” သင်္ချိုင်းစောင့်မဖဲဝါနှင့်ပီယဆေးဖော်တဲ့ည “(စ/ဆုံး)
=================================
ရွာနာမည်ကကိုင်းတောရွာ
အိမ်ခြေ၁၀၀ကျော်ခန့်ရှိပြီးစိုက်ပျိုးရေးကို
အဓိကထားလုပ်ကိုင်သည့်ရွာတစ်ရွာ
လည်းဖြစ်သည်။
ရွာ၏အရှေ့ကိုကြည့်လိုက်ရင်တော့
ထုံးဖြူဖြူ
ဘုရားများကိုဖူးမြင်နိုင်သည်။
ရွာ၏အနောက်ပိုင်းတွင်တော့
ရွာသင်္ချိုင်းကြီးရှိလေသည်။
ကိုင်းတောရွာတွင်၂၁နှစ်အရွယ်
အပျိုမိန်းကလေးဖူးဖူးသွယ်တစ်ယောက်
လယ်တောသို့ထမင်းတောင်းပို့ပြီး
ပြန်အလာတောလမ်းတစ်နေရာ
အရောက်တွင်
ပိုးထိပြီးဆုံးပါးခဲ့လေသည်။
ဖူးဖူးသွယ်ကကိုင်းတောင်ရွာရဲ့ကွမ်း
တောင်ကိုင်ပန်းတောင်ကိုင်တစ်ဦးဟု
ပြောလျှင်မမှားပေ။
ထို့ကြောင့်ဖူးဖူးသွယ်ကိုပိုးပန်းနေကြ
သည့်ကာလသားများအတွက်လည်း
ကြေကွဲဖွယ်သတင်းကြီးဖြစ်ခဲ့လေသည်။
ဖူးဖူးသွယ်၏မိဘမောင်နှမမများကတော့
ငယ်ငယ်ရွယ်ရွယ်ဖြင့်ဆုံးပါးသွားသည့်
ဖူးဖူးသွယ်အတွက်ဝမ်းနည်းကြေကွဲနေ
ကြရလေသည်။
“သမီးရေ သမီးလေး ဖူးဖူး
အမေ့သမီးရဲ့အဖြစ်ဆိုးလိုက်တာ
ကိုစိုးမောင်ရှင့်သမီးကိုခေါ်လို့မရတော့ဘူးတော့်
ဟီးဟီး ဟီးဟီး”
“မခင်ကလည်းကွာ။
တရားနဲ့ဖြေမှပေါ့ကွ။မင်းကဒီလိုငိုပြနေရင်
သမီးလေးရဲ့အစ်ကိုတွေအစ်မတွေက
ပိုပြီးစိတ်ထိခိုက်နေမှာပေါ့ကွ”
“အဖေရယ်အမေအားရအောင်
ငိုပါစေ။
ဒါမှအမေ့ရင်ထဲကအပူမီးတွေကုန်သွားမှာအဖေရ”
“အေးပါသားရယ်
အဖေကလည်းရင်ထဲမချိလွန်းလို့ပြောတာပါကွာ”
“သမီးလေး ဖူးဖူး
အမေ့ကိုပါတစ်ခါတည်းခေါ်သွားပါတော့လား”
“အီးဟီးဟီး”
မိခင်ဖြစ်သူဒေါ်ခင်၏အော်ငိုသံကြောင့်
အသုဘသို့ရောက်နေကြသည့်လူများလည်း
ဖူးဖူးသွယ်အတွက်ဝမ်းနည်းမျက်ရည်
လည်ကြရလေသည်။
ဖူးဖူးသွယ်၏နာရေးအားအချိန်ဆွဲ
မနေတော့ပဲနေ့တွင်းချင်းပင်မြေချခဲ့ကြလေသည်။
ဖူးဖူးသွယ်၏နောက်ဆုံးအချိန်အား
လိုက်ပို့ကြသည့်လူအများထဲတွင်
ထန်းတောရွာသားကိုဘမြိုင်လည်းအပါအဝင်
ဖြစ်လေသည်။
==============
“မင်းပြောတာသေချာလား ဘမြိုင်”
“ဆရာခိုင်ကလည်းကျုပ်ကမဟုတ်ပဲ
ပြောမလားဗျ။
ဖူးဖူးသွယ်ကလုံးဝမှအပျိုစစ်စစ်ဗျ။
ရွာရဲ့အလှပဂေးတစ်ယောက်ဆိုလည်း
မမှားဘူးဆရာခိုင်ရေ”
“အင်း…မင်းပြောသလိုဆိုရင်
ငါ့အစီအစဉ်ကိုဒီကနေ့ညမှာပဲ
အကောင်အထည်ဖော်ကြတာပေါ့ကွာ”
“အားကိုးပါတယ်ဆရာရယ်
ပိုက်ဆံဘယ်လောက်ပဲပေးရပေးရ။
ဆရာခိုင်ကိုပေးပါ့မယ်ဗျာ။
ဒါမှကျုပ်လုပ်ချင်တာလုပ်ရမှာဗျ”
“အင်း…ကောင်းပြီ။
ဒါဆိုရင်ညကြမင်းငါနဲ့လိုက်ခဲ့
သတ္တိရှိဖို့တော့လိုလိမ့်မယ်ဘမြိုင်
ဘယ့်နှယ့်လဲဖြစ်ပါ့မလား”
“ဟာသိပ်ဖြစ်တာပေါ့ဗျာ။
သိပ်ဖြစ်တာပေါ့။
ဒါနဲ့ကျုပ်တပည့်အာနိုးနဲ့ချစ်တီးကို
ညကြခေါ်လာခဲ့ချင်တယ်ဆရာ
ရလားမသိဘူး”
“မင်းတပည့်တွေကယုံကြည်ရလို့လား
တော်ကြာငါတို့ကိစ္စကိုသူများတွေ
သိသွားလို့မဖြစ်ဘူးဘမြိုင်”
“စိတ်ချ ဒီကောင်နှစ်ကောင်က
ကျုပ်သေဆိုသေရှင်ဆိုသေဆိုတဲ့
ကောင်တွေဗျ။
“ဒါဖြင့်ရင်လည်းခေါ်လာခဲ့။
ခိုင်းလို့ရတာပေါ့ကွာ။
ည၉နာရီတိတိရွာအပြင်ကဇရပ်မှာ
ငါစောင့်နေမယ်။
မင်းတို့သံတူရွင်းနဲ့ဂေါ်ပြားတွေယူလာခဲ့ကြ”
“စိတ်ချပါဆရာ။
ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်”
ကိုဘမြိုင်လည်းသူ့အကြံအစည်
အားတွေးတောရင်းပြုံးနေမိတော့သည်။
ကိုဘမြိုင်ဆိုသူကထန်းတောရွာမှ
ရွာသူဌေးဦးထွန်းဒေါ်မာမာအေးတို့
၏တစ်ဦးတည်းသောသားဖြစ်လေသည်။
ငယ်စဉ်ကတည်းကမိဘများမှအလိုလိုက်
အကြိုက်ဆောင်ခဲ့သဖြင့်ဘမြိုင်က
အလွန်ဆိုးသွမ်းသူလည်းဖြစ်သည်။
မိဘပိုက်ဆံအားရေလိုသုံးကာအရက်သောက်
ဖဲရိုက်၊ကြက်တိုက်မကောင်းမှုဟူသမျှ
အကုန်လုပ်သူဖြစ်သည်။
မိန်းမကိစ္စလည်းပျော်ပါးတတ်သူဖြစ်သည်။
အပျို၊အအို၊တစ်ခုလတ်၊မုဆိုးမ၊ကလေးမအေပါမကျန်ပစ်မှားစော်ကားချင်သည့်
စိတ်လည်းရှိထားလေသည်။
ယခုလည်းအောက်လမ်းဆရာဖြစ်သူ
ဆရာခိုင်အားငွေအထပ်လိုက်ပေးပြီး
ပီယဆေးဖော်ခိုင်းထားလေသည်။
ထိုပီယဆေးအားရခဲ့ပါကသူတစ်ပါးသားပျို
သမီးပျိုသူတစ်ပါးမယားများအားပီယ
ဆေးသုံးပြီးပြစ်မှားစော်ကားရန်စီစဉ်ထားခြင်း
ဖြစ်လေသည်။
ထိုကဲ့သို့ ကိုဘမြိုင်၏စိတ်က
အောက်တန်းအလွန်ကျသူဖြစ်လေသည်။
မိဘများကဆိုဆုံးမခြင်းမရှိလေတော့
ပို၍ပို၍ဆိုးနေခဲ့ခြင်းဖြစ်လေသည်။
ငရဲဆိုတာဘာလဲဟုမေးရလောက်အောင်
ဘမြိုင်၏ခေါင်းထဲတောင်မထည့်ခဲ့ပေ။
=============
ညမှောင်မှောင်လရောင်အောက်တွင်
လူ၃ယောက်ခပ်သွက်သွက်လျှောက်ကာ
ရွာပြင်မှဇရပ်ဆီသို့ဦးတည်ပြီးလာနေကြ
လေသည်။
“မင်းတို့ရောက်လာကြပြီလား”
“ရောက်ပါပြီဆရာ”
“ငါမှားထားတာတွေအားလုံးပါလာခဲ့လား
ဘမြိုင်”
“ပါပါတယ်ဆရာကြီး”
“ဟွန်း…အရက်နဲ့ကနံဟောင်နေတာပဲ။
သင်္ချိုင်းထဲရောက်ရင်မြေတောင်တူး
နိုင်ပါ့မလားကွ။
“ဆရာခိုင်ကလည်းသိပ်မသောက်ပါဘူး။
ရဲဆေးဖြစ်အောင်လို့နည်းနည်းပဲ
သောက်လာကြတာပါ”
“ကဲဒါဖြင့်ရင်လည်းသွားကြရအောင်”
“ဟုတ်ကဲ့ဆရာကြီး။
အာနိုးနဲ့ချစ်တီးလာသွားကြစို့”
လရောင်ခပ်ရေးရေးအောက်တွင်
ဆရာခိုင်တို့လေးယောက်ကိုင်းတောရွာ
သင်္ချိုင်းဆီသို့ဦးတည်ပြီးလာခဲ့ကြလေသည်။
==============
တဖြည်းဖြည်းနှင့်ဆရာခိုင်တို့လူစု
ဓါတ်မီးတစ်လက်စီဖြင့်
ကိုင်းတောရွာသင်္ချိုင်းထဲသို့ရောက်လာခဲ့ကြ
လေသည်။
“ဘမြိုင် ကောင်မလေးရဲ့မြေပုံက
ဘယ်နားမှာလဲ”
“ဟိုးအရှေ့နားမှာပဲဆရာ
သိပ်မလိုတော့ဘူး”
ဆရာခိုင်ကလွယ်အိတ်ကိုဟန်ပါပါ
လွယ်လိုက်ပြီးကိုဘမြိုင်၏နောက်မှ
ကပ်လိုက်လာခဲ့လေသည်။
သင်္ချိုင်း၏မြေပုံတစ်နေရာရောက်တော့
ကိုဘမြိုင်၏ခြေလှမ်းတို့ရပ်တန့်သွား
လေသည်။
“မဖူးဖူးသွယ် အသက်၂၁နှစ်”
မြေပုံမို့မို့ကလေး၌မြေဖြူဖြင့်ရေးသားထားသော
မဖူးဖူးသွယ်အသက်၂၁နှစ်ဟုဆိုသည့်
စာသားအားဓါတ်မီးအလင်းရောင်ဖြင့်
မြင်နေရလေသည်။
“ဒီမြေပုံပဲဆရာ”
“အဲ့ဒါဆိုရင်ချစ်တီးနဲ့အာနိုး
မင်းတို့နှစ်ယောက်ကဒီမြေပုံကိုတူးလိုက်ကြ
ငါလုပ်စရာရှိတာလုပ်လိုက်ဦးမယ်”
“ဟုတ်ကဲ့ဆရာခိုင်”
“ဟေ့ကောင်တွေတူးကြတော့”
“ဟုတ်ကဲ့ကိုကြီး”
“စွပ်”
“ဒုတ် ဒုတ် ဒုတ်”
“ဘုတ် ဘုတ် ဘုတ်”
အာနိုးနှင့်ချစ်တီးကဖူးဖူးသွယ်၏
မြေပုံအားတူးနေကြလေသည်။
ဆရာခိုင်ကမြေကြီးအားလက်ညိုးဖြင့်
စည်းဝိုင်းပုံစံဝိုင်းကာပါးစပ်မှ
ဂါထာတစ်ခုကိုရွတ်ဖတ်နေလေသည်။
ပြီးနောက်ဆရာခိုင်ကလွယ်အိတ်ထဲမှပါလာသောဖယောင်းတိုင်းများအားထွန်းညှိလိုက်လေသည်။
“ဝေါ ဝေါ ဝေါ”
“ဝုန်း”
“အ အ အ ”
ရုတ်တရက်လေပြင်းများ
တိုက်လာပြီးသင်္ချိုင်းထဲ၌အသိုက်ဖွဲ့ပြီး
နေနေကြသည့်ကျီးကန်းများ
အလန့်တကြားထ၍ပျံကြလေသည်။
ချစ်တီး၊အားနိုး၊ဘမြိုင်တို့လည်း
ထိတ်လန့်ကာဟိုကြည်သည်ကြည့်
ကြည့်နေကြလေသည်။
ဆရာခိုင်ကတော့ထွန်းညှိထားသည့်
ဖယောင်းတိုင်များမီးငြိမ်းမသွားစေရန်
လက်ဖြင့်ကာထားလိုက်သည်။
လေတိုက်တာရပ်သွားသည်နှင့်
ဂါထာတစ်ခုအားရွတ်ဆိုမြဲရွတ်နေခဲ့လေသည်။
“ဒုန်း”
“အခေါင်းဖုံးပေါ်လာပြီ
အခေါင်းကိုမလိုက်ကြတော့”
“ဟုတ်ကဲ့ ဆရာခိုင်”
ဘမြိုင်နှင့်သူ့တပည့်နှစ်ယောက်တို့လည်း
ဖူးဖူးသွယ်၏အခေါင်းအားကျင်းပေါ်သို့
ရောက်အောင်မလိုက်ကြလေသည်။
“ဒုန်း”
“အခေါင်းကိုအဖုံးဖွင့်လိုက်ကြ”
“ဟုတ်ကဲ့ဆရာကြီး”
ချစ်တီးကသံတူရွင်းဖြင့်အခေါင်းဖုံး
သစ်သားအားကလော်၍ဖွင့်လိုက်လေသည်။
“ကျွီ ကျီ ဂလုန်း”
“ရပြီပွင့်သွားပြီဆရာ”
“အေးကောင်းတယ်
မင်းတို့၃ယောက်ကိုငါအထူးမှာချင်တယ်
ဘာပဲလာလာဘာပဲတွေ့တွေ့
ဒီစည်းဝိုင်းထဲကနေလုံးဝမထွက်မိစေနဲ့
ကြားလား”
“ဟုတ်ကြားပါတယ်ဆရာ”
“အေးဒီသင်္ချိုင်းထဲကနာနာဘာဝ
တွေကတော့ငါတို့အစီအစဉ်ပျက်အောင်လို့
အမျိုးမျိုးခြောက်လှန့်လိမ့်မယ်။
အဓိကကတော့မင်းတို့သတ္တိရှိကြဖို့ပဲ
ဘာမှမကြောက်ကြနဲ့
ဟုတ်ပြီလား။
“ဟုတ်ဆရာခိုင်”
“ကဲအဆင်သင့်ဖြစ်ပြီဆိုရင်
စလိုက်ကြတာပေါ့။
ဆရာခိုင်ကထိုသို့ပြောလိုက်သည်နှင့်
ကိုဘမြိုင်နှင့်သူ၏တပည့်ချစ်တီး၊အာနိုး
တို့လည်းစည်းဝိုင်းအတွင်း၌ကျောခြင်းပေးကာ
ထိုင်နေကြလေသည်။
“ပရလောကသားများမည်သူ
တစ်ဦးတစ်ယောက်မှမနှောင့်ယှက်ရ။
ငါဆရာအမိန့် အမိန့် အမိန့်
အပျိုစင်မိန်းကလေးဖူးဖူးသွယ်၏
ဝိညာဉ်အားငါဆရာခိုင်အမိန့်နဲ့
ဆင့်ခေါ်တယ်။
အခုချက်ချင်းလာရောက်ပူးကပ်စေ”
ဆရာခိုင်၏အသံကသင်္ချိုင်းကြီး
တစ်ခုလုံးသို့ပျံ့နှံ့သွားတော့သည်။
ကိုဘမြိုင်နှင့်သူ့တပည့်နှစ်ယောက်လည်း
ထိတ်လန့်သောမျက်လုံးများဖြင့်
ဖူးဖူးသွယ်၏အလောင်းအားကြည့်နေကြ
လေသည်။
“အင်း ဟင်း ဟင်း”
“ဟာ…”
“ဟင်”
“ဟာ”
ဖူးဖူးသွယ်၏ခန္ဓာကိုယ်မှာတဖြည်းဖြည်း
လှုပ်ရှားလာပြီးပါးစပ်မှညည်းတွားသံ
တစ်ခုထွက်ပေါ်လာခဲ့လေသည်။
“အင်းဟင်းဟင်း”
ညည်းသံနှင့်အတူ
အခေါင်းထဲမှအလောင်းကောင်ကြီးက
ငုတ်တုပ်ထပြီးထိုင်နေလေသည်။
ဖူးဖူးသွယ်၏မျက်နှာတစ်ခုလုံး
အဆိပ်များကြောင့်ညိုမည်းနေလေသည်။
“ဟင်”
“ဟာ အလောင်းကောင်ကြီး
ထလာပြီကိုဘမြိုင်”
“ကြောက်စရာကြီးကွ”
“ငါမင်းတို့ကိုဘာပြောထားလဲ
ဘာမှကြောက်စရာမလိုဘူး။
ငါတစ်ယောက်လုံးရှိတယ်ကြားလား”
“ဟုတ် ဟုတ်ကဲ့ဆရာ”
ဆရာခိုင်လည်းဖူးဖူးသွယ်ထံသို့
သွားလိုက်ပြီးကျောက်ပြင်တစ်ချပ်အား
ထုတ်ကာဖူးဖူးသွယ်၏ပေါင်ပေါ်၌
တင်ပေးလိုက်လေသည်။
ထို့နောက်သနပ်ခါးတုံးအားကျောက်ပြင်ပေါ်သို့
တင်ထားလိုက်လေသည်။
“ဖူးဖူးသွယ်ဆိုတဲ့ပရလောကသားအား
ငါဆရာခိုင်အမိန့်ပေးတယ်။
ဟောဒီကျောက်ပြင်ပေါ်မှာသနပ်ခါးသွေးစမ်း”
ဆရာခိုင်ကအမိန့်သံအားခပ်ပြင်းပြင်း
ပေးလိုက်ပြီးကျောက်ပြင်ပေါ်သို့
အဆင်သင့်ယူဆောင်လာသည့်
ရေအနည်းငယ်အားကျောက်ပြင်ပေါ်၌
လောင်းလိုက်လေသည်။
ဖူးဖူးသွယ်ကဆရာခိုင်ခိုင်းသည့်အတိုင်း
မလုပ်ပဲဆရာခိုင်အားမျက်ထောင့်နီကြီးဖြင့်
စိုက်ကြည့်နေလေသည်။
“အောင်မာ နင်ကငါ့အမိန့်ကိုမနာခံပဲ
ငါ့ကိုပြန်ကြည့်နေတယ်ပေါ့လေ။
ငါလုပ်လိုက်ရနှစ်ခါပြန်သေနေဦးမယ်
သွေးအခုသွေးစမ်း”
ထိုအခါမှဖူးဖူးသွယ်၏လက်များက
သနပ်ခါးတုံးအားကိုင်လိုက်လေသည်။
“သွေးအခုသွေးစမ်း”
“ဂျစ်ဂျစ် ဂျစ်ဂျစ်”
“ဟာသရဲမကသနပ်ခါးသွေးနေပြီ
ကိုဘမြိုင် ကြည့်ပါဦးကြက်သီးထစရာကြီးဗျာ”
“ချစ်တီးအသာကြည့်စမ်းပါကွာ။
တော်ကြာဆရာခိုင်ကပြောနေပါဦးမယ်”
“သွေးခပ်ပျစ်ပျစ်လေးသွေး
အားစိုက်ပြီးသွေးစမ်း”
ဆရာခိုင်ကကျောက်ပြင်ပေါ်သို့
ရေအနည်းငယ်ထပ်ချလိုက်လေသည်။
“ဂျစ်ဂျစ်”
သင်္ချိုင်းထဲတွင်အသက်ဝင်နေသည့်
အလောင်းကောင်ကြီးမှသနပ်ခါးသွေးနေသည့်
မြင်ကွင်းမှာကြက်သီးထရလောက်အောင်
ကြောက်စရာအလွန်ကောင်းနေတော့သည်။
“ရပြီ တော်တော့။
အဲ့ဒီသနပ်ခါးတွေကိုနင့်မျက်နှာမှာလိမ်းစမ်း”
“ဟင်း ဟင်း ဟင်း”
ဖူးဖူးသွယ်ပါးစပ်မှတဟင်းဟင်းဖြင့်
ဆရာခိုင်အမိန့်အားလွန်ဆန်နေခြင်းဖြစ်သည်။
“အံမယ်ငါ့ကိုအာခံမနေနဲ့။
အခုလိမ်းငါ့ကိုပြန်ကြည့်မနေနဲ့
နင့်ဝိညာဉ်ကိုဖမ်းပြီးတစ်သက်လုံးခိုင်းစားပစ်လို့
ရတယ်ငါ့များဘာမှတ်နေသလဲ”
“အူဝူး ဝူ ဝူ”
“အူးဝူး ဝူး ဝူး”
ရုတ်တရက်သင်္ချိုင်းထဲမှခြောက်ခြား
ဖွယ်ရာခွေးအူသံကြီးကပျံ့လွင့်လာခဲ့လေသည်။
တဖြည်းဖြည်းနှင့်ထိုခွေးအူသံကြီးက
ဆရာခိုင်တို့လူစုအနီးသို့ရောက်ရှိလာခဲ့လေသည်။
“ဟင်…ဟို ဟိုမှာသရဲမကြီး”
ချစ်တီးကတစ်နေရာသို့လက်ညိုးထိုးကာ
သရဲမကြီးဟုထိတ်လန့်စွာပြောလိုက်လေသည်။
ချစ်တီးပြောလိုက်သည့်စကားကြောင့်
ဘမြိုင်၊အာနိုးနှင့်ဆရာခိုင်တို့လည်းချစ်တီးပြသည့်
နေရာအားပြိုင်တူကြည့်လိုက်ကြလေသည်။
“ဟင်…သင်္ချိုင်းရှင်မမဖဲဝါပါလား”
ဆရာခိုင်ကအလန့်တကြားဖြင့်
ပြောလိုက်လေသည်။
သရဲမကြီးမဖဲဝါကမြေကြီးနှင့်ခြေထောက်
မထိပဲလေထဲတွင်ခါးကြီးထောက်ကာ
သူတို့အားစိုက်ကြည့်နေလေသည်။
“ဟာ…သ သ သရဲမျကီး
ကျုပ်တို့ကိုခါးထောက်ပြီးကြည့်နေတယ်ဆရာ။
ကြောက် ကြောက်စရာကြီး။
အာနိုးကကြောက်ကြောက်လန့်လန့်ဖြင့်
စည်းဝိုင်းအတွင်းမှထွက်ပြေးလေတော့သည်။
“ဟာ…သွားပြီ အာနိုး မပြေးနဲ့လေ။
စည်းဝိုင်းထဲကမထွက်နဲ့အာနိုး”
ဆရာခိုင်မည်သို့ပင်တားစေကာမူ
အာနိုးကတော့သင်္ချိုင်းထဲမှထွက်ပြေးသွား
လေသည်။
“သွားပြီပရလောကစည်းပေါက်သွားပြီ”
ဆရာခိုင်လည်းချွေးသီးချွေးပေါက်များကျကာ
စိုးရိမ်ထိတ်လန့်နေတော့သည်။
“ဟား ဟား ဟား ဟား
ငါ့ခွင့်ပြုချက်မရှိပဲငါ့သင်္ချိုင်းထဲလာပြီး
ဆေးဖော်ချင်တဲ့ဆရာစုတ်။
နင်အခုစည်းကျိုးပြီလေဘာတတ်နိုင်သေးလဲဟေ့
ငါမဖဲဝါတဲ့ ငါ့အကြောင်းသိအောင်
ပြရသေးတာပေါ့”
“ဟား ဟား ဟား ဟား”
“ပြေး ပြေးလွတ်အောင်ပြေးတော့ ဘမြိုင်”
ဆရာခိုင်လည်းပြေးရန်သတိပေးသဖြင့်
ဘမြိုင်လည်းစည်းဝိုင်းအတွင်းမှထကာ
ထွက်ပြေးမည်အပြု ဖူးဖူးသွယ်က
ဘမြိုင်၏ခြေထောက်နှစ်ဖက်ကိုဆွဲထားလေသည်။
“လွှတ်စမ်း ငါ့ကိုလွှတ်”
“ဘုန်း”
ဖူးဖူးသွယ်ကဘမြိုင်၏ခြေထောက်နှစ်ချောင်း
အားဆွဲကာမြေပေါ်သို့လဲအောင်လုပ်လိုက်
လေသည်။
“ငါ့ကိုအသုံးချပြီးနင်က
ဆေးစီရင်မလို့ပေါ့လေဟုတ်လား။
သီလသမာဓိမရှိတဲ့အကောင်
နင့်ကိုအရှင်မထားဘူး။
“ကဲ သေစမ်း”
“ခွပ်”
“ခွပ်”
“အား…”
ဖူးဖူးသွယ်ကလက်ထဲမှကျောက်ပြင်ကြီး
ဖြင့်ဘမြိုင်အားထုသတ်လေတော့သည်။
ဆရာခိုင်လည်းဘမြိုင်အဖြစ်အား
ကြောင်ပြီးရပ်ကြည့်နေခိုက်မဖဲဝါရောက်လာပြီး
ဆရာခိုင်အားလည်ပင်းလိမ်ချိုးလိုက်တော့သည်။
“ဂျွတ်”
“အား”
“ဘုတ်”
မဖဲဝါကဆရာခိုင်အားသတ်ပြီးသည်နှင့်
သင်္ချိုင်းအတွင်းသို့ပြန်ဝင်သွားတော့သည်။
ဖူးဖူးသွယ်လည်းဘမြိုင်အား
စိတ်တိုင်းကျသတ်လိုက်ပြီးမှအခေါင်းထဲဝင်
ကာလှဲလျောင်းလိုက်သည်။
================
“အမေ အမေ”
“ဟင်…သမီးလေးဖူးဖူး
အမေ့ဆီလာတယ်”
“ဟုတ်တယ်အမေ သမီးကိုတစ်ခုလောက်ကူညီပါအမေ”
“ဘာများလဲသမီးလေး အမေ့ကိုပြောလေ
အမေကူညီမှာပေါ့”
“ထန်းတောရွာကကိုဘမြိုင်လေ
သမီးအလောင်းကိုပြန်ဖော်ပြီး
အောက်လမ်းဆရာတစ်ယောက်နဲ့ဆေးစီရင်
ကြတယ်အမေ။
“ဟင်…သူတို့တွေသမီးကို
ဘာလုပ်ကြသေးလဲ”
“သူတို့ပြုသမျှခံရတော့မယ့်အချိန်
သင်္ချိုင်းရှင်မမဖဲဝါရောက်လာတယ်အမေ။
သူတို့တွေလည်းပရစည်းပေါက်ပြီး
ထွက်ပြေးကြတယ်လေ။
ဘမြိုင်ကိုတော့သမီးလက်နဲ့သမီးကိုယ်တိုင်
သတ်ပစ်လိုက်တယ်အမေ။
အောက်လမ်းဆရာကတော့သင်္ချိုင်းရှင်မ
မဖဲဝါလက်ချက်ကြောင့်သေသွားပြီ။
အခုသင်္ချိုင်းထဲမှာမြှုပ်ထားတဲ့သမီးအလောင်းက
ကိုဘမြိုင်တို့လက်ချက်ကြောင့်အပြင်
ရောက်နေတယ်အမေ
အဲ့ဒါအမေပြန်ပြီးမြှုပ်နှံပေးဖို့သမီးလာပြောတာပါ
သမီးကိုကူညီပါနော်အမေ။
“အေးအေး အမေကူညီရမှာပေါ့သမီးရယ်”
“ဒါဖြင့်ရင်သမီးသွားတော့မယ်အမေ
နောင်ဘဝတွေမှာလည်းအမေတို့နဲ့
ပြန်ဆုံချင်ပါသေးတယ်အမေ”
“သမီး သမီးလေးဖူးဖူး”
“မိန်းမ မိန်းမကယောင်ကတမ်းနဲ့
ဘာတွေထအော်နေတာလဲ”
“ဟင်…သမီးလေးရောသမီးလေး”
“သမီးလေးကသေပြီလေမိန်းမကလည်း
မင်းသမီးလေးကိုစိတ်ဆွဲပြီးအိပ်မက်
မက်ရင်းထအော်နေတာ”
“ကျွန်မလေအိပ်မက်မက်တယ်သိလား
အိပ်မက်ထဲမှာသမီးလေးအလောင်းကို
တူးပြီးအောက်လမ်းဆရာနဲ့ဆေးစီရင်ကြတယ်
လို့သမီးလေးကကျွန်မကိုအိပ်မက်လာပေးတယ်
ယောက်ျား။
အခုသမီးလေးရဲ့အလောင်းကမြေပေါ်မှာ
ဒီအတိုင်းကြီးရှိနေတယ်တဲ့လေ။
အဲ့ဒါသမီးလေးပြန်ပြီးမြှုပ်နှံပေးဖို့
ကျွန်မကိုအိပ်မက်ပေးပြီးပြောသွားတယ်”
“ဒါဆိုရင်မနက်ကြငါတို့တွေ
သင်္ချိုင်းကိုသွားပြီးသမီးလေးမြေပုံကို
သွားကြည့်ကြတာပေါ့ကွာ။
လူမဆန်တဲ့ကောင်တွေငါ့သမီးလေး
သေတာတောင်အေးအေးဆေးဆေး
နေခွင့်မပေးကြဘူး”
**************
နံနက်လင်းသည်နှင့်ဖူးဖူးသွယ်၏
မိဘမောင်နှမများကရွာလူကြီးများဖြင့်
သင်္ချိုင်းအတွင်းသို့ရောက်လာခဲ့ကြသည်။
“ဟာ…”
“ဟင်”
သင်္ချိုင်းထဲရောက်သည်နှင့်အားလုံး
ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။
ဘမြိုင်ဆိုသူကဦးခေါင်းတစ်ခုလုံး
ကြေမွကာအသက်မဲ့နေလေသည်။
အောက်လမ်းဆရာ
ဆရာခိုင်ဆိုသူလည်းမျက်လုံးကြီးပြူးပြီး
လည်လိမ်ကာသေဆုံးနေလေသည်။
ဖူးဖူးသွယ်၏အခေါင်းပုံးကလည်း
အိပ်မက်ပေးသည့်အတိုင်းမြေပေါ်သို့
ရောက်ရှိနေလေသည်။
“ဘမြိုင် ဘမြိုင် မင်းရဲ့ဇာတ်ကို
မင်းနိုင်အောင်မကနိုင်တော့အခုလို
အသေဆိုးနဲ့သေရပြီမဟုတ်လား”
“ကဲကဲ အချိန်မရှိဘူးဖူးဖူးသွယ်ရဲ့
အလောင်းကိုမြေမြှပ်ဖို့လုပ်ကြတော့
ဟိုနှစ်ကောင်ရဲ့အလောင်းကိုလည်း
ထန်းတောရွာကကာယကံရှင်တွေဆီ
အကြောင်းကြားရဦးမယ်ကွ”
“ဟုတ်ကဲ့ ရွာလူကြီး”
ထို့နောက်ဖူးဖူးသွယ်၏အလောင်းအား
မြေမြှပ်ပေးလိုက်ကြသည်။
ဆရာခိုင်နှင့်ဘမြိုင်အလောင်းအား
လှည်းဖြင့်သယ်ကာထန်းတောရွာမှ
ဘမြိုင်၏မိဘများအားအကြောင်းကြားလိုက်ကြ
လေသည်။
ဘမြိုင်၏မိဘများမှာသားဖြစ်သူအတွက်
ယူကျုံးမရဖြစ်ကာငိုယိုကြလေသည်။
အောက်လမ်းဆရာဆရာခိုင်ကတော့
မိမရှိဖမရှိဆွေမရှိမျိုးမရှိသူမို့
မည်သူကမှလာရောက်ကြခြင်းမရှိကြပေ။
နောက်ဆုံးထန်းတောရွာမှ
ရွာလူကြီးကဦးဆောင်ကာအောက်လမ်းဆရာ
ဆရာခိုင်၏အလောင်းအားမီးရှို့သင်္ဂြိုလ်လိုက်
ကြလေသည်။
ထိုကိစ္စတွင်ကြံရာပါများဖြစ်ကြသည့်
ချစ်တီးနှင့်အာနိုးတို့နှစ်ဦးကိုလည်း
ထန်းတောရွာရွာလူကြီးမှဖမ်းဆီးထားလေသည်။
အစိမ်းသေအပျိုစင်အလောင်းအား
တူးဖော်ကာပီယဆေးဖော်ကြသည့်
ဘမြိုင်နှင့်ဆရာခိုင်တို့နှစ်ဦးကတော့
မဟာအဝီစိငရဲမှာခံစားနေရတော့မှာ
မလွဲတော့ပေ။
ပြီးပါပြီ……
စာဖတ်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
ရေးသားသူ- အောင်ဓူဝံ
#အောင်ဓူဝံ
#crd