Unicode Version
“အောက်လမ်းဘိုးထင် နှင့် လောင်းကစားအင်း”(စ/ဆုံး)
—————————————————————————–
(၂၂)
◾အခန်း-၁
လောင်ကစားပြုလုပ်ချင်းသည် မကောင်းဟု လူကြီးသူမများ၏ ဆိုရိုးစကားရှိခဲ့ကြသည်၊ လောင်းကစား အနည်းငယ် ဝါသနာပါသူများသည် နည်းနည်းလောင်းက ကောင်း၏ များများလောင်းက မကောင်းဟု တမျိုးတမည် ဆိုကြပြန်သည် ၊ လောင်းကစားအား အတော်ကို ဝါသနာထုံသူများသည် များများလောင်းက သူဌေးဖြစ်ဟု မှတ်ယူကြပြီး ခွေးဖြစ်မည်ကို မေ့ထားကြသည် ၊ တချို့ မိုက်မဲသောသူများသည်က သူဌေးမဖြစ် ခွေးသာဖြစ်ကုန်၏၊ လောင်းကစားဟူသည် ယောကျာ်းသားများသာ ဝါသနာထံုလေ ရှိသည်တော့ မဟုတ်ပြန်ပေ မိန်းမသားများသည်လည်း ဝါသနာထုံကြပေသည် ၊ ယခုပေပင် ရွာတွင်တော့ အသက် ငါးဆယ်ကျော် အပျိုကြီးနှစ်ယောက် ဖြစ်သည် မလေးရွှေ နှင့် မလေးငွေသည် ထူးထူးရှားရှား လောင်းကစား ဝါသနာပါသူ နှစ်ဦးဖြစ်၏ ၊ရွာထဲရှိ ကြက်ပွဲအစ မသာအိမ် ဖဲဝိုင်း အဆုံး မ လေးရွှေ နှင့် မ လေးငွေ ပါမြဲဖြစ်သည် ၊ ရွာထဲတွင်တော့ သူမတို့ ညီအမနှစ်ဦးအား မကြီး နှင့် မလေး ဟုသာ ခေါ်တွင်ကြလေသည် ၊
ပေပင် ရွာမြောက်ပိုင်းရှိ အိမ်တလုံးပေါ်တွင် ဖြစ်သည် ၊ အသက် ခုနှစ်ဆယ်ကျော်အရွယ် အမယ်အို အရီးရွှေမိသည်၊ ဝါးပက်လက် ကုလားထိုင်တွင် ထိုင်ရင်း သူမ၏ မလှမ်းမကမ်းတွင် ရှိသော သမီး နှစ်ေယာက်အား စကားဆိုလိုက်သည်
“,မကြီး နဲ့ မေလး နောက်တပတ် ညည်းတို့ ညီအမနှစ်စ်ေယာက် နွားပွဲဈေးကို သွားပြီး နွားသွားလဲရမယ် ကြားလား”
“နှစ်ကောင်လုံး လဲမှာလား အမ ”
“အေးဟုတ်တယ် နင်အဘ မရှိတော့ ကတည်းက ငါတုိ့နွားမလဲရသေးဘူး နွားကလည်း ခိုင်းကျိုးက ကုန်ခါနီးနေပြီဆိုေတာ့ သိန်းတန်က နွားလဲ ခိုင်းနေပြီ”
အရီးရွှေမိပြောသော သိန်းတန်ဆိုသူမှာ သူတို့၏ အိမ်တွင် လူငှါးလုပ်သော သူအားဆိုချင်းဖြစ်သည် ၊ အရီးရွှေမိသည် သိန်းတန်အား သူမ၏ သမီးနှစ်ယောက်ထက် ပို၍ အားကို စိတ်ချ ယုံကြည်သည်၊ သူမ၏ သမီးနှစ်ယောက်ကိုလည်း မယုံကြည်သည်က အဆန်းတော့ မဟုတ်ပေ ၊ သမီးနှစ်ယောက်သည်က ယုံကြည်စရာ အကွက်များလိုက်ရှာပေမဲ့ တကွက်ပင် ကောင်းကွက်မတွေ့ရေပ ၊ သိန်းတန် မွေးထားသော ကြက်များအား အရီးရွှေမိမှ ဖမ်းခိုင်းလိုက်သည်ဟု ပြောကာ ကြက်များအား ရောင်းပြီး ကိုးမီးထိုးပြစ်လိုက်ကြသည်မှာလည်း အခါခါ ဖြစ်သည် ၊ အချို့သော အသေးအမွှားကိစ္စများပြောက ပြောကုန်မည် မထင်ပေ ၊ ယခု နွားသွားလဲ ခိုင်းရချင်းမှာလဲ သိန်းတန်အား စပါးရောင်းခိုင်းထားရာ စပါးပွဲစား လာမည့်နေ့ကို မသိသော ကြောင့် သူမ၏ သမီး နှစ်ယောက်အား စပါးရောင်း နှင့် နွားလဲ တခုခု ခိုင်းရမည်ဖြစ်ရာ ညစ်၍သိပ်မရသော နွားလဲ သည့်အလုပ်ကို လုပ်ခိုင်းရချင်းဖြစ်သည် ၊ မေလးနှင့် မကြီးသည် နွားပွဲ ဈေးသွားရမည်ဆိုသောကြောင့် တက်ကြွနေကြသည်ထို့ကြောင့် သူမ တို့၏ မိခင်အား သူမတို့သုံးဖို့ ငွေကို ကြိုတောင်းနေကြလေသည်
“အမ အဲ့နေ့ကြရင် ကျမ တို့ကို ငွေလည်း လောက်လောက်ငှငှ ထည့်ပေးလိုက်ပါဦး ”
“ဟုတ်တယ် အမ ထမင်းဖိုး လေး များများထည့်ပေးပါ ”
“ဟဲ့ကောင်မ နှစ်ေယာက် နင်တို့ အေကြာင်း ငါမသိဘူးထင်နေလား ထမင်းဖိုးတော့မရဘူး အိမ်က ထမင်းထုပ်ယူသွားကြ ”
“ဟ အမကလည်း ”
မကြီး နှင့် မလေး သည် သူမတို့၏ မိခင် ဆီမှာ ငွေအား ယခုကတည်းက တပူပူ တဆာဆာ လုပ်ပြီးတောင်းနေပါလေသည် ၊သူမတို့၏ မျက်နှာ များက အပြုံးရိပ်များသမ်းနေလေသည်၊ ပြုံးပျော်ရသော အကြောင်းသည်က သူတို့ ရထားသော သတင်းအရ အောက်လမ်းလေးဘိုးထင်ဆီမှာ အင်းဝိဇ္ဇာပေးခဲ့သော လောင်းကစားနိုင်အင်းရှိသည်ဖြစ်၍ လောင်းကစားအင်းအား ငှားပြီး နွားပွဲဈေး ဖဲဝိုင်းတွင် ဖဲရိုက်ရမည်ဟု တွေးေနချင်းကြောင့် ဖြစ်ပါလေတော့သည် ။
◾အခန်း-၂
မောင်ဘိုးထင်တို့ စကားတပြောပြောနှင့် လမ်းလျှောက်နေကြသည် ၊ မောင်ဘိုးထင်၏ ဘေးတွင်တော့ ဖိုးထွေး နှင့် သာရသည် စကားတတွက်တွက်ပြောရင်း ပြုံးလိုက် ရယ်လိုက် မဲ့လိုက် နှင့် မျက်နှာပေး အမျိုးအမျိုး နှင့် ဖြစ်နေ၏။
‘ဘိုးထင် မင်းမှာ လောင်းကစားအင်း ရှိတယ်လို့ ပြောတယ် ငါကို ပေးပါလား”
“ကိုဖိုးထွေးက ဘာလုပ်မလို့လဲ ”
“သံဂြိုလ် ကိုးမီးထိုးတာ လောင်းမလို့ လေကွာ ”
“ဟ ဖြစ်မလားဗျ ကျုပ်ရဲ့ လောင်းကစားအင်းက အဲ့ လောက် အဆင့်နိမ့်တာ မဟုတ်ဘူး ”
“အေး ဘိုးထင်ပြောတာ ဟုတ်တယ် ကိုမြကြီးတို့ ကြက်တိုက်တာ လောင်ချင်လို့ ငါ့ေပးပါကွာ ”
မောင်ဘိုးထင်သည် သူ၏ တဘက်တချက်တွင် လောင်းကစားအင်းတောင်းနေသော ဖိုးထွေး နှင့် သာရအား သေချာကြည့်လိုက်ကာ
“ကျုပ် အဘ ပြောတာတော့ ဒီအင်းက လောဘ တအားကြီးလို့ မရဘူးတဲ့ ဗျ ဒီအင်းကို မသုံးခင် သုံးမဲ့လူက ထိုက်သင့်တဲ့ အနိုင်ရရင် တော်ပြီလို့ သစ္စာပြုရတယ် တဲ့ဗျ”
“အဲ့လိုလားဟ ”
“ကျုပ်လည်း သေချာမသိပါဘူးဗျာ ”
မောင်ဘိုးထင်တို့ စကားတပြောပြော နှင့် ရွာလယ် လမ်း အတိုင်းလမ်းလျှောက်နေစဉ် တဘက် တေယာက် တထည်ကို ခေါင်းတွင် ပေါင်းထားသော မကြီးနှင့် မလေးသည် မောင်ဘိူထင်တို့ အနားသိူ့ ခြေလှမ်းသွက်သွက် ဖြစ်လျှောက်လာကာ
“ဘိုးထင် ရှာလိုက်ရတာ”
“လေးမကြီး နဲ့ လေးမေလး ဘာဖြစ်လို့လဲ ဗျ ”
“လာလာ ငါတို့ နင့်ကို ပြောစရာရှိလို့ ”
မကြီး နှင့်မေလးသည် မောင်ဘိုးထင်အား လက်ဆွဲကာ ကျန်သူများ အနားမှ ဆွဲခေါ်သွားပြီး အသံတိုးတိုး နှင့် စကားဆိုလေသည်
“ဘိုးထင်လေး နင့်မှာ လောင်းကစားအင်း ရှိတယ်လို့ပြောတယ် ငါတို့ကို ငှားလိုက်ပါလား နောက် တပတ် နွားပွဲဈေး နွားသွားလဲမှာ အဲ့ မှာ ဖဲဝိုင်းကောင်းကောင်း ရှိတယ်နင်တုိ့အတွက် မနစ်နာစေရပါဘူး ”
“မရလောက်ဘူးဗျ ကျုပ်တယောက်ထဲ ပိုင်တာ မဟုတ်ဘူးေလ အင်းကတော့ ရှိပါတယ် ”
“နင့်မှာ သုံးချပ်တောင် ရှိတာ မဟုတ်လား ငါတို့ကို ပေးပါ ”
“ဟို ဟို ”
“ဟို မနေနဲ့ နင်တို့ပါ လိုက်ခဲ့ ငါ ခေါက်ဆွဲကြော် ကျွေးမယ် ”
မောင်ဘိုးထင် နွားပွဲဈေးသို့ လိုက်ချင်နေသည်မှာ ကြာပြီဖြစ်သည် နွားပွဲဈေးတွင် အတော်ကောင်းသည့် ခေါက်ဆွဲကြော်ဆိုင် ရှိသည်ဟု ဦးအုနး် မကြာခဏ ပြောနေသဖြစ် သူတုိ့သွားချင်နေသည် ၊ သို့ပေမဲ့ လိုလို ချင်ချင်း ခုချက်ချင်း လိုက်မည်ဟု ပြောက သူတို့ ဈေးကျ နိုင်သည်ဟုတွေးနေစဉ်
“ဘိုးထင် တွေး မနေနဲ့ ငါတို့နိုင်တဲ့ ငွေတဝက်လည်း နင်တို့ ကို ပေးမယ် ဟယ် ဘယ်လို လဲ ”
မောင်ဘိုးထင် မငြင်းနိုင်တော့ပါ ထို့ကြောင့် ခေါင်းကို ညိတ်ပြီး လိုက်မည်ဟု ပြောလိုက်တော့သည် ၊ မောင်ဘိုးထင် လိုက်မည်ပြောသောအခါ မကြီး နှင့် မလေးသည် အတော်ကို ဝမ်းသာ သွားကြသည် ထို့နောက် ဖိုးထွေး နှင့် သာရ ကိုပါ ခေါ်ခဲ့ ဖို့ပြော ရင်း ၊ သွားမည့် ရက်ကို အသေချာမှာကြားကာ ဘိုးထင်အား နုတ်ဆက်လို့ ထွက်ခွာသွားပါလေတော့သည် ။
◾အခန်း-၃
မောင်ဘိုးထင်တို့အဖွဲ့ နွားပွဲဈေးလိုက်မည်အေကြာင်းဆွေးနွေးနေကြသည်၊ သူတို့ တွက် အရေးကြီးဆုံးအချက်ကရှိသည် လောင်းကစားအင်းကို မည်သို့ အသုံးပြုရမည်ကို ဦးအုန်းထံမှ သင်ယူရဦးမည် ဖြစ်သည် ၊ ယခုေမာင်ဘိုးထင် အား မကျေနပ်သူ နှစ်ေယာာက် ရှိနေသည် ထိုသူ နှစ်ေယာက်မှာ ဖိုးထွေး နှင့် သာရဖြစ်သည် ၊ လောင်းကစားနိုင်အင်း အား သူတို့ေတာင်းသော မပေးပဲ အပျိုးကြီး နှစ်ယောက် တောင်းမှ ပေးရမလားဟု ပြောဆိုကာ မကျေမနပ်ဖြစ်နေကြသည် ၊
“ဘိုးထင် မင်းကတော့ မဟုတ်တော့ဘူး အမြဲ ဆိုးတူ ကောင်းဘက် နေလာတဲ့ သူတွေကြေတာ့ အင်း မပေးပဲ ဟိုအပျိုကြီး ညီအမကြေတာ့ပေးတယ် တကယ်ကို မျက်နှာ လိုက်တဲ့ ကောင်ပဲကွာ ”
“အေး ဖိုးထွေးပြောတာ မှန်တယ် ဘိုးထင်လုပ်ပုံက မဟုတ်သေးဘူး ကြက်လေးတိုက်ချင်လို့ အင်းလေးပေးပါဆို မပေးဘူး ဟိုအပျိုးကြီးနှစ်ေယာက်တော့ ချက်ချင်းပေးတယ် ”
“နေကြစမ်းပါဦးဗျာ ကျုပ်ပြောတာလည်း သေချာနားထောင်ပါဦး အဲ့ နေ့ ခင်ဗျားတို့ကော လိုက်ရမှာ ”
“တကယ်လား ဘာလို့လိုက်ရမှာလဲ ”
“တကယ်ပေါ့ဗျ ခင်ဗျားတို့နှစ်ယောက်က အပျိုကြီးတွေ နဲ့လိုက်သွားရမယ် ကျုပ်တို့က ခေါက်ဆွဲဆိုင်မှာ ခင်ဗျားတို့ကိုစောင့်မယ် ”
“ငါတို့က လိုက်သွားပြီး ဘာလုပ်ရမှာလဲ ”
“ငွေသိမ်းရမှာပေါ့ဗျာ သူတို့နိုင်တဲ့တဝက်က ကျုပ်တို့ ရမှာ ”
သာရ နှင့် ဖိုးထွေး ခေတ္တတွေးလိုက်ပြီး
“မဆိုးဘူးကွ အရင်းမစိုက် လှေထိုးလိုက် ဆိုတာ ဒါမျိုးပြောတာ ထင်တယ် ”
“ဟုတ်တယ်ဟေ့ ဘိုးထင်တို့က အကြံဝောာ့ ပိုင်သား ကဲကဲ အဲ့နေ့ကြရင်တော့ စောစော သွားကြတာပေါ့ကွာ ”
မောင်ဘိုးထင်တို့ သုံးဦးသည် ဦးအုန်းပြောသော နွားပွဲဈေးမှ ခေါက်ဆွဲ အကြောင်းတွေးရင် ငြိမ်နေလေသည် ၊ သာရ နှင့် ဖိုးထွေးသည်လည်း သူတို့ သိမ်းရမည် ငွေများကို စိတ်ကူး နှင့် ပုံဖော်ရင်း ပြုံးပျော်နေကြပါလေတော့သည ်။
◾အခန်း-၄
မောင်ဘိုးထင်တေယာက် ဦးအုန်းထံတွင် အောက်လမ်း အစီအရင်များပြူလုပ်နည်းကို သင်ယူနေသည် ၊ ဦးအုန်းသည် ထိုပညာရပ်များနှင့် သူတပါးကို ဒုက္ခမပေးဖို့ မှာနေေသးသည် ၊ ကို့အပေါ် ဒုက္ခရောက်အောင်လုပ်သူများကိုတော့ အသက်မသေ အောင် ပြူလုပ်က လုပ်နိုင်သည်ဟု ဆိုပြန်သည် ၊ မောင်ဘိုးထင်သည် အောက်လမ်း အစီအရင် များကို သင်နေရင် း သူသိချင်သည်များကိုလည်း မေးနေေသးသည် ။
‘အဘ ကျုပ်တခုေမးချင်တယ် ”
“မေး ကောင်လေး”
“ကျုပ် လောင်းကစားနိုင် အင်း သုံးချင်တယ် အဘ အင်းကို အသက်သွင်းပေးပါ ”
“မင်းကို ပေးခဲ့တာ ဆိုတော့လည်း မင်းသဘောအတိုင်းပဲပေါ့ကွာ အင်းအသက်သွင်းတာ ဘာမှသိပ်မလိုပါဘူး သစ္စာဆိုရမှာပဲ ကောင်လေး မင်းက ဒီအင်းကို ယုံကြည်တယ်ဆိုတာ သစ္စာပြုပြီး အင်းကို အိတ်ထဲ ဆောင်သွားရင်ရပြီ”
“ငွေ ဘယ်လောက်များများ နိုင် အောင်လုပ်လို့ ရလဲ အဘ “,
“ကို့ မှာ ရှိတဲ့ ငွေရဲ့ အဆတရာ ပေါ့ကွာ ”
“အဆ တရာ ဆိုတော့ ငါးဆယ်ကို ငါးထောင်ပေါ့ နော် အဘ ”
“ဟုတ်တယ် လောဘကြီးရင် အင်းပေါက်တယ် သတိထားရမယ်ကောင်လေး ငါတို့က ငွေ ငါးဆယ် ယူသွားပြီ ဆိုပါတော့ ငွေ ငါးထောင် နိုင်နေတာတောင် မပြန်သေးပဲ အင်းကို ဆက်သုံးနေရင် အင်း ပေါက် အင်းကန်း ပြီး အင်းက အစွမး် မထက်တော့ဘူးကွ သစ္စာ ပျက်တယ်ဆိုပါေတာ့ကွာ သစ္စာ ပျက်မှာတော့ ဘယ်လို လုပ် အစွမး် ထက်တော့မလဲ ”
‘အော် နားလည်ပြီ အဘ အဆတရာက မနည်းပါဘူး အဘရာ တရာ ယူရင် တသောင်း နည်းတာ မှ မဟုတ်တာ ”
မောငဘိုးထင်သည် လောင်းကစားနိုင်အင်း အသုံးပြုနည်းကို သိသွားပြီမို့ စိတ်ထဲတွင် ကျေနပ်နေမိသည် ၊ မကြာသောရက်ပိုင်းတွင် သူတို့ သူဌေးဖြစ်တော့မည်ဟု တထစ်ချ ယုံကြည်ကာ ဦးအုနး်သင်ပြနေသော အစီအရင် လုပ်နည်းများကို လိုက်လံ မှတ်သားနေပါလေတော့သည် ။
◾အခန်း-၅
မောင်ဘိုးထင်တို့ နွားပွဲဈေးသွားမည့်ရက်က ရောက်လာပြီဖြစ်သည် ၊ မနက်ဝေလီဝေလင်း၌ပင် မောင်ဘိုးထင်တို့သည် ရွာအထွက် ညောင်ပင်တွင် ထိုင်ပြီး မကြီး နှင့် မလေး ကို စောင့်ဆိုင်း နေကြသည် ၊ မကြာလှသော အချိန် တွင် မကြီး နှင့်မလေးသည် နွားပြာနီ တေယာက် တကောင်ဆီ ဆွဲလာပြီး ေမာင်ဘိုးထင်တို့ အနားရောက်လာကာ
“ဘိုးထင်တို့ လူစုံပြီလား သွားကြရအောင်ဟေ့ ”
“စုံပြီ လေးမကြီး ”
“လေးမကြီး ကျုပ် နွားဆွဲပေးမယ် ”
“အေးအေး သာရ ”
“လေးမငယ် ကျုပ်လည်း နွားဆွဲပေးမယ် ‘
“ကောင်းတာပေါ့ ဖိုးထွေးရယ် ”
မနက်ဝေလီ ဝေလင်းတွင် မကြီး နှင့် မလေးသည် နွားတရှဉ်း လူငယ်တသိုက် နှင့် နွားပွဲဈေးသို့ သွားနေလေသည် ၊ လမ်းတွင်ေတာ့ မောင်ဘိုးထင်သည် လောင်းကစားနိုင်အင်း အကြောင်း ပြောပြနေလေသည် ၊
“လေးမကြီး နဲ့ လေးမလေးကို ကျုပ်မှာ စရာရှိတယ် ရော့အင်း ကိုယူထား”
“အေးအေး ‘
မကြီး သည် အင်းစာရွက် သုံးရွက်အား ယူလိုက်ပြီး သူမလွယ်ထားသော လွယ်အိတ်ထဲ ထည့်သိမ်း လိုက်၏၊ ထို့ောနာက် မောင်ဘိုးထင်သည် စကားဆက်ပြီးဆိုလိုက်ပြန်သည်
“လေးလေး တို့ မှတ်ထားရမှာက ဒီအင်းကို အပေါ်ကို ယုံကြည်ပါသည် ဆိုပြီး သစ္စာဆိုရမယ် တကယ်း ယုံရမယ် တခု သတိထားရမှာက လေးလေး တို့မှာ ရှိတဲ့ငွေရဲ့ အဆတရာ နိုင်ရင် ထပ်ပြီး လောဘ မတက်ရတော့ဘူး အဲ့တာ အရေးကြီးတယ် ”
“အဆ တရာဆိုတော့ ငါ့တို့ဆီမှာ အခု တေယာက် ငါးဆယ် ဆီပါတယ် အဲ့ေတာ့ ဘယ်လောက် နိုင်ရင် တော်ရမှာလဲ”
“တသောင်းပေါ့ ဗျ ”
“တသောင်းဆို လည်း မနည်းပါဘူး နင်တို့က ငါးထောင် ငါတို့က ငါးထောင် ရွှေတကျပ်သား ဖိုးဆီပေါ့ ”
မောင်ဘိုးထင် ကျေနပ်သွားသည် မကြီး နှင့် မလေး မှာ လောဘ သိပ်မကြီးပါလား ဟုလည်း စိတ်ထဲ မှချီးကျုး နေမိသည် ၊ ဤသို့ ဖြစ် စကား တပြောပြော နှင့် နွားပွဲဈေးသို့ သွားရာ နေရောင် ကောင်းကောင်း ရသည် အချိန် တွင် နွားပွဲဈေးသို့ ရောက်လာကြ၏ ၊ နွားပွဲဈေး ရောက်သည် နှင့် မကြီး နှင့် မလေးသည် ၊ မောင်ဘိုးထင် ၊ ပေတူး နှင့် သာအေးကို ခေါက်ဆွဲကြော် ဆိုင် တွင် ထားခဲ့ကာ
“ဘိုးထင် နင်တို့ စားချင်တာ မှာစားထား နင်တို့ ငွေေတွရှင်းစရာ မလိုဘူး ငါတို့ ပြန်လာမှ ရှင်းမယ် စားချင်သလောက်စားကြ ကြားလား”
“ကျုပ်တို့က ဘယ်လို မှာရမှာလဲ ”
“ဆိုင်က အခုမှ ခင်းနေတုနး်မို့ပါ ပြီးရင် နင်တို့ကို ဘာစားမှာလဲ မေးလိမ့်မယ် နင်တို့ကြိုက်တာသာ မှာစားကြ ”
“ပြီးတာပဲ မြန်မြန်တော့ ပြန်လာနော် ”
“အေးပါဟယ် ငွေငါးထောင်ဆီ ရရင် ပြန်လာခဲ့မယ် ”
ထုိ့ေနာက် မကြီး သည် နွားဆွဲထားသော သာရ နှင့် ဖိုးထွေးအား ခေါ်၍ ထွက်သွားလေသည် ၊ သာရနှင့် ဖိုးထွေးသည် ခေါက်ဆွကြော်စားချင်သည်ဟု ပြောသည်ကိုပင်
“နောက်မှ စားစမး်ပါ နင်တို့ နှစ်ယောက်ကလည်း ကလေးမဟုတ် သူငယ် မဟုတ်နဲ့ ဟိုက ဘိုးထင်တို့က ကလေးတွေ ငါတို့က အချိန်ရှိခိုက် လုံးလစိုက် ကြရဦးမယ် ”
သာရ နှင့် ဖိုးထွေးသည် မကြီး၏ စကားကို မည်သို့မှ ပြန်မပြောနိုင်ကာ နွားတရှဥ်းအား တေယာက် တကောင် ဆွဲလို့ မကြီး နှင့် မလေး ခေါ်ရာ နောက်သို့ လိုက်ပါ၍ သွားရပါလေတော့သည် ။
◾အခန်း-၆
မောင်ဘိုးထင်တို့ သုံးယောက် ခေါက်ဆွဲဆိုင်တွင် ထိုင်နေလေသည် ၊ မကြာသော အချိန်တွင် သူတို့ နှင့် ရွယ်တူ ကောင်လေး တယောက် ရောက်လာပြီး စားပွဲခံုကို အဝတ်နှင်သုတ်ကာ
“ခေါက်ဆွဲလား ဘာအသားနဲ့ စားမှာလဲ ”
“ဘာသား နဲ့ရလဲ ”
“ကြက် ဝက် ရပါတယ် ”
“ကြက်ဝက် ဆိုတာ ဘာပြောတာလဲ ဟ ”
“ကြက်သား ရယ် ဝက်သား ရတယ်လို့ပြောတာပါ ဒါနဲ့ အကိုတို့ ဘာနဲ့ စားမလဲ ခင်ဗျ ”
မောင်ဘိုးထင်အား အကို ဟုခေါ်သော ကောင်လေးသည် ၊ သူတို့ ထိုင်နေေသာ စားပွဲဘေးတွင် မတ်တတ်ရပ်ပြီး သူတို့မှာမည်ကို စောင့်နေလေသည် ၊ မောင်ဘိုးထင်သည် ကျန်သော ပေတူး နှင့် သာအေးကို ကြည့်ကာ
“ဟေ့ကောင်တွေ ဘာနဲ့ စားမှာလဲ တဲ့ ”
“ငါက တော့ ဒီကို ရောက်တုန်း ရောက်ခိုက် တိုက်ပန်ကန် နဲ့ စားမယ် လို့ပြောလိုက်ကွာ ”
မောင်ဘိုးထင်အား ခပ်တည်တည် နှင့် ပြောလိုက်သူမှာ ပေတူးဖြစ်သည် ပေတူးသည် မောင်ဘိုးကို သာပြောပြီး ကျန်သော သာအေးသည် စာပွဲထိုးလေးအား စိုက်ကြည့်ကာ
“မင်းက ငါတို့ကို တောသားဆိုပြီး တိုက်ပန်ကန်း နဲ့ မချပေးချင်လို့ ဘာနဲ့စားမှာလဲ မေးနေတာ မဟုတ်လား ပေပင်သားကွာ မင်းတို့ နွားပွဲဈေးကို အခုမှ ရောက်ဖူးပေမဲ့ နပ်နေပြီကွ ဟေ့ကောင် တိုက်ပန်းကန် နဲ့ ပဲစားမယ် ”
သာအေး၏ စကားကြောင့် စာပွဲထိုးလေသည်း မောင်ဘိုးထင်တို့အား စူးဆိုက်ကြည့်နေပြီး အံဩသော အမူအယာ ဖြစ်
“ကျုပ်ပြောတာ ကြက်သား နဲ့ ခေါက်ဆွဲကြော်စားမှာလား ဝက်သားနဲ့ ခေါက်ဆွဲကြော်စားမှာလား မေးတာဗျ”
“နို့မှ မသိပဲကွာ မင်းက ရှင်းရှင်းပြောပေါ့ ငါ့ကို ဝက်သားနဲ့ပေး ဟိုကောင် နှစ်ေကာင် မင်းတို့က ဘာသားနဲ့ စားမှာလဲ မြန်မြန်ပြော ”
“ငါလည်း ဝက်သားပဲ ”
“ပေတူးမင်းရော “,
“,ဝက်သားပဲ ကြက်သားကအမြဲ စားနေရတာ ”
“မင်းက လျှာကို ရှည်တယ် ဟေ့ကောင် ဝက်သားနဲ့ သုံးပွဲ ”
နုတ်သွက် လျှာသွက် ဖြစ်နေသည့် သာအေးအား မောင်ဘိုးထင်မှ မေးငေါ့ပြီး ဘာ ဖြစ်တာလဲဟု မျက်နှာရိပ် မျက်နှာကဲ နှင့်မေးသောအခါ သာအေးသည် မျက်လုံးကို တဖက်မှိတ်ပြလိုက်ပြီး စာပွဲထိုးလေး သူတို့အနားမှ ထွက်သွားကာမှ အသံတိုးတိုး ဖြစ်
“အစောက ဟိုကောင်က တို့ကို တောသာဆိုပြီး အ ရန်ကော ဆိုတဲ့ အကြည့်နဲ့ စိုက်ကြည့်နေတာကွ အဲ့တာ ကြောင့် ငါ ဘယ်လောက် လည်တယ် ဆိုတာ နည်းနည်း ပြလိုက်တာ ”
“အော် အေးအေး တိုက်ပန်းကန် နဲ့ စာမယ် လို့ ပြောတဲ့ကောင်က တော်တော် လည်ေကြာင်း ပြလိုက်တာပေါ့ ”
မောင်ဘိုးထင်၏ စကားကို သာအေး ဂရုမစိုက် တိတ်တိတ်နေဆိုသည် သဘော ဖြစ် မျက်ရိပ် မျက်ခြေပြလိုက်ပြီး ခေါက်ဆွဲကြော် လာအချကိုသာ စောင့်ဆိုင်း နေကြပါလေတော့သည် ။
◾အခန်း-၇
မကြီး နှင့် မလေးသည် သာရ နှင့် ဖိုးထွေး ဆွဲလာသော သူမတို့၏ နွားနှစ်ကောင်အား အသိ နွားပွဲစားကြီးတွင် အပ်ခဲ့ကာ နွာပွဲဈေး နှင့်မလှမ်း မကမ်း အိမ်းလေးတလုံးဆီသို့ သွားလိုက်လေသည် ၊ ထို့နောက် ထိုအိမ်လေးမှ တဆင့် အတန်လှမ်းသော နေရာသို့ လမ်းလျှောက်လိုက်ရာ အိမ်ကြီးတလုံးတွေ့ရပြန်သည် ၊ ထို့နောက် ထိုအိမ်ကြီး ပေါ်သို့ မကြီး ဦးဆောင်ပြီးတက်သွားနေ၏ ၊ အိမ်ပေါ်တွင်ေတာ့ ဖဲ ကစားနေကြသော ယောက်ျား မိန်းမများ အတော်များပေသည် ၊ အိမ်ကြီးပေါ်မှာ ရှိသော ဖဲဝိုင်းတဝိုင်းမှ မိန်းမကြီးတဦးသည် မကြီး နှင့် မလေး ကိုမြင်သော အခါ လက်ယက်ခေါ်နေ၏ ၊ထိုလက်ယက်ခေါ်နေသော မိန်းမကြီးအား မကြီး နှင် မလေးမှ ပြန်မြင်သောအခါ ထိုမိန်းမကြီးေခေါ်သော နေရာသို့ သာရ နှင့် ဖိုးထွေးအား လက်တို့ခေါ်ပြီး သွားလိုက်လေသည်။ ၊
“မကြီး နဲ့ မလေး မတွေ့တာကြာပြီေနာ် ဒီကို သီးသန့်ပဲ လာတာလား”
“မဟုတ်ပါဘူး မိပေါက်ရယ် ငါ့အမက နွားလာလဲခိုင်းတာ အဲ့တာနဲ့ ဒီရောက်လာတာ ”
“ထိုင်ဦးမှာ မလား ငါတို့ ဝိုင်းလာထိုင် စပါးပွဲစား ကျော်လှိုင် ပါလာတယ် ကြိုက်သလောက်ကစား ”
“အေး အဲ့တာဆို လည်း ကောင်းတာ ပဲ ”
မကြီး နှင့် မလေး ထိုင်ဖို့ အတွက် မိပေါက်ဆိုသော မိန်းမကြီး ထိုင်နေသော ဝိုင်းမှ လူများသည် သူမတို့ ထိုင်ဖိုါအတွက် နေရာပေးလိုက်ကြသည် ၊ သူမတို့၏ နောက်တွင်တော့ သာရ နှင့် ဖိုးထွေးမှ ထိုင်နေလေသည်။ မကြီးသည် လက်တဖက်အား သူမ၏ လွယ်အိတ်ထဲ ထည့်ကာ ဘိုးထင်ပေးသော ခေါက်ထားသည့် အင်း စက္ကုလေးအား ဖွင့် ပြီး သူမ၏ စိတ်ထဲတွင် ယခုအင်းပေါ် ယုံကြည်စိတ်များထားကာ စိတ်ထဲ ၌ သစ္စာ ဆိုလိုက်သည် ၊ ထို့နောက် ဖဲဝိုင်းအား စတင်ကစားလေသည် ၊ မကြီးသည် အင်း ၏ အစွမ်း ဖြစ် အတော်ကို အနိုင်ရရှိလာကာ ငွေတသောင်း နီးပါ နိုင်နေပြီဖြစ်သည်၊ အနောက်မှ ဖိုးထွေးနှင့် သာရသည် မကြီး နှင့် မလေးအား နား နားကပ်၍ တိုးတိုးးနှင့်ပြောလိုက်သည်
“လေးမကြီး ဒီပွဲ နိုင်ရင် တသောင်းကျော်လောက် ပြီးနော် ”
“နေစမ်းပါ ငါသိပါတယ်ဟယ် နင်တို့အေးစေး နေစမ်း အနိုင် တန်း ဖြတ်လို့ ကောင်းတာ မဟုတ်ဘူး”
မကြီး နှင့် မလေး လေးသည် သာရ နှင့် ဖိုးထွေးအား ခပ်ပြတ်ပြတ် စကားဆိုကာ ဖဲအား ဆက်ကစားနေပါလေတော့သည်။
◾အခန်း-၈
မောင်ဘိုးထင်တို့သည် ခေါက်ဆွဲ ကြော်မှာစားရာ တေယာက် တပွဲကျော်မျှ ကုန်နေပြီ ဖြစ်သည် ၊ အဘယ်ကြောင့် တပွဲကျော် ကုန်သနည်းဆိုသော တေယာက် တပွဲ မှာစားနေရာ ကုန်သွားပြီးဖြစ်ပေမဲ့ ၊ ဖဲ ရိုက်သွားသော မကြီးတို့သည်လဘ်း ပြန်မလာသေးသော ကြောင့် နောက်ထပ်တပွဲ မှာကာ ခွဲဝေစားလိုက်ကြချင်းဖြစ်သည် ၊ ယခု ထပ်မှာသော တပွဲကုန်သွားသည်မှာလည်း အတော်ကြာပြီ ဖြစ်သည် ၊ ခေါက်ဆွဲကြော် ကြော်နေသော လူကြီးသည်လည်း ဆိုင်မှာ ထိုင်နေတာ ကြာပြီဖြစ်သော ကောင်လေးသုံးယောက်အား ကွက်ကြည့် ကွက်ကြည့် လုပ်နေလေရာ ပေတူးသည် မောင်ဘိုးထင် အနားတိုး၍ တိုးတိုး နှင့် စကားဆိုလိုက်တော့သည်
“ဟေ့ကောင် ဟိုလူကြီးက ငါတို့ကို ငွေ မပါဘူးများထင်နေလားမသိဘူး ”
“,မင်း မှာ ပါလို့လား ”
“ပါတာ ပေါ့ကွ ဒီမှာ ငါးကျပ် တွေ့လား ”
“အေး ငါကိုတော့ အဘက ဆယ့်ငါး ကျပ် ပေးလိုက်တယ် ကွ ”
“ဟာ အများကြီးပဲ ”
ပေတူး နှင့် မောင်ဘိုးထင် စကားပြော နေသည်ကို နားထောင်နေသော သာအေးသည် မောင်ဘိုးထင် နှင့် ပေတူးကို ကြည့်ကာ
“ဟေ့ကောင်တွေ မင်းတို့ ငွေတွေ ပေးကြစမ်း ”
“ဘာလုပ် မလို့လဲ ကွ ”
“ပေးဆို ပေးစမ်းပါ ကွာ ”
သာအေးသည် ပေတူးနှင့် မောင်ဘိုးထင်ဆီမှ ငွေများကို ယူကာ သူ့မှာ ပါသော ငွေနှင့် ပေါင်း၍ ကိုင်လိုက်ပြီး သူတို့အား ကြည့်နေသော ဆိုင်ရှင်ဖြစ်ဟန် တူသည့် ခေါက်ဆွဲကြော်ပေးသော လူကြီး အနားသွားကာ ကိုင်ထားေသာ ငွေများအား ထိုလူကြီးရှေ့ စားပွဲခုံပေါ်ပစ်တင်လိုက်ပြီး
“ဦးလေး ကျုပ်တို့ကို နောက်ထပ် ခေါက်ဆွဲ တပွဲ ကောင်းကောင်း ကြော်ပေးဦး ”
လူကြီးသည် အစက အံဩနေပေမဲ့ သာအေး၏ ပုံစုံကို ကြည့်ပြီး သဘောပေါက်သွားပြီး ပြုံးပြလိုက်ကာ
“ရတာပေါ့ကွယ် ဝက်သား နဲ့ပဲ မဟုတ်လား ခဏစောင့် ခဏစောင့် ”
“မြန် မြန်ဗျာနော် ဦးလေးဆိုင်က ခေါက်ဆွဲကြော်က တော်တော် စားကောင်းတာ ပဲ ”
“အေးအေး ဦးလေး အခုကြော်ပေးမယ် နော်”
သာအေးသည် သူ ပြစ်ချထားသော ငွေများကို ပြန်ကောက်ကာ မောင်ဘိုးထင်တို့ အနား သို့ အောင်နိုင်သူ တေယာက်၏ အပြုံးဖြစ် ပြုံနေကာ လမ်းလျှောက်လာပြီး
“ငွေ ရဲ့ တန်ခိုး ကိုတွေ့ပြီမဟုတ်လား ငွေရှိတယ် ဆိုတာ သိတာနဲ့ အဲ့လူကြီး ငါတို့ကိုကြည့် တဲ့ အကြည့်က တူသေးလား ”
“အေး ဟ မတူတော့ဘူးကွ ”
“အဲ့တာပဲကွ အဲ့လို တန်ခိုးရှိတဲ့ ငွေ တွေ မကြာခင် ငါတို့ လက်ထဲ အများကြီး ရောက်လာတော့မယ် ကွ ဟားးး ဟားး”
သာအေး၏ အော်ဟစ် ရယ်မောသံကြောင့် ဘေးတွင် နွားးအကြောင်း ပြောနေသော နွားပွဲစားဖြစ်ဟန်တူသော လူများသည် မောင်ဘိုးထင်တို့အား မကြည်သလို ကြည့်နေကြပါလေတော့သည် ။
◾အခန်း-၉
မောင်ဘိုးထင်တို့ နောက်ထပ် မှာသော ခေါက်ဆွဲတပွဲကို ဝေစားလိုက်ပြီးနောက် ကုန်သွားသော အခါ ပျင်းရီစွာဖြစ် မကြီးတို့ အလာအား ထိုင်ခံုမှာ ထိုင်ပြီးစောင့်ဆိုင်းနေရပြန်သည် ၊နေမွန်းသည် တည်ေနပြီးဖြစ်ပြီး အိမ်ပြန်ရန် သင့်နေပြီဖြစ်သည် ၊သို့ပေမဲ့ မကြီး မလေးတို့က အခုထိ မလာသေးပေ ၊ မကြာသော အချိန် တွင် သာရနှင့် ဖိုးထွေး စကားတပြောပြော နှင့် ရောက်လာကြ၏ ထိုအခါ မောင်ဘိုးထင်သည်
“ကိုဖိုးထွေး လေးမကြီး နဲ့ လေးမလေး မလာသေးဘူးလား ”
“အဲ့တာ နောက်မှ ပြောကွာ မင်းတို့ ဆီမှာ ပါတဲ့ ငွေတွေ ခဏ ပေးစမ်းပါ ”
သာရ နှင့် ဖိုးထွေးသည် မောင်ဘိုူထင်တို့ ထံမှာ ငွေများကို ယူပြီး ပြန်ထွက်သွားလေသည် ၊ မောင်ဘိုးထင်တို့သည် ငွေများကို ပေးသာ ပေးလိုက်ရသည် ကျေကျေနပ်နပ်တော့ သိပ်မရှိပေ ၊ အကျိုးအကြောင်း ဘာတခုမှ မပြောပဲ ငွေ များကို ဒီတိုင်း ယူသွားသည် မဟုတ်ပါလား ၊ ယခုတော့ ငွေများ မရှိတော့သဖြင့် ဆိုင်ပိုင်ရှင်ကြီးကို သာအေး ရဲရဲ မကြည့်ရဲတော့ပေ ဆိုင်ပိုင်ရှင်ကြီးသည်က သူတို့၏ ငွေများကို သာရတို့ ယူသွားသည်ကို မသိသောကြောင့် သူတို့ကို မြင်သည်နှင့် ပြုံပဲ ပြုံးပြနေလေရာ သူတို့ လိပ်ပြာလုံ လုံ ပြန်မပြုံးပြနိုင်ေတာ့ပေ ၊ယခု သူတို့ သိလိုက်သည်က ငွေဆိုတာ အရာရာ ဆိုသည်ကိုပါ၊ ငွေလေးရှိက ရဲဝင့် နေပြီ ငွေမရှိတော့သည့်အခါ သိမ်ငယ် သလိုခံစားနေကြရသည်ဟုသူတို့ ထင်မိေနကြသည် ၊ နောက်ဆုံး ဈေးသည်ကြီး ရဲ့ အပြုံးကိုပင် သူတို့ ကြောက် နေမိသည် ၊ သူတို့ မှာ စိတ်ဖြေစရာ အတွေးက ရှိသေး၏ သူတို့ပေးလိုက်သော လောင်စကစားနိုင်အင်းသည် တချပ်တည်း မဟုတ် သုံးချပ် ဖြစ်၍ မည်သို့ မှ အလွဲလွဲ အေချာ်ေချာ် ဖြစ်မှာ မဟုတ်ဘူးဟု တွေးရင် စိတ်ဖြေနေရပါလေတော့သည်။
◾အခန်း-၁၀
ဖိုးထွေး နှင့် သာရ နွားပွဲစားဆီ အပ်ခဲ့သော နွားကြီး နှစ်ကောင်အား ဖဲဝိုင်း ရှိရာ အိမ်သို့ ဆွဲ လို့လာနေသည် ၊ ဖဲ ဝိုင်း ရှိသော အိမ်အောက် ရောက်သောအခါ ဖိုးထွေးသည် အိမ်ပေါ်တက်သွားပြီး
“မကြီး နွားတွေ အိမ်အောက် ရောက်နေပြီ ”
“အေးအေး ခဏ ငါ စပါးပွဲစားကို ပြလိုက်ဦးမယ် ”
“လေးမကြီး အခု အင်းက နောက်ဆုံး တချပ်နော် နိုင်ရင် အနိုင် ဖြတ်လိုက်တော့ဗျာ လေမကြီးတုိ့ လုပ်နေတာ မဟုတ်သေးဘူးနော် ”
“အခု မှ လာမပြောနဲ့ အစောက ငွေလေးရတော့ နင်တို့လည်း မတော် ချင်ဘူးး။မိကျော့ အတွက် လက်စွပ်လေး လုပ်ပေးဖို့ ထပ်ရိုက်ဆို ”
“အေးပါဗျာ အဲ့တာကြောင့်လည်း ကျုပ်တို့ လေးမကြီးတို့ ခိုင်းတဲ့ အတိုင်း အကုန်လုပ်နေတာကို အခုက နွားတွေနော် တန်ဖိုးကြီးတယ် အဆတရာ ရရင် တော့တော့ ဗျာ ”
“အေးပါဟယ် ”
ထို့နောက် မကြီးသည် စပါးပွဲစားအား နွားများကို ဖဲ ဝိုင်ရှိသောအိမ်ပေါ်မှ အိမ်ပြုတင်းပေါက်ကိုဖွင့်ပြီး အောက်သို့ မဆင်းပဲ ပြလိုက်လေသည် ”
“အဲ့ နွား တရှဉ်းပဲ ကဲ ဘယ်လောက် ပေးမလဲပြော’
“ကျုပ်က နွား အကြောင်း သိပ်မသိဘူး တကောင် ငါးရာတော့ ပေးမယ် ဗျာ ”
“ဟာ ငါးရာတော့ မလုပ် နဲ့ ပွဲစားကြီးရယ် နည်းလွနး်တယ် တထောင်တော့ လုပ် ”
“ဒီနွားအိုတွေကို ကျုပ်က ရူးလို့ တထောင် ပေးရမှာလား ”
“တထောင် မဟုတ်ရင် ရှစ်ရာတော့ ပေး”
“မရဘူး ကျုပ် အများဆုံး ပေးနိုင် ခုနှစ်ရာ့ငါးဆယ် ပဲ ”
မကြီးသည် ဖဲက အတော် ရိုက်ချင်နေပြီမို့ ထွေထွေ ထူးထူး စဉ်း စားမနေတော့ပဲ
“ထားလိုက်တော့ ပေးငွေ ဝိုင်းမြန်မြန်စမယ် ”
နွားအရောင်းက တည့်သွားပြီးမို့ သာရနှင့် ဖိုးထွေးသည် နွားများကို အိမ်အောက်တွင် ချည်ထားလိုက်ကာ အိမ်ပေါ်သို့ တက်လာပြီး မကြီး နှင့် မလေး ၏နောက်တွင် ဝင်ထိုင်လိုက်ပြီး
“လေးမကြီး တကောင် ခုနှစ်ရာ့ငါးဆယ် ဆိုတော့ နှစ်ကောင် ဘယ်လောက်လဲ အဲတာဆို အဆ တရာဆို ဘယ်လောက် နိုင် ရင် တော်ရမှာ လဲ ”
“မသိဘုးဟယ် အာရုံ နောက်တယ် များတာကတော့ တော်တော် များတယ် နင်တို့ ငါ့တို့ ချမ်းသာ ပြီးလို့သာ တွေးထားလိုက်တော့ဟေ့ “,
ဖိူထွေး နှင့် သာရသည်လည်း သူတုိ့ရမည့် ငွေများကို တွေးရင် သူတို့ပြုလုပ်ချင်သည် အရာများကို စိတ်ကူးယဉ်နေကြပါလေတော့သည်။
◾အခန်း-၁၁
“ကောင်လေးတွေ မင်းတို့ကို လာခေါ်ပြန်ေခါ်ဖို့ မေ့သွားတာထင်တယ် မင်းတို့ထိုင်နေတာ ကြာနေပြီ”
‘ဟ လူသုံးယောက်လုံးကိုတော့ မေ့မလားဗျ ‘,
” မမေ့ဘူးဆို လည်း ပိုက်ဆံေပးတော့ မင်းတို့ စားထားတာ ကြည့်ဦး ငါ့ ဆိုင်အတွက် သုံးတဲ့ ပန်းကန်တွေတောင် သိပ်မကျန်ေတာ့ဘူး ”
“မကျန် ရင် လည်း ဒီပန်းကန်တွေ ယူသုံးပေါ့ ဗျာ ”
“မယူ ရဲပါဘူး မောင်မင်ကြီးသားတို့ရယ် မင်းတို့ အရွယ်လေးတွေ နဲ့ ခေါက်ဆွဲ ရှစ်ပွဲကိုကုန်ဆိုတာ သတ်သေပြဖို့ ပန်းကန်လေးတွေ ထား ထားရတာ ”
“ဆိုင်ရှင်ကြီးက ဘယ်အချိန် ဆိုင်ပိတ်တာ လဲ ”
“ငါက မိုးချုပ်မှ ပိတ်မှာပါ မင်းတို့စားတာ ငွေလေးဆယ် ဖဖိုးရှိပြီ ငါ့ကို ခေါက်ဆွဲဖိုး ပေးတော့ ”
“ပေးမှာပါဗျာ ခဏနေရင် ပေးပါမယ် ကျုပ်တို့ ငွေတွေကို ခဏလာချေးသွားလို့ပါ”
“မင်းတို့ ကေတာ့ မဟုတ်တော့ဘူး ဟေ့သံချောင်း ဒီကောင်တွေကို ထိုင်ပြီးစောင့် ကြည့်နေကြားလား မပြေးစေနဲ့ ”
ဆိုင်ရှင်၏ စကားကြောင့် စာပွဲထိုးကောင်လေးသည် မောင်ဘိုးထင်တို့အား စောင့်ကြည့်နေသည် ၊ မောင်ဘိုးထင်တို့ စိတ်ထဲတွင် စားပွဲထိုးကောင်လေးသည် တာဝန်ကျေလွနး်လှသည် ဟုထင်မိသည် သူတို့အား ကြည့်နေလိုက်တာ များ မျက်တောင်ပင် မခက်ပေ ၊ ဤသို့ နှင့် မကြာလှသော အချိန် တွင် သာရ နှင့် ဖိုးထွေး စိတ်ဆိုး မာန်ဆိုး နှင့် စကားများပြောကာ ဆိုင်ထဲ ဝင်လာကြ၏ ၊ ဆိုင်ထဲရောက်သောအခါ မောင်ဘိုးထင်တို့ အနားဝင်ထိုင်လိုက်ပြီး
“ဘိုးထင်ရေ လေးမကြီး နဲ့ လေးမငယ် ကတော့ သူဌေးမဖြစ်ပဲ ခွေးဖြစ်ပြီဟေ့ ”
“ဘာ ဘာပြောတယ် လောင်းကစားအင်းက မစွမး်ဘူးလား ”
“စွမး်ပါ့ကွာ အဆ တရာကို ခဏလေးရတာ အဲ့တာကို လောဘကြီးပြီး ထက်ကစားတယ် ကုန်ရော နောက်ဆုံး နွားရောင်းပြီး ဖဲရိုက်တာ အဆ တရာကို အဆ တထောင် နဲ့ မှားတွက် ပြီး နွားလည်း ကုန်ပြီ အခု လေးမကြီး နဲ့ လေးမငယ် က အိမ်မပြန်ရဲလို့ သူတို့ သူငယ်ချင်း မိပေါက်ဆိုတဲ့ မိန်းမကြီးအိမ်လိုက်သွားပြီ”
“အဲ့ အဲ့တာ ဆို ကျုပ်တို့ငွေတွေ ပြန်ပေးဦး ခေါက်ဆွဲကြော်ဖိုး ငွေပေးရဦးမယ် ”
“မရှိတော့ဘူး ပွားလိုက်တာ ကုန်ပြီ ”
“တောက် အင်းသုံးချပ် ပေးတာတောင် ငါတို့ ဆီက ငွေတွေပါ အကုန် ကုန်ရတယ်လို့ဗျာ ကျုပ်တို့က ခေါက်ဆွဲဖိုး ပေးပြီးမှ ပြန်လို့ ရမှာ ”
“မင်းတို့ ခေါက်ဆွဲ ဖိုးက ဘယ်လောက်လဲ ”
ဖိုးထွေးမှ ထိုသို့မေးသော အခါ စားပွဲထိုးလေးသည်
“တပွဲ ငါးကျပ် ရှစ်ပွဲဆိုတော့ လေးဆယ်”
စားပွဲထိုးလေး၏စကားကြားသောအခါ ဖိုးထွေးသည် မောင်ဘိုးထင်တို့အား မယုံကြည်နိုင်ဖြစ်ကာ ကြည့်လိုက်ပြီး
“ဟေ့ကောင်တွေ လူကြီး နှစ်ေယာက်စာလောက်ရှိတဲ့ ခေါက်ဆွဲကို ရှစ်ပွဲေတာင် ကုန်တယ် ‘
“တခါတည်း စားတာတော့ ဘယ်ဟုတ် မလဲဗျ ခင်ဗျားတို့ သွားတဲ့ အချိန်လည်း ကြည့်ဦးလေ ဘယ်လောက်ကြာလဲလို့ ဆာလိုက် မှာလိုက် ဝေစားလိုက်နဲ့ ကုန်တာပေါ့ဗျ”
“အေး စား စား အခု ဘယ်လို လုပ်မလဲ ”
“မသိဘူးဗျာ သူဌေးဖြစ်ေတာ့မယ် ဒီခေါက်ဆွဲ ဖိုးလေးကတော့ အသေးအမွှား ထင်ပြီး တွေးနေတာ အခုတော့ ခွေးဖြစ်ပြီ ‘
“အေး ဟိုမှာ မင်းကြီးတော်လင်ကြီးက ငါတို့ကို ယောက်ချို ကြီးကိုင်ပြီးကြည့်နေပြီ ဘယ်လို လုပ်ကြမလဲ ”
ဆိုင်ရှင် ကြီးသည် သူတို့အနားလာကာ ငွေတောင်းလေသည် ၊ သူတို့ ဘယ်လို ရှင်းပြရမယ် မှန်းမသိ ကြောင်ငေးနေစဉ်
“ဆိုင်ရှင် ကလေး တွေကို အဲ့လောက် မပြောပါနဲ့ ကျုပ်ပေးမယ် ”
“ဘယ်သူပေး ပေး ငွေရရင် ပြီးရော့ ”
“ဘယ်လောက် လဲ ”
“ရှစ်ဆယ် ‘
“ဘာ ”
“ရှစ်ဆယ် ကျတယ် သူတို့စားတာ ”
“,လွဲ များ လွဲနေလား ဆိုင်ရှင် ”
“မလွဲဘူး ဟိုမှာ ခေါက်ဆွဲ ပန်းကန်တွေ မြင်လား ”
ဆိုင်ရှင်ကြီးသည် ငွေရှင်းပေးမည့်သူအား မောင်ဘိုးထင်တို့ စားထားသော ခေါက်ဆွဲပန်းကန်းများကို ပြလိုက်ရာ ငွေရှင်းပေးမည်သူကြီးသည် မျက်နှာ မသာမယာ နှင့် သူ၏ လွယ်အိတ်ထဲ မှ ငေွများကို ထုတ်ပေးလိုက်ေတာ့သည် ၊မောင်ဘိုးထင်တို့ သည် သူတို့အား ကျောပေးပြီး ငွေရှင်းပေးသော လူကြီးအနား သွားပြီး မျက်နှာကို ကြည်လိုက်ရာ အံ့ဩသွားကြရသာ သူတို့အား ငွေရှင်းပေးသော လူကြီးမှာ ကြံပွသည် ဦးပွကြီး ဖြစ်နေချင်းကြောင့် ဖြစ်ပါလေတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် လောင်းကစားအင်း သည်က ဤမျှသာ မကြာမီ အောက်လမး်ဘိုးထင် နှင့် အင်းဝိဇ္ဇာ ဟုအမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆင်ပေးပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
#mgtinsannovels
Zawgyi Version
—————————————————————————–
(၂၂)
◾အခန်း-၁
လောင်ကစားပြုလုပ်ချင်းသည် မကောင်းဟု လူကြီးသူမများ၏ ဆိုရိုးစကားရှိခဲ့ကြသည်၊ လောင်းကစား အနည်းငယ် ဝါသနာပါသူများသည် နည်းနည်းလောင်းက ကောင်း၏ များများလောင်းက မကောင်းဟု တမျိုးတမည် ဆိုကြပြန်သည် ၊ လောင်းကစားအား အတော်ကို ဝါသနာထုံသူများသည် များများလောင်းက သူဌေးဖြစ်ဟု မှတ်ယူကြပြီး ခွေးဖြစ်မည်ကို မေ့ထားကြသည် ၊ တချို့ မိုက်မဲသောသူများသည်က သူဌေးမဖြစ် ခွေးသာဖြစ်ကုန်၏၊ လောင်းကစားဟူသည် ယောကျာ်းသားများသာ ဝါသနာထုံလေ ရှိသည်တော့ မဟုတ်ပြန်ပေ မိန်းမသားများသည်လည်း ဝါသနာထုံကြပေသည် ၊ ယခုပေပင် ရွာတွင်တော့ အသက် ငါးဆယ်ကျော် အပျိုကြီးနှစ်ယောက် ဖြစ်သည် မလေးရွှေ နှင့် မလေးငွေသည် ထူးထူးရှားရှား လောင်းကစား ဝါသနာပါသူ နှစ်ဦးဖြစ်၏ ၊ရွာထဲရှိ ကြက်ပွဲအစ မသာအိမ် ဖဲဝိုင်း အဆုံး မ လေးရွှေ နှင့် မ လေးငွေ ပါမြဲဖြစ်သည် ၊ ရွာထဲတွင်တော့ သူမတို့ ညီအမနှစ်ဦးအား မကြီး နှင့် မလေး ဟုသာ ခေါ်တွင်ကြလေသည် ၊
ပေပင် ရွာမြောက်ပိုင်းရှိ အိမ်တလုံးပေါ်တွင် ဖြစ်သည် ၊ အသက် ခုနှစ်ဆယ်ကျော်အရွယ် အမယ်အို အရီးရွှေမိသည်၊ ဝါးပက်လက် ကုလားထိုင်တွင် ထိုင်ရင်း သူမ၏ မလှမ်းမကမ်းတွင် ရှိသော သမီး နှစ်ယောက်အား စကားဆိုလိုက်သည်
“,မကြီး နဲ့ မလေး နောက်တပတ် ညည်းတို့ ညီအမနှစ်စ်ယောက် နွားပွဲဈေးကို သွားပြီး နွားသွားလဲရမယ် ကြားလား”
“အေးဟုတ်တယ် နင်အဘ မရှိတော့ ကတည်းက ငါတို့နွားမလဲရသေးဘူး နွားကလည်း ခိုင်းကျိုးက ကုန်ခါနီးနေပြီဆိုတော့ သိန်းတန်က နွားလဲ ခိုင်းနေပြီ”
အရီးရွှေမိပြောသော သိန်းတန်ဆိုသူမှာ သူတို့၏ အိမ်တွင် လူငှါးလုပ်သော သူအားဆိုချင်းဖြစ်သည် ၊ အရီးရွှေမိသည် သိန်းတန်အား သူမ၏ သမီးနှစ်ယောက်ထက် ပို၍ အားကို စိတ်ချ ယုံကြည်သည်၊ သူမ၏ သမီးနှစ်ယောက်ကိုလည်း မယုံကြည်သည်က အဆန်းတော့ မဟုတ်ပေ ၊ သမီးနှစ်ယောက်သည်က ယုံကြည်စရာ အကွက်များလိုက်ရှာပေမဲ့ တကွက်ပင် ကောင်းကွက်မတွေ့ရပေ ၊ သိန်းတန် မွေးထားသော ကြက်များအား အရီးရွှေမိမှ ဖမ်းခိုင်းလိုက်သည်ဟု ပြောကာ ကြက်များအား ရောင်းပြီး ကိုးမီးထိုးပြစ်လိုက်ကြသည်မှာလည်း အခါခါ ဖြစ်သည် ၊ အချို့သော အသေးအမွှားကိစ္စများပြောက ပြောကုန်မည် မထင်ပေ ၊ ယခု နွားသွားလဲ ခိုင်းရချင်းမှာလဲ သိန်းတန်အား စပါးရောင်းခိုင်းထားရာ စပါးပွဲစား လာမည့်နေ့ကို မသိသော ကြောင့် သူမ၏ သမီး နှစ်ယောက်အား စပါးရောင်း နှင့် နွားလဲ တခုခု ခိုင်းရမည်ဖြစ်ရာ ညစ်၍သိပ်မရသော နွားလဲ သည့်အလုပ်ကို လုပ်ခိုင်းရချင်းဖြစ်သည် ၊ မလေးနှင့် မကြီးသည် နွားပွဲ ဈေးသွားရမည်ဆိုသောကြောင့် တက်ကြွနေကြသည်ထို့ကြောင့် သူမ တို့၏ မိခင်အား သူမတို့သုံးဖို့ ငွေကို ကြိုတောင်းနေကြလေသည်
“ဟဲ့ကောင်မ နှစ်ယောက် နင်တို့ အကြောင်း ငါမသိဘူးထင်နေလား ထမင်းဖိုးတော့မရဘူး အိမ်က ထမင်းထုပ်ယူသွားကြ ”
“ဟ အမကလည်း ”
မကြီး နှင့် မလေး သည် သူမတို့၏ မိခင် ဆီမှာ ငွေအား ယခုကတည်းက တပူပူ တဆာဆာ လုပ်ပြီးတောင်းနေပါလေသည် ၊သူမတို့၏ မျက်နှာ များက အပြုံးရိပ်များသမ်းနေလေသည်၊ ပြုံးပျော်ရသော အကြောင်းသည်က သူတို့ ရထားသော သတင်းအရ အောက်လမ်းလေးဘိုးထင်ဆီမှာ အင်းဝိဇ္ဇာပေးခဲ့သော လောင်းကစားနိုင်အင်းရှိသည်ဖြစ်၍ လောင်းကစားအင်းအား ငှားပြီး နွားပွဲဈေး ဖဲဝိုင်းတွင် ဖဲရိုက်ရမည်ဟု တွေးနေချင်းကြောင့် ဖြစ်ပါလေတော့သည် ။
◾အခန်း-၂
“အေး ဘိုးထင်ပြောတာ ဟုတ်တယ် ကိုမြကြီးတို့ ကြက်တိုက်တာ လောင်ချင်လို့ ငါ့ပေးပါကွာ ”
“အဲ့လိုလားဟ ”
မောင်ဘိုးထင်တို့ စကားတပြောပြော နှင့် ရွာလယ် လမ်း အတိုင်းလမ်းလျှောက်နေစဉ် တဘက် တယောက် တထည်ကို ခေါင်းတွင် ပေါင်းထားသော မကြီးနှင့် မလေးသည် မောင်ဘိုထင်တို့ အနားသို့ ခြေလှမ်းသွက်သွက် ဖြစ်လျှောက်လာကာ
“ဘိုးထင် ရှာလိုက်ရတာ”
“လေးမကြီး နဲ့ လေးမလေး ဘာဖြစ်လို့လဲ ဗျ ”
မကြီး နှင့်မလေးသည် မောင်ဘိုးထင်အား လက်ဆွဲကာ ကျန်သူများ အနားမှ ဆွဲခေါ်သွားပြီး အသံတိုးတိုး နှင့် စကားဆိုလေသည်
“ဘိုးထင်လေး နင့်မှာ လောင်းကစားအင်း ရှိတယ်လို့ပြောတယ် ငါတို့ကို ငှားလိုက်ပါလား နောက် တပတ် နွားပွဲဈေး နွားသွားလဲမှာ အဲ့ မှာ ဖဲဝိုင်းကောင်းကောင်း ရှိတယ်နင်တို့အတွက် မနစ်နာစေရပါဘူး ”
“မရလောက်ဘူးဗျ ကျုပ်တယောက်ထဲ ပိုင်တာ မဟုတ်ဘူးလေ အင်းကတော့ ရှိပါတယ် ”
“ဟို ဟို ”
မောင်ဘိုးထင် နွားပွဲဈေးသို့ လိုက်ချင်နေသည်မှာ ကြာပြီဖြစ်သည် နွားပွဲဈေးတွင် အတော်ကောင်းသည့် ခေါက်ဆွဲကြော်ဆိုင် ရှိသည်ဟု ဦးအုန်း မကြာခဏ ပြောနေသဖြစ် သူတို့သွားချင်နေသည် ၊ သို့ပေမဲ့ လိုလို ချင်ချင်း ခုချက်ချင်း လိုက်မည်ဟု ပြောက သူတို့ ဈေးကျ နိုင်သည်ဟုတွေးနေစဉ်
◾အခန်း-၃
မောင်ဘိုးထင်တို့အဖွဲ့ နွားပွဲဈေးလိုက်မည်အကြောင်းဆွေးနွေးနေကြသည်၊ သူတို့ တွက် အရေးကြီးဆုံးအချက်ကရှိသည် လောင်းကစားအင်းကို မည်သို့ အသုံးပြုရမည်ကို ဦးအုန်းထံမှ သင်ယူရဦးမည် ဖြစ်သည် ၊ ယခုမောင်ဘိုးထင် အား မကျေနပ်သူ နှစ်ယောာက် ရှိနေသည် ထိုသူ နှစ်ယောက်မှာ ဖိုးထွေး နှင့် သာရဖြစ်သည် ၊ လောင်းကစားနိုင်အင်း အား သူတို့တောင်းသော မပေးပဲ အပျိုးကြီး နှစ်ယောက် တောင်းမှ ပေးရမလားဟု ပြောဆိုကာ မကျေမနပ်ဖြစ်နေကြသည် ၊
“ဘိုးထင် မင်းကတော့ မဟုတ်တော့ဘူး အမြဲ ဆိုးတူ ကောင်းဘက် နေလာတဲ့ သူတွေကြတော့ အင်း မပေးပဲ ဟိုအပျိုကြီး ညီအမကြတော့ပေးတယ် တကယ်ကို မျက်နှာ လိုက်တဲ့ ကောင်ပဲကွာ ”
“အေး ဖိုးထွေးပြောတာ မှန်တယ် ဘိုးထင်လုပ်ပုံက မဟုတ်သေးဘူး ကြက်လေးတိုက်ချင်လို့ အင်းလေးပေးပါဆို မပေးဘူး ဟိုအပျိုးကြီးနှစ်ယောက်တော့ ချက်ချင်းပေးတယ် ”
◾အခန်း-၎
မောင်ဘိုးထင်တယောက် ဦးအုန်းထံတွင် အောက်လမ်း အစီအရင်များပြူလုပ်နည်းကို သင်ယူနေသည် ၊ ဦးအုန်းသည် ထိုပညာရပ်များနှင့် သူတပါးကို ဒုက္ခမပေးဖို့ မှာနေသေးသည် ၊ ကို့အပေါ် ဒုက္ခရောက်အောင်လုပ်သူများကိုတော့ အသက်မသေ အောင် ပြူလုပ်က လုပ်နိုင်သည်ဟု ဆိုပြန်သည် ၊ မောင်ဘိုးထင်သည် အောက်လမ်း အစီအရင် များကို သင်နေရင်း သူသိချင်သည်များကိုလည်း မေးနေသေးသည် ။
‘အဘ ကျုပ်တခုမေးချင်တယ် ”
“မေး ကောင်လေး”
“ဟုတ်တယ် လောဘကြီးရင် အင်းပေါက်တယ် သတိထားရမယ်ကောင်လေး ငါတို့က ငွေ ငါးဆယ် ယူသွားပြီ ဆိုပါတော့ ငွေ ငါးထောင် နိုင်နေတာတောင် မပြန်သေးပဲ အင်းကို ဆက်သုံးနေရင် အင်း ပေါက် အင်းကန်း ပြီး အင်းက အစွမ်း မထက်တော့ဘူးကွ သစ္စာ ပျက်တယ်ဆိုပါတော့ကွာ သစ္စာ ပျက်မှာတော့ ဘယ်လို လုပ် အစွမ်း ထက်တော့မလဲ ”
မောငဘိုးထင်သည် လောင်းကစားနိုင်အင်း အသုံးပြုနည်းကို သိသွားပြီမို့ စိတ်ထဲတွင် ကျေနပ်နေမိသည် ၊ မကြာသောရက်ပိုင်းတွင် သူတို့ သူဌေးဖြစ်တော့မည်ဟု တထစ်ချ ယုံကြည်ကာ ဦးအုန်းသင်ပြနေသော အစီအရင် လုပ်နည်းများကို လိုက်လံ မှတ်သားနေပါလေတော့သည် ။
◾အခန်း-၅
မောင်ဘိုးထင်တို့ နွားပွဲဈေးသွားမည့်ရက်က ရောက်လာပြီဖြစ်သည် ၊ မနက်ဝေလီဝေလင်း၌ပင် မောင်ဘိုးထင်တို့သည် ရွာအထွက် ညောင်ပင်တွင် ထိုင်ပြီး မကြီး နှင့် မလေး ကို စောင့်ဆိုင်း နေကြသည် ၊ မကြာလှသော အချိန် တွင် မကြီး နှင့်မလေးသည် နွားပြာနီ တယောက် တကောင်ဆီ ဆွဲလာပြီး မောင်ဘိုးထင်တို့ အနားရောက်လာကာ
“စုံပြီ လေးမကြီး ”
“အေးအေး သာရ ”
မနက်ဝေလီ ဝေလင်းတွင် မကြီး နှင့် မလေးသည် နွားတရှဉ်း လူငယ်တသိုက် နှင့် နွားပွဲဈေးသို့ သွားနေလေသည် ၊ လမ်းတွင်တော့ မောင်ဘိုးထင်သည် လောင်းကစားနိုင်အင်း အကြောင်း ပြောပြနေလေသည် ၊
“အေးအေး ‘
“အဆ တရာဆိုတော့ ငါ့တို့ဆီမှာ အခု တယောက် ငါးဆယ် ဆီပါတယ် အဲ့တော့ ဘယ်လောက် နိုင်ရင် တော်ရမှာလဲ”
“တသောင်းပေါ့ ဗျ ”
“ဘိုးထင် နင်တို့ စားချင်တာ မှာစားထား နင်တို့ ငွေတွေရှင်းစရာ မလိုဘူး ငါတို့ ပြန်လာမှ ရှင်းမယ် စားချင်သလောက်စားကြ ကြားလား”
“ဆိုင်က အခုမှ ခင်းနေတုန်းမို့ပါ ပြီးရင် နင်တို့ကို ဘာစားမှာလဲ မေးလိမ့်မယ် နင်တို့ကြိုက်တာသာ မှာစားကြ ”
ထို့နောက် မကြီး သည် နွားဆွဲထားသော သာရ နှင့် ဖိုးထွေးအား ခေါ်၍ ထွက်သွားလေသည် ၊ သာရနှင့် ဖိုးထွေးသည် ခေါက်ဆွကြော်စားချင်သည်ဟု ပြောသည်ကိုပင်
“နောက်မှ စားစမ်းပါ နင်တို့ နှစ်ယောက်ကလည်း ကလေးမဟုတ် သူငယ် မဟုတ်နဲ့ ဟိုက ဘိုးထင်တို့က ကလေးတွေ ငါတို့က အချိန်ရှိခိုက် လုံးလစိုက် ကြရဦးမယ် ”
သာရ နှင့် ဖိုးထွေးသည် မကြီး၏ စကားကို မည်သို့မှ ပြန်မပြောနိုင်ကာ နွားတရှဉ်းအား တယောက် တကောင် ဆွဲလို့ မကြီး နှင့် မလေး ခေါ်ရာ နောက်သို့ လိုက်ပါ၍ သွားရပါလေတော့သည် ။
◾အခန်း-၆
မောင်ဘိုးထင်တို့ သုံးယောက် ခေါက်ဆွဲဆိုင်တွင် ထိုင်နေလေသည် ၊ မကြာသော အချိန်တွင် သူတို့ နှင့် ရွယ်တူ ကောင်လေး တယောက် ရောက်လာပြီး စားပွဲခုံကို အဝတ်နှင်သုတ်ကာ
“ဘာသား နဲ့ရလဲ ”
“ကြက် ဝက် ရပါတယ် ”
မောင်ဘိုးထင်အား အကို ဟုခေါ်သော ကောင်လေးသည် ၊ သူတို့ ထိုင်နေသော စားပွဲဘေးတွင် မတ်တတ်ရပ်ပြီး သူတို့မှာမည်ကို စောင့်နေလေသည် ၊ မောင်ဘိုးထင်သည် ကျန်သော ပေတူး နှင့် သာအေးကို ကြည့်ကာ
“နို့မှ မသိပဲကွာ မင်းက ရှင်းရှင်းပြောပေါ့ ငါ့ကို ဝက်သားနဲ့ပေး ဟိုကောင် နှစ်ကောင် မင်းတို့က ဘာသားနဲ့ စားမှာလဲ မြန်မြန်ပြော ”
“ငါလည်း ဝက်သားပဲ ”
“ပေတူးမင်းရော “,
“အော် အေးအေး တိုက်ပန်းကန် နဲ့ စာမယ် လို့ ပြောတဲ့ကောင်က တော်တော် လည်ကြောင်း ပြလိုက်တာပေါ့ ”
◾အခန်း-၇
မကြီး နှင့် မလေးသည် သာရ နှင့် ဖိုးထွေး ဆွဲလာသော သူမတို့၏ နွားနှစ်ကောင်အား အသိ နွားပွဲစားကြီးတွင် အပ်ခဲ့ကာ နွာပွဲဈေး နှင့်မလှမ်း မကမ်း အိမ်းလေးတလုံးဆီသို့ သွားလိုက်လေသည် ၊ ထို့နောက် ထိုအိမ်လေးမှ တဆင့် အတန်လှမ်းသော နေရာသို့ လမ်းလျှောက်လိုက်ရာ အိမ်ကြီးတလုံးတွေ့ရပြန်သည် ၊ ထို့နောက် ထိုအိမ်ကြီး ပေါ်သို့ မကြီး ဦးဆောင်ပြီးတက်သွားနေ၏ ၊ အိမ်ပေါ်တွင်တော့ ဖဲ ကစားနေကြသော ယောက်ျား မိန်းမများ အတော်များပေသည် ၊ အိမ်ကြီးပေါ်မှာ ရှိသော ဖဲဝိုင်းတဝိုင်းမှ မိန်းမကြီးတဦးသည် မကြီး နှင့် မလေး ကိုမြင်သော အခါ လက်ယက်ခေါ်နေ၏ ၊ထိုလက်ယက်ခေါ်နေသော မိန်းမကြီးအား မကြီး နှင် မလေးမှ ပြန်မြင်သောအခါ ထိုမိန်းမကြီးခေါ်သော နေရာသို့ သာရ နှင့် ဖိုးထွေးအား လက်တို့ခေါ်ပြီး သွားလိုက်လေသည်။ ၊
“မကြီး နဲ့ မလေး မတွေ့တာကြာပြီနော် ဒီကို သီးသန့်ပဲ လာတာလား”
◾အခန်း-၈
မောင်ဘိုးထင်တို့သည် ခေါက်ဆွဲ ကြော်မှာစားရာ တယောက် တပွဲကျော်မျှ ကုန်နေပြီ ဖြစ်သည် ၊ အဘယ်ကြောင့် တပွဲကျော် ကုန်သနည်းဆိုသော တယောက် တပွဲ မှာစားနေရာ ကုန်သွားပြီးဖြစ်ပေမဲ့ ၊ ဖဲ ရိုက်သွားသော မကြီးတို့သည်လဘ်း ပြန်မလာသေးသော ကြောင့် နောက်ထပ်တပွဲ မှာကာ ခွဲဝေစားလိုက်ကြချင်းဖြစ်သည် ၊ ယခု ထပ်မှာသော တပွဲကုန်သွားသည်မှာလည်း အတော်ကြာပြီ ဖြစ်သည် ၊ ခေါက်ဆွဲကြော် ကြော်နေသော လူကြီးသည်လည်း ဆိုင်မှာ ထိုင်နေတာ ကြာပြီဖြစ်သော ကောင်လေးသုံးယောက်အား ကွက်ကြည့် ကွက်ကြည့် လုပ်နေလေရာ ပေတူးသည် မောင်ဘိုးထင် အနားတိုး၍ တိုးတိုး နှင့် စကားဆိုလိုက်တော့သည်
“,မင်း မှာ ပါလို့လား ”
“ဟာ အများကြီးပဲ ”
“ဘာလုပ် မလို့လဲ ကွ ”
“ပေးဆို ပေးစမ်းပါ ကွာ ”
သာအေးသည် ပေတူးနှင့် မောင်ဘိုးထင်ဆီမှ ငွေများကို ယူကာ သူ့မှာ ပါသော ငွေနှင့် ပေါင်း၍ ကိုင်လိုက်ပြီး သူတို့အား ကြည့်နေသော ဆိုင်ရှင်ဖြစ်ဟန် တူသည့် ခေါက်ဆွဲကြော်ပေးသော လူကြီး အနားသွားကာ ကိုင်ထားသော ငွေများအား ထိုလူကြီးရှေ့ စားပွဲခုံပေါ်ပစ်တင်လိုက်ပြီး
သာအေးသည် သူ ပြစ်ချထားသော ငွေများကို ပြန်ကောက်ကာ မောင်ဘိုးထင်တို့ အနား သို့ အောင်နိုင်သူ တယောက်၏ အပြုံးဖြစ် ပြုံနေကာ လမ်းလျှောက်လာပြီး
“အေး ဟ မတူတော့ဘူးကွ ”
◾အခန်း-၉
မောင်ဘိုးထင်တို့ နောက်ထပ် မှာသော ခေါက်ဆွဲတပွဲကို ဝေစားလိုက်ပြီးနောက် ကုန်သွားသော အခါ ပျင်းရီစွာဖြစ် မကြီးတို့ အလာအား ထိုင်ခုံမှာ ထိုင်ပြီးစောင့်ဆိုင်းနေရပြန်သည် ၊နေမွန်းသည် တည်နေပြီးဖြစ်ပြီး အိမ်ပြန်ရန် သင့်နေပြီဖြစ်သည် ၊သို့ပေမဲ့ မကြီး မလေးတို့က အခုထိ မလာသေးပေ ၊ မကြာသော အချိန် တွင် သာရနှင့် ဖိုးထွေး စကားတပြောပြော နှင့် ရောက်လာကြ၏ ထိုအခါ မောင်ဘိုးထင်သည်
သာရ နှင့် ဖိုးထွေးသည် မောင်ဘိုထင်တို့ ထံမှာ ငွေများကို ယူပြီး ပြန်ထွက်သွားလေသည် ၊ မောင်ဘိုးထင်တို့သည် ငွေများကို ပေးသာ ပေးလိုက်ရသည် ကျေကျေနပ်နပ်တော့ သိပ်မရှိပေ ၊ အကျိုးအကြောင်း ဘာတခုမှ မပြောပဲ ငွေ များကို ဒီတိုင်း ယူသွားသည် မဟုတ်ပါလား ၊ ယခုတော့ ငွေများ မရှိတော့သဖြင့် ဆိုင်ပိုင်ရှင်ကြီးကို သာအေး ရဲရဲ မကြည့်ရဲတော့ပေ ဆိုင်ပိုင်ရှင်ကြီးသည်က သူတို့၏ ငွေများကို သာရတို့ ယူသွားသည်ကို မသိသောကြောင့် သူတို့ကို မြင်သည်နှင့် ပြုံပဲ ပြုံးပြနေလေရာ သူတို့ လိပ်ပြာလုံ လုံ ပြန်မပြုံးပြနိုင်တော့ပေ ၊ယခု သူတို့ သိလိုက်သည်က ငွေဆိုတာ အရာရာ ဆိုသည်ကိုပါ၊ ငွေလေးရှိက ရဲဝင့် နေပြီ ငွေမရှိတော့သည့်အခါ သိမ်ငယ် သလိုခံစားနေကြရသည်ဟုသူတို့ ထင်မိနေကြသည် ၊ နောက်ဆုံး ဈေးသည်ကြီး ရဲ့ အပြုံးကိုပင် သူတို့ ကြောက် နေမိသည် ၊ သူတို့ မှာ စိတ်ဖြေစရာ အတွေးက ရှိသေး၏ သူတို့ပေးလိုက်သော လောင်စကစားနိုင်အင်းသည် တချပ်တည်း မဟုတ် သုံးချပ် ဖြစ်၍ မည်သို့ မှ အလွဲလွဲ အချော်ချော် ဖြစ်မှာ မဟုတ်ဘူးဟု တွေးရင် စိတ်ဖြေနေရပါလေတော့သည်။
◾အခန်း-၁၀
“လေးမကြီး အခု အင်းက နောက်ဆုံး တချပ်နော် နိုင်ရင် အနိုင် ဖြတ်လိုက်တော့ဗျာ လေမကြီးတို့ လုပ်နေတာ မဟုတ်သေးဘူးနော် ”
“အေးပါဟယ် ”
“ဟာ ငါးရာတော့ မလုပ် နဲ့ ပွဲစားကြီးရယ် နည်းလွန်းတယ် တထောင်တော့ လုပ် ”
ဖိုထွေး နှင့် သာရသည်လည်း သူတို့ရမည့် ငွေများကို တွေးရင် သူတို့ပြုလုပ်ချင်သည် အရာများကို စိတ်ကူးယဉ်နေကြပါလေတော့သည်။
◾အခန်း-၁၁
“ကောင်လေးတွေ မင်းတို့ကို လာခေါ်ပြန်ခေါ်ဖို့ မေ့သွားတာထင်တယ် မင်းတို့ထိုင်နေတာ ကြာနေပြီ”
” မမေ့ဘူးဆို လည်း ပိုက်ဆံပေးတော့ မင်းတို့ စားထားတာ ကြည့်ဦး ငါ့ ဆိုင်အတွက် သုံးတဲ့ ပန်းကန်တွေတောင် သိပ်မကျန်တော့ဘူး ”
“မင်းတို့ ကတော့ မဟုတ်တော့ဘူး ဟေ့သံချောင်း ဒီကောင်တွေကို ထိုင်ပြီးစောင့် ကြည့်နေကြားလား မပြေးစေနဲ့ ”
ဆိုင်ရှင်၏ စကားကြောင့် စာပွဲထိုးကောင်လေးသည် မောင်ဘိုးထင်တို့အား စောင့်ကြည့်နေသည် ၊ မောင်ဘိုးထင်တို့ စိတ်ထဲတွင် စားပွဲထိုးကောင်လေးသည် တာဝန်ကျေလွန်းလှသည် ဟုထင်မိသည် သူတို့အား ကြည့်နေလိုက်တာ များ မျက်တောင်ပင် မခက်ပေ ၊ ဤသို့ နှင့် မကြာလှသော အချိန် တွင် သာရ နှင့် ဖိုးထွေး စိတ်ဆိုး မာန်ဆိုး နှင့် စကားများပြောကာ ဆိုင်ထဲ ဝင်လာကြ၏ ၊ ဆိုင်ထဲရောက်သောအခါ မောင်ဘိုးထင်တို့ အနားဝင်ထိုင်လိုက်ပြီး
“ဘာ ဘာပြောတယ် လောင်းကစားအင်းက မစွမ်းဘူးလား ”
“စွမ်းပါ့ကွာ အဆ တရာကို ခဏလေးရတာ အဲ့တာကို လောဘကြီးပြီး ထက်ကစားတယ် ကုန်ရော နောက်ဆုံး နွားရောင်းပြီး ဖဲရိုက်တာ အဆ တရာကို အဆ တထောင် နဲ့ မှားတွက် ပြီး နွားလည်း ကုန်ပြီ အခု လေးမကြီး နဲ့ လေးမငယ် က အိမ်မပြန်ရဲလို့ သူတို့ သူငယ်ချင်း မိပေါက်ဆိုတဲ့ မိန်းမကြီးအိမ်လိုက်သွားပြီ”
“ဟေ့ကောင်တွေ လူကြီး နှစ်ယောက်စာလောက်ရှိတဲ့ ခေါက်ဆွဲကို ရှစ်ပွဲတောင် ကုန်တယ် ‘
“မသိဘူးဗျာ သူဌေးဖြစ်တော့မယ် ဒီခေါက်ဆွဲ ဖိုးလေးကတော့ အသေးအမွှား ထင်ပြီး တွေးနေတာ အခုတော့ ခွေးဖြစ်ပြီ ‘
“ဘယ်လောက် လဲ ”
“ရှစ်ဆယ် ‘
“ဘာ ”
ဆိုင်ရှင်ကြီးသည် ငွေရှင်းပေးမည့်သူအား မောင်ဘိုးထင်တို့ စားထားသော ခေါက်ဆွဲပန်းကန်းများကို ပြလိုက်ရာ ငွေရှင်းပေးမည်သူကြီးသည် မျက်နှာ မသာမယာ နှင့် သူ၏ လွယ်အိတ်ထဲ မှ ငွေများကို ထုတ်ပေးလိုက်တော့သည် ၊မောင်ဘိုးထင်တို့ သည် သူတို့အား ကျောပေးပြီး ငွေရှင်းပေးသော လူကြီးအနား သွားပြီး မျက်နှာကို ကြည်လိုက်ရာ အံ့ဩသွားကြရသာ သူတို့အား ငွေရှင်းပေးသော လူကြီးမှာ ကြံပွသည် ဦးပွကြီး ဖြစ်နေချင်းကြောင့် ဖြစ်ပါလေတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် လောင်းကစားအင်း သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် အင်းဝိဇ္ဇာ ဟုအမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆင်ပေးပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
#mgtinsannovels