုပြန်တော့မယ်ကေသီရယ်၊အခုလောက်ဆိုရင်အမေကစောင့်နေလောက်ပြီ’

‘ဟင်.နင့်မှာအမေရှိသေးတာပေါ့နော်မိအေး၊ကံကောင်းလိုက်တာဟာ၊ငါနဲ့တော့တခြားစီဘဲ’

‘ဟုတ်တယ်ကေသီရဲ့၊ငါ့မှာအမေရှိသေးတယ်၊အခုလောက်ဆိုရင်တော့အိုစာနေလောက်ပြီပေါ့ဟာ၊ငါ့အတွက်နဲ့အမေကအတော်လေးစိတ်ဆင်းရဲနေရှာမှာ၊ဒါကြောင်ရွာကိုပြန်တော့မယ်လို့ပြောမိတာပါဟာ’

‘မိမိ၏အမှားတွေကြောင်မျက်နှာပင်တင်းတင်းထား၍မပြောရဲဘဲအောက်ကိုချလျက်သာပြောခဲ့ရသည်။

‘အေးပါဟာ.နင်ပြောသလိုအတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ပေးမှာပါ’
ကေသီအားနုတ်ဆက်ပြီးရွာကိုကားစီးကာပြန်လာခဲ့သည်၊ဒီနေ့တော့အပျော်ဆုံးဖြစ်၏။
အမေ့ကိုတစ်ဝကြီးကြည့်ပြီးမိမိအပြစ်တွေကိုဝန်ချကာတောင်းပန်ပစ်မည်။
အမေသာကျန်းမာပကတိ၊ချမ်းသာစွာရှိပါစေကြောင်းကျိတ်ကာဆုတောင်းနေမိ၏။
နောက်နေ့မနက်မှာရွာကိုရောက်သည်၊အမေ့အိမ်အာအဝေးမှလှမ်းကြည့်တော့၊အရိပ်အယောင်ကိုမတွေရ၊စိတ်ပူသဖြင့်ဒေါ်လေးထံအပြေးလာရာမှာ.
‘နင့်အမေကိုမနေ့ညကဆေးရုံကိုတင်လိုက်ရတယ်မိအေးရဲ့၊အတော်လေးနေမကောင်းဖြစ်နေရှာတာ၊အစားကလည်းမဝင်၊ပြီးတော့နင့်စိတ်တွေလဲပါတာပေါ့မိအေးရယ်၊အခုအချိန်မှာနင့်ကိုသာတွေရင်၊ပြန်ကောင်းရင်ကောင်းလာမှာ’

မိအေးမှဆေးရုံကိုအပြေးလိုက်သွားသည်၊လူနာကုတင်ပေါ်၍ဆေးပိုက်တန်းလန်းဖြင့်မှိန်းနေရှာသောမိခင်ကိုတွေ့လိုက်ရ၏။
‘အမေ.
‘နားနားကပ်ကာခေါ်လိုက်သည်။
‘နင်ကဘယ်သူလေးလဲဟဲ့၊ငါကငါ့သမီးလေးကိုမျှော်နေတာ’

မိခင်ဖြစ်သူမှာရောဂါဒဏ်တွေကြောင့်မျက်စိတွေမှုန်ဝါးနေသည်၊ကိုယ့်သမီးကိုပင်မသိရှာတော့ဘဲမေးမိမေးရာမေးနေသည်။

‘သမီးလေအမေရဲ့.မိအေး.မိအေး’

အမေ့လက်ကိုမိမိပါးပြင်၌ကပ်ကာဝမ်းသာအားရပြောလိုက်သည်။
‘နင်ကအခုမငါ့ဆီကိုဘာလာလုပ်တာလဲ၊ငါကနေ့တိုင်းမျှော်နေရတာ’

အော်အမေရယ်၊အရင်ကအမေ့ကျေးဇူးကိုမသိနားမလည်ခဲ့လို့သမီးကထွက်သွားမိတာပါ၊အခုအမေ့ကျေးဇူးတရားကိုသမီးနားလည်ပြီ၊အသက်ထက်ဆုံးလုပ်ကျွေးဖို့ဆုံးဖြတ်လိုက်ပြီသိလား၊အခုအချိန်ကစပြီးအမေ့အနားကတစ်ဖဝါးမှမခွာတော့ဖူး၊အရင်ကအချိန်တွေအစားပိုချစ်ခွင့်ပေးပါနော်’
အမေ့ပါးအားဖွဖွကလေးနမ်းလိုက်သည်၊ပြီးတော့အမေ့ကိုယ်လုံးကလေးကိုယုယစွာဖက်ထားလိုက်၏။

မိခင်ဖြစ်သူ၏မျက်နှာကားဆေးအရှိန်ကြောင့်တော့မဟုတ်နိုင်။နွမ်းခြောက်စပန်းကိုရေထိသည့်အလားချက်ချင်းလန်းဆန်းလာသည်။ဘေးကုတင်မှလူများပင်အံ့သြယူရ၏။

‘ညည်းမလာခင်ကဆိုဒီလိုပုံစံမျိုးမဟုတ်ဖူးတူမရဲ့၊အဒေါ်တို့တောင်ရမှရတော့ပါ့မလားအောင်းမေ့နေတာ၊အခုတော့လညျးသူမဟုတျတာကနြတောဘဲနောျ’

‘ဒါပေါ့ဒေါ်လေးရဲ့၊အမေ့ကိုအသက်ရာကျော်နေရအောင်ဆိုပြီးအပြေးပြန်လာတာလေ’

ဆေးရုံ၌ငါးရက်မျှသာနေလိုက်ရသည်၊ဆေးရုံမှဆင်းပြီးချိန်၍မိအေးတစ်ယောက်အမေ့ကိုအကောင်းဆုံးပြုစုစောင့်ရှောက်၏၊အမေစားချင်ရာ၊အမေသွားချင်ရာမှန်သမျှအကုန်လုပ်ပေးသည်။အမှားရှိလျင်အမှန်ရှိ၏၊မိအေး၏အမှန်သိခြင်းကားလွန်လွန်းလှသည်။အမေ့ဘေးနားပါတ်ချာလည်စားစရာများထားပေးသည်မှပုရွတ်ဆိတ်တွေပင်တက်နေလေ၏။

အမေ့အားတစ်စက္ကန့်မျှစိတ်မဆင်းရဲရအောင်မည်သို့လုပ်ဆောင်ပေးရမည်ကိုအမြဲတွေးနေပါတော့သည်။မိအေးအပြုအစုကောင်းမှုကြောင့်မိခင်ဖြစ်သူမှာနောက်ထပ်ဆယ်နှစ်ကျော်ပင်နေသွားသေး၏။ရှစ်ဆယ်မပြည့်တပြည့်အရောက်မှသာဆုံးပါးသွားပါတော့သည်။

စာဖတ်ပရိတ်သတ်အားအစဥ်လေးစားလျက်
တင်သက်.ပညာရေး
ကညွတ်ကွင်းမြို့