သခ်ျိုင်းမြေမှ လိပ်ပြာခေါ်သည်(စ/ဆုံး)
—————————————-
ဧရာဝတီတိုင်း… ဝါးခယ်မမြို့နယ်… ရွှေလောင်းကျွန်း ရှိ ရွာလေးတစ်ရွာ…
စနေ တစ်ယောက် အလုပ်ကိစ္စနှင့်ရောက်ခဲ့လေပြီ….ချောင်း၊မြောင်းပေါသည့်အတွက် ကားပေါ်က ဆင်းသည်နှင့် လှေနှင့် သွားကာ သရက်ချို(အမည်လွဲ) ရွာသို့ရောက်လေသည်….ရွာ အဝင်မှာပင်
‘တူဝေတူဝေ…..ဝေ’
‘တူဝေတူဝေ…..ဝေ’
“အောင်မလေး အမေရဲ့ သမီးးတို့ကို စိတ်ချလက်ချ ထားခဲ့ပြီလား”
ရွာအနောက်ဖက်လမ်းမှ အသုဘပို့သူများး…
စနေလည်း တစ်ချက်မျှ မျော်ကြည့်ကာ အုပ်ချုပ်ရေးမှူးအိမ်သို့ ဆက်လက် ထွက်ခဲ့သည်…
အုပ်ချုပ်ရေးမှူးအိမ်
” အုပ်ချုပ်ရေးမှူးရှိလားဗျို့ ”
စနေ အော်ခေါ်လိုက်သည်…
“ဘယ်သူလည်း မသိဘူး အဖေတို့ နာရေး သွားပို့တယ်ရှင့် ”
အုပ်ချုပ်ရေးမှူး သမီးးအငယ်မလေး မှ ပြောကာ ရေနွေးးကြမ်းနှင့် စားစရာတစ်ချို့ ချကာဧည့်ခဲသည်…
ပြီးတော့ လုပ်စရာအလုပ်လက်စ သွားပြန်လုပ်နေသဖြင့် စနေတစ်ယောက် ငုတ်တုတ် ထိုင်စောင့်နေရသည်…
နာရီဝတ်လောက်ကြာတော့ အုပ်ချုပ်ရေးမှုး နှင့် ဇနီးး ပြန်ရောက်လာသည်…
“ဟော့ မောင်စနေ ရောက်နေတာလား အဲ့လိုမှန်းသိ ချက်ချင်းပြန်လာပါတယ် အားနာလိုက်တာ မောင်စနေရယ်”
“ရပါတယ် ကျွန်တော်ကတောင် အားနာမိတယ်”
“မဟုတ်တာ ကိုယ့်ရွာ အကျိုးအတွက်လာလုပ်တာ ကူညီရမှာပေါ့ … ဒါကလူမှူရေးထက် အသိတရားးက ပိုအရေးးကြီးးတာကိုး….ဒါနဲ့ စက်တေ ကမပါဘူးလား အလုပ်က စတော့မှာလားး(Excavator မှျားကိုဆိုလိုသည်)
“ပါတယ်သူကြီးးရေ မနက်ဖြန်ည ဇာတ်နဲ့ ရောက်မယ် …. နေစရာထိုင်စရာ ကြိုတင်စီစဥ်ဘို့နဲ့ ဇာတ် ကပ်လို့ရမဲ့ ဆိပ်ကမ်း စီစဥ် ဘို့ပါ”
“ရတယ် မောင်စနေရေ…. တဲထိုးဘို့လူစုခိုင်းလိုက်ပါ့မယ်… ”
“မလိုဘူး ဦးလေးရေ mobile tent တေ နဲ့အိပ်မှာ (ရွက်ဖျင်တဲလေးတေ) ဒီနေ့တော့ အုပ်ချုပ်ရေးမှုးအိမ်မှာဘဲ အိပ်ပါရစေ နော့”
ရပါတယ် မောင်စနေရယ် ကဲ ကဲ နားချင်နား လေ ”
“ဟုတ်ကဲ.”
#
ညက မိုးချုပ်လာသည်နှင့် အမှောင် ကြီးဆိုးလာသည်….
စနေတစ်ယောက်အိပ်မရတာနှင့် အုပ်ချုပ်ရေးမှုးနှင့် စကားထိုင်ပြောနေတော့သည်….
“သရဲသရဲ”
“အားးးး”
“ဝုန်းးးးး”
စူညံသံ တစ်ချို့နဲ့ အတူ နာရေးအိမ်ဘက်မှ ဝရုန်းသုန်းကားသံ တစ်ချို့ကြားလိုက်ရာ…
“မောင်စနေရေ နာရေးးအိမ်ဘက်မယ် ဘာဖြစ်တယ် မသိဘူး”
” ဟုတ် ကွျန်ေတာ်လိုက်မယ် အုပ်ကြီးရေ (နောက်ပိုင် တအားခင်ပြီး အုပ်ကြီးလို့ဘဲခေါ်တော့သည်)”’
နာရေးအိမ်ဘက်ရောက်လာတော့လူတေ စုရုံးစုရုံးနှင့်
” ဘာဖြစ်တာတုန်း”
အုပ်ကြီးအသံ..
“ဒေါ်မြညွှန်ကြီးးခြောက်လို့ အုပ်ကြီးရေ”
” မင်းတို့ဟာက ဟုတ်ကော ဟုတ်ရဲ့လား ”
“ဟုတ်တယ် အုပ်ကြီးရ ဟဲ့ မျိုးခင် ပြောပြလို က်လေ အုပ်ကြီးကို”
#
နာရေးအိမ်
ဖဲရိုက်သူ တေကရိုက်…
စကားထိုင်ပြောသူတေက ပြော..
ယောကျ်ားတစ်ချို့က အရက်ဝိုင်းဖွဲနေသည်…
မမျိိုးခင်တစ်ယောက် အိမ်သာတတ်ချင်လို့တွန့်လိမ်နေသည်…
မသက်ကိုလက်တို့ပြီး …
“မသက် ကျွန်မ နောက်ဖေး သွားချင်လို့ အဖော်လိုက်ခဲ့ပါလား”
“အေးးငါလည်း ဗိုက်ရစ်နေတာ မသွားရဲလို့ ကျိတ်မှိတ်နေတာ လာသွားမယ်…”
နှစ်ယောက်သားထွက်လာခဲ့သည်…
အိမ်သာက သစ်ရိပ်ဝါးရိပ်ရသောနေရာတွင်ဆောက်ထားတော့ …. မေှာင်ပိတ်မှောင်နေသည်…
အိမ်သာရောက်တော့ မျိုးခင်က အိမ်သာ အရင်ဝင်သည်… မသက်ကအိမ်သာအပြင်မှာတစ်ယောက်ထဲ ဓာတ်မီးးလေးတစ်လက်နှင့် တစ်ယောက်ထဲ ရပ်စောင့်နေရတော့ နောက်ကျောမလုံ….
မသက်တစ်ယောက် ကြတ်သိမ်းမွှေးညင်းးထနေကာ ဓာတ်မီးနှင့် ဟိုထိုးဒီထိုးထိုးက အကြောက်ပြေစေရန် မျိုးခင်ကို စကား လှမ်းပြောသည်….
ရွာထဲ မှ ခွေးတစ်သိုက်က ကောက်ခါ ငင်ကာ အူလိုက်တော့သည်…..မသက်တစ်ယောက် အမှောင်ထဲ မှာ ဓာတ်မီးတစ်လက်နှင့်….
“မျိုးခင် ညည်းမပြီးသေးဘးးလား ”
“ပြီးပါပြီ မသက်ရဲ့”’
ခနနေတော့ မျိုးခင်ထွက်လာသည်…
မသက်လည်း အိမ်သာထဲ ဝင်သွား
မျိုးခင်က အပြင်မှာ စောင့်ပေးရသည်..
ထိုအချိန် ရွာထဲ မှ ခွေးးများ စွဲစွဲ ငင် ငင် အူလိုက်ရာ မျိုးခင်တစ်ယောက် လန့် လာသည်…. မှောင်နေသည့်ပါတ်ဝန်းကျကြောင့် မနေရဲတော့….
“မသက်ရေ မသက်တခါးဖွင့်ပါအုံးး”
“ဟဲ့ မပြီးသေးဘူးဟဲ့ နေပါအုံး ”
“လုပ်ပါ ကျွန်မ မနေရဲတော့လို့ အထဲက စောင့်ပေးမယ်လေ နော် ”
မသက်လည်း တံခါးဖွင့်ပေးးလိုက်ရတော့သည်….
ခနနေတော့ မသက်ပြီးးလို့ နှစ်ယောက်သားပြန်လာတော့သည်….
အိမ်နားရောက်တော့…..
အိမ်နား သရက်ပင်နားက …..
!ဖုတ်!
အသံ ကြောင့် နှစ်ယောက်သား ဓာတ်မီးးထိုးကာ လှည့်ကြည့်မိသည်….
လန့်တာတော့လန့်သွားသည်…
ဟော့ တွေ့ပါပြီ
သရက်သီးး
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ပြီးးလှည့်ထွက်လာလိုက်သည်…
မသက်နှင့်မျိုးခင် နှစ်ယောက် ပုခုံးပေါ် အေးစက်စက် အရာတစ်ခု လာကိုင်သလိုခံစားလိုက်ရတော့သည်….
“အောင်းမလေးး တော့ သရဲသရဲ”
အိမ်ရှေ့ကုလည်ဖျင်းအောက်ရောက်တော့ လူက မောနေသည် လူတေလည်းလန့်ဖြန့်ကုန်သည်..
အမှတ်မထင် အမှောင်ထဲမှ
ဖျော်းးးးးးး ဆို သဲ နှင့် အပါတ်ခံရခါ တစ်ချို့က လန့်ဖြန့်ပြေးကုန်သည်……
အရက်သောက်နေသော ဒေါ်မြညွန့်သား အငယ်ကောင်က
“ဘယ်ကောင်သဲနဲ့ပါတ်တာလည်း ထွန်းကို လာမစမ်းနဲ့ #)(‘&)(‘)’)#’#’ ”
ဆဲဆိုနေတုန်း အှုပ်ချုပ်ရေးမှူး နှင့် ဧည့်သည်တစ်ယောက် ရောက်လာလေတော့သည်….ညဆယ့်နှစ်နာရီထိုးတော့ အျုပ်ချုပ်ရေးမှုးနှင့် ဧည့်သည်တို့ပြန်သွားလေတော့သည်…။
.#((
စနေတစ်ယောက် လုပ်ငန်း စနေပြီ ဘက်ဟိုးသမားတေ နှင့် ရုံးမှ စာရေးတစ်ယောက်နှင့် အင်ဂျင်နီယာ တစ်ယောက် တို့နှင့် နွှေစပါး မစိုက်သော လယ်ကွတ်တွင် ရွက်ဖျင်တဲ လေးများ ထိုးခါ နေတော့သည်….
ကိုယ်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေတော့ အုပ်ချုပ်ရေးမှုး နှင့်လည်း မတွေ့ ဖြစ် တာ ဆယ်ရက်ကျော်လာသည်….
ဌာနက တောင်သည့် လုပ်ငန်း စတင်ကြောင်းထောက်ခံစာ လက်မှတ် ကို အုပ်ကြီးကို ထိုးခိုင်းရမှာ မို့ မွန်းလွဲ နှစ်နာရီလောက်မှာ ရွာထဲ သို့ လျှောက်လာလိုက်တော့သည်….
အုပ်ကြီးအိမ်ရှေ့ ရောက်တော့ အုပ်ကြီးကို တွေ့တော့ ဝမ်းသာသွားသည်….
“အုပ်ကြီးတို့များ ပျောက်ချက်ကောင်းတယ်ဗျို့”
“ဟုတ်တယ် မောင်စနေရေဒီရက်ပိုင်းအလုပ်များနေတာနဲ့ မလာဖြစ်တာ ချေးငွေတေရယ် နောက် မြစိမ်းရောင် ချေးငွေကိစ္စနဲ့ မြို့နယ် အစီးးအဝေး တေ ကြောင့်
မအားဘူးးးဖွစျနတော ”
“သိပါတယ် အုပ်ကြီးရယ် စတာပါလုပ်ငန်းစတင်ကြောင်းထောက်ခံစာ လက်မှတ်ထိုးဘို့လိုလို့ လာတာပါ ”
“ထိုးပေးမယ်လေ ဒါနဲ့ စာစီရအုံးမလားမြို့မှာ”
“မလိုဘူး အုပ်ကြီးရေ တစ်ခါထဲ ပါတယ် လက်မှတ်ထိုးရုံဘဲ”
“ဟန်ကျတာပေါ့ တစ်ခါထဲ ထိုးပေးလိုက်မယ် ”
လက်မှတ်ထိုးပြီးတော့ ရောက်တတ်ရာရာ စကားပြောရင်း ညနေ စောင်းလာသည်…။
“ကဲ စနေရေ ထမင်းစားပြီးမှ တစ်ခါထဲပြန် သိလား အပြန်ကို အုပ်ကြီးး လိုက်ပို့မယ်”
ဒီလိုနဲ့ ညစာ စားသောက်ပြီး တဲဆီပြန်လာတော့ အုပ်ကြီးးနဲ့ တပည့်နှစ်ယောက်က လိုက်ပို့သည်….
ရပါတယ် အုပ်ကြီးရ ကျွန်တော့ပါကျွန်တော့ ပြန်ပါမယ် ဆိုတာ မရဘူး အတင်းလိုက်ပို့သည်….
ရွာက ထွက်တော့မှ
“စနေရေ ဆံုးသွားတဲ့မမြညွှန် သိတယ်မလား အဲအိမ်က တအားခြောက်တာ စနေ တစ်ယောက်ထဲ စိတ်ပူလို့ လိုက်ပို့တာ ”
“အော်ဟုတ်လားးး ကျွန်တော်က မကြောက်တတ်ပါဘူး ပြီးတော့ ကျွန်တော့မှာ အစောင့်အရှောက် ရှိတယ် ဒါနဲ့ ဘယ်လို ခြောက် တာလည်း ဆိုတာလေး ပြောပြ ပါအုံး”
“စနေ တို့အိပ်တဲ့ နေရာရောက်ရင်ပြောပြမယ်လေပြီးတော့ ကူညီနိုင်ရင်ကူညီပါအုံးဆရာလည်းစုံနေပြီ”
“ဟုတ်ကဲ့ အရင် နားထောင်တာပေါ့ ပြီးးမှ ဘာလုပ်သင်တယ် စဥ်းစားမယ် ကျွန်တော့ company ကတော့မသိပါစေနဲ့နော် ”
“စိတ်ချစိတ်ချ ကျေးဇူးပါ မောင်စနေရေ”
“ကျေးဇူးက အတင်မစောနဲ့အုံး တော်ကြာ ဒီဆရာပါ ပြေး နေရမယ် ”
“အဟားးးး”
######
ဒေါ်မြညွှန့်တို့အိမ်…..
ညကလဆန်းရက်တေမို့ အိမ်အပြင်မှာ
လရောင်ကြောင့် လင်းနေပေမဲ့ အိမ်ထဲမှာတော့ အလင်းပျှပျှလေးသာ
အိမ်ထဲ တွင် ခေါင်ရင်ခန်းတွင် ခင်မျိုး တို့ လင်မယား နှစ်ယောက် အိပ်ပြီး ချေရင်းခန်းတွင် ထွန်းကို အိပ်သည်… တိတ်ဆိတ်တဲ့ ည အမှောင် မှာ
! ဂလှမျးးးးးလှမျ
မီးဖိုချောင်ထဲက အသံကြောင့် အိမ်သားတေ နိုးလာသည်…..
“ကိုကြည်နိုင် သွားကြည့်ပါအုံးတော့ ”
“အေးးပါ”
ဆိုပြီးး ထထွက်သွားရာ ခင်မျိုးမှ တစ်ယောက်ထဲ အခန်းထဲ မနေရဲသဖြင့် အနောက်က ကပ်လိုက်လာသည်.. အခန်းဝရောက်တော့ ချေရင်းခန်းးမှ ထွန်းကို ပါ ထွက်လာ ရာ….
“မောင်လေးးနင်လား စောနက အသံက”
“မဟုတ်ဘူး အမရ ကျွန်တော်လည်း အသံကြားလို့ထလာတာ ”
သုံးယောက်သား မီးးဖိုချောင်ဘက်ကိုသွားကြည့်ရာ ပုံစံ ပျက်နေသော အိုးခွပ်ပုကန် များကို တွေ့ရာ သုံးရောက်သား အံ့သြ သွားပြီး အိုးခွပ်များနေရာ တကျ ပြန်စီ ပြန်ထပ်နေတုန်း ဘုရားခန်းမှ ခြေသံ ခပ်ပြင်းပြင်းကြားလိုက်ရသည်..။
သုံးယောက်သာ ခပ်သုတ်သုတ် ထွက်ကြည့်ရာ အရိပ်လို အဖြူကြီးးက ခြေရင်းးဘက် မီးဖို ချောင်ဘက် ပြောလာရာ လန့်ဖျတ်သွားကာ ဘေးသို့ သုံးယောက်သား ခုန်ရှောင် လိုက်လေသည်…။
နံရံတွင် ချိတ်ဆွဲ ထားသော အမေ့ ဓာတ်ပုံ မှာလည်း လှုပ်ရမ်းနေတော့သည်….။
ထိုအချိန် ရွာထဲမှ ခွေးးများ က ကြောက်မက်ဖွယ် အူသံ အရှည်ကြီးးကြားလိုက်ရသည်…
မီးးဖိုချောင်မ အိုးသံခွပ်သံများ ပြန်ကြားရသလို အိမ်မကြီး ထုတ်တန်းပေါ်မှ ေစာင့်ညှောင့်ထိုင်နေတဲ့ အရိပ်မဲကြီးကိုတွေ့လိုက်ရပြီး မျက်နာကြီးက မဲမဲဆံပင်က ပွရောင်းပြီးးထိုးထိုးထောင်ထောင်နှင့် မျက်လုံးကြီးက နီရဲနေသည်…
အမှတ်မထင် ထိုအရိပ်ကြီးကို မော့ကြည့်ကာ ကျက်သေ သေနေတုန်း ထိုအကောင်ကြီးမှ
!ဘုန်းးးး!
ခုန်ချလာလေတော့သည်….။
သုံးယောက်သား ငယ်သံပါအောင် အော် ကာ ရွာဦးးကျောင်းသို့ ပြေးလေတော့သည်…။
နောက်ညများတွင်လည်း ရွာထဲက ကာလသားများကိုခေါ် အိပ် လေသည်….
ပိုဆိုးးးလာသည်ဆိုရမည်…….
မှုးရူးနေသော ကာလသားများ ကို ခြေထောက်မှ ဆွဲ သည်…
ပစ္စည်းများနှင့်ပေါက်သည်…
အိပ်နေတုန်း အပေါ် ထုပ်တန်းများမှ မျက်လုံးပြူးပြူး နှင့် စိုက်ကြည့်နေတတ်သည်…။
ထို့ကြောင့် ကာလာသားများ လာမအိပ်ရဲတော့သလို ခင်မျိုးတို့ အိမ်သားတေလည်း မအိပ်ရဲတော့ဘဲ အမျိုးတေ အိမ်သွားအိပ်ရတော့သည်….။
“အဲ့ဒါပါဘဲ စနေရေ”
“ကဲ ညဉ့်နတ်ပြီး အုပ်ကြီး တို့လည်းပြန်တော့ မနက်ဖန် ကျွန်တော အလုပ်ထဲ စီစဥ်စရာရှိတာ စီစဥ်ပြီး ရွာထဲ လာခဲ့မယ်…ဘုရားပွဲ တစ်ပွဲ စာ စီစဥ်ပေးးထားမနက်မှ လာခဲ့မယ်နော်”
“ကျေးဇူးးပါ စနေရေ ခင်မျိုးတို့ကိူလည်းခေါ်ထားလိုက်မယ် ”
#်#
နောက်တစ်နေကျ စနေ တစ်ယောက် ဒေါ်မြညွှန်တို့ အိမ်ကို ရောက်လာသည်…
သတင်းးကြားလို့ထင် တစ်ရွာလုံးနီးးပါး ရောက်နေသည်….
“လာမောင်စနေရေ မျော်နေတာ အားလုံးလည်းစီစဥ်ပြီးးပြီ.”
“ဟုတ်ကဲ့ အုပ်ကြီးး ”
အိမ်သားတေဘက် လှည့်ကားတစ်ချက်ပြုံးပြပြီးးဘုရားပွဲကို ဘုရားလှူ ကာ ဘုရားရှစ်ခိုးလေသည်…
ရှစ်ခိုးပြီးသည်နှင့်
မဟာသမရ သုတ်ကို ရွက်ဖက်ကာ အမျှအတန်း ပေးဝေပြီးး လူအုပ်ကြီးဘက်လှည့်လိုက်လေသည်…
တစ်ရွာလုံးနီးပါးလူအုပ်ကြီးက မီးကိုရေနဲ့ငြိမ်းသလို တိတ်စိတ်သွားသည်…
“အုပ်ကြီးရေ ငွေဖလားတစ်လုံးလိုချင်တယ် ရမလားး”
“ရတယ် စနေရေဆိုကာ ရွာဦးကျောင်းမှ ဖလားတစ်လုံးသွားယူခိုင်သည်…။
သွားယူနေတုန်း
ခင်မျိုးမှ
” ဆရာလေး အခု ဖြစ်နေတာတေ က ကျွန်မ အမေ မကျွတ်မလွတ်တာလားး”
“ကျွန်တောက ဆရာမဟုတ်ပါးဘူး ပြီးတော့ အခု ဖြစ်နေတာ အမ အမေ လည်းမဟုတ်ဘူးဗျ အခု ဖြစ်နေတာ နှစ်ချို့ သရဲ ကြီးတေ သဘက်ကြီးတေ ဗျ”
ဟာ… ဟင်နှင့် အားလုံးအံ့သြကုန်တော့သည်…
အုပ်ချုပ်ရေးမှုးမှ
“ဘယ်လိုဖြစ်လို့ အဲ့လို ဖြစ်ကုန်တာလညိး စနေရေ ရှင်းပြပာအုံး”
” ဒီလိုဗျ အုပ်ကြီးေရ ဒေါ်မြညွှန့် မြေချတော့
အမှားတစ်ခုခု လုပ်ခဲ့ပုံရတယ် အဲ့ဒီမှာ စတာဘဲ …
.”ဒါနဲ့ မြေချတဲ့နေ့က လိပ်ပြာခေါ်တော့ ဘယ်သူခေါ်တာလည်းး”
ခင်မျိုးက
“ကျွန်မမောင် ထွန်ကို ခေါ်တာပါ”
“ထွန်းကို ညီလေး မင်မှတ်မိလား အဲ့နေက ဘာ အမှားလုပ်မိလည်းဆိုတာ ”
“ကျွန်တော့ အမှားမလုပ်မိပါဘူး ဆရာ…. ”
ခနမျှ စဥ်းဟန်ရှိသည် ပြီးမှ ……
“ဆရာ ကျွန်တော် လိပ်ပြာခေါ်ပြီး စကားပြောမိလို့ ပြန်ခေါ်လိုက်မိတယ်”
စနေမှ တစ်ချက်ပြုံးသွားပြီးး
“ငါ့ညီ ဘယ်လို ပြန်ခေါ်လည်းးကော် မှတ်မိလားး”
“အတိအကျတော့မမှတ်မိဘူးဆရာ အဲ့နေ့ကနည်းနည်းသောက်ထားတော့ အမေ မလိုက်လာမှာဆိုးလို့ ပြန်ခေါ်တာ အားလုံးလိုက်လာခဲ့လို့ခေါ်လိုက်မိတယ်ထင်တယ်”
အားလုံးလည်း အံ့သြကုန်ပြီး စကားသံတေ တိုတိုး ထွက်လာသည်. စနေမှ အုပ်ကြီးထံ လှည့်ပြီးး
“ဖြစ်နိုင်တယ် အုပ်ကြီးးရေ သရဲတေ သဘက်တေ နဲ့ မင်စာတေ တောင် ပါတယ်”
ဖလား သွားယူတဲ့ လူ ပြန်ရောက်လာတော့ စနေလည်း ဘုရားစင်ဘက်လှည့်ကာ ဘုရားကို ထပ်ကတော့ပြီး သစ္စာဆိုလေသည်…။
ထို့နောက် ဘုရားစင်အောက် ခေါင်းရင်းထရံခြားမှာထိုးထားတဲ့ တုတ်ချောင်းလေးကို ငွေဖလားထဲထည့်လိုက်သည်….
တုတ်ချောင်ဆိုသောလည်း ပန်းခြောက်အရိုးတံလေး ဖြစ်ပြီး ပွင့်ဖက်တေက ကြွေကုန်သဖြင့် တုတ်ချောင်း လေးကျန်တော့သည်..။
ပြီးနောက် ဝိဇ္ဇာဆရာများထံမှ အလင်းစက္ကူအာရုံတောင်ခံကာ မျက်လုံးကိုမိတ်လိုက်သည်….
ထို့နောက် ငွေဖလားထဲ ရေ အနည်းငယ် သွန်ထည့်ကာ ဖလားနုတ်ခမ်းကို လက်ညိုးတင်ပြီး မျက်လုံးမိတ်ပြီးးး
“ပွင့်ပြီးကုန်လေသော ဘုရားငါးဆူရဲ ဂုဏ်တော် ကျေးဇူးတော် မေတ္တာတော်တို့ကြောင့်လည်းကောင်း အနန္နော အနန္ဒ ငါးပါးနှင့်တစ်ကွ ဘိုဘိုအောင်ဘိုမင်းခေါင် အစရှိသော ဘိုးတော်အပေါင်းနှင့် ဝိဇ္ဇာ ရှစ်သောင်း ဘိုးတော် အပေါင်းတို့ရဲ့ အမိန်. ဆရာ့ဆရာကြီးးများရဲ့အမိန့်…. ဒီအိမ်ထဲမှာရှိတဲ့ သရဲ တစ္ဆေ ဖုတ် ပိတ္တာ အစရှိတဲ့ မမြင်အပ် မြင်အပ် မကြားအပ် ကြားအပ် သော် ပုဂ္ဂိုလ် သတ္တဝာအားလုံး ဒီဖလားထဲ ဝင်စေ ရောက်စေ အကုန်ဝင်….. စေ… တစ်စုံတစ်ရာမကျန်စေရ….. ကျန်သေးတယ်နော် ငါသိနေတယ်…….
အကုန်ဝင်စမ်းးးးး…
မပုန်းးနဲ့ ဝင်ဆိုဝင် မဝင်ရင် ငါ သစ္စာ ဆို မှာနော် ”’
ဟု ဆိုကာ မတ်တပ်ထရပ် ပြီး အိမ်တွင်း ဟိုနေရာ ဒီနေ များကို ငွေဖလားထဲမှ ရေနှင့်တောက်လေသည်….
မကြာပါဘူး အိမ်ပေါ်မှ တစ်စုံတစ်ရာ ပြေးသလို အမြင့်မှ ခုန်ချသလို….
ငြိမ့်ခနဲ သိမ့်ခနဲ ….
လာကြည့်သူတေလည်း လန့်ဖြန့် ကာ တိတ်တိတ်ခလေး နားစွင့်နေတော့သည်….။
စနေကတော့ အိမ်ပေါ်မှ ဆင်းကာ ခြံဝန်းထဲ ပါတ် ပြီ ဖလားထဲက ရေ နှင့် လိုက်တောက်ကာ ဖလားထဲ ဝင်ရန်
ငွေဖလာကို လက်ညိုးထိုးပြီး အမိန်ပေးနေသည်။
ဆယ့်ငါးမိနစ် လောက်ကြာတော့ …..
” ကဲ ကို့နေရာ ကိုယ်ဌာနေ ကို ပြန်ပို့ပေးမယ်..ငြိမ်သက်စွာ နှင့် လိုက်သွား ငါ့အမိန်” ဆိုကာ
ထို့နောက် ထွန်းကို ကိုခေါ် ပြီး..
“ညီလေးး ဒီဖလာကို ယူသွား
သခ်ျိုင်းမှာ သွားသွန် ပါးစပ်ကလည်း….
ကို့နေရာကိုယ်ပြန်ကျတော့လို့ပြော…
လမ်းးမှာ ဘယ်နေရာမှ မသွန် နဲ့ ..”
ဟု ပြောပြီး စနေ လည်း မိမိ မျက်နာကို မိမိ တစ်စုံတစ်ရာ ဖယ်လိုက်သလို ဖယ်လိုက်သည်။
ထို့နောက်
‘”ကဲ အားလုံး မရှိတော့ဘူး ဒါပေမဲ့…. ဘုရားကုလို့ခေါ်တယ် ဘုန်းကြီး သုံးပါးလောက် ပင့်ပြီးးဆွမ်းကပ်ပြီးး ပရိတ်ရွတ် ကမ္မဝါညှပ်လိုက်ပါ ”
ပြောလိုက်ရာ….
မခင်မျိုး က
“ဆရာ ဘာကြောင့် ဒီလို ဖြစ်ရတယ်ဆိုတာ ပြောပြလို့ရလားးရှင်”
ဟုမေးရာ
“အမှန်က မြေချတဲ့ နေ့က ကိုထွန်းကို က လိပ်ပြာခေါ်တာ…. စကားပြောမိလို့ပြန်ခေါ်တဲ့အခါ စကားမှားပြီး ပရလောကသားတေက လိုက်လာခွင့်ရသွားတာပဲဗျ… အမှန်က လိပ်ပြာခေါ်တယ်ဆိုတာ နာမည်နဲ့ အတိအကျခေါ်ရတယ် …အမည်နာမ်မ မတပ်ဘဲ သိမ်းကျုံးခေါ်သလိုဖြစ်တာပေါ့ ..နောက်ပြီး အခု… အိမ်ထဲမှာသောင်းကြမ်းတာက အမ မိခင်ကြီးးမဟုတ်ဘူးဗျ…. အမေကြီးက ကောင်းရာမွန်ရာရောက်သွားပုံရတယ်.. ဒါပေမဲ့ အစွဲကြီးတဲ့ သရဲသဘက်တေက ကျန်နေတယ်…..ပိုဆိုးတာက လိပ်ပြာ ခေါ်တုန်းက အသုံးပြုတဲ့ ပန်းကို …. ခေါင်းရင်းမှာ ထရံခြားထိုးတာတာ အခုထိ မစွန်ပြစ်ရသေးလို့ ကျွန်တော်က ဖြုတ်ပြီး ငွေဖလားထဲထည့်လိုက်တာ အခုတော့ မရှိတော့ပါဘူးအားလုံး ရှင်းသွားပါပြီ’
‘
“ဆရာ့ကို ဒီငွေလေး ကတော့ပါရစေ”
မခင်မျိုးမှ ပြောသည်…
မလုပ်ပါနဲ့ဗျာ ကျွန်တော့ လက်မခံပါရစေနဲ့ဗျာ မဖြစ်မနေ ပေးချင်ပါတယ်ဆိုရင် ဒီပိုက်ဆံကို ဘုန်ကြီးပရိတ်ရွတ်ရင်ကတော့ပွဲထဲထည့်ပေးပါဟု ဆိုကာ အားလုံးကို နုတ်ဆက်ပြီးအလုပ်ထဲ ပြန်လာလေသည်… အုပ်ကြီးးနှင့် တပည့်နှစ်ယောက်က လိုက်ပို့လေသည်…။
အပြန်လမ်းတွင်
“စနေရေ မရှင်းတာလေးးမေးလို့ရမလား”
“ရပါတယ် အုပ်ကြီးရ မေးပါ”
“ငွေဖလားနဲ့ သရဲဖမ်းရတာလား”
“ငွေဖလားကြောင့်မဟုတ်ဘူး အုပ်ကြီးရေ ငွေကြောင့်ဗျ ပရလောကသားတေက ငွေတို့ ဆားတို့ကြောက်တယ်ဗျ”
”သရဲတေကို မောင်စနေ မြင်ရလား ပြီးတော့ ဒီလိုအစွမ်းတေ ကို ဘယ်က သင်တာလည်းး ”
“ကျွန်တော်က အထက်ဆရာတေ စီမှာ အလင်းစက္ကူအာရုံ တောင်းရင် နာနာဘာဝ ပရလောက အကုန် မြင်ရတယ် ဗျ…
ပြီးတော့ ကျွန်တော် ပါရမီလည်းးပါတာပေါ့ဗျာ အထူးဆန်းဆုံးက ကျွန်တော့ အဖိုးရဲ့ ဦးလေးး ကျွန်တော့ရဲ့ အဘီးးတော်မယ်ထင်တယ် အဲ့ အဘီးးက ထွက်ရာပေါက် ဘိုးတော်ဗျ အဲ့အဘီးးကဘဲ အကြည်ဓာတ် စက္ကူအာရုံကို ချခဲ့တာ ကျွန်တော့ကို ”
“တစ်လက်စထဲ အဲ့ဘိုးတော်အကြောင်းလေးး ဆက်ပြောပါအုံးး”
“အုပ်ကြီးစိတ်ဝင်စားတော့လည်းပြောရတာပေါ့ဗျာ ဒီလိုဗျ….. ”’
ဟုဆိုကာ ……. ဘဆရာကြီးး စနေရဲ့ အဘီးးအကြောင်းကို ပြောပြလိုက်လေတော့သည်……။
စနေ တတ်တိုး