မြွေဘဝကူးသွားသူ

Posted on

မြွေဘဝကူးသွားသူ(စ/ဆုံး)

————————–

လူတစ်ယောက်ဟာသူကျင်လည်ရာပတ်ဝန်းကျင်အနေအထားအရ အသိပညာအတတ်ပညာတစ်မျိုးမျိုးရနိုင်သလိုအသက်မွေးဝမ်းကျောင်းဖို့အတွက်လည်းကျွမ်းကျင်ရာအတတ်ပညာတွေတတ်မြောက်နေတတ်ပါတယ် ့ ့ မိမိနေထိုင်ရာရေမြေလိုက်၍အတတ်ပညာမျိုးစုံသည်လည်းမတူကွဲပြားစွာရှိနေပေမဲ့သေချာတာကတော့ လူတိုင်းလူတိုင်းမှာတော့ကျွမ်းကျင်ရာပညာတစ်ခုခုတော့ရှိနေသည်ဆိုတာပါပဲ

ပဲခုးရိုးမကြီးနှင့်အနီးဆုံးနေရာမှာရှိသောရွာတရွာတွင်နေထိုင်သူဗလကတော့ သူများနဲ့မတူတဲ့မြွေဖမ်းခြင်းအတတ်ပညာကိုကျွမ်းကျင်စွာတတ်မြောက်လေသည် ့ ့ ဗလကမြွေမကြောက်သူ့အဖေမုဆိုးနှင့်ပဲခူးရိုးမကြီးထဲကိုငယ်စဉ်ကထဲကပင်လိုက်လေ့ရှိသူမို့ ဒီတောဒီတောင်တွေရှိနေသ၍တော့ဗလအတွက်ထမင်းမငတ်ဘူးလို့ခံယူထားသည်
အခုအဖေမရှိတော့မုဆိုးမအမေအိုနှင့်နေသည်ကျန်တဲ့ညီအကိုမောင်နှမများအိမ်ထောင်ကျသွားပေမဲ့လွတ်လပ်မှု့ ကိုခုံမင်သောဗလကအမေနှင့်သာနေသည်အမေချစ်သောသားဆိုလည်းမမှားပါ ့ ့ ဗလနေသောရွာနှင့်ရွာနီးနားရွာကြီးတစ်ရွာတွင်မြွေအဝယ်ဒိုင်ဖွင့်ထား၍မြွေများကိုပိတ်သာချိန်ဖြင့်ဝယ်၏မြွေအမျိုးအစားလိုက်၍စျေးကောင်းပေးဝယ်သည် ။

မြွေအဝယ်ဒိုင်မြွေသွားရောင်းပါကငွေမျိုးမျိုးမြတ်မြတ်ရသောကြောင့်အသက်အန္တရယ်ကြားက ဒီအလုပ်လုပ်သူတွေရှိလေသည် ့ ့ မြွေမကြောက်သောဗလအတွက်တော့စာဝတ်နေရေးအတွက်မြွေဖမ်းသမားဖြစ်လာပေသည်ဒီအလုပ်ကဗလနှင့်အသင့်တော်ဆုံးအလုပ်ဖြစ်လာ၏

ဗလတွင်မြွေဖမ်းဖေါ်သူငယ်ချင်းတစ်ယောက်ရှိလေသည်သူ့နာမည်ကသာမောင်ဖြစ်လေသည်သာမောင်ကမြွေကိုဝါးညှပ်နှင့်ဖမ်းကာဗလကတော့မြွေဖမ်းရာတွင်ဘာမှမလိုမြွေကိုတွေ့တာနဲ့မြွေခေါင်းနောက်ကိုအလွန်လျှင်မြန်စွာဆုပ်ကိုင်ဖမ်းသည်သေချာသည်သွက်သည်ဗလအတွက်မြွေဖမ်းတာထမင်းစားရေသောက်ပင် ့ ့
ဒီနယ်တကြောမှာတော့မြွေဖမ်းရာတွင်ဗလကိုယှဉ်နိုင်သူမရှိပေဗလအမေဒေါ်မြကဗလမြွေဖမ်းရောင်းတာမကြိုက်ပေမဲ့ဒီလုပ်ငန်းကဝင်ငွေကောင်းနေတဲ့အတွက်ဗလကတော့လက်မလွတ်နိုင်ပေမိမိကျွမ်းကျင်ရာဒီအလုပ်ပဲရှိသည်မဟုတ်လား
ခုတလောအမေနေသိပ်မကောင်း၍ဗလငွေလိုသည်အမေချစ်သောသားမို့အမေအတွက်ဆေးဖိုးလုံလုံလောက်လောက်ရှာထားချင်သည်ဒါကြောင့်မနက်စောစောထကာ သာမောင်ကိုခေါ်၍ပဲခူးရိုးမထဲရောက်လာသည် ့ ့ ဒီတောတွေတောင်တွေကဗလနှင့်မစိမ်း၍ခြေရာတွေထပ်နေတာဆိုတော့မြွေရှိနိုင်သောနေရာတွေလည်းသိ၏
အထူးသဖြင့်ဗလကစပါးကြီးမြွေကိုပိုလိုချင်သည်စပါးကြီးသည်းခြေကစျေးအလွန်ကောင်း၍စပါးကြီးတစ်ကောင်ဖမ်းမိရုံနှင့်အလုပ်ဖြစ်၏

စပါးကြီးသည်းခြေသည်အလွန်အသုံးဝင်၍လူတိုင်းနီးပါးလိုချင်ကြ၏စပါးကြီးသည်းခြေနှင့်ညို့ကြိုးညို့တံတို့သည်ဘာဘ်လာဘကိုညို့ယူဆွဲငင်နိုင်သည်ဟုအယူရှိသလိုစျေးရောင်းကောင်းချင်ပါကသည်းခြေ၏အဖိုအမအားချိန်ခွင်တွင်ချိန်ဆွဲထားတာလည်းရှိကြ၏

တချို့ကလည်းပရောဂအပင်းမိသူများအားအပင်းကျစေရန်ညို့ကြိုးတစ်ချောင်းဖြတ်တောက်ပြီးသေးနုတ်စွာစင်းပြီအစားထဲထည့်ကြွေးပါကအပင်းကျသည်ဟုဆိုကြသည်။

လေငမ်းဖြစ်သူများကိုလျှာကိုလိမ်းပေးပြီးဆွဲပါကပျောက်ကင်းသူများရှိသလိုအခြားအသုံးဝင်တာများလည်းရှိပေသေးသည်ထို့ကြောင့်အစွမ်းထက်၍စျေးကောင်းရခြင်းဖြစ်၏

ဗလတို့လှည့်ပတ်သွားရင်းအတော်ကြီးသောငန်းမြွေအထီးအမနှစ်ကောင်ကိုတွေ့ရာတစ်ယောက်တစ်ကောင်စီဖမ်းကာပါလာသောအရက်ကလေးသောက်အနားယူ၍ဆက်ပြီးမြွေရှာထွက်ကြပြန်၏

ကံများကောင်းချင်တော့တစ်နေရာအရောက်တွင်ဗလဝမ်းသာလုံးဆို့သွား၏သူလိုချင်သောစပါးကြီးမြွေအားမမျှော်လင့်ပဲတွေ့လိုက်ရပေသည်။

စပါးကြီးမြွေ၏ဓလေ့အတိုင်းသူမြိုပြီးသောသားကောင်များ၏အစာမခြေနိုင်သောအရိုးအသွားတို့ကိုကိုယ်ခန္ဓာအတွင်းရှိအစာလမ်းကြောင်းမှခါချနိုင်ရန်အတွက်ကြီးမားသောသစ်ပင်ကြီးတွင်အမှီးကိုပတ်လျှက်ဦးခေါင်းဇောက်ထိုးလုပ်၍ခါချသည့်အတွက်

သစ်ပင်ပေါ်တွင်အစာခါချနေသောစပါးကြီးမြွေကိုဗလတို့ကလွယ်ကူစွာဖမ်းနိုင်သွားကာနေ့တွက်ကိုက်သွားကြ၍စပါးကြီးမြွေထမ်းကာအိမ်ပြန်လာကြပေသည်။ ့ ့ ့ အပြန်လမ်းတွင်မြွေပွေးတစ်ကောင်ကန့်လန့်ခံနေရာသာမောင်ကဗလကိုမသတ်ရန်တားလိုက်၏

”’ဟေ့ကောင်ဗလမြွေးပွေးမကြီးကွဇီးရှိတယ်ကွမဖမ်းပါနဲ့ကွာလွတ်ပေးလိုက်ပါ”””
ဒါပေမဲ့သာမောင်တားနေတဲ့ကြားကဗလကဖမ်းပြီးဓားနှင့်မြွေခေါင်းကိုဖြတ်လိုက်လေသည် မြွေအမြှီးဖျားကနေဆွဲခါလိုက်တော့မြွေပွေးပေါက်ကလေးတွေကျလာလေသည်

အားလုံးပေါင်းအကောင်နှစ်ဆယ်လောက်ရှိလေသည်ဗလနှင့်သာမောင်လဲအားလုံးရိုက်သတ်လိုက်ကာ ဗလကမြွေပွေးအမကြီးအားဟင်းချက်စားရန်သယ်လာလေသည် ့ ့ ဗလကမြွေတွေအများကြီးရလာသည့်အတွက်ပျော်နေကာသာမောင်ကိုမြွေဒိုင်သို့မြွေသွားသွင်းခိုင်းကာဗလကအိမ်ပြန်၍မြွေဟင်းချက်လေသည်ဗလအမေဒေါ်မြကဗလအားကြည့်၍
”””သားရယ်ဒီမြွေဖမ်းရောင်းတဲ့အလုပ်နဲ့သူများအသက်သတ်တဲ့အလုပ်ကိုမလုပ်ပါနဲ့တော့အကုသိုလ်ကြီးပါတယ်ကွယ်””’
”’အင်းပါအမေရယ်အရင်းအနှီးလေးရရင်သားစဉ်းစားပါ့မယ်””’
”’အခုတလောအမေအိမ်မက်တွေမကောင်းဘူးစိတ်တွေလေးနေတယ်နောက်ရက်ကျရင်သားတောထဲမသွားနဲ့အုံးနော်””’
”’ဟုတ်ကဲ့ပါအမေနေမကောင်းလို့အိမ်မက်ဆိုးတွေမက်တာနေမှာပါ””’ ့ ့ ဒေါ်မြကခေါင်းမာသောသားကိုကြည့်၍ဆက်မပြောတော့မြွေသားဟင်းကျက်သည်နှင့်သာမောင်ရာက်လာ၍မြွရောင်းရပိုက်စံများခွဲယူကာမြွေပွေးသားဟင်းနှင့်ထမင်းကို အားရပါးရစားသောက်ကြလေသည် ့ ့ နောက်ရက်တောထဲရောက်တော့အတော်ကြာသည်အထိဘာမြွေမှမတွေ့နေခင်းပိုင်းခဏနားရန်သာမောင်ပြောတော့ဗလလည်းလက်ခံကာနားရန်အပင်းကြီးတစ်ပင်အောက်တွင်ထိုင်တုန်းရှိသေး

သစ်ပင်နောက်ကမြွေတစ်ကောင်ထွက်လာကာဗလအားခဲထားလိုက်သည်သာမောင်လည်းမြွေကိုသတ်လိုက်ကာ ကြည့်လိုက်တော့မြွေပွေးအထီးကြီးဖြစ်နေလေသည် ့ ့ ့ မြွေထီးကြီးမျက်လုံးထဲတွင်သာမောင်ကိုအဓိပါယ်ရှိစွာကြည့်နေသလိုနားကျဉ်းမုန်းတီးနေသလိုသာမောင်ခံစားရလေသည် မြွေမကြာခဏအကိုက်ခံရပေမဲ့မသေသောဗလတစ်ယောက်ဒီတစ်ခါတော့သေလေပြီ

ဗလအသုဘချပြီးသည့်နေ့မှစ၍သာမောင်မြွေဖမ်းရောင်းတဲ့အလုပ်ကိုမလုပ်တော့ဗလသေတော့သူ့အမေကိုသူ့ညီမမိသားစုကလာစောင့်ရှောက်ပေးလေသည်တစ်နေ့သာမောင်ဗလအမေဆီသို့အလည်သွားရာ ့ ့ ”ရှုး ရူး ” ဗလအိမ်ခြံရှေ့မြွေပွေးတစ်ကောင်ပြေးထွက်လာကာသာမောင်ကိုကြည့်၍တရူးရူးနှင့်နှာမှုတ်နေသည်ရုတ်တရက်သာမောင်လည်းကြာင်သွားကာအနီးအနားကတုတ်ချောင်းရှာ၍ရိုက်သတ်ရန်ရွယ်ရာမြွေကထွက်မပြေးသာမောင့်စိတ်ထဲတစ်မျိုးဖြစ်သွားကာသူ့ကိုအန္တရယ်မပေးသောမြွေပွေးကြီးကိုကြည့်ရင်းလွှတ်ပေးလိုက်သည် ့ ့ သာမောင်ဗလအမေနဲ့စကားပြောနေတုန်းမြွေပွေးကြီးကိုခြံထဲတွင်ဟိုနားတွေ့လိုက်ဒီနားတွေ့လိုက်မြင်နေတာကြောင့်သာမောင့်စိတ်ထဲထင့်သွားမိလေသည်မိမိထင်သောအထင်မဟုတ်ပါစေနဲ့လို့သာမောင်ဆုတောင်းနေရသည်သူထင်နေတာကဗလများမြွေဖြစ်နေသလား ့ ့ ခုတလောဒေါ်မြသတိထားမိတာကဒေါ်မြတစ်ယောက်ထဲအိမ်တွင်ရှိစဉ် မြွေပွေးကြီးတစ်ကောင်ရောက်ရောက်လာကာတစ်နေရာတွင်ငြိမ်သက်စွာခွေနေလေသည်အိမ်သားများတစ်ခြားသူများလာပါကပြန်ထွက်သွားတတ်သည် ။
ဒေါ်မြစိတ်ထဲမြွေကိုမြင်လိုက်တိုင်းဗလကိုသတိရနေမိသည်အိမ်မက်ထဲတွင်လည်းဗလကိုငြိုးငယ်စွာမကြာခဏမက်တော့ဒေါ်မြတွေးနေမိသည်ကငါ့သားလေးဗလများမြွေဘဝရောက်နေသလား ဒါ့ကြောင့်မိမိကိုလာစောင့်ရှောက်နေသလားလို့ထင်ပေမဲ့မဖြစ်နိုင်ပါဘူးလေလို့ဖြေတွေးတွေးနေရသည် ့ ့ ့ ဒီကနေသာမောင်အိပ်ယာနိုးတော့မျက်နှာသစ်ရန်အိမ်အောက်ဆင်း၍ရေအိုးနားရောက်တော့ခွေနေသောမြွေပွေးကြီးကိုမြင်ရာသာမောင်ကလန့်သွားရင်စမ်းသပ်သည့်အနေနဲ့

””’ဟေ့ကောင်ဗလမင်းဗလလား”””
သာမောင်ခေါ်သံကြားတော့မြွေပွေးကြီးဟာချက်ခြင်းခေါင်းထောင်လာသည်မို့သေချာသွားပြီသူငယ်ချင်းဗလမြွေဘဝကူးသွားတာသိတော့ သာမောင်စိတ်မကောင်း၍မျက်ရည်ကျမိလေသည် ။
ခုရက်ပိုင်းမြွေပွေးကြီးရောက်မလာတာ၂ရက်၃ရက်ရှိပြီလို့ဒေါ်မြသတိထားမိသည်မလာတော့လဲဒေါ်မြရှာနေမိသည်အိမ်သားများကိုလည်းမပြောပြထားပေတော်ကြာသတ်မှာစိုးလို့ကာမိမိအားရူးနေသည်ထင်မှာစိုး၏ ့ ့ ညရောက်တော့ဒေါ်မြအိမ်မက်မက်လေသည်အိမ်မက်ထဲတွင်ဗလသည်မျက်နှာမကောင်းစွာဒေါ်မြရှေ့ရပ်ရင်း

” အမေသားကိုရွာကဘုန်းကြီးကျောင်းမှာဆွမ်းကပ်ပြီးအမျှဝေပေးပါ”’

လို့ပြောကာ အိမ်မက်ကလန့်နိုးသွားလေသည် ညနေစောင်းတော့သာမောင်ရောက်လာကာ သူ့ကိုဗလအိမ်မက်ပေး၍သူ့အမေကိုဆွမ်းသွတ်ပေးဖို့ပြောခိုင်းကြောင်းနှင့်ဒီကိုအလာလမ်းကခြံပုတ်ပေါ်တွင်ရွာကကာလသားများရိုက်သတ်ထား၍သေနေသောမြွေပွေးကြီးအားတွေ့ခဲ့ကြောင်းပြောတော့ဒေါ်မြမျက်ရည်တွေကျလာကာသာမောင်လည်းစိတ်မကောင်းဖြစ်နေလေသည် ့ ့ နောက်တစ်နေ့မနက်မှာတောသာမောင်နှင့်ဒေါ်မြဘုန်းကြီးကျောင်းတွင်ဆွမ်းချိုင့်သွားပို့ပြီး
”’သားလေးဗလရေဒီနေ့အမေပြုသမျှကုသိုလ်ကြောင့်သားကောင်းရာဘဝရောက်ပြီးသာဓုခေါ်နိုင်ပါစေ”””””’
ဆို့နစ်ကျေကွဲစွာဒေါ်မြနှင့်သာမောင်အမျှပေးလိုက်သည် ””အမျှ အမျှ အမျှ”’

D Moe Moe ့
#credit