ရုပ်တုထဲက ဝိညာဥ်ပျို(စ/ဆုံး)
—————————-
ဤဇာတ်လမ်းသည် ရန်ကုန်အောင်မင်္ဂလာကားကြီး
ကွင်းအတွင်းရှိ ကားဂိတ်တစ်ခုက နှစ်ပေခန့်အမြင့်ရှိ
သောပန်းပုရုပ်တုတစ်ခုကို လူမဲ့တန်ဆာအဖြစ်လက်ခံ
လိုက်သည်ကအစပြုသည်။
နိုင်ငံတိုင်းတွင်ကူးစက်ပြန့်နှံ့နေသော ကိုဗစ်ရောဂါ
အခြေအနေကြောင့် အဝေးပြေးယာဥ်လိုင်းများသည်
ခရီးသည်မရသဖြင့် အခက်အခဲများစွာကြုံတွေ့ရလေ
၏။ သို့ဖြစ်ရာယာဥ်လိုင်းများသည် လူမဲ့တန်ဆာများ
ကိုသာ အဓိကအားထားရလေသည်။
ကောင်းခန့်တစ်ယောက် စပါယ်ယာအဖြစ် လုပ်ကိုင်
နေသောယာဥ်လိုင်းသည်လည်းအခြားယာဥ်လိုင်းများ
နည်းတူပင် လူမဲ့တန်ဆာများကိုသာ အဓိကအားထား
ရလေသည်။ ကိုဗစ်ရောဂါနှင့်အတူ အွန်လိုင်းရှော့ပင်
များလည်း ခေတ်စားလာခဲ့ရာ လူမဲ့တန်ဆာများသည်
ယခင်ကထက် အဆများစွာပို၍များပြားလာခဲ့သည်။
ထိုကြောင့်သာအဝေးပြေးယာဥ်လိုင်းပိုင်ရှင်များသည်
အသက်ရှူချောင်နေခြင်းဖြစ်၏။
ကောင်းခန့်တို့ယာဥ်လိုင်းသည် ရန်ကုန်မှမိုင်လေးရာ
ခန့်ဝေးသောရှမ်းပြည်နယ်ရှိမြို့ငယ်တစ်မြို့သို့ နေ့စဥ်
ပြေးဆွဲသောယာဥ်လိုင်းဖြစ်သည်။ ကြောက်မက်ဖွယ်
အလွန်ကောင်းသောကိုဗစ်ရောဂါအခြေအနေကြောင့်
အခြားသူများကအိမ်ထဲမှာသာ နေထိုင်လျက်ရှိသည့်
အချိန် ဘဝပေးကုသိုလ်ကံမကောင်းသောကောင်းခန့်
ကတော့ နှာခေါင်းစည်းမတ်စ်ကိုအမြဲတမ်းတပ်ဆင်၍
အယ်ကိုဟောပါသောလက်သန့်စင်ဆေးရည်ကို ကိုယ်
နှင့်မကွာဆောင်ထားကာ မွန်းကျပ်စွာလုပ်ကိုင်ရလေ
သည်။
ညနေခင်းလေးနာရီအချိန်တွင် ကောင်းခန့်တို့သည် ကားဂိတ်မှာလက်ခံထားသောလူမဲ့တန်ဆာပစ္စည်းများ
ကို ကားပေါ်တင်ရလေသည်။ တန်ဆာပစ္စည်းများကို
ကားပေါ်တင်နေသည့်အချိန်ကောင်းခန့်သည် ထူဆန်း
သောပစ္စည်းတစ်ခုကိုတွေ့လိုက်ရလေသည်။
အငြိမ့်မင်းတစ်ဦးကနေသည့်ပုံစံ ထုလုပ်ထားသော
ပန်းပုရုပ်တုဖြစ်၏။ရုပ်တုသည်လက်ရာမြောက်သော
ရုပ်တုတစ်ရုပ်ဖြစ်သည်။ကောင်းခန့်သည် ထိုရုပ်တုကို
ကိုင်ဆောင်လိုက်သည့်အချိန် ရင်ထဲတွင် တစ်မျိုးကြီး
ခံစားလိုက်ရပြီး ကြက်သီးမွေးညင်းများထလာသည်။
ရုပ်တုအား သေချာစွာကြည့်ရှုလိုက်သည့်အချိန်မှာ
တော့ရုပ်တုကလည်းသူ့ကိုပြန်၍ကြည့်ရှုနေသယောင်
ခံစားလိုက်ရသည်။ကောင်းခန့်သည် ထိုသို့ခံစားလိုက်
ရသော်လည်း ပန်းပုရုပ်တုမှာ လက်ရာအလွန်မြောက်
သောကြောင့်ဖြစ်မည်ဟုအမှုမဲ့အမှတ်မဲ့ထားလိုက်၏။
နာရီဝက်ခန့်ကြာသောအခါ တန်ဆာပစ္စည်းအားလုံး
ကို ကားပေါ်တင်ပြီးသွားသည်။ သို့ဖြစ်ရာသူတို့ကား
သည် အောင်မင်္ဂလာကားကြီးကွင်းဆီမှထွက်ခွာလာခဲ့
၏။ ကားပေါ်တွင်ခရီးသည်များမပါဘဲ ကားဆရာနှင့်
စပါယ်ယာနှစ်ဦးသာလိုက်ပါလာခဲ့သည်။ စပါယ်ယာ
နှစ်ဦးမှာ ကောင်းခန့်နှင့် လင်းသန့်ဖြစ်၏။ နှစ်ဦးစလုံး
မှာ အသက်နှစ်ဆယ်ကျော်အရွယ်များသာဖြစ်ကြ၏။
ပဲခူးဘက်သို့ရောက်သောအခါ အလင်းရောင်သည်
လုံးဝပျောက်ကွယ်သွားဖြစ်၏။ထိုအချိန်မှ၍ကားပေါ်
တွင် ထူးဆန်းမှုများကို စတင်ကြုံတွေ့ရလေတော့၏။
ရှေ့ဦးစွာကားပေါ်တွင်အပုပ်နံ့ရလာခဲ့သည်။
ကားဂိတ်သည် ဥပဒေနှင့်လွတ်ကင်းသော တန်ဆာ
ပစ္စည်းမှန်သမျှလက်ခံသဖြင့်တစ်ခါတစ်လေရေဘဝဲ၊
ပုဇွန်၊ ကင်းမွန်စသည့် ပင်လယ်စာအကောင်ပလောင်
များထည့်ထားသည့်ဖော့ဖာများလည်းပါလာတတ်၏။
ကုန်ပစ္စည်းအတင်အချပြုလုပ်ရင်းပင်လယ်စာဖော့ဖာ
များမှာပေါက်ပြဲသွားတတ်၏။ထိုအခါမျိုးတွင်အပုပ်နံ့
အား ပြင်းထန်စွာခံစားရတတ်လေသည်။
” ဟေ့ကောင်တွေ ညနေခင်းတုန်းက ဖော့ဖာတွေကို
သေချာမတင်ခဲ့ဘူးလား။ ပေါက်ပြဲကုန်ပြီထင်တယ်။
အထည်အိတ်တွေထဲ အပုပ်ရည်တွေဝင်သွားရင်တော့
ဒုက္ခလှလှတွေ့ပြီဟေ့ ”
” ဆရာကလည်းဗျာ ကျွန်တော်တို့ကို ဆဲမယ်ဆိုတာ
ချည်းပဲ။ ဒီညနေပစ္စည်းတင်တုန်းက ဖော့ဖာတစ်ဖာမှ
မပါဘူး။ ပါလာရင်လည်းသေချာလေးတင်ပါတယ် ”
” မင်းတို့ကအလုပ်ကိုစိတ်ပါလက်ပါမလုပ်လို့ ဆုံးမ
နေတာကွ။ ဆူနေတာမဟုတ်ဘူး။ မင်းတို့နှစ်ယောက်
စလုံးကို ငါချစ်ပါတယ်ကွာ ”
အမှန်ပင်ကားဆရာဦးလေးခင်သည် ကောင်းခန့်တို့
နှစ်ဦးကို အလွန်သံယောစဥ်ရှိသည်။ ဦးလေးခင်သည်
ကားတစ်ခါထွက်တိုင်း ကောင်းခန့်တို့ကို မုန့်ဖိုးများစွာ
ပေးလေ့ရှိ၏။ ထိုကြောင့်ကောင်းခန့်သည် ဦးလေးခင်
ကားနောက်စပါယ်ယာလိုက်ရသည်ကိုအလွန်ပျော်၏။
သူတို့ယာဥ်လိုင်းတွင် ကားသုံးစီးရှိလေရာ ကားဆရာ
တစ်ဦးသည် နှစ်ရက်ခြားမှတစ်ကြိမ်ကားထွက်ရ၏။
” ဟဲ ဟဲ ကျွန်တော်တို့လည်း ဆရာ့ကိုချစ်ပါတယ်။
ဒီတစ်ခေါက်လည်း မုန့်ဖိုးများများပေးရမယ်နော် ”
ကောင်းခန့်၏စကားကြောင့် သူတို့သုံးဦးစလုံး ရယ်
မောလိုက်ကြလေသည်။
” အေးပါ ပေးပါ့မယ်ကွာ။ ခုလောလောဆယ်တော့
အပုပ်နံ့ဘယ်ကလာသလဲဆိုတာ အရင်လိုက်ရှာကြပါ
ဦးကွာ။ နံလွန်းလို့သေတော့မယ် ”
ဦးလေးခင်စကားကြောင့် ကောင်းခန့်တို့နှစ်ဦးသည်
ပျော်ရွှင်သွားကြပြီး အပုပ်နံ့ထွက်နေသည့်အရာအား
လိုက်ရှာလေတော့သည်။ ကားပေါ်ရှိနေရာအနှံ့အပြား
တွင် လိုက်ရှာသော်လည်း အပုပ်နံ့ထွက်နေသည့်အရာ
အားရှာမတွေ့ချေ။ သို့သော်အပုပ်နံ့ရနေဆဲဖြစ်သည်။
အပုပ်နံ့သည် ယမင်းပျိုရုပ်တုထားရှိရာ အနီးတစ်ဝိုက်
တွင်ပို၍နံနေသည်။ ထိုကြောင့်ထိုနေရာအနီးတစ်ဝိုက်
တွင် ထပ်ခါထပ်ခါရှာကြည့်သည်။
သို့သော်ယမင်းပျိုရုပ်တုဘေးတွင် အထည်ပီနံအိတ်
များသာရှိ၏။ နှစ်နာရီခန့်ကြာသောအခါအပုပ်နံ့သည်
အလိုလိုပျောက်သွားလေ၏။ သို့သော်နောက်တစ်မျိုး
ထပ်မံကြုံတွေ့ရလေ၏။ ကောင်းခန့်သည် ငိုသံလား၊
ရယ်သံလား မသဲကွဲသောအသံအား ကြားလိုက်ရလေ
သည်။ ထိုအသံသည် မိန်းကလေးတစ်ဦး၏အသံဖြစ်
သည်။ လင်းသန့်လည်း ကြားလိုက်ရဟန်တူပါသည်။
” မင်း ကြားလိုက်သလား ”
” ကြားလိုက်တယ်။ဒါပေမယ့်ငိုသံလား ရယ်သံလား
တော့ မသဲကွဲဘူး ”
ဦးလေးခင်ကတော့ ကားကိုသာအာရုံစိုက်မောင်းနေ
ရသဖြင့်ကြားရဟန်မတူပါ။ကောင်းခန့်သည် ထိုအသံ
ကိုစကြားရသည့်အချိန်တုန်းက နားကြားမှားသည်ဟု
သာထင်ခဲ့သည်။လင်းသန့်ကပါကြားနေရမှန်းသိသွား
အခါမှာ နားကြားမှားခြင်းမဟုတ်မှန်းသိသွားသည်။
” သရဲခြောက်နေတာလားမသိဘူး ”
ကောင်းခန့်က ဤသို့နောက်ပြောင်ပြောဆိုလိုက်ရာ
လင်းသန့်သည် အလွန်ထိတ်လန့်သောအမူအယာဖြစ်
သွားလေသည်။
” ဘာတွေပြောနေတာလဲကွာ။ တကယ်အခြောက်ခံ
ရမှဖြင့် အကြောက်လွန်ပြီးသေသွားမယ် ”
” ငါကမကြောက်ပါဘူးကွာ။မင်းပဲကြောက်နေတာ။
ဒါနဲ့ငါကြားဖူးတာတစ်ခုရှိတယ်။ သရဲ၊တစ္ဆေတွေဟာ
ကြောက်တတ်တဲ့သူဆို ပိုခြောက်တတ်တယ်တဲ့ ”
” မင်းကိုဆက်မပြောနဲ့တော့လို့ပြောနေတယ်လေ ”
လင်းသန့်တတယ်ကြောက်သွားမှန်းသိလိုက်ရသည့်
အခါ ကောင်းခန့်သည် အားရပါးရရယ်မောလိုက်၏။
လင်းသန့်သည် သရဲအလွန်ကြောက်တတ်သူဖြစ်၏။
ညအချိန်မဲမဲမြင်လျှင်ပင် သရဲဟုဆိုကာ ကြောက်လန့်
နေတတ်သူဖြစ်သည်။ ကောင်းခန့်လည်းသရဲကြောက်
ပါသည်။သို့သော်မင်းသန့်လိုတော့အစွန်းမရောက်ပါ။
” အဟင့် အဟင့်…”
သူတို့နှစ်ဦး စကားစမြည်ပြောဆိုနေကြသည့်အချိန်
ထိုအသံအားထပ်မံ၍ကြားလိုက်ရလေသည်။ ထိုအခါ
ကောင်းခန့်သည် စကားပြောနေခြင်းကို ရပ်တန့်လိုက်
သည်။ သေချာနားထောင်လိုက်တော့မှ ထိုအသံသည်
မိန်းကလေးတစ်ယောက်ငြီးညူနေသည့်အသံဖြစ်မှန်း
သိလိုက်ရလေသည်။ ထိုအသံသည်ကားပေါ်တွင်သာ
ကြားနေရခြင်းဖြစ်၏။
ကားပေါ်တွင် မိန်းကလေးမပြောလေနှင့် ခရီးသည်
တစ်ဦးမျှမှပါမလာခဲ့ပါ။အသံသည် တဖြည်းဖြည်းနှင့်
ပို၍ကျယ်လောင်လာပြီး ပို၍ကြည်လင်ပြတ်သားလာ
သည်။ကားကိုအာရုံစိုက်မောင်းနင်နေသောဦးလေးခင်
ပင် အသံကြားသဖြင့် နောက်သို့လှည့်ကြည့်လာခဲ့၏။
” ဘာအသံလည်းဟေ့ ”
ဦးလေးခင်က လှမ်းမေးလာခဲ့လေရာ ကောင်းခန့်က
မိန်းမတစ်ဦး၏ငြီးညူသံဖြစ်ကြောင်းအော်ပြောလိုက်
၏။ ထိုအခါဦးလေးခင်က ကားကိုအရှိန်နှင့်မောင်းနှင်
နေရာမှရုတ်တရက်ကားရပ်လိုက်သည်။ ကားရပ်သွား
သည့်အခါ ငြီးညူသံလည်းပျောက်ကွယ်သွားသည်။
အဝေးပြေးယာဥ်လိုင်းတွင် ကားမောင်းနေသည်မှာ
နှစ်ပေါင်းများစွာကြာနေပြီဖြစ်သော ဦးလေးခင်သည်
အခြေအနေအားချက်ချင်းပင်ရိပ်မိသွားလေသည်။
” ကားပေါ်မှာ မသန့်ရှင်းတဲ့ပစ္စည်းတွေပါလာပြီထင်
တယ်။ဒီလောက်များတဲ့ပစ္စည်းတွေထဲမှာမသန့်ရှင်းတဲ့
ပစ္စည်းကို ရှာတွေ့နိုင်ရလောက်အောင်လည်း ငါတို့က
အထက်လမ်းဆရာတွေမဟုတ်ဘူး။ အခုမှတော့ဘာမှ
မထူးတော့ဘူး။ မီးစင်ကြည့်ကရတာပေါ့ ”
ကားဆရာဦးလေးခင်က ဤသို့ပြောဆိုကာ ကားကို
ဆက်လက်မောင်းထွက်လာခဲ့လေသည်။ ကောင်းခန့်
သည် ဦးလေးခင်၏စကားကိုအဓိပ္ပါယ်ကို ကောင်းစွာ
နားလည်သဖြင့် လင်းသန့်ကိုလှမ်းကြည့်လိုက်သည်။
လင်းသန့်သည်လည်း ဦးလေးခင်ပြောသောစကားကို
နားလည်ပုံရပြီး သူ၏မျက်နှာသည်အလွန်ငြိုးငယ်နေ
၏။ အဝေးပြေးယာဥ်လိုင်းဂိတ်များသည် ဥပဒေနှင့်
လွတ်ကင်းသောကုန်ပစ္စည်းမှန်သမျှကို လူမဲ့တန်ဆာ
အဖြစ်လက်ခံကြသည်ဖြစ်ရာ မသန့်ရှင်းသောပစ္စည်း
များလည်း မကြာခဏကားပေါ်သို့ပါလာလေ့ရှိသည်။
မသန့်ရှင်းသောပစ္စည်းဆိုသည်မှာ အောက်လမ်းအစီ
အရင်များ၊ တစ္ဆေ၊သရဲတို့ပူးကပ်နေသောပစ္စည်းများ
ဖြစ်သည်။ ထိုကဲ့သို့မသန့်ရှင်းသောပစ္စည်းပါလာလျှင်
အနှောင့်အယှက်များကြုံတွေ့ရတတ်သည်။
ဤသို့ဖြင့်ကားသည် လမ်းတစ်ဝက်သို့ရောက်လာခဲ့
၏။ ထိုအချိန်ငြီးညူသံများကို ထပ်မံ၍ကြားရလာခဲ့
သည်။ ထိုအတူလှုပ်ရှားမှုများကိုလည်းတွေ့လာရလေ
သည်။ နောက်ဆုံးတွင် ငြီးညူသံပေး၍နှောင့်ယှက်နေ
သောမိန်းကလေးအား မျက်ဝါးထင်ထင်မြင်တွေ့လိုက်
ရလေသည်။
ခရီးသည်ထိုင်ခုံပေါ်တွင် အမျိုးသမီးတစ်ဦးထိုင်နေ
ပြီး ထိုအမျိုးသမီးသည် ဇာတ်သဘင်ပွဲများ၌ အငြိမ့်
မင်းသမီးတို့ဝတ်ဆင်လေ့ရှိသောဝတ်စုံအား ဆင်မြန်း
ထားပြီး ဦးခေါင်းအောက်စိုက်၍ထိုင်နေသည်။
” ဟေ့ မင်းဘယ်သူလဲ ”
လင်းသန့်က၏အမေးကြောင့် ထိုအမျိုးသမီးသည်
ခေါင်းမော့လာခဲ့သည်။ ထိုအခါအမျိုးသမီး၏ ပုံပန်း
သဏ္ဍာန်အားမြင်တွေ့လိုက်ရလေ၏။မျက်နှာပေါ်တွင်
သွေးများယိုစီးကျနေပြီး မျက်လုံးနှစ်ဖက်သည်လည်း
ထိုသွေးနီနီများကဲ့သို့ပင်နီရဲတောက်နေ၏။ ဆံပင်များ
ကလည်းဖွလန်ကျဲဖြစ်နေသည်။
” သ..သ သရဲ အောင်မလေး သရဲကြီး ”
လင်းသန့်၏ထိတ်လန့်တကြားအော်ဟစ်လိုက်သော
အသံကြောင့် ဦးလေးခင်သည် နောက်သို့လှည့်ကြည့်
လာခဲ့၏။ သရဲမအားမြင်တွေ့သွားသည့်အခါ ဦးလေး
ခင်သည် ကားရပ်ရန်ကြိုးစားလိုက်၏။ ထိုအချိန်သရဲ
မဆီမှကြောက်မက်ဖွယ်ကောင်းသော အသံထွက်ပေါ်
လာခဲ့လေသည်။
” ကားကိုမရပ်လိုက်နဲ့။ ငါခရီးအဆုံးထိလိုက်မယ်။
ကားရပ်လို့ကတော့နင်တို့သုံးယောက်စလုံးကို အသေ
သ-တ်မယ် ”
ဦးလေးခင်သည် ကားရပ်ရန်စိတ်ကူးမိသော်လည်း
ရင်ခေါင်းသံဖြင့် ပြောဆိုလိုက်သော သရဲမ၏စကား
ကြောင့်မရပ်ရဲတော့ဘဲ ဆက်လက်၍မောင်းနင်းလာခဲ့
၏။ ကောင်းခန့်ကတော့ တတ်သမျှဘုရားရှိခိုးစာများ
ကိုစိတ်ထဲကရွတ်ဆိုနေ၏။
” ဘယ်သူလည်းဟေ့ ဘုရားရှိခိုးစာခိုးရွတ်နေတာ။
သေသွားချင်သလား။ အခုချက်ချင်းရပ်လိုက်စမ်း ”
ကောင်းခန့်သည် ဘုရားရှိခိုးစာအား စိတ်ထဲကရွတ်
နေသည်ကို သရဲမကသိသွားသဖြင့် ဆက်မဆိုရဲတော့
ချေ။သူဆက်မဆိုသည့်အခါ သရဲမကလည်းငြိမ်သွား
လေသည်။
” ဦးလေးတို့က ရိုးရိုးသားသားလုပ်ကိုင်စားသောက်
နေသူတွေပါကွယ်။ ဘာဖြစ်လို့ဦးလေးတို့ကို အနှောင့်
အယှက်ပေးချင်ရတာလဲ ”
” အို ဘယ်သူကနှောင့်ယှက်နေလို့လဲ။ ရှင်တို့ကသာ
ကျွန်မမှီခိုစွဲကပ်နေတဲ့ရုပ်တုကိုကားပေါ်တင်လာခဲ့တာ
လေ ”
ထိုအချိန်ကျမှကောင်းခန့်သည် ကားဂိတ်မှာ ပစ္စည်း
တင်နေသည့်အချိန်တုန်းက ယမင်းပျိုရုပ်တုအားကိုင်
လိုက်သည့်အချိန်ကြက်သီးမွေးညင်းများထလာသည်
ကိုသတိရလာခဲ့၏။
” ဦးလေးတို့တောင်းပန်ပါတယ်ကွယ်။ ရုပ်တုထဲမှာ
တူမလေးရှိနေမှန်းမသိလို့ပါကွယ်။ခုလောလောဆယ်
ကာပေါ်မှာကြိုက်သလိုနေပါ။ ဦးလေးတို့ကိုတော့ ရန်
မပြုပါနဲ့နော်။ ပြီးတော့တော့တူမလေးရဲ့ရုပ်ရည်သွင်
ပြင်ကကြောက်ဖို့ကောင်းနေလို့ကိုယ်ထင်မပြပါနဲ့လား
ကွယ်။ ကလေးတွေ အကြောက်လွန်လွန်ပြီးသေသွား
မှာဆိုးလိုပါ ”
မကြာခဏကြုံတွေ့နေရသဖြင့် အတွေ့အကြုံရင့်နေ
ပြီဖြစ်သောဦးလေးခင်သည် သာမန်လူသားတစ်ဦးလို
ပြောဆိုဆက်ဆံနေသော်လည်း ပရလောကသားများ
နှင့် မြင်တွေ့ဖူးခြင်းမရှိသေးသော ကောင်းခန့်တို့နှစ်ဦး
မှာ အလွန်ပင်ကြောက်လန့်နေပြီဖြစ်၏။ လင်းသန့်မှာ
သေးများပင်ထွက်ကျနေလေပြီ။
” ဘယ်သူရုပ်က ကြောက်စရာကောင်းနေလို့လဲ ”
ကြောက်မက်ဖွယ်အဆင်းရှိသောသရဲမက ဤကဲ့သို့
ပြောဆိုကာ ဦးခေါင်းကိုတစ်ချက်ဝေ့ရမ်းလိုက်သည်။
ထိုနောက်ပြောင်းလဲသွားသောသရဲမ၏ပုံပန်းသဏ္ဍာန်
ကြောင့် ကောင်းခန့်အလွန်အံ့ဩသွားလေသည်။
သရဲမ၏ရုပ်ရည်သွင်ပြင်မှာကြောက်စရာမကောင်း
တော့။ သွေးမရှိသကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်နေသည်
ကလွဲ၍ သူမ၏ရုပ်ရည်မှာ မင်းသမီးတစ်ဦးကဲ့သို့ပင်
အလွန်ချောမောလှပလေ၏။ရှည်လျားသောဆံပင်တို့
ကလည်း ဖွလန်ကျဲခြင်းမရှိတော့ဘဲ နက်မှောင်ဖြောင့်
စင်းနေ၏။
” အလိုလေး.. တူမလေးကသိပ်လှတာပဲ။ မင်းသမီး
တွေတောင်အရှုံးပေးရလောက်တယ် ”
ကားမောင်းနေရင်း နောက်သို့သမင်လည်ပြန်ကြည့်
ရှုကာပြောဆိုလိုက်သော ဦးလေးခင်၏စကားကြောင့်
သရဲမမှာ အလွန်ကျေနပ်သွားနပ်သွားဟန်တူပါသည်။
သွေးမရှိသကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်နေသောမျက်နှာ
ပေါ်တွင် ပြုံးရိပ်များကိုတွေ့ရလေ၏။
တစ်ခဏမျှကြာသောအခါ နှစ်ပေခန့်အမြင့်ရှိသည့်
ယမင်းပျိုရုပ်တုလေးထဲမှ ထွက်လာသောသရဲမသည်
ရုတ်တရက်ပျောက်ကွယ်သွားလေ၏။ ထိုအချိန်ကျမှ
သူတို့သုံးဦးစလုံးသက်ပြင်းချနိုင်လေတော့သည်။
ဦးလေးခင်က ပရလောကသား တစ္ဆေ၊သရဲများနှင့်
မကြာမကြာကြုံတွေ့နေရသောကြောင့် ကြောက်လန့်
မရှိတော့ချေ။ ကောင်းခန့်နှင့်လင်းသန့်သည် လွန်စွာမှ
ကြောက်လန့်သွားလေသည်။လင်းသန့်ဆိုလျှင် သရဲမ
ပျောက်ကွယ်သွားသည်အချိန် ခန္ဓာကိုယ်အောက်ပိုင်း
မှာချွဲချွဲစိုနေပြီဖြစ်သည်။
ထိုအချိန်မှစ၍မနက်မိုးလင်းသည်အထိရုပ်တုထဲက
သရဲမသည် ကောင်းခန့်တို့ကို ခြောက်လန့်နှောင့်ယှက်
ခြင်းမရှိတော့ချေ။ သို့သော်ဇာတ်လမ်းကာမပြီးသေး။
အခန်း(၂)
သူရသည် ကားသံကြားသဖြင့် အိပ်နေရာမှထကာ
ကားဂိတ်တံခါးပေါက်အားဖွင့်လိုက်သည်။ ဂိတ်တံခါး
ကိုတွန်းဖွင့်လိုက်သည့်အခါ ဂိတ်ရှေ့တွင် (express)
တစ်စီးကိုတွေ့လိုက်ရလေသည်။
သူရသည် ကားဂိတ်တွင်လုပ်ကိုင်နေသော ဝန်ထမ်း
တစ်ဦးဖြစ်၏။ သူနေထိုင်သည့်ရွာနှင့် ကားဂိတ်သည်
အတော်ဝေးသောကြောင့် အသွားအပြန်မလုပ်နိုင်ပါ။
ထိုကြောင့်ကားဂိတ်တွင်သာနေထိုင်လေ၏။
မကြာမီ(express)ကားပေါ်က လူသုံးဦးဆင်းလာခဲ့
၏။ ကားဆရာဦးလေးခင်နှင့် စပါယ်ယာများဖြစ်ကြ
သောကောင်းခန့်၊လင်းသန့်တို့ဖြစ်သည်။ သူတို့သုံးဦး
ကို သူရကဆီးကြိုပြုံးပြလိုက်သည်။
သူရသည် ကားပေါ်မှဆင်းလာကြသောသူတို့သုံးဦး
၏မျက်နှာကို ကောင်းစွာသတိထားမိသည်။ အားလုံး
မျက်နှာမကောင်းကြ။ လမ်းမှာ စိတ်ညစ်စရာတစ်ခုခု
ကြုံတွေ့ခဲ့ရတာဘဲဖြစ်မည်။ဘာဖြစ်ခဲ့သလည်းဆိုတာ
သိလိုသောကြောင့်_
” ဟေ့ကောင်ကောင်းခန့် မင်းမျက်နှာကစိတ်ညစ်နေ
ပုံကြီး။ ဟိုကောင်မင်းသန့်လည်းအတူတူပဲ။ ဦးလေး
ခင်လည်းမျက်နှာမကောင်းပါလား။လမ်းမှာဘာဖြစ်ခဲ့
ကြလို့လဲ ” ဟုမေးမြန်းလိုက်သော်လည်း သုံးဦးစလုံး
ပြန်မဖြေပါ။ သူတို့အားလုံးမိုင်ထွေထွေဖြစ်နေကြ၏။
သူတို့ကမပြောသဖြင့် သူရကလည်း ဆက်၍မေးမြန်း
ခြင်းမပြုတော့ချေ။ မကြာမီသူရတို့သည် ကားပေါ်က
ကုန်ပစ္စည်းများကို ဂိတ်ရှေ့တွင်ချကြလေသည်။
လူအများဝိုင်းချသဖြင့် တစ်ခဏအတွင်းမှာပြီးသွား
လေ၏။ ပစ္စည်းချပြီးသွားသည့်အခါဦးလေးခင်သည်
မြို့အတွင်းယာဥ်ရပ်နားခွင့်ရှိသည့်နေရာဆီသို့ မောင်း
နှင်းထွက်ခွာသွားလေ၏။
သိပ်မကြာမီဂိတ်မှူးကိုနိုင်ဝင်းထွန်းရောက်လာခဲ့၏။
ထိုအခါသူရသည် မျက်နှာသစ်သွားတိုက်ပြီးမနက်စာ
စားရန်မုန့်ဟင်းခါးဆိုင်သို့ထွက်လာခဲ့၏။ မုန့်ဟင်းခါး
ဆိုင်မှပြန်ရောက်လာသောအခါ တစ်နေ့တာ လုပ်ကိုင်
ရမည်အလုပ်များက သူ့ကိုစောင့်ကြိုနေလေသည်။
ရှေ့ဦးစွာသူရသည် ကားပေါ်ကချထားသောပစ္စည်း
များသည် စာရင်းထဲပါသောပစ္စည်းများနှင့် ကိုက်ညီ
ခြင်းရှိမရှိစစ်ဆေးရ၏။ ထိုသို့စစ်ဆေးနေသည့်အချိန်
လက်ရာအလွန်မြောက်သောပန်းပုရုပ်တုလေးတစ်ရုပ်
ကို တွေ့လိုက်ရလေ၏။ ပစ္စည်းချနေသည့်အချိန်တုန်း
ကပင်ပန်းသဖြင့်ထိုပန်းပုရုပ်တုကိုသတိမထားမိခဲ့ပါ။
ယခုမှကောင်းစွာသတိထားမိခြင်းဖြစ်သည်။
ထိုပန်းပုရုပ်တုသည် အငြိမ့်မင်းသမီးတစ်ဦး ကနေ
သည့်ပုံစံထုလုပ်ထားလေသည်။ ရုပ်တု၏မျက်နှာကို
ငေးကြည့်နေသည့်အချိန် ရုပ်တု၏မျက်လုံးတစ်စုံက
သူ့ကိုစိုက်ကြည့်နေသည်ဟု ခံစားလိုက်ရလေသည်။
ထိုအခါတစ်ကိုယ်လုံးကြက်သီးမွေးညင်းများ ထလာ
ခဲ့သည်။ ထိုကြောင့်သူရသည် ပန်းပုရုပ်တုကိုကြည့်ရှု
ရန်မဝံ့ရဲတော့ဘဲ အနားကထွက်လာခဲ့သည်။
ပစ္စည်းများကို စစ်ဆေးပြီးသည့်အခါ ပစ္စည်းပိုင်ရှင်
များထံဖုန်းဆက်၍လာယူခိုင်းရလေသည်။ ဤသို့ဖြင့်
အငြိမ့်မင်းသမီးပန်းပုရုပ်တု၏ပိုင်ရှင်ဆီသို့ ဖုန်းဆက်
လိုက်သည်အခါ သူရနှင့်ရင်းနှီးသော ဦးစံထွန်းမောင်
ဖြစ်နေသည်။ ဦးစံထွန်းမောင်သည် ခရီးလွန်နေသော
ကြောင့်ပန်းပုရုပ်တုကို ဂိတ်နားမှာပင်နှစ်ရက်သုံးရက်
လောက်သိမ်းထားပေးရန် အကူအညီတောင်းလေ၏။
ထိုအခါသူရကလည်း အလွယ်တကူပင်သိမ်းထားပေး
မည်ဟုပြောဆိုလိုက်သည်။
ညနေခင်းသုံးနာရီကျော်အချိန်သို့ရောက်သောအခါ
ဦးလေးခင်တို့ကားသည် ကားဂိတ်သို့ပြန်ရောက်လာ
၏။ သည်ကနေရန်ကုန်ကိုပို့ဆောင်မည့် လူမဲ့တန်ဆာ
များကိုလာတင်ခြင်းဖြစ်၏။ ဂိတ်အတွင်းရှိပို့ကုန်များ
ကို ကားပေါ်တင်ပြီးသည့်အချိန်တွင် ကောင်းခန့်သည်
သူရအနားသို့ကပ်လာခဲ့၏။ ထိုနောက်_
” ဟိုပန်းပုရုပ်တုကိုသတိထား အဲဒီရုပ်တုက သာမန်
ရုပ်တုမဟုတ်ဘူး ” ဟုတိုးတိုးကလေးပြောဆိုလေ၏။
ထိုနောက်သူရအားနှုတ်ဆက်ကာ ကားပေါ်တက်သွား
သည်။ သူရကတော့ ကောင်းခန့်ပြောဆိုခဲ့သောစကား
ကြောင်အတွေးများစွာဖြင့်ကျန်ရစ်ခဲ့လေသည်။
ငါးနာရီထိုးသည်အခါ ဂိတ်မှူးကိုနိုင်ဝင်းထွန်းသည်
သူရအားနှုတ်ဆက်ကာ ပြန်သွားလေသည်။ ဂိတ်မှူး
ပြန်သွားသည့်အခါ သူရကလည်းဂိတ်ပိတ်၍ အနား
ယူလေတော့သည်။
ညစာစားပြီးသည့်အခါ ညခုနှစ်နာရီကျော်နေပြီဖြစ်
သည်။ သူရသည် ထမင်းစားပြီးခါစဖြစ်သောကြောင့်
ကုတင်ပေါ်မှာသွားမလှဲသေးဘဲကောင်တာတွင်ထိုင်၍
ဖုန်းအသုံးပြုနေ၏။ထိုအချိန်သူ့နှာခေါင်းထဲသို့မွှေးပျံ့
သောရနံ့တစ်ခုဝင်ရောက်လာခဲ့သည်။ နှင်းဆီရနံ့သင်း
သောရေမွှေးနံ့ဖြစ်သည်။ သူရသည် ထိုရေမွှေးရနံ့ကို
ပြင်းထန်စွာခံစားနေရ၏။
ရေမွှေးနံ့ရသည့်အခါ သူရသည် အနည်းငယ်စိတ်ပူ
သွား၏။ တစ်ခါတစ်လေ ရန်ကုန်မှပို့လာသောပစ္စည်း
များထဲတွင်တန်ဖိုးကြီးသောရေမွှေးပုလင်းများလည်း
ပါလာတတ်၏။ ထိုအခါမျိုးတွင်သူရတို့သည် အထူး
ဂရုစိုက်၍အတင်အချပြုလုပ်ရလေသည်။ အကယ်၍
ရေမွှေးပုလင်းပါသောပါဆယ်ဘူးအား လွတ်ကျကွဲမိ
လျှင် မိမိတို့ရသောလစာမှာ ရေမွှေးဖိုးလျော်ရသဖြင့်
ကုန်သွားတတ်သောကြောင့်ဖြစ်သည်။
သူရသည် ပါဆယ်ဘူးသေးများထားသော စတီးစင်
ပေါ်တွင် စိုစွတ်နေသောပါဆယ်ဘူးကို လိုက်ရှာကြည့်
သည်။ ကံကောင်းစွာဖြင့် ရေစိုနေသောပါဆယ်ဘူးကို
မတွေ့ရ။ ပါဆယ်ဘူးတိုင်းကိုလည်း လိုက်နမ်းကြည့်
သည်။ နှင်းဆီရနံ့သင်းသောရေမွှေးရနံ့မှာ ထိုပါဆယ်
ဘူးတွေထဲကမဟုတ်။
သူရသည် ဂိတ်အတွင်းရှိနေရာအနှံ့အပြားတွင် အနံ့
ခံ၍လိုက်ရှာကြည့်သည်။ နောက်ဆုံး၌သူရှာတွေ့သွား
၏။ အငြိမ့်မင်းသမီးပုံစံထုလုပ်ထားသောပန်းပုရုပ်တု
အတွင်းမှ ရေမွှေးရနံ့ကိုရနေခြင်းဖြစ်၏။ ပို၍သေချာ
သွားအောင် ရုပ်တုအနားကပ်၍နမ်းရှိုက်ကြည့်သည်။
မျက်နှာကိုတော့မကြည့်ရဲပါ။ နေ့လယ်တုန်းကလိုမျိုး
တစ်ကိုယ်လုံးကြက်သီးမွှေးညင်းထလာမည်ကို စိုးရိမ်
သောကြောင့်ဖြစ်သည်။ သေချာပါသည်။ ရေမွှေးရနံ့
မှာ ရုပ်တုဆီမှထွက်ပေါ်လာခြင်းဖြစ်သည်။
နေ့လယ်တုန်းက ရုပ်တုအနားမှာရပ်၍ ပစ္စည်းစစ်ခဲ့
သေးသည်။ ပန်ပုရုပ်တုသည် လက်ရာမြောက်သဖြင့်
အနီးကပ်ကြည့်ရှုလိုက်သေးသည်။ ထိုတုန်းကရုပ်တု
ဆီမှရေမွှေးအနံ့မရခဲ့ပါ။ ယခုကျမှအနံ့ထွက်လာခြင်း
ဖြစ်သည်။
တစ်နေ့တာလုံးပင်ပန်းထားသဖြင့်အိပ်ချင်နေပြီဖြစ်
သောသူရသည် ထွေထွေထူးထူးစဥ်းစားမနေတော့ဘဲ
ဘုရားရှိခိုးကာအိပ်လိုက်လေတော့၏။ အိပ်ပျော်သွား
ပြီးနောက်မကြာမီ အိပ်မက်တစ်ခုမြင်မက်လေသည်။
အိပ်မက်ထဲတွင်အမျိုးသမီးတစ်ဦးသည် သူ့ဆီလာ၍
အကူအညီတောင်းခံနေ၏။ဘာကိုအကူအညီတောင်း
နေသလဲတော့မသိပါ။အကူအညီတောင်းနေတာတော့
သေချာသည်။ ထိုအမျိုးသမီးသည် အငြိမ့်မင်းသမီး
တစ်ဦးကဲ့သို့ဝတ်ဆင်ထားပြီး သူမကိုယ်ပေါ်မှာလည်း
နှင်းဆီရနံ့သင်းသောရေမွှေးနံ့ရနေ၏။ မနက်မိုးလင်း
သောအခါ သူရသည်ထိုအိပ်မက်အား အမူမဲ့အမှတ်မဲ့
သာထားလိုက်သည်။
ညသို့တစ်ဖန်ပြန်ရောက်သောအခါ မအိပ်ခင်အချိန်
တွင်နှင်းဆီရနံ့သင်းသောရေမွှေးနံ့ရပြီး အိပ်ပျော်သွား
သည့်အချိန်မှာတော့ မနေ့ညကမက်သောအိပ်မက်ကို
ထပ်မံ၍မြင်မက်လေသည်။ သို့သော်အိပ်မက်က ပို၍
ပီပြင်ထင်ရှားလာခဲ့သည်။ အမျိုးသမီး၏ရုပ်ရည်သွင်
ပြင်ကိုအပြင်လောကမှာကဲ့သို့ပင် ရှင်းလင်းပြတ်သား
စွာမြင်ရလေသည်။ သွေးမရှိသကဲ့သို့ ဖြူဖတ်ဖြူရော်
ဖြစ်နေပါသော်လည်း ချောမောလှပသောအမျိုးသမီး
ဖြစ်သည်မှာတော့အသေအချာပင်။
” ကျွန်မတို ကူညီပေးပါရှင့်။ ကျွန်မကိုကူညီနိုင်တာ
ဆိုလို့ ရှင်တစ်ယောက်တည်းရှိတာပါ။ ရှင်သာမကူညီ
ရင်ကျွန်မဒီဘဝကကျွတ်မှာမဟုတ်ဘူး ”
” ကျွန်တော်ဘာကူညီပေးရမလဲ ”
” ဟုတ်ကဲ့ပြောပြပါ့မယ်။ ကျွန်မဟာ ဒီပန်းပုရုပ်တု
ထဲမှာပိတ်လှောင်ခံထားရတဲ့ဝိညာဥ်ပါ ”
သူရသည် ထိုအမျိုးသမီးအနားမှာရှိနေသော ပန်းပု
ရုပ်တုအား လှမ်းကြည့်လိုက်၏။ ထိုပန်းပုရုပ်တုသည်
အငြိမ့်မင်းသမီးတစ်ဦးကနေသည့်ပုံစံကို ထုလုပ်ထား
ခြင်းဖြစ်၏။ ထိုပန်းပုရုပ်တုကိုမြင်သည့်အခါ ရင်းနှီး
သလိုခံစားနေရ၏။ နောက်ဆုံး၌ ထိုပန်းပုရုပ်တုသည်
ဦးလေးခင်တို့ကားနှင့်ပါလာသောပန်းပုရုပ်တုဖြစ်မှန်း
သိလိုက်ရသည်။
” ရက်စက်ယုတ်မာတဲ့လူတစ်ယောက်ဟာ သူ့ကိုပြန်
မချစ်လို့ဆိုပြီး ကျွန်မကို လုပ်ကြံသ-တ်ဖြတ်ခဲ့တယ်။
ပြီးတော့အောက်လမ်းဆရာတစ်ယောက်ရဲ့အကူအညီ
ကျွန်မဝိညာဥ်ကို ဒီပန်းပုရုပ်တုထဲမှာ ပိတ်လှောင်ထား
ခဲ့တယ် ”
ထိုနောက်အမျိုးသမီးသည် သူရအား သူမ၏ဘဝ
ဇာတ်ကြောင်းကိုပြောပြလေသည်။ သူမ၏အမည်မှာ
ယွန်းနှင်းဆီဖြစ်သည်။ သဘင်သည်မိသားစုမှမွေးဖွား
သူဖြစ်သောကြောင့် သူမသည်လည်း သဘင်ပညာကို
အလွန်ဝါသနာပါလေသည်။ အရွယ်ရောက်လာသော
အခါ နာမည်ကြီးဇာတ်အဖွဲ့တစ်ခုတွင် ခေါင်းဆောင်
မင်းသမီးအဖြစ်စင်တင်ခြင်းခံခဲ့ရလေသည်။ထိုဇာတ်
အဖွဲ့၏ပိုင်ရှင်မှာဦးနေအောင်ဖြစ်သည်။ ဦးနေအောင်
သည်သဘင်လောကသားတစ်ဦးမဟုတ်ပါ။
မျက်နှာမွဲဆင်းရဲသောသဘင်သည်များကို အသုံးချ
ကာစီးပွားရှာနေသူဖြစ်သည်။ သူပြောဆိုလေ့ရှိသော
စကားမှာသဘင်ပညာတိမ်ကောပျောက်ကွယ်သွားမှာ
ကိုစိုးရိမ်ပြီး သဘင်ပညာရှင်များ အလုပ်အကိုင်အခွင့်
အလမ်းရစေရန် ငွေကုန်ကြေးကျခံ၍ဤဇာတ်အဖွဲ့ကို
တည်ထောင်ထားခြင်းဖြစ်ကြောင်းအမြဲပြောဆိုလေ့ရှိ
သော်လည်း တကယ်တမ်းမှာ မျက်နှာမွဲသဘင်သည်
တို့၏ပညာရပ်ကိုအသုံးချ၍ စီးပွားရှာနေခြင်းသာဖြစ်
သည်။
ယွန်းနှင်းဆီတစ်ယောက်ထိုဇာတ်အဖွဲ့ဆီရောက်လာ
သည့်အခါမှာ ပိုင်ရှင်ဖြစ်သောဦးနေအောင်အကြောင်း
အလုံးစုံကိုသိသွားလေ၏။ ဦးနေအောင်သည် သဘင်
သည်တို့၏ပညာကိုသာ သူ့စီးပွားအတွက်အသုံးချနေ
ခြင်းမဟုတ်ဘဲ ချောမောလှပသောအငြိမ့်မင်းသမီးတို့
၏ခန္ဓာကိုယ်ကိုလည်းတစ်ခဏသာပျော်ရွှင်မှုအတွက်
အသုံးချနေကြောင်းသိလိုက်ရလေသည်။
ဦးနေအောင်သည် ဇာတ်အဖွဲ့သို့ယွန်းနှင်းဆီရောက်
လာခါစအချိန်တွင် လူကြီးလူကောင်းတစ်ယောက်လို
သာပြောဆိုဆက်ဆံလေသည်။ အချိန်ကြာလာသည့်
အခါမှာတော့ ယခင်လိုမဟုတ်တော့ဘဲ အခွင့်အရေး
ရသည်နှင့်အသားယူကာပြောဆိုဆက်ဆံလာခဲ့သည်။
ထိုမျှလောက်အထိတော့ ယွန်းနှင်းဆီသည်းခံနိုင်သေး
သည်။ ဦးနေအောင်သည် တဖြည်းဖြည်းအဆင့်တက်
လာခဲ့၏။ သို့သော်ယွန်းနှင်းဆီသည် နည်းအမျိုးမျိုး
သုံး၍ဆွဲဆောင်သော်လည်း သူနောက်ပါမလာသဖြင့်
နောက်ဆုံးတွင် သူမအား မတော်မတရားကြံစည်လေ
တော့၏။
ထိုနေ့ကယွန်းနှင်းဆီသည် ဦးနေအောင်ကပြောစရာ
ရှိသည်ဟုဆိုသဖြင့် သူရှိနေသောရုံးခန်းဆီသို့ဝင်လာ
ခဲ့၏။ အခန်းထဲသို့ရောက်သွားခါစအချိန်တွင် အလုပ်
အကြောင်းသာပြောဆိုနေသော်လည်း တဖြည်းဖြည်း
ကြာလာတော့ ထိကပါးရိကပါးပြောဆိုလာခဲ့လေ၏။
နောက်ဆုံး၌မေတ္တာရှိကြောင်းပြောဆိုကာ ချစ်ခွင့်ပန်
လေ၏။ အလှဂုဏ်မောက်နေသောယွန်းနှင်းဆီသည်
သူ့အဖေအရွယ်ရှိသောဦးနေအောင်က ချစ်ခွင့်ပန်လာ
သဖြင့် အလွန်စိတ်ဆိုးဒေါသထွက်သွားလေသည်။
သို့သော်မိမိ၏အလုပ်ရှင်ဖြစ်နေသောကြောင့် မာမာ
ထန်ထန်ပြော၍မဖြစ်။ထိုကြောင့်ယဥ်ယဥ်ကျေးကျေး
သာငြင်းဆိုလိုက်သည်။ ယွန်းနှင်းဆီက ငြင်းဆိုလိုက်
သော်လည်း ဦးနေအောင်သည် လက်လျှော့မသွားဘဲ
အကြိမ်ကြိမ်ပြောဆိုလေသည်။ ယွန်းနှင်းဆီကလည်း
အကြိမ်ကြိမ်ငြင်းဆိုလိုက်ရာ နောက်ဆုံးတွင် ကိုယ်ထိ
လက်ရောက်စော်ကားရန် ကြိုးစားလေတော့သည်။
ရုံးခန်းထဲသို့ဦးနေအောင်မခေါ်ဘဲနှင့် မည်သူမှမဝင်
ရဲကြချေ။ ထိုကြောင့်ရုံးခန်းထဲတွင် ရုန်းရင်းဆန်ခတ်
ဖြစ်နေလျှင်တောင်မည်သူမှဝင်မလာရဲကြပါ။ သို့ဖြစ်
ပါသောကြောင့် ဦးနေအောင်သည် ဘာကိုမှဂရုမစိုက်
တော့ဘဲ ယွန်းနှင်းဆီနှင့်ပျော်မွေ့နိုင်ရန်သာ ကြိုးစား
လေတော့သည်။
ယွန်းနှင်းဆီသည် ဦးနေအောင်၏အပြုအမူကိုငြိမ်ခံ
မနေဘဲ ရုန်းထွက်နိုင်အောင်အကြိမ်ကြိမ်ကြိုးစားလေ
သည်။ သို့သော်အသက်ငါးဆယ်ကျော်နေပြီဖြစ်သော်
လည်းသန်မာထွားကြိုင်းနေသေးသောဦးနေအောင်ကို
မယှဥ်နိုင်သဖြင့်နောက်ဆုံးတွင် သူမ၏ခန္ဓာကိုယ်အား
ပေးလိုက်ရလေတော့သည်။
မချစ်မနှစ်သက်သူ၏လက်ထဲတွင် အပျိုစင်ဘဝကို
ဆုံးရှုံးလိုက်ရသည့်အတွက် မိမိကိုယ်မိမိမသတီတော့
ဘဲ ကိုယ့်ကိုကိုယ်သ-တ်သေရန် စိတ်ကူးလိုက်သည်။
သူမ၏အပျိုစင်ဘဝကို မတရားသိမ်းပိုက်လိုက်သော
ဦးနေအောင်ကိုလည်း အသက်ရှင်လျက်မထားခဲ့ချင်
သောကြောင့် သူ့ကိုအရင်ဦးဆုံးသ-တ်ပြီးမှ ကိုယ့်ကို
ကိုယ်သတ်သေမည်ဟုဆုံးဖြတ်လိုက်သည်။
ဦးနေအောင်သည် တစ်ခဏတာမျှလောကစည်းစိမ်
ခံစားလိုက်ရသဖြင့် အားအင်ကုန်ခမ်းပြီးအိပ်ပျော်နေ
၏။ ယွန်းနှင်းဆီသည် အားအင်ကုန်ခမ်းကာအိပ်ပျော်
နေသော လူယုတ်မာဦးနေအောင်အား စားပွဲခုံပေါ်မှာရှိ
နေသောသစ်သီးလှီးသည့်ဓါးမြောင်ဖြင့် ထိုးသ-တ်ရန်
သူ့အနားသို့တိုးကပ်သွားသည်။
ထိုအချိန်ဦးနေအောင်သည် ရုတ်တရက်လန့်နိုးလာ
ခဲ့၏။ ဦးနေအောင်သည် ၎င်းကိုဓါးဖြင့်ထိုးသ-တ်ရန်
အနားသို့တိုးကပ်လာသော ယွန်းနှင်းဆီအား မြင်သွား
သည်အခါ ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့် နောက်သို့
ဆုတ်သွားလေ၏။
ထိုနောက်စိတ်မထိန်းနိုင်သောကြောင့် အမှားလုပ်မိ
ကြောင်းပြောဆိုလေသည်။၎င်းအားခွင့်လွှတ်ပေးမည်
ဆိုပါကကောင်းမွန်စွာလက်ထပ်ပေါင်းသင်းပါမည်ဟု
ပြောဆိုလေသည်။ ဦးနေအောင်တွင် မယားကြီးရှိမှန်း
ဇာတ်အဖွဲ့တစ်ဖွဲ့လုံးသိကြသည်။ သို့ဖြစ်ရာထိုစကား
ကြောင့်ယွန်းနှင်းဆီမှာပို၍ပင်ဒေါသထွက်သွားသည်။
ထိုကြောင့်ဘာမှစဥ်းစားမနေတော့ဘဲ သစ်သီးလှီးဓါး
ကို အသင့်ချိန်ရွယ်၍ ဦးနေအောင်ဆီသို့ ပြေးဝင်သွား
သည်။ ထိုနောက်ဦးနေအောင်အားဓါးဖြင့်လှမ်းထိုးရန်
ပြင်လိုက်စဥ်မှာဦးနေအောင်သည် သူမ၏ဦးခေါင်းကို
ပန်းပုရုပ်တုဖြင့်ထုလိုက်သည်။ ထိုအချိန်မှတောင်းပန်
စကားပြောဆိုရင်းနောက်သို့တဖြည်းဖြည်းဆုတ်သွား
သောဦးနေအောင်သည် သူမအားပြန်လည်တို-က်ခိုက်
နိုင်မည့်လက်နက်အား ရှာဖွေနေခြင်းဖြစ်မှန်းသိလိုက်
ရလေသည်။
သို့သော်နောက်ကျသွားလေပြီ။ထိုပန်းပုရုပ်တုသည်
မာကျောသောသစ်သားဖြင့် ထုလုပ်ထားသောကြောင့်
ထိုပန်းပုရုပ်တုဖြင့် ဦးခေါင်းအား အထုခံလိုက်ရသော
ယွန်းနှင်းဆီသည် မူးဝေလဲကျသွားပြီ နောက်ဆုံးတွင်
အသက်ထွက်သွားလေတော့သည်။
အခန်း (၃)
” အဲ့ဒီလိုနဲ့ကျွန်မသေသွားတော့ ကျွန်မရဲ့အလောင်း
ကို သူ့တပည့်တွေရဲ့အကူအညီနဲ့ မြို့ပြင်ကချောင်းထဲ
ပစ်ချလိုက်တယ်။အချိန်တန်လို့အိမ်ကိုပြန်မလာတော့
ကျွန်မမိဘတွေက ကျွန်မကိုလိုက်ရှာကြတယ်။ အဲဒီ
အချိန်ဇာတ်အဖွဲ့ထဲမှာ ကျွန်မနဲ့ပတ်သက်ပြီး သတင်း
တစ်ခုထွက်လာတယ်။ ရည်းစားမထားဖူးတဲ့ကျွန်မက
ခိုးရာနောက်ကိုလိုက်ပြေးသွားတယ်တဲ့။ ဦးနေအောင်
ရဲ့အကြံအစည်ဆိုတာ ကျွန်မသိတာပေါ့။
ကျွန်မေသဆုံးသွားတာကိုဘယ်သူမှမသိကြတော့
ဘယ်သူကမှ ကျွန်မအတွက် ကုသိုလ်ကောင်းမှုပြုပြီး
အမျှမဝေပေးခဲ့ကြဘူး။ ဒါကြောင့်ကျွန်မဟာ မကျွတ်
လွတ်နိုင်ခဲ့ဘူး။ ကျွန်မမကျွတ်လွတ်သေးမှန်းသိတော့
ဦးနေအောင်ဟာသူ့ကိုပြန်ပြီးကလဲ့စားချေမှာစိုးရိမ်လို့
ကျွန်မရဲ့ဝိညာဥ်ကို အောက်လမ်းဆရာတစ်ယောက်ရဲ့
အကူအညီနဲ့ ကျွန်မကိုသ-တ်တဲ့အချိန် အသုံးပြုခဲ့တဲ့
ယမင်းပျိုရုပ်တုထဲမှာပိတ်လှောင်ထားလိုက်တယ်။
ရုပ်တုထဲမှာနေရတာကြာတော့ကျွန်မမှာအစွမ်းတွေ
ရှိလာခဲ့တယ်။ ပန်းပုရုပ်တုထဲကထွက်လို့ရလာတယ်။
ဒါပေမယ့်ရုပ်တုအပြင်မှာ အချိန်အကြာကြီးနေလို့မရ
ဘူး။ အောက်လမ်းဆရာရဲ့အစီအရင်အချို့က ကျွန်မ
အပေါ်သက်ရောက်မှုရှိနေသေးတယ်။
ဒါပေမယ့်လူယုတ်မာဦးနေအောင်ကိုတော့ကလဲ့စား
ပြန်ချေနိုင်ခဲ့တယ်။ ဦးနေအောင်ဟာ ကျွန်မရုပ်တုထဲ
ကထွက်နိုင်သွားမှာစိုးရိမ်လို့ထင်ပါတယ်။ပန်းပုရုပ်တု
ကိုသူ့အနားမှာပဲအမြဲတမ်းထားတယ်။ဒါကြောင့်သူကို့
အလွယ်တကူကလဲ့စားချေနိုင်ခဲ့တယ်။
အခုဦးနေအောင်လည်းမရှိတော့ဘူးဆိုတော့ ကျွန်မ
ဒီဘဝဆက်မနေချင်တော့ဘူး။ ဒါကြောင့်ဒီဘဝကနေ
ကျွတ်လွတ်နိုင်အောင်ကူညီပေးပါ ”
ယွန်းနှင်းဆီဆိုသောအမျိုးသမီး၏မျက်နှာပေါ်တွင်
မျက်ရည်စများကိုတွေ့နေရ၏။ သူမ၏အဖြစ်အပျက်
ကိုသိလိုက်ရသည့်အခါ စိတ်မကောင်းဖြစ်သွားရလေ
၏။ ထိုကြောင့်ဘာကိုပဲဖြစ်ကူညီပေးမည်ဟုဆုံးဖြတ်
လိုက်သည်။
” ဘာကူညီပေးရမလဲဆိုတာကိုပြောပါမိန်းကလေး။
ကျွန်တော်ကူညီပေးပါ့မယ် ”
ဒီပန်းပုရုပ်တုကိုမီးရှို့ပေးပါ။ ပြီးရင်ကျွန်မအတွက်
အလှူအတန်းပြုလုပ်ပြီးအမျှဝေပေးပါ။ ဒီပန်းပုရုပ်တု
မီးလောင်ပြာကျသွားတော့မှ ကျွန်မဟာ ရုပ်တုထဲက
အပြီးတိုင်ထွက်လာနိုင်မှာပါ။ အဲဒီအချိန်ကျမှ လူတွေ
အမျှပေးဝေတာကို သာဓုခေါ်နိုင်မှာပါ ”
” ဒီရုပ်တုကတစ်ခြားသူတစ်ယောက်ပိုင်တဲ့အရာပါ။
ဒါကြောင့်ဒီရုပ်တုကိုအလွယ်တကူမီးရှို့ပစ်လို့မရဘူး။
သူ့ဆီမှာခွင့်ပြုချက်အရင်တောင်းရမယ်။ သူကခွင့်ပြု
မှသာ ဒီပန်းပုရုပ်တုကိုမီးရှို့ပစ်လို့ရမှာပါ။ အဲဒီလူဟာ
ကျွန်တော်နဲ့ခင်ပါတယ်။အကျိုးအကြောင်းပြောပြပြီး
ပန်းပုရုပ်တုကိုမီးရှို့ပစ်ဖို့ပြောလိုက်ပါ့မယ်။ ပြီးတော့
မင်းအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုပြီး အမျှ
ဝေပေးပါ့မယ် ”
သူရကဤသို့ပြောဆိုလိုက်ရာ ယွန်းနှင်းဆီ ကျေးဇူး
တင်စကားပြောဆိုလေ၏။ ထိုနောက်သူရအား ပြုံးပြ
နှုတ်ဆက်ကာပျောက်ကွယ်သွားလေသည်။ ထိုအချိန်
သူရသည်အိပ်ယာကလန့်နိုးလာခဲ့၏။
လန့်နိုးလာသည့်အခါ အိပ်မက်ထဲကအမျိုးသမီးကို
မျက်လုံးထဲမြင်ယောင်ကြည့်သည်။ အလွန်လှပသော
အမျိုးသမီးဖြစ်ပြီး ထိုကဲ့သို့ချောမောလှပသောအမျိုး
သမီးအား တစ်ကြိမ်တစ်ခါမှမြင်တွေ့ဖူးခြင်းမရှိခဲ့ပါ။
အိပ်မက်တစ်ခုသာဖြစ်သော်လည်း ထိုအမျိုးသမီးကို
အကူအညီပေးမည်ဟုစိတ်ပိုင်းဖြတ်လိုက်သည်။
သူရသည် လွန်စွာမှချောမောလှပသောယွန်းနှင်းဆီ
ဆိုသည့်အမျိုးသမီးကိုသာ မျက်လုံးထဲမြင်ယောင်နေ
ခဲ့ရာ မနက်မိုးလင်းသည့်အထိ အိပ်မပျော်တော့ချေ။
ယွန်းနှင်းဆီအကြောင်းတွေးနေခဲ့ရာကားဂိတ်ရှေ့တွင်
ကားရပ်လိုက်သည့်အသံကိုပင်မကြားလိုက်ချေ။
တံခါးခေါက်သံနှင့် ကောင်းခန့်၏အော်သံကို ကြား
တော့မှကားရောက်နေပြီဖြစ်မှန်းသိလိုက်ရလေသည်။
” မင်းအတော်အိပ်ပုတ်ကြီးတာပဲကွာ။ ငါကမင်းကို
စိတ်ပူနေတာ။ မင်းဘာမှမဖြစ်ပါဘူးနော် ”
” ငါဘာမှမဖြစ်ပါဘူးကွာ။ မင်းဘာတွေပြောနေတာ
လဲ ”
ကောင်းခန့်က တစ်စုံတစ်ခုပြောရန်ပြင်လိုက်ပြီးခါမှ
ဆက်မပြောတော့ဘဲ အသံတိတ်သွားလေသည်။
” ဘာပြောမလို့လဲကောင်းခန့်။ ငါ့ကိုဘာပြောစရာရှိ
လို့လဲ ”
” ဟိုပန်းပုရုပ်တုရုပ်တုက အခုထိလာမယူသေးဘူး
လား ”
” ဟုတ်တယ်ကွ။ ပိုင်ရှင်ကခရီးလွန်နေလို့ ဂိတ်မှာပဲ
သိမ်းထားပေးတဲ့။ ငါမင်းကို ဒီပန်းပုရုပ်တုအကြောင်း
ပြောမလို့လုပ်နေတာ။ ဟိုနေ့ကမင်းပြောတာ ငါမှတ်မိ
နေသေးတယ်။အဲဒီပန်းပုရုပ်တုက သာမန်ပန်းပုရုပ်တု
မဟုတ်ဘူးလို့ပြောခဲ့တယ်လေ။ မင်းဘာတွေသိထား
လဲ။ ငါ့ကိုပြောပြလို့ရလား ”
ထိုအခါကောင်းခန့်သည် ဟိုတစ်နေ့ညက ကားပေါ်
မှာကြုံတွေ့ခဲ့ရသောခြောက်ခြားဖွယ်အဖြစ်အပျက်ကို
သူရအားပြောပြလေသည်။ထိုနောက်အငြိမ့်မင်းသမီး
သရဲမက ထိုပန်းပုရုပ်တုထဲတွင် သူမပူးကပ်နေသည့်
အကြောင်းမည်သူကိုမှမပြောပြရန် အကယ်၍ပြောပြ
ခဲ့လျှင်သုံးယောက်စလုံးကိုကားမှောက်အောင်လုပ်ပြီး
သ-တ်ပစ်မည်ဟုခြိမ်းခြောက်သောကြောင့် သူရအပါ
အဝင်မည်သူကိုမှ မပြောပြခဲ့ကြောင်းပြောဆိုလေ၏။
ထိုအခါသူရကလည်း အိပ်မက်အကြောင်းကိုပြန်၍
လေ၏။ သူတို့နှစ်ဦးစကားပြောဆိုနေကြသည့်အချိန်
ဦးလေးခင်နှင့် လင်းသန့်ကအနားမှာရပ်၍ နားထောင်
နေလေသည်။
” မင်းပြောပုံအရဆို အဲဒီသရဲမက ငါတို့ကိုကျတော့
မကြောက်ပဲကြောက်အောင်ခြောက်လန့်နှောင့်ယှက်ခဲ့
ပြီး မင်းကိုကျတော့အိပ်မက်ပဲပေးတယ်ပေါ့ ”
” ပရလောကသားတွေကလူတိုင်းကိုခြောက်လန့်လို့
မရသလို လူတိုင်းကိုလည်း အကူအညီတောင်းလို့မရ
ဘူးတဲ့။ ငါတို့သုံးယောက်က ကံနိမ့်နေလို့ခြောက်လန့်
ခံရတာနေမှာပေါ့။ မောင်သူရကတော့ လိပ်ပြာသန့်လို့
အကူအညီတောင်းတာနေမှာပေါ့ ”
လင်းသန့်ကမကျေမနပ်ပြောဆိုလိုက်ရာဦးလေးခင်
ကသူသိသောအရာကိုပြောပြလေသည်။
” ဒီတော့ပန်းပုရုပ်တုပိုင်ရှင်ကို အဲဒီအကြောင်းတွေ
ပြောပြလိုက်မှာလား ”
” ပြောပြရမှာပေါ့ကွာ။ ဒါမှသူ့ကိုကူညီနိုင်မှာလေ ”
” သူကယုံပါ့မလားကွာ ”
” ယုံအောင်တော့ပြောရမှာပေါ့ကွာ ”
ထိုနေ့ညနေခင်း၌ ဦးစံထွန်းမောင်သည် ပန်းပုရုပ်တု
အားလာယူလေ၏။ ထိုအချိန်သူရသည် အကြောင်းစုံ
ကို ၎င်းအားပြောပြလိုက်သည်။ ဦးစံထွန်းမောင်သည်
သူရ၏စကားကို ယုံကြည်ပုံမပေါ်သော်လည်း သူရက
မယုံမချင်း ပြောဆိုလေသောကြောင့် နောက်ဆုံးတွင်
ယုံကြည်သွားလေသည်။
” ဦးလေး ဒီအကြောင်းတွေကိုဘာမှမသိပါဘူးကွာ။
အွန်လိုင်းပေါ်မှာ အရောင်းပိုစ့်တင်ထားတာနဲ့ သဘော
ကျလို့ဝယ်လိုက်တာပါ ဒီလိုမျိုးတွေကိစ္စမျိုးတွေရှိနေ
တယ်ဆိုတော့လည်းဘာတတ်နိုင်တော့မှာလဲ။မီးရှို့ပစ်
မှပဲရတော့မှာပေါ့ ”
” ကျေးဇူးတင်ပါတယ်ဦးလေးရယ်။ ပန်းပုရုပ်တုရဲ့
တန်ဖိုးကိုလည်း လစာထုတ်တိုင်း ခွဲပြီးပေးပါမယ်ဗျ။
တစ်ခါတည်းမပေးနိုင်တာကိုလဲ နားလည်ပေးပါဗျ ”
” ပေးစရာမလိုပါဘူးကွာ။ ဒီလိုမသန့်ရှင်းတဲ့ပစ္စည်း
ကိုလည်း ဦးလေးအိမ်ထဲမှာမထားချင်ဘူး။ ဒီကိစ္စကို
မင်းပဲကြည့်လုပ်လိုက်ပါတော့။ ဦးလေးတော့ဒီလိုမျိုး
တွေကိုတအားကြောက်တယ်ကွာ ”
ထိုနောက်ဦးစံထွန်းမောင်သည် အဆိုပါပန်းပုရုပ်တု
အား ဂိတ်မှာပင်ထားရစ်ခဲ့ကာ သူရအားနှုတ်ဆက်၍
ပြန်သွားလေသည်။ ဂိတ်ပိတ်ချိန်သို့ရောက်သောအခါ
သူရသည် ပန်းပုရုပ်တုကိုယူဆောင်၍ မြို့ပြင်သင်္ချိုင်း
ဆီသို့ထွက်လာခဲ့သည်။ သင်္ချိုင်းသို့ရောက်သောအခါ
အသင့်ယူဆောင်လာသောဓါတ်ဆီများဖြင့် လောင်း၍
ပန်းပုရုပ်တုအားမီးရှို့လိုက်၏။ ထိုနောက်မြို့ဦးစေတီ
ဆီသို့သွားကာ အလှူငွေထည့်၍ အငြိမ့်မင်းသမီးလေး
ယွန်းနှင်းဆီအား ရည်စူးကာအမျှဝေပေးလိုက်သည်။
ထိုညတွင်လည်း ယွန်းနှင်းဆီအား အိပ်မက်ထဲတွင်
ထပ်တွေ့လေ၏။ သည်တစ်ကြိမ်တွင်တော့ သူမသည်
အငြိမ့်မင်းသမီးဝတ်စုံနှင့်မဟုတ်တော့ဘဲ စင်ကြယ်
သော အဝတ်ကိုဝတ်ဆင်ထားသည်။ သူမ၏မျက်နှာ
သည်လည်း ယခင်လိုဖြူဖတ်ဖြူရော်မဟုတ်တော့ဘဲ
ဝင်းဝါစိုပြေနေ၏။
” မနက်ဖြန်ဆိုဘဝသစ်တစ်ခုကို ကူးပြောင်းရတော့
မယ်။ ကျွန်မရှင့်ကိုကျေးဇူးတင်ကြောင်းလာပြောတာ
ပါ။ ရေစက်မကုန်သေးရင် ကျွန်မတို့ပြန်ဆုံနိုင်မှာပါ။
ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ
လို့စုတောင်းပေးလိုက်ပါတယ် ”
ထိုနောက်သူရအားနှုတ်ဆက်၍ ပျောက်ကွယ်သွား
သွားလေသည်။ သူရသည် ၎င်း၏အကူအညီကြောင့်
ပရလောကသားတစ်ဦးသည် ကောင်းမွန်ရာဘုံတစ်ခု
သို့ကူးပြောင်းနိုင်သွားသဖြင့်များစွာကျေနပ်နေသည်။
မည်သို့ပင်ဖြစ်စေအိပ်မက်ထဲမှာသာမြင်တွေ့ခဲ့ဖူးသော
ယွန်းနှင်းဆီ၏ဝင်းဝါစိုပြေသောမျက်နှာလေးကိုတော့
ဘယ်သောအခါမှမေ့နိုင်လိမ့်မည်မဟုတ်တော့ပါ။
ပြီး
ဆက်လက်ကြိုးစားပါဦးမည်။
#အယ်လ်နိုင်း