အချစ်နဲ့တဏှာ

Posted on

အချစ်နဲ့တဏှာ(စ/ဆုံး)

———————

“မောင်”

“ပြောလေ မ, မောင့်ကို ဘာပြောချင်လို့လည်း ”

“မောင်, မကို တကယ်ရောမှ ချစ်ရဲ့လား”

“ချစ်တာပေါ့ မ,ရယ် ဘာဖြစ်လို့ အဲ့လိုမေးရတာလည်း
မ, အနေနဲ့ မောင့်ကို မယုံကြည်ရင်လည်း အခုချက်ချင်း
လမ်းခွဲသွားလို့ ရတယ်နော် မောင် မ,ကို မဆွဲထားပါဘူး”

“မောင့်ကို မ,က မယုံကြည်လို့ မေးတာ မဟုပ်ပါဘူး
မောင်နဲ့မရဲ့ အခြေအနေဟာ ဘယ်အခြေအနေတွေထိ
ရောက်နေပြီလည်း ဆိုတာကို မောင်လည်းပဲ သိပါတယ်
မောင် မ,ကို ဘယ်တော့ ယူမှာလည်း”

“မ,ရယ် မောင်အရမ်း စိတ်ညစ်တာပဲ အစထဲက
မတွေ့ခဲ့ကြရင်လည်း ကောင်းမယ်, ဘာဖြစ်လို့ မောင့်ကို
ယူမယ့် ကြောင်းပဲ ပြောနေရတာလည်း, အလုပ်ကိုင်တွေက
ဆင်မပြေရတဲ့ ကြားထဲ မ,က တစ်မျိုး”

“မောင်က စိတ်ညစ်ရုံလေးပဲ ညစ်တာပါ
မ,က လူပါသေချင်နေပြီ မောင့်ကို အရမ်းချစ်လွန်းလို့သာ
မ,ရဲ့ ခန္ဓာကိုယ်တောင် မောင့်အတွက် ပေးခဲ့တာ”

“မောင်က မ,ကို မယူဘူးလို့ ပြောနေတာမှ မဟုပ်တာ
အလုပ်ကိုင်တွေ ဆင်မပြေသေးလို့ ခနလောက်လေး
စောင့်ခိုင်းနေတာပါ အလုပ်တွေ ဆင်ပြေတာနဲ့
မောင် မ,ကို ချက်ချင်းပဲ လက်ထပ် ပေါင်းသင်းယူမှာပါ
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်လွန်းလို့လည်း
သမီးရည်းစား ချစ်သူတွေထက်မက အချစ်နယ်ကျွံပြီး
လင်မယားတွေလိုမျိုး အတူတူနေခဲ့ကြတာကလည်း
မ,စိတ် မ,သဘောတွေရောပါလို့ မောင်တို့တွေ
ဒီအခြေနေထိ ရောက်လာကြတာပါ
မောင့်ကိုကြည့်ပဲ အပြစ်တွေ လာပုံချမနေနဲ့”

“ဘာလည်း မောင်က မ,ကို တဏှာရူးမကြီးလို့
ပြောချင်တာလား အဲ့လိုမျိုး မောင် မ,ကို ထင်နေရင်တော့
မောင်မှားသွားလိမ့်မယ် အချစ်နဲ့တဏှာ ဆိုတာ
တခြားဆီပါ မောင်ရယ်, အချစ်ဟာ ဖြူစင်သန့်ရှင်းပြီး
ရိုးသားယုံကြည်ခြင်းတွေနဲ့ တည်ဆောက်ထားတဲ့ အရာပါ
တဏှာရဲ့ စေခိုင်းတိုင်းသာ မ,တို့ရဲ့ ခန္ဓာကိုယ်ကြီးက
လိုက်လုပ်နေမယ် ဆိုရင် တိရိစ္ဆာန်တွေလိုမျိုး
ဖေနဲ့သမီး သားနဲ့အမိပါ လိင်ဆက်ဆံခြင်း ဆိုတဲ့
အရာတွေ ပြုလုပ်နေမှာပေါ့”

“ခင်များ စကားတတ်တိုင်း လျှောက်ပတ်ပြောမနေနဲ့
ခင်များလို မိန်းမကို ကျူပ်က တကယ်ချစ်တယ်လို့များ
ခင်များက ထင်နေတာလား, ခင်များက ကျူပ်လက်မထပ်
လည်းပဲ အတူတူနေနေရတဲ့ အတွက် ခင်များကို ကျူပ်က
တွဲနေတာ ခင်များလို အသက်ကြီးပြီး သုံးဆယ်ကျော်လို့
လေးဆယ်နား ကပ်နေတဲ့ အဖွားကြီးကို ပေါင်းသင်းပြီး ကျူပ်က
ယူနေအုံးမယ် စဉ်းစားလေ ခင်များမှာ ဦးနှောက် မပါဘူးလား
ခင်များနဲ့ကျူပ်နဲ့ လမ်းအတူတူ အပြင်ထွက် လျှောက်ရင်
ခင်များနဲ့ ကျူပ်ကို သားအမိတွေ ဆိုပြီး ပတ်ဝန်းကျင်က
ထင်ခံနေရမဲ့ အဖြစ်မျိုးကို ကျူပ်ဘယ်တော့မှ မလုပ်ဘူး”

“ဒါဆို မ,ကို ဘာဖြစ်လို့ အရမ်းချစ်ပါတယ်လို့
လိမ်ပြောခဲ့ရတာလည်း မောင်ရယ် မ,ဟာ မောင်ပြောသလိုပဲ
အသက်ကြီးနေပါပြီ အချစ်မှာ ပျိုတယ် အိုတယ် ဆိုတာ
မရှိပါဘူး တစ်ယောက်ခံစားချက်နဲ့ တစ်ယောက်
စိတ်တွေ ထပ်တူညီနေဖို့ပဲ လိုအပ်တာပါ
မ,မင်းကိုအရမ်းချစ်တယ် အပြည့်အဝလည်း
ယုံကြည်ထားခဲ့တယ် အဲ့ဒါကြောင့်လည်း
မောင်လိုချင်တဲ့ အရာကို မ,ပေးခဲ့တာပေါ့
အဲ့ဒီတွက် မ,နောင်တ မရပါဘူး ဒါပေမဲ့ မောင့်ကိုတော့
မ,စကားတခွန်း ပြောခဲ့မယ် အမ ရှိတဲ့မောင် နှမရှိတဲ့
အကိုတွေဆိုတာ ဒီကမ္ဘာလောကကြီးမှာ အများကြီးပါ
မောင့်မှာလည်း အငယ်ဆုံး ညီမလေး ရှိတယ်မလား
မ,နဲ့ မောင် ဖြစ်ခဲ့ ပျက်ခဲ့တာတွေကိုလည်း
မ,ဘာမှ စိတ်မဆိုးဘူးနော် မောင်တို့ယောက်ျားတွေလည်း
ကိုယ်မှ တကယ်မချစ်ရင် တစ်ဖက်မိန်းကလေးဟာ
ပြည်တန်ဆာ ဖြစ်နေအုံးတော့ ချစ်တယ်ဆိုတဲ့အရာကို
အကြောင်းပြပြီး လိင်ဆက်ဆံတာဟာ ပြည်တန်ဆာ
ထက်တောင်မှ မောင်တို့ရဲ့ လုပ်ရပ်တွေက ပိုပြီးတော့
အောက်တန်း အရမ်းကျတယ် မ,ပြောတာ ပြည်တန်ဆာပဲ
ရှိသေးတယ်နော် မိကောင်း ဖခင်, အကို အမောင်တွေရဲ့
အလည်မှာ ကြီးပြင်းခဲ့သော အမျိုးသမီးတိုင်းဟာ
အရှက်တရား အကြောက်တရားဆိုတာ ပိုလို့တောင်မှ
ရှိတယ်မောင် မ,တို့ မြန်မာမျိုးသမီးတွေဟာ အသက်နဲ့
လူလုပ်တာထက် အရှက်နဲ့ လူလုပ်တာဆို ပိုပြီးတော့
မှန်လိမ့်မယ် မကောင်းတာ လုပ်စားသော
ပြည်တန်ဆာတွေတောင်မှ သူတို့လုပ်စားနေတဲ့
အလုပ်တွေကို လူအရင်းတွေ သိကုန်မှာ ကြောက်ကြတယ်
နောက်ပြီး အသိမိတ်ဆွေတွေနဲ့ လုပ်ငန်းခွင်မှာ တွေ့ကြ
ဆုံကြ မြင်ကုန်ကြမှာကိုလည်း သူတို့အရမ်းရှက်ကြတာ”

“ဒီလောက်တောင်မှ အသိမိတ်ဆွေတွေ မြင်မှာကို
ကြောက်နေရင်လည်း ဘာဖြစ်လို့ ဖာသည်မ အလုပ်ကို
လုပ်နေသေးလည်း စောက်ရေးမပါတာ”

“တစ်ချို့ကြလည်း မိသားစုဝမ်းရေးတွေကြောင့်
မှားနေမှန်းသိသိနဲ့ ဝင်လုပ်ရင်းကနေ ပြည်တန်ဆာအလုပ်ကို
သာယာသွားကြတာ မြန်မာပြည်က အလုပ်ဆိုတာကလည်း
ဘွဲ့ရ ပညာတတ်တောင်မှ ပြည်ပထွက်လုပ်ကြသေးတာ
စီးပွားရေး လုပ်ဖို့ရာ အရင်းအနှီးလည်း မရှိ ပညာမတတ်တဲ့
အမျိုးသမီးတစ်ယောက်က မိသားစုဝမ်းရေးအတွက်နဲ့
ဖာဖြစ်သွားတာ မဆန်းပါဘူး သူတို့လုပ်စားနေတဲ့
အလုပ်ကို ဝါသနာပါလို့ လုပ်စားတယ် ဆိုရင်တောင်မှ
လူပုံလည်မှာသော လည်းကောင်း လူမူ့ကွန်ယက်
စာမျက်နှာတွေ ပေါ်မှာသော လည်းကောင်း
သူတို့လုပ်စားနေတဲ့ အလုပ်ကို ထုတ်ဖော်ပြီးတော့
မပြောရဲကြပါဘူး, မောင်လည်းပဲ အချစ်ကို ဗန်းပြပြီး
လိင်ဆက်ဆံချင်ရုံ သက်သက်နဲ့ မိန်းကလေးတွေကို
လိုက်ပြီး ဖျက်မစီးပါနဲ့တော့နော် မောင်”

“ခင်များ ပြောတာ ဒါအကုန်ပဲ မလား
နောက်ပြီး ခင်များနဲ့ ကျူပ်လည်း ချစ်သူရည်းစားတွေ
မဟုပ်တော့ဘူးနော် ဒီနေ့ကစပြီး ခင်များနဲ့ကျူပ် လမ်းခွဲကြမယ်”

“ကောင်းပါပြီ မောင်”

“ဒါဆိုလည်း ကျူပ်သွားပြီ “ဆိုပြီး ထူးရဲကျော်ဟာ
သူ့ရဲ့ချစ်သူဖြစ်သော အပျိုကြီး မဝင်းသီရိအား
လမ်းခွဲစကားပြောပြီး ထွက်သွားလေ၏

“ယောက်ဖ ငါမင်းကို ပြောစရာ ရှိတယ်”

“မင်းမျက်နှာက အရင်ကထက် ပိုပြီး ပြုံးပျော်နေပါလား
ပြောစမ်းပါအုံး မင်းပျော်နေတဲ့ အကြောင်းအရင်း” ဆိုပြီး
ထူးရဲကျော်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ မင်းခန့်အောင်က ပြောလေ၏

“ငါတို့ လမ်းထိပ်က တိုက်အကြီးကြီးနဲ့ နေတဲ့
ငါ့စော် အပျိုကြီးကို မင်းသိတယ်မလား”

“သိတယ်လေ ဘာဖြစ်လို့လည်း”

“ငါ သူနဲ့ ပြတ်သွားပြီ”

“မင်းကွာ ဒီလောက် ကိတ်တဲ့ စော်ကြီးကို
မင်းမလို့ ဖျက်ပြစ်တယ် ပြီးတော့ အဲ့စော်ကြီးက
စောက်ဆံလည်း အရမ်းချမ်းသာတာ မင်းနှယ် မိုက်ပါ့ကွာ”

“မင်းပြောတာလည်း ဟုပ်ပါတယ် ဒါပေမဲ့ သူက
အိုနေပြီ ကြာလာရင် သေဖို့ပဲ ရှိတော့တယ် သူ့ရဲ့
ပစ္စည်းဥစ္စာတွေကိုတော့ ငါမက်မောပါတယ်
ဒါပေမဲ့ ငါတန်ပါတယ်ကွာ လင်မယားလို
နေခဲ့တာကြည့် တစ်နှစ်မကတော့ဘူး ဟား ဟား”

“ငါ့ကောင် မင်းတစ်နေ့ ငါ့လိုမျိုး နောင်တ ရလိမ့်မယ်နော်”

”ငါက ဘာလို့ နောင်တ ရရမှာလည်း
မင်းကရော အိမ်ထောင်ကြတာ ဘာတွေများ
နောင်တရစရာ ရှိနေလို့လည်း”

“ငါ့ အဖြစ်ပျက်က တော်တော် ရင်နာဖို့ ကောင်းတယ်
လူတွေ သိမှာကို ငါအရမ်းကြောက်နေတာ အခုငါရဲ့
သမီးလေး ဖြိုးအိအိခန့်က ငါ့သမီးအရင်း မဟုပ်ဘူးကွ”

“ဟာ ဘယ်လို ဘယ်လို သူငယ်ချင်း
မင်းမိန်းမ အိဖြူ မွေးတဲ့ သမီးက မင်းရဲ့သမီး
မဟုပ်လို့ ဘယ်သူရဲ့ သမီး ဖြစ်နေအုံးမှာလည်း
စဉ်းစဉ်းစားစားလည်း ပြောပါ ငါ့ကောင်ရာ”

“ငါတကယ် ပြောနေတာကွ, ငါ့မိန်းမ အိဖြူ ငါ့ကို
ဂျင်းထည့်လိုက်တာ သူ့ကိုငါ တစ်ဖက်သတ် ကြိုက်နေမှန်း
သိလို့ စစ်ဗိုလ်ကြီးရဲ့သားဖြစ်တဲ့ ရဲရင့်မောင် ဆိုတဲ့
ခွေးသားနဲ့ တူတူနေပြီး ရခဲ့တဲ့ ဗိုက်ကို တစ်ဖတ်လတ်နဲ့
သူငါ့ကိုယူခဲ့တာ ငါကလည်း ငါပါပဲကွာ, ငါ့ပေါ်ကို
တကယ်ချစ်ပြီး နွံတာခံခဲ့သော ညီမလေး အေးသန္တာကို
ငါရက်စက်ခဲ့သမျှတွေက ငါအခု ပြန်ပြီးတော့ ဝဋ်လိုက်နေတာ”

“အေးသန္တာ ဆိုတဲ့ ညီမလေးက ငါတို့ ဆယ်တန်းတုန်းက
မင်းကို အရမ်းချစ်ခဲ့တဲ့ ကိုးတန်းက မင်းရဲ့ ကောင်မလေးမလား
အဲ့ဒီကောင်မလေးကတော့ မင်းကိုချစ်တာ လုံးဝ
လက်လန်ပါတယ်ကွာ ဘာလည်း နေပါအုံး
ဟိုးတစ်ခါတုန်းက လူတစ်ယောက်ကို ကားနဲ့ အရက်မူးပြီး
မင်းတိုက်ပြစ်တုန်းက ခြေထောက်ကျိုးသွားတဲ့
အဖိုးကြီးကို လျော်ကြေးပေးဖို့ကို မင်းရဲ့အိမ်ကတောင်မှ
ငွေမထုတ်ပေးခဲ့ဘူးလေ အဲ့ဒါကို သူက သိတော့
သူမှာ ဆင်မြန်းထားတဲ့ လက်ဝတ်လက်စား
ရွှေတွေအကုန်လုံးကို မင်းကိုပေးလိုက်ပါ ဆိုပြီး
ငါ့ကို ပေးလိုက်တာ နောက်ပြီး မင်းတို့တွေ
ချစ်သူ ရည်းစားဘဝနဲ့ လင်မယားလို အတူတူနေခဲ့တာလည်းပဲ
တော်တော်ကြာခဲ့တယ်နော် သူလည်းပဲ မင်းနဲ့ပြတ်တော့
အရှက်တွေ တော်တော်လေး ကွဲသွားတယ်
သူ့ကို ယူမဲ့ ယောက်ျားတွေကလည်း သူ့အကြောင်းတွေ
အကုန်သိတာနဲ့ မယူတော့ပဲ ရှောင်ကွင်းသွားကြတာ
မင်းနဲ့ ပြတ်ပြီး သူ့ကို ချစ်တယ်လို့ ပြောတဲ့ကောင်
တွေကလည်း မင်းတို့ ငါတို့လို လိင်ဆန္ဒတစ်ခုတွက်နဲ့
အချစ်ကို အကြောင်းပြပြီး ပြောကြတာ ဘယ်ကောင်က
သူ့ကို ထင်ကြီးတော့မှာလည်းကွာ မင်းနဲ့ အကြာကြီးတွဲပြီး
လင်မယားတွေလို နေခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို
ဘယ်ကောင်က အတည်ယူမှာလည်း ယောကျာ်းကောင်းတွေ
ရဖို့ဆိုတာ သူအတွက် မဖြစ်နိုင်တော့ဘူး သူငယ်ချင်း”

“ငါ့အမှားတွေပါ ငါ့အမှားတွေပါ ကိုယ်ပေါ်ကို
တန်းဖိုးထားပြီး တကယ်ချစ်သော လူဆီကနေ
လိုချင်တာမှန်သမျှကို အနိုင်ယူပြီး ယူခဲ့ရက်စက်ခဲ့တာတွေက
အခုချိန်မှာ ငါကောင်းကောင်းကြီး သူ့ဝဋ်တွေ လည်နေတာ
အမှန်တော့ အချစ်နဲ့တဏှာက တခြားဆီပါ လုံးဝ လုံးဝ
မသက်ဆိုင်ပါဘူး အချစ်ဟာ အချစ်, တဏှာက တဏှာပါ
ဥပမာကွာ မင်းအနေနဲ့ မိန်းကလေး တစ်ယောက်ကို
ချစ်သူရည်းစားလည်း မဖြစ်ဘူး ချစ်တယ်လို့လည်း မပြောပဲနဲ့
နင်ငါနဲ့ တူတူနေမလားလို့ သွားမေးကြည့် ပါးဆွဲပြီး
ရိုက်မခံရရင်တောင်မှ ကံကောင်း အဖြေက အဲ့ဒါပဲ
မိန်းမတွေဆိုတာဟာ ငါတို့ယောက်ျားတွေ တန်းဖိုးထားမှ
သူတို့ဟာ တန်းဖိုးရှိကြတာပါ မင်းနားလည်အောင်
ငါရှင်းပြရရင် အခု ငါယူထားတဲ့ မိန်းမ, ငါ့ကိုနွားဖြစ်အောင်လို့
သူလုပ်တယ် ဒါပေမဲ့ ငါစိတ်မဆိုးဘူး, သူလည်းပဲ ငါ့ကို
နွားဖြစ်အောင်လို့ ဘယ်လုပ်ချင်ပါ့မလည်း ငါကိုယ်တိုင်က
သူ့ကို အရမ်းချစ်ပြနေတော့ နွားအဖြစ် ငါ့ကို သူရွေးချယ်လိုက်တာ
အခုလိုမျိုး ငါနွားဖြစ်ရတဲ့ အဓိက တရားခံကို မင်းသိလား”

“မင်းကို နွားဖြစ်အောင်လုပ်တာ မင်းမိန်းမပဲလေ မဟုပ်ဘူးလား”

“မဟုပ်ဘူး ငါ့ကောင် ငါတို့လို ယောက်ျားတွေကြောင့်ပဲ
အခုလို ငါနွားဖြစ်တာ ငါ့မိန်းမနဲ့ ဖြစ်ခဲ့တဲ့ ရဲရင့်မောင်
ဆိုတာကလည်း ယောက်ျားပဲလေ အဲ့ကောင်သာ လူစိတ်မွေးပြီး
သူနဲ့ရခဲ့တဲ့ အိဖြူရဲ့ကိုယ်ဝန်ကို သူသာ တာဝန်ယူခဲ့ရင်
ငါနွားလာပြီး ဖြစ်မှာ မဟုပ်ဘူး အဲ့လိုပဲ ငါနဲ့ချစ်သူဖြစ်ခဲ့သော
ညီမလေး အေးသန္တာကို ငါကသာ လင်မယားတွေလို
အတူတူ မနေခဲ့ရင် ယောက်ျားကောင်း ယောက်ျားမြတ်တွေ
သူ့ကို ရှောင်ကွင်းပြီးတော့ သွားကြမှာ မဟုပ်ဘူး
အခုတော့ သူ့ဘဝလေးဟာ ငါ့ကြောင့် မစင်ပုံဘဝကို
ရောက်ခဲ့ရပြီး ယင်စိမ်းတွေ လာ၍ ဝဲတာကိုပါ ခံနေရတဲ့
ဘဝမျိုးကို သူရောက်ရှိနေတာ ငါတို့လို့ ကောင်တွေက
လိင်ဆန္ဒကို ဖြစ်ချင်တာနဲ့ အချစ်ကို အကြောင်းပြပြီး
မိန်းကလေးတွေကို လိုက်ဖျက်စီးနေတဲ့ ငါတို့ ဘဝဟာလည်း
မစင်ကြိုက်တဲ့ ယင်စိမ်းတွေရဲ့ အဖြစ်ကို ငါတို့ရောက်မှန်းမသိ
ရောက်နေကြပြီး သူငယ်ချင်း, ယင်စိမ်းလိုမျိုး ကိုယ်ပါသာ
မစင်ကြိုက်တာ အကြောင်းမဟုပ်ဘူး ကိုယ်ပေါ်ကို
တကယ်ချစ်၍ တကယ် မြတ်နိုး တန်ဖိုးထားသော
မိန်းကလေးတွေရဲ့ သူတို့ဘဝလေးတွေကို
မစင်ပုံဘဝ ကိုယ့်အတွက်ကြောင့်နဲ့ မရောက်ဖို့ ဆိုတာဟာ
ငါတို့ယောက်ျားတွေမှာသာ တာဝန်ရှိတယ် သူငယ်ချင်း”

“မင်းပြောတာကို ငါနားလည်ပါပြီ သူငယ်ချင်း
အစက အပျိုကြီးနဲ့ ပြတ်ပြီး လိင်အမြတ်ထုတ်ခဲ့တာကို
မင်းကိုငါ ဂုဏ်ယူပြီး ပြောမလို့, ငါလိုကောင်ဟာ မစင်ပုံကို
ဝဲတဲ့ ယင်စိမ်း မဟုပ်သလို, ငါ့ကို တန်ဖိုးထားပြီးတော့
အရမ်းချစ်တဲ့ အပျိုကြီးဟာလည်း မစင်ပုံ မဟုပ်ဘူး သူငယ်ချင်း
အဲ့ဒါကြောင့် ဖြူစင်နေတဲ့ အပျိုကြီးရဲ့ ဘဝကို
ငါတန်ဖိုးထားပြီး တစ်သတ်လုံး စောင့်ရှောက်ပြီး ငါချစ်တော့မယ်
နောက်ပြီး သူ့ကိုငါ သားမက်မက် မယားမက်မက်နဲ့
အတည်တကျ ပေါင်းသင်း လက်ထပ်ယူသွားတော့မယ်
သူငယ်ချင်း ဆိုပြီး ပြောလေတော့၏

ပေးချင်သော သင်ခန်းစာမှာ ယောကျာ်းကောင်းမှန်ရင်
သူများသားပျို သမီးပျိုတွေကို လိင်အမြတ်ထုတ်ပြီးတော့
ယုပ်မာ မကောက်ကျစ်ကြပါဘူး, ရှေးလူကြီးတွေ
ဆိုရိုးစကားတိုင်း ယောက်ျားကောင်း မောင်းမတစ်ထောင်
နောက်ပြီး ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်
ဆိုတာတွေက နားထောင်လို့ ကောင်းရုံသာ ပြောခဲ့ကြတာပါ
အဲ့ဒါတွေကို ခုခေတ်လူကြီး လူငယ် သားပျို သမီးပျိုတွေက
လိုက်လုပ်ပြီး အတုယူနေရင်တော့ လင်ပစ် မယားပစ်
ချစ်သူရည်းစားပစ်တွေ အဆမတန် ပို၍ ပို၍
များလာကြမှာပါ လက်ရှိ ကျွန်တော်တို့ နေနေတဲ့ ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံထဲမှာတင်ကို တဏှာကြောင့် ဖြစ်ပေါ်လာသော
မဒိန်းမူတွေဟာ ပုံစံအမျိုးမျိုး ဖြစ်နေကြပါတယ်
ကျူပ်မူ့ခင်းသတင်းတွေ ကောက်ဖတ်လိုက်တိုင်း
မဒိန်းမူ့နဲ့ ခိုးမူ့တွေ အပြင် လူကိုပါသတ်ပြီး ပစ္စည်းလုယက်သော
အမူ့တွေပါ အများဆုံး ဖြစ်နေတဲ့ ငါတို့မြန်မာပြည်
ဒါလား ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ , အဖေအရင်းက
သမီးအရင်းကို မဒိန်းကျင့်ရတာနဲ့ ဦးလေးအရင်းက
တူမအရင်းကို မဒိန်းကျင့်ရတာနဲ့ ဟိုနေရာမှာ
အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့ မဒိန်းကျင့်၍
သတ်ဖြတ်ပြီးတော့ ပစ္စည်းတွေ ယူသွားရတာနဲ့
ဒါတောင် ဆယ့်ခြောက်နှစ်အောက် ဆယ်နှစ်အောက်
သက်ငယ်မဒိန်းမူ့တွေ ကျူပ်မပြောသေးဘူး
အရှိကို အရှိတိုင်း, အမြင်ကို အမြင်တိုင်း
ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကို ပြန်လှံထောင်းရာက
ကြနေအုံးမယ် အရှက်တရား အကြောက်တရားတွေ
ရှိကြစမ်းပါ နိုင်ငံတကာရဲ့ အလည်မှာ ငါတို့မြန်မာလူမျိုးဟာ
ဘုရား တရား သံဃာ ရတနာမြတ်သံုံးပါးတို့ရဲ့ အဆုံးအမ
အောက်မှာနေသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး
တစ်ယောက်ဟု ဂုဏ်သိခ္ခါရှိရှိနဲ့ မကြွေးကြော်ရဲတဲ့
ဘဝမျိုးတွေ ရောက်အောင်လို့ ကျူပ်တို့ မြန်မာလူမျိုးတွေကပဲ
လုပ်နေကြတာ ကျူပ်တို့နိုင်ငံရဲ့ ဂုဏ်သိခ္ခါနဲ့ တန်ဖိုးဆိုတာ
မြန်မာပြည်မှာ နေထိုင်သော လူမျိုးတိုင်းနဲ့ သက်ဆိုင်ပါတယ်
လူမျိုးရေး ဘာသာရေး ကျူပ်မခွဲခြားပါဘူး အရှက်သိခ္ခါမဲ့သော
မကောင်းမူ့ ဒုစရိုက်တွေကို မြန်မာပြည်ဖွား တိုင်းရင်းသား
ညီကိုမောင်နှမတွေ အပါဝင် ကျူပ်တို့ ဗမာလူမျိုးတွေပါ
လက်တွဲညီညီ စိတ်တူကိုယ်တူနဲ့ မကောင်းမူ့ မှန်သမျှ
ရှောင်ရှားကြ ဆိုတဲ့ စကားအတိုင်း လူစိတ်လေးတွေ
မွေးနိုင်အောင် မွေးကြပါလို့ပဲ ပြောချင်ပါတယ်
ဒီနေရာမှာ ကျူပ်ပြောချင်တာက ဗုဒ္ဓဘာသာဝင်
ဆိုပြီး ခံယူထားတဲ့ မြန်မာလူမျိုးစစ်စစ်တွေကိုပဲ
ကျူပ်အဓိကထားပြီးတော့ ပြောချင်တာပါ
မြန်မာ အဖေ အမေက မွေးပြီး မြန်မာစကားကို
ကျွမ်းကျင်စွာ ပြောတတ်ယုံ ဘုရားစေတီ
ရုပ်ကလဏ်တော်နဲ့ ဘုန်းကြီးတွေကို
ဖင်မိုးကြီးထောင်ပြီး ရှီခိုးကာ ဦးကုန်း ချတတ်ရုံလောက်နဲ့
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက် ဖြစ်နေပြီလို့
ကိုယ့်ကိုယ်ကို ထင်နေရင်တော့ မှားသွားပါလိမ့်မယ်
နောက်ပြီး မြန်မာနိုင်ငံနဲ့ လူမျိုးတိုင်းကို သိခ္ခါကြပြီးတော့
ညိုးနွမ်းစေနိုင်သည့် မကောင်းမူ့ ဒုစရိုက်တို့ကို
ရှောင်နိုင် ရှားနိုင်ကြပြီး လူဟု ခေါ်ထိုက်သော
လူကောင်း သူကောင်းတွေ ဖြစ်ကြစေဖို့အတွက်
ရည်ရွယ်ပြီး ရေးသားထားသလို သမီးရည်းစား ချစ်သူတွေနဲ့
အိမ်ထောင်သည် တွေလည်း အချစ်နဲ့ တဏှာကို
ကောင်းကောင်းခွဲခြားနိုင်ပြီး လူမူ့ရေး ဖောက်ပြန်ခြင်း
အိမ်ထောင်ရေးဖောက်ပြန်ခြင်း နောက်ပြီး သစ္စာမဲ့သည့်
လုပ်ရပ်တွေကို ရှောင်းရှားနိုင်ကြပါစေ ဆိုသော စေတနာဖြင့်
ကျွန်တော် ကိုလူချောမှ #အချစ်နဲ့တဏှာ ဆိုတဲ့
ဝတ္ထုတိုလေးအား ရေးသားလိုက်ရပါသည်
📝📝📝စာရေးသူ = Lu chaw လှေခွင်းတောင် ( နပတ )