မှင်စာကြောင်

Posted on

မှင်စာကြောင်(စ/ဆုံး)
——————

ဧရာ၀တီတိုင်းဒေသကြီးငပုတောမြို့နယ်အ၀ဘိတ်အုပ်စု
ရွာနာမည်ကိုတော့မပြောတော့ပါဘူး။

ကျွန်တော်တို့ရွာအနောက်ဘက်ကဘုန်း
ကြီးကျောင်းတစ်ကျောင်း
ရှိပြီးတောင်ဘက်တောင်ခြေကနေဆင်းသွားရင်သီဟိုလ်
အများကြီးရှိတဲ့တောင်ရှိပါသေးတယ်.အရမ်းကြီးတဲ့.နက်တက်
သရက်ပင်တစ်ပင်ရှိပါတယ်ဒီတောင်နှစ်ခုရဲ့အကြားမှာ
လည်းလမ်းလဲရှိပါသေးတယ်

ကျွန်တော်တို့ရွှာကရွာသူရွာသားတွေကလယ်ယာလုပ်ကိုင်စား
သောက်ကြပါတယ်.မိုးဘက်ကောက်စိုက်ချိန်ဆိုလူတွေမှ
စုံသလိုဆောင်းကောက်ရိတ်ချိန်လူလဲစည်ပါတယ်
လယ်ရှင်လယ်ငှါးနေ့စားတွေရောစုံကြတာပေါ့ဗျာ

လယ်ထဲကိုသွားတဲ့လမ်းကများပါတယ်အဲ့ထဲကကျွန်တော်ပြော
ခဲ့တဲ့တောင်ကြားလည်းလမ်းတစ်လမ်းအပါအ၀င်ပါပဲ
နွေကူးလို့အလုပ်အကိုင်မရှိတော့ရင်တံငါတွေလုပ်ကြတယ်
ပြောရမယ်ဆိုရင်မြုံးထောင်ကြတယ်.ဂဏန်းမြုံးတွေပေါ့
တစ်ချို့လူတွေကတော့မြင်ဖူးမှာပေါ့.အခုခေတ်မြုံးတွေ
ဆိုလူကြိုးတွေနဲ့လုပ်တာများတယ်၀င်္ကပါတို့တွေလဲ
ပေါ်လာခဲ့ပြီလေ

အရင်တုန်းကတော့ဒီလိုမြုံးမျိုးမရှိပါဘူး
၀ါးနဲ့သာအဓိကထားယှက်ကြပြီးထောင်တတ်ကြတယ်
ဆောင်းတွင်းဆိုရင်ငါးဇရိုင်းမြုံးတို့အသုံး၀င်ဆုံးပေါ့
ရင်ထိုးပိုက်.ဒီပိုက်ကဆိုရင်ဖြင့်အမျိုးမျိုးခေါ်တာလဲကြား
ဖူးတယ်ကျွန်တော်တို့ရွာမှာတော့ရင်ထိုးလို့ပဲခေါ်တာပေါ့
ဒီပိုက်မှာအရိုးဝါးနှစ်ချောင်းရယ်ခြေထောက်ကောက်ကောက်
ရယ်ပါရတယ်ပြီးတော့အမြီးလဲပါတယ်ငါးပုဇွန်အကုန်၀င်တယ်
အမိုက်ကဆိုပို၀င်တာပေါ့.ချောင်းမှာအများအားဖြင့်ထိုးကြ
တယ်ခြေထောက်တော့ညောင်းတာပေါ့
ဒါကလဲကိုယ်တွေ့လုပ်ဖူးတယ်လေ

မြုံးသွားချရင်ဆိုရင်လဲမြုံးအလုံးနှစ်ဆယ်စာဆန့်မဲ့ဝါး
အရှည်ကြီးနဲ့ထမ်းသွားရတယ်လေ.ဝါးကလဲကောင်းမှ
အဆောင်အများဆုံးဓားမြောင်ပေါ့.ကဲလိုရင်းကိုသွားကြစို့
ဗျာ

°°°°°°°°°°°°°
နွေဘက်ပေါ့ဗျာကိုရွှေတစ်ယောက်၀မ်းစာရေးအတွက်
တံငါအလုပ်လေးဆက်လုပ်နေရတာပါ.မိုးတွင်းဆောင်း
တွင်းတုန်းကလိုမချောင်လယ်တော့ဘူးလေ.သူတစ်ယောက်
တည်းတော့မဟုတ်ပါဘူး.အားလုံးကလဲဒီအတိုင်းပါပဲ

တစ်နေ့ညနေကိုရွှေမြုံးစာတပ်နေရင်း

။ဟေ့ငရွှေအလုပ်ကြိုးစားလှခြေလား။

။အေးကွာကိုယ့်၀မ်းအတွက်တော့ကိုအလုပ်လုပ်ရမယ်လေ
ပြီးတော့သားမယားနဲ့ကွပေါ့ပေါ့နေလို့မရဘူး။

။အမ်မင်းမှလားကွာငါတို့တွေလဲအတူတူပါပဲ။

ဦးမောင်တုံနဲ့ကိုပြည်အေးကကိုရွှေနဲ့အရမ်းရည်းနီးတာ
ဦးမောင်တုံကသူတို့ထက်အသက်အများကြီးကြီးပြီးဗဟုသု
တာရှိသူတစ်ယောက်ပါ

။ဒီနေ့ဘယ်ဘက်ကိုသွားမှာလဲ။

။ဘီလူးချောင်းဘက်ကိုသွားမလို့။

။သြကောင်းပါတယ်ကွား။

။ဒါနဲ့ဦလေးတို့ကဘယ်သွားမှာလဲ။

။ဘယ်ရယ်မဟုတ်ပါဘူးကွားမမြိုင်အိမ်အလည်သွားဖို့
ပြည်အေးကခေါ်လို့လိုက်လာတာ။

။ထွေထွေထူးထူးကိစ္စရှိလို့လား။

။အဲ့လိုတော့မဟုတ်ပါဘူး။

။ကဲကဲစကားကောင်းနေတာနဲ့တင်မိုးချုပ်နေအုံးမယ်မင်းမြုံး
စာမြန်မြန်တပ်ပြီးသွားစရာရှိတာသာသွားတော့ငရွှေရေ။

ကိုပြည်အေး၀င်ပြောလိုက်ပြီးထွက်သွားကြတော့မှ
ကိုရွှေတစ်ယောက်ခတ်သုပ်သုပ်လေးလုပ်ပြီးမြုံးအလုံး
နှစ်ဆယ်လောက်ကိုထမ်းကာဘီးလူချောင်းဘက်ကိုဦးတည်
ပြီးသွားပါတော့တယ်.ဗျိုက်ထဲရောက်တော့သူချရမဲ့မြုံးတွေ
ကိုချောင်းစပ်တွေမှာပေါက်နေတဲ့သမက်တို့လမုပင်
ခြေရင်းမှာထောင်ထားခဲ့ပါတော့တယ်

ကိုရွှေတစ်ယောက်ညနေမြုံးသွားချရင်းတောင်ကြား
ကလည်းလမ်းကပြန်အလာမှာတော့မိုးအတော်ချုပ်သွား
ပါပြီးလူအိပ်ချိန်တော့မဟုတ်သေးပါဘူးအရင်က၇နာရီ
ဆိုမိုးအတော်ချုပ်ပြီးလို့ပြောကြပြီးကလေးတွေကိုစောစော
အိပ်ခိုင်းလေ့ရှိကြတယ်လေ

လမင်းကြီးကလဲသာနေတော့အေးဆေးပေါ့
အရင်တုန်းကဆိုမီးအိမ်လေးပဲသုံးကြတာလေ
ကိုရွှေသွားတုန်းကနည်းနည်းပဲနောက်ကျမှာပါဆိုပြီးဘာမှ
ယူမသွားပဲဒီတိုင်းသွားတယ်.ထင်တာထက်နောက်ကျ
သွားပေမဲ့လရောင်လေးရှိတော့အဆင်ပြေတာပေါ့

တောင်ခြေလမ်းလည်းလမ်းကြားရောက်တော့
ခြုံပုတ်လှုပ်သံကိုကြားလိုက်ရတယ်.ဘေးနားပတ်ပတ်
လည်ကိုကြည့်လိုက်တော့.တွေ့ပါပြီးသရက်ပင်အောက်က
ခြုံပုတ်သေးသေးလေးမှာတစ်ခုခုရှိနေတာသိလိုက်ရတော့
သူ့ဝါးလုံးရှည်ကြီးကိုသေခြာကိုင်ထားပြီးရပ်ကြည့်လိုက်တော့

သိပ်မကြာပါဘူးကြောင်နှစ်ကောင်ထွက်လာတယ်
ကြောင်နှစ်ကောင်ကအနက်နဲ့အဖြူပါနှစ်ကောင်စလုံးထွက်
လာပြီး.ကိုရွှေ့ကိုဝိုင်းကြီးပတ်ပတ်လျှောက်ပတ်နေတော့
တောသားတွေလေအိမ်နဲ့ဝေးတဲ့ကြောင်ဆိုတောကြောင်
ပဲလေ.ကိုရွှေတစ်ယောက်တောကြောင်သားစားရခြေရဲ့
ဆိုပြီး.လိုက်ဖမ်းတယ်မမိဘူး.သူ့ကိုပတ်ပြီးခဏအကြာ
တစ်ကောင်နဲ့တစ်ကောင်ပတ်ပြေးပြီး
ဆော့ပြန်တော့.ကိုရွှေကလဲကြည့်ရင်းကြည့်ရင်းအသည်း
ယားလာပြီးရိုက်ချလိုက်တော့

ကြောင်အနက်ရောင်ခေါင်းကိုကျကျနနမိမိရရထိတယ်
ဒါပေမဲ့အဖြူ်ရောင်ကြောင်ကမပြေးပဲပြားချပ်ခေါင်းကြီးပြား
ချပ်နေတဲ့ကြောင်နက်ရဲ့ဘေးနားကိုပတ်ပြေးနေတာ
ဒါက်ို.ကိုရွှေကမြင်တော့အံ့သြသွားတာတာပေါ့
သို့ပေမဲ့ကြောင်အသေကောင်ကိုသွားကောက်ဖို့လုပ်တော့

ကိုရွှေတစ်ယောက်ကြသီးဖျန်းကနဲထသွားပြီးအရမ်းလန့်
သွားတယ်.ဘာလို့လဲဆိုတော့ခေါင်းကြီးပြားချပ်နေတဲ့ကြောင်
နက်ကပြန်ထလာပြီးအကောင်းပကတိပြန်ကစားနေတာ
တွေ့လိုက်ရလို့လေ.ကြောင်နှစ်ကောင်ကခဏအတွင်းဆို
သလိုကိုရွှေဘက်ကိုကြည့်ပြီးပြေးလာတော့
ဘယ်ရတော့မလဲဖနောက်နဲ့တင်ပါးတစ်သားထဲဖြစ်အောင်
ကိုရွှေပြေးတော့တာပေါ့

ရွာထဲကိုရောက်တာနဲ့ဆိုသလိုဦးတုံအိမ်ကိုတန်း၀င်သွား
တာပေါ့.ဒါပေမဲ့ဦးတုံမရှိဘူးအထဲမှာကိုပြည်အေးနဲ့ကိုသောင်း
နှစ်ယောက်စကားပြောနေတာကိုတွေ့တော့

။ပြည်အေး.ပြည်အေး။

မောကြီးပန်းကြီးနဲ့ခေါ်လိုက်တာကြောင့်ကိုပြည်အေးနဲ့
ကိုသောင်းနှစ်ယောက်သားလှည့်ကြည့်လိုက်ပြီး

။ဟငရွှေဘာဖြစ်လာတာတုန်း။

။ဘာဖြစ်လာတာလဲဆိုတာကိူနောက်မှပြောမယ်
ဦလေးမရှိဘူးလား။

။အေးမရှိဘူးကွငါနဲ့ငသောင်းနဲ့အတူပြန်လာပြီးလမ်းမ
မစန်းစန်းကခေါ်လို့ကျန်ခဲ့တယ်။

။ဦလေးကလဲအရေးရယ်အကြောင်းရယ်မှ။

။ဟကောင်ငရွှေရမင်းဦးတုံကိုစောင့်ပြီးပြောမှာလား
ငါတို့ချည်းပဲကိုပြောရင်မြွေကိုက်မှာမို့လား။

ကိုသောင်းမျက်နာရှုတ်မဲ့သွားပြီးပြောလိုက်တော့မှ

။အဲ့လိုမဟုတ်ပါဘူးကွာဦးလေးတုံရှိတော့အဆင်ပြေတာ
ပေါ့သူကဗဟုသုတကြွယ်ပြီးပိုနားလည်လို့။

ဒီလိုနဲ့ကိုရွှေတစ်ယောက်ဖြစ်ပျက်ခဲ့သမျကိုအကုန်ပြောပြ
လိုက်တော့

။ဟားဟားဟားပျော့လိုက်တာငရွှေရာတောကြောင်များ
ကြောက်နေရတယ်လို့။

။မဟုတ်ဘူးကွတောကြောင်ဆိုငါရိုက်တာနဲ့သေလောက်
တာကြာပေါ့အခုပြန်ရှင်လာတာ။

။ဟကောင်ငရွှေရအဲ့တာမင်းလက်ချိန်ကောင်းကောင်းမမှန်
လို့ရှပ်ထိသွားတာဒါ့ကြောင့်ပြနိုးလာတာပေါ့။

။ဘယ်ကသာကွားခေါင်းပြားသွားပါတယ်ဆိုကာမှ
ရှပ်ထိစရာလား။

။ကဲငါမေးမယ်.ဒါဖြင့်ဦးနှောက်တွေမျက်လုံးတွေထွက်သွား
လား.သွေးတို့ဘာတို့ပေါ့ကွာ။

။အာ.ဒါတော့မထွက်ဘူးကွ။

။အဲ့ဒါပဲလေ.ငါပြောရင်လဲမခံနိုင်ဘူး။

။ဒါပေမဲ့သူတို့ကငါ့ကိုပြန်လိုက်တာကွ။

။ဟုတ်လားတော်တော်ယဉ်ပါးတာပဲ။

။ဟုတ်တယ်အရမ်းယဉ်တာတော့အမှန်ပဲ။

။ဟဒါဆိုအတော်ပဲမင်းထွက်လာတာမကြာသေးဘူးဆို
တော့ဒီကောင်တွေရှိအုံးမှာပေါ့။

။အဲ့ဒါတော့ငါမသိဘူး။

။ဒါဖြင့်ငါတို့သွားဖမ်းမယ်ကွားတောကြောင်သားမစားရ
တာကြာပေါ့။

။အေးကောင်းတယ်။

ကိုသောင်းပြောတာကိုကိုပြည်အေးထောက်ခံလိုက်ပေမဲ့
ကိုရွှေတော့မလိုက်ရဲခြေ

။ငါမလိုက်ဘူးမင်းတိုဘာမင်းတို့သွား။

။ငကြောက်မလိုက်ရဲရင်နေခဲ့နောက်မှတစ်ကိုက်လောက်တော့
လာမလုပ်နဲ့။

။မလုပ်ဘူးမိအောင်သာဖမ်း။

။ကဲ့ပြည်အေးရေရွှေကတော့တို့ကိုစိန်ခေါ်နေပြီးအပီသာ
ဖမ်းလာပြမယ်အရှင်ပဲဖမ်းပြမယ်။

။လွယ်ပါ့မလားကွ။

။ငရွှပြောပုံအတိုင်းဆိုလွယ်တာပေါ့.ထမင်းခဲနဲ့တင်းတောင်း
ပဲယူသွားငါဖမ်းပြမယ်။

ပြောပြောဆိုဆိုနဲ့နှစ်ယောက်သားယူစရာရှိတာယူပြီး
ထွက်သွားကြပါတော့တယ်.လည်းလမ်းကိုရောက်တော့
သူတို့နှစ်ယောက်သားလိုက်ရှာနေကြတော့တယ်

။ဟကောင်ငသောင်းငရွှေပြောတာဟုတ်ပါ့မလား။

။မသိဘူးကွမတွေ့လို့ကတော့သူ့ကိုပြန်မဲရမှာပဲ။

။ညောင်.ညောင်.ညောင်။

စကားတစ်ပြောပြောနဲ့ရှာနေတုန်းအသံကြားရတော့
အသံလာရာဘက်ကိုလှမ်းကြည့်လိုက်တယ်.တွေ့ပြီလေ
ကြောင်နှစ်ကောင်ပါသူတို့နဲ့ခတ်လှမ်းလှမ်းလောက်မှာပဲ
ကိုသောင်းကပါလာတဲ့ထမင်းထုပ်ကိုချထားလိုက်တော့
ကြောင်နှစ်ကောင်ကအကြောက်အလှန့်မရှိပဲ၀င်စားလိုက်
တယ်

ချကချင်းဆိုသလိုပဲအသင့်ပါလာတဲ့တင်းတောင်းကြီးနဲ့
အုပ်ချလိုက်ပြီး.ကိုသောင်းကတင်းတောင်းပေါ်ထိုင်ချ
လိုက္​ကာ

။ဟားဟားငါမပြောဘူးလားပြည်အေးရအဲ့လောက်မခက်
ပါဘူးလို့။

။အေးနော်ဘာမှကိုမပင်ပန်းတာ။

။အေးပေါ့ကွ။

။ညောင်ညောင်ညောင်။

အောင်ပွဲခံဆေးလိပ်ဖွာနေတုန်းကြောင်အော်သံကြားရာ
ဘက်ကိုကြည့်လိုက်တော့.နှစ်ယောက်သားအံ့သြသွား
တယ်စောစောကဖမ်းထားတဲ့ကြောင်နှစ်ကောင်နဲ့တူတယ်
ဆိုပြီးတောင်းကိုဖွင့်ကြည့်လိုက်တော့အားလုံးမျက်လုံး
ပြူးကုန်ကြတယ်.ပြူးကုန်မှာပေါ့တောင်းထဲဘာမှမမရှိ
တော့တာ

သူတို့တွေလဲထပ်ဖမ်းဖို့ရှေ့ကိုဆက်သွားကြတော့
အားလုံးတုန်ကုန်သွားတော့တယ်.အရမ်းကြောက်
သွားကြတာကိုး.ကြောင်ကနှစ်ကောင်ကနေလေးကောင်
ပွားလာတာလေ.ပြီးတော့သူတို့နှစ်ယောက်ဆီလျှောက်လာ
ကြပြီးမျက်တောင်တစ်ခတ်အတွင်းပွားလာလိုက်တာမယုံ
နိုင်စရာပဲ

အခြေအနေမဟန်တော့လို့နှစ်ယောက်သားပြေးချက်
နောက်ကနေဖုန်ထလိုက်တာများမသိရင်ကျွဲအုပ်နွားအုပ်
ပြေးနေသလိုပဲ.သူတို့နှစ်ယောက်လဲဦးတုံအိမ်ကိုပြေး
၀င်သွားတာပဲ

။ရောက်လာကြပြီလားကြောင်ရောဖမ်းမိခဲ့ကြလား။

အိမ်ထဲကိုအ၀င်ဦးတုံဆီပြောလိုက်တာကြောင့်နှစ်ယောက်
သားခေါင်းတောင်မဖော်ရဲကြတော့ဘူး

။ရရင်ပြစမ်းပါအုံး။

ကိုရွှေခနဲ့လိုက်တာကြောင့်နှစ်ယောက်စလုံးမျကနာပျက်
ကုန်ပါရော

။မင်းကြောင်ကကြောင်အစစ်မှမဟုတ်တာ
သရဲကိုးကွ။

။သရဲမဟုတ်ဘူးအဲ့ဒါမှင်စာမင်းတို့ပြန်ပြေးလာတာမြန်လို့
မဟုတ်ရင်မင်းတို့အလောင်းပဲသွားကောက်ရမှာ။

။ဗျာ။

နှစ်ယောက်စလုံးလန့်ကုန်သွားတာပေါ့

။ဟုတ်တယ်ဒီမင်စာတွေကလူကိုလန့်အောင်သတ်နိုင်
သလိုမူးပြီးမေ့လဲသွားအောင်လုပ်အသက်ကိုနုပ်ယူနိုင်တယ်
အခုမင်းတို့ဘယ်လိုပုံစံမျိုးကြုံခဲ့လဲ။

ကိုသောင်းတို့လဲအဖြစ်အပျက်တွေကိုအစကနေအဆုံးအထိ
ပြောပြလိုက်တော့

။ဒါမင်းတို့ကိုခြောက်လန့်လိုက်တာပဲတစ်ကယ်သတ်ချင်ရင်
အစကတည်းကသတ်လို့ရတယ်.တစ်ကယ်တော့ဒီကိုယ်
ပွားလာတဲ့ကြောင်ကမင်းတို့အာရုံကိုလှည့်စားလိုက်တာ
မင်းတို့ကိုသတ်ချင်ရင်မင်းတို့ကိုဝိုင်းထားလိမ့်မယ်မင်းတို့
ထွက်သွားလို့လဲမရနိုင်ဘူးအရေအတွက်ကများလာပြီးတစ်
ပြိုင်တည်းမင်တို့ကိုခုန်အုပ်လိုက်ရင်ပြီးသွားပြီး။

သုံးယောက်သားထိုင်ပြီးတော့နားထောင်ကာ
ခေါင်းတစ်ညိပ်ညိပ်နဲ့ပေါ့

။နောက်တစ်ကြိမ်မှတ်ထားဘယ်အချိန်မှာဘယ်လိုအရာ
မျိုးနဲ့တွေ့တွေ့လုပ်သင့်မလုပ်သင့်သေခြာစဉ်းစား
သရဲတစ္ဆေဆိုတာတစ်ကယ်လဲရှိသလိုမှင်စာဆိုတာလည်း
တစ်ကယ်ရှိတယ်။

အားလုံးကလဲဦးတုံဆုံးမစကားကိုနားထောင်ပြီး
ကိုယ့်အိမ်ပြန်သွားကြပါတော့တယ်

°°°°°°°°°°°°°

Nay.Ko