အစိမ်းသေသားအဖ

Posted on

အစိမ်းသေသားအဖ(စ/ဆုံး)

————————–

ကိုယ်တို့ငယ်ငယ်ကနေသောရပ်ကွက်သည်ချောင်းတခုနှင့်နီးကာဒီရေအတက်အကျရှိလေသည်
“အဲဒီချောင်းသည်တနှစ်တခါလူစားလေ့ရှိသည်
“နှစ်စဉ်နှစ်တိုင်းတော့အကြောင်းအမျိုးမျိုးကြောင့်ချောင်းထဲတွင်လူသေလေ့ရှိသည့်အတွက် လူကြီးတွေကချောင်းနားသို့မသွားခိုင်းပေဒါပေမဲ့ကလေးတို့သဘာဝချောင်းစပ်သွား၍ချောင်းထဲမှ စက်လှေများသဗ္ဗန်များသွားတာထိုင်ကြည့်ရင်းသဘောကျနေတတ်လေသည် ့ ့ ့ “ချောင်းကဒီရေတက်လာပါကကိုယ်တို့ရပ်ကွက်အတွင်းရှိအိမ်များသို့ရေများဝင်လာလေ့ရှိကာ လမ်းများလဲရေများဖုံးလွှမ်းသွားလေသည်ဒီရေမတက်ခင်ချောင်းမှဆူညံစွာ ချောင်းအော်သံတဝေါဝေါပေးကာမကြာခင်ဒီရေသည်ကြည့်နေရင်း လျှင်မြန်စွာရပ်ကွက်အတွင်းသို့ဝင်ရောက်စီးဆင်းလာလေသည် ့ ့ ့ “ထိုအခါရပ်ကွက်အတွင်းမှကလေးများအလွန်ပျော်ကြလေသည်
“ရေထဲတွင်ပြေးလွှားဆော့လိုက်ရေထဲကပါလာသောငါးကလေးများလိုက်ဖမ်းလိုက် ကားဘီးအဟောင်းများဖြင့်လှေစီးတမ်းကစားလိုက်ဖြင့်မနားတမ်းအမျိုးစုံအောင်ဆော့ကြလေသည် ့ ့ ့ “ရေပြန်ကျသွားပါကအိမ်ရှေ့ကစားကွင်းကြီးသည်ရပ်ကွက်ထက်နိမ့်သောကြောင့် ကွင်းထဲတွင်ရေများကျန်သေးတာမို့ချောင်းသာရောက်နေသလိုရေဆင်းကူးကြ စက္ကူလှေများလွှတ်ကြနှင့်အပျော်ကြီးပျော်နေကြသည် ့ ့ ့ ့ “တခါတလေချောင်းကညဘက်ကြီးတဝေါဝေါဖြင့်ဆူညံစွာအော်နေတာကို ိုတရပ်ကွက်လုံးကြားနေရလေသည်ကိုယ်တို့အိမ်မှရှေ့မှီနောက်မှီအလွန်ဗဟုသုတရှိသော အဖွားကကိုယ်တို့ကလေးများကိုခေါ်၍ပြောသည်
”’ဟဲ့ကလေးတွေချောင်းအော်သံတွေကြားတယ်မဟုတ်လား——
-“ချောင်းဘက်ကိုမသွားနဲ့နော်ချောင်းကလူမစားရလို့အော်နေတာ—–
“ဒီအသံတွေကြားရင်မကြာဘူးလူသေတတ်တယ်” ‘ ့ ့ ့ “အဖွားပြောတော့ကိုယ်တို့ကလေးတွေနဲနဲကြောက်သွားကာချောင်းဘက် မသွားပဲညိမ်နေလိုက်သည်နောက်နှစ်ရက်လောက်နေတော့ချောင်းထဲတွင် လူသေအလောင်းပေါ်လာ၍တရပ်ကွက်လုံးသွားကြည့်ကြတာပွဲတော်ကြီးလိုဖြစ်နေသည်
“ကိုယ်တို့ကလေးတွေလဲအပြေးအလွှားသွားကြည့်ကြကာကြောက်ရကောင်းမှန်းမသိပေ ့ ့ ့ ့ “တနေ့မှာတော့ချောင်းအော်သံများကြားရပြန်သည်ရပ်ကွက်ထဲကလူကြီးများက စိုးရိမ်စိတ်ဖြင့်အလုပ်ရှုတ်ကာရပ်ကွက်အတွင်းကခွေးလေခွေးလွင့်များအားဖမ်းကာ ချောင်းအတွင်းသွားပြစ်ကြလေသည်အဖွားပြောတာကတော့လူအစားခွေးသွားပြစ်ကြွေးတာလို့ပြောတာပဲ ့ ့ ့ “အဖွားပြောတာသိပ်နားမလည်ပေမဲ့ချောင်းအော်သံကတော့ရပ်သွားလေသည်
“ဒီလိုနဲ့ရာသီတွေပြောင်းပြီးတနှစ်ပြီးဆုံးလို့ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုယ်တို့ရပ်ကွက်အတွင်းမူလတန်းကျောင်းကလေးရှိရာကိုယ်က၄တန်းတက်ရလေသည်
“ကိုယ့်နဲ့အခန်းဖော်သူငယ်ချင်းဖြူဖြူဆိုသောကောင်မလေးတယောက်ရှိကာအလွန်ချစ်စရာကောင်းလေသည် ့ ့ ့ “တညမှာအိပ်နေရင်းချောင်းအော်သံကိုကျယ်လောင်စွာကြားရကာလန့်နိုးသွားလေသည်
“ချောင်းထဲမှာဘာတွေများဖြစ်အုံးမလဲလို့တွေးကာမနက်မှအဖွားကိုပြောမယ်လို့စိတ်ကူးရင်း ပြန်အိပ်လိုက်သည်
“မနက်မိုးလင်းတော့ကျောင်တက်လို့မှမကြာသေး ခလေးတယောက်နဲ့လူကြီးတယောက်ချောင်းထဲခုန်ချလို့ဆိုတဲ့သတင်းကြားတော့့ကျောင်းကဆရာမတွေကောခလေးတွေပါသိချင်နေကြသည် ့ ့ “အရေးထဲအခန်းဖော်ဖြူဖြူကလဲကျောင်းမလာပေ
“နေ့လည်ကျောင်းဆင်းတော့ဖြူဖြူတိ့ုအိမ်ရှေ့တွင်လူများတရုန်းရုန်းဖြစ်နေရာ ကိုယ်လဲလူအုပ်ထဲဝင်၍စပ်စုကြည့်ရာချောင်းထဲခုန်ချသွားသူမှာဖြူဖြူနှင့်သူ့အဖေဆိုတာ သိလိုက်ရတော့ဝမ်းနဲစွာအိမ်ပြန်လာသည် ့ ့ ့ “အိမ်ရောက်မှအမေပြော၍အကြောင်စုံသိရတာကဖြူဖြူအမေသည် လင်ငယ်နေသောကြောင့်ဖြူဖြူအဖေကသမီးကလေးမျက်နှာထောက်ရန်တောင်းပန်ပေမဲ့မရ ရပ်ကွက်ထဲကလူတွေကလဲလင်ငယ်နှင့်မကြာခဏတွေ့နေလို့ဝိုင်းပြောရာ ရှက်တာရောစိတ်ညစ်တာရောပေါင်း၍ရေထဲခုန်ချကာသတ်သေခြင်းဖြစ်သည် ့ ့ ့ “သူသေရင်သူ့သမီးကလေးပထွေးနှင့်နေရမည်စိုးတဲ့အတွက်သမီးကိုအတင်းဆွဲခေါ်သွားလေသည်
“ချောင်းဘေးမှာနေသောအဖိုးကြီးတယောက်ကပြောသည်မှာဖြူဖြူကအတင်းရုန်းကန်နေ၍ ဖိနပ်ပင်ဘယ်တဖက်ညာတဖက်တဖက်စီဖြစ်ကာခပ်ဝေးဝေးရောက်နေသည်
“အတင်းဆွဲခေါ်၍ပါသွားခဲ့တာဖြစ်သည်ကလေးမလေးငိုသံကြားတော့့အဖိုးကြီးကသူတို့သားအဖရန်ဖြစ်နေတယ်ထင်ပြီးအမှတ်တမဲ့နေရာမှရေထဲခုန်ချသွားမှသိလေသည် ့ ့ ့ “ထမင်းဘူးကလေးလဲမှောက်ကာကျောင်းလွယ်အိပ်ကလေးလဲချောင်းစပ်တွင်တွေ့ရကာ စာအုပ်များပြန့်ကျဲနေလေသည်ကိုယ်လဲအဖွားနှင့်သွားကြည့်ကာမျက်ရည်မခိုင်ပဲငိုလေသည်
“တရပ်ကွက်လုံးစိတ်မကောင်းဖြစ်ကာဖြူဖြူအမေအားဝိုင်းဆဲလိုက််ဖြူဖြူအဖေအားကလေးပါခေါ်သွားရမလားလို့အပြစ်တင်လိုက်နဲ့တရပ်ကွက်လုံးဒီအကြောင်းသာ ဖုံးလွှမ်းနေလေသည် ့ ့ ့ “နောက်တရက်ရဲများနှင့်ရပ်ကွက်လူကြီးများစုကာ သေသူများရဲ့ခေါင်းအုံးမျှောကာအလောင်းရှာပွဲကျင်းပတော့ ကမ်းလုံးညွတ်များလူများပြည့်နေလေသည်
ကိုယ်တို့လဲကျောင်းကဆရာမများနှင့်လိုက်ကာသွားကြည့်လေသည် ် “ဖြူဖြူတို့သားအဖရေထဲဆင်းသွားသောနေရာတွင်ဌက်ပျောပွဲအုန်းပွဲနှင့် တတ်သိနားလည်သူများမှတင်မြှောက်၍ဖြူဖြူတို့သားအဖအလောင်းအားနေရာပြရန်ပြောနေသည်ကိုက ဝမ်းနဲစရာအလွန်ကောင်းလေသည် ့ ့ ့ “ပြောဆိုပြီးမှဖြူဖြူတို့သားအဖအိပ်သောခေါင်းအုံးနှစ်လုံးအားရေထဲသို့မျောလိုက်လေသည်
ဖြူဖြူ့အဖေခေါင်းအုံးသည်ရေလယ်တွင်တဝဲဝဲတလည်လေည်နှင့်လည်နေကာ ဖြူဖြူရဲ့ခေါင်းအုံးလေးသည်ရေစီးနှင့်မျောပါသွားရာဆရာမများနှင့်ကျောင်းသူကျောင်းသားများငိုကြလေသည်
“ကိုယ်တို့ကလေးတွေလဲခေါင်းအုံးမျောပွဲကြည့်ကာဖြူဖြူအတွက်စိတ်မကောင်းပေ ့ ့ ့ “လာကြည့်သောလူအုပ်ကြီးလဲမျက်ရည်မဆည်နိုင်ကြပေ
“ထူးဆန်းသည်က မျက်ရည်လုံးဝမကျသောဖြူဖြူ့အမေဖြစ်သည်ဖြူဖြူအဖေရေးပေးခဲ့သော သေတန်းစာနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးပေးခဲ့သောဖြူဖြူ့အဖေရဲ့မေတ္တတရားနှင့် ကိုယ်ရင်နှင့်လွယ်မွေးခဲ့သောသမီးကလေးကိုပင်သံယောစဉ်ပြတ်နိုင်သောကြောင့်ဒေါသထွက်ကာ တယောက်တပေါက်ပြောနေသောလူအုပ်ကြီးကိုရဲနှင့်ရပ်ကွက်လူကြီးများကတားနေရလေသည် ့ ့ ့ “နောက်တနေ့မနက်မှာတော့ဖြူဖြူအဖေအလောင်းသည်ကမ်းစပ်တွင်ပုတ်ပွ၍ပေါ်လာကာ ဖြူဖြူ့အလောင်းကိုတော့မတွေ့ရပေနောက်၃ရက်၄ရက်လောက်မှာတော့ချောင်းဟိုဘက်ကမ်းတွင် ကလေးအလောင်းတလောင်းတွေ့သည်ဟုသတင်းကြားလေသည်
၇ရကျလညျတဲ့နေ့မှာတော့ဖွူဖွူတို့နာရေးအိမျသို့ရပျကှကျကလူမြားက ဖြူဖြူ့အမေကိုမုန်းသောကြောင့်ဘယ်သူမှမသွားဖြူဖြူ့အဖေရုံးက မိတ်ဆွေအနည်းငယ်နှင့်ဖြူဖြူကျောင်းမှဆရာဆရာမများနှင့်ကျောင်သူကျောင်းသားများသာသွားကြလေသည် ့ ့ ့ ဖြူဖြူဆုံးပြီးကိုယ်တို့ကလေးတသိုက်ညဘက်ဖြူဖြူတို့အိမ်နားကမုန့်ဆိုင်တွင််မုန့်သွားဝယ်စားရာအိမ်ပေါက်ဝတွင်ရပ်နေသောဖြူဖြူ့အားတွေ့ကြရာ ငယ်သံပါအောင်အော်၍ပြေးကြလေသည် ့ ့ ့ ရပ်ကွက်ထဲကလူများကလဲဖြူဖြူတို့သားအဖကို ိုဟိုနားတွေ့လိုက်ဒီနားတွေ့လိုက်ဖြင့်မကြာခဏတွေ့ကြရာစိတ်မကောင်းဖြစ်နေကြလေသည်
ဖြူဖြူတို့သားအဖတလပြည့်ပြီးတော့ရပ်ကွက်က လူတွေအမုန်းဒဏ်ကိုမခံနိုင်သောဖြူဖြူအမေသည်အိမ်တံခါးပိတ်ကာပြောင်းသွားလေသည် ့ ့ သူပြောင်းသွားပေမဲ့ဖြူဖြူတို့သားအဖကတော့ပါမသွားသူတို့အိမ်မှာပဲရှိနေလေသည်
“ရပ်ကွက်ထဲကလူတွေကလဲမြင်ရဖန်များတော့ရိုးလာလေသည်
တညမှာတော့ရပ်ကွက်ထဲဖြူဖြူအဖေနှင်ခင်သောဘုန်းကြီးကျောင်းရှေ့တွင် ခွေးများမတရားအူနေရာ ဘုန်းကြီးလဲကျောင်းပေါက်ဝထွက်ကြည့်တော့ဖြူဖြူနှင့်သူအဖေကိုအဝတ်အစားများရေစိုနေကာ ရေစက်လက်ဖြင့်တွေ့လေသည်ဖြူဖြူ့အဖေကဘုန်းကြီးအား ‘ ့ ့ ”အရှင်ဘုရားတပြည့်တော်တို့သားအဖကိုကယ်ပါဒီ ဘဝကနေကျွတ်အောင်လုပ်ပေးပါ”’
ဖြူဖြူတိုသားအဖငိုနေတာတွေ့တော့ဘုန်းကြီးလဲအလွန်စိတ်မကောင်းဖြစ်ကာ ကတိပေးလိုက်သည်အမျှလဲဝေလိုက်သည် “ထိုသားအဖလဲပြောပြီးပျောက်သွားတော့ ဘုန်းကြီးလဲအတော်စိတ်မကောင်းဖြစ်သွားသောကြောင့်မိုးလင်းတော့ရပ်ကွက်က လူကြီးများဖြင့်တိုင်ပင်ကာဖြူဖြူတို့သားအဖအားဖိတ်၍တရပ်ကွက်လုံးစုပေါင်းကာ ဘုန်းကြီးကျောင်းတွင်အလုလုပ်၍အမျှပေးလိုက်လေသည်
အဲဒီနောက်မှာတော့ဖြူဖြူတို့သားအဖအားမတွေ့ရတော့ပါ

” ပြီး
D Moe Moe