သမီးကိုချစ်၍လာခေါ်သူ(စ/ဆုံး)
———————————–
ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ရွိတဲ့ ရွာလေးတစ်ရွာ!!!!
ရွာကအကြီးကြီးမဟုတ်။ အိမ်ခြေသုံးဆယ်လောက်သာရှိတဲ့ ရွာ။ ရွာသူ / သားတွေကလည်း တစ်နေ့လုပ်တစ်နေ့စားတောင်သူ လယ္သမား များပင်။အဲ့ဒီထဲ ကမွ ဒေါ်ငွေခင် တို့မိသားစုက ငွေကြေးပြည့်စုံ ချမ်းသာတဲ့ မိသားစုပင်ဖြစ်သည် ။ ပိုက္ဆံရွိသူပီပီ ဒေါ်ငွေခင်သည် ငွေဂုဏ်မောက်သည် ။ သူ့အိမ်မှာရှိသော အလုပ်သမားတွေ ကိုလည်း အထက္စီးက ပြောဆိုသည် ။
”ဟဲ့ သာမောင် ဒီလိုပဲ နားနေကြတော့မှာလား ”
”အခုမွ နားတာပါ အရီးငွေခင်ရာ ”
”အခုမွ နားနား မနားနား ထအလုပ်ပြန်လုပ်တော့
နင်တို့းကိုပိုက်ဆံပေးထားတာဟဲ့ အလကားခိုင်းတာမဟုပ်ဘူး ”
လယ်အလုပ်သမား (စာရင်းငှား) တွေကိုသာ ဒီလို ဆက်ဆံသည်မဟုတ် ။
“ဟဲ့မိရွှေ မိရွှေဒီကိုမြန်မြန်လာစမ်း ”
”လာပါပြီ အရီး ”
” ဒီမှာကြည့်စမ်း နင့်ဟင်းအိုးကို ဒီလောက် ဆီတွေများရလား ငါ့ဆီတွေတော့ကုန်ပါပီတော် ”
“အခုပြန်ခပ် နင့်တို့ကလေ ငါ့ ပစ္စည်း တွေကို ကုန်အောင်လုပ်နေကြတာပဲ တကတည်း ”
ဒေါ်ငွေခင် ပြောဆိုပုံတွေကို ခင်ပွန်းဖြစ်သူ ဦးသာအောင် စိတ်တိုင်းမကျပေ ။
“ငွေခင်ရယ် မင်းအ့လောက်ထိ လိုက်မပြောပါနဲ့ကွာ ”
”မပြောလို့ရမလားတော့်ဒါကျွန်မ ပစ္စည်း တွေလေ မပြောရင် ကုန်သွားမှာပေါ့တော့ ”
“မင်းလည်း တစ်နေ့တစ်နေ့ လောဘ ဒေါသတွေနဲ့ပဲ အချိန်ကုန်နေတော့မှာလား ဘုရားတရားလေးလုပ်ပါဦးကွာ ”
” အိုမလုပ်အားပါဘူးတော် ကျွန်မသမီးလေးရှေ့ရေးအတွက် ငွေရှာရဦးမယ် ”
ဘယ်လိုမှပြောမရတဲ့အဆုံး ဦးသာအောင် လက်လျှော့လိုက်ရပါသည် ။ဒေါ်ငွေခင်အတွက် ရင်လေးမိကာ ခေါင်းသာခါမိနေတော့သည် ။
ဒေါ်ငွေခင် တို့မှာက သားသမီး ဆိုလို့ သမီးတစ်ယောက်တည်းသာရှိသည် ။ သမီးကလည်း မြို့မှာကျောင်းတက်နေ၍ပြန်မလာဖြစ်ပေ ။ တစ်နေ့ ဒေါ်ငွေခင်တျောက် ဖျားပြီးအိပ်ယာထဲလဲပါတော့တယ် ။
ဆရာပင့်ရအောင် အမျိုးမျိုး ဖြောင့်ဖျသော်လည်းမရ ။ငွေကုန်မည် ဆိုး၍ ရှိသော ဆေးဝါးများ နှင့်ကုသရာ မပျောက်ပဲ ပိုပိုဆိုးလာခဲ့သည်။ နောက်ဆုံးတော့ ပိုက်ဆံသမျှောတဲ့ဒေါငွေခင်တျောက် ပိုက်ဆံတစ်ကျပ်မှမယူနိုင်ပဲ လောကကြီးထဲက ထွက်ခွာသွားတော့သည် ။
************
ဦးသာအောင် ကတော့ စိတ်မကောင်းရုံမှလွဲ၍ဘာမှ မတက်နိုင်ခဲ့ပေ ။ သမီးကတော့စာမေးပွဲရှိနေ၍မပြောပြခဲ့ပေ။ အိမ်တွင်တော့ တာလပတ်တွေနဲ့ ကနဖျင်း ထိုးသူထိုး ဝါးခုတ်သူ ခုတ်နဲ့ အလုပ်ရှုပ်နေကြတော့သည်။ အိမ်စောင့်ရအောင်တော့ ဖဲဝိုင်းလုပ်ခွင့်ပေးထားသည်။
“ဟျောင့် …အောင်မင်း…ငါအပေါ့ ခဏသွားဦးမယ် ”
လှမောင်တျောက် ဖဲရိုက်ရင်း အပေါ့သွားချင် လာ၍ ထွက်လာခဲ့သည် ။
“ဟူး…အခုမှပဲ ပေါ့သွားတော့တယ် ”
“ဟင် ရှေ့က ဘယ်သူတုန်းဟ ”
လှမောင် ပြန်မလို့ လှည့်အထွက်မှာ မိန်းမတျောက်ကျောခိုင်း ရပ်နေတာတွေ့ ရတော့ သိချင်သည်နှင့် ထိုနားသို့လျှောက်သွားခဲ့သည်။
“ဟေ့…ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ ”
“ငါကဒီမှာ နေတာလေ ”
“ခင်ဗျားကိုလည်းမမြင်ဘူးပါဘူး …ခင်ဗျား အိမ်ကဘယ်မှာလဲဗျ ”
“ငါ့အိမ်က ဒီအိမ်လေ ”
“ဗျာ …ဒေါ် ငွေ …ငွေ … ခင် ”
လှမောင် ဒူးတွေခိုက်ခိုက်တုန်၍ ပြေးဖို့ပင် ေမ့နေတော့သည်။
**********
အသုဘချသည့် နေ့ရောက်တော့……
“သွကာသ…သွကာသ …သွကာသ …ကာယကံ…ဝစီကံ……
“ဟီးဟီး …ဟီး…”
တရားနာနေရင်း မချို ရုတ်တရက် ကြီး ထငိုတော့တယ်။
အကုန်လုံး အံသြရင်း မချိုးကို ဝိုင်းကြည့်ကြသည်။ အခြေအနေကို ရိပ်စားမိသော ဘုန်းဘုန်းက…
” ဒကာမက…ဘယ်သူလဲ”
“တပည့်တော် ငွေခင်ပါဘုရား ”
“ဘာပြော စရာရှိလို့လဲ ဒကာမ ”
“တပည့်တော် သာဓုမခေါ်ချင်ပါဘူး ဘုရား ”
“ဘာဖြစ်လို့လဲ ဒကာမ …သာဓုခေါ်ပြီး ကောင်းရာ ဘဝကို သွားပါတော့ ”
“တပည့်တော် သမီးကို စိတ်မချဘူး ဘုရား …သမီးမပါပဲ တပည့်တော် ဘယ်မှ မသွားနိုင် ပါဘူးဘုရား ”
“ဒကာမ ဘဝခြားသွားပြီလေ…”
“ငွေခင်ရယ် …ကောင်းတဲ့ဘုံဘဝကို သွားပါတော့ …သမီးကို ဘာမှမလုပ် ပါနဲ့ကွာ ”
“ကျွန့မ သမီးက်ု ခေါ်သွားမှာ ”
ထိုသို့ပြောပြီ မချိုလဲကျသွားသည်။
************
ထိုနေ့ ကိစ္စ တွေပြီးတော့ ဦးသာမောင် သမီးကိူ သွာခေါ်ဖို့ ပြင်ရတော့သည်။ ရွာမှ ကားလမ်းသို့ လှည်းဖြင့် သွားပြီး ကားလမ်းရောက်တော့ ကားေပါ်တက်ကာ ပါသွားတော့သည်။ နာရီ တကြည့်ကြည့်နှင့်လာခဲ့ရာ သမီးနေသော အဆောင်သို့ ညမိုးချုပ်မှ ေရာက်လာခဲ့သည်။
“ကိူသာအောင် ပါလာဗျ…လာ…ဝင်ဗျာ…”
“သမီးကို လာခေါ်တော့ တာလား ”
“ဟုပ်တယ်ဗျာ…မနက်ဖြန် စာမေးပွဲ ပြီးပြီ ဆိုတော့ လာခေါ်တာဗျာ, ”
“ဒါနဲ့…မငွေခင်ကဘာလို့ပြန်သွားတာလဲဗျ ”
“ဗျာ ”
ဦးသာအောင် တော်တော်အံသြသွားရသည်။
“ကျွန့တော် တျောက်တည်း လာတာပါဗျာ ”
“ဟား…တော်တော်နောက်တယ်နော် ကိုသာအောင် …စောစောက ကားနဲ့ ဒေါ်ငွေခင် ပြန်ပါသွားတယ်လေဗျာ ”
ဦးသာအောင် သမီးကိုပို၍စိမချ ဖြစ်ရသည်။ ညရောက်တော့ စကားစမြည် ပြောကြပြီး အိပ်ယာ ဝင်ခဲ့ကြသည်။စာမေးပွဲရက်မို့ သမီးနှင့်တော့ မတွေ့ရသေးပါ။
အိပ်ယာစောစော ဝင်ခဲ့သော်လည်း တော်တော်နဲ့ အိပ်မပျော်ခဲ့ပါ။ သမီးလေး ကိုပဲစိတ်ပူနေခဲ့သည်။
“သမီးကို စိတ်မချဘူး…ကျမခေါ်သွား မှာ ”
“မလုပ်ပါနဲ့ ”
အိပ်မက်မှလန့် နိုးလာခဲ့သည်။ အိပ်မက်ဆိုပေမဲ့ တော်တောပီပြင်နေတော့ ဘုရားတရင်း သမီး ဘေးကင်းဖို့သာ
ဆုတောင်းနေရတော့သည်။
မနက်မိုးလင်းတော့ ကိုသန်းမောင် အရေးတကြီးသုတ်ပျာ ရောက်လာသည်။
“ကိုသာအောင် …ကိုသာအောင် …
“အရေးတကြီးသုတ်ပျာ ဘာဖြစ်လာတာလဲ ဗျ ”
“ခင်ဗျားသမီး…ချောအိ ”
“သမီး…သမီး ဘာဖြစ်လို့လဲ ”
စကားပင်မဆုံးလိုက် ဦးသာအောင် ချောအိရီရှိတဲ့ အခန်းဆီသို့ အပြေးအလွှား လာခဲ့သည်။
“သမီး…ချောအိ…သမီးလေး, ”
“ဘယ်လို ဖြစ်တာလဲဗျာ …ကျွန်တော့်သမီးလေး,”
“ကျွန်တော်တို့ လည်း မသိဘူး ဗျာ ဘယ်လိုပြောရမလဲ တောင်မသိဘူး မနက်မိုးလင်းလို့ ချောအိမထသေး လို့ နှိုးတော့ နှိုးလို့မရတော့တာ ပဲ ”
ဦးသာအောင် ဘယ်လိုပင်ခေါ်ခေါ် အသက်မဲ့နေပြီဖြသ်တဲ့ ချောအိရီ ကိုယ်မှ မည်သို့မှ တုန့်ပြန်ခြင်း မရှိတော့ပါ။
ချောအိရီ သေဆုံး မှု မှာ တိုက်ဆိုင်တာလား ဒေါ်ငွေခင် လာခေါ်တာလားဆိုတော့ ချောအိရီ ပဲသိပါလိမ့်မည်။
ကိစ္စ တွေဖြစ်ပြီး တစ်ပတ်ခန့်အကြာ ရွာဦးဘုန်းကြီးကျောင်း၌ အဝါရောင် သက်န်းကို ဆင်မြန်းပြီး တရားထိုင် နေသည့် ဦးသာအောင် ကို လူတိုင်းတွေ့မြင်ကြရတော့သည်………
ကြွေရုပ်လွှာ ☺☺☺