အကြွေပန်း(စ/ဆုံး)
—————
“မိစန်းဆုံးပြီ´´
ရပ်ကွက်သတင်းစကားလေးကြောင့် အချိန်မတန်ပဲ ကြွေလွင့်ရလေပေါ့ ပန်းလေးတပွင့်
မိစန်း
အဖေအရက်သမားကြီး
အလုပ်မလုပ်တတ်တဲ့အမေ
ညီမလေး မယ်အိ
မောင်လေးဖိုးရှုပ်
ဘဝ ဘဝတွေထဲ့ကအဖြစ်တခုမို့မဆန်းပင်မဲ့
နှလုံးသားရှိသူတိုင်း နာကျင်ခဲ့ရတဲ့အဖြစ်လေးတခုပေါ့
“မိစန်းရေ မိစန်း သွားကြစို့´´
“လာလေမိသုန် သွားကြမယ်´´
“ထမင်းစားနေတာလား ဟင် ဘာဟင်းမှမပါဘူးလား မနေ့ညနေကဝယ်လာတဲ့ကြက်ဥအကွဲတွေကကုန်ုပြီလား´´
“နေ့တိုင်းကြက်ဥကြည့်စားနေရတာမစားချင်လို့ ငပိထောင်းနဲ့စားနေတာ´´
အူဝဲဆိုကတဲ့လည်ပင်းဖက်ပေါင်းလာတာ အကြောင်းသိတွေကို သူငယ်ချင်းမိစန်းက သူမစားရချင်နေ သူအငတ်ခံပြီးမိသားစုအပေါ်
ရှာကျွေးနေတဲ့သူပေါ့ ခုလဲသူ့မိသားစုအတွက်တမင်မစားပဲ သူကရှိတာလေးနဲ့ဖြစ်သလိုစားတာ
“သွားကြစို့ ´´ပါးစပ်ကထမင်းပလုပ်ပလောင်းကိုစားရင်း ရေစိုနေတဲ့လက်ကို ဝတ်ထားတဲ့လုံချည်နဲ့သုတ်ရင်းထွက်လာမိတယ်မိစန်းတို့
“မြန်မြန်လာပါမိသုန်ရ ငဖြိုးတို့တတွေအရင်ရောက်ရင်ဘာမှမရပဲဖြစ်သွားမယ်´´
“လာနေတယ်လေ နင်ကလဲအရမ်းလောတာပဲ
နေကပူပူနဲ့မောတယ်´´
.“မလောလို့မရဘူး ညနေစာအတွက်ဆန်မရှိဘူးလေ´´
အကြောင်းသိမို့မိသုန်ဘာစကားမှပြန်မပြောမိပဲ
ရှေ့ကသွားနေတဲ့မိစန်းကိုကြည့်ရင်း အဖေကိုကျေးဇူးတင်မိတယ် မိစန်းအဖေကဘာမှမလုပ်ပဲ
အရက်နဲ့အချိန်ကုန်နေတော့ မိသားစုဝမ်းရေးက
မိစန်းကတာဝန်ယူနေရတာ
“မိသုန်ရေ ဟိုးထိပ်ကဘုန်းကြီးကျောင်းပေါ်တတ်ကြည့်ရအောင် ဘယ်သူမှမလာရင် ရေသန့်ဗူးတွေရှိမှာ´´
.“ဟာ အမြင့်ကြီး နေကပူပူနဲ့ပါဆို´´
မိသုန်ရဲ့စကားကြောင့်မိစန်း ပီနံအိတ်ကလေးကိုငေးကြည့်နေမိတယ် ပီနံအိတ်ထဲ့မှာက ရေသန့်ဗူးကအနည်းငယ်
သူငယ်ချင်းဖြစ်သူရဲ့မျက်နှာကိုလှမ်းကြည့်ရင်း
“သွားလေ နင်သွားချင်ရင်´´မိစန်းရဲ့မျက်နှာလေးဝင်းလက်သွားပါတော့တယ်
တောင်ခြေကနေတတ်လာလိုက်တာ သူငယ်ချင်းနှစ်ယောက်နေကပူပူ တောင်ကမတ်ဆိုတော့နဖူးကချွေးတွေစိုရွဲနေသလို ပါးစပ်ကဟောဟဲသံများပါထွက်လို့နေတယ်
“မိသုန်လာဟိုးမှာရေသန့်ဗူးတွေအများကြီး´´မိစန်းတယောက်ဝမ်းသာအားရအပြေးလေးသွားကောက်နေပင်မဲ့ မောလွန်းလို့ရပ်ပြီးအမောဖြေနေမ်ိတယ် မိသုန်
“မိသုန်ရေ မောနေပြီလာ ခနနားပြီး တောင်ထိပ်အထိဆက်တတ်ကြအောင်´´
“ဟာ ငါအရမ်းမောတယ် အပေါ်ထိတတ်အုန်းမလို့လား မတတ်ပါနဲ့တော့ တခြားမှာသွားရှာကြမယ်လေ´´
“နင်ဒီမှစောင့်နေ ငါတတ်သွားမယ်´´မိစန်းကပြောပြောဆိုဆိုတတ်သွားတော့ မိသုန်လဲနောက်ကလိုက်လာရတော့တယ်
မိစန်းတို့တတ်လာတဲ့လမ်းတဝက်ရောက်တော့ သစ်ပင်ကြီးတပင်အောက်မှာကားလေးတစီးရပ်ထားပြီးဝိုင်းဝန်းစားသောက်နေတဲ့မိသားစုက
တတ်လာတဲ့မိစန်းတို့ကို လှမ်းကြည့်နေသလို
မိစန်းတို့ကလဲလှမ်းကြည့်မိတယ်
“မိစန်း ဟိုကောင်မလေးဝတ်ထားတဲ့ဂါဝန်လေးကလှလိုက်တာ ငါလဲဝတ်ချင်လိုက်တာ´´
မိသုန်စကားကြောင့်လှမ်းကြည့်လိုက်မိတယ်
ဟုတ်တယ် လှလိုက်တာမိသုန်ပြောသလို
သစ်ပင်အောက်ကကောင်မလေးကိုလှမ်းကြည့့်မိပြီး မိစန်းဝတ်ထားတဲ့အကျီင်္ကိုငုံကြည့်မိလိုက်တယ် ဘာအရောင်ရယ်ဆိုတာတောင်မပြောနိူင်လောက်အောင် အကြိမ်ကြိမ် အခါခါလျှော်ဖွတ်ပြီးဝတ်နေရတယ်ဆိုတာ အကျီင်္လေးကပြောနေသလိုမို့ မိစန်းစိတ်ထဲ့ရှက်စိတ် သိမ်ငယ်စိတ်ဖြစ်မိတယ်
သစ်ပင်ကြီးနဲ့နီးလာတော့“ဟိတ် ကလေးတွေ လာအရိပ်ခိုကြ နေကအရမ်းပူတယ်လေ´´ဂါဝန်ဝတ်ထားတဲ့ကောင်မလေးအဖေဖြစ်ပုံရတဲ့ဦးလေးကြီးကလှမ်းခေါ်ပင်မဲ့ သူတို့နဲ့အတူအရိပ်မခိုဝံ
“သမီးရေ သူတို့ကိုကားနောက်ထဲ့ကအအေးပုံးထဲ့ကအအေးနဲ့မုန့်ပေးလိုက်သမီး´´
.“ဟုတ် ဖေကြီး´´
“ရော့ နင်တို့အတွက်´´
လှမ်းပေးလာတဲ့အအေးဗူးနဲ့မုန့်ကို မိသုန်ကချက်ခြင်းယူလိုက်ပြီးသောက်လိုက်တယ်
မိစန်းကတော့အအေးကိုအားရပါးရသောက်နေတဲ့မိသုန်ကိုငေးကြည့်နေမိတယ်
အအေးဗူးလေးအပေါ်မှာရေစက်ကလေးသီးနေပုံကသောက်ချင်တဲ့စိတ်ကိုဖြစ်စေမိတယ် နေကပူပူဆိုတော့
“သောက်လေမိစန်း´´ကောင်မလေးပေးတာကိုမသောက်ပဲကိုင်ထားတဲ့မိစန်းကိုပြောလိုက်ရင်း အအေးလေးသောက် မုန့်ေ့လးစားရင်း
အဆင်ပြေနေသူကမိသုန်ပေါ့
အဆင်မပြေသူက မိစန်း
သောက်ချင်တာပေါ့ နေကပူပူ
မောကမောနေတဲ့အချိန်
ကိုင်ထားထဲ့လက်ကလေးကိုတောင်
အအေးဓတ်ပေးနေတဲ့ အအေးဗူးလေး
သောက်လိုက်ရရင် အရမ်းကိုအမောပြေမှာ
ဒါပင်မဲ့
ဒါပင်မဲ့
မိစန်းမသောက်ရက်ပါဘူး
အအေးနဲ့မုန့်လေးမြင်တော့
မိစန်းမျက်လုံးထဲ့မှာ
အမေ
မောင်လေး ညီမလေးပြေးမြင်မိတယ်
“မဆာဘူးလေ ခနကမှထမင်းတွေစားလာတာကို´´
ညာနေတဲ့မိစန်းကိုဘာမှမပြောတော့ပဲ သူသောက်လက်စအအေးဗူးလေးလှမ်းပေးရင်း
“ရော့ သောက်လိုက် နင်မျက်နှာမှာချွေးတွေကြည့်ပဲ အရမ်းပူတာကို သောက်ကြည့်အေးအေးလေး အရမ်းသောက်လို့ကောင်းတာပဲ´´
“သောက်စမ်းပါနင့်ဖာသာနင်´´
မိစန်းတို့ပြောနေတာကို နားထောင်နေတဲ့
လူကြီးကအသာပြုံးရင်း“သမီးတို့ကနေကပူပူနဲ့
နားကြအုန်းလေ´´
ပြုံးပြီးပြောနေတဲ့ဦးလေးကြီးမျက်နှာကိုမိစန်း
လှမ်းကြည့်ရင်း အဖေ့ကိုပြေးမြင်မိတယ်
အချိန်ပြည့်အရက်တွေလောက်သောက်လို့ဖော
သွပ်သွပ်ဖြစ်နေတဲ့အထဲ့ နေဒဏ်လေဒဏ်ဘဝဒဏ်တွေကြောင့်အဖေအသက်ကပိုပြီးအိုစာသလို
အဲ့ဦးလေးကြီးသာမိစန်းအဖေဖြစ်ရင်
မိစန်းလဲအဲ့ကောင်မလေးလိုဂါဝန်လှလှလေးဝတ်ရမှာတွေးပြီးမျက်ရည်များဝဲလာမိတယ်
“နေအုန်းလေ မိစန်းရဲ့ အမောတောင်မပြေသေးတာ´´
နောက်ကနေလိုက်လာတဲ့မိသုန်မသိအောင် ဝဲလာတဲ့မျက်ရည်များသုတ်လိုက်တယ်
“ဟေ့ ခနနေအုန်းလေ ခန´´
မိစန်းတို့နောက်ကခေါ်သံကြားလို့လှမ်းကြည့်လိုက်တော့ ဂါဝန်လေးဝတ်ထားတဲ့ကောင်မလေးကအပြေးလေးလာရင်း
“ရော့ နင့်အတွက်´´
“ဟင် ဘာလို့လဲခနကပေးပြီးပြီလေ´´
“နင့်ကိုသောက်စေချင်လို့ပေါ့ ခနကနင့်သူငယ်ချင်းသောက်နေတာကြည့်နေတဲ့နင်ပုံက
အရမ်းသောက်ချင်နေတဲ့ပုံပေါ်တယ်လေ´´
“ဟာ မဟုတ်တာ မသောက်ချင်ပါဘူး´´မိစန်းရှက်ရှက်နဲ့ငြင်းလိုက်မိတယ်
“ရော့ နင်အတွက် သောက်´´ပေးလာတဲ့အအေးဗူးလေးကိုကြည့်နေမိတော့
“ယူလိုက်လေမိစန်း´´
ပေးလာတဲ့အအေးဗူးလေးကို အားရပါးရဟန်မဆောင်ပဲသောက်လိုက်မိပါတော့တယ်
“သောက်လို့ကောင်းလိုက်တာ ကျေးဇူးပါ´´
“ရော့ မုန့်ပါစား´´ကိတ်မုန့်လေးကလဲ
ြ်မင်ရတာနဲ့စားချင်စရာ အမေကိုကျွေးချင်လိုက်တာ
“တော်ပြီမစားတော့ဘူးလေ အအေးသောက်လို့ဝသွားပြီ´´
“ရော့ဝလဲစား´´ဂါဝန်ဝတ်ထားတဲ့ကောင်မလေးကဖောက်ပြီးပေးတာမို့ မငြင်းနိူင်ပဲစားလိုက်မိတယ် စားရတာအိစက်နေတာပဲ
ပိုက်ဆံရှိတဲ့သူတွေများကောင်းလိုက်တာနော်
သူဘဝမှခုမှစားဘူးတာ
ဂါဝန်ကောင်မလေးကသူကျွေးတာစားနေတဲ့မိစန်းကိုကြည့်ရင်း“ရော့ အိမ်ကမောင်လေးညီမလေးတွေအတွက်ခွဲယူကြ ငါ့မွေးနေ့မို့ကုသိုလ်လုပ်တာ´´
အော် မွေးနေ့ မွေးနေ့
မိစန်းတို့မွေးတဲ့နေ့တောင် မိစန်းအမေတောင်မသိ
မိစန်းဆိုဝေလာဝေး
ဘဝတွေက မညီမျှလိုက်တာ
အိမ်ကိုပြန်နေတဲ့မိစန်းခြေလှမ်းတွေက တတ်ကြွနေသလို မိစန်းလက်ထဲမှာလည်း
ညနေစာအတွက် ဆန်ကွဲလေးပါသလို ဟိုကောင်မလေးပေးလိုက်တဲ့အအေးနဲ့မုန့် ကျွေးချင်လှပြီအမေနဲ့ ညီမလေးတွေကို
အိမ်နားမရောက်သေးဘူးဒေါ်ကြီးခင်အသံကိုမိစန်းကြားနေရပါတယ်
“ကဲ့ ဘယ်လိုလဲ လာယူတုံးကတော့တမျိုး
ပေးရမဲ့အချိန်တမျိုးမလုပ်နဲ့နော် ငါ့အကြောင်းသိတယ်မလား´´
“မလုပ်ပါဘူးဒေါ်ဒေါ်ရယ် ပေးမှာပါ ခနစောင့်ခိုင်းတာပါ´´
“ခန ခနနဲ့ဘယ်လောက်ကြာပြီလဲအေ ´´
“အမေရေမမပြန်လာပြီ´´ဒေါ်ကြီးခင်ကဝင်လာတဲ့မိစန်းကိုတချက်လှမ်းကြည့်လိုက်ရင်း
“ငါပြောထားတာကိုစဉ်းစားထားညီး´´
ဒေါ်ကြီးခင်ထွက်သွားတော့မိစန်းပါလာတဲ့ဆန်ထုတ်လေးချပြီး မီးမွှေးပြီးထမင်းချက်ဘို့အတွက်ပြင်နေမိတယ်
“ရော့ ဖိုးရှုပ်နဲ့မယ်အိ´´
“ဟာ အချိုရည်နဲ့မုန့်တွေပါလား´´မောင်လေးဖိုးရှုပ်ကဝမ်းသာအားရလှမ်းယူရင်း
အားရပါးရစားနေတာမိစန်းကြည့်နေမိတယ်
“မမစားလို့အရမ်းကောင်းတာပဲ နောက်လဲယူခဲ့နော်´´အငယ်မမယ်အိကပလုပ်ပလောင်းနဲ့ပြောတာကြောင့်မိစန်းပြုံးနေမိတယ်
“ရော့ အမေစားကြည့်´´
“မစားချင်ပါဘူးသမီးရယ်´´
“အမေစိတ်ညစ်မနေနဲ့ဒေါ်ကြီးခင်ပြောသလို
သမီးသူတို့အိမ်မှာအလုပ်သွားလုပ်မယ်လေ
အမေလဲပိုက်ဆံလဲရ ဒေါ်ကြီးခင်အကြွေးလဲကျေတာပေါ့´´
“ငါ့သမီးကလုပ်နိူင်လို့လား ´´
“အမယ်လေးအမေရယ် နေပူပူထဲ့တောင်ဗူးခွံတွေလိုက်ကောက်နေတဲ့မိစန်းပါ အရိပ်ထဲ့လုပ်ရမှာလေ အေးဆေးပါ´´မိစန်းရယ်မောရင်း
ပြောလိုက်ပင်မဲ့ မရယ်နိူင်တာကတော့ဒေါ်သန်းပါပဲလေ
ဆင်းရဲကြပ်တည်းတော့ရတာနဲ့မကာမိ
မစားပဲမနေနိူင်တော့ ချေးဌားရ
ချေးရတော့လူကသာ အိပ်နေတာ
အတိုးကမအိပ်
ခက်ခဲပင်ပန်းပေမဲ့ သမီးဖြစ်သူမိစန်းကိုလည်း
သနား
“မိစန်းရေ မိစန်း အမယ်လေးဟယ် ခေါ်နေတယ်လေ မောလိုက်တာ ပေးစမ်းရေ´´အပြင်ကပြန်လာတဲ့ဒေါ်ကြီးခင်အော်သံကြောင့်ရေလေးခပ်ရင်းအပြေးလေးလာနေမိတယ်
.“ဟဲ့ငါ့ခိုင်းတာပြီးအောင်လုပ်လေ ငါအပြင်သွားမလို့မီးပူတိုက်ခိုင်းနေတာကို´´
“နင့်ကအရေးမကြီးဘူး မိစန်းငါအတွက်ကြက်ဥကြော်ပေး´´
ဒေါ်ကြီးခင်တို့အိမ်ရောက်တာ လက်လဲမနားရ
မိစန်းနာမည်ကလဲအရမ်းရောင်းကောင်းပ
ဟိုကမိစန်း ဒီကမိစန်းနဲ့
ညရောက်တာတောင်မနားရ
ပင်ပန်းလိုက်တာတနေကုန်
လူတကာခိုင်းသမျှလုပ်နေရတာ
စားရတော့လဲသူတို့မစားချင်တဲ့အကြွင်းအကျန်တွေနဲ့ပဲစားရတာ တခါတလေအမေအိမ်လေးကိုသတိရလိုက်တာ အမေချက်ပေးတဲ့ငပိရည်ကျိုလေးကိုမိစန်းလွမ်းလိုက်တာ
မိစန်းတယောက်ဒေါ်ကြီးခင်တို့အိမ်ရောက်တာဘာလိုလိုနဲ့လဝက်တောင်ရှိသွားခဲ့ပြီ
အမေနဲ့မောင်လေးညီမလေးတွေလွမ်းလို့ခွင့်တောင်းပြီးအိမ်ကိုပြန်လာခဲ့ပါတော့တယ်
ဒေါ်ကြီးခင်ပေးလိုက်တဲ့လမ်းစရိတ် မုန့်ဘိုးကိုကားခပဲအကုန်ခံပြီးအိမ်အတွက်မုန့်တွေဝယ်လာခဲ့တယ်
မရောက်တာကြာပြီဖြစ်တဲ့ရပ်ကွက်လေးကိုဝင်လိုက်တယ်ဆိုရင်ပဲ စကားများသံ ရန်ဖြစ်သံ
ကလေးငိုသံတွေကမိစန်းကိုဆီးကြိုနေပါတော့တယ်
ပျော်မိပါတယ်မိစန်းတယောက်
အမေအိမ်နဲ့နီးလာလေ မိစန်းခြေလှမ်းတွေကပိုလို့မြန်လာလေပါပဲ
“အမေ အမေ ဖိုးရှုပ် မယ်အိ´´
“ဟယ်သမီးမိစန်း´´
.“မမပြန်လာပြီ မယ်အိရေမမပြန်လာပြီ´´
ပါလာတဲ့မုန့်လေးတွေ့ကိုမောင်လေးနဲ့ညီမလေးထုတ်ပေးနေတဲ့သမီးမိစန်းကိုဘာစကားမှမပြောနိူင်ပဲ စိတ်မကောင်းခြင်းများစွာနဲ့ကြည့်နေမိရင်း ဝဲလာတဲ့မျက်ရည်ကိုမိစန်းမသိအောင်
သုတ်လိုက်ရင်း
“နားလေသမီးရယ် နေကပူပူနဲ့´´
“မပင်ပန်းပါဘူးအမေရယ်ကားစီးလာရတာကို
အဖေရောအမေ နေကောင်းလား´´
“ကောင်းတယ်ညီးအဖေအခုလက်သမားလိုက်လုပ်နေတယ်´´
“ဟင် တကယ်လားအမေ´´
“တကယ်ပေါ့ သမီးအဖေအရင်လို့လဲမသောက်တော့ဘူး သူ့သမီးလေးသူဖအေမပီသလို့လူများအိမ်မှာအလုပ်သွားလုပ်ရတာ
ပြောလို့မဆုံးတော့ဘူးညီးအဖေက´´
မိစန်းပျော်နေမိတယ်အဖေအလုပ်တွေလုပ်နေတာကြားတော့ပိုပျော်မိတယ်.
“အမေ မိသုန်တို့ရော´´
“သူတို့ရွာပြန်သွားကြပြီ သူအဖေဆုံးသွားပြီ´´
“ဟင်´´မိစန်းစိတ်မကောင်းဖြစ်ရပါတော့တယ်ငယ်စဉ်ကတဲ့ကညီအမလိုအတူနေလာသူ မိသုန် မရှိတော့ဘူးဆိုတော့ မိသုန်အတွက်သူဝယ်းထားတဲ့ကလစ်လေးကိုအသာပြန်သိမ်းထားရင်း
မျက်ရည်များကျလာပါတော့တယ်
“အော် သမီးရယ်တနေ့သူတို့ပြန်လာမှပေါ့
တိတ် တိတ် သွားအမေအိပ်ရာမှာသွားနား
အမေဟင်းချက်လိုက်အုန်းမယ်´´
ဘာစကားမှပြန်မပြောပဲ အိပ်ရာဆီသွားနေတဲ့မိစန်းကိုသနားနေမိတယ် အသက်ငယ်ငယ်လေးနဲ့မိဘအပေါ်သိတတ်တဲ့သမီးအလိမ္မာလေး လုပ်ပေးချင်လိုက်တာ သမီးအတွက်
စိတ်ပဲရှိတာ ထမင်းတောင်နပ်မှန်ယုံ
ခုမိစန်းအလုပ်လေးလုပ်လို့အကြွေးလေးကျေလို့
ခုမှထမင်းနဲ့ဟင်းနဲ့မြင်ရတဲ့ဘဝ
ကြက်သွန်ဖြူဆီသတ်တဲ့အနံနဲ့အတူငပိရည်ကျိုတဲ့အနံလေးကြောင့်မိစန်းနိုးလာပါတော့တယ်
“အမေ´´
“သမီးနိုးပြီလား ထမင်းတခါထဲ့စားရအောင်
ငပိရည်ကိုထမင်းထဲ့အားရပါးရဆမ်းပြီးအားလူးတွေနဲ့ရောနယ်ပြီးအားရပါးရစားနေတဲ့မိစန်းကိုကြည့်ရင်း ပြုံးနေမိတယ်ဒေါ်သန်းတယောက်
“စားလို့ကောင်းလိုက်တာအမေရယ် ဒေါ်ကြီးခင်တို့အိမ်မှာနေခတဲ့ကအမေလက်ရာငပိရည်ကျိုလေးကိုငရုတ်သီးစပ်စပ်လေးနဲစားချင်နေတာ´´
မိစန်းရောက်မှ ဒေါ်သန်းအနားယူရတော့တယ် မိစန်းကအကုန်လုပ်ပေးတာ
သူလာတုံးမအေကိုနားစေချင်တယ်လေ
“ဟဲ့မသန်း ညီးသမီးမိစန်းဘယ်မှာလဲ´´
“ရှင် အော်သမီးလားရှိတယ် သမီးရေညီးကြီးကြီးလာတယ်´´
“ဘယ်မှာလဲငါ့လက်စွပ်´´
“ရှင် ဘာလက်စွပ်လဲ´´
မိစန်းတယောက်အမေခေါ်သံကြားလို့ရေခပ်နေတာထားခဲ့ပြီးအထွက် အမေနဲ့ကြီးကြီးပြောသံကြောင့်
“ကြီးကြီးဘာကိုပြောတာလဲ သမီးကမနက်ဖြန်ပြန်လာမှာလေ´´
“မနက်ဖြန်ပြန်လာတာတွေတဘက်ခါပြန်လာတာတွေမပြောနဲ့ ဘယ်မှာလဲညီးယူထားတဲ့လက်စွပ်´´
“သမီး´´အမေကမိစန်းကိုလှမ်းကြည့်ရင်း
“အမေ ကြီးကြီးသမီးမယူပါဘူး ´´
“ဟုတ်ပါတယ် ကျွန်မသမီးကဒီလိုမလုပ်တတ်ပါဘူး´´
“သူခိုးကခိုးတယ်ပြောပါ့မလား´´
“ခင်ဗျား ဘာစကားပြောတာလဲကျုပ်တို့ကဆင်းရဲပင်မဲ့သူတပါးပစ္စည်းကိုအပ်တိုတချောင်းတောင်စိတ်နဲ့မပြစ်မှားဘူး´´
“ကိုဘခက်´´
“မသန်းနင်နဲ့ဟာ နင့်သားသမီးကိုရစရာမရှိအောင်ပြောနေတာ နင်ငုံ့ခံနေလား´´
“အမယ်လေးတော့ စားစရာတာမရှိသာ စကားတွေကကြီးကျယ်လိုက်တာ´´
“ဒီမယ်ဘဝပေးကုသိုလ်မကောင်းလို့ဆင်းရဲပင်မဲ့
မခိုးဘူးမဝှက်ဘူးနားလည်ထား ခင်ဗျားပြောတဲ့လက်စွပ်ကိုလဲကျုပ်သမီးမယူဘူး
ပြန်ခင်ဗျား´´
“ငါ့လက်စွပ်မရသေးဘူး ငါမပြန်နိူင်ဘူး´´
ဒေါ်ကြီးခင်ရဲ့ဒေါသစကားသံကြောင့် ပတ်ဝန်းကျင်အိမ်များထွက်လာပြီးကြည့်နေတော့
မိစန်းရှက်မိပါတယ်
“အဖေရယ်ပြောမနေပါနဲ့တော့ သမီးရှက်တယ်´´
“ခုမှဘာရှက်တာလဲ ရှက်တတ်ရင်အစကတဲ့ကစဉ်းစားလေ ငါအချိန်ပေးမယ်ဆယ်ရက် ဆယ်ရက်ပြည့်လို့မှငါ့ပစ္စည်းပြန်မပေးရင် ငါ့လုပ်သင့်လုပ်ထိုက်တာ ငါလုပ်ရလိမ့်မယ်´´
“ကြိုက်သလိုလုပ် ကျုပ်တိုမိသားစုလိပ်ပြာသန့့့်တယ်´´
ဒေါ်ကြီးခင်ပြန်သွားတော့ရပ်ကွက်စကားတွေနားနဲ့မဆန့်အောင်ကြားနေရတယ်
“ငါ့မပြောဘူးလား သူ့သမီးကခိုးကျွေးနေတာပါဆို´´
“ဟုတ်မှာအရင်ကအဆင်မှမပြေတာ´´
“ညီးတို့ကလဲမိစန်းကအဲ့လိုကလေးမျိုးမဟုတ်ဘူး´´
စကားသံတွေကြားမှာမိစန်းစိတ်တွေဘုံးဘုံးလဲရပါတော့တယ် “အော်လူတွေ လူတွေ မရှိလို့လဲမပေးကမ်း ကိုယ့်ဖာသာကိုယ့်လုပ်စားတာတောင်အပြောခံရသေး´´
“ပြောမနေနဲ့မသန်း သမီးစိတ်ဆင်းရဲမယ်´´
အဖေနဲ့အမေပြောသံတွေနားထောင်ရင်း
မိစန်းမျက်ရည်များအဆက်မပျက်ကျလာမိတယ် ဘဝလေးခုမှအေးချမ်းစပြုလာတာ
ခုတော့ ခုတော့
.“သမီးရေမိစန်း နေမြင့်နေပြီ မထသေးဘူးလား´´
“ဟုတ်ထပြီအမေ´´
“သမီးညကအိပ်မပျော်ဘူးလား´´
“သမီးကြောက်တယ်အမေ ဒေါ်ကြီးခင်ကပြောသလိုလုပ်မှာ´´
.“သမီးကိုအမေမေးမယ်´´
“မေးလေအမေ´´
“သမီးဒေါ်ကြီးခင်ရဲ့လက်စွပ်ကိုယူထားလား´´
“အမေ့´´မိစန်းငိုသံကြီးနဲ့အမေကိုအော်မိတော့တယ်
“အမေကအမေ့သမီးကိုယုံပါတယ် သေချာအောင်အမေမေးရတာ´´
“သမီးမယူရပါဘူးအမေရယ်´´ မိစန်းငိုရှိုက်ရင်းပြောနေသံကိုအဖေလုပ်သူကြားတော့
“သမီးမိစန်း ဘာလို့အဲ့လောက်ထိငိုနေတာလဲ
တိတ် သမီးမယူဘုးဆိုရင်တနေ့အဖြေပေါ်မှာပဲ
တရားကိုနတ်စောင့်ပါတယ်´´
အဖေကနတ်စောင့်တယ်ပြောပြော မိစန်းစိတ်တွေပူလောင်လို့နေပါတော့တယ် ဆိုးလိုက်တဲ့ဘဝ ရိုးရိုးသားသားလုပ်ကိုင်စားနေတာကို
သူခိုးလို့အရိုးခံရ
ဒီလိုနဲ့ဒေါ်ကြီးခင်ပြန်သွားတာဘာလိုလိုနဲ့လေးရက်တောင်ရှိခဲ့ပြီ မိစန်းစိတ်တွေပင်ပန်း ညဆိုအိပ်လို့မပျော် စိတ်ကပြိုလဲတော့
ခန္ဓာကိုယ်ကပါပြိုရပြီလေ
“သမီးမိစန်းထသမီး ထမင်းလေးစား
အစားမဝင်ရင် အားမရှိပဲဖြစ်နေမယ်´´
“သမီးမစားချင်ပါဘူးအမေရယ်စားလဲဝင်မှာမဟုတ်ပါဘူး ´´
“သမီးရယ်´´မိစန်းတယောက် ပတ်ဝန်းကျင်ရိုက်ခတ်စကား ဒေါ်ကြီးခင်ရဲ့စကားသံတွေကိုမခံစားနိူင်သလို ပတ်ဝန်းကျင်ကသူ့ကိုမြင်တိုင်းအထင်အမြင်သေးအကြည့်တွေကြောင့်
မိစန်းစိတ်တွေဆင်းရဲသလို ပင်လဲပင်ပန်းရပါတော့တယ်
“အမေ ဒေါ်ကြီးခင်ကအချိန်ဆယ်ရက်ပေးထားသာခုတောင်လေးရက်ရှိနေပြီ ဒေါ်ကြီးခင်လာမှာကိုသမီးကြောက်လိုက်တာအမေရယ် သမီးတို့ဘယ်လိုလုပ်ကြမယ်လဲ
သမီးသေချင်တယ်အမေ သမီးသေချင်တယ်´´
ငယ်ရွယ်နုနယ်တဲ့သမီးစိတ်ထဲ့မှာအကြောက်တရားကကြီးစိုးနေတာကိုဒေါ်သန်းမကြိုက်
ငိုကြွေးနေတဲ့မိစန်းကိုကြည့်ရင်း ဘာပြောရမယ်မှန်းမသိတော့
“ကိုဘခက် ကျုပ်တို့ဘယ်လိုလုပ်ကြမှာလဲ
သမီးကအရမ်းစိတ်ပူနေတော့ ကျုပ်ကစိုးရိမ်ပြရင်
သူပိုဆိုးမှာဆိုးလို့နေရတာ ကျုပ်လဲကြောက်တယ်တော့ သူတို့ကပိုက်ဆံရှိသဌေးတွေ´´
.“သဌေးတိုင်းကြောက်စရာလား ငါ့သမီးမှမယူတာကို ငါ့သမီးအကြောင်းငါအသိဆုံး´´
အဖေနဲ့အမေစကားများကြားနေရတော့ စိတ်တွေပိုပူလောင်နေမိတယ်မိစန်းတယောက်
“သမီးမိစန်း စားမကောင်းဘူးလား ဘာမှလဲမစားပါလား အမေကသမီးအစားပျက်နေလို သမီးကြိုက်တဲ့ငပိရည်လေးကျိုပြီး
အားလူးလေးချက်ထားပေးတာလေ အားရပါးရစားစမ်းပါ အိပ်ကမအိပ် အစားကမစား
ကြာရင်ဒုက္ခရောက်လိမ့်မယ်´´
မိစန်းအမေစကားကိုကြားပင်မဲ့ပြန်မပြောမိပါ
မိစန်းလဲစားချင်တာပေါ့အမေရယ်
အိပ်လဲအိပ်ချင်ပါတယ်
စားလို့မှမရတာလေ ဘယ်လိုလုပ်ရမှာလဲ
အရင်ကဆိုမိစန်းကြိုက်တာချက်ကျွေးရင်အရမ်းစားကောင်းတဲ့ဘဝလေးကိုမိစန်းလွမ်းလိုက်တာ
အရင်ကပင်ပန်းဆင်းရဲပင်မဲ့ စိတ်ပျော်ရွှင်ရသေးတယ် ခုတော့ တွေးရင်းမျက်လုံးအိမ်ကမျက်ရည်များစီးကျလို့လာပါတော့တယ်
မိစန်းတယောက်အိပ်ရာထဲလဲရပြီလေ မဆန်းပါဘူးလေစိတ်ထောင်းမှတော့ ကိုယ်ကကြေရပြီလေ သမီးဖြစ်သူရဲ့နုနယ်တဲ့စိတ်ကိုဒဏ်ရာတွေပေးတဲ့ဒေါ်ကြီးခင်ကိုပဲအပြစ်တင်မိသလို သူလာမှာလဲစိုးရိမ်စိတ်များဖြစ်နေရသူကဒေါ်သန်း
“သမီး ထ ထဆံပြုတ်လေးသောက် ´´
“သမီးမသောက်ချင်ပါဘူးအမေရယ်´´
“သမီးအစားမစားလို့ပိုဆိုးနေတာလေ
ဝင်သလောက်စား ညနေသမီးအဖေလုပ်ခထုတ်လာမှာညနေဆေးခန်းတော့သွားပြရမယ်´´
“မိန်းမရေ သမီးသက်သာလာ´´
“မသက်သာပါဘူးကိုဘခက်ရယ် ဒီလိုနဲ့ကျုပ်တို့သမီးလုံးပါးပါးတော့မယ်ထင်ပါတယ်´´
“နင်ကလဲနိမိတ်မရှိတဲ့စကားတွေမပြောနဲ့ ဆေးခန်းသွားပြရင်သက်သာလာမှာ
သွားမယ်ဆေးခန်း´´
“မိစန်းဘယ်ကိုမှလဲမသွားချင်ဘူး ဒီအတိုင်းလေးပဲနေချင်တယ်´´
“ရောဂါကိုမမွေးထားရဘူးလေ´´
အဖေနဲ့အမေစိတ်ချမ်းသာအောင် မိစန်းဆေးခန်းကိုလာလိုက်တယ် အိမ်ပြင်ထွက်တာနဲ့ ဝိုင်းကြည့်နေတဲ့ လူတွေအကြည့်ကိုမိစန်းကြောက်နေမိတယ်
“ကဲနောက်တယောက်´´
“လာသမီးအလှည့်ရောက်ပြီ´´
“ဘာဖြစ်သလဲသမီး´´
“ဦးဦးဆရာဝန်ကြီး သမီးမောတယ် ´´
“သမီးကမောမှာပေါ့ အားနည်းနေတာကို အစားကိုစား အိပ်လဲအိပ်နော်
အစားမဝင်ရင် ကျန်တဲ့ရောဂါဝင်လာတတ်တယ်သမီးရဲ့´´
“ကျွန်တော်သမီးကိုနေကောင်းအောင်ကုပေးပါဆရာရယ် အားကိုးပါတယ်´´
“အဖေဒီနေ့ဘယ်နှစ်ရက်တောင်ရှိသွားပြီလဲ
သမီးရင်တွေပူလိုက်တာ´´
ဒေါက်တာဇော်ကိုကို သားအဖနှစ်ယောက်ပြောနေသံကိုဆေးထိုးဘို့ပြင်ဆင်ရင်းကြားနေမိတယ်
္
“ကဲ ဆေးထိုးရအောင် ဟင် သမီးကိုမြင်ဘူးသလိုပဲ´´
“ဦးလေးက ဟိုတခါကသမီးတို့ကိုမုန့်တွေပေးတဲ့ဦးလေးမဟုတ်လား´´
“ဟုတ်ပ ခုမှဦးဦးလဲသတိထားမိတာ´´
“ဘာမှမဖြစ်ဘူးနေကောင်းအောင်နေ အားရှိတာတွေစား ဟုတ်ပြီလား သမီး´´ဦးဦးဆရာဝန်စကားကြားရတော့ မျက်ရည်များလည်နေမိတယ်မိစန်း
ဒီလိုနဲ့ဆေးခန်းပြနေလဲမသက်သာပဲ
မိစန်းအခြေအနေကတနေ့တကခြားပိုဆိုးလာပါတော့ ဆေးကောင်းတွေဘယ်လောက်ထိုးထိုး
စိတ်ကဖြစ်နေတော့
“မိစန်းအဖေ ကျွန်တော့ကိုစပ်စုတယ်လို့မအောင်းမေ့ပါနဲ့နော် မိစန်းဖြစ်နေတာကိုကျွန်တော်သိရမှမိစန်းရောဂါကိုကုသနိူင်မှာလေ´´
“ဟုတ်ကဲ့ဆရာ မိစန်းအဖြစ်က…….
…. …….
…..မိစန်းဖြစ်နေတဲ့အခြေအနေကိုသိလိုက်ရတော့
“ဒီလိုလုပ် ခုမိစန်းအခြေအနေကအရေးကြီးတယ် ဆေးရုံအမြန်တင်လိုက်ကြစို့ ´´
မိစန်းကိုဆေးရုံတင်လိုက်ကြတော့တယ်
မောင်လေး ညီမလေးတွေကငိုယိုရင်းကျန်နေခဲ့တာကိုလဲ မိစန်းတယောက်မသိနိူင်တော့ပါဘူး ခဏတာငြိမ်းချမ်းသွားပြီလေ
ဆေးရုံရောက်တာနဲ့ဒေါက်တာဇော်ကိုကို
ဆေးပုလင်းတွေချိတ် လိုအပ်တာအကုန်စီစဉ်ပေးခဲ့ပြီး မိစန်းအဖေကိုဘခက်ကိုခေါ်ရင်း ဒေါ်ကြီးခင်အိမ်ရှ်ိရာထွက်လာခဲ့ပါတော့တယ်
“ဒီအိမ်ပဲဆရာ´´
“ခေါ်ဗျာ´´
“ဒေါ်ကြီးခင် ဒေါ်ကြီးခင်´´
“လာပြီ ဘာလို့ဒီလောက်ခေါ်နေတာလဲ ဘာကိစ္စလဲ တွေ့ပြီလာလက်စွပ်´´
“မရှိတဲ့လက်စွပ်ကတွေ့စရာလားကျုပ်သမီးက
ဖြူစင်ရိုးသားတယ် ခင်ဗျားစကားတွေကြောင့် ကျုပ်သမီးမစားနိူင်မသောက်နိူင်ဖြစ်ပြီး ခုဆေးရုံတင်ထားရတယ် ခင်ဗျာကြောင့်
သမီးတခုခုဖြစ်ကြည့်´´
“ဟဲ့ဘခက်ငါကအလကားစွပ်စွဲနေတာမဟုတ်ဘူး ပျောက်လို့ပျောက်တယ်ပြောတာလေ ငါ့အိမ်မှာတစိမ်းက နင့်သမီးပဲရှိတာပဲလေ နင့့်သမီးမယူရင်ဘယ်သူယူမှာလဲပြောလေ ပြော´´
“ခင်ဗျားဗျာ ခင်ဗျား ငွေရှိတယ်ဆိုပြီးမောက်မာလိုက်တာ´´
“ကဲ ကဲတော်ကြပါတော့ ကျွန်တော်ကဇော်ကိုကိုပါ မိစန်းကိုကုပေးနေတဲ့ဆရာပါ´´
“အဲ့တော့´´
“မိစန်းအကြောင်းသိရလို့ ကျွန်တော်သိချင်တာရှိလိုအမကြီးအိမ်လိုက်လာတာပါ အိမ်ထဲ့ကိုဝင်ခွင့်ပေးပါခင်ဗျာ့´´
ဒေါ်ကြီးခင်မကြည်မသာမျက်နှာနဲ့အိမ်ဝင်းတံခါးကိုဖွင့်ပေးလိုက်ရင်း
“ရေချိုးခန်းကဘယ်မှာလဲ´´
“ဟိုဘက်မှာ´´
ဇော်ကိုကို ဒေါ်ကြီးခင်ညွန့်ပြတဲ့ဘက်လျှောက်သွားတော့ တွေ့ပါပြီရေချိုးခန်း ရေချိုးခန်းထဲ့ကိုဝင်ကြည့် ရေလာမြောင်းကိုလိုက်ကြည့်နေမိတယ်ဇော်ကိုကို
“ကဲ့ ကိုဘခက် ဒီနေရာကိုဖြိုချလိုက်´´
´`ဘာလုပ်တာလဲ မင်းတို့က သူများအိမ်ကို´´
“သေချာအောင်လို့ပါ အမကြီးရေမြောင်းကိုပြန်လုပ်ပေးပါ့မယ်´´
ရေမြောင်းလေးကိုဖြိုချပြီး အမှိုက်တွေ သဲတွေကို
ဂရူစိုက်သိမ်းရင်းကြည့်နေမိတယ် ဇော်ကိုကိုတယောက်
“ဘာမှမရှိဘူးဆရာ´´
´`ဟောဟိုရေထွက်ပေါက်အထိသေချာရှာ´´
ရေမြောင်းတလျှောက်အကုန်ရှာနေမိတယ်
ဘခက်တယောက် နေကပူလဲမပူနိူင်
ရင်ထဲ့အပူကပိုပူနေတယ်
.“ဆရာ ဆရာ ´´
ကိုဘခက်ခေါ်သံကြောင့်အပြေးလေးသွားကြည့့်လိုက်တော့ တွေ့ပါပြီ ဆံပင်ချည်တွေနဲ့ညှိတွယ်နေတဲ့ဝင်းဝင်းလက်လက် လက်စွပ်လေး
“ကျွန်တော်အထင်မှန်သွားပြီ ကိုဘခက်ရေ´´
အမှိုက်တွေနဲ့ကပ်ညှိနေတဲ့လက်စွပ်ကို ကောက်ယူရင်း“ရော့အမကြီးပျောက်နေတဲ့လက်စွပ်ဟုတ်လား´´
.“ဟင်´´ဒေါ်ကြီးခင်ဘာစကားမှမပြောနိူင်ပဲ လက်စွပ်ကိုကြည့်နေမိတယ်
“ကဲ့ ဘယ်နဲ့လဲ ခင်ဗျားပျောက်နေတဲ့လက်စွပ်ဟုတ်တယ်မလား´´
“ဟုတ် ဟုတ်ပါတယ်´´
“ခင်ဗျားဗျာ ခင်ဗျား ဆင်းရဲတာကိုအကြောင်းပြုပြီး စွပ်စွဲရက်လိုက်တာ ´´
“ငါတောင်းပန်ပါတယ် ဘခက်ရယ်´´
“လွယ်လိုက်တာနော် အပြောခံရသူ
စွပ်စွဲခံရသူကျုပ်သမီးကစိတ်တွေဘုံးဘုံးကျပြီး
ပြိုလဲနေတာ ခင်ဗျားကတောင်းပန်တယ်
ဟုတ်လား´´
“ကိုဘခက် စိတ်ထိန်းပါ ဆေးရုံအမြန်ပြန်ကြရအောင် မိစန်းမျှော်နေလောက်ပြီ´´
ဘခက်သမီးမိစန်းအတွက် ဝမ်းနည်းလွန်းလို့ပြောနေရင်းကျလာတဲ့မျက်ရည်များကိုသုတ်လိုက်ရင်း
“ဟုတ်ကဲ့ဆရာ သမီးလေးမျှော်နေလောက်ပြီ´´
“ဆရာ ကျွန်မပါလိုက်ပါရစေ မိစန်းကိုတောင်းပန်ချင်လို့ပါ´´
“ခင်ဗျား ဘာမှလိုက်စရာမလိုဘူး ခင်ဗျားမျက်နှာလဲမကြည့်ချင်ဘူး´´
“လိုက်ပါစေ ကိုဘခက်´´
ဆရာဇော်ကိုကိုကားလေးနဲ့မိစန်းရှိရာလာနေမိတဲ့ဘခက်တယောက် ကားစီးရတာ
နှေးတယ်လို့ထင်လောက်အောင် စိတ်တွေကလောနေမိပါတော့တယ်
ကားလေးဆေးရုံရှေ့ကိုရောက်တယ်ဆိုရင်ပဲ
အပြေးလေးသမီးမိစန်းရှိရာတို့လာခဲ့မိတယ်
မိစန်းအခန်းရှေ့ရောက်တော့
“ကိုဘခက် ဆရာ ကယ်ပါအုန်းဆရာရယ် သမီးကိုကယ်ပါအုန်း´´
“သမီး မိစန်း သက်သာလား´´
“သမီးအရမ်းမောတာပဲအဖေရယ်´´
ဇော်ကိုကိုတယောက်မောနေတဲ့မိစန်းကိုလိုအပ်တဲ့ဆေးများထိုးပေးဘို့ရင်ပြင်ဆင်ရင်း
စိတ်မကောင်းဖြစ်နေမိတယ်
“အဖေ ဒေါ်ကြီးခင် ဘာပြောလဲ လက်စွပ်ရော´´
“မောနေမယ်သမီးရယ် အဖေပြောပြမယ်နော်
စိတ်အေးအေးထား ဘာမှစိတ်ပူစရာမရှိတော့ပါဘူး လက်စွပ်ပြန်တွေ့ပြီသမီးရဲ့ လက်စွပ်ပြန်တွေ့ပြီ´´
“ရှင် တကယ်လားအဖေ တကယ်လား´´
“တကယ်ပေါ့သမီးရဲ့ သမီးကျန်းမာဘို့ပဲလိုတော့တယ်နော်´´
“သမီးပျော်လိုက်တာအဖေရယ် သမီးပျော်လိုက်တာ´´ကုတင်ပေါ်မှာနွမ်းချိနေတဲ့မိစန်းပြုံးနေမိသလို မျက်လုံးအိမ်ကမျက်ရည်များကျနေပါတော့တယ်
“အဖေ သမီးလေအရမ်းပျော်လိုက်တာ
သမီးမခိုးဘူးဆိုတာအဖေယုံပြီလား´´
“အဖေအစကတဲ့ကယုံတာပေါ့သမီးရဲ့´´သမီးမိစန်းကိုပြောနေရင်းသမီးမိစန်းရဲ့ရင်ထဲ့ကအပူကိုတွေးမိရင်း မျက်ရည်များကျနေမိတယ်
“အမေ သမီးမခိုးဘူးလို့ပြောသားပဲ´´
“အေးပါသမီးရယ် အမေ့သမီးကိုအမေယုံတာပေါ့ မောနေပါ့မယ်သမီးရယ် စကားတွေမပြောပါနဲ့လား ဆရာ သမီးလေးကိုကယ်ပါအုန်းဆရာရယ် ကယ်ပါအုန်း´´ဒေါ်သန်းပြောနေရင်း
ငိုမိပါတော့တယ်
အတတ်နိူင်ဆုံး လုပ်သင့်လုပ်ထိုက်သာ
လုပ်ပေးပြီးပါပြီဆရာဇော်ကိုကိုတယောက်
မိစန်းရဲ့ကံကိုပဲအားကိုးရတော့မှမို့
ဘာစကားမှမပြောနိူင်ပဲ တိတ်ဆိတ်စွာနေမိပါတော့တယ်
“မိစန္း သမီး´´
အသံကြားရာခေါင်းလေးစောင်းရင်းကြည့်လိုက်မိတော့“ဒေါ်ကြီးခင် သမီးမခိုးဘူးဆိုတာ
သိပြီမလား ဟင်´´
“အေးပါ ဒေါ်ကြီးခင်သိပါတယ်သမီးရယ်
သမီးအပေါ်ရင့်ရင့့်သီးသီးပြောခဲ့တာတွေကိုခွင့့်လွှတ်ပါကွယ်ဒေါ်ကြီးခင်ကို´´
“သမီးလေဒေါ်ကြီးခင်တို့အိမ်မှာနေတုံးကလဲ
ဘီရိုတံခါးပွင့်ပြီး အထဲ့ကပိုက်ဆံတွေမြင်တာတောင်သမီးမယူခဲ့ပါဘူး´´
“အေးပါသမီးရယ် မြန်မြန်နေကောင်းအောင်လုပ်
အရင်လိုကြီးခင်အိမ်မှာပြန်နေကြမယ်
ကြီးခင်သမီးကိုမွေးစားမယ်သိလား သမီးမိသားစုကိုလဲကြီးခင်စောင့်ရှောက်မယ်´´
“သမီးအရင်ဘဝကိုပဲပြန်နေချင်ပါတယ် မိသုန်နဲ့အတူရေသန့်ဘူးအဟောင်းတွေလိုက်ကောက်တဲ့ဘဝလေးကအရမ်းကိုစိတ်အေးချမ်းသလို ပျော်လဲပျော်ခဲ့ရပါတယ်´´
“သမီးရယ် မပြောပါနဲ့တော့´
#အကြွေပန်း(ဇာတ်သိမ်း)
“အဖေအမေသမီးလေအဖေတို့အမေတို့သမီးဖြစ်ရတာအရမ်းပျော်တယ် နောက်ဘဝရှိခဲ့ရင် အဖေတို့အမေတို့သမီးပဲဖြစ်ချင်တယ်´´
“သမီးရယ်´´
“အဖေ အမေသမီးမောင်လေးညီမလေးတွေကိုသူများအိမ်မှာအလုပ်မလုပ်ခိုင်းပါနဲ့နော် အဲ့ကတိကိုသမီးကိုပေးပါနော်´´
´´ပေးပါတယ်သမီးရယ်အဖေပေးပါတယ်အဖေအသုံးမကျလို့သမီးဒီလိုဖြစ်ရတာအဖေမိသားစုအပေါ်တာဝန်ကျေခဲ့ရင်သမီးလဲသူများအိမ်မှာမလုပ်ရသလို ခုလိုဖြစ်မှာမဟုတ်ဘူး´´
“အဖေရယ်သမီးအဖေအပေါ်တခါမှစိတ်
ိကွက်ခဲ့ပါဘူး မိစန်းကိုချစ်ရင်အဖေမငိုပါနဲ့နော်´´
သမီးမိစန်းစကားကိုကြားရတော့သမီးစိတ်ချမ်းသာအောင်ကျလာတဲ့မျက်ရည်များကိုသုတ်လိုက်ပင်မဲ့ နောက်ထပ် နောက်ထပ်မျက်ရည်များကအဆက်မပျက်ကျလာပါတော့တယ်
“မမ ဟီး ဟီး´´
“ဟင် ဘာလို့ငိုနေကြတာလဲ တိတ် တိတ်
မငိုရဘူး နောက်ဆိုမမကမုန့်တွေအများကြီးဝယ်ပေးမှာ´´
“မမကသူများတွေပြောသလိုမမကသေမှာလားဟင်
မမ မသေရဘူးနော် မသေရဘူး ဟီး ဟီး´
“မမက မသေပါဘူးမမချစ်တဲ့မောင်လေး ညီမလေးရှိနေတာကို´´
´`အဖေ အမေသမီးကတော့ခဲ့တယ်နော်´´
“သမီးမောနေပါ့မယ်´´
.“အဖေတို့အမေတို့သမီးကဖြစ်ရတာ သမီးအရမ်းပျော် ပျော်´´မိစန်းရဲ့စကားသံများကတိုးလာပြီး ငြိမ်သက်သွားပါတော့တယ်
“`သမီးမိစန်း သမီးလေးအမယ်လေးကယ်ကြပါအုန်း
ကျွန်မသမီးလေးကိုကယ်ကြပါအုန်း သမီးလေးကိုကြည့်ပါအုန်းဆရာရယ်´´
“သမီးမိစန်းရယ်သမီး ငါအသုံးမကျလို့ ငါအသုံးမကျလို့´´
“မမရေ မမ´´
အဖေငိုသံ
အမေငိုသံ
မောင်လေး ညီမလေးငိုသံတွေကို မိစန်းမကြားနိူင်တော့ပါဘူး ဘဝအမောတွေကြားကလွတ်မြောက်သွားပြီလေ
မိစန်းဆုံးပြီးတလပြည့်တဲ့နေ့
“ဆရာ ဝင်ခွင့်ပြုပါ´´
“ကိုဘခက်လာဗျာ မတွေ့တာကြာပြီနော်´´
“ဟုတ်တယ်ဆရာ ကျွန်တော်တို့ရွာပြန်တော့မှာမို့လာနှုတ်ရင်း ကျေးဇူးတင်စကားလာပြောတာပါ ကျေးဇူးတင်ပါတယ် ဆရာကမိစန်းအတွက်အမှန်တရားကိုရှာပေးခဲ့လို့မိစန်းတယောက်စိတ်အေးချမ်းသာထွက်သွားနိူင်ခဲ့တာဆရာကျေးဇူးကြောင့်ပါ´´
“ရပါတယ်ဗျာ မိစန်းကိုတွေ့တော့တချိန်ကမြေဇာပင်ဖြစ်ခဲ့ရတဲ့ကျွန်တော့ညီမလေးကိုတွေ့ရသလိုခံစားရလို့ပါ´´
“ဗျာ´´
“ဟုတ်တယ် လူမဆန်တဲ့လူတွေကြောင့်ကျွန်တော့ညီမလေးကအချိန်မတန်ပဲကြွေလွင့့်ခဲ့ရတယ်မိစန်းလိုမျိုးပေါ့ဗျာ´´
“ဒါကြောင့်ညီမလေးလိုအဖြစ်မျိုးထပ်မဖြစ်စေရဘူးလို့ညီမလေးနှင်းသက်ကိုဂတိပေးခဲ့တယ် မိစန်းနဲ့တွေ့တာနောက်ကျသွားလို့ကျွန်တော်စိတ်မကောင်းဘူးဗျာ´´
“အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဆရာ´´မျက်ရည်များနှင့်နှုတ်ဆက်ထွက်ခွာသွားတဲ့ကိုဘခက်ကျောပြင်ကို
ငေးကြည့်ရင်း ပွင့်တဲ့ပန်းတိုင်းလန်းကြမယ်ဆိုရင် ကမ္ဘာမြေကြီးကသာယာနေမှာဧကန်ပဲလို့တွေးမိသလို မြေဇာပင်ဖြစ်ခဲ့ရတဲ့
ညီမလေးနှင်းသက်
သမီးလေးမိစန်းတို့ကိုဘယ်တော့မှမေ့နိူင်မယ်မထင်တော့ပါဘူးလေ
*ချိန်မတန်ပဲ
မြေမှာကြွေကျ
ပန်းတို့ဘဝ……
ပင်ယံထက်မှာ
လှပဝေဆာ
ပန်းတို့ကမ္ဘာ……
တန်ဘိုးထားလို့
ပန်ဆင်တာ
ကေသာထက်မှာ
ပန်းမွေ့ရာ……….
မြေမှာကြွေကျ
ပန်းအလှ
မြတ်နိုးကောက်ယူ
ပန်းချစ်သူ…………
Sandar.Kyi(kme)
❆ အားပေးကြတဲ့စာပေချစ်သူများကိုတောင်းပန်လိုက်ပါတယ်အကြွေပန်းဝတ္တုလေးကအရမ်းရှည်သွားလို့fbကအကုန်မတင်မပေးသာကြောင့့်ဇာတ်သိမ်းပိုင်းလေးကိုပြန်တင်ပေးလိုက်ပါတယ်
အားပေးကြလို့ကျေးဇူးအထူးတင်ပါတယ်